Powered by Blog - Widget

Monday, March 31, 2014

ပီစီ ကို အသုံးပြု၍ iOS မှ Android သို့ပြောင်းခြင်း



Aung Ko Htet (MM IT Knowledge)

ဒီသင်ခန်းစာကိုလုပ်ဖို့ သင်လိုအပ်တာ : XP,7 or 8
လိုအပ်တဲ့အချိန် : ၄၅မိနစ်

Google ရဲ့ အမှုဆောင်အရာရှိဖြစ်သူ Eric Schmidt ကမကြာသေးမီက iOSကနေ Android ကို ပြောင်းဖို့ Mac နဲ့ PC(www.snipca.com/10981) ကိုသုံးပြီး ပြောင်းလဲနိုင်တယ်လို့ဆိုပေမယ့် ယင်းအတွက် Mac ကိုမသုံးဘဲနဲ့လဲလုပ်ဆောင်နိုင်ပါတယ်။ကျွန်တော်တို့ကအဲဒိလိုပြောင်းလဲဖို့အတွက် ပီစီသီးသန့်သုံးပြီး ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပြသမှာဖြစ်ပါတယ်။ဒီ Workshop မှာတော့ သင့်ရဲ့ အရေးကြီး အချက်အလက်တွေဖြစ်တဲ့ သင့် iOS device ပေါ်က ontacts,images ,videos နဲ့ music ဖိုင်တွေကို Android device ပေါ်သို့ဘယ်လိုကူးပြောင်းရမလဲဆိုတာကိုပြသသွားမှာဖြစ်ပါတယ်။စတင်ဖို့ အတွက်သင်လိုအပ်တာကတော့ gmail account တစ်ခုပဲဖြစ်ပါတယ်။iOS, Android နဲ့ PC မှာ ကူးပြောင်းသွားတာတွေကို အောက်ပါအဆင့်များအတိုင်းဂရုတစိုက်လိုက်လုပ်ကြည့်ပါ။


 


Step 1
သင့် Android device မှာ သင် iOS မှာတုန်းက မကြာခဏအသုံးပြုလေ့ရှိတဲ့ apps တွေကို download လုပ်၊ sign in ဝင်ပါ။ယင်းကိုလုပ်ဆောင်ဖို့ Play store icon ကိုနှိပ်ပြီး သင် download လုပ်ချင်တဲ့ apps တွေကိုရှာဖွေပါ။ သင့် Android device မှာ Google Drive ကို www.snipca.com/10980 ကနေ download လုပ်ပြီးထည့်သွင်းပါ။ဒီ tutorial နောက်ပိုင်းမှာ သင့်ရဲ့ ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို ကူးပြောင်းဖို့ အဲဒါကိုသုံးစွဲမှာပါ။ Gmail account နဲ့ Google Drive ထဲ sign in ဝင်ပါ။ သင့် iOS device ကို (iOS 7.0.4 သို့ အထက်) ကို Settings ရဲ့ General ထဲက Software Upade(1) ကို နှိပ်ပြီး update လုပ်ပါ။





Step 2
ယခုအခါမှာတော့ သင့်ရဲ့ပီစီကိုသွားပါ။ iOS ကနေ Android သို့ သင့် Contacts တွေကူးပြောင်းဖို့ browser ကိုဖွင့်ပြီး www.icloud.com ကိုသွားပါ။ သင့် Apple ID နဲ့ password ကိုရိုက်ထည့်ပြီး sign in ဝင်ပါ။ သင့် contacts(1) အားလုံးကိုတွေ့မြင်ရဖို့ Contacts ကိုနှိပ်ပါ။ အားလုံးကို select လုပ်ဖို့ Ctrl+A ကိုနှိပ်ပါ။iCloud မျက်နှာပြင်ရဲ့ အောက်ဘယ်ဖက်က Actions Menu(cog icon)(2) ကို နှိပ်ပြီး ‘Export vCard_’ ကို ရွေးပါ။ vCard တစ်ခုမှာ contact information အားလုံးပါဝင်တဲ့ .vef file တစ်ခုပါဝင်ပါတယ်။ယင်းဖိုင်က ယခုအခါမှာ သင့်ပီစီရဲ့ default Download folder ထဲကို download ချသွားမှာပါ။





Step 3
ထို့နောက် သင့်ပီစီမှာ Gmail account နဲ့ sign in ဝင်ပါ။ ထိပ်ဘယ်ဖက် ကGmail menu ကိုနှိပ်ပြီး Contacts ကိုရွေးပါ။ More(1) ကိုနှိပ်ပြီး ‘Import_’ ကိုရွေးပါ။ Choose File(2) ကို နှိပ်ပြီး သင် download လုပ်ထားတဲ့ vCard ကို ရွေးကာ Import(3) ကို နှိပ်ပါ။သင့် Contacts အားလုံးက ယခုအခါ Gmail မှာပေါ်လာမှာဖြစ်ပါတယ်။ယင်း contacts များကို သင့် Android device မှာ ရရှိဖို့ Android device မှာ Contacts app ကိုဖွင့်ပြီး Menu ကိုနှိပ်ပါ။ထို့နောက် Accounts ကိုနှိပ်ကာ Gmail Account ကိုရွေးပါ။ OK ကိုနှိပ်ပါ။ သင့် iOS device က contacts အားလုံးက ယခုအခါမှာ Android device မှာပေါ်လာမှာဖြစ်ပါတယ်။




STEP 4

ယခုအခါမှာတော့ ကျွန်တော်တို့ သင့်ဓာတ်ပုံများနဲ့ ဗီဒီယိုဖိုင်များကို iOS နဲ့ Android ကြား sync လုပ်မှာဖြစ်ပါတယ်။ သင့် iOS device မှာ Google Drive app ကို www.snipca.com/10975 ကနေ download လုပ်ပြီး gmail account နဲ့ sign in ဝင်ပါ။ Google Drive ကိုဖွင့်ပြီး ထိပ်ဖက်ဘယ်ဖက်ခြမ်းက parallel လိုင်း တွေကို နှိပ်ပါ။ Uploads ကို ရွေးပါ။ယခုတော့ထိပ်ပိုင်းညာဖက်ခြမ်းက ‘+’ သင်္ကေတ ကိုနှိပ်မှာဖြစ်ပါတယ်။ ‘Upload Photos or Videos’ ကိုရွေးပါ။ သင့် iOS မှာရှိတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကိုပြသမှာဖြစ်ပါတယ်။ သင် upload လုပ်ချင် items တွေကို တစ်ခုချင်းစီနှိပ်ပြီး ရွေးကာ ထိပ်ပိုင်းညာဖက်(1) က အပြာရောင်အမှန်ခြစ်လေးကိုနှိပ်ပါ။သင့်ဖိုင်များက upload လုပ်သွားပါလိမ့်မည်။ ထို့နောက် သင့် Android device မှာ Google Drive app ကိုနှိပ်ပြီး သင် upload လုပ်လိုက်တဲ့ iOS ကဖိုင်တွေကို တွေ့မြင်ရမှာပါ။


 


STEP 5

သင့် ဓာတ်ပုံ နဲ့ ဗီဒီယိုဖိုင်များကို Android Gallery app မှာပေါ်ချင်ရင် ပထမဆုံး သင့် Desktop PC အတွက် Google Drive ကို www.drive.google.com မှာ download လုပ်ပြီး sign in ဝင်ပါ။ သင့် Android device ကို PC နဲ့ USB ကြိုးနဲ့ချိတ်ဆက်ပါ။ သင့် device ကိုရွေးပါ။ သင့်PC ရဲ့ folder တွေရဲ့ list မှာ folder အသစ် တစ်ခုကိုဆောက်ပြီးအမည်ပေးပါ။ Google Drive ကဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို
ကော်ပီကူးပြီး ဒီ folder ထဲမှာ paste လုပ်ပါ။ သင့်ရဲ့ Galler app က folder အသစ်ထဲမှာ သင့်ဖိုင် အားလုံး တည်ရှိနေမှာပါ။




STEP 6
iTunes မှာသင်ဝယ်ယူထားတဲ့သီချင်းတွေကို Android device မှာ import လုပ်ဖို့ ပထမဆုံးသင့်ပီစီမှာ iTunes ကို sign in ဝင်ပါ။ ယခု ထိပ်ဘယ်ဖက် က dropdown menu အသေးလေးကို နှိပ်ပါ။ထို့နောက် Preferences ကိုနှိပ်ပါ။ Store tab(1) ကိုနှိပ်ပြီး “Show iTunes in the Cloud purchases’ ကအမှန်ခြစ်ခြစ်(2)ထားကြောင်းသေချာစေပါ။OK(3) ကိုနှိပ်ပါ။ iTunes မှာ သင့် သီချင်းတွေကို download လုပ်ဖို့ iCloud icon ကိုနှိပ်ပါ။ အဲဒိအခါ သင့်ပီစီသို့ သင် iTunes မှာဝယ်ယူထားတဲ့သီချင်းတွေကို download လုပ်သွားမှာဖြစ်ပါတယ်။



STEP 7
သင့် PC မှာ play.google.com/music ကိုသွားပြီးထိပ်ပိုင်း ညာဖက် setting icon ဘေးက ‘Upload music’ ကိုနှိပ်ပါ။ Download Music Manager ကိုနှိပ်ပြီး install ပါ။ ‘Upload songs to Google Play’ ပေါ်လာတဲ့အခါ Next ကိုနှိပ်ပါ။ iTuens ကို select(1) လုပ်ထားကြောင်းသေချာစေပါ။iTunes မှ သင့် သီချင်းများကို download လုပ်ဖို့ Next(2) ကို ထပ်နှိပ်ပါ။ Upload လုပ်တာ ပြီးစီးသွားရင် သင့် သီချင်းဖိုင်တွေအားလုံးကို Google Play Music မှာမြင်ရမှာပါ။ သင့် iTunes သီချင်းတွေကို free အဖြစ် နားထောင်နိုင်ဖို့ သင့် Android device မှာ app ကို www.snipca.com/10982 မှာ download လုပ်ပါ။



  ref: Tech Space Journal

HP Chromebook 11 Reviews




Aung Ko Htet (MM IT Knowledge)


ချောမွေ့တောက်ပြောင်သော Chrome OS laptop တစ်လုံးဖြစ်ပါတယ် ။သို့သော် ကြီးမားသော အားနည်းချက်တစ်ခုရှိပါတယ်။
----------------------------------------------------------------------------

Chromebooks တွေက ဈေးနှုန်းသက်သာပြီး Google ရဲ့ ပင်မ Chrome OS နဲ့ run ပါတယ်။ သို့သော် များသောအားဖြင့်လာကြတာက ဆက်မထုတ်တော့တဲ့ ဝင်းဒိုးစ် netbooks များမှ recycle ပြန်လုပ်ပြီးဒီဇိုင်းထုတ်ထားတဲ့ ပျင်းရိ ငြိးငွေ့ဖွယ် ဒီဇိုင်းနဲ့ ဖြစ်ကြပါတယ်။ HP ရဲ့ Chromebook 11 ကတော့ အဲဒိလိုမျိုးမဟုတ်ပါဘူး။ ဆန်းသစ်သော ဒီဇိုင်းပုံစံနဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အဓိကကျတဲ့ အစိတ်ပိုင်းဖြစ်တဲ့ ပြောင်လက်တောက်ပနေတဲ့ အဖြူရောင်ပလပ်စတစ် သားနဲ့ပြုလုပ်ထားပြီး Screen မျက်နှာပြင်ပတ်ပတ်လည်မှာ အနက်ရောင်ဘောင် ကွပ်ထားကာ ကီးဘုတ်ရဲ့ အစွန်းဘက်များကို အပြာရောင်လိုင်းအစင်းများနဲ့ ပုံဖော်ထားပါတယ်။

ဒီ laptop က ဆွဲဆောင်မှုရှိပြီး မျက်စိအာရုံကိုဖမ်းစားနိုင်ပါတယ်။ လက်တွေ့အားဖြင့် ထိတွေ့ကိုင်တွယ်သုံးစွဲနိုင်တဲ့ အချက်တွေလည်းရှိပါတယ်။ အောက်မှာရှိတဲ့ အပြာရောင်ရော်ဘာ အပြားက laptop ကို စားပွဲခုံပေါ်မှာ တင်ပြီးသုံးတဲ့အခါ ချောကျစေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင်ဖူးတဲ့ အခြားသော laptops များနဲ့မတူညီတာကတော့ Chromebook 11 ကို USB ကနေအားသွင်းနိုင်တာပဲဖြစ်ပါတယ်။ သို့သော်လည်း ပါဝါစားသုံးမှု မြင့်မားသောကြောင့် စမတ်ဖုန်း အားသွင်းစက်တွေနဲ့ အားသွင်းရင်တော့ နှေးကွေးမှာပဲဖြစ်ပါတယ်။ တစ်ပါတည်းပါရှိလာတဲ့ charger နဲ့ဆိုရင်တော့ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ သို့သော် USB ကနေ အားသွင်းနိုင်တဲ့ စွမ်းဆောင်ရည်ကတော့ အရေးပေါ်အခြေအနေတွေမှာ အားသွင်းတဲ့အခါမှာတော့ များစွာအသုံးတည့်ပါတယ်။

Chromebook11 ကို USB ကနေအားသွင်းနိုင်တာက အခြားသော Chromebooks တွေလိုမျိုး Intel porcessor သုံးစွဲထားခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ယင်းအစား 1.7GHz dual-core Samsung Exynos 5250 ကိုသုံးထားပါတယ်။ ယင်း processor က အချို့သော Samsung Galaxy စမတ်ဖုန်းများမှာ အသုံးပြုပါတယ်။အဆိုပါ processor က Chrome OS ကို run ဖို့ လုံလောက်တဲ့စွမ်းအားရှိပါတယ်။သို့သော်လည်း ကျွန်တော်တို့ သတိပြုမိတာကတော့ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ ခေတ္တယာယီရပ်ဆိုင်းတာမျိုးတွေလည်းတွေ့ရပါတယ်။ရှုပ်ထွေးသော ဝက်ဘက်စာမျက်နှာများကို ကြည့်ရှုရမှာ အနည်းငယ် ဆန့်ငင်ဆန့်ငင်ဖြစ်တာ ၊ ရှုပ်ထွေးလှတဲ့ apps တွေဖြစ်တဲ့ Photoshop Express လိုမျိုး apps တွေသုံးတဲ့အခါ နှေးကွေးသွားတာ (ဒီပြဿနာကတော့ Intel-based Chromebooks တွေမှာမတွေ့ရပါဘူး) တွေကြုံရပါတယ်။





