Powered by Blog - Widget

Wednesday, April 30, 2014

အချိန်တိုတိုအတွင်း အကျိုးကျိုးရှိရှိ အသုံးချနိုင်စေမဲ့ အပြာရောင် Mercedes A 180 CDI



Aung Ko Htet (MM IT Knowledge)


Mercedes A 180 CDI အပြာရောင်က တခြားကားတွေနဲ့မတူပဲ သီးသာလွန်ကောင်းမွန်တဲ့ အချက်တွေ ပိုင် ဆိုင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဆီစားနှုန်းသက်သာပြီး တာခြားကားတွေ နဲ့ယှဉ်ပြီးမောင်းကြည့် လိုက်ရင်လည်း မတူညီတဲ့ ခံစားမှုမျိုးကိုခံစားရရှိစေမှာဖြစ်ပါတယ်။

ဆီစားနှုန်းကတော့  3.8 l/100km နှုန်းရှိပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ထုတ်လွတ်နှုန်းကတော့ 99 (g/km) ရှိပါတယ်။ အဆိုပါ Mercedes ဟာ ဂျာမနီနိုင်ငံရဲ့ သဘောတူညီမှု စည်းမျဉ်းဖြစ်တဲ့ "PKW-EnVKV" အရ ဂျာမနီဈေး ကွက်အတွင်မှာပဲ ရရှိနိုင်မှာဖြစ်ပါတယ်။

Aung Ko Htet (MM IT Knowlege)

အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ....



Aung Ko Htet (MM IT Knowledge)

လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ၀တ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။
လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။ နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ"ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ "
အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် " ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ " ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက
" အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ " လို့ ပြန်ပြောတယ်။
အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အ၀တ်အစားကို ကြည့်ပြီး နောက် ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား " ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။
အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။
နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။
စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်ဝ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ

Facebook နှင့်လက်တွဲထားသော WhatsApp ကိုအသုံးပြုတဲ့သူတွေ ပိုမိုများပြားလာ



Aung Ko Htet (MM IT Knowledge)
 
အခမဲ့မိုဘိုလ်းဖုန်း Messaging Service စနစ်တစ်ခုဖြစ်သည့် WhatsApp ကိုနေစဉ်အသုံးပြုတဲ့ ကမ္ဘာတစ်ဝန်းက Users တွေ ဟာယခုအခါ သန်း ၅၀၀ အထိရှိလာပြီးဖြစ်ကြောင်း ၎င်းကုမ္ပဏီနှင့်လက်တွဲပူးပေါင်းလုပ်ကိုင်နေသော Facebook ကပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလစစ်တမ်းအရဆိုလျှင်ယင်းစနစ်ဟာ ဘရားဇီး ၊ အိန္ဒိယ ၊ မက်ဆီကို ၊ ရုရှားစတဲ့နိုင်ငံအထိတိုးတက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သည်ဟုသိရ သည်။

ဒါ့အပြင်အသုံးပြုသူတွေဟာ ၇၀၀ ထက်ပိုသောဓာတ်ပုံတွေနှင့် ရုပ်ရှင်ဖိုင်ပေါင်း ၁၀၀ ကျော်ကိုနေ့စဉ် Sharing ပြုလုပ်လျက်ရှိနေကြောင်း WhatsApp က၎င်း၏ Blog တွင်ဖော်ပြထားသည်။

WhatsApp ဟာ Facebook ကိုစတင်တည်ထောင်သူမက်ဆူကာပတ် ကပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ၁၉ဘီလီယံအကုန်အကျခံကာဝယ်ယူ ခဲ့ ခြင်းဖြစ်ပြီး WhatsApp ၏တိုးတက်လာတဲ့အသုံးပြုသူအများစုဟာ ၁.၂ဘီလီယံအသုံးပြုသူတွေရှိတဲ့ Facebook ကတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မတ်ဆူကာပတ်က Facebook ဟာ WhatsApp နှင့်လက်တွဲလိုက်လျှင် ယခုထက်ပိုမိုကောင်းမွန်တဲ့စနစ်တွေကို Users တွေထံချပြပေးနိုင်လိမ့်မည် ဟု ပြီးခဲ့သည့် Mobile World Congress(MWC) တွင်ပြောဆိုခဲ့ဖူးသည်။

ဒါ့အပြင်ကမ္ဘာပေါ်မှာရှိတဲ့ Social Website တွေဟာသန်းချီသောလူတွေ ထံရောက်ရှိမှုကနည်းနေသေးပေမဲ့ယင်းထဲမှာတော့ Facebook ဟာအသုံးပြုသူအများဆုံနှင့်ထိပ်ဆုံးမှာရပ်တည်လျက်ရှိသည်ဟု မတ်ဆူကာပတ်ကထက်မံဖြည့်စွက်ပြောဆိုခဲ့သည်။

Ref : Dwan

Wai Phyo Aung (TSJ Team)

Apple ရဲ့ iTunes အကောင့်ကိုဝယ်ယူအသုံးပြုသူ ၈၀၀မီလီယံအထိရှိလာတော့မယ်



Aung Ko Htet (MM IT Knowledge)

ယခုအခါတွင် Apple ရဲ့ iTunes အကောင့်ကိုဝယ်ယူအသုံးပြုသူများဟာ ၈၀၀မီလီယံအထိရှိလာတော့ မည်ဟု Apple ၏ CEO ဖြစ်သူ Tim Cook ကယနေ့တွင်ပြုလုပ်ခဲ့သောဘဏ္ဏာရေးတွက်ချက် မှုစစ်တမ်းကို အခြေပြုပြီးပြောဆိုလိုက်သည်။

Apple ဟာ iTunes အကောင့်နှင့်ပတ်သက်ပြီးပြီးခဲ့သည့်နှစ်ဇွန်လ တွင်ဆွေးနွေးခဲ့စဉ်က iTunes အကောင့်ကိုအသုံးပြုသူဟာ ၅၇၅မီလီယံ အထိရှိခဲ့ပြီးဖြစ်သည်။

ယခုအခါတွင် Tim Cook က ယခုစစ်တမ်းအရဆိုလျှင်လက်ရှိအချိန်မှာ iTunes အကောင့်ကိုအသုံးပြုသူ ၈၀၀မီလီယံပြည့်လုနီးပါးအခြေအနေ ကိုရောက်ရှိနေပြီဖြစ်ကြောင်း ၊ ယင်းအရေအတွက်အလွန်အံ့အားသင့် ဖွယ်ကောင်းတဲ့ပမာဏဖြစ်ကြောင်းပြောကြားထားသည်။

ယင်းရလဒ်သည် Apple အတွက်အရေးပါတဲ့ရလဒ်တစ်ခုအဖြစ်ထိပ်ဆုံးမှာ ကျန်ရှိနေမည်ဟုခန့်မှန်းထားပြီးအဆိုပါသတင်းကြောင့် Apple ၏စတော့ရှယ်ယာတန်ဖိုးဟာ ၈ရာခိုင်နှုန်းအထိတိုးမြင့်သွားခဲ့ကြောင်း သိရသည်။

Ref: Cnet

Wai Phyo Aung (TSJ Team)

Bing က အခမဲ့ပညာရေးဝန်ဆောင်မှုစနစ်တစ်ခုကိုထုတ်ဖော်မိတ်ဆက်



Aung Ko Htet (MM IT Knowledge)
 
Microsoft ကုမ္ပဏီ၏ Search Engine တစ်ခုဖြစ်သည့် Bing ဟာ အခမဲ့ပညာရေးဝန်ဆောင်မှုစနစ် တစ်ခုကိုစတင်အကောင် အထည်ဖော်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်းပြောကြားလိုက်သည်။

ယင်းစနစ်ဟာစာသင်ကျောင်းတွေအတွက်တစ်ဖက်တစ်လမ်းကနေအထောက်အကူပေးနိုင်မည်ဟုယူဆထားကြောင်းသိရသည်။

အဆိုပါစနစ်တွင်မိဘနှင့်ဆရာများသည်မိမိတို့၏ကလေးများအတွက်သင်ခန်းစာအချိန်ဇယားကိုပြုလုပ်ပေးထားနိုင်ပြီးယင်းနည်းစနစ်ကိုကျောင်းတွေအတွင်းပျံ့နှံ သွားအောင်ပြုလုပ်ပေးနိုင်တဲ့သူတွေကို Bing ကဆုချီးမြှင့်ပေးမည့်အစီ အစဉ်ရှိသည်ဟုဆိုသည်။

လက်ရှိမှာ Bing ဟာ U.S မှာရှိ တဲ့စာသင်ကျောင်းတွေအတွက်အဓိကကျတဲ့ Search Engine တစ်ခုဖြစ်လာပြီးမိမိသိချင်တဲ့အကြောင်းအရာတွေ ကိုကျောင်းရဲ့ Network ကနေတစ်ဆင့်အခမဲ့ရှာဖွေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref : Newscenter

Wai Phyo Aung (TSJ Team)

On-off Button ပျက်သွားတဲ့ iPhone 5 အတွက် အခမဲ့ပြုပြင်ပေးမည် ဖြစ်ကြောင်း Apple ကြေညာ



Aung Ko Htet (MM IT Knowledge)


Power Button များအလုပ်မလုပ်တော့သော iPhone 5 ဟန်းများအတွက် အခမဲ့ပြုပြင်ပေးမှု ပြုလုပ်သွားမည်ဖြစ်ကြေင်း Apple မှ အတိအလင်း ကြေညာလိုက်ပါတယ်။ ထိုသို့ချို့ယွင်းချက်များရှိနေသည့် iPhone များရဲ့ Serial နံပါတ်များကို Apple Website တွင် ပေးပို့ပြီး သတ်မှတ်ထားတဲ့အချက်များနဲ့ ကိုက်ညီတယ်ဆိုရင် ကုမ္ပဏီမှအခမဲ့ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဆိုထားပါတယ်။

“ဖုန်းကို On-off လုပ်ရတဲ့ Power ခလုတ် ပျက်တာဟာ iPhone 5 အသုံးပြုသူတွေကြားမှာ အဖြစ်နည်းတဲ့ ပြဿနာပါ။ ဒါပေမယ့် Power ခလုတ်ဆိုတာ စက်တစ်ခုလုံးကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဒီပြဿနာ ဖြစ်ပြီဆိုရင် ဖုန်းရဲ့လုပ်ဆောင်မှုတွေ အကုန်လုံး ရပ်တန့်သွားပါတယ်” ဟု Apple မှ ပြောကြားထားပါတယ်။

ယခုကဲ့သို့ အစားထိုးလဲလှယ်ပေးမှု ပြုလုပ်ပေးခြင်းမှာ Apple ၏ သမိုင်းတစ်လျှောက် ရှားပါးလှသော အဖြစ်အပျက်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ဖြန့်ချိခဲ့တဲ့ iPhone 4 တုန်းကလည်း Antenna ပြဿနာဖြစ်ပေါ်ခဲ့၍ အခမဲ့ပြင်ဆင်ပေးမှု ပြုလုပ်ခဲ့ဖူးပါတယ်။

Ref : Cnet

May Thazin (TSJ Team)

ခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထားသည့် Samsung Galaxy S5 Crystal Edition ထွက်ရှိလာ



Aung Ko Htet (MM IT Knowledge)
 

Galaxy S5 ရဲ့ပလက်စတစ်ကိုယ်ထည်သည် ဈေးပေါလွန်းလှသည်ဟု ထင်မြင်သူများအတွက် ခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထားသည့် Galaxy S5 ထွက်ရှိလာခဲ့ပါပြီ။ Galaxy S5 ၏ နောက်ကာဗာကို Swarovski အမည်ရခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထုတ်လုပ်ထားခြင်း ဖြစ်ပြီး အဆိုပါ Crystal S5 ကို လာမည့်မေလအတွင်း တောင်ကိုရီယားနိုင်ငံတွင် မိတ်ဆက်ပြသမည်ဟု သိရှိရသည်။

YouTube တွင်ရှိတွေ့ရှိရသော Samsung ကိုရီးယားမှ လွှင့်တင်ထားသည့် ၁၂ စက္ကန့်စာ ဗီဒီယိုတွင် Swarovski ခရစ်စတယ်ကျောက်များဖြင့် အလှဆင်ထားသည့် Galaxy S5 ၏ ပုံကို ဖော်ပြခဲ့သည်။ မြင်တွေ့ရသော Crystal S5 သည် မူရင်းပလက်စတစ်မျက်နှာပြင် ပုံစံအတိုင်း
ချောမွတ်နေမည်လား၊ ခရစ်စတယ်များကြောင့် အချွန်အတက်လေးတွေ ပါဝင်နေမည်လား ဆိုသည်ကိုတော့ အဖြေရှာ မရသေးချေ။

Samsung အနေဖြင့် တန်ဖိုးကြီးအလှဆင်ပစ္စည်းများကို စမတ်ဖုန်းများတွင် အသုံးပြုရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ထိုရလဒ်ကြောင့် စိန်ကျောက် များကဲ့သို့ တလက်လက်တောက်ပနေသော Galaxy S3 mini, S4 and Note 3 စမတ်ဖုန်းများကို ဂျာမနီနိုင်ငံတွင် ဖြန့်ချိရောင်းချခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်ကလည်း ရွှေရောင်ဗားရှင်း Galaxy S4 ကို ထုတ်လုပ်ခဲ့ဖူးသည်။

Crystal S5 နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Samsung မှ ကြေညာထားခြင်းမရှိသေးချေ။ ဖုန်း၏အတွင်း အစိတ်အပိုင်း များသည် မူရင်း Galaxy S5 နှင့်ခြားနားမည်မဟုတ်ကြောင်း ယူဆထားပြီး
ဈေးနှုန်းပိုင်းတွင်တော့ ပို၍ကြီးမြင့်နိုင်ကြောင်း သိရသည်။

Ref : NBC News

May Thazin (TSJ Team)

အထပ်ပေါင်း ၉၅ ထပ်ကို ၄၃ စက္ကန့်အတွင်းအရောက်သွားနိုင်မည့်ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကား



Aung Ko Htet (MM IT Knowledge)


Hitachi ၏ Ultra-High-Speed ဓာတ်လှေကားသည် မီတာ ၄၄၀ အမြင့်၊ အထပ်ပေါင်း ၉၅ ထပ်ပါဝင် သောတရုတ်နိုင်ငံရှိ Guangzhou CTF Finance Centre တွင် တည်ရှိပြီး ၄င်းအမြင့်ကို ၄၃ စက္ကန့်အတွင်းရောက်ရှိနိုင်သည်ဟုဆိုပါသည်။ အဆိုပါရွေ့လျားမှုသည် တစ်နာရီလျှင် ၇၂ ကီလိုမီတာအမြန်နှုန်းရှိခဲ့သောကြောင့် ကမ္ဘာ့အမြန်ဆုံးဓာတ်လှေကားဖြစ်လာရခြင်း ဖြစ်ပေသည်။

