Powered by Blog - Widget

Thursday, February 26, 2015

Unicode မြန်မာစာစနစ်ထောက်ပံ့မှု ပါဝင်လာသည့် Gmail


Unicode မြန်မာစာစနစ်ကို ထောက်ပံ့မှုပေးနေတဲ့ Google ဟာ မကြာသေးမီက Google Translate မှာ Unicode မြန်မာစာစနစ်ကိုထည့်သွင်းပြီး မြန်မာ ဘာသာပြန်နိုင်တဲ့ ၀န်ဆောင်မှုကို ပေးခဲ့ပြီး ယခုအခါလည်း Gmail မှာပါ Unicode မြန်မာစာစနစ်ကို ထည့်သွင်းပေးလိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံသားများအတွက် Email Service ကို မိမိဘာသာဖြင့် လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပြီး မြို့ပြနေ ပြည်သူများသာမက ကျေးလက်နေ ပြည်သူများအတွက်ပါ ပိုမိုအဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လိုက်တဲ့ Google ရဲ့ ၀န်ဆောင်မှုဟာ မြန်မာပြည်သူလူထုအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။







Gmail မှာ မြန်မာစာစနစ်ကို အသုံးပြုနိုင်ဖို့အတွက် မိမိရဲ့ ကွန်ပျူတာမှာ Unicode Font & Keyboard ကိုထည့်သွင်းထားရမှာဖြစ်ပြီး Gmail ရဲ့ Setting >>> General Tab >>>  Language >>> Gmail Display Language တွင် မြန်မာဘာသာ (Myanmar Language (Burmese)) ကိုရွေးချယ်ကာ Page အောက်ဆုံးရှိ Save Button ကို နှိပ်ပြီးပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။

မိမိရဲ့ Gmail ထဲမှာ မြန်မာဘာသာ ကို အပြည့်အ၀ အသုံးပြုရင်း Google ရဲ့ Email Service ကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Written By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, February 25, 2015

Blogger platform မှ လိင်အသားပေး ဖော်ပြမှုများကို Google တားမြစ်



Google သည် ၎င်း၏ Blogger platform မှ လိင်ဆက်ဆံမှု အသားပေး အကြောင်းအရာများ ဖော်ပြခြင်းကို တားမြစ်မည့် မူဝါဒသစ်တစ်ရပ်အား ကြေညာခဲ့သည်။

သုံးစွဲသူများသည် မတ်လ ၂၃ ရက်မှ စတင်ကာ Blogger ပေါ်တွင် လိင်ဆက်ဆံမှုကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများ ဝေမျှခြင်းနှင့် အဖော်အချွတ်ပုံများ ပြသခြင်းတို့ကို ပြုလုပ်နိုင်မည် မဟုတ်ကြောင်း Google ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

သို့သော်လည်း အနုပညာဖန်တီးမှုများ၊ ပညာရေးဆိုင်ရာ၊ သတင်းမှတ်တမ်းနှင့် သိပ္ပံဆိုင်ရာ အကြောင်းအရာကဲ့သို့သော အများပြည်သူ အကျိုးရှိစေမည့် content များကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း Google မှ ဖော်ပြခဲ့သည်။
လိင်အသားပေး အကြောင်းအရာများကို ဝေမျှသည့် Blogger သုံးစွဲသူများ၏ content များကို Google က ဖျက်ပစ်မည် မဟုတ်သော်လည်း ၎င်းပိုင်ရှင်များကို ပိုင်ရှင်နှင့် admin မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် မတိုင်မီ blog ကို ဖန်တီးသူများသည် Google ၏ မူဝါဒသစ်အရ ရွေးချယ်မှုအချို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ပထမ ရွေးချယ်မှုမှာ စည်းကမ်းချိုးဖောက်သည့် content များကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုသို့ ဖယ်ရှားပါက blog ကို private အဖြစ် သတ်မှတ်မည် မဟုတ်ပေ။ အကယ်၍ လိင်အသားပေး အကြောင်းအရာ သို့မဟုတ် ဂရပ်ဖစ်များကို Blogger တွင် ဆက်လက်တင်မည်ဆိုပါက blog ကို private အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။ တတိယ ရွေးချယ်မှုမှာ Blogger ကို စွန့်ပစ်ပြီး အခြား platform သစ်တစ်ခုကို ရှာဖွေ အသုံးပြုခြင်းဖြစ်သည်။ Blog မှာ content များကို .xml file သို့မဟုတ် Google Takeout ဖြင့် အသုံးပြုကာ export လုပ်နိုင်သည်။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် နောက်ပိုင်းတွင် blog ကို ဖန်တီးသူများသည် Google ၏ စည်းကမ်းသစ်များကို ချိုးဖောက်ထားပါက အဆိုပါ blog ကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း Google မှ သတိပေးခဲ့သည်။

Ref: PCMag

Credit to Internet Journal
Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 24, 2015

စာပိုဒ်တစ်ခုမှာ ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဘယ်လိုစစ်မလဲ



Microsoft word သို့မဟုတ် အခြား တစ်နေရာရာမှာ ကိုယ်ရေးထားတဲ့ စာလုံးအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိချင်သူတွေအတွက် Website လေးတစ်ခု ပြောပြလိုက်ပါတယ်။
ဘာကြောင့်လဲဆိုရင် Microsoft Word ရဲ့ ဘယ်ဘက်ထောင့်မှာ ပါတဲ့ Word ဆိုပြီး ပြတဲ့ status bar ကကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဖော်ပြပေးတာ မဟုတ်ပဲ ကိုယ်စာလုံးရိုက်ပြီး Space Bar ခြားထားတဲ့ အရေအတွက်ကို ဖော်ပြပေးတာဖြစ်ပါတယ်။

ဒီ ကိစ္စတွေ အဆင်ပြေစေဖို့အတွက် အောက်ကပေးထားတဲ့ link ကို နှိပ်ပြီး Website မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။

http://www.wordcountertool.com/

Space bar ခြားထားတဲ့ စာလုံးအရေအတွက်အပြင် ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကိုပါ သီးသန့်စီ ဖော်ပြပေးထားပါတယ်။

စစ်ဆေးတဲ့ နည်းလမ်းကတော့ ကိုယ်ရေးထားတဲ့စာသားတွေကို Copy ကူးပြီး Website မှာ ပြထားတဲ့ Write or copy paste ဆိုတဲ့ နေရာမှာ Paste လုပ်လိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ..

Written By Aung Ko Htet

Please Like Our Facebook Here

Thank You !
Aung Ko Htet

Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်း


windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================

သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 

UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။

(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 

of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 

တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 

gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။



 အဆင့်  ( ၁ )
------------------------------

အရင်ဆုံး မိမိ ကွန်ပျူ  တာ ကို restart ပြန်ချ ပါမယ်။ 

အဆင့်  ( ၂ )
---------------------------------


windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။


အဆင့်  ( ၃ )
--------------------------------


cmd  / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။



(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။

(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။

(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )

clean ကိုရိုက်ပါ enter ခေါက်ပါ။

convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။

exit ကိုရိုက်ပြီး ထွက်လိုက်ပါ။

Credit to Ko Sai Thu

Please Like Our Facebook Here

Thank You !
Aung Ko Htet

ကမ္ဘာ့ပထမဦးဆုံးကွန်ပျူတာ Viurs



ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ Virus ကို 1998 ခုနှစ် November 3 ရက်နေ့က Robert Morris က Harvard သက္ကသိုလ်ရဲ့ ကျောင်းသားဘ၀ ပထမနှစ်မှာတင် စတင်ရေးသားထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: Alef

Written By Aung Ko Htet



Please Like Our Facebook Here

Thank You !
Aung Ko Htet

လူတွေ အသက်ရှူခြင်းလုပ်ငန်းအတွက် သိသင့်တဲ့အချက်



ရှစ်ဆယ်ရာခိုင်နှုန်းသော လူတွေဟာ အသက်ရှူကြတဲ့အခါ နှာခေါင်းပေါက်နဲ့သာ အသက်ရှူကြပါတယ်။ နှာခေါင်းနဲ့အသက် ရှူကြတဲ့အခါ ဘယ်ဖက် နှင့် ညာဘက်ကို နှစ်နာရီမှ ငါးနာရီအထိ အလှည့်ကျစီ အသက်ရှူသွင်းခြင်းကို ပြုလုပ်ကြ တာကိုတွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းနှင့် နှစ်ခေါင်းပေါင် နှစ်ခုစလုံးကို အသုံးပြုပြီး အသက်ရှူခြင်းမရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