အရေးတကြီးသတိရဖို့ရှိတာက Chrome OS က ဝင်းဒိုးစ်နဲ့ အလွန် ကွဲပြားခြားနားတယ်ဆိုတာပါပဲ။ အခြေခံ file explore နဲ့ video player တွေကလွဲပြီး ပရိုဂရမ် အားလုံးဟာ Chrome web browser မှာ အလုပ်လုပ်ပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ သမားရိုးကျ Windows ပရိုဂရမ်တွေကို သုံးစွဲနိုင်မှာမဟုတ်ဘဲ ဝက်ဘ်ဆာဗာတွေမှာ run မယ့် web apps တွေပဲ သုံးနိုင်ပါလိမ့်မယ်။ များစွာသော web apps တွေက သူတို့နဲ့ အလားတူ ဝင်းဒိုးစ် ပရိုဂရမ်တွေလို feature တွေအများကြီးမပါဝင်ပေမယ့် နေ့စဉ်သုံးလုပ်ငန်းစဉ်တွေအတွက်ကတော့ ကောင်းစွာလုံလောက်မှုရှိပါတယ်။သို့သော်လည်းများစွာသော web apps တွေက အင်တာနက် ချိတ်ဆက်မှုမရှိဘဲ အလုပ်မလုပ်ပါဘူး။ Chrome OS မှာ setting အနည်းငယ်သာပါဝင်ပါတယ်။ ဒါ့ကြောင့် ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာလိုအပ်ပါတယ်။ ထို့ပြင် Antivirus ဆော့ဖ်ဝဲတွေလည်းမလိုအပ်ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ Google ရဲ့ ဆာဗာပေါ်မှာ run နေသောကြောင့်ဖြစ်ပါတယ်။

Default အနေနဲ့ သင့်ဖိုင်တွေအားလုံးဟာ Google Drive အွန်လိုင်းသိုလှောင်မှုစနစ်ပေါ်မှာ သိမ်းဆည်းမှာဖြစ်ပါတယ်။ သင့်အနေနဲ့ နှစ်နှစ်တာ ကာလမှာ15GB အပြင် 100GB ကို အခမဲ့သိုလှောင်သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ သက်တမ်းပြည့်သွားရင်တော့ 100GB ဆက်ယူချင်တယ်ဆိုရင် တစ်လကို $ 5 ကျသင့်မှာဖြစ်ပါတယ်။

စိတ်ပျက်ဖို့ကောင်းတာကတော့ Chromebook11 က အချိန်တိုအတွင်း ဘက်ထရီကုန်သွားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ 802.11n router နဲ့ ချိတ်ဆက်ပြီး အရိုးရှင်းဆုံးသော Google Docs လိုမျိုး apps တွေကို သုံးစွဲတဲ့အခါ ဘက်ထရီက ငါးနာရီအောက်ပဲခံတာကိုတွေ့ရပါတယ်။သူ့ရဲ့ ပြိုင်ဖက် Acer Chromebook C720 နဲ့နှိုင်းယှဉ်ရမယ်ဆိုရင်တော့ C720 က ဘက်ထရီ နှစ်ဆ ခန့်ကြာရှည်ခံကာ ကိုးနာရီ ၁၆ မိနစ် တာရှည်ခံတာကိုတွေ့ရပါတယ်။

HP ရဲ့ Chromebook က ချိတ်ဆက်မှုပိုင်းနဲ့ပတ်သက်ပြီးလည်း အနည်းငယ်သာပါတာကိုတွေ့ရပါတယ်။ USB2 ports နှစ်ခုသာပါဝင်တာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် ဆိုရရင်တော့ USB3 သို့မဟုတ် SD card reader တွေမပါဝင်ပါဘူး။ ဒါတွေချန်လှပ်ထားခဲ့ရတာက အရေးကြီးတဲ့အချက်ကို ထားခဲ့သလိုပါဘဲ။ဘာ့ကြောင့်လဲဆိုတော့ 16GB SSD တပ်ဆင်ထားတာက ပိုမိုမြန်ဆန်တဲ့ နှုန်းနဲ့ data တွေကို ကူးပြောင်းဖို့အတွက် USB 3 speed အမြန်နှုန်းလိုအပ်တယ်ဆိုတဲ့သဘောဖြစ်ပြီး ယခုအခါမှာ USB SD card reader တွေကလည်း ဈေးပေါလာပြီဖြစ်လို့ပါပဲ(£4 နဲ့ www.snipca.com/11428 မှာဝယ်ယူနိုင်ပါတယ်)။ အားသွင်းဖို့ အတွက် micro USB ကလည်း မော်နီတာာ၊ TV သို့မဟုတ် Projector တွေနဲ့ချိတ်ဖို့ adapter တစ်ခုနဲ့သုံးနိုင်ပါတယ်( HDMI adapter က £22 နဲ့ www.snipca.com/11429 မှာရနိုင်ပါတယ်)။

Chromebook 11 က Acer ရဲ့မော်ဒယ်ထက် အချို့သောအရာတွေမှာသာလွန်ပါတယ်။ မျက်နှာပြင်က 11.6 လက်မနဲ့ resoultion က 1366 x 768 pixel မှာ C720 နဲ့ တူညီသောလည်း ပိုမိုပြီး တောက်ပတဲ့အတွက် ကြည့်ရှုရတာပို အဆင်ပြေပါတယ်။ ကီးဘုတ်ကလည်းပိုမိုကောင်းမွန်ပါတယ်။ ခလုတ်တွေက ရွေ့လျားရိုက်ခတ်ရတာနဲ့ တုန့်ပြန်မှုအားကောင်းတဲ့အတွက် စာရိုက်ရတာမြန်ဆန်ပြီး တိကျက သက်သောင့်သက်သာရှိပါတယ်။

HP ရဲ့ Chromebook 11 က ကျွန်တော်တို့တွေ့ရှိတဲ့ Chrome OS သုံး Laptop တွေထဲမှာ အကောင်းဆုံးထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ သွင်ပြင်၊ တောက်ပတဲ့မျက်နှာပြင် နဲ့ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်တွေက ကျေးဇူးတင်စရာပါပဲ။ သို့သော် ဘက်ထရီရဲ့ ကြာရှည်ခံနိုင်မှုကတော့ စိတ်ပျက်စရာပါ။ ဒါက ခင်ဗျားအတွက် အရေးပါတဲ့အချက်ဖြစ်နေတယ်ဆိုရင်တော့ Acer Chromebook C720 ကိုရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ Chromebook 11 က ကျွန်တော်တို့ရဲ့ အကြိုက်အနှစ်သက်ဆုံးလို့ဆိုရမှာပါ။
သုံးသပ်ချက်
သူ့ရဲ့ တိုတောင်းလှတဲ့ ဘက်ထရီသက်တမ်းကို ချန်လှပ်ထားရင်တော့ တကယ့် ကိုကောင်းမွန်တဲ့ Chromebook တစ်ခုပါပဲ။

အလားတူ


Acer Chromebook C720


£200
တာရှည်ခံ ဘက်ထရီနဲ့ Chromebook တစ်ခုဖြစ်ပြီး ports တွေပိုမိုပါဝင်ပါတယ်။ သို့သော် မျက်နှာပြင်နဲ့ ကီးဘုတ်တွေကတော့ ပျမ်းမျှ အဆင့်သာရှိပါတယ်။


ref: Nyein Chan (TSJ Tech Team)

စမတ်ဖုန်းအတွက်လေတိုက်နှုန်းတိုင်းကိရိယာ



Aung Ko Htet (MM IT Knowledge)

ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များကို ရရှိရန် မည်သည့် ရာဦဥတုဆိုင်ရာ App များကို မဆို အသုံးပြုနိုင်မည် ဖြစ်သော်လည်း နောက်ဆုံး Update အချက်အလက်များကို ရယူနိုင်ရန်မှာ အင်တာနက် ဆက်သွယ်မှုစနစ်၏ လိုင်းကောင်းမွန်မှုအပေါ်တွင် မူတည်နေသောကြောင့် ယုံကြည်စိတ်ချရမှု နည်းပါးနေ ပါသေးသည်။

၎င်းအချက်ကို အဓိကထားလျက် Danish အသင်းမှ Vaavud ဟု အမည်ပေးထားသော စမတ်ဖုန်း တွင် တပ်ဆင်အသုံးပြုနိုင်မည့် လေတိုက်နှုန်းတိုင်း ကိရိယာတစ်ခုကို ဖန်တီးတီထွင် ထုတ်လုပ်ခဲ့ပါသည်။





Vaavud သည် အမှန်တစ်ကယ်အားဖြင့် ရေဒါနှင့်တူညီသည့် wind meter ဖြစ်ပြီး ၄င်းတွင် အီလက် ထရောနစ် စနစ်များ မပါဝင်သော်လည်း ကြိုးမဲ့စနစ်ကို အသုံးပြု၍ ကျွန်ုပ်တို့၏ စမတ်ဖုန်းဖြင့် ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ ၄င်းတွင် Rotor ပါဝင်၍ အတွင်း၌ သံလိုက်အသေးစားလေးများကို ထည့်သွင်းထားပြီး Rotor လည်ပတ်သောအခါ ဖုန်းတွင်ပါဝင်သော သံလိုက်စက်ကွင်းအာရုံခံစနစ်မှ ထောက်လှမ်းမည် ဖြစ်ပေသည်။

Vaavud Wind Meter ကိရိယာအနေဖြင့် မည်သည့်နေရာတွင်မဆို တိကျစွာဖြင့် လေတိုက်နှုန်းအား တိုင်းတာနိုင်စွမ်းရှိပြီး ၄င်းကို iOS နှင့် Android Phone များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် ကျွန်ုပ်တို့အနေဖြင့် လေတိုက်နှုန်းအချက်အလက်များကို Online ပေါ်တွင်လည်း သူငယ်ချင်းများထံ ဝေမျှသိရှိနိုင်သည်ဟု သိရပါသည်။

Vaavud အနေဖြင့် iPhone 4,4S,5,5C နှင့် 5S တို့တွင်လည်းကောင်း၊ Samsung Galaxy S3,S4 တို့တွင်လည်းကောင်း၊ HTC One နှင့် Google Nexus 5 တို့တွင် အသုံးပြုနိုင်မည်ဖြစ်ကာ ရောင်းဈေးမှာ တစ်ခုလျှင် အမေရိကန် ၄၅ ဒေါ်လာ တန်ဖိုးရှိပါသည်။




Ref : Tech Space  

Floating Apps များစွာပါရှိတဲ့ Multitasking (Android)



Aung Ko Htet (MM IT Knowledge)
 
Floating Apps များဟာ မျက်နှာပြင်ကြီးမားတဲ့ Android Phone, Tablet တွေမှာ လွန်စွာ အသုံးဝင်တဲ့ Apps များ ဖြစ်ပါတယ်။ Apps တွေကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Multitasking ဆိုတဲ့ Android App မှာ Floating Apps များစွာပါရှိပါတယ်။

Floating Apps များကို ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘက် Sidebar ကနေ လွယ်ကူ လျှင်မြန်စွာ အသုံးပြုနိုင်ပါတယ်။ Multitasking မှာ Calculator, Calendar, Notepad, Browser, Map, Voice Recorder နဲ့ အခြား Floating Apps များပါရှိပါတယ်။

Apps များကို Resize , Minimize လုပ်နိုင်ပြီး Screen ရဲ့ နှစ်သက်တဲ့နေရာမှာ နေရာချအသုံးပြုနိုင်ပါတယ်။ Full Screen အသုံးပြုနိုင်ပါသေးတယ်။



Application ကိုဒီနေရာမှ download လုပ်ပါ >>>> 


Ref: Myanmar Digital Life


Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၄၇



Aung Ko Htet (MM IT Knowledge)

အပတ်စဉ်စီစဉ်တင်ဆက်နေကျဖြစ်သော Digital Life နည်းပညာဂျာနယ်၏ အတွဲ ၂ အမှတ် ၄၇ အား အောက်ပါ link မှ download ဆွဲယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ကျေးဇူးပြု၍ Download လုပ်သူတိုင်း Like လုပ်ပေးခြင်း၊ ထပ်ဆင့် Share ပေးခြင်းဖြင့် ကူညီပေးကြပါခင်ဗျာ။


အရောင်းဆိုင်များမှ ၀ယ်ယူအားပေးကြသော၊ အွန်လိုင်းမှ Download ရယူ အားပေးကြသော စာဖတ်ပရိသတ်များကို အထူးပင်ကျေးဇူးတင်ရှိပါသည်။


ဂျာနယ်အားဒီနေရာကနေ Download လုပ်ပါ >>> 

ဂျာနယ်အားဒီနေရာကနေ Download လုပ်ပါ >>> 

အားလုံးအဆင်ပြေကြပါစေဗျာ...