အဆိုပါဓာတ်လှေကားကိုဒီဇိုင်ပိုင်းဆိုင်ရာ၌ ဂျပန်နိုင်ငံမှ တွဲဖက်တာဝန်ယူတည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်မည်ဟုသိရှိရပါသည်။ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လာပါကစီးနင်းသူများ၏ အသက်ကိုကာကွယ်မှုပေးရန် Governor ဟုခေါ်သောဘရိတ်ဖမ်းသည့်နည်းပညာကိုအသုံးပြုထားပြီးအရှိန်နှုန်းကိုထောက်လှမ်းကာအရေးပေါ်ရပ်တန့်စေနိုင်မည့် စနစ်များလည်း ပါဝင်ပါသည်။ ထို့အပြင် ဘရိတ်စနစ်တွင် အပူဒဏ်ကိုခံနိုင်မည့် ဒြပ်ပစ္စည်းများကိုလည်းအသုံးပြုထားသည်ဟုသိရှိရပါသည်။

စီးနင်းသူများအတွက် အမြန်နှုန်းကြောင့် ဖြစ်ပေါ်လာမည့် တုန်ခါမှုများကိုလျော့ချပေးနိုင်ရန် ဒီဇိုင်းတည်ဆောက်ထားသောကြောင့် စီးနင်းသူများ၏ နားများကိုသက်သာစေနိုင်မည်ဖြစ်သည့်အပြင် ဓာတ်လှေကားအတွင်းရှိလေထု၏ ဖိအားကိုထိန်းညှိပေးသည့်စနစ်များလည်း ပါဝင်သည်ဟု သိရှိရပါသည်။

Ref:GM
WorldWide(BMSTU)

Android စမတ်ဖုန်းတွေကို Galaxy S5 အဖြစ် ပြောင်းလဲပေးမယ့် နည်းလမ်းများ



Aung Ko Htet (MM IT Knowledge)


အဆင့်မြင့်နည်းပညာတွေ ထည့်သွင်းပေးထားတဲ့ Samsung ရဲ့နောက်ဆုံးထွက် စမတ်ဖုန်း နဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုသံတွေက မစဲသေးပါဘူး။ မြန်မာနိုင်ငံအတွင်းမှာဆိုရင်လည်း Galaxy S5 ကို ဝယ်ယူနိုင်နေပါပြီ။ စိတ်ဝင်စားမှု အများဆုံးခံရတဲ့ စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ Galaxy S4 ပြည်တွင်းကို ဝင်ရောက်လာတုန်းက အုတ်အော်သောင်းနင်းနဲ့ အလုအယက် ဝယ်ယူ ခဲ့ကြတယ်။ ယခု Galaxy S5 ကိုလည်း အားပေးတဲ့ပရိသတ်တွေက လျော့နည်းမသွားပါဘူး။

Galaxy S5 ကို ကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းကို ပြောပါဆိုရင် သူ့ရဲ့ရေစိုခံနိုင်စွမ်း၊ Heart rate sensor စွမ်းရည်နဲ့ ကင်မရာစွမ်းရည်တွေကြောင့်လို့ အဖြေပေးမှာအသေအချာပါပဲ။ ရေစိုခံနိုင်ခြင်းဆိုတာက ဖုန်းကိုစတင်တည်ဆောက်ကတည်းက တစ်ပါးတည်းထည့်သွင်း လိုက်တဲ့ နည်းပညာဖြစ် တာကြောင့် ရေစိုမခံနိုင် တဲ့ ဖုန်းကို ရေစိုခံနိုင်အောင် ဖန်တီးလို့ မရပါဘူး။ သို့ပေမယ့် Galaxy S5 မှာလို Heart rate sensor စွမ်းရည်နဲ့ ကင်မရာစွမ်းရည်တွေအတိုင်း ရိုးရိုး Android ဖုန်းမှာ သုံးနိုင်ဖို့အတွက်ဆိုရင် App လေးတွေ သုံးပေးလိုက်ရုံနဲ့ ရတယ်ဆိုတာ သိသူနည်းသေးမယ်လို့ ထင်ပါတယ်။ ဒီလိုဆိုရင် ရိုးရိုး Android ဖုန်းကို Galaxy S5 အဖြစ်ပြောင်းလဲကြည့်ရအောင်။

 
 
Heart rate sensor

Galaxy S5 ရဲ့အနောက်ဘက်မှာ တပ်ဆင်ထားတဲ့ Heart rate sensor ဆိုတာက သူ့ရဲ့နာမည်ကျော် Feature တစ်ခုပါပဲ။ ဒါပေမယ့် သူတစ်ခုတည်း နဲ့တော့ အလုပ်မဖြစ်ပါဘူး။ Heart rate sensor သုံးမယ်ဆိုရင် ဖုန်းထဲက S Health app ကို အရင်ဆုံး ဖွင့်ထားရပါမယ်။ ပြီးရင် sensor ပေါ်ကို လက်ချောင်းတင်ပေးလိုက်မယ်ဆိုရင် ဖုန်းရဲ့မျက်နှာပြင်မှာ တစ်မိနစ်အတွင်း သင့်ရဲ့နှလုံးခုန်နှုန်း ဘယ်လောက်ရှိတယ် ဆိုတာ ဖော်ပြပေးပါလိမ့်မယ်။

ဒီလို အလန်းစား Feature တစ်ခုကို ရိုးရိုး Android ဖုန်းတွေမှာ သုံးနိုင်ဖို့ Runtastic ကုမ္ပဏီက ဖန်တီးထုတ်လုပ်ပေးလိုက်ပါတယ်။ App ရဲ့နာမည်ကို Runtastic Heart Rate app လို့အမည်ပေးထားပါတယ်။ ဒီ App ကို သူ့ရဲ့ GPS running app ကိုအခြေပြုတည်ဆောက် ထားတယ်လို့ ဆိုပါတယ်။ Runtastic Heart Rate app မှာတော့ နှလုံးခုန်နှုန်းတွေကို တိုင်းတာဖို့အတွက် Camera Sensor ကိုအသုံးချ ရမှာပါ။ Camera Sensor ပေါ်ကို လက်ချောင်းတင်ပေးလိုက်တာနဲ့ သင့်ရဲ့နှလုံးခုန်နှုန်းတွေကို တွက်ချက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒါက မယုံနိုင်စရာလို့ ယူဆနိုင်ပါတယ်။ စမ်းသပ်အသုံးပြုများရဲ့ လေ့လာတွေ့ရှိချက်အရတော့ Galaxy S5 က ထုတ်ပေးတဲ့ နှလုံးခုန်နှုန်းနဲ့ သိပ်မကွာဘူးလို့ ဆိုပါတယ်။

Runtastic Heart Rate
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/P9QARw
-------------------------------------------------------------------

 
 
Selective Focus

ဓာတ်ပုံတွေကို ရိုက်ပြီးတာတောင်မှ လိုချင်တဲ့နေရာကို ပြန်ပြီး Focus ဖြတ်လို့ရတဲ့ ကင်မရာစနစ်သစ်ကို Galaxy S5 မှာအပြင် HTC One M8 မှာအသုံးပြုလာပါတယ်။ HTC One M8 မှာတော့ နောက်ကင်မရာရဲ့ ထိပ်ဘက်မှာ ပါဝင်တဲ့ Sensor က အာရုံခံပေးပြီး Galaxy S5 မှာတော့ Software တစ်ခုလုံးသာ အားကိုးထားပါတယ်။ Selective Focus ဆိုတာက မလိုအပ်တဲ့မြင်ကွင်းတွေကို ဝေဝါးပေးတဲ့ Feature တစ်ခုပါတယ်။ Selective Focus ကြောင့် မိမိအသားပေးလိုတဲ့ ပုံရိပ်ဟာ ပိုပြီးကြွရွ
သွားစေပါတယ်။

ဒီလို Function အတိုင်း အခြား Android ဖုန်းတွေမှာသုံးနိုင်ဖို့အတွက်ဆိုရင် Google Camera ဆိုတဲ့ App လေးရှိပါတယ်။ အဲဒီ App ထဲမှာ Lens Blur ဆိုတဲ့ Feature လေးကိုအသုံးချပြီး မိမိမလိုအပ်တဲ့ မြင်ကွင်းတွေကို
ဝေဝါးပေးနိုင်ပါတယ်။ တစ်ခုရှိတာက ဒီ App ကိုသုံးနိုင်ဖို့အတွက် သင့်ဖုန်းရဲ့ OS ဗားရှင်းက 4.4 နဲ့အထက်ရှိဖို့ လိုပါလိမ့်မယ်။

Google Camera
OS => Android 4.4 and up
Cost => Free
Download => http://bit.ly/1mdGpqB
-------------------------------------------------------------------

 
 
Private Mode

သင့်ဖုန်းထဲမှာ အခြားသူမမြင်စေလိုတဲ့ ဖိုင်တွေ၊ ဓာတ်ပုံတွေ ရှိနေမယ်ဆိုရင် အခြားသူကသင့်ဖုန်းကို ကိုင်လိုက်တိုင်း စိတ်မချမ်းသာ ဖြစ်နေပါလိမ့်မယ်။ Galaxy S5 မှာတော့ Private Mode နဲ့ သင့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေကို ကာကွယ်ပေးထားပါတယ်။ Private Mode အတွင်းကိုတော့ လက်ဗွေရာလုံခြုံရေးစနစ်နဲ့ ဝင်နိုင်သလို၊ Password တွေ PIN နံပါတ်တွေနဲ့လည်း ထိန်းချုပ်ထားနိုင်ပါတယ်။
ဒီလို Galaxy S5 ရဲ့ Private Mode မျိုးလိုအသုံးပြုနိုင်မယ့် AppLock ဆိုတဲ့ App လေးရှိပါတယ်။ သူ့ကိုတော့ PIN လုံခြုံစနစ်နဲ့ ထိန်းချုပ်ထားပါတယ်။ တစ်ပါးသူမမြင်စေလိုတဲ့ App တွေ၊ Setting တွေ၊ Program တွေ၊ ဖုန်းခေါ်ဆိုမှုတွေကို AppLock ထဲ ထည့်ပိတ်ထားနိုင်ပါတယ်။

AppLock
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/1jjyav2
-------------------------------------------------------------------

 
 
Kids Mode

Kids Mode ဆိုတာကတော့ ဖုန်းကိုကလေးငယ်တွေ ဝင်ရောက်ကလိမှာ ကာကွယ်တားဆီးပေးတဲ့ Feature တစ်ခုပါ။ Kids Mode အတွင်းမှာ ကလေးငယ်တွေအတွက် သီးသန့် App တွေကိုရွေးချယ်သတ်မှတ်ပေးထားနိုင်တဲ့အတွက် မသုံးစေချင်တဲ့ App တွေကို ဝင်ရောက်နိုင်ခြင်း မရှိပါဘူး။ Kids Mode အတွင်းမှာ ကလေးငယ်တွေအကြိုက် Layout ပုံစံမျိုးတွေ၊ Wallpaper မျိုးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Kids Mode နဲ့အလားသဏ္ဍာန်တူညီတဲ့ App လေးကတော့ Zoodles ကနေ ထုတ်လုပ်လိုက်တဲ့ Kid Mode: Free Games + Lock ဆိုတဲ့ App လေးပါပဲ။ ဒီ App လေးထဲမှာ မိမိကလေးငယ်တွေကို အသုံးပြုစေချင်တဲ့ App တွေ သတ်မှတ်ပေးထားနိုင်ပါတယ်။


Kid Mode: Free Games + Lock
OS => Android 2.2 and up
Cost => Free
Download => http://bit.ly/19MJauJ

Ref : Cnet (Four apps that can transform any Android device into a Galaxy S5)

-------------------------------------------------------------------

May Thazin (TSJ Team)

Facebook က Frim အမည်ရှိ Fitness App ထုတ်လုပ်သည့်ကုမ္ပဏီ ကိုဝယ်ယူလိုက်ပြီ



Aung Ko Htet (MM IT Knowledge)

Frim Fitness App ထုတ်သည့်ကုမ္ပဏီကို Facebook က၀ယ်ယူလိုက်ကြောင်းသိရသည်။

ယင်း App ကို Moves App တွေ ထုတ်လုပ်သည့် Helsinki အခြေခံ ProtoGeo ကထုတ်လုပ်ထားတာဖြစ်ပြီးယင်း App ကို iPhone နှင့် Android မှာဒေါင်းလုဒ် ပြုလုပ်ပြီးသုံးစွဲတဲ့ လူပေါင်း ၄သန်းရှိနေကြောင်းသိရသည်။

အဆိုပါ App ဟာ User များတစ်နေတာပြုလုပ်တဲ့အမူအကျင့်တွေပေါ် မူတည်ပြီးကယ်လိုရီ ဘယ်လောက်လောင်ကျွမ်းသွားသည်ကိုတိုင်း တာပေးနိုင်တဲ့ App တစ်ခုဖြစ်သည်။

ယင်း App ဟာလူသား တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတစ်ဖက် တစ်လမ်းကနေအပြည့်အ၀ကူညီပေးနိုင်မည့် App တစ်ခုအဖြစ်လည်း တည်ရှိ နေသည်။

ဒါပေမဲ့၎င်း App ကိုဝယ်ယူရန်အတွက် Facebook က ProtoGeo ကိုပိုက်ဆံ မည်မျှကုန်ဆုံးသွားသည်ကိုထုတ်ဖော် ကြေညာထားခြင်းမရှိကြောင်းသိရ သည်။

The Fitness Firm က “ Facebook နှင့်ပူးပေါင်းလုပ်ကိုင်ရတော့မည့် အတွက်အရမ်းဝမ်းသားပြီးနောက်ပိုင်းတွေမှာလည်း၎င်းကထုတ်လုပ်သည့် App များကိုလူအများ ကစိတ်ဝင်စားစွာနဲ့ဝယ်ယူအသုံးပြုနိုင်ကြောင်း “ ၎င်း၏ Blog တွင်ပြောဆိုထားသည်။

ဒါ့အပြင် Facebook ကလည်း “ Moves အဖွဲ့အစည်းဟာလူသားတွေရဲ့ ကျန်းမားရေးကိုအထူးကောင်းမွန်လာအောင်ပြုလုပ်ပေးတဲ့ Tool တွေကို ထုတ်လုပ်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီးယင်း App တွေရဲ့အောင်မြင်မှုတွေ ကိုစောင့်ကြည့်နေမှာပါ “ ဟုပြောဆိုထားသည်။

Ref : BBC

Wai Phyo Aung (TSJ Team)

ကမ္ဘာ့အကောင်းဆုံး Gaming Laptop ကြီး



Aung Ko Htet (MM IT Knowledge)
 
ဒီ Laptop ကြီးကတော့ကမ္ဘာ့အကောင်းဆုံး Gaming Laptop တစ်လုံး အဖြစ်စာရင်းသွင်းခံထားရတဲ့ Alienware 18 အမည်ရှိ Gaming Laptop တစ်လုံးပါ။

ဒီဇိုင်းပိုင်းကိုအလန်းစားပုံစံနဲ့တည်ဆောက်ထားပါတယ်။ဂိမ်းတွေကို 1080p ရုပ်ထွက်အပြည့်နဲ့ ဆော့နိုင်မှာဖြစ်ပြီးအခြားသော Monitor တွေနဲ့ချိတ် ဆက်ပြီး အသုံးပြုနိုင်တဲ့အပြင် Gamer တွေရဲ့အသည်းစွဲ Laptop တစ်လုံး အဖြစ်လည်းစာရင်းဝင်လျက်ရှိပါတယ်။

