Powered by Blog - Widget

Monday, December 1, 2014

မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ ပြီးခဲ့သည့်သုံးနှစ်တာ ကာလထက် ဆယ်သန်းနီးပါးမြင့်တက်



Aung Ko Htet (MM IT Knowledge)

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူဦးရေသည် ၂၀၁၁ ခုနှစ်မှ ယခုလက်ရှိအချိန်အတွင်း ဆယ်သန်းနီးပါးကျော်မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာနမှ သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်း ဖုန်းအသုံးပြုသူဦးရေသည် ၂၀၁၄ သြဂုတ်လအထိ ရှစ်သန်းသုံးသိန်း ကျော်ရှိခဲ့ပြီး ယခုလက်ရှိအချိန် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆယ်သန်းနီးပါးမြင့်တက်လာ ပြီဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ စုံစမ်းသိရသည်။
ယခုနှစ်  ဧပြီ ၃၀ အထိ  မိုဘိုင်း ဖုန်းအသုံးပြုသူအရေအတွက်အတိအကျမှာ  ရှစ်သန်းနှစ်သိန်းကျော် ၈,၂၇၈,၅၂၀ ရှိခဲ့သည်။ ၂၀၁၄ သြဂုတ်လတွင် ကာတာဆက်သွယ်ရေးကုမ္ပဏီသည် ဆင်းမ်ကတ်များကို စတင်ရောင်းချခဲ့ပြီး တစ်လအတွင်း ၎င်းတို့၏မိုဘိုင်းဖုန်း ဝန်ဆောင်မှုကို  သုံးစွဲသူပေါင်း တစ်သန်းရှိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂၀၁၄၊ စက်တင်ဘာလတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ MPT အမှတ်တံဆိပ်ဖြင့် ဆင်းမ်ကတ်ပေါင်း ၇ သိန်းခန့်ကို ဈေးကွက်အတွင်း စတင်ရောင်းချလာခဲ့သည်။ MPT သည် ဆင်းမ်ကတ် အသစ် တစ်သန်းကို အောက်တိုဘာလကုန်တွင် ဆက်လက် ရောင်းချခဲ့သည်။ နော်ဝေဆက်သွယ်ရေးကုမ္ပဏီ Telenor  Myanmar  သည်  ယခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်တွင် မန္တလေးမြို့၌ ၎င်းတို့၏ဆင်းမ် ကတ်တစ်သန်းကို စတင်ရောင်းချခဲ့သည်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် ၂၀၁၁၊ မတ်လကုန်ပိုင်းတွင် တစ်သန်းတစ်သိန်းကျော်ရှိရာမှ ယခုလက်ရှိအချိန်တွင် ခုနစ်သန်းကျော်ပမာဏ အထိမြင့်တက်လာခြင်းဖြစ်သည်။
ထို့အပြင် ပြည်တွင်း၌ဂျီအက်စ်အမ်အမျိုးအစားမိုဘိုင်းဖုန်းကို အသုံးပြုသူအရေအတွက်သည် စီဒီအမ်အေအမျိုးအစားမိုဘိုင်းဖုန်း အသုံးပြုသူထက်ပိုမိုများပြားကြောင်း  အထက်ပါဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ အတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် ဆင်းမ်ကတ်တန်ဖိုးများကို ကျပ်နှစ်သိန်းအထိလျှော့ချလိုက်သည့်နောက်ပိုင်းတွင် တဟုန်ထိုးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နှောင်းပိုင်း တွင် နိုင်ငံ၏ မိုဘိုင်းဖုန်း သိပ်သည်းဆသည် ၈၀ ရာခိုင်နှုန်း အထိရှိလာမည်ဟု အထက်ပါဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
ထို့အပြင် ပြည်တွင်း၌အသုံးပြုနေသည့် အော်တိုတယ်လီဖုန်း အရေအတွက်မှာ ငါးသိန်းကျော်သာ ရှိသေးပြီး မိုဘိုင်းအင်တာနက် အသုံးပြုသူမှာ ၂ ဒသမ ၄သန်း ကျော်ရှိပြီဖြစ်ပြီး ယင်းအနက်မှ မို ဘိုင်းဖုန်းဖြင့် Facebook သုံးစွဲသူ မှာ ၁ ဒသမ ၈ သန်းကျော်ရှိပြီဖြစ်သည်။
ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအရေအတွက်  ရှစ်သန်းသုံးသိန်းကျော်လာသည်နှင့် တစ်ချိန်တည်း မှာပင် မြန်မာနိုင်ငံတွင် စမတ်ဖုန်းအသုံးပြုသူပမာဏသည်လည်းလစဉ်မြင့်တက်နေသည်ဟု နိုင်ငံတ ကာအချက်အလက်များ ကိုကောက်ယူနေသည့် သုတေသနအဖွဲ့အစည်းအချို့၏ ထုတ်ပြန်ချက်များ အရသိရသည်။
ယခုလက်ရှိ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး မိုဘိုင်းဖုန်းအမှတ်တံဆိပ်မှာ တရုတ်နိုင်ငံထုတ် Huawei ဖြစ်ပြီး ယင်းအမှတ်တံဆိပ်သည် တစ်နိုင်ငံလုံး၏ဈေး ကွက်ဝေစု ၆၀ ရာခိုင်နှုန်းကျော်ကို ရယူထားသည်။ ကိုရီးယားနိုင်ငံ၏ Samsung အမှတ်တံဆိပ်နှင့် အမေရိကန်နိုင်ငံထုတ် Apple အမှတ်တံဆိပ် iPhone အမျိုးအစားများမှာ ပြည်တွင်းဈေးကွက်၌  ၅၈ ရာခိုင်နှုန်းနှင့် ၃၂ ရာခိုင်နှုန်းတို့ကို ရယူထားကြောင်းသိရသည်။
ref: internet journal

0 comments:

Post a Comment