Aung Ko Htet

Ref: Myanmar Digital Life

LG G Flex ကွေးကောက်စမတ်ဖုန်းမှာ အသက်ပါ



Aung Ko Htet (MM IT Knowledge)

 ခေါင်းစဉ်ကြောင့်မို့ တစ်မျိုးထင်မသွားပါနဲ့။ ပြောချင်တာကတေ့ အနာရှိရင် သူ့ဘာသူ ပြန်လည်ပြုပြင်ပေးနိုင်တဲ့ LG G Flex ရဲ့  ထူးခြားတဲ့ အစွမ်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ကွေးကောက်လို့ရမယ့် စမတ်ဖုန်း ဖြစ်အောင် LG ဟာ G Flex စမတ်ဖုန်းကို ပိုလီကာဘွန်နိုက်အပြင် အခြား သော သတ္တုအမျိုးမျိုးကို ရောစပ်ဖန်တီး ထားပါတယ်။ ဖော်မြူလာတော့ မပြောပြပါဘူး။ ဖော်မြူလာနဲ့ ပါဝင် သတ္တုတွေကိုသာ ထုတ်ပြရင် ကုမ္မဏီတိုင်းက ကွေးကောက် စမတ်ဖုန်း ထုတ်နေကြတော့မှာပဲ။ ထူးခြားတဲ့ LG G Flex ကတော့ ဘယ်လောက် ပဲ ခြစ်ရာရှိရှိ သူ့ပါသူ အလိုအလျောက် ပြန်ပြင် ကုသ သွားတာကို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ အဲဒါ တကယ်ပါ။ ဟုတ်မဟုတ် လေ့လာလို့ရအောင် ဗီဒီယိုလခ့်ပါ ထည့်ပေးလိုက်ရ ပါတယ်။

LG G2 စမတ်ဖုန်းရဲ့  Specification နဲ့ သိပ်မထူခြားပေမယ့် ကွေးကောက် လို့ရပြီး ခြစ်ရာ၊ စွန်းရာတွေကို အလိုအလျောက် ပြန်လည် ကုသနိုင်မှု ကတော့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်း နည်းပညာ ဖြစ်သွား ပါတယ်။ ဗီဒီယို ထဲမှာ ဓားနဲ့ကော၊ သော့နဲ့ကော၊ ပစ္စည်းအမျိုးမျိုးနဲ့ပါ ခြစ်ပြ သွားပါတယ်။ အနာအကြီးအသေး အလျောက် အချိန်တစ်ခုအထိ ကြာပြီး ပြန်ကောင်း ပါတယ်။ ဒါကလည်း သိပ်မကြာပါ ဘူး။ သော့နဲ့ခြစ်တာတောင် ၂ မိနစ်အတွင်း ပြန်ကောင်းသွားပါတယ်။

ဒီတော့ တကယ် ဟုတ်မဟုတ် သိရအောင် အောက်ပါ ဗီဒီယို လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/Z-W66HINFLg

ref: အောင်ခမ်း (smart.com.mm)

ဖုန်း ဘက်ထရီနှင့် ပက်သက်၍ သိထား၊ ဆောင်ရန်အချက်များ



Aung Ko Htet (MM IT Knowledge)
 
ဒီတစ်လော သတင်းတွေကြားနေရပါတယ်။ iPhone 5 ကြောင့် ဓာတ်လိုက်သေရတဲ့ လေယာဉ်မယ် သတင်း၊ Samsung Galaxy S3 အိပ်ကပ်ထဲမှာ ပေါက်ကွဲတဲ့သတင်းတို့အပြင် ဖုန်းပေါက်ကွဲမှုနဲ့ ပက်သက်တဲ့ သတင်းများ၊ လူသေမှုသတင်းများ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်ကစလို့ သိသိသာသာ မြင့်တက်လာတဲ့ သတင်းတွေပါ။ အဖြစ်များတာ ကတော့ တရုတ်ပြည်မှာပါ။ အကြောင်းကတော့ အာမခံချက် နည်းတဲ့ ပစ္စည်းကြောင့်မို့ ဖြစ်ပါတယ်။ ဖုန်းကို အားသွင်းနေ ရင်း ပြော တာကြောင့်ရော၊ အချိန်လွန်သွင်းတာတွေကြောင့်ရော ဖြစ်ပါတယ်။

Apple ကတော့ ပြန်လည်စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။ Apple ပစ္စည်းက ဓာတ်လိုက်တတ်ပါတယ်။ အထူးသဖြင့် Macbook တွေမှာ သိသာပါတယ်။ သံမန်သလင်းပေါ်မှာ ဖိနပ်မစီးဘဲ အားသွင်းထားတဲ့ Macbook ကိုကိုင်ရင် ဓာတ်လိုက်တာ ကိုယ်တွေ့ပါပဲ။ iPhone ကတော့ မသိပါဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖုန်းနဲ့ ပက်သက်လို့ ရှောင်သင့်တဲ့အချက်လေးတွေ ကတော့ -

- အားသွင်းစဉ် ဖုန်းပြောခြင်း

Safety Factor ဘယ်လိုပဲ ထားထား အားသွင်းစဉ် ဖုန်းပြောတဲ့ အမူအကျင့် ကို ရှောင်ကိုရှောင်ရမှာ ဖြစ်ပါတယ်။ ဘက်ထရီရဲ့  အလုပ်ပိုပြီး အပူလွန်ကဲစေပါတယ်။

- အာမခံချက်မရှိသော ဘက်ထရီအစားထိုးခြင်း

ဘက်ထရီဝယ်တဲ့အခါ အော်ရီဂျင်နယ် သာ ဝယ်ရမှာ ဖြစ်ပါတယ်။ Power Voltage သတ်မှတ်ချက် တိတိကျကျရှိမှ ဖုန်းနဲ့သင့်တော်မှာပါ။ မဟုတ်ရင် ဖုန်းကိုလည်း ထိခိုက်ပြီး အသုံးပြုတဲ့သူကိုပါ ဆိုးကျိုးဖြစ်စေပါတယ်။ ဈေး သက်သာတာကိုပဲ ကြည့်ပြီး ဘက်ထရီ အတုများ၊ Official ထုတ်ကုန်များ မဟုတ်တာကို သုံးစွဲခြင်းဟာ recommend မပေးပါဘူး။

- ဖုန်းကို အပူချိန်ပြောင်းလဲထိတွေ့မှု သတိထားခြင်း

အားသွင်းပြီး ပူနေတဲ့ ဖုန်းကို ရုတ်တရက် အလွန်အေးတဲ့ ပတ်ဝန်းကျင်ဆီ ယူသွားလိုက်တာမျိုးကို ရှောင်ဖို့ ဖြစ်ပါတယ်။ ဒါက အအေးပိုင်းဒေသတွေ မှာ ပိုဂရုစိုက်ရမယ့်အချက် ဖြစ်ပါတယ်။ အပူချိန် ရုတ်တရက်ပြောင်းလဲမှုဒဏ်ကို ဘက်ထရီတို့ မခံနိုင်ပါဘူး။

- အားအလွန်အကျွံသွင်းခြင်း

အားပြည့်တဲ့အခါ ဖုန်းကို အားသွင်းခြင်း ရပ်တန့်စေဖို့ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ဆက်တိုက်ဆီးဝင်နေမှုကြောင့် အားပြည့်ရင် ဖြတ်တောက်တဲ့ စနစ်မျိုး ဘယ်လိုပဲ ထားပေးထားပေး Manually လုပ်တာလောက် စိတ်မချ ရပါဘူး။ အခန့်မသင့်ရင် အပူချိန်လွန်ကွဲပြီး မီးလောင်ကျွမ်းမှု၊ ပေါက်ကွဲ မှု ဖြစ်စေပါတယ်။ အားပြည့်ရင် စမတ်ဖုန်းရယ်မှ မဟုတ်ပဲ ဘယ် အီလက်ထရောနစ် ပစ္စည်းမဆို ခလုပ်ပိတ်ပြီး ပစ္စည်းဖြုတ်ရမှာ အခြေခံ သိနေရ၊ လုပ်နေရမယ့် အချက်ပဲ ဖြစ်ပါတယ်။

- အားမသွင်းမှီ ရေစိုမစို စစ်ဆေးခြင်း

အားသွင်းချိန်တင်မကပါဘူး။ ဘက်ထရီသာ ရေစိုနေရင် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုဖို့မသင့်တော်ပါဘူး။ ရေငွေ့အရမ်းများနေရင်လည်း လျှပ်စစ်ရှော့ ဖြစ်တတ်ပါတယ်။

.
ဒီလောက်ဆိုရင် စမတ်ဖုန်း ဘက်ထရီနဲ့ ပက်သက်လို့ ရှောင်ရှာသင့်တဲ့ အကြမ်းဖျဉ်း သိသင့်တဲ့အချက်များ သိရှိပြီလို့ မျှော်လင့်ပါတယ်။
.
ref: အောင်ခမ်း (smart.com.mm)
 

Samsung Galaxy Tab 3 Lite



Aung Ko Htet (MM IT Knowledge)
 
Samsung ရဲ့  ဈေးသက်သာတဲ Galaxy Tab 3 Lite ကိုတရားဝင် ကြေညာ ခဲ့ပြီး မြန်မာပြည်မှာလည်း ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ပါတယ်။ Android Tablet ဖြစ်ပြီး ၇ လက်မ အရွယ် ရှိပါတယ်။ မြန်မာပြည်မှာ Samsung Galaxy Tab တွေကို SIM ကဒ်ထည့်ပြီး မိုဘိုင်းဖုန်း အဖြစ်လည်း အသုံးပြုကြပါတယ်။

1.2 GHz dual-core chipset ပါဝင်ပြီး RAM က 1GB ရှိပါတယ်။ ၇ လက်မ အရွယ် မျက်နှာပြင်ရဲ့  resolution က 1024x600 အရည်အသွေး ရှိပါတယ်။ ကင်မရာက 2 Megapixel ရှိပြီး ရှေ့ မှာတော့ ကင်မရာ မပါရှိ ပါဘူး။ Internal storage က 8GB ရှိပါတယ်။ microSD ကဒ်နဲ့ 32GB လည်း ထပ်ထည့်နိုင် ပါသေးတယ်။ ဘက်ထရီက 3600 mAH ရှိပါတယ်။

Tab 3 Lite က ဗြိတိန်ပေါင် ၁၀၀ ဝန်းကျင်နဲ့ နိုင်ငံတကာမှာ ဖြန့်ချိပြီး ပြည် တွင်း ပေါက်ဈေးကို Samsung မှာ ဆက်သွယ်ေေးမြန်း နိုင်ပါတယ်။
.
Ref: Samsung
အောင်ခမ်း (smart.com.mm)
 

ကျောချမ်းစရာကောင်းစွာ ကပြမဲ့ အရုပ်



Aung Ko Htet (MM IT Knowledge)

နယူးယောက်မှာရှိတဲ့ David Zwirner Gallery ပြခန်းမှာ ရှိပါတယ်။ အခုလောလောဆယ်ကို ပြသနေတာပါ။ မျက်နှာကို အသားပေးပြီး ကြောက်လန့်ဖွယ်ကောင်းစွာ တင်ဆက်ထားတာ ဖြစ်ပါတယ်။ လာရောက်သူအများအပြားဟာ ထိုပြပွဲကိုလာပြီး ကျောချမ်းစွာ ငိုယိုခဲ့ကြတယ်လို့ သိရပါတယ်။ ထို Gallery ဟာဆိုရင်တော့ ခေတ်ပေါ် မော်ဒယ်ပြခန်းများကို ပြသလျက်ရှိပြီး ဥရောပကို ၂၀၁၂ ခုနှစ်လောက်မှာ ချပြခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ကြည့်ရန် >>>

http://goo.gl/2C0DWB

Aung Heine ( www.smart.com.mm )

ပထမဆုံး 3D- printed စမတ်မီးအိမ်များ


Aung Ko Htet (MM IT Knowledge)

ယခု တစ်လောအနေနဲ့ စမတ်မီးသီး၊ မီးအိတ်တွေအပြင် 3D- printed အရာဝတ္တုတွေဟာစမတ်အိမ် တွင်းနည်းပညာတွေထဲမှာ တော်တော်လေး ခေတ်စားလာတာကိုတွေ့ရပါတယ်။ အခုဖော်ပြမှာကတော့ နယ်သာလန် အခြေစိုက် ဒတ်ခ်ျ နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Philips မှာ ထုတ်လုပ်ထားတဲ့ 3D- printed စမတ်မီးအိမ် အကြောင်း သတင်းပဲ ဖြစ်ပါတယ်။ ထို မီးအိမ်ဟာဆိုရင် တစ်ခြား စမတ်မီးအိမ်တွေ လိုမျိုးပဲ ဖုန်း app မှ တစ်ဆင့် ထိန်းချုပ် နိင်အောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ထုတ်တာကတော့ appကနေတစ်ဆင့် ထိန်းချုပ်နိင်တဲ့ မီးသီးကနေ အရွေ့စွမ်းအင်နဲ့ ဖြစ်တဲ့ မီးခလုတ် အထိ ဖြစ်ပါ တယ်။ ထို မီးအိမ်ဟာဆိုရင် ကုမ္ပဏီရဲ့ app ထိန်းချုပ်မူတွေကတစ်ဆင့် setting တွေကို ထိန်းညှိနိင်မဲ့ အပြင် မီးအိမ်ပေါ်မှာ အရောင်ပေါင်း ၁၆ သန်းထက်ပိုတဲ့ အရောင်တွေကို သက်ရောက်နိင်မှာ ဖြစ်ပါတယ်။ အလင်းရောင်ကို နေ့အချိန် ၊ ကိုယ်ပိုင် လုပ်ဆောင်ချက်တွေ အား ဖြင့်လည်း အခြေခံကာ စီမံထားနိင်ပါ တယ်။ ထို 3D မီးအိမ်မှာပဲ စားပွဲတင် မီးအိမ် ( $4,445 ) နဲ့ ဆွဲသီး မီးအိမ် ( $4,135) ဆိုပြီး ထုတ်လုပ်ထားကာ Meethue.com မှာ မတ်လ ၃၁ ကနေစပြီး ကြိုတင် အော်ဒါပေးကာမှာ ယူနိင်ပါတယ်။

Aung Heine ( www.smart.com.mm )