Ref: Dyknow

Written By Aung Ko Htet

Please Like Our Facebook Here

Thank You !
Aung Ko Htet

Saturday, February 21, 2015

Window ရဲ့ System ကို ကာကွယ်ပေးမဲ့ Advanced SystemCare Free 8.1.0.651


Advanced System Care Free ဆိုတဲ့ Software ဟာ ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ Window System ကို အကောင်းဆုံးကာကွယ်ပေးမဲ့ Software တစ်မျိုးဖြစ်ပါတယ်။ Window System ကို ကာကွယ်ပေးရုံသာမကပဲ ပြန်လည် ပြင်ဆင်ခြင်းများ၊ သန့်ရှင်းခြင်းများ ၊ စိစစ်ခြင်းများ ၊ နောက်ဆုံး အနေနဲ့ပြောရမယ်ဆိုရင် သင့်ရဲ့ PC ကို မြန်ဆန်အောင် ပြုလုပ်ပေးနိုင်မဲ့  Software တစ်မျိုးဖြစ်ပါတယ်။ ဒီ Software ကို ကမ္ဘာအရပ်ရပ်မှာ Download အရေအတွက်ပေါင်း 150 မီလီယံ ကျော်ရရှိထားတဲ့ Software ဖြစ်ပြီး အံမခမ်းလောက်အောင်စွမ်းဆောင်မှု ပေးစွမ်းနိုင်တဲ့ PC Repair software အဖြစ် ကွန်ပျူတာ အသုံးပြုသူများက မှတ်ချက်ပေးထားတဲ့ Software တစ်မျိုးပါ။


 ဒီ Software ကို အသုံးပြုပြီး သင့်ကွန်ပျူတာကို Optmize ,  Analyze များ ပြုလုပ်ပြီးပါက ကွန်ပျူတာ အသစ်သုံးနေရသလို ခံစားရမှာဖြစ်ပြီး သင့် Window System ကို adware , spyware နှင့် viruses ရန်မှ အကောင်းဆုံးကာကွယ်ပေးနိုင်မယ်လို့ ဒီ Software ကို အသုံးပြုသူများရဲ့ မှတ်ချက်ပေးမှု အရသိရှိရပါတယ်။

Online အသုံးပြုသူများအနေဖြင့်လည်း Web Browsing မှ ပါဝင်လာတတ်တဲ့ Maleware များအားလည်း Broswer ထဲတွင် Plugin တစ်ခုအနေဖြင့် ကာကွယ်ပေးမှာဖြစ်ပြီး Browser ပိတ်လိုက်သည်နဲ့ Browser ၏ Cache အတွင်းရှိ Malicious attack များအားလည်း အလိုအလျောက် သတ်ပေးမှာဖြစ်ပါတယ်။

အခုနောက်ထပ် စွမ်းဆောင်မှု အသစ်နေဖြင့် ဒီ Software ကို အသုံးပြုရခြင်းဟာ ပေါ့ပါးသွက်လက်မှုရှိရမည်ဖြစ်ပြီး၊ သင့်ရဲ့ memory ကိုလည်း ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်အောင် စက္ကန့်ပိုင်းအတွင်းမှာတင် ပြုလုပ်ပေးနိုင်မဲ့ စွမ်းဆောင်ချက်က အသုံးပြုသူတို့အတွက် စိတ်ကျေနပ်မှု ရရှိစေမဲ့ စွမ်းဆောင်မှုပဲဖြစ်ပါတယ်။


ဒါကြောင့် Advanced System Care Software Company မှ အာမခံထားချက်အရ သင့်ရဲ့ Window မှာ ဒီ Software ကို အသုံးပြုနေသမျှကာလပတ်လုံး error ရှင်းလင်းမှုနဲ့ သွက်လက် စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနေမှာပါဖြစ်တယ်လို့ သိရပါတယ်။ ဒီ Software ဟာ Registry အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Error များကိုပါ ပြန်လည် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဆောင်ထားသင့်တဲ့ Software တစ်မျိုးလို့လည်း ဖော်ပြထားပါတယ်။

သင့်ကွန်ပျူတာကို ကာကွယ်ပေးမဲ့ Advanced SystemCare Free Features ရဲ့ Feature တွေကတော့

Basic Protection from Security Threats
Basic System Optimization
Maximum Hard Drive Performance
Auto Clean for Privacy Security Whenever You Log on
Block Malicious Attempts to Access Your Personal Data

တို့ပဲဖြစ်ပါတယ်။

အသုံးပြုလိုသူများ အောက်က link မှာ Download လုပ်နိုင်ပါတယ်။

Download Here


Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 20, 2015

စီးပွားရေး ဝဘ်ဆိုဒ်များ မေ့လျော့နေတဲ့ Value content



မြန်မာပြည်မှာ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ဝဘ်ဆိုဒ် တိုးတက်မှုဟာ အတော်လေးမြင့်တက်လာပါတယ်။ ခန့်မှန်းခြေအားဖြင့် တစ်လကို မြန်မာပြည်ကနေ Domain အသစ် Register လုပ်တာ တစ်ရာ မက ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဝဘ်ဆိုဒ် တည်ဆောက်မှုများပြားလာတာကို ပြသပြီး စီးပွားရေး ကုမ္ဗဏီများ အနေနဲ့ ဝဘ်ဆိုဒ်များ ပိုင်ဆိုင် ရရှိရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ အသေးစား စီးပွားရေး လုပ်ငန်းမှာတင် သိန်းဂဏန်း ရှိပါတယ်။ အကြီးစားလုပ်ငန်းလည်း သောင်းဂဏန်း ရှိတာကြောင့် သူတို့ အားလုံး ဝဘ်ဆိုဒ်ရှိဖို့ ဖန်တီးလာကြတဲ့ အခါ အရေအတွက် ကတော့ အင်မတန် များပြားလာပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ မေးစရာ မေးခွန်းက ဘယ်သူတွေဟာ ယင်း ဝဘ်ဆိုဒ်ကို လာကြည့်ကြမလဲပေါ့။ လက်ရှိမှာ ဝဘ်ဆိုဒ်ရှိရင် ပြီးရော ဆိုတဲ့ အခြေအနေကို ကျော်လွန်ပြီး ဝဘ်ဆိုဒ်ထဲမှာ အချက်အလက် ထည့်လာကြတဲ့ အဆင့်ကို ရောက်ပါပြီ။ ဒါတောင်မှ ထည့်တဲ့အဆင့်က Basic information လောက်သာ ဖြစ်ပါတယ်။ အဓိကအားဖြင့် Call to action ဖြစ်လာဖို့အတွက် အခြေခံအားဖြင့် လိုအပ်သော Foundation information တွေ ထည့်ထားရုံနဲ့ ဒါကို လုံလောက်ပြီလို့ ထင်နေကြ ပါတယ်။

လက်ရှိ အင်တာနက် အသုံးပြုသူများ အနေနဲ့ Facebook ကို အသုံးများပေမယ့် အင်တာနက်လိုင်း မြန်လာတဲ့ တစ်နှစ်အတွင်း အင်တာနက်ဆိုတာကို အချက်အလက်ရှာကို တကယ်ကောင်းကောင်းသုံးမယ့် ခေတ်တစ်ခုကို ခန့်မှန်းကြည့်ကြစို့။ လူတစ်ယောက် စားသောက်ဆိုင်ရှာချင်တယ်။ အိမ်ရှာချင်တယ်။ ခရီးသွားလာရေး ကိစ္စရှာချင်တယ်။ စာရေးသူ ကိုယ်တိုင် တစ်လောက ငွေဆောင်၊ ချောင်းသာ ခရီးသွားချင်လို့ ရှာဖွေတဲ့အခါ စိတ်တိုင်းကျတဲ့ ရလဒ်ကို မရရှိခဲ့ကြပါဘူး။ အကြောင်းကတော့ ဝဘ်ဆိုဒ်တော့ တွေ့ပေမယ့် ဝဘ်ဆိုဒ်ထဲမှာ လိုအပ်တဲ့ အချက်အလက် ပြည့်ပြည့်စုံစုံကို မဖော်ပြထားလို့ ဖြစ်ပါတယ်။

အချက်အလက် ပြည့်စုံတယ်လို့ ဆိုတဲ့ နေရာမှာ လက်မှတ်ဈေးနှုန်း၊ ဆိုင်လိပ်စာ လောက်ထည့်ရုံနဲ့ ပြီးတယ်လို့ ထင်ပါသလား။ Informaiton ကို Foundation အားဖြင့် ဖြည့်ပြီးရင် user တွေကို မိမိရဲ့ Cusotmer ဖြစ်သွားအောင် ဆွဲဆောင်တဲ့ အဆင့်က content ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝဘ်ဆိုဒ်တစ်ခုမှာ အရေးအကြီးဆုံးက Content ဖြစ်ကြောင်း ယနေ့ခေတ်မှာ ဟစ်ကြွေးလာကြခြင်း ဖြစ်ပါတယ်။

 ကုန်ပစ္စည်း ဝဘ်ဆိုဒ်ပဲ ဖြစ်ဖြစ်၊ စီပွားရေး ကုမ္ဗဏီ၊ ဝန်ဆောင်မှု ကုမ္ဗဏီရဲ့ ဝဘ်ဆိုဒ်ပဲ ဖြစ်ဖြစ် ဝင်ကြည့်တဲ့လူတွေကို မိမိရဲ့ စားသုံးသူ ဖောက်သည်အဖြစ် ပြောင်းလဲ သွားနိုင်စေမယ့် အကြောင်းအရာများ ထည့်သွင်းထားရ ပါမယ်။ လူတွေ ဘာလိုအပ်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်တဲ့အခါ ကုန်ပစ္စည်းဆိုင်ရာ အကြောင်းအရာ စုံစုံလင်လင်နဲ့ အကြံဥာဏ်ပေးမှုများ ဖြစ်ပါတယ်။

