Powered by Blog - Widget

Monday, March 10, 2014

MEC CDMA 800 MHz စနစ် အသုံးပြုသူများအတွက် အကြမ်းခံ၊ ဈေးနှုန်းသက်သာသော ဟန်းဆက်များ ဝင်ရောက်လာ



Aung Ko Htet (MM IT Knowledge)

MEC CDMA 800 MHz စနစ် အသုံးပြုသူများအတွက် ဈေးနှုန်းသက်သာကာ လိုင်းဆွဲအားကောင်းမွန်ပြီး အကြမ်းခံသော ဟန်းဆက် အမျိုးအစားသစ် သုံးခုဈေးကွက် အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။



အဆိုပါ ဟန်းဆက်များမှာ Telsda, ZTA ESifh ZTX ဟန်းဆက် အမျိုးအစားများဖြစ်ပြီး လိုင်းဆွဲအားအတွက် အကောင်းမွန်ဆုံး ဖြစ်စေရန် ဆွဲအားမြင့်မားသော မိုဘိုင်းဖုန်း အင်တာနာများအား အသုံးပြုပေးထားကြောင်း သိရသည်။ Telsda C830E ဖုန်းမှာ CDMA 800MHz စနစ်သီးသန့် အသုံးပြုနိုင်မည်ဖြစ်သော ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ၀၉၇၃ နံပါတ်များနှင့် ၀၉၃၁ MEC မည်သည့် လိုင်းကတ်များမဆို အသုံးပြုနိုင်မည်ဖြစ်ပြီး ZTA H9 ဟန်းဆက်မှာ CDMA 800MHz စနစ်နှင့် GSM စနစ်နှစ်မျိုးတွဲဖက် အသုံးပြုနိုင်မည်ဖြစ်သော ဖုန်းဖြစ်သည်။ သို့ရာတွင် အဆိုပါ ZTA H9 ဟန်းဆက်မှာ CDMA800MHz စနစ်အား အသုံးပြုရာတွင် MEC လိုင်းကတ်များဖြစ်သော ၀၉၃၁ နံပါတ်များအတွက်သာ သီးသန့်အသုံးပြုနိုင်မည်ဖြစ်ပြီး ၀၉၇၃ ဖုန်းများအတွက်မူ အဆင်ပြေနိုင်မည် မဟုတ်ကြောင်းသိရသည်။



ZTX X8 အမျိုးအစားမှာလည်း CDMA 800MHz စနစ်နှင့် GSM စနစ်နှစ်မျိုးတွဲဖက် အသုံးပြုနိုင်မည်ဖြစ်ပြီး ယင်းဟန်းဆက်မှာ မည်သည့် GSM ESifh CDMA800MHz လိုင်းကတ်များမဆို ထည့်သွင်းအ သုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ ၎င်းဟန်းဆက် သုံးမျိုးစလုံး၏ ဈေးနှုန်းမှာ ကျပ် ၆၀,၀၀၀ ဝန်းကျင်ခန့်တွင်သာ ရှိမည်ဖြစ်ပြီး  အကြမ်းခံကာ ဘက်ထရီသက်တမ်း ကောင်းမွန်သော ဖုန်းများဖြစ်ကြောင်း သိရသည်။ ဆက်သွယ်စုံစမ်း လိုသူများအနေဖြင့် Try Call မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၉၄၂၀၀၄၉၁၄၄ တွင်ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

Ref: Internet Journal

0 comments:

Post a Comment