Sunday, March 30, 2014

ဘဝကြမ်းမှာ ရုန်းကန်ခဲ့တဲ့ Walt Disney တည်ထောင်သူ



Aung Ko Htet (MM IT Knowledge)


လက်ရှိ ကမ္ဘာပေါ်မှာ အောင်မြင်နေတဲ့ Walt Disney ကို တည်ထောင်ခဲ့ သူက Walter Elias Disney လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး ဖြစ်ပါတယ်။

အထက်တန်း တောင် ပြီးအောင် မတက်နိုင်ခဲ့တဲ့ ကျောင်းထွက် ဖြစ်ပြီး သတင်းစာ တိုက်တစ်ခုမှ အယ်ဒီတာ လုပ်နေတုန်း အလုပ်ထုတ် ခံရ ပါတယ်။ တွေးခေါ်ယူဆမှု၊ အိုင်ဒီယာကောင်း မရှိသူလို့ မှတ်ချက် အပေးခံ ရပြီး အလုပ်ထုတ်ပယ်ခံရခြင်း ဖြစ်ပါတယ်။ နောက်တော့ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ၂ ခု ကြိုးစားလုပ်ကိုင်ခဲ့ပါသေးတယ်။ ရလဒ်ကတော့ ၂ ကြိမ်စလုံး ဒေဝါလီခံရခြင်း ဖြစ်ပါတယ်။

သူလုံးဝ အရှုံးမပေးပါဘူး။ လေ့လားသင်ကြားမှုကို မရပ်တန့်ပြီး အရှုံးထဲကနေ သင်ခန်းစားယူပြီး သူ့ရဲ့  Walt Disney ဇာတ်ကောင်များကို စတင် ဖန်တီးပါတော့တယ်။ ယနေ့တော့ Walt Disney ဆိုတာ ကမ္ဘာ့အကြီးဆုံး ဘက်ပေါင်းစုံ မီဒီယာ လုပ်ငန်း ကုမ္မဏီများထဲက တစ်ခုအဖြစ် ပါဝင်လာစေခဲ့ ပါတယ်။ ၁၉၆၆ ခုနှစ် ဒီဇင်ဘာလမှာ အသက် ၆၅ နှစ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။ သူ သက်ရှိထင်ရှားအချိန်ကာလအတွင်း မှာလည်း အမေရိကန်ရဲ့  ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ စာရင်းထဲ မှာ ပါဝင်ခဲ့ကြောင်း သိရ ပါတယ်။

.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
 

Saturday, March 29, 2014

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရမည့် အချက်များ




Aung Ko Htet (MM IT Knowledge)
 
ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်းကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့ - skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်းအသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ်ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

Ref : ဖုန်းချစ်သူ 

http://www.thantoeaung.com



Microsoft က iPhone နဲ့ Android အတွက် Office ကို အခမဲ့ ပြုလုပ်ပေး



Aung Ko Htet (MM IT Knowledge)

Microsoft က iPhone နဲ့ Android အတွက် Office ကို ရောင်းချနေရာကနေ အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ Word Documents, Excel Spreadsheets, PowerPoint Presentation များကို မိုဘိုင်းဖုန်း မှာ Create, Edit အခမဲ့ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။

iOS နဲ့ Android App များရဲ့ Home Page မှာ OneDrive မှ Document တွေကို ဖွင့်လို့ရတဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ Recent ကဏ္ဍ မှာ မကြာမီ က ပြုလုပ်ခဲ့တဲ့ Document တွေကို ပြသပေးမှာဖြစ်ပါတယ်။ New Tab မှာ Document အသစ်တွေ ပြုလုပ်နိုင်ပါတယ်။

Microsoft က အခုလို Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်တာဟာ Apple နဲ့ Google တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်ပါတယ်။ Apple က Pages, Keynote, Numbers ဆော့ဝဲတွေကို iPhone ၀ယ်တဲ့သူတွေကို အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Google ကလည်း Google Docs ကို Google Drive မှာ ထည့်သွင်းပေးထားပြီး Platform တိုင်းမှာ အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။

Microsoft က iPad အတွက် Office ကို ကြေညာအပြီးမှာ အခုလို Android , iPhone တို့အတွက် Office ကို အခမဲ့ အသုံးပြုခွင့်ပေးလိုက်ပြီဆိုတာ ကို ကြေညာခဲ့တာဖြစ်ပါတယ်။ iPad အတွက် Office ကို အခပေး အသုံးပြုရမှာဖြစ်ပြီး တစ်နှစ်လျှင် ဒေါ်လာ ၉၉.၉၉ သို့မဟုတ် ယူရို ၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။

Android နဲ့ iPhone အတွက် Office ကို အောက်ကလင့် တွေကနေ အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။

iPhone

https://itunes.apple.com/us/app/office-mobile-for-office-365/id541164041?mt=8

Android

https://play.google.com/store/apps/details?id=com.microsoft.office.officehub


ref: Myanmar Digital Life

Apps များ Crash ဖြစ်မှုများသည့် Android နဲ့ iOS Version များ ကို စစ်တမ်း က ဖော်ပြ



Aung Ko Htet (MM IT Knowledge)
 
မည်သည့် Android နဲ့ iOS Version များတွင် Apps များ Crash ဖြစ်မှုများသည် ဆိုသည်ကို Crittercism က စစ်တမ်းကောက်ယူခဲ့ပါတယ်။ စစ်တမ်းအရ KitKat နဲ့ iOS 7.1 တို့ကဲ့သို့ Version အသစ်များတွင် Apps များ Crash ဖြစ်မှု လွန်စွာနည်းပါးပါတယ်။ Gingerbread နဲ့ iOS 6 ကို အသုံးပြုသူများအနေနဲ့ Apps များ Crash ဖြစ်မှုများပြားသည် ကို တွေ့ကြုံရမှာ ဖြစ်ပါတယ်။ Galaxy S4 နဲ့ iPhone 5 တို့ဟာ အလွန်တည်ငြိမ်မှု ရှိပြီး Apps များ Crash ဖြစ်မှု အနည်းဆုံး ဖြစ်တယ်လို့ စစ်တမ်း က ဆိုပါတယ်။ တက်ဘလက်များမှာတော့ Apps များ Crash ဖြစ်မှုအများဆုံးလို့ သိရပါတယ်။

Version အဟောင်းများမှာ Error များပြားတဲ့အတွက် Google နဲ့ Apple တို့က ပြုပြင်ပြီး အဆင့်မြှင့်တင်ပေးနေသည်မှာ နှစ်ပေါင်းကြာမြင့်ပြီ ဖြစ်တဲ့အတွက် စစ်တမ်း ရဲ့ ရလဒ်များ ဟာ မှန်ကန်နိုင်တယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။ Apps များ Crash ဖြစ်မှု ဟု ဆိုရာတွင် Third-Party Apps များ ကိုသာ စမ်းသပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဖုန်းတွင် Pre-Installed လုပ်ထားသည့် Apps များကို စစ်တမ်းကောက်ယူခဲ့ခြင်းမဟုတ် ဟု သိရပါတယ်။ Version အဟောင်းများ ကို အသုံးပြုသူများ သည် Version အသစ်များကို Upgrade ပြုလုပ်သင့်ကြောင်း စစ်တမ်း က အကြံပြုနေပါတယ်။


ref: Myanmar Digital Life

ဇူကာဘတ်ကို Facebook မှာ ဘလော့လို့ မရပါ



Aung Ko Htet (MM IT Knowledge)
 
Facebook တည်ထောင်သူ မာခ့် ဇူကာဘတ် ရဲ့ Facebook အကောင့်ကို Block လုပ်လို့ မရပါဘူး။

သချာအောင် သတင်းဖတ်သူတို့ https://www.facebook.com/zuck မှာ ဝင်ရောက် စမ်းသပ်နိုင်ပါတယ်။ ပေါ်လာတဲ့ စာကတော့ overload ဖြစ်နေလို့ Block လို့ မရကြောင်း ရေးထားခြင်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက Block နေလို့တော့ မဟုတ်ပါဘူး။ လှည့်ကွက်နဲ့ ပိတ်ဆို့ထားခြင်းသာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ ဇူကာဘတ်ကို ဘယ်သူမှ ဘလော့လို့ မရ ပါဘူး။

ဇူကာဘတ်ရဲ့  နောက်တစ်ခု ထူးခြားချက်က နေ့စဉ် နေ့တိုင်း နီးပါး အညိုရောင် Facebook တီရှပ်ကိုသာ ဝတ်ဆင်လေ့ ရှိပါတယ်။ အဲ့ဒါကို လည်း ကိုယ်တိုင် ရှာဖွေ ကြည့်နိုင် ပါတယ်။ ပွဲတက်ဝတ်ဆုံနဲ့ အနက်ရောင် အနွေးထည်က လွဲလို့ သူဟာ အညိုရောင်ကိုသာ စွဲစွဲ လမ်းလမ်း ဝတ်လေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.smart.com.mm)

ကျွန်တော်ဟာ ကွန်ပျူတာမောက်ကို စတင်တီထွင်သူ ဖခင်ကြီး တစ်ဦးပါ


Aung Ko Htet (MM IT Knowledge)
 
ကွန်ပျူတာမောက်ကို စတင်တီထွင်သူဟာ ဒေါက်လတ်အဲဂျီဘလက် ပဲဖြစ်ပါတယ်။ သို့သော် သူဟာ စတီးဂျော့ ဘီလ်ဂိတ်တို့လောက် မကျော်ကြား မအောင်မြင်ခဲ့ပါဘူး။ တကယ်တော့ သူဟာ စတီးဂျော့ ဘီလ်ဂိတ်တို့ထက် ရှေးဦးတီထွင်သူ တစ်ယောက်ဖြစ်ခဲ့ ပါတယ်။

ဒေါက်လတ်အဲဂျီဘလက်ဟာ ၁၉၇၀ ခုနှစ်မှာ ကွန်ပျူတာတွင် အသုံးပြုနိုင်ရန် သစ်သားဖြင့် ပြုလုပ်သော မောက်ကို စတင်တီထွင်လိုက်ပါတယ်။ ထိုမောက်၏ အောက်ခြေပိုင်းတွင် ဘီနှစ်ဘီးပါရှိပါတယ်။ ထိုမောက်ဟာ ကွန်ပျူတာနှင့် ချိတ်ဆက်အသုံးပြုတဲ့ အခါမှာ အခက်အခဲလေးတွေ ရှိနေပြီး အသုံးပြုလို့ မရဘူးလို့ ဆိုရမှာပေါ့။

ဒေါက်လတ်အဲဂျီဘလက် တီထွင်ခဲ့တဲ့ မောက်ဟာ အသုံးပြုလို့ မရခဲ့ဘူး ဆိုပေမယ့် နောက်ထပ်တီထွင်ဖို့ လမ်းစလေးတွေ ရရှိခဲ့ပါတယ်။ သူဟာ အသက် ၈၈ နှစ်မှာဘဲ ကွယ်လွန်းသွားခဲ့ပြီး မောက်ကို ဒါထက်ကောင်းမွန်အောင် မတီထွင်နိုင်ခဲ့လို့ လူသိနည်း ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူဟာ ယနေ့ခေတ် ကွန်ပျူတာတွင် အသုံးပြုနေသော မောက်ကို တီထွင်ဖို့ လမ်းစကို ရှာဖွေပေးခဲ့သော ကွန်ပျူတာမောက်ကို စတင်တီထွင်သူ ဖခင်ကြီး တစ်ဦးဖြစ်ပါတယ်။ 




ref: ကျော်လင်းနိုင် (Smart Pro ) 

ဆန်းသစ်လာတဲ့ အနာဂတ် စားသောက်ဆိုင် ၀န်ဆောင်မူ များ



Aung Ko Htet (MM IT Knowledge)

အရင်လို စားသောက်ဆိုင်တွေမှာ နှုတ်နဲ့ မှာကြားခြင်းတွေကို ကျော်လွှားနိင်မဲ့ အနာဂတ် Concept တစ်ခု ဖြစ်ပါတယ်။ ဒီ လို စားသောက်ဆိုင် နဲ့ ပတ်သက်တဲ့ တီထွင်မူနည်းပညာတွေကိုတော့ နည်းပညာ တိုးတက်လှတဲ့ ဂျပန်နိင်ငံမှာ တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ စားပြီးတာနဲ့ အဆင်ပြေစွာ ငွေရှင်းနိင်တဲ့ ၀ိုင်ယာလစ် ငွေပေးချေခြင်းတွေ ၊ စားခင်မှာ Interface တွေကိုသုံးကာ ခြေဟန်လက်ဟန်တွေကို သုံးပြီး
အစားအစာ မှာကြားနိင်မဲ့ နည်းပညာတွေ ဖြစ်ပါတယ်။ အခု ထို နည်းပညာတွေကို ဖြစ်ထွန်းလာအောင်လို့ ကြိုးပမ်းနေတုန်း ဖြစ်ပါတယ်။





အဆိုပါ စမ်းသပ်မူတွင် Apple ရဲ့ iBeacon နည်းပညာ လည်းပါဝင်ခဲ့ပါတယ်။ စားပွဲများကြားထဲကနေ စားပွဲတစ်ခုချင်းစီရဲ့ မှာကြားမူတွေကို တိကျမြန်ဆန်
စေမဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ i Device ထဲမှာ ဘလူးတုမ့်လ် ထောက်ကူမူတွေနဲ့ အတူ Manu App တွေမှ တစ်ဆင့် အော်ဒါတွေကို မှာ ကြားနိင်မှာ ဖြစ်ပါတယ်။
ထို App ဟာ i Beacon ကနေတစ်ဆင့် မိတ်ဆွေရဲ့ စားသောက်မူ ပြီးဆုံးပါက ငွေပေးချေမူတွေကို လည်း အလွယ်တကူ ဆောင်ရွက်နိင်စေမှာ ဖြစ်ပါတယ်။

