Powered by Blog - Widget

Thursday, April 3, 2014

Paypal တည်ထောင် ဖန်တီးသူ Elon Musk



Aung Ko Htet (MM IT Knowledge)
 
အသက်က ၄၂ နှစ်၊ တောင်အာဖရိက- အမေရိက လူမျိုး၊ လက်ရှိ ကမ္ဘာမှာ ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်ဖြစ်ပြီး အမေရိကန်ရဲ့  နည်းပညာနဲ့ စက်မှုဖွံ့ဖြိုးရေးမှာ အင်မတန် အရေးပါးတဲ့ ပုဂ္ဂိုလ် တစ်ဦး ကတော့ Elon Musk ဖြစ်ပါတယ်။

Paypal ဆိုရင် အားလုံး သိကြမှာပါ။ Paypal ကိုတည်ထောင်ခဲ့သူထဲမှာ ပါဝင်သူတစ်ဦး ဖြစ်ပြီး SpaceX အမည်ရ အာကာသ ခရီးသွားလာရေး ကုမ္မဏီတည်ထောင်သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ဝန်ထမ်းအင်အား ၃၀၀၀ ကျော်ရှိတဲ့ Space X ကို ဦးစီးဦးဆောင်နေသူ CEO ကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ လက်ရှိ ကယ်လီဖိုးနီးယားပြည်နယ် အခြေဆိုက် လျှပ်စစ်ဓာတ်အား သုံး မော်တော်ယာဉ်နဲ့ ပို့ဆောင်ဆက်သွယ်ရေး နည်းပညာ၊ပစ္စည်းထုတ် Tesla Motors ကုမ္မဏီ ရဲ့  စီအီးအိုကလည်း Elon Musk ပဲ ဖြစ်ပါတယ်။ ပြီးတော့ Tesla Motors ကို တည်ထောင်ခဲ့သူကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် Elon Musk တစ်ယောက် ဘာကြောင့် အမေရိကန်စီးပွားရေး နဲ့ နည်းပညာ လောကမှာ လူသိများရခြင်း ကို လေ့လာကြည့်တဲ့အခါ သူ့ရဲ့ ပရိုဖိုင်ကို ယခုလို ဖတ်ရှုလေ့လာ မိခဲ့ ပါတယ်။ 




မွေးဖွားရာ ဇာတိက တောင်ဖရိကမှာ ဖြစ်ပြီး ကနေဒါ နဲ့ တောင်ဖရိက လူမျိုး ဆက်တဲ့ သူ ဖြစ်ပါတယ်။ ကွန်ပြူတာ Programming ကို စိတ်ဝင်စားပြီး ဆရာမပါပဲ သူ့ကိုယ်တိုင် ငယ်ငယ်လေးကတည်းက လေ့လာ သင်ယူပါတယ်။ အသက် ၁၂ နှစ်သား ရောက်ချိန်မှာတော့ သူ့ရဲ့  ပထမဆုံး ပရိုဂရမ်ဖြစ်တဲ့ Space Game ကို ရေးဆွဲအောင်မြင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ နဲ့ ရောင်းချခဲ့ဖူးပါတယ်။ ဒါက သူ့ရဲ့ ဘဝ အမှတ်တရ တစ်ခုပါ။ အသက် ၁၇ နှစ်ရောက်တော့ တောင်အာဖရိကမှာ စစ်မှုမထမ်းချင်တာနဲ့ အမေရိကန်ပြည်ထောင်စုကို အပြီးတိုင်း ပြောင်းရွှေ့ ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ Queen’s University တက်ပြီး စီးပွားရေး ဘာသာရပ်ကို လေ့လာ သင်ယူခဲ့ပါတယ်။ ပြီးတော့ University of Pennsylvania မှာ ရူပဗေဒ ဘာသာရပ်ကို အထူးပြုပြီး ဆက်လက် သင်ကြား လေ့လာခဲ့ ပါတယ်။ Ph.D ပါဆက်ယူဖို့ စိတ်ကူးရှိတော့ Stanford University မှာ လက်တွေ့အသုံးချ ရူပဗေဒနဲ့ Material Science ကို အထူးပြု လေ့လာသင်ကြားခဲ့ပါတယ်။

သူအထင်ကြီး လေးစားတဲ့ ပုဂ္ဂိုလ်များကတော့ Nikola Tesla, Bill Gate, Steve Jobs, Walt Disney များ ဖြစ်ပြီး သူတို့ရဲ့  ကြိုးစားမှု၊ ခံယူချက်များကို အချိန်ပေးလေ့လာခဲ့ပါတယ်။ ပြီးတော့ သူ့မှာ အိုင်ဒီယာ တစ်ခုရှိလာပါတယ်။ ယင်းအိုင်ဒီယာကတော့ အနာဂတ်မှာ လူတွေအတွက် အခက်အခဲ ရှိလာနိုင်တဲ့ နယ်ပယ် သုံးရပ်ကို ဝင်ရောက်ဖို့ ဖြစ်ပါတယ်။ တစ်ခုက အင်တာနက်၊ တစ်ခုက Clean Energy, တစ်ခုက အာကာသ အစရှိသဖြင့် အိုင်ဒီယာ တစ်ခုထဲမှာ ရည်ရွယ်ချက် သုံးခုပါပြီး ပထမဦးဆုံးအနေနဲ့ အင်တာနက်လောကကို စတင် ခြေလှမ်းပါတယ်။

သူကိုယ်တိုင်က ငယ်ငယ်လေးကတည်းက Programming ကို Self taught လုပ်ခဲ့သူဖြစ်တဲ့အတွက် IT Business အတွက်ခြေလှမ်းသွက်ခဲ့ပါတယ်။ အစ်ကို အရင်းဖြစ်သူနဲ့ Zip2 အမည်ရ ဆော့ဖ်ဝဲဖြန့်ချိရေး ဝဘ်ဆိုဒ် တစ်ခု တည်ထောင်ပြီး ၁၉၉၉ ခုနှစ်အရောက်မှာ အမေရိကန်ဒေါ်လာ ၃၀၇ သန်းနဲ့ ရောင်းချနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ X.com လို့အမည်ရတဲ့ Paypal အွန်လိုင်း ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းကိုလည်း သူငယ်ချင်းတို့နဲ့ အတူတည်ထေင်ခဲ့ပြီး ၂၀၀၂ ခုနှစ်အရောက်မှာ eBay ကို အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံနဲ့ ရောင်းချ နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်ထဲ မှာ Paypal မှာ သူ့ရဲ့  ရှယ်ယာတွေ အများစု ပါဝင်နေပါသေးတယ။်

အင်တာနက်မှာ အောင်မြင်ပြီး သူနောက်ထပ် လှမ်းလိုက်တဲ့ ခြေလှမ်း ကတော့ အာကာသ ဖြစ်ပြီး Space X အမည်ရ ကုမ္မဏီကို တည်ထောင်ခဲ့ ပါတယ်။ Falcon 1, Falcon 9 နှစ်စီးဟာ သူပိုင်တဲ့ အာကာသ ယာဉ်ပျံ များ ဖြစ်လာပြီး အမေရိကန်ရဲ့  အရေးကြီးတဲ့ အာကာသ ပို့ဆောင်ဆက် သွယ်ရေးနဲ့ နည်းပညာမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားကိုယ်တိုင် သူ့ရဲ့  လုပ်ငန်းကို လာရောက် လေ့လာရတဲ့အထိ ဖြစ်ခဲ့ပြီး အစိုးရရဲ့  ထောက်ပံ့မှုလည်း ရရှိခဲ့တဲ့ အာကာသ ပို့ဆောင်ဆက်သွယ်ရေး ကုမ္မဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ NASA နဲ့ ၁.၆ ဘီလျံတန်တဲ့ စာချုပ်ရရှိထားပြီး ပို့ဆောင်ဆက်သွယ်ရေးကို တာဝန်ယူထားပေးရပါတယ်။

နောက်ထပ်ခြေလှမ်းတစ်ခုကတော့ Tesla Motors ပါ။ ၂၀၀၃ ခုနှစ်က Space X ကိုလည်း လုပ်ကိုင်နေစဉ် ပူးတွဲ တည်ထောင်ခဲ့ပြီး အမေရိကန်ရဲ့  ပထမဆုံး နည်းပညာမြင့် လျှပ်စစ်ဆလွန်းများ ထုတ်လုပ်ပြသ နိုင်ခဲ့ ပါတယ်။ တိုယိုတာ၊ Daimler တို့ က ရှယ်ယာလာခွဲဝယ်ရတဲ့အထိ သူ့မှာ အဆင့်မြင့်နည်းပညာများ ပိုင်ဆိုင်ခဲ့ပြီး Tesla မှာ စီအီးအိုအဖြစ် ယနေ့တိုင် လုပ်ကိုင်နေပါတယ်။ Tesla မှာ သူ့ရဲ့ လစာက တစ်လကို ၁ ဒေါ်လာ တည်းပါ။ သို့ပေမယ့် သူပိုင်တဲ့ ရှယ်ယာက ၃၂ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ကုမ္မဏီကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး။