ဒီ Gaming Laptop လေးရှိရင်ဘယ်နေရာကနေပဲဖြစ်ဖြစ် Online ဂိမ်းတွေ ကိုအရည်အသွေးကောင်းကောင်းနဲ့ ဆော့လို့ရမှာဖြစ်ပါတယ်။

ဈေးနှုန်း က တော့ ကန်ဒေါ်လာ ၃၈၄၉ ရှိတယ်လို့သိရပါတယ်။

Ref : PCMAG

Wai Phyo Aung (TSJ Team)

Limited Edition လို့မထင်ရတဲ့ Bugatti Veyron Jean

Photo: Limited Edition လို့မထင်ရတဲ့ Bugatti Veyron Jean
==============================
ဒီကားလေးက Bugatti ကုမ္ပဏီကထုတ်ထားတဲ့ Limited Edition အမျိုးအစားကားတစ်စီးဖြစ်ပြီး Bugatti Veyron Jean ဆိုတဲ့ နာမည်ကိုပိုင်ဆိုင်ထားပါတယ်။

ဒီကားကဘာကြောင့် Limited Editon ဖြစ်နေတာလဲဆိုတော့ 57SC Atlantic ရဲ့ဒီဇိုင်းကိုတီထွင် ပေးတဲ့ကုမ္ပဏီထည်ထောင်သူရဲ့သားနာမည်ကို သုံးထားတာကြောင့်ပဲဖြစ်ပါတယ်။ 

ဒီကားလေးကတစ်ကမ္ဘာလုံးမှာ ၃စီးပဲရှိတာ ဖြစ်ပြီးကားတစ်စီးရဲ့ တန်ဖိုးကကန်ဒေါ်လာ ၃ မီလီယံအထိရှိပါတယ်။

Ref : wallstcheatsheet

Wai Phyo Aung (TSJ Team)

Aung Ko Htet (MM IT Knowledge)


ဒီကားလေးက Bugatti ကုမ္ပဏီကထုတ်ထားတဲ့ Limited Edition အမျိုးအစားကားတစ်စီးဖြစ်ပြီး Bugatti Veyron Jean ဆိုတဲ့ နာမည်ကိုပိုင်ဆိုင်ထားပါတယ်။

ဒီကားကဘာကြောင့် Limited Editon ဖြစ်နေတာလဲဆိုတော့ 57SC Atlantic ရဲ့ဒီဇိုင်းကိုတီထွင် ပေးတဲ့ကုမ္ပဏီထည်ထောင်သူရဲ့သားနာမည်ကို သုံးထားတာကြောင့်ပဲဖြစ်ပါတယ်။

ဒီကားလေးကတစ်ကမ္ဘာလုံးမှာ ၃စီးပဲရှိတာ ဖြစ်ပြီးကားတစ်စီးရဲ့ တန်ဖိုးကကန်ဒေါ်လာ ၃ မီလီယံအထိရှိပါတယ်။

Ref : wallstcheatsheet

Wai Phyo Aung (TSJ Team)

Firefox မှ လုံးဝကွဲပြားသွားသော UI ဒီဇိုင်းအသစ် ပြောင်းလဲလိုက်



Aung Ko Htet (MM IT Knowledge)


Firefox မှ ပြုပြင်ပြောင်းလဲမှုပေါင်း၁၃၀၀ ကျော် ပြုလုပ်လိုက်သော ဒီဇိုင်းပုံစံကို သုံးစွဲနိုင်ပါပြီ။ 



(plug in ကို အောက်က link ကနေ ရယူနိုင်ပါတယ်။ )


http://www.mozilla.org/en-US/firefox/new/

မှာ download လုပ်၍ upgrade လုပ်နိုင်ပါတယ်။အသစ်ပါဝင်လာသော Firefox Sync Service ဖြင့် ကိုယ့် ရဲ့ browsing history များ၊ မှတ်သားထားသော passwords များ၊ bookmarks များ၊ ဖွင့်ထားသော tabs များကို ကိုယ့်ရဲ့ PC နှင့် မိုဘိုင်း device များ ကြား synce လုပ်ပေးသွားမှာဖြစ်ပါတယ်။ ယင်းအတွက် Firexfox Account ဖွင့်ပြီး လွယ်လင့်တကူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Menu bar ကို ထိပ်ပိုင်း ညာဖက်သို့ပြောင်းရွှေ့လိုက်ကာ တစ်နေရာတည်းမှ လွယ်လင့်တကူ ထိန်းချုပ်သုံးစွဲနိုင်ရန်ဖန်တီးပေးထားပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ bookmarks လုပ်နိုင်ရန်လည်း လုပ်ဆောင်ပေးထားပါတယ်။ Menu မှာ Customize tool ပါဝင်လာပြီး features များ၊ service များ နှင့် add-on များကို မိမိတို့ စိတ်တိုင်းကျ ထည့်သွင်းနိုင်၊ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။


ref: Nyein Chan (TSJ Tech Team)
 

သင့်ရဲ့ကိုယ်ပိုင်ဆရာဝန် Withings Pulse



Aung Ko Htet (MM IT Knowledge)
 
Withings Pulse ဟာသင့်ကိုယ်ထဲမှာရှိတဲ့ကယ်လိုရီဘယ်လောက်လောင် ကျွမ်းသွားတယ် ၊ နှလုံးခုန်တဲ့အကြိမ်နှုန်းတွေကိုတိုင်းတာပေးနိုင်တဲ့ သင့်ရဲ့ကိုယ်ပိုင်ဆရာဝန်ပါ။

သူကိုပိုက်ဆံတွေခဏခဏပေးစရာမလိုပဲသင့်ရဲ့ကျန်းမားရေးကိုစစ်ဆေးပေးမှာဖြစ်ပြီးသင့်ရဲ့နှလုံးခုန်သံဟာသတ်မှတ်ထားတဲ့စံနှုန်းထက်ပိုမိုကျော်လွန်လာပြီဆိုရင်သတိပေးမှာဖြစ်တဲ့အပြင်သင့်နှလုံးခုန်သံဟာလက်ရှိကနေဘယ်လောက်တက်သွားတယ်ဆိုတာကိုအတိအကျဖော်ပြပေးမှာပါ။

ဒါ့အပြင်သင့်ရဲ့အိပ်ချိန်တွေကိုလည်းမှတ်တမ်းတင်ထားပေး နိုင်မှာဖြစ်ပြီးသင်ဘယ်အချိန်ဘယ်လောက်ကြာကြာအိပ်ပျော်နေတယ်ဆိုတာကိုအတိ အကျပြန်ကြည့်လို့ရပါတယ်။

သူဟာလက်ရှိမှာအကောင်းဆုံးနဲ့လူကြိုက်အများဆုံးပစ္စည်းလေးအဖြစ် တည်ရှိနေပါတယ်။

Ref : Askmen

Wai Phyo Aung (TSJ Team)

LG Showroom တွေမှာဝယ်ယူလို့ရနေပြီဖြစ်တဲ့ LG Mosquito Away လေအေးပေးစက်



Aung Ko Htet (MM IT Knowledge)

LG ရဲ့လေအေးပေးစက်တွေထဲမှာအထူးခြားဆုံးနဲ့နောက်ဆုံး ထွက်လေအေးပေးစက်တစ်လုံးဖြစ်တဲ့ HS-CO964NNO ဟာလေကို သန့်စင်ပေးရုံသာမကအခန်းထဲမှာရှိတဲ့ခြင်တွေကိုလည်းမောင်းထုတ်ပေးနိုင်ပါတယ်။

ဒီပစ္စည်းကိုမီးအားအရမ်းကျနေတဲ့အချိန်မှာ တောင်အသုံးပြုလို့ရအောင်ပြုလုပ်ထားပြီးထူးခြားချက်အနေနဲ့ကတော့ခြင်တွေကိုမောင်းထုတ်ပေးနိုင်တာပဲဖြစ်ပါတယ်။

ခြင်တွေအရမ်းပေါတဲ့နေရာတွေမှာအရမ်းအသုံးဝင်တဲ့အတွက်မိသားစုတွေအတွက်မရှိမဖြစ်ဝယ်ယူထားရမဲ့ပစ္စည်းဖြစ်ပါတယ်။

ဒါ့အပြင် Jet Cool စနစ်ကိုအသုံးပြုထားလို့သင့်ရဲ့အခန်းတစ်ခုလုံးကို အချိန်တိုတိုလေးအတွင်းအေးမြသွားအောင်စွမ်းဆောင်ထားနိုင်ပါတယ်။

Remote Control နဲ့ထိန်းချုပ်အသုံးပြုပေးနိုင်တဲ့တကူးတကသွားဖွင့်စရာ မလိုပါဘူး။

ဝယ်ယူလိုတယ်ဆိုရင်တော့ LG Showroom ဖုန်း ၀၁-၃၇၉၉၅၅ ၊ ၀၁-၅၄၄၆၆၄ ၊ ၀၁-၂၅၄၅၆၁ ကိုဆက်သွယ်ပြီးဝယ်ယူရရှိနိုင်ပါတယ်။

ဈေးနှုန်းကတော့ ၁ကောင်ကို ၂၈၉, ၀ ၀၀ ကျပ် ၊ ၁ကောင်ခွဲဆိုလျှင် ၃၄၉,၀၀၀ ကျပ်ဖြင့်အသီးသီးဖြစ်ပါတယ်။

ref: Wai Phyo Aung (TSJ Team)

သန်း ၂၀ ကျော်သော ebooks များကို free ဖတ်နိုင်မယ့် Wattpad



Aung Ko Htet (MM IT Knowledge)

မိုဘိုင်းဖုန်းနဲ့ တက်ဘလက်များကို အကျိုးရှိစွာ သုံးစွဲဖို့ အတွက် စာဖတ်ခြင်းကလည်း တစ်ခု အပါအဝင်ဖြစ်သလို အင်္ဂလိပ်စာ တိုးတက်ဖို့ အတွက်လည်း အင်္ဂလိပ်စာအုပ်များစွာကိုဖတ်ရှုခြင်းကလည်း အရေးပါလှပါတယ်။အင်္ဂလိပ်စာအုပ်များသာမက အခြားဘာသာစကားပေါင်းများစွာနဲ့ ရေးသားထားသောစာအုပ်များစွာကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါ့ကြောင့် စာအုပ်များကို အခမဲ့ဖတ်ရှုနိုင်မယ့် နာမည်ကျော် App တစ်ခုဖြစ်တဲ့ Wattpad ကို Tech Space မှ ရွေးချယ်ပေးလိုက်ပါတယ်။

Android အတွက်
https://play.google.com/store/apps/details?id=wp.wattpad

iOS အတွက်
https://itunes.apple.com/us/app/free-books-wattpad-ebook-reader/id306310789?mt=8

Windows Phone များအတွက်
http://www.windowsphone.com/en-us/store/app/wattpad/a12a8544-cb7e-42bb-b0ef-676e00cdf685




စာအုပ်များကို အောက်ပါ အတိုင်း Category ခွဲခြားထားပါတယ်
Action
Adventure
ChickLit
Classics
FanFiction
Fantasy
General Fiction
Historical Fiction
Horror
Humor
Mystery / Thriller
Non-Fiction
Other
Action
Adventure
ChickLit
Classics
FanFiction
Fantasy
General Fiction
Historical Fiction
Horror
Humor
Mystery / Thriller
Non-Fiction
Paranormal
Poetry
Romance
Science Fiction
Short Story
Spiritual
Teen Fiction
Vampire
Werewolf
Paranormal
Poetry
Romance
Science Fiction
Short Story
Spiritual
Teen Fiction
Vampire
Werewolf

Wattpad ရဲ့ ဝက်ဘ်ဆိုက် လိပ်စာကတော့
http://www.wattpad.com/
ဖြစ်ပါတယ်။


ref: Nyein Chan (TSJ Tech Team)

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ မြို့တွင်းလမ်းများ တွင် မောင်းနှင်ရာ ၌ ပိုမိုကောင်းမွန်လာ



Aung Ko Htet (MM IT Knowledge)

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ သည် လမ်းမများပေါ်တွင် မောင်းနှင်နိုင်သည် မှာ ကြာပြီ ဖြစ်သော်လည်း မြို့ပြင်လမ်းမများ တွင်သာ စမ်းသပ်မောင်းနှင်ခြင်း ဖြစ်ပါသည်။ ရှုပ်ထွေးသော မြို့တွင်းလမ်းမများ တွင် မောင်းနှင်ရန် အတွက်မူ နည်းပညာ အခက်အခဲများ ကို ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါ နည်းပညာ အခက်အခဲ ကို Google က ဖြေရှင်းနိုင်ပြီ ဖြစ်သည် ဟု Google ၏ ဘလော့ တွင် ဆောင်းပါး တစ်ပုဒ် ရေးသားထားပါသည်။

မြို့ပြင်လမ်းမများ နှင့် နှိုင်းယှဉ်လျှင် မြို့တွင်းလမ်းမများ သည် နေရာ ကျဉ်းမြောင်းပြီး လူများ၊ ကားများ စသည့် အရာဝတ္ထုရာပေါင်းများစွာ လှုပ်ရှားသွားလာနေကြသည် ဟု Google က ပြောပါသည်။ ထို့အတွက် Google က တစ်ချိန်ထဲတွင် အရာဝတ္ထုများစွာ ကို အာရုံခံနိုင်ရန် ဆော့ဝဲ ကို တီထွင် ခဲ့ရပါသည်။

အလိုအလျှာက် မောင်းနှင်သည့် ကားသည် ယခုအခါ လမ်းသွားလမ်းလာများ ၊ ဘတ်စ်ကားများ ၊ ကားရပ်နားရပ် ညွှန်ကြားသည့် ဆိုင်းဘုတ်များ၊ စက်ဘီးစီးသူ ၏ လမ်းကြောင်း ပြောင်းရန် အချက်ပြမှုများ ကို တစ်ပြိုင်နက် သိရှိနိုင်ပါသည်။ အလိုအလျှောက် မောင်းနှင်သည့် ကားသည် ၂၀၁၂ ခုနှစ် စတင် စမ်းသပ်စဉ် မှ ယခုအချိန်အထိ မိုင်ပေါင်း ခုနစ် သိန်း ကို မောင်းနှင်ပြီး ဖြစ်ပါသည်။

Google ၏ အလိုအလျှောက်မောင်းနှင်သည့် ကားများ မြို့တွင်းလမ်းများ တွင် မောင်းနှင်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။ 




အောက်က link ကိုနှိပ်၍ ဗီဒီယိုကိုကြည့်နိုင်ပါတယ်။ 


https://www.youtube.com/watch?v=dk3oc1Hr62g


ref: သူရ

Android Device များမှာ Android Beam ကို အသုံးပြုပြီး ဒေတာ များကို Share ပြုလုပ်နည်း



Aung Ko Htet (MM IT Knowledge)
 

