Powered by Blog - Widget

Friday, August 29, 2014

ကမ္ဘာကြီးကိုပြောင်းလဲပစ်နေသည့် အသက် (၃၀) အောက် လူငယ်မီလီယံနာများ



 
Aung Ko Htet (Myanmar IT Knowledge)
ရေးသူ-ခိုင်မင်းညို
လူငယ်တွေဟာ ယနေ့ခေတ်မှာ ထိုင်မနေကြတော့ပါဘူး။ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကို တွေးတောကြံဆရင်း သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုပုံဖေါ်ဖို့အတွက်ကြိုးစားနေကြပါတယ်။ သူတို့မှာအတွေ့အကြုံအရ ဝါနုနေပေမဲ့ မကြောက်မရွံ့ဘဲနဲ့ ပုံသေ ရေရှည်စီးပွားရေးပုံစံထဲက ခွဲထွက်ပြီးတော့ နည်းပညာကို အခြေခံတဲ့ ချဉ်းကပ်မှုအသစ်အဆန်းကိုအသုံးပြုပြီး စီးပွားရေးနယ်ပယ်ထဲမှာ လူငယ်တွေဝင်ရောက်လာကြပါတယ်။ အင်တာနက်သုံးစွဲမှုမြင့်တက်လာခြင်းနဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့အတူ လူသုံးကုန်ပစ္စည်းတွေနဲ့ သတင်းအချက်အလက်တွေဟာ ပွင့်လင်းမြင်သာပြီးတော့ လွယ်လွယ်ကူကူနဲ့ လူတွေဆီကို ရောက်စေပါတယ်။ အတွေ့အကြုံမရှိတဲ့ အကျိုးသင့်အကြောင်းသင့်မစဉ်းစားတဲ့ ကျောင်းအိုဟောင်းကြီးတွေရဲ့ အုပ်ချုပ်မှုနည်းစနစ်တွေဟာ လွယ်ကူရိုးရှင်းတဲ့ စီးပွားရေးပုံစံဖြစ်စေပါတယ်။ အိမ်မက်အကြီးကြီးတွေနဲ့စတင်သူတွေဟာ သူတို့ရဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီးတော့ စခဲ့ကြပေမဲ့လည်း လက်တွေ့မှာတော့ စိတ်ကူးထားသမျှ ဘာတစ်ခုခုမျှဖြစ်မလာပါဘူး။
တစ်ခါတရံ ရဲဝံ့စွန့်စားတာက အကျိုးအမြတ်ကို ပိုများစေပါတယ်။ အသက်သုံးဆယ်မတိုင်ခင် ဒီနှစ်အတွင်းမှာ မီလီယံနာတွေဖြစ်လာတဲ့ လူငယ်တွေက အောင်မြင်မှုတွေကို ရှာတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ကားအငှားလုပ်ငန်း၊ အဝတ်ဗီရိုထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့ ရိုးရှင်းလွယ်ကူလှတဲ့ စာစီစာရိုက်လုပ်ငန်းတွေမှာတောင် အမြင်အားဖြင့် မပြောင်းလဲဘဲ ဘ၀သစ်ကို စတင်နေကြပါတယ်။ အသက်အရွယ်အားဖြင့် ငယ်ပေမဲ့လည်း နောက်ဆုံးမှာတော့ သူတို့အနေနဲ့လွမ်းမိုးမှုတွေများလာမယ်ဆိုတာကို မျှော်လင့်နေကြပါတယ်။ ၁။Brian Wong သို့မဟုတ် အသက် ၂၃နှစ် မှာ
==============================
အချိန်ကိုငွေအဖြစ်ပြောင်းလဲပစ်သူ
=========================
အထက်တန်းကျောင်းမှာ အတန်း ၄ တန်းကိုကျော်ပြီးအသက် ၁၈ နှစ်မှာ ကောလိပ်တစ်ခုက ဘွဲ့ရပြီးနောက်Brian Wong ဟာ စီးပွားရေးနယ်ပယ်ထဲကို ၀င်ရောက်ခဲ့ ပါတယ်။Digg သတင်းဌာနမှာ ၀င်ရောက်လုပ်ကိုင်ရင်းအောင်မြင်မှုအတွက် ပထမခြေလှမ်းစခဲ့ပါတယ်။ငါးလအကြာမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ နောက်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
Brian Wong ဟာ ဘုရားကျောင်းနားကလမ်းမှာ လမ်းလျှောက်နေတုန်း လေယာဉ်တစ်စီးက အပေါ်ကနေဖြတ်ပျံတဲ့အခါစိတ်ကူးသစ်တစ်ခုကို ရခဲ့ပါတယ်။ အဲဒါကတော့ လူတွေဟာ မနက်အိပ်ရာထပြီး အလုပ်သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာတောင် သူတို့ရဲ့ စမတ်ဖုန်းထဲက ဂိမ်းကို ကစားနေတယ်ဆိုတာပါပဲ။ မိုဘိုင်းဂိမ်းတွေဟာ အချိန်တိုအတွင်းမှာ ခေတ်စားလာမယ်ဆိုတာက Brian Wong အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီးတော့ လူတွေက ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက်သဘောကျနှစ်သက်နေရလဲဆိုတာက Brian Wong အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ သတိထားမိတာတစ်ခုက အောင်မြင်မှုတွေက ဆက်လက်ရှိနေမှာဖြစ်ပြီးတော့ ဒါတွေကလည်းလူတွေကို ပြန်လည်ထိုးနက်မှာဖြစ်ပြီး အဆင့်ဆင့် အမှတ်တွေများများရအောင် ကြိုစားကြမှာဖြစ်တယ်။ အခိုက်အတန့်တစ်ခုအလိုက် လူတွေက ပျော်ရွှင်ကြမှာဖြစ်ပြီးတော့ အဲဒီဂိမ်းတွေမှာပါတဲ့ မိုဘိုင်းကြော်ငြာတွေက ပါးရိုက်ချင်စရာကောင်းလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဂိမ်းတွေမှာ ကြားဖြတ်ပြီးတော့ ခေါင်းစီးကြော်ငြာတွေထွက်ပေါ်လာတာတွေဟာ ဂိမ်းကစားသူတွေအတွက် အနှောက်အယှက်ဖြစ်စေပြီးတော့ သုံးစွဲသူတွေကို ဝေးကွာစေမှာဖြစ်တယ်လို့ Wong က သုံးသပ်ပါတယ်။ ကြော်ငြာတဲ့ အမှတ်တံဆိပ်အနေနဲ့လည်း သုံးစွဲသူတွေအတွက် ဆုတွေချီးမြှင့်ပြီးတော့ အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။ Wong ဟာ သူယခင်အလုပ်က သူငယ်ချင်း Courtney Guertin နဲ့အတူ ဒီဇိုင်နာ Amadeus Demarzi ကိုစုစည်းပြီးတော့ San Francisco အခြေစိုက် Kiip လို့ခေါ်တဲ့ အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှာတည်ထောင်ပြီးမိုဘိုင်းဆိုင်ရာကွန်ရက်ဆုကိုရယူခဲ့ပါတယ်။
Kiip ရဲ့ နည်းပညာက Android နဲ့ IOS တွေကိုပေါင်းစပ်ထားတာဖြစ်ပြီး သုံးစွဲသူတွေနဲ့ အမှတ်တံဆိပ်တွေကို ဆက်သွယ်ပေးဖို့ code တွေကို ပေါင်းစပ်ဖို့အတွက် Developer တွေကို ခွင့်ပြုထားပါတယ်။ ဥပမာအနေနဲ့ ဂိမ်းကစားလွန်းတဲ့ကလေးတွေဟာ အမှတ်အများဆုံးရပြီးတော့ ဆုတွေအပြင် သကြားလုံးတွေလည်းရခဲ့ကြပါတယ်။
Kiip ဟာ မိုဘိုင်းဂိမ်းတစ်ခုတည်းကိုပဲကစားတာဖြစ်ပြီး ပြင်ဆင်ခြင်း၊ တေးဂီတ၊ ချက်ပြုတ်ခြင်းစတဲ့ ကဏ္ဍတွေခွဲထားပြီး မိုဘိုင်းဂိမ်းအခန်းကဏ္ဍကို တိုးချဲ့ခဲ့ပါတယ်။ Gatorade လို အမှတ်တံဆိပ်တွေကျတော့ အသုံးပြုသူတွေဟာ အောင်မြင်သွားကြတဲ့အခါ သောက်စရာတွေကို အခမဲ့ ဝေငှသွားနိုင်မဲ့အခွင့်အရေးတွေရရှိကြပါတယ်။ Kiip ရဲ့ ကွန်ရက်မှာ ကုန်အမှတ်တံဆိပ်ပေါင်း ၁.၀၀၀ ကျော်ပြီးတော့ သုံးစွဲသူတစ်ယောက်ယောက်က ဆုတစ်ခုအတွက် တောင်းဆိုလာတဲ့အခါ ကုန်အမှတ်တံဆိပ် ၁၅၀ ကျော်လောက်က ဆုတံဆိပ်အတွက် တက်တက်ကြွကြွပါဝင်ကြပါတယ်။ Kiip ဟာ ထုံးစံအတိုင်း ၃ ဒေါ်လာရဲ့ ၃ ရာခိုင်နှုန်းအကျိုးအမြတ်ယူပြီးတော့ စံသတ်မှတ်မှုတွေနဲ့အညီ Developer တွေနဲ့ အချိုးညီ အမြတ်တွေကို ခွဲယူပါတယ်။ ဒီကုမ္ပဏီမှာ မနှစ်က သုံးစွဲသူ ၄ သန်းကနေ ဒီနှစ်မှာ သုံးစွဲသူပေါင်း ၁၀ သန်းလောက်ဟာ နေ့စဉ်လည်ပတ်နေကြပြီး နှစ်စဉ်အခွန်ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၁၀ သန်းကနေသန်း ၂၀ အထိအခွန်ပေးအပ်ပါတယ်။
Kiip ဟာ True Ventures၊ Relay Venturesနဲ့ Crosslink Capital လိုမျိုး ရင်းနှီးမြုပ်နှံသူတွေဆီက အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်လောက် ရရှိခဲ့ပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံတာဟာ ကုမ္ပဏီကိုပိုမိုတိုးတက်စေပြီးတော့ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကုန်အမှတ်တံဆိပ်တွေအတွက် ကိုယ်ပိုင်ဝန်ဆောင်မှုတစ်ခုကို ဖန်တီးပြီးတော့ အခွန်ဘဏ္ဍာအတွက် ၃၀ ရာခိုင်နှုန်းဖန်တီးပေးပြီးဖြစ်ပါတယ်။
နောက်ခြေလှမ်းသစ်တစ်ခုအနေနဲ့ Kiip ဟာ စမတ်ဖုန်းအလွန် တစ်ခြား ကိရိယာတွေနဲ့ဆက်သွယ်ပေးနိုင်မယ့် စနစ်တစ်ခုဆီကို ကြိုးစားဖန်တီးနေတုန်းဖြစ်ပါတယ်။ မတ်လမှာ Mojio နဲ့ပူးပေါင်းပြီး ကားတွေကို စမတ်ကားဖြစ်အောင်ပြောင်းလဲနိုင်အောင် Cloud လိုမျိုး ဆက်သွယ်နိုင်မယ့်ကိရိယာတွေပါဝင်တဲ့ app ကို တီထွင်သွားမယ်လို့သိရပါတယ်။ Kiip ဟာ Mojio ရဲ့ app နဲ့ပေါင်းစပ်ပြီးတော့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် ဆုတွေကို သုံးစွဲသူတွေဆီ ကားမောင်းနေစဉ်အတွင်း နေ့စဉ် ပေးစွမ်းနိုင်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ကားမှာဆီလိုနေတာတွေကို ပြပေးတာတွေ၊ ကားကုမ္ပဏီရဲ့ Discount ပေးတဲ့ဝန်ဆောင်မှုတွေကို ဖေါ်ပြပေးတာတွေကို ပြုလုပ်ပေးပါတယ်။
Kiip ဟာ စမတ်ဖုန်းတွေ app တွေအတွက် အကန့်အသတ်မထားပါဘူး။ ငွေလဲလှဲမှုတစ်ခုကဲသို့ အချိန်တစ်ခုကို ကျွန်တော်တို့အတွက် အတင်းအကျပ်ပြုတာတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေက တိုင်းတာနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ ပင်ကိုအားဖြင့် လူသားဆန်ပြီးတော့ အနာဂတ်အတွက်ဆက်စပ်မှုကို ကိရိယာတွေကတစ်ဆင့် ဆက်သွယ်နိုင်တာတွေပေါ်ထွက်လာမယ် လို့ Wong က ပြောသွားပါတယ်။

