Powered by Blog - Widget

Wednesday, March 26, 2014

Oculus VR ကို Facebook တို့ ဝယ်ယူ



Aung Ko Htet (MM IT Knowledge)
 
Facebook က Social Networking မှာတင် မဟုတ်တော့ပဲ IT Industry မှာ နေရာတစ်ခု ရယူလာကြောင်းကို သက်သေပြခဲ့တာ အတော်လေး ကြာပါပြီ။ အင်စတီဂရန်၊ WhatsApp တို့ကို ဝယ်ယူပြီး ယခု ထပ်မံ ဝယ်လိုက်တာ ကတော့ Oculus VR လို့ အမည်ရတဲ့ Virtual Display head ထုတ်လုပ်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။

၂၀၁၅ မှာ ကုန်ပစ္စည်း ထွက်ရှိလာမှာ ဖြစ်တဲ့ Oculus VR ရဲ့ ပထမဆုံး ထုတ်ကုန်က Oculus Rift ဖြစ်ပါတယ်။ မျက်မှန်လို တပ်ပြီး ဂိမ်းဆော့လို့ ရသလို၊ အခြားသော တီဗီကြည့်ရှုခြင်း လုပ်ဆောင်ချက်များကို ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီဂျစ်တယ် အီလက်ထရောနစ် ပစ္စည်း ထုတ်ကုန် ဆိုရင်လည်း မမှား ပါဘူး။ ဒါကြောင့်မို့ Facebook ဟာ ဟာ့ဒ်ဝဲ စီးပွားရေး လုပ်ငန်း ဘက်ကိုလည်း ခြေလမ်းလှည့်လာပြီ ဖြစ်ပါတယ်။

ဝယ်ယူလိုက်တဲ့ စရိတ်က အမေရိကန်ဒေါ်လာ ၂ ဘီလျံ ရှိပြီး Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် အနေနဲ့ ယခုလို ဝယ်ယူပြီးတော့ Social Network နဲ့ ပူးတွဲ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေ ရှိကြောင်း ဆိုပါတယ်။ လက်ရှိ Oculus VR ကုမ္မဏီကို ဝယ်ယူပေမယ့် ယင်းလူများနဲ့ သာ လုပ်ငန်း ဆက်လက် လည်ပတ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (www.smart.com.mm)

0 comments:

Post a Comment