ဒီတော့ ဝဘ်ဆိုဒ် ပိုင်ရှင်များ အနေနဲ့ ကုန်ပစ္စည်းအကြောင်းပဲ တင်တာထက် ကုန်ပစ္စည်းနှင့် ဆက်စပ်လို့ သိသင့်သိထိုက်တဲ့ အရာလေးတွေ၊ ဗဟုသုတလေးတွေ၊ လုပ်ဆောင်ချက် အသစ်လေးတွေ၊ ပရိုမိုးရှင်း အသစ်လေးတွေကို ရှိရင် ရှိသလို update လုပ်ပေးဖို့ လိုအပ် ပါတယ်။ ဒါကြောင့်မို့ Website တွေမှာ Blog တွေကို ထည့်သွင်းတဲ့ စနစ်ဟာ နိုင်ငံတကာမှာ ၂၀၀၅ ခှနှစ်လောက်က တည်းက ခေတ် စားပြီး မြန်မာပြည်မှာတော့ နည်းနေပါသေးတယ်။ အဓိကကတော့ အကျိုးရှိ အချက်အလက်များ ထည့်သွင်းမှုပါ။

အနီးစပ်ဆုံး ဥပမာ အားဖြင့် http://blog.gethuawei.com/ နဲ့ http://blog.htc.com/ တို့ကို ဥပမာ ယူနိုင်ပြီး မြန်မာပြည်မှာ ဆိုရင် http://www.imyanmarhouse.com/news နဲ့ https://www.work.com.mm/en/helpful-resources.html တို့ကို နည်းနာယူနိုင်မှာ ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ လာကြည့်သူများဟာ Webstie မှာ engage ဖြစ်တဲ့ အချိန်ကိုလည်း ကြာစေသလို၊ reputation များတာကြောင့် ဝဘ်ဆိုဒ်ရဲ့ အရည်အသွေးကိုလည်း မြင့်တင်စေမှာ ဖြစ်ပါတယ်။ Web Content ဖန်တီးတဲ့အခါ လိုက်နာ ယူလို့ရမယ့် နားနာ ကိုလည်း ဓာတ်ပုံနှင့်တကွ မျှဝေပေးလိုက်ရ ပါတယ်။

Please Like Our Facebook Here

Thank You !
Aung Ko Htet

နိုင်ငံခြား ရောက်မြန်မာများ facebook ကမြန်မာ stricker ဒေါင်းမယ်



facebook မှာ မြန်မာ စတစ်ကာ လေး တွေ ကို တစ်ချို့  နိုင်ငံ တွေ မှာ ဒေါင်း မရ ဖြစ် တတ် ပါ
တယ် ။ အဲ ဒီ မြန်မာလို စတစ်ကာ လေး တွေ ကို ဒေါင်း ချင် တယ် ဆို ရင် မြန်မာ poxy
server ပြောင်း ပြီး တော့  မှ ဒေါင်း လို့  ရ မှာ ပါ။မပြောင်း တတ် သေး သူ များ အတွက် ကွန်ပျူ
တာ ကနေ firefox browser ကို အသုံး ပြု ပြီး ဒေါင်း လို့  ရပါ တယ် အရင် ဆုံး ဒီလိပ်စာ ကို
သွား လိုက် ပါ ။

http://www.proxynova.com/proxy-server-list/country-mm/


ပြီး ရင် ပုံ ( ၁ ) ထဲ က နံပါ တ် တွေ ကို မှတ် သား ထား လိုက် ပါ firefox ရဲ့  option ကိုသွား ပါ
အဲ ဒီမှာ advance > setting ကနေ


( ၂ ) Manual poxy setting ကို အမှတ်ခြစ် ပေး ပြီး တော့  အောက် က use this poxy
server for all protocols ကို အမှတ်ခြစ် ပေး လိုက် ပါ။ အောက်မှာ ပုံ အကူ အညီ ကို ရ
ယူ ပေး လိုက်ပါ ။ ပြီး ရင် တော့  ok ကို ဆက် တိုက် နိုပ်ပြီး facebook ကို အသစ် က နေ log in
ဝင်ပြီး မြန်မာစတစ်ကာ ကို ဝင် ဒေါင်း နိုင် ပါ ပြီခင်ဗျာ။ သတိထား ရ မှာ က poxy ကျော် ပြီး
သွား ရင် အင်တာနက် နှေး ပါ တယ် ။ စတစ် ကာ ရ ပြီ ဆို တာ နှင့် 


ပုံ ( ၃ ) ထဲ က အတိုင်း အမှတ်ပြန်ခြစ် ပြီး မူ လ အတိုင်း ပြန် သုံး ဖို့  မမေ့  ကြ ဖို့ ပါ ပဲ။


Credit to Ko Sai Thu
Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 13, 2015

English စာ dictionary အတွက် Oxford Advance Learner's Dictionary APK (Mobile)



အင်္ဂလိပ်စာလေ့လာနေကြတဲ့ မိတ်ဆွေတို့အတွက် Dictionary အမျိုးမျိုးကို အသုံးပြုကြပါတယ်။ Dictionary တွေအမျိုးမျိုးရှိကြတဲ့အထဲကမှ ကျွန်တော်ကတော့ Oxford Advance Learner's Dictionary ကို ဆောင်ထားစေချင်ပါတယ်။ ဒီ Dictionary က အဓိပ္ပါယ်အစုံကို ဖော်ပြပေးထားတဲ့ အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေစေမယ်လို့ထင်ပါတယ်။ အသံထွက်ပါ ပါတဲ့အတွက်ကြောင့် ကိုယ်မသိတဲ့ စကားလုံးတစ်လုံးကို အသံထွက်ပါနားလည်အောင်ဖော်ပြပေးနိုင်တဲ့ Application လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးဆောင်ထားသင့်တဲ့ Dictionary လို့ ပြောနိုင်ပါတယ်။

ဒီ Application ကို APK File ချည်းပဲ သီးသန့် Download လုပ်လို့ အဆင်မပြေပါဘူး။ သူ့မှာ Data File တွေပါပါသေးတယ်။ ဒီ Data File တွေနဲ့ ပေါင်းစပ် အသုံးပြုမှသာလျှင် မိမိရဲ့ ဖုန်းမှာ အကောင်းဆုံးအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Installation ပုံစံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Installation ပြုလုပ်ပုံ
----------------------

အောက်မှာပေးထားတဲ့ Download File (rar file) ကို Download လုပ်လိုက်ပါ။

ပြီးရင် Extract ဖြည်ချလိုက်ပါတယ်။ အထဲမှာ APK File နဲ့ Data File နှစ် File ပါဝင်ပါတယ်။

ပထမဦးဆုံး APK File လေးကို ဖုန်းထဲကို အရင် Install လုပ်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ File Manager ထဲကို ၀င်ပြီး Oxford ဆိုတဲ့ Folder လေးကိုရှာလိုက်ပါ။

အဲ့ဒီ Oxford ဆိုတဲ့ Folder ကို တွေ့ပြီဆိုရင်တော့ Rar File မှာ ဖြည်ချတုန်းက တွေ့ရတဲ့ Data File နှစ် File ကို Oxford Folder အောက်ထဲမှာ ကူးထည့်လိုက်ပါ။ (ဒီလိုမှသာ သင့်ရဲ့ Dictionary က ကောင်းမွန်စွာ အလုပ်လုပ်မှာ မို့လို့ပါ။)

ဒီအချက်တွေအတိုင်းပြုလုပ်ပြီးသွားရင်တော့ သင့်ရဲ့ Oxford Learner Dictionary ကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါပြီ။


Rar File ကို အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here 


Please Like Our Facebook Here

Thank You !
Aung Ko Htet

ဖေ့စ်ဘွတ် အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်



ဖေ့စ်ဘွတ် အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။

ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။

အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Credit : BBC

Post By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, February 4, 2015

virus ရန်က ကာကွယ်ပေးမဲ့ Norton Antivirus




သင့်ရဲ့ ကွန်ပျူတာကို နောက်ဆုံးထွက် Antiviurs Software နဲ့ ကာကွယ် ရှင်းလင်းဖို့အတွက်  Norton Antiviurs software ထွက်ရှိလာပါပြီ။ဖေဖော်ဝါရီ ၃ ရက် ၂၀၁၅ ရက်နေ့ကမှ ထွက်ရှိလာတဲ့အတွက်ကြောင့် နောက်ဆုံးထွက် Antivirus ကိုမှ ကြိုက်ကြတဲ့ မိတ်ဆွေတို့အတွက်ပါ။ Window 7 32 Bit အတွက်ရော 64 Bit အတွက်ပါ တင်ပေးထားတဲ့အတွက်ကြောင့် download လုပ်တဲ့အခါ သေသေချာချာကြည့်ပြီးမှ Download လုပ်စေချင်ပါတယ်။

အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Facebook ရဲ့ စတင်လွှင့်တင်ကာစ 2004 ခုနှစ်က ပုံရိပ်





ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ Facebook ရဲ့ စတင်လွှင့်တင်ကာစ 2004 ခုနှစ်က ပုံလေးပါ။

ဘယ်လိုမှ စွဲမက်စရာ မကောင်းတဲ့ Facebook ရဲ့ Welcome Page , About Page ဟာ ဘယ်လို မှသေသပ် လှပမှု မရှိပဲ Harvard University အတွက်နဲ့ ကျောင်းပေါင်း စုံက ကျောင်းသားတွေအတွက်သာ ဖန်တီးခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး Social Website တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါပြီ။

စတင်လွှင့်တင်ကာစက Facebook ရဲ့ နာမည်က thefacebook ဖြစ်ပါတယ်။ ဒါကြောင့် URL ကနေ www.thefacebook.com လို့ရိုက်ပြီးရှာရင်လည်း ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ Facebook ကိုပဲ ရောက်ရှိမှာ ဖြစ်ပါတယ်။

Congratulation Mark Zuckerberg !!!! 