ကဏ္ဍကြီး သုံးခု ဖြစ်တဲ့ အင်တာနက်၊ အာကာသ၊ မော်တော်ယာဉ် သုံးခုစလုံးကို ခြေလှမ်းလှမ်းပြီး လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ အောင်မြင်မှု ရရှိတဲ့ ပုဂ္ဂိုလ်အဖြစ် Elon Musk ဟာ ကမ္ဘာမှာ စီးပွားရေး အမြင်ရှိသူများ စာရင်းထဲ ထိပ်တန်းပါဝင်လာပါတယ်။ စီးပွားရေးအမြင်တင်မက အိုင်တီနဲ့ နည်းပညာ မှာပါ တီထွင်ဥာဏ်စွမ်းရှိတဲ့ Elon Musk ဟာ အမေရိကန်ရဲ့  အားထားရတဲ့ စီးပွားရေးနဲ့ နည်းပညာရှင်တစ်ဦးအဖြစ် လည်း သိထား ကြပါတယ်။ အခြားသော စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းငယ်များကိုလည်း တည်ထောင်ထားပါသေးတယ်။

လက်ရှိ သူပိုင်ဆိုင်တဲ့ ငွေကြေး တန်ဖိုးဟာ ၇.၇ ဘီလျံရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ၁၆၂ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

Ref: wiki
အောင်ခမ်း (smart.com.mm)
.

Lenovo ရဲ့ နောက်ဆုံးထွက် ဈေးသက်သာ Tablet အသံ အရည်အသွေးကို ဦးစားပေး



Aung Ko Htet (MM IT Knowledge)

မိတ်ဆွေဟာ Samsung ရဲ့ ပရိသတ်သတ်တစ်ယောက် ဒါမှမဟုတ် သူရဲ့ ဈေးနှုန်းတွေကို မြင့်တယ်လို ခံစားနေ၇သူတစ်ယောက်ဆိုရင် အခုဖော်ပြမဲ့Lenovo tablet လေးတွေကို မိတ်ဆွေစိတ်ဝင်စားကောင်း စိတ်ဝင်စားနိင်ပါလိမ့်မယ်။ အခုဖော်ပြမှာကတော့ Lenovo ရဲ့ A စီးရီး မော်ဒယ် ( ၄) မျိုးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Lenovo ရဲ့ မော်ဒယ်တွေထက် အဆိုပါ စီးရီးတွေမှာ အသံအရည်အသွေးကို ဦးစားပိုပေးထားတာကို တွေ့ရပါတယ်။


အခုလို အသံပိုင်းဆိုင်ရာတွေကို တိုးမြင့်ထားတဲ့ အတွက်ကြောင့် မိတ်ဆွေရဲ့ သေးငယ်လှတဲ့ Screen လေးထဲက Movie experience တွေကို တိုးတက်စေမှာ ဖြစ်ပါတယ်။ ထို မော်ဒယ်တွေကတော့ A7-30, A7-50, A8 နဲ့ A10 တို့ပဲ ဖြစ်ကြပါတယ်။ ထို မော်ဒယ်တွေ အားလုံး ဟာ quad-core processors နဲ့ ဖြစ်ကြပြီး ထိုမော်ဒယ်တွေထဲမှာမှ Screen size တွေကို ပြန်လည်ရွေးချယ်နိင်မှာ ဖြစ်ပါတယ်။

A7-30 ဟာဆိုရင် အခြေခံ မျက်နှာပြင်ဆိုဒ် ၇ လက်မ ရှိပြီး ဖုန်းခေါ်ဆိုမူတွေကိုလည်း ရရှိနိင်ပါတယ်။ A7-50 ကတော့ HD မျက်နှာပြင်တွေနဲ့ ဖြစ်ပြီး front ကင်မရာ 2 megapixel ရှိပါတယ်။ A8 မော်ဒယ်မှာကတော့ ၈ လက်မ မျက်နှာပြင် ကိုရရှိမှာ ဖြစ်ပြီး A10 ကတော့ ၁၀ လက်မ မျက်နှာ ပြင် ဖြစ်ပါတယ်။ ထို အသစ်သော A စီးရီးမော်ဒယ်တွေ အားလုံးကို ယခု နှစ်လယ်လောက်မှာ Lenovo က ထွက်ရှိဖို့ စီစဉ်ထားပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၆ ကနေဒေါ်လာ ၂၈၃ လောက်ထိ အစားစား ရှိမှာ ဖြစ်ပါတယ်။

ref: Aung Heine ( www.smart.com.mm )