(Myanmar B2B Management Magazine)

Tuesday, August 19, 2014

Social Media Website တို့၏ ဘုရင် Facebook



Aung Ko Htet (MM IT Knowledge)

ကမ္ဘာပေါ်မှာ Social Media Website တွေများစွာရှိပါတယ်။ အဲ့ဒီထဲကမှ facebook ဟာ ဘာကြောင့် လူကြိုက်များကြတာလဲ။ တကယ်တန်း ဈေးကွက်စီးပွားရေး အရ ဆိုရင်လျှင်တော့ ဥရောပ ထုတ်ကုန်ပစ္စည်းအများစုဟာ အာရှကို ရောက်လာပြီဆိုတာနဲ့ ကမ္ဘာကျော်သွားကြတာများပါတယ်။ Facebook ဟာလည်း ဒီလိုပါပဲ။ အာရှက Social Media Website အသုံးပြုသူ အများစုအား အသုံးပြုမှု လွယ်ကူစေခြင်း၊ ရိုးရှင်တဲ့ အသွင်အပြင်များနှင့် အသုံးပြုသူ user များအား ဖမ်းစားထားနိုင်ခြင်းတွေကြောင့် လူကြိုက်များနေခြင်းဖြစ်ပါတယ်။

အထူးသဖြင့် အရေးကြီးဆုံး အချက်ကတော့ messager လို့ခေါ်တဲ့ Chatting ပဲဖြစ်ပါတယ်။ တခြား social website တွေမှာ message ပို့ဖို့အတွက် သီးသန့် tab တစ်ခု ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ online လား offline လားဆိုတာကို ကျွန်တော်တို့တွေ မသိနိုင်ပါဘူး။ Facebook မှာတော့ Caht box မှာ online/ offline ကို တခါတည်း ဖော်ပြပေးထားတဲ့အတွက် အသုံးပြုသူတွေကို အကြိုက်တွေ့စေခဲ့ပါတယ်။

Social လို့ဆိုလိုက်တာနဲ့ အပြင်လောကမှာ ဖြစ်နေတဲ့ လူနေမှု ပုံစံအတိုင်းကို Online မှာ ရရှိနိုင်အောင် facebook ကဖန်တီးပေးထားတဲ့အတွက်လည်း လူကြိုက်များစေတာဖြစ်ပါတယ်။ လူအသုံးပြုမှု များလာတာနဲ့အမျှ စီးပွားရေး လုပ်ငန်းရှင်တို့အတွက် စိတ်ကြိုက်ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ စီးပွားရေး Website တွေကို ကြော်ငြာကြမယ်။ ဒီအတွက်ကြောင့် Company တွေအနေနဲ့ မဖြစ်မနေ ကိုယ်ပိုင် website တွေ ဖန်တီးရတော့မယ်။ ပြီးတော့မှ လူသုံးအများဆုံး ဖြစ်တဲ့ Social Media Website တွေမှာကိုယ့်ရဲ့ Website တွေကို ကြော်ငြာကြမယ်။ ဒါဆိုရင် အချိန်ရယ် ငွေရယ်သင့်ကို စိတ်အနှောင့် ယှက်ဖြစ်စေပါတယ်။

ဒီအချက်ကို မှန်းစမိတဲ့ Facebook ရဲ့ အတွေးအခေါ်ကတော့ တကယ်ကို အံ့မခန်းစရာပါပဲ။ အချိန်တိုအတွင်း မိမိ Company ရဲ့ product တွေကို ပြည့်ပြည့်စုံစုံနဲ့ လူအများကြားမှာ ကြော်ငြာနိုင်ဖို့အတွက် Fan Page ကို ဖန်တီးလိုက်ပါတယ်။ ဒါဟာ စီးပွားရေး သမားတွေ online advertising အတွက် Facebook ကို လက်မလွှတ်ကြတဲ့ အဓိက အချက်ပဲဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် Social Media Website လောကမှာ Facebook ဟာ ဘုရင် တစ်ပါးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။




Sunday, August 17, 2014

ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် အပိုင်း-3 (MP3)


Aung Ko Htet (MM IT Knowledge)


 File Size = 3 MB

ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် (MP3).Shwe FM မှ လွင့်ပေးထားသော ဆရာတော်ဟောကြား ထားသည့်အပိုင်းများကိုစုစည်း၍ တင်ပေးခြင်းဖြစ်ပါတယ်။

ဝိပသနာအကြောင်းကိုပဲ သီးသန့်ဟောကြားထားခြင်းမဟုတ်ပဲ ဘ၀တွင်ကောင်းမွန်စွာ နေထိုင်နိုင်စေ ရန် ဟောကြားနည်းလမ်းပြပေးထားခြင်းဖြစ်သည့်အတွက် နားလည်ရလွယ်မယ် လို့လည်း ထင်ပါတယ်။ တစ်ပိုင်းချင်းစီ တင်ပေးတာက Download လုပ်ရတာ လွယ်အောင်လို့ပါ။ File Sizeက 3 MB သာ သာပဲ ရှိတော့ မြန် လည်းမြန်ပါတယ်။

အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

Download Here


အဆင်မပြေတာတွေရှိရင် ကျွန်တော့်ကို ချက်ချင်းပြောပါနော်။ link သေတာတို့ download လုပ်လို့မရတာတိုပေါ့။ ကျွန်တော် ဘာ ads မှ မခံထားပါဘူး။ download လုပ်ရတာ ကြာနေမှာဆိုးလို့ပါ။

Aung Ko Htet

ကွန်ပျူတာက Download Manager မှာ ဆွဲထားတဲ့ဖိုင်တွေ Resume မရပါက ရအောင်လုပ်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ........................
ဒီနေ့ PC က IDM မှာ ဆွဲထားတဲ့ဖိုင်တွေ
Resume Download လုပ်လို့မရတော့တဲ့အခါ
ရအောင်လုပ်မည့်နည်းလေးကို တင်ပေး
လိုက်ပါတယ် ။တကယ်ရပါတယ်နော်
ပြောထားသလိုပဲ လုပ်ကြည့်လိုက်ပါ
ကဲစရအောင် ပထမဆုံးသားတို့Resume
 လုပ်ချင်တဲ့ ဖိုင်ဆီကို Download Manager
ကနေတဆင့်သွားလိုက်ပါ  ရောက်ပြီဆိုရင်
ဖိုင်ကို ထောက် Right Click  >>>>>
Reflesh download adress  ဆိုတာလေးကို
နှိပ်လိုက်ပါ


Broswer ကနေ သွားနေပါလိမ့်မယ်
ခဏလေးစောင့်ပါ အဲ့မှာ အရင်ဆွဲထားတဲ့
ဖိုင်ဆီရောက်သွားရင် Download အသစ်
ထပ်ဆွဲပါ IDM နဲ့ ပဲပြန်ဆွဲနော်
0k ဆွဲနေပြီဆိုရင် pause ထားပါ
Downlaod Manager ဆီပြန်သွား ဆွဲနေတဲ့
အသစ်ပေါ်မှာ  Right Click  >>>>>
Properties ထဲက



ပြီးရင် အနီနဲ့ ၀ိုင်းပြထားတဲ့ Link တွေ
အကုန်လုံးကို Copy လုပ်ပါ ။ ok ပြီးရင်
အရင် Resume လုပ်မရတဲ့ဖိုင်ကိုသွား
Right Click >>>>>  Properties
ခုနက ပြတဲ့နေရာလိုမျိုးမှာပဲ
လင့်တွေအားလုံး Paste လုပ်လိုက်ပါ
ပြီးရင် ok ပေးလိုက်ပါ။ ပြီးရင်အဲ့ဖိုင်
ကို Resume လုပ်လိုက်ပါ။



အဆင်ပြေစွာနဲ့ ဆက်ဒေါင်းနေပါလိမ့်မယ်
 အဲ့ဒါဆို ဘယ်လောက်ပဲ ဆိုဒ်ကြီးကြီး
ကြောက်စရာမလိုတော့ပါဘူးပေါ့
ရှင်းရှင်းပြောရရင်တော့ ဗျာ
အဟောင်းကဆွဲမယ့် လင့်ကိုအသစ်က
ဆွဲမယ့် လင့်နဲ့အစားထိုးလိုက်တာပဲ
အဆင်ပြေမယ်မလား The Avengers
ဇတ်ကားလေးလာနေလို့ ကြည့်လိုက်အုံးမယ်ခ်ခ်







အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

Friday, August 15, 2014

Youtube ပေါ်က Video တွေ ဘာ Download Manger မှ မသုံးဘဲ အလွယ်ဒေါင်းနည်း။



အားလုံးပဲ မင်္ဂလာပါခင်ဗျာ……………..
ဒီနေ့တော့ ပိုက်ဆံနည်းနည်းဖြုန်းချင်တာနဲ့ Youtube ပေါ်တက်ပြီး Hot ဖြစ်နေတဲ့ video တွေ ဒေါင်းမလို့ဗျာ
IDM ကတော့ရှိတယ် ဒါပေမယ့် IDM က တစ်ချို့ Video ဆွေဆို download မပေးဘူးဗျာ.
အဲ့ဒါနဲ့ လက်ကမြင်းပါလေရော။ အဲ့မှာ ဘာတွေ့သွားလဲဆိုတော့  ဘာ ဆော့ဝဲမှ မလိုဘဲ Youtube ပေါ်က video 
တွေကို ဒေါင်းလို့ရအောင် လုပ်မယ် ပေါ့ဗျာ   ဘယ်လိုလုပ်မှာလဲ ??????.
ပထမဦးဆုံး သားတို့ youtube ပေါ်က ကိုယ်ဒေါင်းချင်တဲ့ Video တွေဆီအရင် သွားလိုက်ပါ။

ရောက်ပြီဆိုရင် သား ၀ိုင်းပြထားတဲ့ လင့်ကို ကြည့်ပါ ။ www.youtube.com xxxxx ပေါ့ အဲ့မှာ (www.)နေရာကို (ss) အစားထိုးပေးလိုက်ပါ အောက်ကပုံအတိုင်းနော်


 Enter ခေါက်ပါ ။ ခဏလေးစောင့်ပါ ။အဲ့မှာ တခြားလင့်ကနေ box တစ်ခုကျလာပါလိမ့်မယ် /


အဲ့လိုလေး ပေါ်လာရင်တော့ အရင်ဆုံး download ဆိုတာလေးကို နှိပ်ပါ။ Generate လုပ်နေတုန်း ခဏလေးစောင့်ပါ။ ပြီးသွားရင်  အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်


 အဲ့မှာ Mp4 ရယ် more ဆိုတာလေး ပါလိမ့်မယ် MP4 ဆိုတာလေးနှိမ့်လိုက်ရင် တော့ Mp4 Format နဲ့ ဒေါင်းပါလိမ့်မယ် ၊ ကိုယ်ကတခြား Format နဲ့ ဒေါင်းချင်ရင်တော့ More ဆိုတာလေး နှိမ့်ပြီး ကြိုက်တာနဲ့ ဒေါင်းနှိင်ပါ တယ် (မသိသောသူများအတွက်ပါ p အများဆုံးကတော့ Resolution ရုပ်ထွက်အကောင်းဆုံးပါ )  ဖုန်းနဲ့လည်း ဒီအတိုင်းပါပဲ၊ ဖုန်းနဲ့ ဆွဲချင်သူများအတွက် PDf ထုပ်ထားပေးတာပါ။ Offline ဖတ်လို့ရတာပေါ့











Download Pdf; (1.16) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................



Aung Ko Htet (MM IT Knowledge)

ဖုန်းပေါ်မှာ နိုင်ငံခြားဇတ်ကားတွေကို မြန်မာစာတန်းထိုးပြီး ကြည့်ရအောင်

ခေါင်းစဉ်အတိုင်းပါပဲ သားတို့ နိုင်ငံခြားဇတ်ကားတွေကို
ဖုန်းပေါ်မှာကြည့်တဲ့အခါ မြန်မာစာတန်းထိုးပြီး ကြည့်ကြ
ရအောင်ဗျာ  အရင်ဆုံး myanmar subtitle font
ဖိုင်ကို အရင်ဒေါင်းရပါမယ်။အဲ့ font ဖိုင်ကို ကိုယ်ကြည့်မယ့်
Movies နဲ့ တစ်ဖိုင်ထဲထည့်ပေးရပါမယ်
(နမည်အတူတူပေးထားရပါမယ်)။ ပြီးရင် player ထဲက
menu >>>>> subtitle >>>>> setting >>>>
font box ထဲက select font folder ကိုနှိပ်
အဲ့ကနေ ကိုယ်ထားခဲ့တဲ့  font ဖိုင်ဆီကို ရွေးပေးလိုက်
အဲ့ဒါဆိုရင် ကိုယ်ကြည့်မယ့် Movies က အောက်ပါအတိုင်း
မြန်မာလို စာတန်းထိုးတော့မှာပါ






Download Myanmar Subtitle Font ; (0.01) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

Plants And Zombies 2 For android



Cover art







အားလုံးပဲမင်္ဂလာပါခင်ဗျာ   .......................
Plants and Zombies  လို့ ပြောလိုက်ရင်
မသိတဲ့သူ မရှိသလောက်ပါပဲ အခုလည်း
android အားလုံးအတွက်
အသစ်ထွက်လာတဲ့ Plants and
Zombies 2



plantsvszombis2-featured-big

 Plants vs Zombies 2 for PC Download






Download ; (6) MB ; Apk
Here

Download (157) MB ; OBB
Here




အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

Android application တွေကို apk tool နဲ့အလွယ်ဆုံးပြုပြင်ကြမယ်


ဒါလေးကတော့ သားတို့ apk တွေကို ပြုပြင်လို့ရမယ့် နည်းလေးပါ
သားကိုယ်တိုင်ရှာတွေ့တာမဟုတ်ပါဘူး FB ပေါ်က Bro Htoo Phyo(MITG)
ကတစ်ဆင့်သိလာတာပါ  သူပြောတာကတော့ apk တွေကို
ကိုယ့်ဥာဏ်ရှိသလောက်ပြင်လို့ရမှာပါ ။ apk ရေးတာ မဟုတ်ဘူးနော်
ရှိပြီးသား apk ကိုပဲ ပြင်လို့ရမှာ။ဒီမှာတော့ မတင်ပေးတာ တခြားမဟုတ်ပါဘူး
ဆိုဒ်လေးသွားမှာ မို့လို့ပါ။

ကဲအောက်မှာ apk tool နဲ့ လုပ်ပုံလုပ်နည်း စာအုပ်ကို ဒေါင်းလိုက်ပါဦး



Download Apk Tool; (50.4) MB

Speedshare

Download Book ;(2.98) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................