နောက်ပိုင်းထုတ် Android Phone များ နဲ့ Nexus 7 , Nexus 10 တက်ဘလက်များ အပါအ၀င် အခြားတက်ဘလက်များ မှာ NFC Hardware ပါရှိပြီး Android Beam ကို အသုံးပြုလို့ရပါတယ်။ Android Beam ကို အသုံးပြုရင် Android Device နှစ်ခုကို ကျောချင်းကပ်ပြီး ဒေတာများ ကို Share လုပ်နိုင်ပါတယ်။

Android Beam ကို အသုံးပြုပြီး Web Pages, Maps, Videos, Photos နဲ့ အခြား အရာများ ကို Android Device များကြားမှာ Share လုပ်နိုင်ပါတယ်။ Android Beam ကို အသုံးပြုပြီး Share ပြုလုပ်ခြင်း ဟာ အခြားနည်းလမ်းများ ကို အသုံးပြုပြီး Share ပြုလုပ်ခြင်းထက် ပိုမိုလျှင်မြန်စေပါတယ်။

NFC ကို Support ပေးလားဆိုတာ စစ်ဆေးပါ။
----------------------------------------------
Android Device နှစ်ခုကြားမှာ ဒေတာများ ကူးပြောင်းဖို့အတွက် အဲဒီ Android Device နှစ်ခုဟာ NFC ကို Support ပေးရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် စွမ်းဆောင်ရည်မြင့် Android Phone များ နဲ့ Google ရဲ့ Nexus 7 , Nexus 10 တက်ဘလက်များ မှာ NFC ကို Support ပေးပါတယ်။ ဒါပေမယ့် NFC ကို Support မပေးတဲ့ Android Device များစွာရှိပါတယ်။
Android Device များမှာ NFC ကို Support ပေးလားဆိုတာ စစ်ဆေးဖို့ Device ရဲ့ Settings ထဲဝင်ပါ။ Wireless & Networks အောက်က More ကိုနှိပ်ပါ။

NFC ပါလားဆိုတာ စစ်ဆေးပါ။ NFC နဲ့ Android Beam နှစ်ခုစလုံး ကို Enable ပြုလုပ်ပေးပါ။

NFC ကို မတွေ့ရဘူးဆိုရင်တော့ သင့် Android Device မှာ NFC Hardware မပါရှိပါဘူး။ Android Version နိမ့်နေတာကလည်း အကြောင်းအရင်းတစ်ချက်ဖြစ်နိုင်ပါတယ်။ Android Beam ကို Android 4.0 Ice Cream Sandwich မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Android Device နှစ်ခုစလုံးမှာ NFC ကို အထောက်အပံ့ပေးတယ်ဆိုရင်တော့ Content တွေကို Share လုပ်နိုင်ပါပြီ။

Share လုပ်ချင်တဲ့ Content ကိုဖွင့်ပါ။
-------------------------------------
Share လုပ်ချင်တဲ့ Content ကိုဖွင့်ပါ။ ဥပမာအားဖြင့် အောက်ပါ နည်းအတိုင်း Content တွေကို ဖွင့်လို့ရပါတယ်။
• Web Page : Chrome ကနေ ဖွင့်ပါ။
• YouTube Video : YouTube App ကနေ ဖွင့်ပါ။
• Map Directions or a Location : Google Map App ကနေဖွင့်ပါ။
• Contact Information : Contact or People App ကနေ ဖွင့်ပါ။
• An App : Google Play Store ကနေ ဖွင့်ပါ။
• Photos : Gallery ကနေ ဓာတ်ပုံ ကိုဖွင့်ပါ။ ဓာတ်ပုံအများအပြား ကို တစ်ပြိုင်နက် Share လုပ်ချင်ရင် ဓာတ်ပုံတစ်ပုံ ပေါ်ကို ဖိထားပြီး Select လုပ်ဖို့ပေါ်လာရင် အခြားဓာတ်ပုံတွေကို ရွေးချယ်ပေးပါ။ ဓာတ်ပုံတွေ ရွေးချယ်ပြီးရင်တော့ Share or Beam ပြုလုပ်လို့ရပါပြီ။


Bulit-In ပါရှိတဲ့ Android Apps အတော်များများ က Android Beam ကို အထောက်အပံ့ပေးပါတယ်။ ဒါပေမယ့် အခြား Android Apps တွေကလည်း Android Beam ကို ထောက်ပံ့ကောင်းထောက်ပံ့နိုင်ပါတယ်။ App Developer တွေက သူတို့ရဲ့ App မှာ NFC စွမ်းဆောင်ချက် ကို အထောက်အပံ့ပေးနိုင်အောင် ပြုလုပ်ထားတယ်ဆိုရင် အဲဒီ App တွေကနေ Android Beam ကို အသုံးပြုပြီး ဒေတာတွေ Share လုပ်နိုင်ပါတယ်။

ဒေတာတွေကို Beam ပြုလုပ်ခြင်း။
----------------------------------

ဒေတာတွေကို Android Device နှစ်ခုကြားမှာ ပေးပို့မှု မပြုလုပ်ခင် Device နှစ်ခု ဟာ Power On ထားရမှာ ဖြစ်သလို Unlock လုပ်ထားရမှာ ဖြစ်ပါတယ်။ Device ရဲ့ Screen ဟာ Off ဖြစ်နေရင် ဒါမှမဟုတ် Lock ဖြစ်နေရင် Android Beam က အလုပ်လုပ်မှာ မဟုတ်ပါဘူး။
Device နှစ်ခုကို Unlock လုပ်ပြီးရင် ကျောချင်းကပ်ပါ။

တက်ဘလက်များ နဲ့ ပတ်သက်ပြီး မှတ်သားသင့်တဲ့အချက် ။ ။ စမတ်ဖုန်း နှစ်ခုကို ကျောချင်းကပ်ရတာ က လွယ်ကူရိုးစင်းပါတယ်။ တက်ဘလက် တွေ အတွက်တော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ ဥပမာအားဖြင့် Nexus 7 တက်ဘလက် ကို စမတ်ဖုန်း နဲ့ ကျောချင်းကပ်မယ်ဆိုရင် Nexus 7 ရဲ့ နောက်ကျော နေရာတိုင်းမှာ စမတ်ဖုန်း ကို ကပ်လို့မရပါဘူး။ Nexus 7 မှာ NFC Chip က အပေါ်ပိုင်းမှာ ရှိတဲ့အတွက် စမတ်ဖုန်း ကို Nexus 7 ရဲ့ အပေါ်နားမှာ ကပ်ရမှာ ဖြစ်ပါတယ်။ အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။ Nexus 10 မှာတော့ NFC Chip က အနောက်ဘက် ကင်မရာ အနားမှာ တည်ရှိပါတယ်။ Nexus 7 တက်ဘလက် နှစ်ခုကို တော့ အလွယ်တကူ ကျောချင်းကပ်နိုင်ပါတယ်။

NFC ဆက်သွယ်မှု ချိတ်ဆက်မိရင် အချက်ပေးတဲ့ အသံ ကို ကြားရမှာ ဖြစ်ပါတယ်။ နောက်ပြီး Touch to beam စာသား ကို နောက်ခံ Animated Background ပေါ်မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Screen ပေါ်က Content ကို တစ်ချက်နှိပ်ရင် ချိတ်ဆက်မိနေတဲ့ အခြား Device ဆီသို့ Content ကို ပို့ပေးမှာ ဖြစ်ပါတယ်။

Galaxy S III အပါအ၀င် Samsung Android Phone တွေမှာ ပါတဲ့ S Beam က Android Beam နဲ့ ကွာခြားပါတယ်။ ဒါပေမယ့် Samsung Phone တွေမှာ Android Beam လည်း ပါရှိကြပါတယ်။

NFC ကို အသုံးပြုပြီး ဒေတာ ကူးပြောင်းတဲ့ အခါမှာ အသုံးပြုတဲ့ ဆက်သွယ်မှု က Bluetooth ဖြစ်ပါတယ်။ NFC က Bluetooth ဆက်သွယ်မှု ကို ခနတာ သာ အသုံးပြုတာဖြစ်တဲ့အတွက် Pair လုပ်ရတဲ့ အလုပ်ရှုပ်မှု တွေ ကင်းဝေးစေပါတယ်။ နောက်ပြီး Bluetooth ကို ဖွင့်စရာမလိုပါဘူး။

NFC Chip ပါရှိတဲ့ Android Device များမှာ အထက်ပါနည်းအတိုင်း ဒေတာတွေကို လွယ်ကူလျှင်မြန်စွာ ပေးပို့ရယူနိုင်မှာ ဖြစ်ပါတယ်။

ref: သူရ

Device များကို ထိန်းချုပ်ပေးမည့် Nod စမတ်လက်စွပ်



Aung Ko Htet (MM IT Knowledge)

 ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အသစ်တစ်ခု ဖြစ်သော် Nod စမတ်လက်စွပ် ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ စမတ်လက်စွပ် သည် Bluetooth ဆက်သွယ်မှုဖြင့် အခြား Device များ ကို ထိန်းချုပ်နိုင်သည့် Controller အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

စမတ်လက်စွပ် က Mac, Windows Desktops, iOS, Android Tablets, Phones, Smart TV, Nest Thermostats, Hue Lighting Systems, Google Glass အပါအ၀င် Device များစွာ ကို ထိန်းချုပ်နိုင်ပါသည်။ Bluetooth ဆက်သွယ်မှု ကို အထောက်အပံ့ ပေးခြင်း မရှိသည့် Device များ ကို ထိန်းချုပ်ရန် Nod သည် စမတ်ဖုန်း နှင့် ဦးစွာ ချိတ်ဆက်မည် ဖြစ်ပြီး ထို့နောက်တွင် စမတ်ဖုန်း က Bluetooth ကို အထောက်အပံ့ ပေးခြင်း မရှိသည့် Device နှင့် WiFi မှ တစ်ဆင့် ချိတ်ဆက်မည် ဖြစ်သည်။

Nod ကို ရေ နှင့် ဖုန်မှုန့်ဒဏ် ခံနိုင်သည့် ပလတ်စတစ် ကိုယ်ထည် ဖြင့် ဖုံးအုပ်ထားပါသည်။ တစ်ရက် အသုံးခံသည့် ပြန်လည် အားဖြည့်နိုင်သည့် ဘက်ထရီ ပါရှိပါသည်။ ထိတွေ့မျက်နှာပြင် နှင့် သေးငယ်သော ခလုတ်များ ပါရှိပါသည်။ ခလုတ်များ နှိပ်လျှင် ပြုလုပ်ရမည့် အလုပ်များ ကို သတ်မှတ်နိုင်ပါသည်။ စမတ်လက်စွပ် သည် Third-Party Apps များနှင့် တွဲဖက် အလုပ်လုပ်နိုင်ပါသည်။ လက်စွပ် ကို ၀တ်ဆင်ပြီး Mouse ကဲ့သို့ လှုပ်ရှား ခိုင်းစေရမည် ဖြစ်သည်။ ထို့အပြင် လက်စွပ် မှ ခလုတ် နှင့် ထိတွေ့မျက်နှာပြင် ကို အသုံးပြုပြီး ခိုင်းစေနိုင်ပါသည်။

Nod တွင် Motion Sensors , Proximity Sensors များတပ်ဆင်ထားပါသည်။ Cortex M3 Processor နှစ်လုံး ပါရှိပါသည်။ Nod ကို ၀တ်ဆင်ပြီး ကွန်ပြူတာ တွင် စာစီစာရိုက်လုပ်ခြင်း၊ ပုံဆွဲခြင်း၊ Video Player များကို ထိန်းချုပ်ခြင်း၊ ဂိမ်းကစားခြင်း၊ EBook များဖတ်ခြင်း၊ Presentation များပြသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

Nod ကို ဒေါ်လာ (၁၄၉) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ Nod ၏ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=dy-Ac9X9oSo

ref: သူရ

Acer က Iconia One 7 နှင့် Iconia Tab 7 Tablets များကို ကြေညာ



Aung Ko Htet (MM IT Knowledge)

 Acer က နယူးယောက်မြို့ တွင် တက်ဘလက် အသစ်များ ကို ကြေညာလိုက်ပါသည်။ Acer Iconia One 7 Tablet နှင့် Acer Iconia Tab 7 Tablet Phone တို့ ဖြစ်ပါသည်။

Acer Iconia Tab 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်သော်လည်း 3G အသုံးပြုနိုင်သဖြင့် ဖုန်းပြောဆိုနိုင်ပြီး အရွယ်ကြီးသည့် Phablet အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။ သတ္တုကိုယ်ထည် ဖြင့် ကာရံထားပြီး ဖုန်းပြောဆိုခြင်း နှင့် အင်တာနက် အသုံးပြုခြင်း အတွက် လက်တစ်ဖက်ထဲ ဖြင့် ကိုင်တွယ်ရန် အဆင်ပြေပါသည် ဟု Acer က ပြောပါသည်။ Tab 7 HD Model တွင် 1280x800 Resolution ရှိသည့် IPS Display တပ်ဆင်ထားပါသည်။ ကင်မရာ နှစ်လုံး နှင့် MicroSD Slot ပါရှိပါသည်။ Tab 7 HD Model တွင် Android 4.4 KitKat နှင့် Tab 7 တွင် Android 4.2 Jelly Bean ကို အသုံးပြုထားပြီး Jelly Bean ကို KitKat သို့ အဆင့်မြှင့်နိုင်သည် ဟု သိရသည်။

Acer Iconia One 7 သည် ခုနစ်လက်မအရွယ် တက်ဘလက် ဖြစ်ပြီး Intel Dual-Core Processor တပ်ဆင်ထားပါသည်။ 1280x800 Resolution IPS Display ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပြီး ကင်မရာ နှစ်လုံး ပါရှိပါသည်။ Android 4.2 ထည့်သွင်းထားသော်လည်း Android 4.4 KitKat သို့ အဆင့်မြှင့်နိုင်ပါသည်။ တစ်ခါအားသွင်းထားလျှင် ခုနစ် နာရီကြာ အသုံးခံသည် ဟု Acer က ပြောပါသည်။

Acer Iconia Tab 7 ကို ယူရို (၁၅၀) ဖြင့် မေလကုန် တွင် ရောင်းချမည် ဖြစ်ပြီး Tab 7 HD ကို ယူရို (၁၈၀) ဖြင့် ဇူလိုင်လ အစောပိုင်း တွင် ရောင်းချမည် ဖြစ်သည်။ Acer Iconia One 7 ကို ယူရို (၁၄၀) ဖြင့် မေလလယ်တွင် ရောင်းချမည် ဖြစ်သည်။

ref: သူရ

သင့် စီးပွားရေးလုပ်ငန်းများ ကို Drone ဖြင့် ကြော်ညာပါ။



Aung Ko Htet (MM IT Knowledge)
 

လူမောင်းနှင်ရန် မလိုဘဲ အဝေးမှ ထိန်းချုပ်မောင်းနှင်နိုင်သည့် Drone များ ကို စစ်ပွဲများ တွင် အသုံးပြုနေကြသကဲ့သို့ ၊ ရုပ်ရှင်ရိုက်ကူးခြင်း တွင်လည်း အသုံးပြုနေကြပါသည်။ မကြာမီ တွင် Drone များအသုံးပြုပြီး Amazon ၏ ထုတ်ကုန်များ ကို ၀ယ်ယူသူဆီသို့ အိမ်အရောက် ပို့ဆောင်ပေးခြင်းများ ကို ပြုလုပ်တော့မည် ဖြစ်သည်။