Wednesday, April 2, 2014

ဖေ့စ်ဘွတ်ခ် အသုံးမတော်လို့ ပြည့်တန်ဆာဘဝ ရောက်ခဲ့ရ



Aung Ko Htet (MM IT Knowledge)

အမေရိကန်ပြည်ထောင် စုတောင်ပိုင်းမှာတည်ရှိတဲ့ တန် နက်ဆီပြည်နယ်မှာ နေထိုင်သူ မစ္စ ဒါးလက်စ်မဲ လ်လာ (၂ဝနှစ်)ဟာ အခု ဖေ့စ်ဘွတ်ခ်အ သုံးပြုနည်း လမ်းညွှန်တွေကို လေ့လာ မှတ်သား နေ ရပါတယ်။ ဖေ့စ်ဘွတ်ခ်ပရိုဖိုင် တွေကို ဘယ်လိုထိန်းသိမ်းမလဲ၊ ဓာတ်ပုံတွေကို ဘယ်လိုလုံခြုံအောင် ထားရှိမလဲဆိုတာတွေကို အဓိက လေ့လာနေ တာဖြစ်တယ်လို့လည်း သိရပါတယ်။


အကြောင်းကတော့ ဖေ့စ်ဘွတ်ခ်အသုံးမတော်လို့ ပြည့် တန်ဆာတစ်ဦးဘဝ ရောက်ခဲ့ရလို့ ပဲဖြစ်ပါတယ်။ ဒါးလက်မဲလ်လာရဲ့ ဖေ့စ်ဘွတ်ခ်ပုံကို လိင်လုပ်ငန်းကြော် ငြာတစ်ခုမှာ တင်ရှိထားတာကို သူ ငယ်ချင်းတစ်ယောက်ရဲ့ပြောကြား မှုကြောင့် ဒါးလက်စ်သိရှိလိုက်ရ ချိန်မှာ လွန်စွာအံ့အားသင့်ခဲ့ရပါ တယ်။ ဒါးလက်စ်က ဘယ်တုံးက မှ သူမရဲ့ဓာတ်ပုံကို လိင်လုပ်ငန်း ကြော်ငြာမှာ အသုံးပြုဖို့ ခွင့်ပြုခဲ့ခြင်း မရှိသလို သူမကိုယ်တိုင်လည်း လိင် လုပ်သားအလုပ်နဲ့ အသက်မွေးသူ တစ်ယောက်မဟုတ်ဘူးလို့ သိရပါ တယ်။
ခြေု စေါန.ခသာ မှာ လိင်လုပ်ငန်းကြော်ငြာအတွက် ဓာတ် ပုံအတင်ခံခဲ့ရပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်နဲ့ ဈေးနှုန်းတွေကိုပါဖော် ပြထားကြောင်း သိရှိရချိန်မှာတော့ ရဲဌာနကိုအကြောင်းကြားခဲ့ပြီး ယခု အခါ သက်ဆိုင်ရာရဲဝန်ထမ်းများ က ဒါးလက်စ်မဲလ်လာရဲ့ အဖြစ် အပျက်အတွက် စုံစမ်းစစ်ဆေးနေ တယ်လို့ သိရပါတယ်။

ref: Yangon media Group 

စမတ်ဖုန်းများ ကို GPS Device အနေဖြင့် အသုံးပြုနည်း



Aung Ko Htet (MM IT Knowledge)


GPS Device တွေ ဟာ တည်နေရာတွေကို ရှာဖွေဖို့ အလွန်အသုံးဝင်ပါတယ်။ စမတ်ဖုန်း ၊ တက်ဘလက် တွေ ဟာ GPS Device တွေလိုပဲ တည်နေရာတွေကို ရှာဖွေနိုင်ပါတယ်။ အင်တာနက် ကွန်နက်ရှင် မရှိရင်တောင် တည်နေရာတွေကို ရှာဖွေနိုင်ပါတယ်။ စမတ်ဖုန်း ကို ကားထဲမှာ အသုံးပြုပြီးလည်း တည်နေရာတွေ ရှာဖွေနိုင်ပါတယ်။ ကားတွေမှာ တပ်ဆင်ထားတဲ့ GPS စနစ်လို အသုံးချနိုင်မှာဖြစ်ပါတယ်။ 