Please Like Our Facebook Here

Thank You !
Aung Ko Htet

ပုံနှစ်ပုံကို ဘေးတိုက်ယှဉ်ကြည့်နိုင်တဲ့ View Two Images Side By Side Software




Window မှာ ပုံတွေကို ဘေးတိုက် နှစ်ပုံ ယှဉ်ကြည့်ချင်တဲ့အခါ တစ်ပုံခြင်းစီကို ပြပြီး Maximize လုပ်ပြီးကြည့်မှသာလျှင် ပုံနှစ်ပုံကိုဘေးတိုက်ကြည့်လို့ရမှာဖြစ်ပါတယ်။ ဒီလိုမလုပ်ချင်ပဲ Software တစ်ခုတည်းမှာ ပုံနှစ်ပုံကို ဘေးတိုက်ကြည့်လို့ရအောင် ဒီ Software လေးကို တင်ပေးလိုက်ပါတယ်။

ဒီ Software က ကိုယ်ကြိုက်နှစ်သက်တဲ့ ပုံနှစ်ပုံကို ဘေးတိုက်ယှဉ်ကြည့်လို့ရအောင် ကူညီပေးမဲ့ Software ပဲဖြစ်ပါတယ်။ ဒီ Software ကို အသုံးပြုခြင်းဖြင့် ပုံတွေကို ဘေးတိုက်ကြည့်ရှုနိုင်ခြင်း ၊ နှစ်ပုံယှဉ်လျှက် ရှိနေတဲ့ ပုံတွေကို Scrolling လုပ်၍ ကြည့်ရှုနိုင်ခြင်း ၊ Full Screen ချဲ့ပြီး ကြည့်ရှုနိုင်ခြင်း ၊ ပုံနှစ်ပုံကို မြန်ဆန်စွာ နှိုင်းယှဉ်ကြည့်နိုင်ခြင်းစတဲ့ Feature တွေပါဝင်ပါတယ်။

အသုံးပြုလိုတဲ့သူတွေအနေနဲ့ အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here


Please Like Our Facebook Here

Thank You !
Aung Ko Htet

Warcraft 3 အတွက် ထွက်ရှိလာတဲ့ မြေပုံ Ultimate Dragonball




Warcraft ကစားဖူးကြတဲ့ မိတ်ဆွေတို့အနေနဲ့ လိုအပ်မယ်လို့ထင်တဲ့ နောက်ဆုံးထွက် Map တစ်ခုကို တင်ပေးလိုက်ပါတယ်။ Warcraft ကစားဖူးကြတဲ့ သူတိုင်းကတော့ သိကြလိမ့်မယ်လို့ထင်ပါတယ်။

Warcraft ကို ကစားကြတဲ့ လူတိုင်းဟာ လူကြီးလူငယ် မရွေးကစားကြပါတယ်။ ဒီ Game မှာ Strategy နဲ့ပတ်သတ်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအများဆုံးပါဝင်ပါတယ်။ ဒါကြောင့် ဒီ Game ကို နိုင်ငံအရပ်ရပ်က Gamer တွေကလည်း ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ကြပါတယ်။

Warcraft 3 ဟာ မိမိရဲ့စခန်းနဲ့ပတ်သက်ပြီး နည်းဗျူဟာတွေကို အများဆုံးအသုံးချရတဲ့ Game ဖြစ်ပါတယ်။ Story တစ်ခုချင်းစီမှာ လူအများနဲ့ ချိတ်ဆက်ကစားနိုင်ပြီး ယှဉ်ပြိုင်ကစားရတဲ့ Game အမျိုးအစားပါ။ တကယ့်လူ့ဘ၀မှာ အခက်ခဲတွေနဲ့ ကြုံလာရတဲ့ အခါ ဘယ်လိုတွေ ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မသေအောင် ဘယ်လိုသွားလာနေထိုင် တိုက်ခိုက်ပြီး မိမိရဲ့ရန်သူကို ဘယ်လို အနိုင်ယူရမယ်ဆိုတဲ့ နည်းဗျူဟာ ရသတွေကို 3D Hero ဇာတ်ကောင်များနဲ့ ဖန်တီးပေးထားတဲ့ Game လေးဖြစ်ပါတယ်။

ဒါကြောင့် Warcraft 3 အတွက် ထွက်ရှိလာတဲ့ Ultimate Dragonball ဆိုတဲ့ Map ကို တင်ပေးလိုက်ပါတယ်။


အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။


Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 3, 2015

အခွေတွေ Burn ဖို့အတွက် Software အသစ် (Burn 4 Free DVD Burning Software)



လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်နေကြတဲ့ Data Burn တဲ့ Software တစ်ခုကိုပြောပါဆိုရင် Nero Burn လို့ပြောကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်က Data Burn ဖို့အတွက် Software အသစ်တစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ Software ရဲ့ နာမည်ကတော့ Burn4Free DVD Burning Software ပဲဖြစ်ပါတယ်။ DVD အမျိုးအစားပေါင်း ၃၀၀၀ ကျော် ၊ Blu-ray အမျိုးအစား နှင့် CD အမျိုးအစားတွေကို Burn နိုင်ပါတယ်။ အမျိုးမျိုးသော Data နှင့် Audio File Type တွေဖြစ်တဲ့ (WAV, WMA, MP3, OGG, FLAC, WavPack နှင့် CDA) အမျိုးအစားတွေကို ကူးယူနိုင်ပါတယ်။

 ISO file အနေဖြင့်လည်း Burn နိုင် ၊ သိမ်းဆည်းနိုင်တဲ့အပြင် သင့်ရဲ့ စာတမ်းပြုစုထားတဲ့ အသံဖိုင်တွေ ၊ စာသားတွေကိုပါ အခွေအဖြစ် Burn နိုင်ခြင်း ၊ Audio အသံဖိုင်တွေရဲ့ M3U နဲ့ ASX Playlists အတွင်းသို့ ထပ်မံ ထည့်သွင်း၍ နားထောင် ခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ Driver အနေနဲ့ အားလုံးသော Layer အမျိုးအစားတွေကို ထောက်ပံ့ပေးပါတယ်။ DVD, CD-R,CD-RW, DVD-R,DVD+R,DVD-RW နဲ့ DVD-RAM , BD-R, BD-RE (SCSI,IDE,EIDE နှင့် USB 1.0 , USB 2.0 ) တို့အတွက်လည်း အထောက်ပံ့ပေးထားတဲ့အတွက် ကြောင့် Burn 4 Free Software ဟာ အကောင်းဆုံး Data ကူးယူနိုင်တဲ့ software တစ်မျိုးပဲဖြစ်ပါတယ်။

Nero Burn ကိုပဲ အသုံးပြုနေကြတဲ့ မိတ်ဆွေတို့အတွက် စမ်းသပ် အသုံးပြုလို့ ကောင်းမဲ့ Software တစ်မျိုးပဲဖြစ်ပါတယ်။

အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Adobe Master Collection CS5 & CS6 Crack File သီးသန့်



Adobe Master Collection CS5 & CS6 ကို Install လုပ်ထားပြီး Activate မဖြစ်ကြသေးတဲ့ မိတ်ဆွေတို့အတွက် Crack file တွေချည်း ပဲ စုစည်းထားတဲ့ rar file ကို တင်ပေးလိုက်ပါတယ်။

Adobe Series အကုန်ပါဝင်တဲ့အတွက်ကြောင့် CS5 ရော CS6 ရော နှစ်မျိုးစလုံးအတွက် အဆင်ပြေပါလိမ့်မယ်။

Setup File ကို တော့ အရင်က တင်ထားပေးပြီးသားဖြစ်ပေမဲ့ လိုအပ်တဲ့သူတွေအတွက် အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Setup File Download Here
 

Crack File သီးသန့်ကို Download လုပ်လိုသူတွေအတွက် အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Crack File Only Download Here


Please Like Our Facebook  Here

Thank You !
Aung Ko Htet

ဖုန်းဆက်ပြီး ကျီစယ်ခြင်းကို ကြိုက်နှစ်သက်တဲ့ အမေရိကန် သမ္မတ



(1923–1929)ခုနှစ်မှ အယောက် ၃၀ မြောက် အမေရိကန် သမ္မတဖြစ်ခဲ့ဖူးတဲ့ Calvin Coolidge ဟာ သူ့ရဲ့ သက်တော်စောင့် တွေကို ဖုန်းဆက် ကျီ စယ်ခြင်းနဲ့ သူပုန်းနေတဲ့အခါ သက်တော်စောင့်တွေက အပူတပြင်းလိုက်လံရှာဖွေခြင်းတွေကို ကြိုက်နှစ်သက်ပြီး ထိုသို့ပြုလုပ်ရခြင်းတွေ အပေါ် ပျော်ရွှင်မိတယ် လို့ လေ့လာတွေ့ရှိရပါတယ်။

Ref: Wiki

Written By Aung Ko Htet



Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, February 2, 2015

CPU တွေ ဘယ်လို အလုပ်လုပ်သလဲ ?