နောက်ထပ် နည်းတစ်ခုကတော့ စားပွဲပေါ်က touch PC ဖြစ်ပါတယ်။ 2D မျက်နှာပြင်ထက်မှာ စားစရာတွေကိုရွေးချယ်နိင်မှာ ဖြစ်ပြီး စားသောက်ဖွယ်ရာတွေက အမယ်တွေ အရသာအကြောင်းတွေကိုပါ အသေးစိတ်ဖတ်ရူနိင်မှာ ဖြစ်ပါတယ်။ ထိုသို့ ဖြစ်ဖို့ကို စားပွဲပေါ်မှာရှိတဲ့ ဖယောင်းတိုင်မီးခွက်ကို ကွန်ပျုတာ မြှားလို့ အသုံးပြုပြီးထောက်ညွှန်နိင်မှာ ဖြစ်ပါတယ်။ ထို စားပွဲဟာ HDMI ဆက်သွယ်ထားတဲ့ TV set တစ်ခု ဖြစ်ပြီး ထို PC ထိုစားပွဲရဲ့ အပေါ်မှာ ရှိတဲ့ အနီအောက်ရောင်ခြည် ဖြတ်သန်းထားတဲ့ Wii Remote ကိုအသုံးပြုထားပြီး စားပွဲပေါ်ကို အလင်းသက်ရောက် ထားတာ ဖြစ်ပါတယ်။

ကောင်းမွန်တိုးတက်ကာ အဆင်ပြေလှတဲ့ နည်းပညာတွေပါပဲ။

ref: Aung Heine ( www.smart.com.mm )
 

Android Wear နဲ့ ထုတ်လုပ်မဲ့ LG G watch



Aung Ko Htet (MM IT Knowledge)

လွန်ခဲ့တဲ့ ( ၂) နှစ်ကျော်က LG ဟာ Google နဲ့ အတူတကွ Nexus စမတ်ဖုန်းနှစ်လုံး၊ Tablet တစ်လုံး စတဲ့ ပစ္စည်း (၃)မျိုးကို ထုတ်လုပ်ခဲ့ပြီးယခုတစ်ခါ (၄) ကြိမ်မြောက် ပစ္စည်း ဖြစ်တဲ့ LG G watch ကို ထုတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ထို LG G watch ကို Google ရဲ့ဝတ်ဆင်မူအခေါ်အရ Android Wear လို့ ခေါ်ပြီး LG ဟာ အခုထက်ထိတော့ အစိတ်အပိုင်းတွေနဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြခြင်း မရှိသေးပါဘူး။

အထက်မှာ ဖော်ပြထားတဲ့ ပုံထဲမှာတော့ Google ရဲ့ ပလတ်ဖောင်း လမ်းကြောင်းပေါ်မှာ အဆိုပါ စမတ်နာရီဟာ တည်ရှိနေတယ်လို့ ဆိုနိင်ပါတယ်။ " OK Google " လို ရိုးရှင်းတဲ့ စကားပြောဆိုနိင်ခြင်း၊ ကွန်မန့်ပေးနိင်ခြင်းတို့ပါဝင်မူကို ရရှိမှာ ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင်တော့ LG ဟာ Motorola နဲ့စာလျှင် Googleရဲ့ အာရုံစိုက်မူမှာ လျော့နည်းတဲ့ အခြား product ထုတ်လုပ်မူ ပါတနာ အဖြစ်နဲ့ ရှိနေပြီး LG ရဲ့ စမန်နာရီဟာ စမတ်ဖုန်းတစ်လုံးရဲ့ ပုံသဏ္ဍာန်နဲ့ ပိုဆင်ပြီး Motorola ကတော့ ရိုးရိုး နာရီ တစ်လုံးနဲ့ များစွာတူလှပါတယ်။

Aung Heine ( www.smart.com.mm )
 

ဂျပန် ဖုန်းတွေ လက်နက်၊ ဒုံးပျံအန္တာရယ်စတဲ့ တိုက်ခိုက်မူတွေကို သတိပေးမူ Alert ကို ရရှိတော့မည်



Aung Ko Htet (MM IT Knowledge)
 
ဂျပန်ဟာ သဘာဝဘေးအန္တာရယ်ထူပြောတဲ့နိင်ငံလို ဆိုစမှတ်ပြုနိင်တဲ့ နိင်ငံတစ်နိင်ငံလို ပြောလို့ရပါတယ်။ ။ ဒီလို ဖြစ်ပျက်လေ့ရှိတဲ့ ဘေးအန္တာရယ်တွေနဲ့ ယခုနေ့တွေမှာ မြောက်ကိုးရီးယားရဲ့ရန်လိုမူတွေ ခံနေရမူကို ကာကွယ်ဖို့အတွက် ပြည်သူတွေကို သတိရှိစေမဲ့ ဆော့ဝဲလ်တစ်ခုကို ပြည်တွင်းရှိဂျပန် ဖုန်းကိုင်ဆောင် သူများဟာ မကြာမီ ရရှိနိင်တော့မှာလို့ သိရပါတယ်။ ဂျပန်နိင်ငံရဲ့ မီးနဲ့ ဘေးအန္တာရယ် စီမံခန့်ခွဲမူ အေဂျင်စီရဲ့ ပြောကြားချက်အရ ဖုန်းပိုင်ရှင်တွေဆီကို သူတို့နေရပ်အတွင်း ရန်သူတွေနဲ့ အခြား လူသားခြမ်းခြောက်မူတွေ လက်နက်တွေရဲ့ ပစ်ခတ်မူတွေအကြားသတိပေးမူတွေကို မကြာမီရ ရှိနိင်တော့မှာ ဖြစ်ပြီး အသက် အန္တာရယ်ကို ကြိုတင်ရှောင်ရှားနိင်မှာ ဖြစ်ပါ တယ်။ ဧပြီ (၁) တွင် အဆိုပါ သတိပေးမူ စနစ်ကို စတင် မှာ ဖြစ်ပြီး ဆော့ဝဲလ် တိုးမြင့်မူတွေ အတွက်လည်း ပူစရာမလိုဘူလို့ သိရပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ဂျပန်နိင်ငံ ဟာဆိုရင် ကမ္ဘာ့ အင်တာနက်လိုင်းဆွဲအား အကောင်းဆုံးနိင်ငံတွေထဲမှာ နံပါတ်နှစ်နေရာကို ပိုင်ဆိုင်ထားတဲ့ အတွက် ထိုကဲ့သို့ ဖုန်းအတွင်း ပြည်သူတွေရဲ့ လုံခြုံမူအတွက် အစိုးရက စီစဉ်ပေးနိင်တာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )
 

လေယာဉ်၊ ဆက်သွယ်ရေး ဂြိုတ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်နိုင်ရန် Facebook စမ်းသပ်လေ့လာလျက်ရှိ



Aung Ko Htet (MM IT Knowledge)

အင်တာနက်လိုင်းကို တာဝါတိုင်များမှတစ်ဆင့် ထုတ်လွှတ်မည့်အစား မောင်းသူမဲ့လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တု၊ နေစွမ်းအင်သုံး လေယာဉ်ပျံများမှတစ်ဆင့် ထုတ်လွှတ်နိုင်ရန် ကမ္ဘာကျော် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook က စမ်းသပ် သုတေသနပြုလျက် ရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
‘ကောင်းကင်ကနေ အင်တာနက်လိုင်း လွှင့်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်’ ဟု Facebook ဝက်ဘ်ဆိုက်ကို ပူးတွဲ တည်ထောင်သူဖြစ်သော မာ့က်ဇူကာဘတ်က Facebook တွင် ရေးသားထားသည်။

ယင်းကဲ့သို့ လေယာဉ်၊ ဆက်သွယ်ရေး ဂြိုဟ်တုတို့မှတစ်ဆင့် အင်တာနက်လိုင်း လွှင့်ထုတ်နိုင်စေရန် အာကာသ လေကြောင်းနှင့် ဆက်သွယ်ရေး နည်းပညာ ကျွမ်းကျင် ပညာရှင်များ ပါဝင်သောအဖွဲ့က စမ်းသပ် လေ့လာမှုများ ပြုလုပ်လျက် ရှိသည်။

Facebook က စည်းရုံး ဖွဲ့စည်းထားသည့် အဆိုပါ ကျွမ်းကျင် ပညာရှင်များတွင် နာဆာအဖွဲ့တွင် အရေးပါသော သုတေသနစင်တာ တစ်ခုဖြစ်သည့် Ames Research စင်တာမှ ပညာရှင်များလည်း ပါဝင်သည်။

ယခုကဲ့သို့ မောင်းသူမဲ့ လေယာဉ် စသည်မှ အင်တာနက်လိုင်း ထုတ်လွှတ်ရန် စမ်းသပ် လေ့လာခြင်းသည် တစ်ကမ္ဘာလုံး မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ အင်တာနက် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
“တစ်ကမ္ဘာလုံး ချိတ်ဆက်ဖို့ဆိုရင် နည်းပညာသစ် ထွင်ဖို့လည်း လိုမှာပဲ။ ဒီအတွက် ကျွန်တော်တို့ရဲ့ ကွန်ရက် စမ်းသပ်ရေးအဖွဲ့က အထူးပြုပြီး လုပ်နေတာပါ” ဟု မာ့က်ဇူကာဘတ်က ပြောကြားသည်။

အဆိုပါအဖွဲ့သည် အမျိုးမျိုးသော တစ်ကမ္ဘာလုံး အင်တာနက်ကွန်ရက် လွှမ်းခြုံခြင်းဟူသော မစ်ရှင် အောင်မြင်စေရန် နည်းဗျူဟာမျိုးစုံကို စဉ်းစားလျက် ရှိပြီး လူနေကျဲသည့် နေရာများတွင် ဆက်သွယ်ရေး ဂြိုဟ်တုမှတစ်ဆင့် အင်တာနက်လိုင်း ထုတ်လွှတ်ရန် စဉ်းစားလျက် ရှိသည်။

ထို့ပြင် ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများအတွက် မီတာ ၂၀၀၀၀ အထက်တွင် မရပ်မနား ပျံသန်းနိုင်သည့် လေယာဉ်မှတစ်ဆင့် အင်တာနက် ထုတ်လွှတ်ရန် စမ်းသပ်လေ့လာလျက် ရှိကြောင်း မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်တွင် ပါရဂူတန်း တက်ရောက် သင်ကြားနေပြီး အရေးပါသော သိပ္ပံ တီထွင်မှုများ ပြုလုပ်နေသည့် လူငယ် တစ်ဦးဖြစ်သူ Yael Maguire က Youtube ဝက်ဘ်ဆိုက်တွင် ပြောကြားသည်။

အင်တာနက်လိုင်း ထုတ်လွှတ်မည့် လေယာဉ်သည် ကမ္ဘာ့ရာသီဥတု ဖြစ်ပေါ်သည့် ဧရိယာ အထက်တွင် ပျံသန်းမည် ဖြစ်ပြီး နေစွမ်းအင်ကို အသုံးပြုကာ တစ်ကြိမ်လျှင် လပေါင်းများစွာ ကြာအောင် ပျံသန်းနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ref: The Voice Weekly 

ရွှေရောင်လည်း ထွက်တဲ့ HTC One (M8)



Aung Ko Htet (MM IT Knowledge)
 
HTC One ရဲ့ နောက်ထွက် စမတ်ဖုန်း ဖြစ်တဲ့ HTC M8 ဟာ ရွှေရောင် အဖြစ်လည်း ထွက်ရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့ လက်တလောမှာတင် ကြေညာ ပြီးသွားဖြစ် ဖြစ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

၅ လက်မ မျက်နှာပြင်က 1920 x 1080 (440ppi) screen အသုံးပြုပြီး 2.3 GHz Snapdragon 800 Processor ကို ထည့်သွင်း ထားပါတယ်။ RAM 2GB ပါဝင်ပါတယ်။ Android 4.4.2 KitKat OS ကို အသုံးပြုထား ပါတယ်။ Dual SIM ကော၊ Single SIM ဗားရှင်းကော ရရှိမှာ ဖြစ်ပါတယ်။ 4 Mega Ultra Pixel ကင်မရာ ပါဝင်ပြီး နောက်ထပ် ကင်မရာ တစ်လုံတောင် တွဲထားပေးပါတယ်။ Dual Shot ကြောင့်မို့ အရည်အသွေး ပိုကောင်းစေမှာ ဖြစ်ပါတယ်။

ရွှေရောင် ဗားရှင်းလည်း ထွက်ရှိပြီး ဈေးနှန်းကတော့ အခြား အရောင် များနဲ့ ကွာခြားမှာ မဟုတ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် အနီရောင်၊ ပြာရောင်၊ မီးခိုး ရောင် အစရှိသဖြင့်လည်း ထွက်ရှိ အုံးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)
 

Tizen OS သုံး Samsung စမတ်ဖုန်းထွက်တော့မည်


Aung Ko Htet (MM IT Knowledge)

 Samsung တို့ ကိုယ်တိုင်ဖန်တီးကြိုးစားထားတဲ့ Tizen OS နဲ့ စမတ်ဖုန်း ထွက်ရှိမယ်ဆိုတာ ၂၀၁၃ နှစ်ကုန် လောက်ကတည်းက ထွက်ရှိတဲ့ သတင်း ဖြစ်ပါတယ်။ ယင်းသတင်းကို သေချာအောင် ယခုတော့ ဖုန်းကိုပါ အလုံးလိုက်အထည်လိုက် မြင်နေရပြီ ဖြစ်ပါတယ်။ Samsung က တရားဝင်ကြောညာခြင်း မဟုတ်ပေမယ့် တောင်ကိုရီးယားအခြေဆိုက် နည်းပညာ သတင်းဌာနများက ဖော်ပြခြင်း ဖြစ်ပါတယ်။

Android OS အစားထိုးမယ့် Samsung ရဲ့  ကိုယ်ပိုင် Tizen OS ဟာ ထူးခြားပါတယ်။ Android အသွင်အပြင်၊ Windows Phone OS အသွင်အပြင် ကို ပြန်ယူထားပြီး iOS7 လို အရောင်နုနု icon လေးတွေ ကို မြင်ရ အုံးမှာ ဖြစ်ပါတယ်။ Home Screen ကတော့ Windows Phone OS နဲ့တောင် မကွာ ပါဘူး။ ဖုန်းကို Zeke လို့ အမည် ပေးထားပြီး Samsung ZEQ 9000 လို့လည်းခေါ်ပါသေးတယ်။ မျက်နှာပြင်အားဖြင့် ၄.၈ လက်မ ရှိပြီး HD မျက်နှာပြင် တပ်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Samsung Galaxy S4 ထက် အရည်ပိုသေး သွားပါတယ်။ Processor ကတော့ 2.3 GHz Qualcomm Snapdragon 800 CPU အသုံးပြုပြီး ကျန်တဲ့ Feature များကတော့ Samsung Galaxy S4 က ဟာ့ဒ်ဝဲများနဲ့ သိပ်မကွာဘူး ဆိုပါတယ်။ သို့ပေမယ့် Android platform ပေါ်က ဖုန်းမဟုတ်တော့ Galaxy စီးရီးနဲ့ သွားယှဉ်လို့ မရပါဘူး။

Zeke က တစ်သီးတခြား ထွက်ရှိလာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Mozilla တို့ Firefox OS မိတ်ဆက် ခဲ့တာမျိုးနဲ့ ဆင်တူနေပါတယ်။ သို့ပေမယ့် စွမ်းဆောင်ရည်နဲ့ Feature များကတော့ ကွဲအုံးမှာပါ။ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက် Mobile World Congress မှာ Samsung တို့ ထုတ်ဖော်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

.