Aung Ko Htet (MM IT Knowledge)

Wednesday, August 13, 2014

Google က အာရှတွင် အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် ရေအောက်ကြိုး တည်ဆောက်မည်



Aung Ko Htet (MM IT Knowledge)
 
Google က အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် အတွက် ရေအောက်ကြိုး တစ်ခု တည်ဆောက်မည် ဖြစ်သည်။ Google က အာရှတွင် အင်တာနက် အမြန်နှုန်း မြှင့်တင်ရန် အတွက် ဒေါ်လာ သန်းသုံးရာတန် ရေအောက်ကြိုးတည်ဆောက်ရန် ရင်းနှီးမြှပ်နှံထားသည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်လာပြီဟု ကြေညာလိုက်ပါသည်။


ရေအောက်ကြိုး အမည်ကို “Faster” ဟု ပေးထားပြီး ဆန်ဖရန်စစ္စကို၊ လော့စ်အင်ဂျလိစ်၊ ဆီရေတယ်၊ ပို့တ်လန်း စသည့် အနောက်နိုင်ငံမှ မြို့ကြီးများအပါအ၀င် ဂျပန် ကမ်းရိုးတန်းမြို့များ ဖြစ်သော ချီကူရာနှင့် ရှိမာမြို့များကို ဆက်သွယ်မည် ဖြစ်သည်။ သာမာန် ကြိုးများထက် ဆယ်သန်း မြန်ဆန်သော နှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် 60 terabits ရရှိမည် ဖြစ်သည်။

ရေအောက်ကြိုးကို ပူးတွဲတည်ဆောက်မည့် အခြား အဖွဲ့အစည်းများမှာ China Mobile International, China Telecom Global, Global Transit, KDDI, SingTel တို့ ဖြစ်ပါသည်။ စီမံကိန်း၏ အဓိက ထောက်ပံ့သူမှာ IT Services နှင့် Products Company ဖြစ်သည့် NEC ဖြစ်ပါသည်။ ရေအောက်ကြိုးတည်ဆောက်မှုကို စတင်တော့မည် ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒုတိယလပတ်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။
Faster သည် အာရှရှိ ဖောက်သည်များကို ပိုမိုမြန်ဆန်ပြီး စိတ်ချရသည့် အင်တာနက် ပေးနိုင်မည်ဟု Google ၏ နည်းပညာ အခြေခံ အဆောက်အဦး ဌာနမှ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Urs Holzle ကပြောပါသည်။ 


ယခုရင်းနှီးမြှပ်နှံမှုသည် Google က ရေအောက်ကြိုးတွင် ရင်းနှီးမြှပ်နှံသည့် ပထမဆုံး အကြိမ် မဟုတ်ပါ။ Google က ၂၀၀၈ ခုနှစ်တွင် ဂျပန်သို့ ဆက်သွယ်သည့် Unity ရေအောက်ကြိုးနှင့် ၂၀၁၁ ခုနှစ်တွင် ဖိလစ်ပိုင်နှင့် ထိုင်းအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများနှင့် ဂျပန်ကို ဆက်သွယ်သည့် ရေအောက်ကြိုး တည်ဆောက်မှုတို့ကို ကူညီပေးခဲ့ပါသည်။

အင်တာနက် အမြန်နှုန်း တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းသည် Google ၏ ၀န်ဆောင်မှုများ အားလုံးအတွက် မဟာဗျူဟာ ဖြစ်ပါသည်။ မြန်နှုန်းမြင့် အင်တာနက် ၀န်ဆောင်မှု Google Fiber ကို Austin, Texas, Provo, Utah တို့တွင် ရောင်းချပေးလျှက်ရှိပါသည်။ 


အင်တာနက် အမြန်နှုန်း မြင့်မားစေရန်သာမက ကမ္ဘာ့နိုင်ငံအများအပြားတွင် အင်တာနက် ရရှိစေရန်အတွက် Project Loon စီမံကိန်းကို ပြုလုပ်လျှက်ရှိပါသည်။ Project Loon သည် မိုးပျံလေပူဖေါင်းများဖြင့် WiFi ထုတ်လွှင့်ပေးခြင်း ဖြစ်ပါသည်။ Google က New York City နှင့် Mountain View ရှိ သူ၏ ရုံးပတ်ဝန်းကျင်တွင်လည်း အခမဲ့ WiFi ထုတ်လွှင့်ပေးထားပါသည်။ Google သည် New York City ရှိ အခပေး ဖုန်းရုံများကို အခမဲ့ WiFi ထုတ်လွှင့်ပေးသော နေရာများ အဖြစ်ပြောင်းလဲရန် ကြိုးစားနေသာ Company များထဲမှ တစ်ခု ဖြစ်ပါသည်။

credit>>> Myanmar Digital Life

ကြောက်မက်ဖွယ်ရာ တွားသွားအင်းဆက်ပိုးကောင် ငါးမျိုး



Aung Ko Htet (MM IT Knowledge)



(Tech Space ကွန်ပျူတာ၊သိပ္ပံ နှင့် နည်းပညာဂျာနယ်တွင် အပတ်စဉ်ဖော်ပြလျှက်ရှိသော Science Uncovered သိပ္ပံမဂ္ဂဇင်းမှ)

ခေတ်သစ် အပူပိုင်းမိုးများသစ်တောကြီးတွေဟာ အလွန်လှပပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ တောရိုင်းတိရ စ္ဆာန်များရဲ့ ခိုမှီးနေထိုင်ရာအိမ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကြောက်မက်ဖွယ်ရာ အင်းဆက်၊ တွားသွား ပိုးကောင် ငါးမျိုးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။
 


Goliath bird-eating spider
-------------------------------

ကမ္ဘာမှာရှိတဲ့ ကြီးမားသောအမွေးထူသည့် ပင့်ကူကြီးတွေထဲမှာအကြီးမားဆုံးဖြစ်တဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးပင့်ကူကြီးပဲဖြစ်ပြီး အကြမ်းဖျဉ်းအားဖြင့်ညစာစားပွဲပန်းကန်တစ်ချပ်လောက်ရှိပါတယ်။သူ့ရဲ့ကြီးမားသောအရွယ်အစားက ကြီးမားသော အင်းဆက်ပိုးမွှားများ၊ ဖွတ်ပဒတ်များနဲ့သူ့အမည်မှာပါသလိုပဲ အချို့သော ငှက်များ ကို ဖမ်းယူနိုင်ပါတယ်။ အကောင်ငယ်ကလေးတွေကို သေစေသည်အထိ သတ်ဖြတ်နိုင်သော်လည်း လူကိုသေစေလောက်တဲ့အထိတော့ အဆိပ်မပြင်းပါဘူး။