ဒီPost လေးကို brighter myanmar မှာကူးယူဖော်ပြပါသည်....
ကျေးဇူးပြုပီး ဒီ Post ကို ဖတ်တဲ့ အခါ PDF ဖိုင် အနေနဲ့ ဒေါင်းပီးဖတ်ပါ၊ ဒီပိုစ့် ကို သေချာနားလည်ဖို့ အတွက် ဓါတ်ပုံ နဲ့ အသေးစိတ်ရှင်းခဲ့ရပါတယ်၊ အခု Post တင်တော့ ဓါတ်ပုံ တစ်ပံပဲ တင်လို့ရလို့ Post ချည်း ဆို နားလည်ရခက်သွားနိုင်ပါတယ်၊ ဒီပိုစ်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ မိတ်ဆွေတို့ အချိန် အလကား မဖြစ်စေရပါဘူး၊

CPU ရဲ့ မူရင်း စာလုံးက တော့ Central Processing Unit ဖြစ်ပါတယ်၊ သူ့ကို ကွန်ပြူတာ ဦးနောက်လို့လဲ အဓိပါယ် ဖွင့်ဆိုကြပါတယ်၊ CPU ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိရင် ကွန်ပြူတာ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာကို လဲ ကောင်းကောင်း သဘောပေါက်သွားမှာပါ၊

အခု CPU ကို ရဲ့ အဖုန်းကို ဖွင့်ကြည့်ရအောင်အထက်က ပုံကတော့ CPU ရဲ့ အဖုန်းကို ခွါလိုက်ရင် အတွင်းပိုင်းကို မြင်ရမယ့်ပုံပါ၊ အခု ပုံကြီးချဲ့လိုက်မယ်၊ နည်းနည်းပိုမြင်နိုင်အောင်လို့
CPU အထဲမှာ ၀ါယာ အမျိုးမျိုး က သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်တဲ့ အလုပ်ကိုလုပ်နေပါတယ်၊ အခု Post မှာ ရှင်းပြဖို့ အသုံးပြုသွားမယ့် CPU ကတော့ 65-02 လို့ခေါ်ပါတယ်၊ ဒီ CPU အမျိုးအစားကို Apple အပါအ၀င် ကွန်ပြူတာတွေအများစု မှာ အသုံးပြုကြပါတယ်၊ Original Naintainent System မှာလဲ ဒီ CPU ကိုပဲသုံးပါတယ်၊ ဒီ CPU ကိုရဲ့ အသေးစိတ် ဖြုတ်တပ်နည်းကိုသိချင်ရင်တော့ Virsual6502.org ၀က်ဆိုက်မှာ သွားရောက်ကြည့်ရူ့နိုင်ပါတယ်၊ 
ဘယ် CPU မှာ မဆို CPU အတွင်း လုပ်နေတဲ့အလုပ်တွေကို အခြေအနေမှန်မှန်နဲ့ တည်ငြိမ်စွာ Data သယ်ဆောင်မူ လုပ်ဖို့ အတွက် တိကျတဲ့ အချိန် အတိုင်း အတာ တစ်ခုတိုင်းမှာ ဖွင့်လိုက် ပိတ်လိုက် အလုပ်လုပ်နေတဲ့ ၀ါယာတစ်ချောင်းရှိပါတယ်၊ အဲ့ဒီ့ ၀ါယာကပဲ CPU အတွင်း လုပ်ဆောင်မူတွေကို မျှတစေပါတယ်၊ အဲ့ဒီ့ ၀ါယာကို Clock လို့ခေါ်ပါတယ်၊ Disimulation မှာ တစ်စက္ကန့်ကို Clock က နှစ်ကြိမ်ဖွင့် ပီး နှစ်ကြိမ်ပိတ်ပါတယ်၊ နောက်ပိုင်းပေါ်တဲ့ CPU တွေမှာတော့ Clock ရဲ့ အလုပ်လုပ်နှုန်းကို GHz (GigaHertz) နဲ့ တိုင်းတာပါတယ်၊ Giga ကတော့ 1 billion ကို ညွန်းပီးတော့ Hz Hertz ကတော့ တစ်စက္ကန့် အတွင်း ဘယ်နှစ်ကြိမ်အလုပ်လုပ်လဲကိုညွန်းပါတယ်၊ ဒီတော့ အခုခါတ် CPU တွေက တစက္ကန့်ကို အကြိပ် ရေး Billion အတော်များများ ဖွင့် လိုက် ပိတ်လိုက်ဖြစ်နေပါတယ်၊ ဒီလို တစ်စက္ကန့်မှာ Billions အတော်များများ ဖွင့် ပိတ်နိုင်ခြင်းကပဲ CPU ရဲ့ တွက်ချက် အလုပ်လုပ်နိုင်မူ စွမ်းအားဖြစ်ပီး CPU ကို အလွန် ရှုတ်ထွေးတဲ့ တွက်ချက်မူတွေကို လုပ်ကိုင်နိုင်စေပါတယ်၊
ဒါပေမယ့် Clock ပွင့် တဲ့ အချိန်မှာ CPU ရဲ့ အလုပ်လုပ်ပုံကတော့ လူတွေထင်ထားသလို ရှုပ်ထွေးတာ မဟုတ်ပဲ ရိုးရိုး ရှင်းရှင်းလေးပဲ အလုပ်လုပ်သွားတာပါ၊ အဲ့ဒီ့ အလုပ်လုပ်ပုံကိုပဲ ဒီ Post မှာလေ့လာသွားမှာပါ၊
CPU ကို အထူးထုတ်လုပ်တဲ့ ကုမ္မဏီ နှစ်ခုကတော့ Intel နဲ့ AMD တို့ဖြစ်ပါတယ်၊
 ဒီမှာ အသေးစိတ်လေ့လာသွားမယ့် CPU ရဲ့နာမည်ကိုတော့ Scott CPU လို့ခေါ်ပါတယ်၊ တကယ်တော့ Scott CPU ဆိုတာ အပြင်မှာတကယ် မရှိပါဘူး၊ လေ့လာသူတွေအတွက် အဆင်ပြေအောင် Clerk Scott က သူ့ရဲ့ “But How to it Know” ဆိုတဲ့စာအုပ်မှာ တည်ဆောက်ပြထားတဲ့ စာအုပ်ထဲက လေ့လာရေး CPU သာဖြစ်ပါတယ်၊ Scott CPU ရဲ့ ဒီဇိုင်းက Clerk Scott ရဲ့ Copyright ဖြစ်ပီး Youtube Master က ရှင်းပြလို သူရှင်းပြတဲ့ အတိုင်း ဒီ Post မှာ ပြန်ဖော်တာပါ၊ Hotdoitknow.com ၀က်ဆိုက်မှာ ဒီစာအုပ်ကိုဝယ်ဖက်နိုင်ပါတယ်၊ ဒီစာအုပ်ကတော့ တကယ့်ကို ဂျွတ်လှပါတယ်၊ အသေးစိတ်ကို တဆင့်စီ ဖြေးဖြေး ရှင်းသွားပီး
ဖတ်ရူ့သူကို ခက်ခဲစေမယ့် ဘယ်လို Techical Jarcon (နည်းပညာသုံးသီးသန့်စာလုံး) တွေမပါပါဘူး၊


အခု CPU ကိုပြောင်းပြန်လှန်ပီးအောက်ပိုင်းကို တစ်ချက်ကြည့်ကြမယ်၊
Pins တွေအတော်များများ အပြင်ထွက်နေတာကို တွေ့ရပါမယ် ၊ အဲ့ဒီ့ Pin တွေကပဲ သတင်းအချက်အလက်တွေကို CPU ထဲကို ပို့ပီး အဲ့ဒီ့ Pin တွေကပဲ အချက်အလက်တွေကို CPU ကနေ အပြင်ကို ပြန်ထုတ်ပေးပါတယ်၊ ဒီ Pin တွေက သတင်းအချက်အလက်တွေအတွက် CPU ထဲကို ၀င်မယ့် ၀င်ပေါက် ထွက်ပေါက်တွေပေါ့၊ CPU ကို Mother Board ထဲမှာ စိုက်ထည့်ထားပါတယ်၊ အောက်က အတိုင်းပေါ့၊