Friday, March 28, 2014

HTC က BlinkFeed ကို အခြား Android Device များအတွက် ပြုလုပ်ပေးမည်



Aung Ko Htet (MM IT Knowledge)

 HTC က Sense 6.0 မှာထည့်သွင်းထားတဲ့ BlinkFeed စွမ်းဆောင်ချက် ကို အခြား ဖုန်းထုတ်လုပ်သူများရဲ့ ဖုန်းများမှာ အသုံးပြုနိုင်အောင် App အနေနဲ့ ပြုလုပ်ပေးမယ်လို့ ကြေညာပါတယ်။ Google Play Store မှာ မကြာမီ တင်ပေးမယ်လို့ပြောပါတယ်။ BlinkFeed က Home Screen မှာ Social Networks နဲ့ ၀က်ဆိုက်တွေက Feeds တွေကို ကြည့်လို့ရတာဖြစ်ပါတယ်။ BlinkFeed စွမ်းဆောင်ချက်ကို HTC အသုံးပြုသူများ က နှစ်သက်ကြပါတယ်။ 



Sense 6.0 မှာ ပါရှိတဲ့ BlinkFeed အသစ်မှာ Images အရွယ်အစားကို Apps Tray မှာလို ပိုမိုကြီးမားအောင် ပြုလုပ်ပေးထားပါတယ်။ Default Home Screen အနေနဲ့ မသတ်မှတ်ထားရင် အပေါ်က Weather Clock ကို ဖယ်ရှားပေးထားပါတယ်။ Content တွေကို ထိန်းချုပ်ဖို့ နည်းလမ်းအသစ်များပါရှိလာ ပါတယ်။ User Interface ပြောင်းလဲထားပါတယ်။

BlinkFeed App ကို Google Play မှာ ဖြန့်ချီပေးလိုက်ပြီဖြစ်ပေမယ့် အခုလောလောဆယ်မှာ HTC One M8 မှာသာအသုံးပြုနိုင်ပါသေးတယ်။ အခြား Android Device များအတွက် BlinkFeed App ကို မကြာမီ ဖြန့်ချီမယ်လို့ သိရပါတယ်။


ref : Myanmar Digital Life

Thursday, March 27, 2014

Sony Xperia M ကို android version 4.3 jelly bean သို့ version မြှင့်နိုင်ပြီ



Aung Ko Htet (MM IT Knowledge)

Sony Xperia M Smart phone မှ ယခုအခါ official android version 4.3 jelly bean ကို မြှင့်တင်ခွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xperia M smartphone ကိုင်ဆောင်ထားတဲ့ customer များအနေနဲ့ 4.3 jelly bean ရဲ့ feature အစုံအလင်ကို အသုံးပြုခွင့်ရတော့မှာဖြစ်ပါတယ်။

အခုထုတ်ပေးလိုက်တဲ့ version အသစ်ကြောင့် Sony Xperia M ကို အသုံးပြုနေကြတဲ့ user တွေအနေနဲ့ camera interface ရဲ့ကောင်းမွန်ထူးခြားတဲ့တဲ့အချက်တစ်ချက်အဖြစ် camera  ရိုက်တဲ့အခါ အလိုအလျောက် ရိုက်ပေးမဲ့ auto shooting modes ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Sony Xperia M အတွက် version အသစ်ရဲ့ထူးခြားချက်နောက်တစ်ခုက battery ခံနိုင်အားကလည်း နောက်ဆုံး percentage ရောက်သည့်တိုင်အောင် ကြာရှည်ခံနေအုံးမှာဖြစ်ပါတယ်။




Sony Xperia M အတွက် နောက်ဆုံးထုတ်ပေးလိုက်တဲ့ Android version ကြောင့် အသုံးပြုတဲ့ user တွေအနေနဲ့ security features ,  user interface နဲ့graphics တို့အပြင် sony ရဲ့ multimedia app တွေဖြစ်ကြတဲ့ Walkman, Album နဲ့ movies တွေဟာလည်း  အသစ်ပုံစံမျိုးတွေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ၄င်း version အသစ်ကို ဥရောပ နဲ့ အာရှ တွေမှာ အသုံးပြုနိုင်အောင် ထုတ်ပေးထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများအနေဖြင့်Settings > About phone > Software updates > System updates တို့တွင်သွားရောက် update လုပ်နိုင်ပြီဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ပဲ မိမိဘာသာမိမိfirmware ကို download စွဲပြီး လည်း update ပြန်တင်နိုင်ပါတယ်။

Ref: Arena

Translate By Aung Ko Htet 

သာမန် MP3 Player မဟုတ်သည့် PonoPlayer



Aung Ko Htet (MM IT Knowledge)


Audio နှင့်ပတ်သက်သည့် လူမှုအသိုင်းအဝိုင်းတွင် "MP3 Player" ဟူသော စကားလုံးသည် ဆိုးရွားသောစကားလုံးဖြစ်သော်လည်း PonoPlayer သည် ၎င်းကဲ့သို့သော အရာဖြစ်သည်။ အဆိုတော် Neil Young ထုတ်လုပ်သည့် Pono Player သည် အရည်အသွေးမြင့် (24-bit/192kHz) သီချင်းကို အရည်အသွေးကောင်းစွာ လွှင့်နိုင်ရန် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပြီး အဆိုပါ MP3 player သည် FLAC, ALAC, MP3, WAV, AIFF နှင့် AAC (ကာကွယ်ခြင်းမရှိသည့်) format များဖြင့် တွဲဖက်အသုံးပြု၍ရသလို အခြား MP3 Player များ ပြုလုပ်နိုင်သည့်အရာများနှင့် high-res အချို့ကို ပြုလုပ်နိုင်သည်။



iPod ကို အတုယူလေ့ရှိသောခေတ်တွင် PonoPlayer ဒီဇိုင်းသည် ထူးခြားလှပြီးသေးငယ်သည့် ထုတ်ကုန်ဖြစ်ကာ အမြင့် ၅ လက်မနှင့် အနံ ၂ လက်မသာရှိသလို ဇောက်မှာ ၁ လက်မခန့်ရှိသည်။ ၎င်း၏ဒီဇိုင်းသည် အရင်ပုံစံဒီဇိုင်းဖြစ်သော်လည်း နောက်ပြန်ဆွဲသည့် ထုတ်ကုန်မဟုတ်ဘဲ ၎င်းတွင် touch မျက်နှာပြင်ပါဝင်သလို စုစုပေါင်း storage 128GB ပါဝင် (onboard 64 GB နှင့် microSD 64GB) ကြောင်း သိရသည်။



PonoMusic က Pono MP3 Player တွင် အားသာချက်များစွာရှိနေပြီး flat ဘက်ထရီထက် ပိုမိုသင့်တော်ပြီး ကြီးမားသောဆလင်ဒါ ဘက်ထရီကို အသုံးပြုထားသည်။ ကုမ္ပဏီက ၎င်း player သည် လက်တစ်ဖက်တည်းဖြင့် ကိုင်တွယ်ရန် လွယ်ကူပြီး သုံးစွဲသူများက desktop သို့မဟုတ် home stereo ပေါ်တွင် ထားနိုင်ပြီး display ကို ဖျောက်ထားနိုင်သည်။ သာမန် PonoPlayer များကို အမည်းရောင် သို့မဟုတ် အဝါရောင်ဖြင့်ရရှိနိုင်ကာ limited-edition ကိုလည်း မှာယူနိုင်သည်။ Kickstarter စာမျက်နှာတွင် ဒေါ်လာ ၄၀၀ ဖြင့် အဆိုတော်ခွေများ စီးရီးလိုက်ဝယ်ယူနိုင်ကာ Willie Nelson နှင့် Arcade Fire ကဲ့သို့ အဆိုတော်များ ပါဝင်သည်။

credit>>> -စိုးထက်
Ref: CNET

ဖုန်းတစ်လုံးနှင့် အင်တာနက် နှစ်ဆယ့်လေးနာရီလုံးသုံးရင် တစ်လမှာ ဘယ်လောက် ကုန်ကျနိုင်သလဲ တွက်ကြည့်ရအောင်



Aung Ko Htet (MM IT Knowledge)


WCDMA OR CDMA
တစ်နာရီ 240
ဆယ်နာရီ 2400
နှစ်ဆယ်နာရီ 4800
နှစ်ဆယ့်လေးနာရီ 5760 ကျပ်ပေါ့
တစ်ရက်လုံး သုံးမယ်ဆိုရင် 5760 ကျပ်ဆိုတော့

တစ်လဆိုရင် ရက် 30 နဲ့တွက်ကြည့် ရအောင်ဗျာ

5760
x30
----------
172800 ကျပ်ပေါ့

တစ်လလုံး နှစ်ဆယ့်လေးနာရီလုံး ဖုန်းအင်တာနက် ဖွင့်ထားမယ်ဆိုရင်

တစ်သိန်း ခုနှစ်သောင်း နှစ်ထောင် ရှစ်ရာ ကျတယ်နော်

ကဲ GSM အင်တာနက်လိုင်းကို တွက်ကြည့်မယ်...

တစ်နာရီ 120
တစ်ရက်24နာရီနှင့်မြှောက်လိုက်မယ် x 24
---------
တစ်ရက်မှာလုံး သုံးငွေ 2880 ကျပ်ပေါ့

ကဲ တစ်လ သုံးမယ်ဆို တွက်ကြည့်ရအောင်နော်

24နာရီး တစ်ရက်မှာ သုံးငွေက 2880
တစ်လ ရက် 30 နှင့်မြှောက် x 30
--------
တစ်လမှာ အင်တာနက်ဖိုး 86400 ကျပ်

တစ်လမှာ GSM အင်တာနက်ဖိုး 86400 ရှစ်သောင်း ခြောက်ထောင် လေးရာ
ကျပ်ဆိုတော့ မြန်မာပြည်သူတွေ မမွဲဘဲ မနေနိုင်အောင်များ
လုပ်ထားလေသလား......
တိုင်းပြည်က ငမွဲစာရင်းတာ တင်ထားတာနော်...

ကဲ ထိုင်းမှာက တစ်လလုံးနှစ်ဆယ့်လေးနာရီ ကြိုက်သလိုသုံး ထိုင်းဘတ်
426 ရှိတယ်.....
မြန်မာငွေနဲ့ တွက်ရင်တော့ တစ်သောင်း လေးထောင် လောက်ဘဲ ရှိမယ်...

ကဲ သုံးတဲ့သူတွေကတော့ ထိုင်းတစ်လစာကို နှစ်ရက်ကျော်နဲ့ ပြောင်ရော သုံးရက်တောင် မသုံးလောက်ဘူး....