Piranha
-=-------
အမေဇုန်မြစ်ဝှမ်းဒေသမှာ ကြောက်မက်ဖွယ်အကောင်းဆုံးသော ငါးက piranha ဆိုတဲ့အစားကြီးသော ရေချိုငါးပဲဖြစ်ပါတယ်။ အပူပိုင်းရေချိုဒေသ မှာရှိတဲ့ Characidae ငါးမျိုးနွယ်ဝင်ဖြစ်တဲ့ piranha ငါးမှာ မည်သည့်သက်ရှိများကိုမဆို ကိုက်ဖြတ်စားသောက်နိုင်တဲ့ အစွမ်းရှိပါတယ်။ လူတွေကို တိုက်ခိုက်ခဲသော်လည်း သူတို့ကို ရှောင်ရှားနိုင်ဖို့ရေတွေရဲ့အဝေးမှာနေထိုင်တာအကောင်းဆုံးပါပဲ။
Bullet ant
ဒီပုရွက်ဆိတ်က ၃၀မီလီမီတာအရှည်ထိကြီးထွားနိုင်ပြီး သူတို့ကိုက်ရင် နာကျင်မှုအဆင့်က Schmidt Sting Pain Index အရ 4+ ရှိပြီး ဒီ အမှတ်ဟာ အကြီးမားဆုံး အဆင့်သတ်မှတ်ချက်တစ်ခုပါ။တစ်ကောင်တည်းကိုက်ရင်တောင် အကိုက်ခံရတဲ့လူဟာ ၂၄ နာရီအတွင်း အပူလောင်မှုဒဏ်ရာလှိုင်းတွေက ပြန့်နှံ့သွားပြီး မလှုပ်ရှားနိုင်တော့ပါဘူး။ Bullet ants တွေအများစုက ဗဟိုအမေရိကရဲ့ စွတ်စိုသောဒေသဖြစ်တဲ့ အပူပိုင်းဒေသသစ်တောကြီးတွေရဲ့အောက်ခြေမြေပြင်တွေမှာရှိနေကြပြီး ဒေသခံတွေကတော့ ’24-hour ant’ လို့ခေါ်ဆိုကြပါတယ်။

Gaboon viper
-----------------

အလယ်ပိုင်းဆာဟာရ အာဖရိကမှာရှိတဲ့ အပူပိုင်းမိုးများသစ်တောကြီးတွေမှာတွေ့ရှိရတဲ့ bitis gabonica သို့မဟုတ် gaboon viper မြွေဟောက်ဟာ အားလုံးသော မြွေဟောက်မျိုးနွယ်တွေထဲမှာ အကြီးမားဆုံးပဲဖြစ်ပြီး ၁.၅ မီတာအထိရှည်လျားပါတယ်။ သူ့ရဲ့ အဆိပ်ပြင်းသည့်မြွေအစွယ်တွေက ၅စင်တီ မီတာအထိရှည်လျားပြီး လူတစ်ယောက်ကို တစ်ချက်ပေါက်တာနဲ့သေစေမှာဖြစ်ပါတယ်။Gaboon Viper မြွေဟောက်တွေကို အာဖရိကဒေသများဖြစ်တဲ့ တိုဂို၊ ကင်မရွန်း နဲ့ လိုင်ဘေးရီးယားတို့မှာများစွာတွေ့ရှိရပါတယ်။

Saturniid moth caterpillar
-------------------------------
Saturniid ခူကောင်တွေဟာ genus Lonomia,Lonomia caterpillars တွေပါဝင်တဲ့ ခူကောင်အမျိုးအစားပေါင်း ၂၃၀၀ ထဲမှအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဆိပ်အလွန်ပြင်းပါတယ်။ နှစ်စဉ်လူပေါင်းများစွာကိုသေဆုံးစေပါတယ်။သူတို့ဟာ ကမ္ဘာ့အကြီးမားဆုံးသောခူကောင်များအဖြစ်တဖြည်းဖြည်းပုံစံပြောင်းလဲလာကြပြီး တောင်အမေရိကတိုက်ရဲ့ အပူပိုင်းမိုးများသစ်တောကြီးတွေမှာတွေ့ရသလို အခြားသော ဒေသတွေမှာလည်းတွေ့နိုင်ပါတယ်။
 
credit>>> Tech space

မြို့ပြအင်ဂျင်နီယာ(Civil Engineering) self study သမားများအတွက် အကောင်းဆုံး ၀က်ဆိုဒ်အညွှန်း ....



Aung Ko Htet (MM IT Knowledge)
 
ကိုယ့်ရဲ့ engineering knowledge တိုးတက်အောင် ကိုယ့်ဘာသာ self study လုပ်ရင်း လေ့လာဆည်းပူးနေတဲ့ အင်ဂျင်နီယာများအတွက် အကောင်းဆုံးလို့ ထင်တဲ့ ၀က်ဆိုဒ်တခုပါ။ resources များ ဖြစ်တဲ့ အီးဘုတ်စာအုပ်များ ၊ ဆော့ဝဲလ်အမျိုးမျိုး ရနိုင်မယ့် လင့်များ ၊ ဆော့ဝဲလ် စာအုပ်များကို ရယူနိုင်ပါမယ်။

သူက ရိုးရိုးမန်ဘာ နဲ့ VIP member ဆိုပြီး ၂ မျိုး ရှိပါတယ်။ ရိုးရိုးက အခမဲ့ပါ။ VIP က နှစ်စဉ်ကြေးပေးရပါတယ်။ ဒါပေမယ့် VIP ကပေးတဲ့ ဖိုင်တွေက ဆိုဒ်တအားကြီးတဲ့အတွက် ပြည်တွင်းကနေ ဒေါင်းရင်လည်း ခက်ခဲပါမယ်။ ဒါကြောင့် VIP feature မရလို့လည်း စိတ်မကောင်း မဖြစ်ပါနဲ့။

ရိုးရိုးမန်ဘာ အနေနဲ့ကို ဒေါင်းလုပ်ယူပြီး လေ့လာနိုင်မယ့် ဖိုင်တွေ အများကြီးပါ။ ကျနော် သိသလောက် ဒီဝက်ဆိုဒ်ကို သီရိလင်္ကာနိုင်ငံက အင်ဂျင်နီယာ တစု ထူထောင်ထားတာပါ။

ဝက်ဆိုဒ်က ဒီမှာပါ http://www.civilax.com/

Credit-Myanmar Civil Engineer
https://www.facebook.com/pages/Myanmar-Civil-Engineer/327152140707173?fref=nf



မိုက်ခရိုဆော့ဖ်မှ ၂၅ ဒေါ်လာတန် Nokia 130 Feature ဖုန်းအား ထုတ်ဖော်ကြေညာ



Aung Ko Htet (MM IT Knowledge)
 
အလျှင်အမြန်ကြီးထွားလာနေသော မိုဘိုင်းဖုန်းဈေးကွက်၏ အဓိက နယ်ပယ်မှာ Feature ဖုန်းများဖြစ်သည်။ လူအများစုသုံးစွဲနိုင်မည့် ဈေးနှုန်းသက်သာသော Feature ဖုန်းများ၏ ဈေးကွက်အတွင်းသို့ ယခုနောက်ဆုံးဝင်ရောက်မည့် Nokia 130 ဆိုတဲ့ Feature ဖုန်းက အခြားသော Feature ဖုန်းများနဲ့မတူဘဲ တမူထူးခြားနေပါသည်။