ယခုမူ စွန့်ဦးတီထွင် လုပ်ငန်းရှင်အချို့ က Drone ကို အသုံးချနိုင်မည့် စီးပွားရေးလုပ်ငန်း အသစ် တစ်ခု ကို တွေ့ရှိပြီ ဖြစ်သည်။ ထိုလုပ်ငန်းမှာ ကြော်ညာ လုပ်ငန်း ဖြစ်ပါသည်။

Gauravjit Singh က DroneCast Company ကို ဧပြီလ (၂၈) ရက်နေ့တွင် စတင်ထူထောင်လိုက်ပြီး Drone များတွင် စီးပွားရေးလုပ်ငန်းများ ၏ ကြော်ညာ စာတမ်းများ ချိတ်ဆွဲ၍ ၀န်ဆောင်မှု ပေးမည် ဖြစ်သည်။ DroneCast သည် ယခုအချိန် တွင် Philadelphia တွင် ဖောက်သည် ငါးဦး ရရှိပြီဖြစ်သည်။ Drone အသုံးပြုခ သည် တစ်နေ့လျှင် ဒေါ်လာ တစ်ရာ ကျသင့်ပြီး DroneCast တွင် ဒေါ်လာ လေးထောင်တန် Drone လေးခု ရှိပါသည်။ လူစည်ကားရာ နေရာများတွင် Drone များက ပျံသန်း ပြီး ကြော်ညာပေးမည် ဖြစ်သည်။ ကြော်ညာ စာတမ်း ၏ အရွယ်အစား ကို ခြောက်ပေအထိ အသုံးပြုနိုင်ပါသည်။ Drone က ကြော်ညာ စာတမ်း ကို ကိုင်ဆောင်ကာ မြေပြင် မှ (၂၅) ပေအမြင့် တွင် ပျံသန်းကြော်ညာ မည် ဖြစ်သည်။

DroneCast သည် အမေရိကန် ပြည်ထောင်စု လေကြောင်း အာဏာပိုင် အဖွဲ့အစည်း ၏ ခွင့်ပြုချက် ရရှိပြီလား ဆိုသည် ကို မသိရသေးပါ။ လေကြောင်း အာဏာပိုင် အဖွဲ့အစည်း က နယ်ပယ် အချို့တွင် Drone များ ကို စီးပွားဖြစ် အသုံးပြုခြင်း ကို တားမြစ်ထားပါသည်။ လေကြောင်း အာဏာပိုင် အဖွဲ့အစည်း က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ကောက်ပဲသီးနှံများ နှင့် တိရစ္ဆာန်များ ကို စောင့်ကြည့်ရန် လယ်သမားများ ကို Drone အသုံးပြုခွင့် ပေးခဲ့ပါသည်။

DroneCast သည် Drone ကို စီးပွားဖြစ် အသုံးပြုနေသည့် တစ်ခုထဲသော Company မဟုတ် ဟု သိရပါသည်။ အခြား Philadelphia အခြေစိုက် Company တစ်ခု ဖြစ်သည့် Manayunk Cleaners က အ၀တ်အထည်များ ကို အခြောက်လျှော် ပြီး Drone ဖြင့် ပို့ဆောင်ပေးသည့် ၀န်ဆောင်မှု ကို ပြုလုပ်နေပါသည်။ San Francisco ရှိ အိမ်ခြံမြေ အကျိုးဆောင် Company က အိမ်ခြံမြေများ ကို ၀ယ်ယူမည့်သူများ ကို ပြသရန် Drone ကို အသုံးပြုနေပါသည်။ Drone တွင် ကင်မရာ တပ်ဆင်ပြီး ၀ယ်ယူမည့် သူများ ကြည့်ချင်သည့် နေအိမ်များ ကို ပြသခြင်း ဖြစ်ပါသည်။ Domino က ဗြိတိန် တွင် Drone များ အသုံးပြုပြီး ပီဇာများ ပို့ဆောင်ပေးနေပါသည်။

ref: သူရ

Facebook ပေါ်မှာ ငွေရှာမယ်



Aung Ko Htet (MM IT Knowledge)

Facebook အသုံးပြုနေရတာ ဒီထက်မက ပိုအကျိုးထူး သင့်တယ်လို့ ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။ အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊ သတင်းတွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက်၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူ များလည်းရှိမယ်ထင်ပါတယ်။ အခြားလုပ်ငန်းဆောင်တာများ ရှိနေပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန်ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေချင်ပါတယ်။
ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည်အတွက် ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာ ဝင်ငွေရှာတာတော့ နိုင်ငံတကာ မှာ တော်တော်လေး ရေပန်းစားပါတယ်။ ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာမှာ Facebook အသုံးပြုပြီး ဘယ်လို ဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။

Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ်ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာမှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။ Application ကိုလူတိုင်းလုပ်နိုင်ပါတယ်။

သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက်ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။ သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့် နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းတွေ မြန်မာပြည်မှာ မရှိလို့ပဲ ဖြစ်ပါတယ်။ ယင်း နိုင်ငံတကာ အွန်လိုင်း ငွေ အိတ်ချိန်းစနစ်တစ်ခု သာ မြန်မာပြည်မှာ ရှိလာပြီဆိုရင် အွန်လိုင်းမှာ ရုန်းကန်နေတဲ့ မြန်မာ့ အင်တာနက်ကွန်ရက်ပေါ်က စီးပွားရေးလုပ်ငန်း များ၊ ဆော့ဖ်ဝဲ၊ Developer သမားများ ဒီထက်မက လမ်းပွင့်သွားနိုင်ပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာ များအတွက်တော့ ငွေဒီနည်းနဲ့ ရှာနိုင်ပါတယ်။ မြန်မာပြည်နေ Facebook အသုံးပြုသူများအတွက်ကတော့ ဒီနည်းလမ်းနဲ့ လက်ရှိတော့ မရနိုင်သေးပါဘူး။ ကြားမှ တစ်ဆင့်ခံပေး မယ့် အေဂျင်ဆီတွေရှိတဲ့အတွက် ရတယ်ဆိုရင်တော့ တော်တော်လေး ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။
နောက်ထပ်ဝင်ငွေရှာနည်းကတော့ Fan Page ပဲဖြစ်ပါတယ်။ ဒီတော့ နိုင်ငံတကာ Fan Page မှာ ဘယ်လိုငွေရှာသလဲဆိုတာကို အရင်လေ့လာရ ပါအုံးမယ်။ စာဖတ်သူအချို့ မြင်ဖူးပါလိမ့်မယ်။ နိုင်ငံတကာ Fan Page တွေမှာ အော်ဒါမှာဝယ်ယူလို့ရတာမျိုးတွေ ဖြစ်ပါတယ်။ မစ်စတာ ဘင်း- Official Fan Page မှာဆိုရင် သူ့ ရဲ့ ရုပ်ရှင်ခွေတွေ မှာလို့ရပါတယ်။ ဟမ်ဘာဂါဆိုင် Page တစ်ခုဆိုရင် အွန်လိုင်းကနေ တိုက်ရိုက်မှာယူနိုင် ပါတယ်။ သီချင်းအယ်လ်ဘမ်တွေလည်း သက်ဆိုင်ရာမှာ ဝယ်ရရနိုင်ပတယ်။ အစရှိသဖြင့် Application ကိုတွဲပြီး Fan Page ကို ကြားခံ ဈေးဆိုင်အဖြစ် အသုံးပြုပါတယ်။ ဒီတော့ ကိုယ့်မှာ စီးပွားရေး လုပ်ငန်း တစ်ခုခုရှိမှသာ ဒီလို လုပ်နိုင်တဲ့အပြင် အွန်လိုင်းအိတ်ချိန်းလည်း ရှိနေရပါအုံးမယ်။ မြန်မာပြည်နေ user များ အတွက် Facebook မှာငွေရှာဖို့ အတော်ခက်ခဲသွားပါပြီ။
ဒါဆို ဘယ်လိုလုပ်ရတော့မလဲ။ ကျောင်း ဆက်တက်ဖို့ ရန်ကုန်မှာ ရုန်းကန်နေသူများ ရှိပါတယ်။ မည်မည်ရရ ဘွဲ့ရှိမထားလို့ ကြုံရာ အလုပ်ဝင်လုပ်ပြီး ရန်ကုန်မှာ သောင်တင်နေသူများ ရှိပါတယ်။

ရန်ကုန်ရယ်လို့ မဟုတ်ပဲ မြို့ ကြီး၊ မြို့ ငယ်အသီးသီးမှာ ပညာတတ်ထားပေ မယ့် အံကိုက်မဖြစ်လို့ ဘဝရှုံးနေသူများ ရှိနေပါသေးတယ်။ ဦးနှောက်ယိုစီး မှုကိုသာ အပြစ်တင်ပြီး Facebook မှာ Like, Share, Comment လောက်နဲ့ပဲ ဘဝကို သာမန် အလုပ်လေး တစ်ခုနဲ့ အချိန်ကုန်ခံနေကြရပါတယ်။
ဘာမှမလုပ်တတ် မကိုင်တတ်လို့ Facebook မှာပဲ ခံစားချက်တွေ ထုတ်ဖော်နေသူများ ရှိပါတယ်။ Social Network မှာ သာမန်လူတွေထဲက လူလိုပဲ အချိန်ကုန်ခံဖို့ ဆုံးဖြတ်သူများလည် ရှိပါတယ်။ အခြားသူများက အလုပ်ခိုင်ခိုင်မာမာ၊ စီးပွားရေး ခိုင်ခိုင်မာမာ၊ ငွေကြေး ခိုင်ခိုင်မာမာရှိလို့ Facebook ကို အပျင်းပြေ အသုံးပြုကြတာ။ ပျော်စရာ အဖြစ် အသုံးပြုကြ တာ။ ဒီတော့ စားဝတ်နေရေး အဆင်မပြေသော၊ အလုပ်ထပ်လုပ်ရန်လို အပ်နေသော စာဖတ်သူများအနေဖြင့် Facebook မှာ ငွေရှာရန် စိတ်ကူးကြည့်ဖူးပါသလား။ တကယ် ငွေရှာလို့ ရတဲ့ နည်းလမ်းဖြစ်ပါတယ်။

 ငွေတိုက်ရိုက်ဝင်တာမျိုးမဟုတ်ပေမယ့် Facebook မှာတင်မဟုတ်ပဲ ပြင်ပမှာပါ ငွေဝင်လာမယ့် နည်းလမ်း ဖြစ်ပါတယ်။Page တစ်ခုပြုလုပ်ခြင်းစာဖတ်သူ ဘာကိုစိတ်ဝင်စားသလဲ။ စာဖတ်သူက ဘယ်ပညာနဲ့ ကျောင်းပြီး ထားသလဲ။ အင်ဂျင်နေယာလား၊ ဆရာဝန်လား၊ ရိုးရိုး ဘွဲ့ရသူလား၊ ဂိမ်း စိတ်ဝင်စားသူလား၊ သတင်းတွေ စပ်စုတက်သူလား။ အစရှိသဖြင့် မိမိကိုယ်ကိုယ် သုံးသပ်ပြီး အမည်တစ်ခုခုနဲ့ Page လုပ်ရပါမယ်။ ဥပမာ- အင်္ဂလိပ်လို သတင်းတွေကို ဖတ်ပြီး မြန်မာလိုပြန်ရေးကျင့်ရင်း သဘောကျတာတို့၊ ကဗျာရေးရတာ သဘောကျတာ၊ ရုပ်ရှင်အကြောင်း သဘောကျတာတို့၊ ဆောင်းပါးရေးတာတို့ အစရှိသဖြင့် ဝါသနာ အမျိုးမျိုး ရှိကြပါမယ်။
၂။ Page တွင် မိမိတတ်သမျှ၊ သိသမျှ၊ စိတ်ဝင်စားသမျှ မျှဝေတင်ပြခြင်း
သတင်းတွေ ဖတ်ပြီး ဘာသာပြန်ထားတယ်ဆိုပါစို့။ ပုံလေးတွေပါ Download ဆွဲရင်း တွဲတွဲတင်သွားလိုက်မယ်ဆို တဖြည်းဖြည်းနဲ့ သတင်းတွေ ပြည့်လာ ပါမယ်။ ကဗျာဆိုရင် ကဗျာတွေ ရေးလာလိုက်တာ တော်တော်လေး စုံလာပါမယ်။ ဟင်းချက်ဝါသနာပါသူဆိုရင် ဟင်းချက်နည်းအဆင့် ဆင့်တွေ ရေးရင်း ဟင်းအမယ်လေးတွေ မျှဝေရင်း Post တွေများလာပါ မယ်။ ဆောက်လုပ်ရေး အင်ဂျင်နေယာဆိုရင်လည်း အင်ဂျင်နေယာတို့ အတွက် အကျိုးရှိမယ့် စာတွေ၊ သတင်းတွေ၊ အဆောက်အအုံပုံတွေ၊ ဒီဇိုင်းတွေ မျှဝေမယ်။ Graphic ဒီဇိုင်နာသမားဆိုရင်လည်း မိမိရဲ့ ဖန်တီးချက်များကို Page မှာ မျှဝေရပါမယ်။


ရုပ်ရှင် နှစ်သက်သူကလည်း ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးလေးတွေ၊ review လေးတွေကို မိမိသိသလိုလေးရေးတင်ပါမယ်။ သို့ပေမယ့် အားလုံးကို အမှန်အတိုင်းပဲ တင်ပြဖို့လိုအပ်လာပါတယ်။ ဒီလိုရေးသားတင်ဆက်တယ် ဆိုတာ မီဒီယာအလုပ်တစ်ခုကို လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်နဲ့ မိမိစိတ်ထဲရှိတာ၊ ဝါသနာပါရာ၊ စပ်စုမိရာကို မျှဝေရာဖြစ်ပေမယ့် အများဖတ်ဖို့ ဖြစ်တဲ့အတွက် မှန်ကန်နေဖို့ တော့ လိုအပ်ပါတယ်။ ဒါမှသာ အများက သိလာပြီး စိတ်ဝင်တစား လာကြည့်ကြမှာ ဖြစ်ပါတယ်။
မိမိရဲ့ Personal အကောင့်မှာလဲ အရင်အတိုင်း Like, Share လုပ်နေရင်း၊ တစ်ဖက်ကလည်း မိမိရဲ့ Page ကို အမြဲစောင့်ကြည့် ပြီး Post လေးတွေ တင်ပေးရပါမယ်။ ဒီမှာ စာဖတ်သူက အခြား ပညာရေးလမ်းကြောင်းပေါ် မှာ လျှောက်နေသူဆိုရင် အချိန်ပေးမှုကို ကိုယ်တိုင် စီမံထားစေချင်ပါတယ်။ Page ကိုလည်း အမြဲ Active ဖြစ်အောင်လုပ်ရင်း၊ သာမန် လုပ်ငန်းဆောင် တာများလည်း မလစ်ဟင်းရပါဘူး။