ကဲ WCDMA က တစ်လကို 172800 ကျပ်
ကဲဗျာ GSM က တစ်လကို 86400 ကျပ်
ထိုင်းက တစ်လကို 14000 ကျပ်

ကဲဗျာ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆက်သွယ်ရေးက လူတွေ လူကြီးတွေ
ခင်ဗျားတို့လည်း ပြည်သူထဲက ပြည်သူပါဘဲ..
အဲတော့ ဘယ်လို ဖြေရှင်းပေးမလဲ......
လိုင်းအားကလည်း ထိုင်းလောက် မကောင်းဘူး....
ငွေအားကတော့ ထိုင်းထက် အများကြီးယူထားတယ်...
ဘယ်လိုလုပ်မလဲ လဲ
မေးမြန်းကြည့်တာ .......
ဖြေကြည့်ကြပါဦး သုံးစွဲနေတဲ့ ပြည်သူ အပေါင်းတို့ရေ......

ref: (မိုးကောင်းကင် အညာသား)
 

Career ဆိုသည်



Aung Ko Htet (MM IT Knowledge)

Career ဆိုတာဘာလဲ။

Job ဆိုတာ ကကော။လူငယ်တွေအနေနဲ့ မေးသင့်မေးထိုက်တဲ့ မေးခွန်းနှစ်ခု ဖြစ်တယ်။ တကယ်တော့ မေးခွန်းတွေ ဆိုတာထက် ရွေးချယ်မှုလို့ ဆိုနိုင်ပါတယ်။ သင်ဘာကိုရွေးချယ် မလဲ။ Career နဲ့ Job က ဆင် သယောင် ထင်ရသလို၊ ကွဲပြားသလို လဲထင်ရပါတယ်။ အလွယ်ကူဆုံး ဖြေရှင်းနည်းကတော့ Career တစ်ခုအတိုင်း လျှောက်လှမ်းတော့မယ်ဆိုရင် မိမိရွေးချယ်လုပ်ကိုင်လိုက် တဲ့ လုပ်ငန်းနဲ့ တူညီတဲ့ မည်သည့် ကုမ္ပဏီမှာမဆို လုပ်ကိုင်နိုင်ပါတယ်။ ဒီလိုရွေးချယ်လုပ်ကိုင်ရတဲ့ အကြောင်းအရင်းကတော့ Career ရဲ့ရွေးချယ်မှုပါပဲ။



Career ကို စာရေးသူအနေနဲ့ ပြောမယ်ဆိုရင် ပထမဦးဆုံးအိပ် မက်လို့ဆိုချင်ပါတယ်။ လူတိုင်းလူ တိုင်းတွေးတတ်ကြပါတယ်။ ကျွန် တော် အင်ဂျင်နီယာဖြစ်ချင်တယ်။ ကျွန်မ ဆရာဝန်ဖြစ်ချင်တယ်။ အဲ့ဒီလိုရွေး ချယ်တဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်မယ်ဆိုရင်တော့ Career လမ်းကြောင်းနဲ့အတူစီစဉ်လုပ်ကိုင် ဆောင်ရွက်တတ်ဖို့ပါပဲ။ Minnesota State Colleges and Universities များရဲ့ iSeek Solution က ၎င်းရဲ့ www.iseek.org website မှာဖော်ပြထားတာကတော့ Career အတွက် Education Training နှင့် Work Experience တို့ပါဝင်ရမယ်လို့ဆိုပါတယ်။ မိမိ ရွေးချယ်လိုက်တဲ့ Career အ တိုင်း ဆောင်ရွက်နိုင်ဖို့ သင်ယူခြင်း၊ လေ့ကျင့်ခြင်းနှင့် လုပ်ငန်းအတွေ့အကြုံများ ပါဝင်ရမှာပါ။ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းနေရာဒါမှမဟုတ်အခြားအလုပ်မှာလည်း အဆင့်မြင့်တက်ဖို့အတွက် သင်ယူခြင်း၊ လေ့ ကျင့်ခြင်းနှင့်လုပ်ငန်းအတွေ့အကြုံများမှာ ဆက်လက် လိုအပ်လာမှာပါ။



မတူညီတဲ့ အလုပ်တစ်ခုမှ တစ်ခုပြောင်းလဲခြင်းနှင့် Career အတိုင်းဆောင်ရွက်မှုမှာ ကွာခြားချက် တွေရှိသလို Career Plan ရှိသူနဲ့ Career Plan မရှိသူမှာလည်း ခြားနားချက်တွေ ရှိပါတယ်။  အချိန် ကာလ တစ် ခုနဲ့ အတူ သိသာတဲ့ ပြောင်းလဲမှုတွေရှိလာမှာ ဖြစ်သလို၊ မိမိဖြစ်ချင်တဲ့၊ မိမိရောက်ရှိလိုတဲ့ နေရာကိုလည်း Career ဦးတည်နေမှာပါ။Career Plan ထားရှိမယ်ဆိုရင် အလွယ်ကူဆုံးကတော့ အဆင့် လေးဆင့်ခွဲခြား သတ်မှတ်ရပါမယ်။ ပထမအဆင့်အနေနဲ့ မိမိလက်ရှိ ဘာလုပ်နိုင်လဲဆိုတာ၊ ဘာလုပ်ချင်လဲဆိုတာ၊ မိမိလုပ်ချင်တဲ့အရာ ဆီကို ဘယ်လို သွားမယ်ဆိုတာ သိရှိဖို့ လိုအပ်ပါတယ်။ အဲ့လိုသိရှိဖို့ အပြင် ထည့်သွင်း စဉ်း စားရမှာကတော့ မိမိလုပ်ချင်တဲ့ အလုပ်နဲ့အတူ မိမိတတ်ကျွမ်းမှု၊ စိတ်ဝင်စားမှု၊ အရည်အချင်း တို့ကို စဉ်းစားချင့်ချိန် ရမှာပါ။ ဒီလိုသိရှိဖို့ အတွက်ကတော့ မိမိကိုယ့်ကိုယ်ကို ပြန်လည်မေးခွန်း ထုတ်ဖို့ပါပဲ။



ဒုတိယအဆင့်ကတော့ ရှာဖွေ ဖို့ပါပဲ။ မိမိလုပ်ချင်တာသိရှိပြီး မိမိ လုပ်နိုင်တာသိရှိပြီဆိုရင်တော့ မိမိ လုပ်ချင်တာအတွက် ဘာတွေလိုအပ်မလဲ။ ဘယ်လိုအရည်အချင်း တွေလိုအပ်မလဲ။ အလုပ်ကကော ဘယ်မှာ ရှိမလဲ ဆိုတာတွေကို ရှာဖွေရမှာပါ။ လိုအပ်ချက်တွေကို လည်းဖြည့်ဆည်းထားဖို့ လိုအပ်ပါမယ်။ တတိယတစ်ခုကတော့ အစီ အစဉ် စတင်ရေးဆွဲရပါမယ်။ မိမိ အရည်အချင်း၊ စိတ်ဝင်စားမှု၊ ကျွမ်းကျင်မှုတို့နဲ့ ဘယ်လို ကိုက်ညီမလဲ၊ ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုး၊ ကောင်းကျိုး၊ အောင်မြင်မှု၊ ကျရှုံး မှုတို့ကိုလည်း ကြိုတင်တွက်ချက်ပြီး ကိုယ်ဘယ်အရာက စတင်လုပ် ဆောင်ရမယ်ဆိုတာကို ရေးဆွဲရ ပါမယ်။

နောက်ဆုံးအဆင့် လုပ်ဆောင် ချက်ကတော့ ဘယ်လိုနေရာကနေ အကူအညီတွေ ရနိုင်မလဲဆိုတာ နဲ့ ဘယ်လိုလူတွေက အထောက်အပံ့ အနေနဲ့ မိမိကို ကူညီနိုင်မလဲဆိုတာ သိအောင်လုပ်ရပါတယ်။ ဒီလိုသိ ရှိပြီဆိုရင်တော့ လိုအပ်မယ့် အခြေ ခံလုပ်သက်တွေနဲ့အတူ မိမိရွေး ချယ်ထားတဲ့ Career လမ်းကြောင်း ကိုကြိုးစားလုပ်ဆောင်ရမှာပါ။ ဒီ လို Career Plan တစ်ခုအနေနဲ့ ရေးဆွဲလုပ်ဆောင်တဲ့နေရာမှာ တိကျ တဲ့ ဆောင်ရွက်ချက်တွေ၊ အချိန် တွေကိုထည့်သွင်းနိုင်မယ်ဆိုရင် ပိုမို ပြည့်စုံတဲ့ Plan တစ်ခုဖြစ်လာ မယ့်အပြင် မိမိလိုချင်တဲ့ Career အလုပ်ကိုလည်း တိတိကျကျရောက် ရှိနိုင်မှာပါ။



Career အကြောင်းရှင်းလင်း တဲ့နေရာမှာ Job ဆိုတဲ့အခန်းကဏ္ဍ ကလည်း ဖယ်ရှားထားလို့ မဖြစ်ပါဘူး။ Career တစ်ခုရောက်ရှိနိုင်ဖို့ အတွက် ကြားခံဝင်ရောက် လုပ်ကိုင်ရတဲ့ အလုပ်တွေရှိသလို၊ မိမိ Career တစ်ခုအတွက်လည်း လိုအပ်တဲ့ အခြေခံအဆင့် Job တွေ လည်းရှိနိုင်ပါတယ်။ နေရာတစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ ပန်းတိုင်တစ်ခု၊ အိပ်မက်တစ်ခု အောင်မြင်ဖို့ အတွက် ပေးဆပ်မှု၊ ဇွဲ၊ အရည်အချင်းတွေ များစွာ လိုအပ်ပါတယ်။ မြန်မာစကားပုံတစ်ခုဖြစ်တဲ့ “အလောင်းမှန် ရထားဆိုက်သည်” ဆိုတဲ့ အတိုင်း ဘုရားအလောင်းအလျာစစ်မှန်က ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသကဲ့သို့ပင် ထိုက်တန်သော အရည်အချင်းရှိသူသည် ထိုက်တန်သော အခွင့်အလမ်းနှင့် ရည်ရွယ်ချက်ကို ရောက်နိုင်ပေမည်........။



ref: မိုးသူ (ပေါင်းတည်)

Quad HD display ပါဝင်လာသည့် Oppo Find 7



Aung Ko Htet (MM IT Knowledge)


တရုတ်ကုမ္ပဏီ Oppo သည် Find 7 စမတ်ဖုန်းကို မိတ်ဆက်ပြသခဲ့ပြီး ၎င်းတွင် ၅.၅ လက်မ display နဲ့အတူ 2,560x1,440 pixel resolution အသုံးပြုထားသည်။



အဆိုပါ Quad HD မျက်နှာပြင်ကို JDI မှထုတ်လုပ်ပြီး ဖုန်း၏မျက်နှာပြင်တွင် အစိမ်းရောင်အနည်း ငယ်ပါဝင်သည့် အရောင်ကိုအသုံးပြုထားသည်။ Oppo သည် ၎င်း၏ N1 စမတ်ဖုန်းကဲ့သို့ Find 7 စမတ် ဖုန်းတွင်လည်း 4.3 Jelly Bean ကို Oppo ၏ custom Color OS Android skin ဖြင့်တွဲဖက်၍ အသုံးပြုထားကြောင်းကို တွေ့ရသည်။ ထို့အပြင်၎င်းတွင် ပါဝင်သည့် 13-megapixel ကင်မရာသည် မြန်ဆန်ပြီး Super Zoom ကဲ့သို့ feature ပါဝင်သောကြောင့် 50 megapixel ရှိဓာတ်ပုံများ ရိုက်ကူးနိုင်သည်။



အခြား feature များအဖြစ် အားသွင်းရာတွင် မြန်ဆန်ခြင်းနှင့် 4K ဗီဒီယိုရိုက်ကူးနိုင်သလို 4K ဓာတ်ပုံများရိုက်ကူးနိုင်သည်။ Oppo သည်ဧပြီလလယ်၌ Find 7 နှင့် Find 7a စမတ်ဖုန်းများကို ဒေါ်လာ ၅၉၉ နှင့် ဒေါ်လာ ၄၉၉ ဖြင့်တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသွားမည် ဖြစ်ကြောင်းသိရသည်။



-စိုးထက်
Ref:CNET

စမတ်ဖုန်းမှ ထိန်းချုပ်နိုင်သည့် စမတ်မီးလုံးကို LG မိတ်ဆက်


Aung Ko Htet (MM IT Knowledge)


LG သည် Android သို့မဟုတ် iOS app မှတဆင့် ထိန်းချုပ်နိုင် အသုံးပြုနိုင်သည့် စမတ်မီးလုံးများကို မိတ်ဆက် ပြသခဲ့ကြောင်း သိရသည်။



အဆိုပါ မီးလုံးများ၏ တန်ဖိုးသည် တစ်လုံးလျှင် ဝမ် ၃၅,၀၀၀ သို့မဟုတ် ၃၂ ဒေါ်လာ ခန့်ရှိပြီး လတ်တလောတွင် တောင်ကိုရီးယားနိုင်ငံ ၌သာဖြန့်ချိထားသည်။



၎င်းစမတ်မီးလုံးများသည် Android 4.3 နှင့် အထက် သို့မဟုတ် iOS 6.0 နှင့် အထက် အသုံးပြုထားသည့် ထုတ်ကုန်များတွင် Bluetooth မှတဆင့် ချိတ်ဆက် အသုံးပြုနိုင် သည်။ ထို့အပြင် “LG Smart Lighting” feature ပါဝင်သောကြောင့် စမတ်မီးလုံးကို security mode နှင့် party mode အပါအဝင် mode များစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။



ထို့အပြင် သုံးစွဲသူ၏ စမတ်ဖုန်း သို့မဟုတ် tablet ပေါ်တွင် ဖုန်းလက်ခံရရှိပါက စမတ်မီးလုံးတွင် မီးလင်းလာမည့် mode လည်း ပါဝင်ကြောင်း သိရှိရသည်။ မီးလုံး၏ အလင်းကိုလည်း သုံးစွဲသူ အိပ်ယာမှ နိုးလာသည့်အခါ တဖြည်းဖြည်း အလင်းအားနည်းသွားသည့် ပုံစံကဲ့သို့လည်း ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။



Ref: Techienews

Wednesday, March 26, 2014

Chrome အတွက် Google Now ထွက်ရှိ



Aung Ko Htet (MM IT Knowledge)
 
ပြီးခဲ့တဲ့ ရက်အနည်းငယ်အကြာက Chrome ရဲ့ Desktop ဗားရှင်း မှာ Google Now ရရှိတယ်လို့ သိရပါတယ်။


အဆိုပါ Google Now ဟာဆိုလျှင် Android နဲ့ iOS အသုံးပြုသူ နှစ်မျိုးသော သူတွေကို Chrome ကို သုံးနေစဉ်အတွင်း ပါဆင်နယ် ထောက်ကူပေးမှာ ဖြစ်ပြီး အချက်ပေးမူတွေ ကို ရရှိစေမှာ ဖြစ်ပါတယ်။
URL ဘားရဲ့ ဘေးမှာ ပါရှိတဲ့ Google Now Card ထဲမှာ ထို အချက်ပေးမူတွေကို တွေ့ရှိရမှာ ဖြစ်ပြီး ရာသီဥတုဆိုင်ရာ update သတင်းတွေ၊ အားကစားရမှတ်တွေ၊ မီးပ္ပိုင့် ပိတ်ဆိုမူ alert တွေအပြင် ရောက်ရှိလာတော့မဲ့ Event တွေအတွက်ပါ သတိပေးပေးမှာ ဖြစ်ပါတယ်။

အသုံးပြုသူတွေရဲ့မိုဘိုင်းဖုန်းမှာ ပါရှိတဲ့ တည်နေရာကိုလိုက်ပြီး သူတို့ရဲ့ Desktop မှာ Noti တွေကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။
ထို Chrome ပေါ်က Google Now ဟာ တည်နေရာကို လိုက်ပြီး ဆောက်ရွက်ဖော်ပြပေးမှာ ဖြစ်တဲ့ အတွက် ဖုန်းထဲက Setting တွေက ထောက်ကူပေးနိင်ပါတယ်။
မိတ်ဆွေဟာ အလုပ်မှာဆိုရင် Google Now ဟာ အခု အလုပ်ကနေပြန်တဲ့ လမ်းမှာ မီးပ္ပိုင့် ပိတ်ဆိုမူတွေကို အချက်ပေးနိင်ပါတယ်.