ပြင်ပန်းပုံသဏ္ဍာန်ကို ကြည့်လိုက်ရုံဖြင့် စွဲမက်ဖွယ်ရာ ဒီဇိုင်းကို ရုတ်ချည်းခံစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေကို တောင်မေ့သွားစေနိုင်မယ့်ပုံစံပါ။ ရိုးရိုးရှင်းရှင်းနဲ့ ခလုတ်တွေကလည်း ဂဏန်းတွက်စက်လိုလိုဘာလိုလို၊ ဘော်ဒီ ကလည်း Music Player လိုလို၊ iPod လိုလိုနဲ့။ အရောင်အသွေးအနေဖြင့် ကျက်သရေရှိစွာ ပုံမှာမြင်ရတဲ့အတိုင်းတွေ့မြင်ရမှာပါ။

အမျိုးအစား နှစ်မျိုးအနေဖြင့် Single SIM ရော Double SIM ရောရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်က color display ဖြစ်ပြီး 1.8 လက်မရှိပါတယ်။ဘက်ထရီကတော့ standby အနေဖြင့်Single SIM က 36 ရက် Double SIM က 26 ရက် တောင်ခံမှာဖြစ်ပါတယ်။ခရီးဝေးတွေသွားတဲ့အခါ ဒီဖုန်းကိုယူဆောင်သွားမယ်ဆိုလျှင် တော်တော်အဆင်ပြေမှာဖြစ်တဲ့သဘောဖြစ်ပါတယ်။Talk time အနေနဲ့ ကတော့ 13 နာရီခံနိုင်မှာဖြစ်ပါတယ်။

Micor SD ကဒ်ကနေ သိုလှောင်မှုကို 32GB အထိ ထပ်မံတိုးချဲ့နိုင်စေမှာလည်းဖြစ်ပါတယ်။Bluetooth ကနေ ကိုယ့်ရဲ့ digital content တွေကို မျှဝေနိုင်စေဖို့ SLAM app ကိုလည်းထည့်သွင်းပေးထားပါတယ်။

Built in အနေနဲ့ MP3 player,Video player ,FM radio တို့နဲ့လည်း သီချင်းများနားထောင်၊ ဗီဒီယိုများကိုကြည့်ရှု၊ နိုင်သလို FM ရေဒီယိုကိုလည်းနားဆင်နိုင်မှာပါ။Movie တွေကိုကြည့်ရှုမယ်ဆိုလျှင် 16 နာရီအထိ ကြည့်ရှုနိုင်စေမှာပါ။

မိုက်ခရိုဆော့ဖ်အနေနဲ့ဒီ Nokia 130 ဖုန်းကို အနီ၊ အနက် နဲ့အဖြူအဖြစ် အရောင်သုံးမျိုးထုတ်မှာဖြစ်ပြီး မိုးဘိုင်းဖုန်း သုံးစွဲမှု တိုးတက်လာနေသော ဈေးကွက်များဖြစ်သည့် China, Egypt, India, Indonesia, Kenya, Nigeria, Pakistan, the Philippines နှင့် Vietnam တို့ကဲ့သို့သော ဈေးကွက်များတွင် တင်ပို့ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

အလားတူ Mozilla ကလည်း သူ့ရဲ့ဈေးနှုန်းသက်သာသော USD 25 သာကျသင့်မည့် Firefox OS သုံး devices များကိုလာမည့်လအနည်းငယ်အတွင်း India မှာရောင်းချသွားမယ်လို့ဆိုထားပါတယ်။

အနှစ်ချုပ်ဆိုရလျှင်တော့ Feature ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာမယ်ဆိုတာကတော့ အသေအချာပါပဲ။

Credit>>> Nyein Chan (TSJ Tech Team)

Wednesday, August 6, 2014

ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် အပိုင်း-2 (MP3)

 

Aung Ko Htet (MM IT Knowledge)

 File Size = 3 MB

ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် (MP3).Shwe FM မှ လွင့်ပေးထားသော ဆရာတော်ဟောကြား ထားသည့်အပိုင်းများကိုစုစည်း၍ တင်ပေးခြင်းဖြစ်ပါတယ်။

ဝိပသနာအကြောင်းကိုပဲ သီးသန့်ဟောကြားထားခြင်းမဟုတ်ပဲ ဘ၀တွင်ကောင်းမွန်စွာ နေထိုင်နိုင်စေ ရန် ဟောကြားနည်းလမ်းပြပေးထားခြင်းဖြစ်သည့်အတွက် နားလည်ရလွယ်မယ် လို့လည်း ထင်ပါတယ်။ တစ်ပိုင်းချင်းစီ တင်ပေးတာက Download လုပ်ရတာ လွယ်အောင်လို့ပါ။ File Sizeက 3 MB သာ သာပဲ ရှိတော့ မြန် လည်းမြန်ပါတယ်။

အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

Download Here
Aung Ko Htet

အဆင်မပြေတာတွေရှိရင် ကျွန်တော့်ကို ချက်ချင်းပြောပါနော်။ link သေတာတို့ download လုပ်လို့မရတာတိုပေါ့။ ကျွန်တော် ဘာ ads မှ မခံထားပါဘူး။ download လုပ်ရတာ ကြာနေမှာဆိုးလို့ပါ။


Monday, August 4, 2014

ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် အပိုင်း- 1 (MP3)



ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် (MP3).Shwe FM မှ လွင့်ပေးထားသော ဆရာတော်ဟောကြား ထားသည့်အပိုင်းများကိုစုစည်း၍ တင်ပေးခြင်းဖြစ်ပါတယ်။

ဝိပသနာအကြောင်းကိုပဲ သီးသန့်ဟောကြားထားခြင်းမဟုတ်ပဲ ဘ၀တွင်ကောင်းမွန်စွာ နေထိုင်နိုင်စေ ရန် ဟောကြားနည်းလမ်းပြပေးထားခြင်းဖြစ်သည့်အတွက် နားလည်ရလွယ်မယ် လို့လည်း ထင်ပါတယ်။ တစ်ပိုင်းချင်းစီ တင်ပေးတာက Download လုပ်ရတာ လွယ်အောင်လို့ပါ။ File Sizeက 3 MB သာ သာပဲ ရှိတော့ မြန် လည်းမြန်ပါတယ်။

အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

Download Here


Aung Ko Htet (MM IT Knowledge)

Sunday, August 3, 2014

Window password ကျော်ဖြတ်နည်း



အခု သားပြောပြမှာကတော့ Window password အားလုံးနီးပါးကို ကျော်လို့ ရမယ့်နည်းလမ်းလေးပါ ကြိုက်တဲ့ Windows OS ရဲ့ login password ကိုမဆိုကျော်ဖြတ်နည်း အ ကြောင်းပြောပြမှာဖြစ်ပါတယ်။ ကျော်ဖြတ်နည်းဆိုတော့ မူလရှိနေပြီသား password ကို ချိုးလည်းမချိုးဖြတ် ဘူး ၊ပြောင်းလည်းမပြောင်းဘူး နဂိုရှိနေတဲ့ အတိုင်းပဲထားမှာပါ။ကဲစကြရအောင် !!