ဒီလိုလုပ်လာတာ ၃ လလောက်ဆိုရင် တော်တော်လေး ထူးခြားလာပါပြီ။ ကိုယ့်မျှဝေသမျှသာ လာဖတ်သူများနဲ့ ထပ်တူကျရင် ၃လ တောင်မကြာပဲ ၁ လတည်းနဲ့တောင် လူသိများ ရပန်းစားလာနိုင်ပါတယ်။


ဒီမှာ စပြီးအကျိုးအမြတ်ရပါပြီ။ စာဖတ်သူက ကဗျာ Page လုပ်ထားတယ်ဆိုပါစို့။ တကယ်လည်း ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာတွေဆိုတော့ တော်တော်ကို ပေါက်နေပြီ ဆိုပါစို့။ ကဗျာစာအုပ်တိုက်များ၊ စာနယ်ဇင်းတိုက်များကို သိအောင် လုပ်ပါ။ စာမျက်နှာကို Print ထုတ်၍ ပြခြင်းသော် လည်းကောင်း၊ စာနယ်ဇင်းများ အီးမေးလ်သို့ မိမိဖန်တီးထားသောPage ရဲ့  Link ကိုပေးပို့ခြင်းဖြင့်သော် လည်းကောင်း သိအောင်လုပ်ရပါမယ်။ မိတ်ဆက်ရပါ မယ်။ တောင်းဆိုရ ပါမယ်။ တောင်းဆိုရမယ်ဆိုတာက မိမိတတ်ထားတဲ့၊ ဖန်တီးထားတဲ ပညာရပ်အတွက် သက်ဆိုင်ရာနယ်ပယ်မှာ ဝင်ရောက် လိုကြောင်း တောင်းဆိုနိုင်ပါတယ်။ ဥပမာ- သတင်းတွေ ဘာသာပြန်ပြီး Page လုပ်ထားတယ်ဆိုပါဆို့။ သတင်းမီဒီယာ တစ်ခုခုနဲ့ ချိတ်မိအောင် ကြိုးစားပြီး မိမိဖန်တီချက်များကို သိအောင် ပြရပါမယ်။ ပြီးတော့ မီဒီယာလောကမှာ ဘယ်လိုရပ်တည်ဖို့အခွင့်အရေး ရှိတယ်ဆို တာ တောင်း ဆိုနိုင်ပါတယ်။ အင်ဂျင်နေယာဆိုင်ရည် နည်းပညာများ မျှဝေရင်း၊ ရေးသား ထားတယ်ဆိုပါစို့ အင်ဂျင်နေယာဆိုင်ရာ သတင်းအချက်အလက်များ ပေးဖို့ ကြိုးစားနေတဲ့ မီဒီယာများကို ချိတ်ဆက်ပြီး မိမိဖန်တီးချက်များကို ပြရပါ မယ်။ ပြီတော့ မိမိအတွက် နေရာတစ်ခုခု ရရှိနိုင်ပါတယ်။
သို့ပေမယ့် စာဖတ်သူရဲ့ ဖန်တီးချက်ဟာလည်း ကောင်းမွန်နေ ဖို့လိုအပ်ပါ တယ်။ အများအမြင်မှာ အထင်ကြီးနေစေဖို့ လိုအပ်လာပါတယ်။ ယခုနောက်ပိုင်း မီဒီယာလုပ်ငန်းစုများ၊ စီးပွားရေး လုပ်ငန်းရှင်များဟာ Facebook ကိုတော်တော် အလေးထားလာပါပြီ။

 Facebook ကိုအခြေခံပြီး အောင်မြင်နေတဲ့ သူတွေ၊ fan page တွေကို စောင့်ကြည့်နေ ပါတယ်။ မအောင်မြင်သေးတဲ့ မိမိစီးပွားရေးလုပ်ငန်း၊ မီဒီယာများ ကို အောင်မြင်လာအောင် ဖန်တီးပေးမယ် သူ လိုအပ်နေပါ တယ်။ အောင်မြင်ပြီးသားများကလည်း အင်အားပိုမိုတောင့်တင်းလာအောင် တကယ် အရည်အချင်းရှိတဲ့ Facebook ပေါ်က မြန်မာပြည်သားများကို ရှာဖွေနေကြပါတယ်။ Facebook ဟာ တကယ်ပဲ အားကိုးရတဲ့ Advertising နည်းလမ်းတစ်ခုပဲ ဆိုတာ သိလာကြပါပြီ။ ပရိုမိုးရှင်းတွေကို Facebook မှာပြုလုပ်နေကြပါပြီ။


အွန်လိုင်းမှာ စာဖတ်ပရိတ်သတ်အခိုင်အမာရ သွားတဲ့ ဆောင်းပါးရှင် တစ်ယောက်ဆိုရင် စာအုပ်ထုပ်ရတဲ့ အထိ အောင်မြင်သွားပါပြီ။ အခြား Professional လုပ်ငန်း ရှိနေသည့်တိုင် Facebook ကြောင့် တစ်ဖက်ကလည်း ဝင်ငွေရပြီး၊ အောင်မြင်ပါတော့မယ်။ သတင်းတွေ၊ ဆောင်းပါးတွေ ကိုယ်တိုင်ဖန်တီးသူ ကလည်း မီဒီယာလုပ်ငန်းတော်တော်များများမှာ ဝင်ရောက်လုပ်ကိုင်နေရပါပြီ။ အပျော်တမ်း ရေးသားရကနေ မီဒီယာကျင့် ဝတ်နဲ့ ညီညီ ရေးသားတင်ဆက်ပေးသူများ ဖြစ်လာကြပါတယ်။ အချို့ ကျ Facebook မှာအောင်မြင်ပြီး ဝဘ်ဆိုဒ်တွေ ပိုင်ဆိုင်ရရှိလာပြီး ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းရှင်ဖြစ်ဖို့ လမ်းစတွေ ပေါ်ပေါက်လာပါတယ်။ အချို့ ကျတော့ မိမိဖန်တီးထားတဲ့ ဒီဇိုင်းတွေကြောင့် ဒီဇိုင်းကုမ္မဏီများက ဖိတ်ခေါ်ပြီး အလုပ်ဆိုတာ ရှာစရာမလိုပဲ အလုပ်က လာရှာတာမျိုး အထိ ဖြစ်လာပါတယ်။


အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှာ မိမိ ဖန်တီချက်များကို အလွယ်တကူ ချပြလို့ရတဲ့ Facebook မှ မှတ်ကျောက်တင်ထားခြင်းဖြင့် ကြိမ်းသေ အသုံးဝင်ပါတယ်။ မိမိက အလုပ်တစ်ခုခုကို လျှောက်ရင် မိမိဖန်တီးထားမှု များကို ဘွဲ့လက်မှတ်နဲ့ ပြလို့ မလုံလောက်တော့ပါဘူး။ ဒီတော့ မိမိဖန်တီးထားတာတွေကို ပြရတောမှာ ဖြစ်ပါတယ်။ ဒီမှာ Facebook က တော်တော်လေး အသုံးဝင်ပါတယ်။ သို့တည်းမဟုတ် အခြားအလုပ်များ လုပ်နေရင်း ကိုယ်ဝါသနာပါရာကို Facebook မှာရေးနေရင်း အခြား အလွတ်တန်း အလုပ်တစ်ခုခုလည်း အလွယ်တကူ ရနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ အခြားအကျိုးထူးမြောက်များစွာလည်း ရှိနေပါသေးတယ်။ သို့ပေမယ့် ကောင်းကျိုးရသွားတဲ့ အရေအတွက်ဟာ အင်မတန် နည်းနေပါသေးတယ်။


Facebook page ကို မိမိရဲ့ ပညာရပ် အထောက်အပံ့ပစ္စည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ အလုပ်အတော်များများက အတွေ့အကြုံရှိသူများကို ပိုမိုနှစ်သက်ကြပါတယ်။ ဘာမှအတွေ့ အကြုံမရှိသူများအနေနဲ့ မိမိတို့ ဘယ်လောက်ထိ တတ်တယ်ဆိုတာကို Page မှာတင်ပြထားခြင်းဖြင့် သက်သေပြနိုင်ပါတယ်။ ဘွဲ့လက်မှတ်မှာတင်မဟုတ်ပဲ မိမိဟာ တကယ်ပဲ တတ်မြောက်ပြီး ဒီလိုအကျိုးရှိရာတွေကို ပြန်လည်မျှဝေပေးနေပါတယ် ဆိုတာကို တင်ပြနိုင်ရင် အလုပ်ရှာရခက်တဲ့ အဖြစ်ဖို့မျိုးက အနည်းနဲ့ အများတော့ ကင်းဝေးမှာ ဖြစ်ပါတယ်။ မိမိက ဆော့ဖ်ဝဲနည်း ပညာရှင် တစ်ယောက် ဖြစ်တယ်ဆိုတာကို စာရွက်နဲ့တင်မဟုတ်ပဲ မိမိတင်ဆက်ပြ သထားတာတွေနဲ့ သက်သေပြနိုင်မှာ ဖြစ်ပါတယ်။ Facebook ရယ်လို့မှ မဟုတ်ပဲ Blogspot လုပ်ပြီးလည်း ထိုနည်းတူစွာ တင်ပြနိုင်မှာ ဖြစ်ပါတယ်။

ဒီအတွက် စာဖတ်သူတို့ ဘယ်လောက်အချိန်ပေးသင့်သလဲ။ ရည်ရွယ်ချက်ကို Facebook မှာ ရေရေရာရာမရှိ ဟိုဟိုဒီဒီ ကြည့်ရှုနေရသူများ အတွက် ဖြစ်ပါ တယ်။ ဒီလို မိမိခံစားချက်တွေ၊ ဖန်တီးချက်တွေကို ဖန်တီးဖို့အတွက် ထူးထူးခြားခြား အချိန်ပေးစရာ မလိုပါဘူး။ တစ်ရက်မှာ မိမိအားတဲ့ တစ်နာရီသော်လည်းကောင်း၊ နှစ်နာရီသော်လည်းကောင်း အချိန်အခိုက် အတန့်အတွင်း ရေးသားတင်ပြရင်း ဆက်သွားနိုင်ပါတယ်။ ဒီတာ့ Facebook နဲ့ ဘယ်လိုငွေရှာမလဲ၊ ခေါင်းစဉ် Facebook ပေါ်မှာ ဘယ်လို အလုပ်ရှာမလဲ လို့တောင် ဖြစ်သင့်ပါသေးတယ်။ စာဖတ်သူတို့ သံသယဖြစ်နေပြီလို့ ယူဆပါတယ်။ ဒီလိုလုပ်လို့ တကယ်ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ဝင်နေလောက်ပါပြီ။

ယခုစာရေးသူဟာလည်း Facebook မှာ မိမိဝါသနာ ပါရာ သတင်း၊ ဆောင်း ပါးများအား ဘာသာပြန်တင်ပြရင်း အခြား လုပ်ငန်းဆောင်တာ များမပျက် ယွင်းပဲ ရန်ကုန်တွင် နေထိုင်စားသောက်ရန် လုံလောက်သော ဝင်ငွေတစ်ခု ရရှိခဲ့ ပါတယ်။ အပျော်တမ်းရေးရာကနေ မီဒီယာ လုပ်ငန်းကြီးများရဲ့  လက်တွဲခေါ်ဆိုမှုကြောင့် အခြေအနေကောင်း တစ်ခုရရှိနေပါပြီ။ မီဒီယာ လုပ်ငန်းတော်တော်များများမှာလည်း ဝင်ရောက်လုပ်ကိုင်ရန် ကမ်းလှမ်းမှု များ ရရှိခဲ့ဖူးပြီး လက်တွဲလည်း လုပ်ကိုင်ခဲ့ပါတယ်။ လက်တွဲလုပ်ကိုင်ရန် ကမ်းလှမ်းချက်များ ရရှိခဲ့ပါတယ်။ ၆ လကျော်အတွင်း ထူးခြားလာ မှုများက တစ်နှစ်ပြည့်နီးနီးမှာ ပို၍ အောင်မြင်သွားပါတယ်။ စာရေးသူက မီဒီယာကျောင်းဆင်းလည်း မဟုတ်ရပါ။ အိုင်တီ ကျောင်းဆင်းလည်း မဟုတ်။ တစ်ဖက်ကလည်း မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခု အထူးပြု သင်ယူ လေ့လာနေဆဲသာ ဖြစ်ပါတယ်။ ကိုယ်ရည်သွေးခြင်း မဟုတ်ရပါ။ စာဖတ်သူ တို့ ဖြစ်ကောဖြစ်နိုင်ပါ့မလား ဟူသော သံသယ ကင်းဝေး စေရန် ဖြစ်ပါတယ်။
စာရေးသူထက် အဆပေါင်းများစွာ အကျိုးထူး ချွန်ပြီး အောင်မြင် နေသော မြန်မာပြည် မှ Facebook user များလည်း အမြောက်အများရှိပါတယ်။ မီဒီယာ လုပ်ငန်းကိုသာ မဆိုလို။ အခြား မိမိကျွမ်းကျင်ရာ နယ်ပယ်အလျောက် တင်ပြချက်ကို အခြေခံပြီး ပြင်ပလော ကမှာ ကောင်းကောင်းကြီး ပြန်လည် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

ယခုစာက Facebook ကိုအပျော်တန်း၊ အပျင်းပြေသုံးနေသော အခြား Professional များအတွက် မဟုတ်ရပါ။ တကယ်ပဲ အလုပ်ရှာရခက်ပြီး၊ အွန်လိုင်းမှာ မရေမရာ ဖြစ်နေသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ ပညာအရည်အချင်း ရှိသောလည်း ရွံ့ နွံတွင်းမှ ပတ္တပြားကဲ့ သို့ မြှုပ်နေ သူများအတွက် ဖြစ်ပါတယ်။ တတ်စွမ်း သလောက်ကြိုး စားသော်လည်း အရာမရောက်သေးသူများ အတွက် လည်း ဖြစ်ပါတယ်။ တကယ်ပဲ Facebook ကိုအကျိုးရှိရှိ အသုံးချ လို့ ကျောင်းကျိုးပေါင်း များစွာ ဖြစ် ထွန်းလာဖို့ ဆန္ဒပြု ရေးသားလိုက်ရပါ တယ်။

လေးစားစွာဖြင့်

ref: အောင်ခမ်း (ရိုးရာလေး)

Tuesday, April 29, 2014

Selfie အသားပေး 'Superman' ဟန်းဆက်ကို Nokia ထုတ်လုပ်ရန် စီစဉ်



Aung Ko Htet (MM IT Knowledge)


Nokia မှ အသစ်ထွက်ရှိလာမည့် ဟန်းဆက်သည် မိုဘိုင်းထုတ်ကုန်များတွင် အရှေ့ဘက်ကင်မရာဖြင့် မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးမှုဖြစ်သည့် selfie ရိုက်ကူးမှုကို အသားပေးထားကြောင်း သိရသည်။



Microsoft ပိုင်ဆိုင်သည့် Nokia သည် လက်ရှိတွင် 'Superman' ဟု အမည်ပေးထားသည့် စမတ်ဖုန်းသစ်ကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းတွင် selfie ရိုက်ကူးသူများအတွက် ရည်ရွယ်ကာ ဖုန်းအရှေ့ဘက်တွင် 5 megapixel အသုံးပြုထားကြောင်း The Verge က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းကို ကုမ္ပဏီ အစီအစဉ် သိရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ The Verge က ဖော်ပြခဲ့ခြင်း ဖြစ်သည်။