Mobile Data အသုံးပြုနိုင်ရင်
-----------------------------
Mobile Data အသုံးပြုနိုင်တဲ့ စမတ်ဖုန်း ၊တက်ဘလက်တွေကို GPS Device အနေနဲ့ အသုံးပြုနိုင်ပါတယ်။ Google Maps, Apple Maps , Nokia ရဲ့ HERE Map တွေမှာ Turn-By-Turn Navigation လို့ ခေါ်တဲ့ တည်နေရာတွေကို အဆင့်ဆင့် လမ်းညွှန်ပြသပေးနိုင်ပါတယ်။ အင်တာနက် ကွန်နက်ရှင် ရှိရင် စမတ်ဖုန်း ၊ တက်ဘလက် တွေက GPS Device တွေထက်တောင် ပိုမို စွမ်းဆောင်နိုင်ကြပါတယ်။ အသုံးပြုရလွယ်ကူတဲ့ Interface ရှိခြင်း၊ အင်တာနက်က နောက်ဆုံး သတင်းအချက်အလက်များ ရရှိနိုင်ခြင်း၊ လမ်းပိတ်ဆို့မှု အခြေအနေ ကို အချိန် နဲ့ တစ်ပြေးညီ သိရှိနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပိုမို ရရှိနိုင်ပါတယ်။ အချို့ဝန်ဆောင်မှု တွေမှာဆိုရင် ပိတ်ဆို့နေတဲ့လမ်း ကို ရှောင်ကွင်းသွားနိုင်မယ့် လမ်းကြောင်းတွေကို ပါပြသပေးနိုင်ပါတယ်။

Android မှာ လမ်းညွှန်မြေပုံ ကို အသုံးပြုနိုင်ဖို့ Google Maps ကို သုံးနိုင်ပါတယ်။ Navigation Button ကို နှိပ်ပြီး တည်နေရာ ကို ညွှန်ပြခိုင်းနိုင်ပါတယ်။

iPhone , iPad တို့မှာလည်း Google Maps ကို အသုံးပြုနိုင်ပါတယ်။ iDevice တွေမှာ နဂို ပါရှိတဲ့ Apple Maps ကိုလည်း အသုံးပြုနိုင်ပါတယ်။ Apple Maps မှာ Direction ခလုတ် ကို နှိပ်ပြီး တည်နေရာ တွေကို လမ်းညွှန်ခိုင်းနိုင်ပါတယ်။ Route Option ကိုနှိပ်ပြီး လမ်းကြောင်းတွေကို ကြည့်နိုင်ပါတယ်။ Apple Maps က Turn-By-Turn Directions တွေကို ပြသပေးနိုင်ပါတယ်။

Windows Phone အသုံးပြုသူတွေက Nokia ရဲ့ HERE Maps ကို အသုံးပြုပြီး Turn-By-Turn Directions တွေကို ကြည့်နိုင်ပါတယ်။


Turn-By-Turn Navigation ကို Offline အသုံးပြုခြင်း
-----------------------------------------------------
စမတ်ဖုန်း၊ တက်ဘလက် တွေမှာ Mobile Data မရှိရင်လည်း Turn-By-Turn Navigation တွေကို Offline ကြည့်နိုင်ပါတယ်။ GPS Device တွေမှာ GPS Receiver နဲ့ Offline Map Database ပါရှိပြီး သင့် တည်နေရာ ကို ပြသတာ၊ လမ်းညွှန်ပေးနိုင်တာ၊ တည်နေရာ တွေကို ရှာဖွေတာ တွေပြုလုပ်နိုင်ပါတယ်။ နောက်ပိုင်းထုတ် စမတ်ဖုန်း ၊ တက်ဘလက် တွေမှာလည်း GPS Chip ပါရှိပြီး သင့်တည်နေရာ ကို Offline အခြေအနေမှာတောင် ပြသပေးနိုင်ပါတယ်။ လိုအပ်တာတစ်ခုက Offline Map Data နဲ့ Navigation Directiions တွေကို ပြသပေးနိုင်တဲ့ App ဖြစ်ပါတယ်။
Google Maps မှာ Map Data တွေကို ဒေါင်းလုပ်လုပ်ပြီး Offline ကြည့်နိုင်တဲ့ စွမ်းဆောင်ချက်ပါရှိပါတယ်။ ဒေါင်းလုပ်လုပ်ချင်တဲ့ ဧရိယာ ကို Zoom ဆွဲကြည့်ပါ။ Search Box မှာ “OK Maps” လို့ ရိုက်ပြီး ကီးဘုတ် က Search Button ကိုနှိပ်ပါ။ ဒါဆိုရင် အဲဒီ ဧရိယာ ကို ဒေါင်းလုပ်လုပ်ပေးမှာ ဖြစ်ပြီး Offline ကြည့်နိုင်ပါပြီ။ ဒါပေမယ့် Google Maps က Navigation Directions တွေကို Offline ပြသပေးနိုင်ခြင်း မရှိပါဘူး။ 


