Powered by Blog - Widget

Thursday, January 22, 2015

Android Game တွေကို ကွန်ပျူတာပေါ်မှာ ကစားကြမယ်


အခုချိန်မှာ ရေပန်းအစားဆုံး Online Game တစ်ခုဖြစ်တဲ့ COC ကို လူတိုင်းသိကြမှာပါ။ လူတိုင်းရဲ့လက်ထဲမှာလဲ Game ကစားလို့ကောင်းတဲ့ Smart Phone တစ်လုံးကလည်း ရှိပြီးသားဖြစ်မှာပါ။ Phone မှာ Game ကစားရင်း  အချိန်ကြလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ စက်ပူခြင်း၊ ဘက်ထရီကုန်ခြင်းတွေဖြစ်ပေါ်လာရင် အရမ်းပဲ စိတ်သောကရောက်ကြရပါတယ်။ အချို့ Phone တွေကျတော့ လည်း Game အကြီးကြီးတွေ ကစားဖို့အတွက် ဖုန်းရဲ့ Firmware Version က မနိုင်ဘူးလေ။ အဲ့ဒီအခါမှာ မိမိမှာ ဖုန်းရှိရဲ့သားနဲ့ လူအများလို application စုံစုံကို စမ်းသပ်ခွင့်မရကြတော့ဘူးပေါ့။ ဒီအတွက် အဆင်ပြေစေမဲ့နည်းလမ်းလေးကို ကျွန်တော်မျှဝေပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Phone application , Game များကို မိမိရဲ့ ကွန်ပျူတာပေါ်မှာ စမ်းသပ် နိုင်မဲ့ ဆော့ကစားနိုင်မဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

Android Application ကို Window ပေါ်မှာ ဆော့ကစားဖို့ဆိုတာ ဒီအတိုင်းတော့ မရနိုင်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့ Android Application ကို Window ပေါ်မှာ Run နိုင်အောင် Android Emulator ကိုတော့ Window ထဲမှာ Install လုပ်ထားဖို့လိုအပ်ပါတယ်။ Android Emulator တွေဖြစ်တဲ့ Andy , YouWave နဲ့ Bluestack တို့ကို အောက်က Link တွေမှာ Download လုပ်နိုင်ပါတယ်။

ဒီ Software သုံးခုထဲက ကျွန်တော်နဲ့ အဆင်ပြေတဲ့ Software ကတော့ Bluestack Android Emulator ပါ။ ဒီ Software ကို Download လုပ်ပြီးရင်တော့ ကွန်ပျူတာ မှာ Run လိုက်ပါ။ Run ပြီးရင်တော့တစ်ခုတည်း သုံးလို့မရသေးပါဘူး။ Data တွေကို ထပ်ပြီး Download လုပ်ပေးရပါသေးတယ်။ ပြီးရင်တော့ 1Mobile Market Application လေးကို Bluestack ထဲကနေ Install လုပ်လိုက်ပါ။ ပြီးရင်တော့ 1 Mobile Market ထဲကနေ COC ကို ရှာပြီး Download လုပ်ပြီး ကစားနိုင်ပါပြီ။

ကျွန်တော်တင်ပေးထားတဲ့ Software သုံးခုထဲမှာ Youwave ကလွဲလို့ အခြား Software နှစ်ခုက တန်းပြီး install လုပ်လိုက်ရုံပါပဲ။ You Wave ကတော့ Crack File ပါတဲ့အတွက်ကြောင့် Crack လုပ်ပြီး အသုံးပြုစေချင်ပါတယ်။

Software များ Download လုပ်ရန်

Download Here


အဆင်မပြေမှုများရှိပါက Comment ဖြင့်ဖြစ်စေ aungkohtet@mmitknowledge.com သို့ဖြစ်စေ Mail ပို့ပြီး ပြောကြားနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Aung Ko Htet

0 comments:

Post a Comment