အကယ်၍သာ အဆိုပါ Superman စမတ်ဖုန်း ထွက်ရှိလာပါက selfie ရိုက်ကူးမှုကို အသားပေးရန် အရှေ့ကင်မရာ 5 megapixel အသုံးပြု ထားသည့် HTC One M8 နှင့် တူညီမှု ရှိလာမည် ဖြစ်သည်။ The Verge ၏ ဖော်ပြချက်အရ Superman ဖုန်းသည် HTC One M8 ကဲ့သို့ တန်ဖိုးကြီးဖုန်း မဟုတ်ဘဲ တန်ဖိုး အသင့်အတင့်သာရှိသည့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့အပြင် 'Superman' ဖုန်းတွင် ၄.၇လက်မ အရွယ်အစားရှိသည့် မျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။



Ref: CNET

Bluetooth Stereo



Aung Ko Htet (MM IT Knowledge)


Headset အသံထွက်ပြီး ဖုန်းကိုင်နိုင်၊ မကိုင်နိုင်ကို Yes, No ပြောရုံဖြင့် ပြုလုပ်နိုင်မယ့် Samsung အမှတ်တံဆိပ်  GS-007 မော်ဒယ် Bluetooth Stereo Headset တစ်မျိုးဖြစ်ပါတယ်။ Bluetooth Version 4.0 အထိရှိမှာဖြစ်ပါတယ်။ Bluetooth အကွာအဝေး ၁၀ မီတာအထိ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သီချင်းနားထောင်ခြင်းကို ၂ နာရီ၊ ဖုန်းပြောဆိုခြင်းကို ၄ နာရီ အထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံကို ကြည်လင်ပြတ်သားစွာဖြင့် ခံစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ iPod, iPhone, iPad အပြင် အခြားမိုဘိုင်းဖုန်းများဖြင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် တိုရှီဘာကျော်ဝင်း ဖုန်း ၃၈၄ ၈၈၅၊ ၃၈၅၅၃၁ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: -ေ​ဝေဝ

အားနည်းချက်များ ပြင်ဆင်ပြီးမှသာ Microsoft IE အသုံးပြုကြရန် အမေရိကန်နှင့် ယူကေ သတိပေး



Aung Ko Htet (MM IT Knowledge)


Internet Explorer တွင် လုံခြုံရေး ပြဿနာ ရှိသောကြောင့် Microsoft က ပြန်လည် ပြုပြင်ပြီးသည့် အချိန်မှသာ IE browser ကိုအသုံးပြုကြရန် အမေရိကန် Computer Emergency Readiness အဖွဲ့နှင့် ဗြိတိန်လုံခြုံရေး ကုမ္ပဏီတို့က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။



Internet Explorer တွင်ဖြစ်ပေါ်သည့် အားနည်းချက်သည် ပြီးခဲ့သည့်နှစ်အတွင်း ထွက်ရှိခဲ့သည့် IE ဗားရှင်းများ တွင်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။ Zero-day ဟု ခေါ်သည့် အဆိုပါ အားနည်းချက်သည် တိုက်ခိုက်သူများကသုံးစွဲသူ၏ ခွင့်ပြုချက်မရှိဘဲ malware များကို ကွန်ပျူတာပေါ်တွင် install ပြုလုပ်နိုင်မည် ဖြစ်သည်။ ၎င်း malware ကို ပုဂ္ဂိုလ်ရေး အချက်အလက်များ ခိုးယူခြင်း၊ အွန်လိုင်း အသုံးပြုမှုကို ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာကို ထိန်းချုပ်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် အသုံးပြုကြသည်။



လုံခြုံရေး ကုမ္ပဏီ FireEye အနေဖြင့် အဆိုပါ အားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းသည် Internet Explorer 9,10 နှင့် 11 မှတဆင့် အမေရိကန်နိုင်ငံရှိ ကာကွယ်ရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို တိုက်ခိုက်ရန် Flash အခြေခံ နည်းပညာကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အထက်ပါ Internet Explorer ဗားရှင်းများသည် Microsoft ၏ Windows Vista, Windows 7 နှင့် Windows 8 များတွင်ပါဝင်ပြီး Internet Explorer 6 နှင့်အထက်တွင်လည်း အဆိုပါ အားနည်းချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။



Ref: CNET

မြန်မာနိုင်ငံ၌ Data Center နှစ်ခု တည်ဆောက်သွားမည်ဟု Telenor ပြောဆို



Aung Ko Htet (MM IT Knowledge)


ဆက်သွယ်ရေး အော်ပရေတာတစ်ခု လည်ပတ်နိုင်ရန် အဓိကကျသည့် Data Center ကိုမြန်မာနိုင်ငံ၌ နှစ်ခုတည်ဆောက်သွားမည် ဖြစ်ကြောင်း Telenor Myanmar ကထုတ်ပြန်ပြောဆိုခဲ့သည်။



၎င်းတို့သည် ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center ကိုယခုလ ၇ ရက်နေ့က မီဒီယာများနှင့် မိတ်ဆက်ပြသခဲ့ပြီး ဒုတိယမြောက် Data Center ကိုမန္တလေးမြို့၌ လာမည့်တစ်လအကြာ ကာလအတွင်း တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့သည်။



Telenor Myanmar ၏အဆိုအရ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center သည်ကမ္ဘာ၌ Telenor တည်ဆောက်ခဲ့သည့် Data Center များအနက် အကြီးမားဆုံးသော Data Center ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ဒီဇိုင်းပုံစံအသစ်ဖြင့် နှစ်လအတွင်းလုပ်ကိုင်ခဲ့ခြင်းကြောင့် အမြန်ဆုံးတည်ဆောက်နိုင်ခဲ့သည့် Data Center ဖြစ်ကြောင်းလည်းသိရသည်။



Telenor သည် မိုဘိုင်းဖုန်းလိုင်း ၁၀ သန်းမှစတင်၍ အကန့်အသတ်မရှိသော မိုဘိုင်းဖုန်းလိုင်းများကို တည်ဆောက်ပြီးစီးခဲ့သည့် Data Center မှထိန်းချုပ်ထားနိုင်ကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။ စက်တင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို တစ်ပြိုင်တည်း စတင်ရောင်းချပေးမည်ဟု ပြောဆိုခဲ့သည့် Telenor သည် တစ်နှစ်တာကာလအတွင်း တာဝါတိုင်ပေါင်း ၂၄၀၀ ကိုလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။



လက်ရှိအချိန်၌ တည်ဆောက်ပြီးစီးခဲ့သည့် တာဝါတိုင်ဧရိယာများအတွင်း အသံစနစ်နှင့် အင်တာနက်စနစ်များကို လျင်လျင်မြန်မြန်စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Telenor က လက်တွေ့စမ်းသပ်

ပြသခဲ့သည်။ ၎င်း၏ Core Network ကို Huawei ကတည်ဆောက် ပေးထားခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာများကို Ericsson နှင့် Wipro တို့ကဖြည့်ဆည်း ပေးထားသည်ဟု သိရသည်။



ထို့အပြင် Apollo Towers နှင့် Irrawaddy Green Technology တို့သည် Telenor ၏တာဝါတိုင်တည်ဆောက်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Telenor ၏အဓိကပြိုင်ဘက်ဖြစ်သည့် Ooredoo သည် ၎င်း၏မိုဘိုင်းဖုန်း ကွန်ရက်အတွင်း အသံပေးပို့ခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့သည်ဟု မတ်လပထမ အပတ်ကကြေညာခဲ့သည်။


Ooredoo နှင့်ပူးပေါင်း၍ Nokia စတင်ဝင်ရောက်လာ



Aung Ko Htet (MM IT Knowledge)


Nokia Solutions and Networks (NSN) သည်ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံးခွဲ နှစ်ခုကိုဖွင့်လှစ်လိုက်ပြီး ဆက်သွယ်ရေး အော်ပရေတာများ၏ မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်ဆောင်ရွက်ခြင်းကို ပူးပေါင်းလုပ်ကိုင်သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။



မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့် ဖင်လန်နိုင်ငံအခြေစိုက် Nokia Solutions and Networks (NSN) တို့သည်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ပူးပေါင်းပြီးဖြစ်သည်ဟုလည်း NSN ကပြောဆိုခဲ့သည်။



Nokia Solutions and Networks (NSN) ၏သတင်းထုတ်ပြန်ချက်အရ Ooredoo သည်မြန်မာနိုင်ငံ၌ 3G ကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရန်နှင့် ရေဒီယိုအခြေခံ အဆောက်အဦးများ တည်ဆောက်ရန်အတွက် ၎င်းတို့နှင့်ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။



Nokai အနေဖြင့် ယခုကဲ့သို့သော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၁၂၀ ခန့်၌ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ၎င်းတို့လာရောက် လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် တိုးတက်လာမည်ဟု ဆိုသည်။ Nokia တံဆိပ်သည် ပြည်တွင်းဟန်းဆက် အရောင်းဈေးကွက်၌ တစ်ချိန်ကအောင်မြင်မှု ရရှိခဲ့သောအမည်ဖြစ်သည်။




ဆက်သွယ်ရေး နည်းဥပဒေသုံးခု ရှေ့နေချုပ်ရုံးသို့ တင်ပြထား


Aung Ko Htet (MM IT Knowledge)


ဆက်သွယ်ရေး ဥပဒေထွက်ရှိလာသည့် နောက်ပိုင်းဆက်သွယ်ရေး နည်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆက်သွယ်ရေး နည်းဥပဒေသုံးခုကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဦးကပြောသည်။



ရှေ့နေချုပ်ရုံးသို့ တင်ပြထားသည့် ဆက်သွယ်ရေး နည်းဥပဒေသုံးခုမှာ လိုင်စင်နှင့်ပတ်သက်သည့် နည်းဥပဒေ၊ ပြိုင်ဆိုင်ခြင်းနှင့် ပတ်သက်သည့် နည်းဥပဒေ၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ပတ်သက်သည့် ဥပဒေများဖြစ်သည်ဟု သိရသည်။



ဆက်သွယ်ရေး ဥပဒေအရ နည်းဥပဒေ ငါးခုထွက်ရှိလာမည်ဖြစ်ပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြရန်ကျန်ရှိနေသေးသည့် ဆက်သွယ်ရေးနည်းဥပဒေနှစ်ခုမှာ Numbering နည်းဥပဒေနှင့် Spectrum နည်းဥပဒေ ဖြစ်သည်ဟုသိရသည်။ နည်းဥပဒေအားလုံးသည် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သော်လည်း အများစုမှာလိုင်စင်နှင့် ပတ်သက်သည့် နည်းဥပဒေကို စိတ်ဝင်စားမှု များပြားနေသည်ဟု သိရသည်။



ဆက်သွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးနည်းဥပဒေများကို ၂၀၁၄ ခုနှစ် မတ်လအတွင်း ရှေ့နေချုပ်ရုံးသို့ တင်ပြခဲ့သည်ဟုသိရသည်။ ဆက်သွယ်ရေး နည်းဥပဒေများ ထွက်ရှိလာခြင်းသည် ရှေ့နေချုပ်ရုံးမှ ပြန်လည်ထွက်ရှိလာသည့် အချိန်ကာလအပေါ် မူတည်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။



-မြင့်ကျော်လှိုင်

Multi Modify ပြုလုပ်ထားသည့် xbox ဂိမ်းစက်



Aung Ko Htet (MM IT Knowledge)


Multi modify ပြုလုပ်ထားတဲ့ x-box 360 ဂိမ်းစက်ဝင်ရောက် လာပါတယ်။ Multi modify ပြုလုပ်ထားတဲ့အတွက် ယခင်နောက်ဆုံး ထွက်ရှိထားတဲ့ Update Game များကိုအခွေဖြင့် ထည့်သွင်းကစားနိုင်သလို HDD ထဲသို့လည်း ထည့်သွင်းကစားနိုင်မှာ ဖြစ်ပါတယ်။

ယခင်ဝ4င်ရောက်လာတဲ့ စက်များကို  Kinect Sensor ပါဝင်သောစက်နှင့် Kinect sensor မပါဝင်သောစက်ဟူ၍ နှစ်မျိုး ဝယ်ယူအသုံး ပြုနိုင်ပါတယ်။ ဝယ်ယူလိုသူများ အနေဖြင့် Ko Beno IT Mobile Game Sale & Service ဖုန်း ၂၅၆ ၄၁၇ နှင့် ၃၈၀၅၃၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



-ကိုအောင်

မော်တော်ယာဉ် စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံအတွက် ဝန်ထမ်းများ ခေါ်ယူ



Aung Ko Htet (MM IT Knowledge)


မော်တော်ယာဉ် စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံကြီးကို နိုင်ငံတကာ အဆင့်မီအဖြစ် ဆောင်ရွက်မည်ဟု သိရသည်။


အဆိုပါ နိုင်ငံတကာအဆင့်မီ မော်တော်ယာဉ်စစ်ဆေးရေးနှင့် ပြင်ဆင်ရေး အလုပ်ရုံအတွက် ဝန်ထမ်းများအား ခေါ်ယူကြောင်း ရွေးချယ်ရေးအဖွဲ့က ကြေညာသည်။ မော်တော်ယာဉ် ပြင်ဆင်ခြင်းလုပ်ငန်းတွင် လုပ်သက်အနည်းဆုံး သုံးနှစ်ရှိပြီး ပညာအရည်အချင်းအနိမ့်ဆုံး အလယ်တန်းပညာအဆင့်၊ အသက် ၂၅ နှစ်အထက်ရှိသူများ လျှောက်ထားနိုင်ကြောင်း ရွေးချယ်ရေးအဖွဲ့က ကြေညာထားသည်။ မော်တော်ယာဉ်နှင့် ပတ်သက်သော ပညာရပ်များဖြစ်သည့် ယာဉ်ပြင်ပညာသည်၊ လျှပ်စစ်ပညာသည်၊ အီလက်ထရွန်နစ် ပညာသည်များ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ကြေညာသည်။ အစိုးရဝန်ထမ်း၊ တပ်အငြိမ်းစားများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။



ပညာရပ်အလိုက် (Grade 3, 2, 1) သုံးမျိုးစလုံး လျှောက်ထားနိုင်ကြောင်း၊ အမှတ် (၁၄/ ၃) ရပ်ကွက်၊ ချယ်ရီဥယျာဉ်မြို့တော်၊ တောင်ဥက္ကလာပမြို့နယ်၊ မြန်မာမော်တော်ကော်ပိုရေးရှင်း ရုံးခန်းတွင် လျှောက်ထားနိုင်
မည်ဖြစ်ကြောင်း သိရသည်။  လိုင်စင်ကာလာဓာတ်ပုံတစ်ပုံ၊ မှတ်ပုံတင်မိတ္တူ ၊ သန်းခေါင်စာရင်းမိတ္တူ ၊ ပညာရပ်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားမိတ္တူ များ ပူးတွဲ၍ ကိုယ်ရေးရာဇဝင် အကျဉ်းနှင့်အတူ
လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။