MotherBoard ကတော့ ကွန်ပြူတာရဲ့ Components တွေအားလုံးကို တပ်ဆင်ပီး အားလုံး အချိတ်အဆက်မိစေတဲ့ Circus Board တစ်ခုဖြစ်ပါတယ်၊ အထက်က ပုံက CPU အဖုံးကို ဖွင့်ထားတဲ့ ပုံပါ အခု ပြန်ပိတ်လိုက်ကြပီး MotherBoard ထဲပြန်ထည့်ကြမယ်၊ အောက်က အတိုင်း
အထက်ကပုံရဲ့ ညာဘက်မှာတော့ RAM ထည့်မယ့် Socket ပေါက်ကိုတွေ့ရပါမယ်၊ RAM ကတော့ Random Access Memory ရဲ့ အတိုကောက်ပါ၊ CPU ကနေ တွက်ချက် အလုပ်လုပ်လို့ရတဲ့ Data တွေအားလုံးကို RAM ကိုလှမ်းပို့ပီး RAM ထဲမှာ သိုလှောင်ထားပါတယ်၊ ဒီနေရာမှာ RAM နဲ့ CPU တို့ ဘယ်လို တွဲဖက်ပီး အလုပ်လုပ်လဲ သိဖို့လိုအပ်တဲ့ အတွက် RAM ဘယ်လို အလုပ်လုပ်လဲဆိုတာကိုလဲ လေ့လာရမယ်၊ အခု အထက်က ပုံရဲ့ ဘယ်ဘက်က မလိုအပ်တဲ့ Wire အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပီး RAM Chips ပါပါဝင်မယ့် ပုံကို ကြည့်ကြမယ်၊

RAM ထဲမှာ Address လို့ခေါ်တဲ့ လိပ်စာတွေအများကြီးထည့်ထားတဲ့ စာရင်းပါပါတယ်၊ Address တစ်ခုစီက Data အစိတ်အပိုင်းတစ်ခုကိုညွန်းပါတယ်၊ အောက်က ပုံမှာ Addresses ကော Data တွေကိုပါ သရုပ်ဖော်ပြထားတယ်၊

CPU က RAM ထဲက Data တစ်ခုစီကို Request (တောင်းယူ) ပီးတော့ အလုပ်လုပ်ပါတယ်၊ Data တစ်ခု တောင်းယူ အလုပ်လုပ်ပီး နောက်တစ်ခု လုပ်တယ် နောက်တစ်ခုပီး နောက်တစ်ခု အလုပ်လုပ်တယ် စသဖြင့် တစ်ခုပီးနောက်တစ်ခု အစီအစဉ်အလိုက် အလုပ်လုပ်သွားတယ်၊ အစီအစဉ်တစ်ကျ အလုပ်လုပ် ဆိုပေမယ့် အမြဲ တမ်းတော့ အစီအစဉ်တစ်ကျ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး၊ CPU ကို အစီအစဉ်တစ်ကျမဟုတ်ပဲ RAM ကနေ Data တွေကို တောင်းယူ အလုပ်လုပ်အောင် ညွန်ကြားနိုင်ပါတယ်၊ RAM က လဲ ဒီလို အစီအစဉ်မကျတဲ့ Request (တောင်းဆိုမူ) မျိုးကို လဲ လက်ခံနိုင်ပါတယ်၊ ဒါ့ကြောင့်ပဲ သူ့ကို Random Access Memory လို့ခေါ်တာပါ၊ ဒီတော့ CPU အနေနဲ့ ပုံမှန်အတိုင်းဆိုရင် RAM ထဲက ဒေတာတွေကို အစီအစဉ်အလိုက် တောင်းယူ အလုပ်လုပ်တယ်ဆိုပေမယ့် လိုအပ်လာရင် အစီအစဉ်မကျတဲ့ ပုံစံနဲ့ စိတ်ကြိုက် Data ကို တောင်းယူ အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ သဘောပေါက်သင့်ပါတယ်၊

Computer က Program တစ်ခုကိုစ Run ပီဆိုတာနဲ့ CPU က RAM ဆီကနေ အလုပ်လုပ်လိုတဲ့ Program ကို တောင်းတဲ့ Request ကို တောင်းဆိုလိုက်ပါတယ်၊
RAM address မှာ တော့ 0 နဲ့ 1 တွေသာပါဝင်တဲ့ ဂဏန်းတွေတန်းစီထားပါတယ်၊ အဲ့ဒီ့ဂဏန်းတစ်ခုစီက တွေ On မလား Off မလား ဆိုတဲ့ အမိန့်ကို ကိုစားပြုပါတယ်၊ RAM မှာ Address တွေမရှိရင် RAM ကလဲ ဘာမှလုပ်နိုင်တော့ မှာမဟုတ်ပါဘူး၊ RAM အလုပ်လုပ်ဖို့ဆို CPU ကလဲ Enable Wire ကို On ပေးရပါတယ်၊ အောက်က ပုံမှာ Enable Wire On နေတာကို ကြည်ပါ၊ 
(မျက်စိရှင်ရှင်ထား)

အကယ်၍ Address လဲရှိမယ် Enable Wire ကလဲ On နေမယ်ဆိုရင်တော့ RAM က CPU ကတောင်း ဆိုထားတဲ့ Address မှာရှိတဲ့ Data ကို CPU ကိုပြန်ပို့ပေးပါတယ်၊ ဒီလို Data ပြန်ရပီဆိုရင်တော့ CPU က အဲ့ဒီ့ ဒေတာကို ကို အလုပ်စလုပ်တော့တယ်၊ အလုပ်လုပ်လို့ပီးသွားရင် CPU က RAM ဆီကို နောက်ထက် Address တစ်ခု ပြန်ပို့မယ်၊ Enable Wire ကို On လိုက်မယ်၊ ဒါဆိုရင် RAM က နောက်ထက် Data တစ်ခုကို CPU ကို ဆက်ပို့ပေးမယ်၊ CPU က လုပ်ဆောင်ချက်တွေလုပ်မယ်၊ ပီးရင် Address အသစ်ကို RAM ကို ပြန်ပေးမယ်၊ စသဖြင့် အလုပ် Data ပို့လိုက် ယူလိုက်နဲ့ ဆက်တိုက် အလုပ်လုပ်သွားမယ်၊ ဒီဖြစ်စဉ်က ကွန်ပြူတာမှာ အမြဲ ဖြစ်နေ တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်၊

အထက်က ဖြစ်စဉ်က CPU Data Processing လုပ်တဲ့ဖြစ်စဉ်ပါ၊ တကယ်၍ CPU က Data တစ်ခုကို အလုပ်လုပ်ပီးသွားလို့ အဲ့ဒီ့ အလုပ်နဲ့ ပက်သက်တဲ့ Data ကို သိမ်းဖို့ပါလိုလာပီဆိုရင်တော့ အထက်က နည်း အတိုင်း Address သာလျှင် RAM ကို ပြန်ပေးတာမဟုတ်တော့ပဲနဲ့ Address ကော Data ကော ကိုပြန်ပေးတယ်၊ Address ကို Address Bus ကနေ ပြန်ပေးတယ်၊ Data ကို Data Bus ကနေ ပြန်ပေးတယ်၊ ဒီလို Address ကော Data ကော ပြန်ပေးတဲ့အခါ Set Wire ကိုလဲ On ထားပါတယ်၊ ဒါဆိုရင်တော့ CPU ကပြန်ပေးလိုက်တဲ့ Data ကို RAM က ပြန်ပေးလိုက်တဲ့ Address အတိုင်း ရှိရင်းစွဲ Data ကို Override လုပ်ပစ်ပီးသိမ်းလိုက်ပါတယ်၊

RAM ထဲမှာ ရှိတဲ့ 0 တွေ 1 တွေက တကယ်တော့ မတူညီတဲ့ အချက်အလက်တွေကို ကိုယ်စားပြုပါတယ်၊ အရေး အကြီးဆုံး အချက်ကတော့ Instructions (ညွန်ကြားချက်တွေ) ပါ၊ Instructions တွေက CPU ကို ဘာအလုပ်ကို လုပ်မလဲ ဆိုတာကိုညွန်ကြားပေးတယ်၊ အောက် အနီရောင်မြားပြထားတဲ့ အနီရောင်မျဉ်းတန်း တွေအားလုံး က ညွန်ကြားချက် (Instruction) တွေပါ၊
Data တွေထဲမှာ Numbers တွေလဲပါပါတယ်၊ ဒီ Numbers တွေက Compare(နိုင်ယှဉ်ဖို့) Add (ပေါင်းဖို့) စသဖြင့် လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့ပါ၊