Navigation Directions တွေကို Offline ပြသပေးနိုင်တဲ့ Osmand , Navfree တို့ ကိုအသုံးပြုနိုင်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ အခပေး App ကို အသုံးပြုချင်ရင် Sygic ကို အသုံးပြုနိုင်ပါတယ်။ Google Play Store မှာ အဲဒီလို App တွေများစွာရှိပါသေးတယ်။

iPhone, iPad တို့မှာ ဆိုရင် Map Data တွေကို သိမ်းထားဖို့ Google Maps ကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Google Maps က Offline Navigation တွေကို မပြသပေးနိုင်ပါဘူး။ Apple Maps ကလည်း Offline Navigation တွေကို မပြသပေးနိုင်ပါဘူး။ Apple Store မှာ Sygic, CoPilot GPS တို့လို Offline Navigation တွေကို ပြသပေးနိုင်တဲ့ App တွေ ရှိပါတယ်။

Windows Phone မှာ Nokia ရဲ့ HERE Maps က မြေပုံဒေတာတွေကို သိမ်းဆည်းထားနိုင်ပြီး Navigation Direction တွေကို Offline ကြည့်ရှုနိုင်ပါတယ်။
အပေါ်ကနည်းတွေကို အသုံးပြုပြီး စမတ်ဖုန်း ၊တက်ဘလက်တွေကို GPS Device အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။


Ref: Myanmar Digital Life

Samsung က Galaxy Tab4 Tablet များကို ပြသ



Aung Ko Htet (MM IT Knowledge)

Samsung က သူ့ရဲ့နောက်ဆုံးထုတ် စွမ်းဆောင်ရည် အလယ်အလတ်ရှိတဲ့ Galaxy Tab4 ကို အင်္ဂါနေ့ က ထုတ်ဖော်ပြသလိုက်ပါတယ်။ Galaxy Tab4 ကို ဧပြီလ နဲ့ ဇွန်လ အကြားမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ ၇ လက်မ ၊ ၈ လက်မ နဲ့ ၁၀.၁ လက်မ သုံးမျိုးထုတ်လုပ်ပေးထားပါတယ်။ အနက်ရောင် ၊ အဖြူရောင် ရွေးချယ်နိုင်သလို WiFi , LTE အမျိုးအစားများ ခွဲခြားထုတ်လုပ်ပေးထားပါတယ်။

Galaxy Tab4 မှာ Quad-Core 1.2GHz Processor တပ်ဆင်ထားပါတယ်။ WXGA (1280x800 Resoloution) Display တပ်ဆင်ထားပါတယ်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 3 Megapixel Camera နဲ့ မျက်နှာချင်းဆိုင်မှာ 1.3 Megapixel Camera တပ်ဆင်ထားပါတယ်။ 802.11n WiFi , Bluetooth 4.0 အသုံးပြုနိုင်ပါတယ်။

Samsung က Specs တူညီပြီး အရွယ်အစား သိပ်မကွာခြား တဲ့ ၇ လက်မ နဲ့ ၈ လက်မ တက်ဘလက် နှစ်မျိုးကို ထုတ်လုပ်ရောင်းချတာဟာ ထူးဆန်းတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ၇ လက်မအရွယ် အမျိုးအစား မှာ 3G အသုံးပြုနိုင်တဲ့အတွက် LTE အသုံးမပြုနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် ရည်ရွယ်ထုတ်လုပ်ပုံပေါ်ပါတယ်။