Chrome ရဲ့ Beta ဗားရှင်းကိုတော့ အင်္ဂလိပ်နဲ့သာ ရရှိမှာ ဖြစ်ပြီး အခု ကြော်ငြာခဲ့တဲ့ Google Now မှာတော့ ဘာသာစကားမျိုးဆုံးကို ရရှိနိင်မှာ ဖြစ်ပါတယ်။ မိုဘိုင်း အတွက် Google Now ကိုလည်း Update လုပ်နေယ်လို့ သိရပါတယ်။ ထို App ဟာ မတော်တဆမူတွေနဲ့ ပိတ်ဆိုမူတွေဆီကနေ သတိပေးမူတွေ ပေးပို့ပေးမှာ
ဖြစ်ပါတယ်။

ref: Aung Heine ( www.smart.com.mm )
 

Oculus VR ကို Facebook တို့ ဝယ်ယူ



Aung Ko Htet (MM IT Knowledge)
 
Facebook က Social Networking မှာတင် မဟုတ်တော့ပဲ IT Industry မှာ နေရာတစ်ခု ရယူလာကြောင်းကို သက်သေပြခဲ့တာ အတော်လေး ကြာပါပြီ။ အင်စတီဂရန်၊ WhatsApp တို့ကို ဝယ်ယူပြီး ယခု ထပ်မံ ဝယ်လိုက်တာ ကတော့ Oculus VR လို့ အမည်ရတဲ့ Virtual Display head ထုတ်လုပ်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။

၂၀၁၅ မှာ ကုန်ပစ္စည်း ထွက်ရှိလာမှာ ဖြစ်တဲ့ Oculus VR ရဲ့ ပထမဆုံး ထုတ်ကုန်က Oculus Rift ဖြစ်ပါတယ်။ မျက်မှန်လို တပ်ပြီး ဂိမ်းဆော့လို့ ရသလို၊ အခြားသော တီဗီကြည့်ရှုခြင်း လုပ်ဆောင်ချက်များကို ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဂျစ်တယ် အီလက်ထရောနစ် ပစ္စည်း ထုတ်ကုန် ဆိုရင်လည်း မမှား ပါဘူး။ ဒါကြောင့်မို့ Facebook ဟာ ဟာ့ဒ်ဝဲ စီးပွားရေး လုပ်ငန်း ဘက်ကိုလည်း ခြေလမ်းလှည့်လာပြီ ဖြစ်ပါတယ်။

ဝယ်ယူလိုက်တဲ့ စရိတ်က အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရှိပြီး Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် အနေနဲ့ ယခုလို ဝယ်ယူပြီးတော့ Social Network နဲ့ ပူးတွဲ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ ရှိကြောင်း ဆိုပါတယ်။ လက်ရှိ Oculus VR ကုမ္မဏီကို ဝယ်ယူပေမယ့် ယင်းလူများနဲ့ သာ လုပ်ငန်း ဆက်လက် လည်ပတ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

Google ဟာ ကလေးတွေ အတွက် Youtube ကိုပြုလုပ်နိင်ဖွယ်ရှိ



Aung Ko Htet (MM IT Knowledge)
 
တစ်လကို ဗီဒီယို ကြည့်ရူမူ ၆ ဘီလီလျံလောက်ရှိတဲ့ Youtube ဟာ ဗီဒီယို ကြည့်ရူခြင်းနဲ့ ရှယ်ရင်း တွေပြုလုပ်ဖို့ သိပ်ကိုကောင်းတဲ့ ပလတ်ဖောင်းနေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်တွေ ကြားမှာ ဆိုရှယ်မီဒီယာတစ်ခု အနေနဲ့ ဖေ့ဘုတ်ကိုတောင် ရိုက်ခတ်စေခဲ့ပါတယ်။ အခုတော့ Google ဟာ ထို ငယ်ရွယ်တဲ့ ကလေးတွေကြားမှာ တစ်ခုခုပြုလုပ်ပေးဖို့ ရှိနေပါတယ်။ ဟုတ်ပါတယ်။ Youtube ဟာ လောလောဆယ် ကလေးတွေအတွက် မရှိသေးဘဲ
ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေ အတွက်လောက်သာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၀ ) နှစ်အောက် ကလေးတွေအတွက် လုပ်ဆောင်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။

Aung Heine ( www.smart.com.mm )
 

HTC One (M8) ရောင်းချတော့မည်



Aung Ko Htet (MM IT Knowledge)
 
HTC One (M8) လို့အမည်ပေးထားတဲ့ HTC One ရဲ့ ဒုတိယ မျိုးဆက်ဖုန်းကို တရားဝင် မိတ်ဆက် ပြသလိုက်ပြီ ဖြစ်ပါတယ်။

Processor: 2.3 GHz quad-core processorSnapdragon
RAM : 2GB
Display : 441 ppi 5inch (1920 x 1080 resolution)
Camera : the same with HTC One , but Duo Shot

အဓိက ထူးခြား တိုးတက် ပြောင်းလဲမှာ အနေနဲ့က မျက်နှာပြင် ပိုမို အရည်အသွေး ကောင်းမွန်လာမှု၊ ကင်မရာက အရင်အရည်အသွေး ဖြစ်ပေမယ့် Duo Shot ဖြစ်တာကြောင့် ပိုမို ကောင်းမွန်ပြီး ကျယ်ဝန်းတဲ့ ဓာတ်ပုံကို ရရှိ နိုင်စေ ပါတယ်။ 1080p ဗီဒီယို ရီကောဒင်း ရတာကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ကတော့ ၅ လက်မ ရှိပြီး ဒီဇိုင်းကတော့ HTC One ထက် သိပ် သိသိသာသာ ကြီး မပြောင်းလဲ သွားပါဘူး။ သို့ပေမယ့် အလူမီနီယံ ကိုယ်ထည်နဲ့ HTC One (M8) က စတိုင်ကျ ပါတယ်။

ဈေးနှုန်းကို တရားဝင် မကြေညာ ရသေး ပါဘူး။ luetooth 4.0, NFC, 4G LTE, DLNA နဲ့ HTC Connect တို့ ပါဝင်ပြီး HTC 6.0 sense ပါ ပါဝင် ပါတယ်။ ဘက်ထရီက 2,600mAh ပမာဏ ရှိပါတယ်။ HTC One(M8) ကို ယခု ရက်ပိုင်းအတွင်း စတင် ရောင်းချသွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)
 

Tuesday, March 25, 2014

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အိုင်စီတီအသုံးပြုမှု အားနည်းချက်များရှိနေ


Aung Ko Htet (MM IT Knowledge)


ပည်တွင်းကုန်ထုတ်လုပ်မှု (Manufacturing) ကဏ္ဍတွင် အိုင်စီတီအသုံးပြုမှုအနေဖြင့် အားနည်းချက်များ ရှိနေသေးကြောင်း ICT4M Forum မှ Trade Facilitation and Manufacturing ကဏ္ဍဆွေးနွေးပွဲမှ သိရသည်။



မိရိုးဖလာလုပ်ကိုင်နေသော အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအနေဖြင့် အိုင်စီတီအသုံးပြုမှု မရှိသလောက်နည်းပါးပြီး လုပ်ငန်းလည်ပတ်ရန် ရုန်းကန်နေရသော အနေအထားရှိကြောင်း မြန်မာနိုင်ငံစက်မှုကုန် ထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဒေါက်တာ အောင်သိန်းက ပြောသည်။ “Local Traditional SMI တွေကတော့ အိုင်စီတီအသုံးပြုမှု မရှိသလောက်နည်းပါတယ်။ သူတို့မှာ အင်တာနက် အီးမေးလ်အသုံးပြုမှုတောင် မရှိသေးတဲ့လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါတွေကတော့ မိရိုးဖလာလုပ်ကိုင်နေကြတဲ့ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေပါ။ သူတို့က ဘာအတွက်ပဲ ရုန်းကန်နေရလဲဆိုရင် အိုင်စီတီသုံးဖို့နေနေသာသာ သူတို့ရဲ့လုပ်ငန်း ပုံမှန်လည်ပတ်ဖို့အတွက်ကို တော်တော်လေး ရုန်းကန်နေရပါတယ်။ ဒီအုပ်စုကတော့ အစိုးရရဲ့ ဂရုစိုက်မှုနဲ့ အိုင်စီတီကဏ္ဍရဲ့ ပံ့ပိုးမှုအများဆုံး လိုအပ်နေတဲ့အုပ်စုဖြစ်ပါတယ်” ဟု ပြောကြားသည်။



အဆိုပါ လုပ်ငန်းများအနေဖြင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ အလုံးအရင်းဖြင့် ဝင်ရောက်လာချိန်တွင် အခက်အခဲများ တွေ့ကြုံနိုင်ကြောင်းဆိုသည်။ “သူတို့ကို ကျွန်တော်တို့ ဒီအတိုင်းပစ်ထားလိုက်ရင် 2015 AEC  လာတဲ့အခါပဲဖြစ်ဖြစ်၊ FDI အလုံးအရင်းဝင်ရောက်လာတဲ့အခါပဲဖြစ်ဖြစ် ဒီအုပ်စုက အရင်ဆုံးပြိုလဲသွားနိုင်တဲ့အုပ်စု ဖြစ်တဲ့အတွက်ကြောင့် သေချာလေး ဂရုစိုက်ပေးဖို့ တင်ပြပေးနေပါတယ်” ဟု ဒေါက်တာ အောင်သိန်းက ပြောသည်။ ကုန်ထုတ်လုပ်မှု လုပ်ငန်းများအနေဖြင့် အိုင်စီတီအသုံးပြုရန် စိန်ခေါ်မှုများစွာ တွေ့ကြုံရကြောင်း UPG ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးဟန်က ပြောသည်။ “အိုင်စီတီကို သုံးတဲ့အခါမှာ စိန်ခေါ်မှုတွေအများ ကြီးကြုံရပါတယ်။ အဓိကကတော့ အိုင်စီတီနဲ့ပတ်သက်ပြီးတော့ ဖြစ်ချင်နေတာတွေပဲရှိတယ်။ ဘယ်လိုသွားရမှာလဲဆိုတဲ့ ကျွန်တော်တို့ Direction ဘယ်နေရာကို ရောက်နေတာလဲ။ ဘယ်လိုသွားရင်ရမလဲ၊ အဲဒါက ကျွန်တော်တို့အတွက် အရမ်းအရေးပါပါတယ်။ အများစုက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေကြတာပါ” ဟု ဦးအေးဟန်က ပြောသည်။



ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အိုင်စီတီအသုံးပြုရန်မှာ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များ၏ အားနည်းချက်၊ အိုင်စီတီကဏ္ဍ၏ အားနည်းချက် အသီးသီးရှိကြောင်း ဒေါက်တာ အောင်သိန်းက ဆိုသည်။ “Manufacturing ကဏ္ဍအားနည်းချက်က လုပ်ငန်းရှင်တွေဖက်က ICT နဲ့ပတ်သက်ပြီးတော့ လိုအပ်မှ လိုသလို အသုံးပြုပါတယ်။ ကျွန်တော်တို့မှာ ဘတ်ဂျက်မရှိဘူး။ အိုင်စီတီကဏ္ဍရဲ့ အားနည်းချက်ကတော့ သူတို့လောလောဆယ်မှာ ကျွန်တော်တို့ Manufacturing ကဏ္ဍက လိုအပ်တဲ့ ထိရောက်တဲ့ Solution တွေ၊ Reliable ဖြစ်တဲ့ Software တွေ လုပ်ပေးနိုင်ခြင်း မရှိပါဘူး။ အဓိကက ဘာဖြစ်လို့လဲလို့ပြောရင် အိုင်စီတီဘက်ကလူတွေက ကျွန်တော်တို့ Manufacturing ကဏ္ဍရဲ့  Domain Knowledge ကို တော်တော်လေးအားနည်းပါတယ်” ဟု ပြောသည်။



ကုန်ထုတ်လုပ်မှုကဏ္ဍ၏ လုပ်ငန်းရှင်များ ရွေးချယ်လိုက်သော ထုတ်ကုန်များမှာ ရေရှည်အတွက် အသုံးဝင်ရန် အဓိကကျကြောင်းဆိုသည်။ “ကျွန်တော်တို့ ရွေးချယ်လိုက်တဲ့ ICT Solution တွေဟာ ရေရှည်အသုံးခံရပါမယ်။ ရေရှည်မှာ လုံခြုံစိတ်ချရပါမယ်။ ရေရှည်မှာ ဝန်ဆောင်မှုကောင်းဖို့လည်း လိုအပ်ပါတယ်။ အဲ့လို စံချိန်စံညွှန်းနဲ့ ပြည့်စုံတယ်ဆိုရင် အိုင်စီတီကို ရဲရဲတင်းတင်း များများစားစား အသုံးပြုမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အင်မတန်မှလိုအပ်နေပါတယ်” ဟု ဆက်လက်ပြောကြားသည်။



ref: ထွန်းထွန်း၊ ဝေဝေ