RAM ထဲမှာ Addresses တွေလဲပါပါသေးတယ်၊ Address တွေက ညွန်းတဲ့ Data တွေထဲမှာ Address တွေကို ပြန်သိမ်းထားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်ချင်စရာ ဖြစ်သွားမယ်၊ ဒါပေမယ့် ဒီ Address တွေကလဲ အသုံးဝင်လှသလို လိုအပ်တဲ့ အချက်တွေမျိုးစုံကို သိုလှာင်ထားနိုင်ပါတယ်၊
ဥပမာ OutPut Device တစ်ခုစီကို Data ကို ထုတ်ပေးချင်တယ်ဆိုပါစို့ ၊ ဒါဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ အဲ့ဒီ့ Device ရဲ့ Address ကို သိဖို့လိုပါတယ်၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ဖုန်းကို Data Output လုပ်ပေးချင်ရင် ကွန်ပြူတာနဲ့ ချိတ်ဆက်တာနဲ့ ဖုန်းကို Register လုပ်ထားတဲ့ Address ကိုသိဖို့လိုပါတယ်၊

RAM ထဲမှာ Latter တွေကိုလဲ သိုလှောင်ပါသေးတယ်၊ အကယ်၍ Monitor Screen ပေါ်ကို စာသားတွေ Output လုပ်ချင်တယ်ဆိုရင် အဲ့ဒီ့ Output လုပ်လိုတဲ့ Data တွေကို 1 နဲ့ 0 တွေသုံးပီး RAM ထဲမှာသိုလှောင်ထားပါတယ်၊ စာသားတစ်လုံးစီကို သက်ဆိုင်ရာ Character Code အလိုက် 1 နဲ့ 0 တွေပေါင်းထားတဲ့ သီးသန့်အုပ်စု အနေနဲ့ သိုလှောင်တယ်၊ Character Code တွေကတော့ Obitary တွေဖြစ်ပါတယ်၊ ဥပမာ 01100001 က a အက္ခရာ အသေး 01000111 က G အက္ခရာ ဆိုပီး သတ်မှတ်တာပါ၊

အထက်က ဖော်ပြခဲ့တဲ့ Instruction,Number,Address,Letter တွေကတော့ RAM ထဲ က Data အနေနဲ့ ထည့်သွင်းသိမ်းဆည်းတဲ့ Data တွေဖြစ်ပါတယ်၊

အခု CPU ရဲ့ Instruction Set ကို တစ်ချက်ကြည့်ကြမယ်၊


RAM ရဲ့ Data တွေထဲမှာ Instrucion တွေပါတာကို သိနေလောက်ပါပီ၊ အဲ့ဒီ့ Instruction တွေ ဘယ်လောက် အထိ အရေးကြီးလဲ ဆိုတာလဲ ပြောခဲ့ပီးပါဘူး၊ အထက်က ပုံကတော့ အသုံးများတဲ့ Instructions တွေကို ဖော်ပြထားတဲ့ပုံပါ၊ ဒါအကုန်တော့မဟုတ်သေးဘူး၊ အသုံးအများဆုံးလို့ပဲပြောတာပါ၊ အခု အဲ့ဒီ့ Instruction တွေကို တစ်ခုစီရှင်းမယ်၊

LOAD : : Load Instruction ကတော့ RAM ကနေ ဂဏန်းတန်ဖိုး တစ်ခုကို CPU ထဲကို ၀န်တင်တဲ့ အခါ မှာ သုံးတဲ့ Instruction ပါ၊

ADD : : Add Instruction ကတော့ ဂဏန်း တန်ဖိုး နှစ်ခုကို ပေါင်းဖို့ အတွက် သုံးတဲ့ Instruction ပါ၊
STORE: : Store Instruction ကတော့ Add Instruction ညွန်ကြားချက်အတိုင်း ပေါင်းလို့ရလာတဲ့ Data ကို CPU က နေပြန်ပို့တဲ့အခါမှာ RAM မှာ ပြန်သိမ်းဖို့ အတွက်သုံးပါတယ်၊

COMPARE : : Compare Instruction ကတော့ ဂဏန်းတန်ဖိုး နှစ်ခုမှာ ဘယ်တစ်ခုပိုကြီးလဲနဲ့ သူတို့ တန်ဖိုး တူမတူ စစ်လိုတဲ့အခါသုံးပါတယ်၊ Compare Instruction က JUMP IF Instruction နဲ့ အများစု တွဲသုံးပါတယ်၊

JUMP IF : : JUMP IF Instruction ကိုတော့ အကယ်၍ စစ်ဆေးတဲ့ အခြေအနေတစ်ခုက မှန်ရင် Address A ကိုသွားမယ် မှား ရင် ဘာမှမလုပ်ဘူး စသဖြင့် အခြေအနေကိုစစ်ဆေးပီး Address ကို Randomly ပြောင်းချင်တဲ့အခါမှာ သုံးပါတယ်၊

JUMP : : Jump ကတော့ RAM ထဲက Address တွေကို အစီအစဉ် မကျတဲ့ ပုံနဲ့ စိတ်ကြိုက် ရွေးချယ်လို တဲ့အခါမှာသုံးတယ်၊

OUT : : Out Instruction ကတော့ Data တွေကို Monitor သို့ အခြား External Devices တွေကို Output ထုတ်လိုတဲ့အခါသုံးပါတယ်၊

IN : : IN Instruction ကိုတော့ Keybaord လိုမျိုး External Device ကနေ Data ထည့်သွင်းတာကို လက်ခံ တဲ့ အခြေအနေမျိုးမှာသုံးပါတယ်၊

အထက်က အချက်တွေကို သင်သေပြဖို့ အတွက် Gussing Program
လေးတစ်ခုကို တည်ဆောက်ကြည့်ပါမယ်၊ အောက်က ပုံကိုသေချာကြည့်ပါ မျက်စီကို ရှင်ရှင်ထားဖို့လိုမယ်၊
အထက်မှာ Load Instruction ကိုသုံးပီး 9 ကို CPU ထဲကို ၀န်တင်လိုက်ပါတယ်၊ Programmer က အဲ့ဒီ့ Number ကို CPU ထဲမှ ထားပီး Program အသုံးပြုသူကို နံပါတ်ဘယ်လောက်လဲ ခန့်မှန်းခိုင်ပါမယ်၊
 ဒါဆို Program အသုံးပြုသူက ခန့်မှန်းပီး သူထင်တဲ့ ဂဏန်းတန်ဖိုးကိုရိုက်ထည့် လိမ့်မယ်၊ အဲ့ဒီ့ အသုံးပြုသူ ရိုက်ထည့်တဲ့ တန်ဖိုး ကို IN instruction နဲ့ ဖမ်းမယ်၊ Input Device က Keyboard ဖြစ်တဲ့ အတွက် Keyboard Address အတိုင်းဖမ်းမယ်၊ ပီးရင် CPU ထဲမှာ Hold လုပ်ထားတဲ့ နံပါတ်နဲ့ Compare Instruction သုံးပီး နိုင်းယှဉ်မယ်၊ မှန်ရင် JUMP IF = Instruction ကိုသုံးပီး အောက်က Memory Address ကိုသွားခိုင်းမယ်၊ မှားခဲ့ရင် မှားခဲ့ကြောင်း OUT Instruction ကိုသုံးပီး Output Device ဖြစ်တဲ့ Monitor ကို Letter “G” ကို Output ထုတ်ပေးမယ်၊ ပီးရင် JUMP Instruction ကိုသုံးပီး အထက်က In Instruction ကို ပြန်သွားပီး နောက်တစ်ကြိမ် ထပ်ကြိုးစားခိုင်းမယ်၊ မမှန်မခြင်း ဒီ Process ကို ဆက်တိုက် ဖြစ်နေအောင် Program ကိုရေးသားထားနိုင်ပါတယ်၊

သေချာလေ့လာကြည့်ပါ၊ Instructions တွေ အားလုံးကိုသေချာ အသုံးပြုပြသွားတာပါ၊ Ourput နဲ့ Input Devices တွေအပါအ၀င် JUMF IF Instruction ကိုသုံးပီး မှန်ရင် Memory Address တစ်ခုကို Randomly သွားလိုက်တာကိုလဲ တွေ့ရမှာပါ၊ (နားလည်အောင် သေချာ ဖတ်ပါ)၊

အိုကေ RAM ကဏ္ဍပီးရင် RAM ကပေးတဲ့ Instruction တစ်ခုရတိုင်းရတိုင်း CPU က Instruction တွေကို ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်....