ဒီနည်းကို သုံးပြီး အောက်မှာပြထားတဲ့ OS တွေရဲ့ Login password တွေကို ကျော်ဖြတ်  နိုင်ပါတယ်။

Microsoft Windows XP Home Edition (Service Pack 2+)
Microsoft Windows Vista Home Basic (32/64 bit)
Microsoft Windows Vista Home Premium (32/64 bit)
Microsoft Windows Vista Business (32/64 bit)
Microsoft Windows Vista Enterprise (32/64 bit)
Microsoft Windows 7 Home Premium (32/64 Bit)
Microsoft Windows 7 Professional (32/64 Bit)
Microsoft Windows 7 Ultimate (32/64 Bit)
Microsoft Windows Server 2003 Standard (32/64bit)
Microsoft Windows Server 2003 Datacenter (32/64bit)
Microsoft Windows Server 2003 Enterprise (32/64bit)
Microsoft Windows Server 2003 Web Edition (32/64bit)
Microsoft Windows Server 2008 Standard (32/64bit)
Microsoft Windows Server 2008 Datacenter (32/64bit)
Microsoft Windows Server 2008 Enterprise (32/64bit)

Step #1 kon-boot 1.1 ကို  Download လုပ်ပါ။
ဒီမှာ  ဒေါင်းပါ..

Step #2 သင့်ရဲ့ USB stick ကို Computer USB port မှာ တက်လိုက်ပါ။

Step #3 ပြီးရင် FAT 32 file system နှင့် Format လုပ်ပါ။




Step #4 Download လုပ်ထားတဲ့ file ကိုဖြည်ပါ။ပြီးရင် "KonBoot V1.1 32 & 64 bit" ဆိုတဲ့ folder ကိုဖွင့်ပါ။

Step #5 "KonBootInstall.exe" ကို double click ပါ။

step #6 command prompt တစ်ခုတတ်လာ ပါလိမ့်မယ်။၎င်း command prompt ထဲမှာ သင့်ရဲ့ USB drive letter ကို မေးနေလိမ့်မယ်။ အပေါ်မှာ ပြထားတဲ့ screenshot ထဲမှာ ကျွှန်တော်ရဲ့ USB drive letter ဟာ H: ဖြစ်ပါတယ်။ USB drive letter ထည့်ပြီးသွားရင် "Enter" ကိုနှိပ်ပါ။USB ထဲကို install လုပ်လို့ပြီးသွားပါပြီ။

Step #7 ကဲစမ်းကြည့်ရအောင် PC ကို Restart လုပ်ပါ။(password မရှိသူများ passsword ပေးပြီးစမ်းကြည့်နိုင်ပါတယ်)။ F2 နှိပ် BIOS ထဲဝင်ပြီး First Boot Device မှာ USB ကိုထား ဒါမှမဟုတ် F12 ကိုနှိပ် USB ကိုရွေးပြီး USB ကနေ BOOT တတ်ပါ။






အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................

Aung Ko Htet (MM IT Knowledge)

Android နှင့်ပတ်သက်သော နည်းပညာစာအုပ် (Useful For IT learnder)


အားလုံးပဲ မင်္ဂလာပါခင်ဗျာ................................
ဒါလေးကတော့ Android နဲ့ ပတ်သက်ပြီး
စုံစုံစေ့စေ့ရေးထားတဲ့ နည်းပညာစာအုပ်
လေးပါ ။ သိသင့်သိထိုက်တဲ့
Bootloader , Firmware,
ADB, Stock ROMs, Custom ROMs,
OS Kernel, ClockworkMod, 
Flashing, Rooting, Baseband

 အစရှိတဲ့ အကြောင်းတွေကို ရေးသားပေး
ထားတဲ့ PDF စာအုပ်လေးပါ
စာအုပ်ကို စာလုံး Font ဆိုဒ်ကို
ခပ်ကြီးခပ်ကြီးနဲ့ ရေးပေးထားပါတယ်
တစ်ချို့က ဖုန်းနဲ့ဖတ်ရင် အာရုံ
သိပ်မစိုက်ရအောင်လို့ပါ။




Download; (5.73) KB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

Myanmar - English - Myanmar Dictionary for PC




ဒီကောင်လေးကို အသုံးပြုမယ်ဆိုရင် ဒေါင်းလို့ ရလာတဲ့  ဖိုင်လေးထဲမှာ Ayar Font လေးပါပါတယ် အဲ့ကောင်ေးကို install အရင်လုပ်လိုက်ပါ
ပြီးရင် AyarDictionary လို့ ရေးထာတဲ့ ကောင်လေးကို Double Click နှိပ်၍ အသုံးပြုလို့ ရပါပြီ
Download Here>>>>>   Link 1   /   Link 2   /   Link 3






အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................



Aung Ko Htet (MM IT Knowledge)

Folder Highlight For PC

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...........................................
ဒါလေးကတော့ PC ပေါ် မှာ Folder လေးတွေကို
အရောင်တွေနဲ့ထားချင်တဲ့ ဘော်ဘော်တွေများအတွက်
အဆင်ပြေစေမယ့် Folder Highlight လေးပါ
အသုံးပြုရတာ အရမ်းလွယ်ကူပါတယ်
Install လုပ်ပြီးတာနဲ့  Right Click Box
ထဲကို တန်းဝင်ပါတယ်






Download; (6.01) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

အိမ်မှုရေးရာ အဖြာဖြာ (repost).apk


အားလုံးပဲ မင်္ဂလာပါခင်ဗျာ..............................
အရင်က ဒီဆော့ဝဲလေးကို တင်ဖူးပါတယ်
ဒေါင်းမရဘူး မရဘူးနဲ့ လာလာပြောနေလို့
ပြန်တင်ပေးလိုက်ပါတယ် ဒီတစ်ခါ တော့
ကိုယ်တိုင်လည်း စမ်းပီးမှ တင်ပေးတယ်
တင်ပြီးတော့ လည်း ပြန်ဒေါင်းပီးစမ်းတယ်
အားလုံးရပါတယ် ok ပါတယ် ၊
သားကို အားပေးနေတဲ့ ညီအကို မောင်နှမ
များကို အကြံနည်းနည်းနပေးချင်တယ်ဗျာ
ကိုယ် ဘယ် ak ကိုပဲ ဖြစ်ဖြစ် ဒေါင်းမရဘူး
ဆိုရင် တင်ပေးတဲ့ လူကိုပဲ အပြစ်မမြင်ပါနဲ့
ကိုယ်တိုင်လည်း ကလိကြည့်ပါ ဒီ Broswer
နဲ့ အဆင်မပြေဘူးဆိုရင် Broswer ပြောင်း
ပီး စမ်းကြည်းပါ  ၊ မရဘူးဆိုရင် လိုင်းမကောင်း
လို့လားပြန်ကြည့်ပါ Broswer မကောင်းရင်လည်း
ဆိုဒ်ကို ၀င်ဒေါင်းလို့ မရပါဘူး......
အကြံပေးတာပါ .... တစ်မျိုးမထင်ပါနဲ့
ကဲအောက်မှာ ဒေါင်းလုပ်လင့် (3)ခုပေးထား
တယ် ဒေါင်းလိုက်ပါအုံး ...





Download; (3.33) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)