မေလ ၅ ရက်နေ့နောက်ဆုံးထားလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများအား စိစစ်ကာ လူတွေ့ပြုလုပ်မည့်ရက်ကို အကြောင်းကြားမည်ဖြစ်ကြောင်း ရွေးချယ်ရေးအဖွဲ့ ဖုန်း- ၀၁-၈၆၁၈၃၈၆၊ ၀၁-၈၅၀၀၆၈၂ က နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ကြေညာထားချက်အရ သိရသည်။

အလိုအလျောက် စနစ်ဖြင့် ချက်ပြုတ်နိုင်မည့် ထမင်းပေါင်းအိုး



Aung Ko Htet (MM IT Knowledge)


အလိုအလျောက်စနစ်ဖြင့် ချက်ပြုတ်နိုင်တဲ့ AEK တံဆိပ်ထမင်းပေါင်းအိုးပဲ ဖြစ်ပါတယ်။ ပေါင်မုန့်ဖုတ်ခြင်း၊ ဆန်ပြုတ်ပြုတ်ခြင်း၊ ဒိန်ချဉ်ပြုလုပ်ခြင်း၊ စွပ်ပြုတ်လုပ်ခြင်းစတဲ့ အလိုအလျောက်စနစ်များနှင့် Timer စနစ်တွေပါဝင်ပြီး အလိုအလျောက် ဟင်းနွှေးပေးတဲ့စနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ ဒီဂျစ်တယ် LED မြင်ကွင်းတစ်ခုပါဝင်ပြီး ထမင်းပေါင်းအိုးကို အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်မှာ ဖြစ်ပါတယ်။

အပူ ဒဏ်ကောင်းစွာခံနိုင်တဲ့ ကိုယ်ထည်ကို အသုံးပြုထားပြီး လက်ကိုင်ကွင်းလည်း တွဲဖက်ပါဝင်ပါတယ်။ ဆန်နို့ဆီဘူး နှစ်ဘူးချက်အမျိုးအစားဖြစ်ပြီး ထမင်းပေါင်းအိုးနဲ့ အတူယောက်မ တစ်ချောင်းနှင့် ယောက်ချိုဇွန်း တစ်ချောင်းပါဝင်မှာ ဖြစ်ပါတယ်။ ဒီထမင်းပေါင်းအိုးရဲ့ တန်ဖိုးကတော့ ၄၀,၀၀၀ ကျပ်ဝန်းကျင်ဖြစ်ပြီး စိတ်ပါဝင်စားသူတွေ အနေဖြင့် AEK အီလက်ထရွန်းနစ်နှင့် စူပါမားကတ်ကြီးတွေမှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။



ref: -ရဲထွဋ်​ဝင်း

မြန်မာနိုင်ငံကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံး ကားငါးမျိုး



Aung Ko Htet (MM IT Knowledge)


ပြည်တွင်းကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံးသော ကားအမျိုးအစားငါးမျိုးကို motors.com.mm မှ ထုတ်ပြန်လိုက်သည်။



မြန်မာနိုင်ငံ၏ ကားဈေးကွက်လှုပ်ရှားမှုအနေအထားများနှင့် motors.com.mm တွင် လူကြိုက်အများဆုံးကားများအပေါ် မူတည်၍ လတ်တလော ကားဈေးကွက်၏ အဝယ်လိုက်ကားများကို ထုတ်ပြန်
လိုက်ခြင်းဖြစ်သည်။ အဆိုပါကားများမှာ Toyota Probox, Honda Fit, Toyota Belta, Toyota Caldina, Toyota Mark II တို့ဖြစ်သည်။ Motors.com.mm တွင် တင်ထားမှုအများဆုံး၊ အသုံးပြုသူများ ရှာဖွေမှုအများဆုံး ကားအမျိုးအစားအနေဖြင့် Honda အမှတ်တံဆိပ်နှင့် Toyota အမှတ်တံဆိပ် ကားအမျိုးအစားများဖြစ်ကြောင်း သိရသည်။ motors.com.mm မှ အဆိုပါ ကားအမျိုးအစားငါးမျိုး အဝယ်လိုက်ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်ထားသည်။







(1) Toyota Probox



ဈေးနှုန်းအတန်အသင့်နဲ့ အိမ်စီးကားအပြင် လုပ်ငန်းအတွက်လည်း အသုံးပြုနိုင်တဲ့ အချက်တွေနဲ့ အဝယ်လိုက်ခဲ့တဲ့ Toyota Probox ကတော့ မြန်မာနိုင်ငံမှာ အတော်လေးကို ဈေးကွက်လှုပ်ရှားခဲ့တာပါ။ တချို့သော အားနည်းချက်တွေရှိပေမယ့်လည်း အိမ်စီးအပြင်လုပ်ငန်းအတွက် ပစ္စည်းတင်နိုင်တဲ့ Estate Car ပုံစံဖြစ်ပြီး အင်ဂျင်ပါဝါကလည်း 1.3၊ 1.5 အမျိုးအစားဖြစ်တဲ့အတွက် ဆီစားနှုန်းလည်း သိပ်မများလှပါဘူး။





(2) Honda Fit



ရန်ကုန်ရဲ့မြို့တွင်းပိုင်းတွေမှာ ကားပါကင်ထိုးရတာ မလွယ်မှုတွေကြောင့် Hatchback အရွယ်အစားကားတွေကို လူကြိုက်များပါတယ်။ Hatchback အမျိုးအစားကိုမှ ပုံစံအနေအထားသပ်ရပ်တဲ့ Honda Fit ကတော့ လူကြိုက်များတာ သိပ်တော့မဆန်းပါဘူး။ Honda Jazz လို့လည်း လူသိများပြီး ၂၀၁၀ ခုနှစ်မှာ ရောင်းအား ၃.၅ သန်းအထိ ရှိခဲ့တာပါ။ အခုလာမယ့် ၂၀၁၅ အတွက်ကိုလည်း တတိယမြောက် မျိုးဆက်ဖြစ်တဲ့ 2015 Honda Fit မော်ဒယ်အမျိုးအစားနဲ့ ဈေးကွက်ဝင်ရောက်လာဦးမှာကို Detroit Auto Show မှာ ပြသခဲ့ပါတယ်။






(3) Toyota Belta



ဆီစားနှုန်းသက်သာနိုင်ပြီး အင်ဂျင်ပါဝါ ၁.၃  ပုံစံနဲ့ အိမ်စီးဇိမ်ခံကားအဖြစ် လူကြိုက်များနေတဲ့ Belta ကတော့ အီတလီဘာသာစကားဖြစ်တဲ့ Bella Genta (Beautiful People) ကနေ ဆင်းသက်လာတာ ဖြစ်ပါ
တယ်။ ဆလွန်းပုံစံနဲ့ Mark II, Crown တို့နဲ့ ဈေးကွက်အပြိုင်လိုက်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ ဈေးကွက်အဆင့် ၃ နေရာလောက်မှာ ရှိနေပါတယ်။




(4) Toyota Caldina



Caldina ကတော့ တံခါး ၅ ပေါက်၊ Van ပုံစံနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ Caldina Van, ကြက်တူရွေး၊ စက်ရုပ်နာမည်များဖြင့် လူသိများပြီး ဈေးကွက်ရပ်တည်မှု အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ Caldina Van ကလွဲပြီး ကြက်တူရွေးနဲ့ စက်ရုပ်အမျိုးအစားများမှာကတော့ အတွင်းပိုင်းပြင်ဆင်မှုကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခုအဖြစ် ရှိနေပါတယ်။




(5) Toyota Mark II



နံပါတ် ၅ နေရာမှာ ရောက်ရှိနေတဲ့ Mark II ဆိုတာကတော့ ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်းမှာ စတင်အသုံးပြုခဲ့တဲ့ Toyota ရဲ့ Sub-Brand တစ်ခုပါ။ Toyota Corona Mark II (Cressida) ဆိုပြီး ၁၉၆၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး၊ မူလပုံစံဇိမ်ခံကားအမျိုးအစားဖြစ်ပြီး ဆလွန်းပိုင်းကျတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Toyota Crown လို ဇိမ်ခံကားစစ်စစ်ကြီး မဟုတ်ပေမယ့်လည်း အတွင်းပိုင်းပြင်ဆင်မှုက သပ်ရပ်ပြီး Smart ကျတဲ့အတွက် အခုလတ်တလောပိုင်းမှာဆိုရင် ရွှေငါးတွေ အဝယ်ပြန်တက်နေတယ်လို့ ဈေးကွက်ထဲမှ သိရှိရပါတယ်။




ref: Internet 

Blackphone တွင် Nvidia Tegra ချစ်ပ် အသုံးပြုမည်



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့သည့် ရက်အနည်းငယ်က Blackphone နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ထွက်ပေါ်ခဲ့ပြီး ၎င်းတွင် Nvidia ၏ 2GHz quad-core Tegra 4i ချစ်ပ်ကို အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။



အဆိုပါ ပရိုဆက်ဆာသည် ARM ၏ Cortex-A9 r4 CPU ကိုအခြေခံဖန်တီးထားပြီး 60 GPU core များပါဝင် ကာ i500 LTE modem ကို ထည့်သွင်း ပေါင်းစပ်ထားသည်။



လုံခြုံမှုအတွက် အထူးထုတ်လုပ်ထားသော Blackphone ကို ဖန်တီးသည့် SGP Technologies က ဖုန်း၏ ရှေ့ကင်မရာတွင် 5-megapixel ပါဝင်လာမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အခြား အသေးစိတ် အချက်အလက်များအရ Blackphone တွင် 1,280 x 800 pixel resolution ပါဝင်သည့် ၄.၇ လက်မ မျက်နှာပြင် အသုံးပြုထားပြီး ကျောဘက် တွင် 8 megapixel ကင်မရာပါဝင်ကာ onboard storage16GB နှင့် RAM 1GB ပါဝင်လာမည် ဖြစ်သည်။



Blackphone ၏ ဆော့ဖ်ဝဲလ်သည် လူအများ အဓိကစိတ်ဝင်စားသည့် အရာဖြစ်လာပြီး Google ၏ Android operating system ကို ပြုပြင်မွမ်းမံထားသည့် PrivatOS ကို အသုံးပြုထားသည်။ အဆိုပါ Blackphone ကို ဥရောပ၊ မြောက်အမေရိကနှင့် တောင်အမေရိကတို့ရှိ သုံးစွဲသူများထံ ဇွန်လ၌ တင်ပို့ရောင်းချမည် ဖြစ်သည်။



Ref: CNET

အင်တာနက်ဂျာနယ် အတွဲ (၁၅) အမှတ် (၁၆)



Aung Ko Htet (MM IT Knowledge)

အင်တာနက်ဂျာနယ် အတွဲ (၁၅) အမှတ် (၁၆) ကို download ပြုလုပ်နိုင်ပါပြီ။ (25.22MB) 




အောက်က link တွေကနေ Download လုပ်နိုင်ပါတယ်။ 

 http://goo.gl/6PSx6z

http://goo.gl/SLbAsc


ref: Internet Journal

Facebook က Breaking News များ ပြသပေးမည့် FB Newswire Page ကို ပြုလုပ်



Aung Ko Htet (MM IT Knowledge)


Facebook က FB Newswire Page ကို ပြုလုပ်ပေးလိုက်ပြီး အဆိုပါ Page တွင် Facebook ပေါ်မှ သတင်းများအနက်မှ ဂျာနယ်လစ်များ က စစ်ဆေးထားသည့် သတင်းမှန်များ ကို သာ ရွေးချယ် တင်ပြပေးမည် ဖြစ်သည်။ Facebook က သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် Storyful နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ Storyful တွင် ရုံးခန်းသုံးခု ရှိပြီး ရုံးခန်း တစ်ခုစီတွင် သတင်းထောက်များ ရှိပါသည်။ သတင်းထောက်များ က Facebook ပေါ်တွင် Share ပြုလုပ်သည့် သတင်းများ ကို မှန်ကန်မှု ရှိမရှိ လိုက်လံ စစ်ဆေးမည် ဖြစ်သည်။

Storyful က အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ ၊ နိုင်ငံရေး စသည့် ကဏ္ဍများ အလိုက် Facebook မှ နာမည်ကြီး သတင်း နှင့် အရေးပေါ် သတင်းများ ကို ရှာဖွေရန် Algorithm ကို အသုံးပြုမည် ဖြစ်သည်။ ထို့နောက်တွင် Storyful က FB Newswire တွင် Share မလုပ်မီ ဂျာနယ်လစ်ရုံး မှ သတင်းထောက်များ ကို စေလွှတ်ပြီး စုံစမ်းခိုင်းမည်ဖြစ်သည်။

FB Newswire တွင် English အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသောသတင်းများ ပါရှိမည် ဖြစ်သည်။ သတင်းခေါင်းစီး ကို English ဘာသာ ဖြင့် ပြသမည် ဖြစ်သည်။ Facebook နှင့် Storyful တို့က တစ်နေ့လျှင် သတင်း အပုဒ်ရေ မည်မျှ တင်ပေးမည် ဆိုသည် ကို ကြေညာခြင်းမရှိ ဟု သိရပါသည်။

Facebook က FB Newswire ကို ဂျာနယ်လစ်များ အတွက် ရည်ရွယ်သော်လည်း Facebook အသုံးပြုသူတိုင်း Page ကို Like ပြုလုပ်ပြီး မှန်ကန်တိကျသည့် သတင်းများ ကို ဖတ်ရှုနိုင်မည်ဖြစ်သည်။

FB Newswire Page ကို အောက်က လင့် မှတစ်ဆင့် သွားရောက်နိုင်ပါသည်။

https://www.facebook.com/FBNewswire

ref: သူရ

YouTube (Android ) မှာ Playlists များ ကြည့်ရှုနိုင်ပြီ



Aung Ko Htet (MM IT Knowledge)

Google က အနုပညာရှင်များ ၏ Playlist များကို YouTube တွင် ပြသပေးသည့် YouTube Mix စွမ်းဆောင်ချက် ကို ၂၀၁၃ ခုနှစ် တွင် မိတ်ဆက်ခဲ့ပါသည်။ YouTube Mix ကို Web App တွင် ထည့်သွင်းပေးခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ စွမ်းဆောင်ချက် ကို Android App တွင် အသုံးပြုနိုင်ပြီဖြစ်သည်။

YouTube Mix သည် အဆိုတော် တစ်ယောက် ၏ နာမည် ကို ရှာဖွေလျှင် အဆိုတော် ၏ လူကြိုက်အများဆုံး သီချင်းများ ကို Playlist အနေဖြင့် ပြသပေးခြင်း ဖြစ်ပါသည်။ YouTube က ယေဘုယျ အားဖြင့် Vevo မှ Music Video များကို ပြသပေးခြင်း ဖြစ်ပါသည်။ Search Box တွင် အဆိုတော် နာမည် ဖြင့် ရှာဖွေပြီးလျှင် Playlist များ ကို Search Result ၏ ထိပ်ဆုံး တွင် တွေ့မြင်ရမည် ဖြစ်သည်။ Android တွင် YouTube Mix ကို အသုံးပြုရန် YouTube App ကို Update ပြုလုပ်ရန် မလို ဟု သိရပါသည်။

ref: သူရ