သုံးထားတဲ့ CPU 65-02 ရဲ့ Wiring နဲ့ Scoot CPU တို့ကို သေချာ လေ့လာကြည့်ရမှာပါ၊ (အထက်ကမှာ CPU ဖွင့်ထားတဲ့ပုံကိုပြခဲ့ပီးဖြစ်တဲ့ အတွက် နောက်တစ်ကြိမ်မပြတော့ဘူး)၊

CPU မှာ Components တွေအများကြီးပါတယ်၊ အရင်ဆုံး စတင်လေ့လာသွားမှာက Control Unit ဆိုတဲ့ Component ပါ၊ သူကတော့ တပ်တစ်ခုက အရာရှိနဲ့တူပါတယ်၊

Control Unit က RAM ကနေ ပီးတော့ အမိန့်ကို Instruction တစ်ခု အနေနဲ့ လက်ခံပါတယ်၊ လက်ခံရရှိလာတဲ့ Instruction ကို အခြား Components တွေအတွက် သက်ဆိုင်ရာ Commands တွေ အလုပ်တွေအလုက် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်၊ Control Unit အောက်မှာရှိတဲ့ အရေးအကြီးဆုံး Command တစ်ခုကတော့ Arithmetic Logic Unit ဖြစ်ပါတယ်၊ အတိုကောက် ALU လို့ခေါ်ပါတယ်၊
ALU လို့လဲအတိုကောက် ခေါ်တဲ့ Arithmetic Login Unit ကတော့ CPU ထဲမှာ Arithetic နဲ့ ပက်သတ်သမျှ အလုပ်တွေ ဖြစ်တဲ့ Adding(ပေါင်းခြင်း) Substraction (နုတ်ခြင်း) Comparing (နိုင်ယှဉ်ခြင်း) တွေအားလုံးကို လုပ်နိုင်ပါတယ်၊

ALU မှာ Input နှစ်ခုရှိပါတယ်၊ Input A နဲ့ Input B လို့ပဲ ဆိုကြပါစို့၊
ဆိုကြပါစို့ ရှေ့က ၀န်တင်ခဲ့တဲ့ညွန်ကြားချက်မှာ ဂဏန်း နှဏ်ခုပါတယ်ဆိုပါစို့၊ အဲ့ဒီ့ ဂဏန်း နှစ်ခုကိုလဲပေါင်းချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ ဂဏန်း နှစ်ခုကိုပေါင်းမယ့် ညွန်ကြားချက်ကို Control Unit က RAM ကနေ လက်ခံရရှိလာပီး ALU ကို ဘယ်လို အလုပ်ကိုလုပ်ဆောင်ရမလဲ ဆိုတဲ့ ညွန်ကြားချက်ကို ပို့ပေးတယ်၊

ALU က လဲ Control Unit ကနေ လက်ခံရရှိတဲ့ ညွန်ကြားချက်ကအတိုင်း အလုပ်လုပ်ပီး အဖြေကို Output လုပ်ပေးပါတယ်၊

တစ်ခါတစ်ရံမှာတော့ရရှိလာတဲ့ညွန်ကြားချက်ပေါ်မူတည်ပီး ALU ရဲ့ Output ကို ဘာမှဆက်မလုပ်ပဲ ဥပက္ခာပြုထားရတာရှိပါတယ်၊

မနက်ဖြန်ဆက်ရေးမယ်
အောက်က လင့်မှာ PDF ဖိုင်ကို ဒေါင်းလုပ်ရယူပါ၊

မှတ်ချက်၊ ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

Please Like Our Facebook Here

Thank You ! 

Aung Ko Htet

StarDict Dictionary ကို Ubuntu မှာ Install လုပ်မယ်

 
 
Ubuntu ကို သုံးနေရင်းနဲ့ Education ဖက်ကိုပါ စဉ်းစားမိတယ်။ Internet ပေါ်မှာ စာတွေဖတ်ရင်English လိုဖတ်ရတာများတာကလည်းတစ်ကြောင်းပါတာပေါ့ဗျာ။ ABCD ကိုသိတယ် ဆိုပေမယ့် လည်းကိုယ့်ဘာသာစကား မဟုတ်တော့ အခက်တွေ့တာပဲလေ။ အဲဒီမှာ Dictionary က လိုလာပြီလေ။

Windows မှာတုန်းကတော့ Dictionary တွေကပေါတယ်လေ။ Ubuntu မှာ Dictionary က နဲနဲရှားတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ StarDict တို့ GoldenDict တို့ရှိပါတယ်။ ဘယ်ဟာက ပိုကောင်း တယ် မကောင်းဘူးဆိုတာထက် လက်တွေ့အသုံးဝင်တာပဲလုပ်ကြရအောင်ပါ။
 

ကျနော်ကတော့ StarDict ကိုပဲရွေးလိုက်ပါတယ်။ကဲ ဒါဆို StarDict ကို Install လုပ်လိုက်ကြရ အောင်ဗျာ။Terminal ကနေသွင်းမနေတော့ပါဘူး။ လွယ်လွယ်ကူကူပဲ Software Center ကနေ သွင်းပါမယ်။ SC ကိုဖွင့်ပြီးရင် stardict လို့ရိုက်ထည့်ပြီးရှာလိုက်ရင် အောက်ကလိုတွေ့ရမှာပါ။ 




StarDict ဆိုတာလေးကိုနှိပ်လိုက်ရင် More Info နဲ့ Install ဆိုတဲ့ Button တွေတွေ့ပါလိမ့်မယ်။ကျနော်က StarDict ကို Install လုပ်ပြီးသားဆိုတော့ Remove ဆိုပြီးပေါ်နေတာပါ။ Install လုပ်တော့မှာဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။ ဒါမှမဟုတ် MoreInfo ကိုနှိပ်ပြီးတော့ ရှင်းလင်းချက်အကျဉ်းကို လေ့လာချင်လေ့လာလို့ရပါသေးတယ် Version, Total size စတာတွေ ပေါ့ဗျာ။ Size သိတော့ Download ဘယ်လောက်ကြာကြာလုပ်ရမလဲခန့်မှန်းလို့ ရတာပေါ့ ။ 



 
Installation ပြီးသွားရင်တော့ Installed ဆိုပြီးအောက်ကအတိုင်းပြပါလိမ့်မယ်။



Installationပီးသွားပေမယ့်Dictionary တွေမပါသေးဘူးဗျ။ StarDict ကို ဖွင့်လိုက်ပါ။ အောက်ခြေ ဘယ်ဘက်ဒေါင့်မှာခွေးသွားစိတ်ပုံicon လးကိုနှိပ်လိုက်ပါ Manage Dictionaries ဆိုတဲ့ windows ပွင့်လာပါလိမ့်မယ် Dictionaries တွေ Download လုပ်နိုင်မယ့် link ကိုတွေ့ရမှာပါ


http://stardict.sourceforge.net/ ကနေပြီးတော့Dictionariesတွတော်တော်များများ ကို Download လုပ်နိုင်ပါတယ် tar.bz2 အမျိုးအစားတွေပါ (zip တို့ rar တို့လို file Type ပါပဲ)။ ကျနော် Down ထားတာတောင် English-English တွေတင် Dictionaries (၆၀) လောက် ရှိပါတယ်။
ကဲဗျာ.. ဒေါင်းပြီးသွားပြီပဲထားလိုက်ပါတော့ကိုယ်သုံးချင်တဲ့ ExampleDictionary.tar.bz2 ဖိုင်ကို Extract လုပ်ပြီးဖြည်ထုတ်လိုက်ပါ ExampleDictionary ဆိုပြီး Folder တစ်ခုရလာပါလိမ့်မယ်။

Alt + F2 နှိပ်ပြီး gksu nautilus ဆိုတဲ့ command လေးရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Passwordတောင်းပါလိမ့်မယ်။ထည့်ပေးလိုက်ပါ။အောက်ကလို window တစ်ခုပွင့်လာပါလိမ့်မယ်။
File System => user => share => stardict => dic အထိ အဆင့်ဆင့်ဝင်သွားလိုက်ပါ။ပြီးရင်ခုနက Extract လုပ်ပြီးသား ExampleDictionary ဆိုတဲ့ Folder ကို copy & paste လုပ်လိုက်ပါ။ပြီးရင် window ကိုပိတ်လိုက်ရင်ရပါပြီ ။



 
OK! ခင်ဗျားရဲ့ StarDict ကို Dictionary တွေ စုံစုံလင်လင်နဲ့ စတင်အသုံးပြုလို့ရပါပြီ။

English-Myanmar Dictionary သုံးချင်တယ်ဆိုရင်တော့ ornagai-stardict_1.0.0-1_all.deb ဆိုတဲ့ debian file လေးကို https://www.dropbox.com/s/z1k74cm0in5s2ci/ornagai-stardict_1.0.0-1_all.deb internet ကနေပီး down လိုက်ပါ။ပြီးရင် Double Click နှိပ်ပြီး SC ကနေ Installation လုပ်ချင်လုပ် CLI ကနေပဲ sudo dpkg -i ornagai-stardict_1.0.0-1_all.deb ဆိုပြီး တော့ installation လုပ်လုပ် ခင်ဗျားသဘောပါပဲ။

Internet ကနေပြီး ခင်ဗျားရဲ့ လေ့လာမှုတွေအတွက်ဒါဆိုကောင်းကောင်း အထောက်အပံ့ဖြစ်ပြီ လို့ထင်ပါတယ်။ စကားလုံးတစ်လုံးရဲ့ Definition ကို Dictionariy ပေါင်းစုံကနေ လေ့လာရင်း အောင်မြင်မှုတွေ ရယူနိုင်ကြပါစေဗျာ..........။ 



Credit to X Magic World



Please Like Our Facebook Here
Thank You !
Aung Ko Htet