Samsung က အဆိုပါ တက်ဘလက်များ ကို ဒေါ်လာ ၃၅၀ အောက်မှာ ရောင်းချနိုင်ပါတယ်။


Ref: Myanmar Digital Life

Samsung က စမတ်အိမ် ၀န်ဆောင်မှု ကို ကိုရီးယား နဲ့ အမေရိကန် တွင် စတင်



Aung Ko Htet (MM IT Knowledge)

Samsung က စမတ်အိမ် ၀န်ဆောင်မှု ကို ဇန်န၀ါရီလ မှာ ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ ကြေညာခဲ့ပြီး အခုတော့ ကိုရီးယား နဲ့ အမေရိကန် မှာ စတင် ၀န်ဆောင်မှု ပေးလိုက်ပြီ ဖြစ်ပါတယ်။

Samsung ရဲ့ Smart Home က စမတ်တီဗီ ၊ အိမ်သုံးပစ္စည်းများ နဲ့ စမတ်ဖုန်း ကို ချိတ်ဆက်ပေးမှာ ဖြစ်ပြီး စမတ်ဖုန်း ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တီဗီ Remote Control ကို “Good Night “ လို့ ပြောလိုက်တာနဲ့ ချိတ်ဆက်မိနေတဲ့ Device တွေဖြစ်တဲ့ စမတ်မီးသီး ၊ Air-Conditioner တို့ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။

အိမ်အပြင်မှာ ရောက်နေရင်လည်း အိမ်ရဲ့ အခြေအနေ ကို စမတ်ဖုန်း App ကနေ စစ်ဆေးနိုင်ပါတယ်။ ဥပမာအားဖြင့် အဝေးတစ်နေရာကနေ အ၀တ်လျှော်စက် ကို အမိန့်ပေးခိုင်းစေနိုင်ပါတယ်။ အသုံးပြုသူတွေက Samsung Smart Home App ကို Samsung Account နဲ့ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ App ကို Samsung Apps နဲ့ Google Play မှာ ရယူနိုင်ပါတယ်။ Gear 2 စမတ်နာရီအတွက် Smart Home App ကိုလည်း ပြုလုပ်ပေးမယ်လို့ သိရပါတယ်။ ၂၀၁၄ Smart TV တွေအတွက် App ကို ဧပြီလ မှာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ App ကနေ ပေးပို့တဲ့ ဒေတာအားလုံး ကို Encrypt လုပ်ထားတယ်လို့ Samsung က ပြောပါတယ်။

မကြာမီ က ကြေညာခဲ့တဲ့ စမတ်မီးသီး ၊ ဖုန်စုပ်စက်ရုပ် ၊ Gear Fit လို ချပ်ဝတ်တန်ဆာကွန်ပြူတာ တွေကို စမတ်အိမ် စနစ် ထဲ ထည့်သွင်းပေးမယ်လို့ သိရပါတယ်။


ref: Myanmar Digital Life

Wirless Keyboard adapter ရောင်းချမှုကို Microsoft ရပ်ဆိုင်း



Aung Ko Htet (MM IT Knowledge)

Microsoft သည်၎င်းတို့၏ Surface tablet များဖြင့် ချိက်ဆက်အသုံးပြုနိုင်သည့် wireless key board adapter ရောင်းချမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ wireless keyboard adapter သည်ဒေါ်လာ ၆၀ တန်ဖိုးရှိပြီး စလင်ဒါပုံသဏ္ဌာန်ရှိကာ သုံးစွဲသူများအနေဖြင့် Surface tablet များကို Bluetooth မှတစ်ဆင့်ချိတ်ဆက်၍ ပေ ၃၀ အကွာမှအသုံးပြုနိုင်သည်။ ယခုအခါတွင် Microsoft အနေဖြင့်၎င်း keyboard ကိုရောင်းချခြင်းရပ်ဆိုင်းကာ Microsoft ၏ Online store တွင် "out of stock" အဖြစ်ဖော်ပြထားသည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူကအကြောင်းကြောင်းကြောင့် မိမိတို့အနေဖြင့် Surface Wireless Keyboard Adapter ကိုဆက်လက်ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ Microsoft အနေဖြင့် မည်သည့်အကြောင်းကြောင့် ၎င်းထုတ်ကုန်ကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်းကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

-စိုးထက်
Ref: Engadget


Internet Journal