Powered by Blog - Widget

Sunday, May 4, 2014

သင့် အတွက် Linux (အိမောင်)



Aung Ko Htet (MM IT Knowledge)

ဆရာအိမောင်ရေးသားထားတဲ့ သင့် အတွက် Linux ဆိုတဲ့ Ubuntu အကြောင်းရေးသားထားတဲ့ စာအုပ်လေး ထွက်ရှိလာပါပြီ။ အောက်က link ကို နှိပ်ပြီး နမူနာ အခန်း (၅) ခန်းကို Download ရယူနိုင်ပါပြီ။

အောက်က link ကို နှိပ်ပြီး Download လုပ်နိုင်ပါပြီ။


ဒီနေရာကို နှိပ်ပြီး Download လုပ်နိုင်ပါပြီ။ 

အားလုံးအဆင်ပြေကြပါစေ..

Aung Ko Htet (MM IT Knowledge)

ကွန်ပျူတာ သန့်ရှင်းရေးသမား (သို့မဟုတ်) Cleaner ဆိုတာ



Aung Ko Htet (MM IT Knowledge)        
 Cleaner ဆိုတာ cookie, history, temp file , .dll, .ini, .ifo, .db အစရှိသမျှ file တွေ၊  မသုံးတဲ့ shortcut ဖိုင်တွေ၊ ပရိုဂရမ်၊ font ၊ uninstalled program နဲ့ system information တွေကို ကွန်ပျုတာထဲမှာ မလိုအပ်ဘဲ ရှိမနေအောင် ရှင်းပေးတဲ့ program တစ်ခုပါ..

အင်တာနက်အသုံးပြုမှုများလာတာနဲ့အမျှ သင့်ကွန်ပျူတာထဲကို မလိုအပ်တဲ့ file တွေ၊ cookie တွေ၊ history တွေဝင်ရောက် ခိုအောင်းလာပါတယ်.. ဒီ cookie တွေ history တွေက အသုံးဝင်လားဆိုတော့ အသုံးဝင်ပေမယ့် မရှိလည်း ဘာမှ မဖြစ်ပါဘူး. သင်သွားသမျှ web site လိပ်စာတွေ.. profile အချက်အလက်တွေ၊ user name နဲ့ password တွေ၊ သင်ရိုက်သမျှတွေ မှတ်တမ်းတင်ပေးထားပါတယ်.. ဒီလို မှတ်တမ်းတင်ပေးခြင်းအားဖြင့် နောက်တစ်ကြိမ် ဒီဆိုက်တွေထဲ ပြန်ဝင်တဲ့အခါ သင့်အနေနဲ့ key လေး တစ်လုံး ရိုက်ရုံနဲ့ လွယ်ကူလျင်မြန်စွာ ၀င်ရောက်နိုင်စေပါတယ်..

            မကောင်းတာကတော့ hacker တွေအတွက် သွားရည်ကျစရာ မုန့်တွေပါပဲ.. cookie တွေ history တွေကို သယ်မ, သွားပြီး သူတို့ စက်ထဲထည့်ဖွင့်လိုက်ရင် သင်သုံးနေသလိုမျိုး သင့် profile ကအစ သူတို့ဆီမှာ ပေါ်ပါတယ်..ဒီတော့ သင်ဝင်သမျှ သုံးသမျှကို အလွယ်တကူ  ၀င်လို့ သုံးလို့ရပြီပေါ့..  ပြီးတော့လည်း များပြားလာတဲ့ cookie တွေ history ဖိုင်တွေဟာလည်း ကွန်ပျူတာထဲမှာ အမှိုက်ပုံတစ်ခုလို ပွစာကြဲပြီး virus တို့ ဘာတို့ ပါ ခိုအောင်းလာနိုင်ပါတယ်.. ကွန်ပျူတာကိုလည်း ပိုမို လေးကန် နှေးကွေးလာစေပါတယ်.. ကွန်ပျူတာထဲမှာ program တွေ တင်လိုက် ဖြုတ်လိုက် ဖွင့်လိုက် ပိတ်လိုက်လုပ်တိုင်း ယာယီဖိုင် temporary file တွေ နဲ့ setting တွေ၊ log file တွေကိုမှတ်တမ်းတင် သိမ်းဆည်းထားလေ့ ရှိပါတယ်.. ဒါတွေ များလာတဲ့အခါ ကွန်ပျူတာစွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်.. 

              ဒါတွေကို ကိုယ်တိုင် ရှင်းဖို့ဆိုတာ ကျွမ်းကျင်သူအတွက် တော့ ဘာမှ မဟုတ်ပေမယ့် သာမန် user များအတွက်တော့ cleaner ကို မသုံးမဖြစ် သုံးလာရပါတယ်.. cleaner  တွေ ကလည်း အမျိုးအမည်စုံအောင် များပြားလှပါတယ်.. ညံ့ဖျင်းစွာရေးထားတဲ့ cleaner တွေ၊ fake cleaner တွေကို သုံးမိရင်ဖြစ်ဖြစ်၊ ကိုယ် မသုံးတတ်တဲ့ cleaner တွေကို သုံးမိရင်ဖြစ်ဖြစ် ပရိုဂရမ်တွေကို ထိခိုက်စေရုံမက Windows ကိုပါ ရပ်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်.. 
အထူးသဖြင့် cleaner တိုင်းမှာပါတဲ့ Registry cleaner ကတော့ အန္တရာယ်အများဆုံးပါပဲ.. Registry ဆိုတာ တစ်ချက်လေးတောင် အမှားမခံပါဘူး။ ဖြစ်နိုင်ရင် Registry cleaner ကို မသုံးတာကောင်းပါတယ်..  မသုံးမဖြစ် သုံးတော့မယ်ဆိုရင်လည်း Registry ကို ဦးစွာ backup လုပ်ထားသင့်ပါတယ်.. cleaner  မသုံးဘဲ ရှင်းနိုင်တဲ့ နည်းတွေ ရှိပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း cleaner မသုံးပါဘူး.. ကိုယ်တိုင်သာ ရှာဖွေ ရှင်းထုတ်ပါတယ်.. ဒါပေမယ့်လည်း အချိန် မပေးနိုင်မှု၊ မအားလပ်လို့ မေ့လျော့နေမှုတွေကြောင့် cleaner ဆောင်ထားရပါတယ်.. သုံးဖူးသမျှထဲမှာတော့ CCleaner က စိတ်ချရပါတယ်.. 

             2003 မှာ စတင်ထုတ်ခဲ့တဲ့ Piriform.com ရဲ့ CCleaner ဟာ လက်ရှိပေါ်ပြူလာအဖြစ်ဆုံး၊ သုံးစွဲသူပေါင်း 1 billion ကျော် သုံးစွဲမှု အများဆုံး freeware cleaner တစ်ခုဖြစ်နေပါပြီ။ စိတ်ချလက်ချ လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်..

nstall လုပ်နည်း

  • “ccsetup413pro.exe” ကို install လုပ်ပါ။
  • ဆော့ဖ်ဝဲကို မဖွင့်သေးဘဲ Crack folder ထဲရှိ Business (or) Pro folder ထဲက ဖိုင်တွေကို copy ယူပြီး “C:\Program Files\CCleaner\” ထဲ Paste လုပ်ပါ… 
လိုအပ်သူများအနေဖြင့် အောက်ပါလင့်များတွင် free ရယူနိုင်ပါပြီ။

 

Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ


Aung Ko Htet (MM IT Knowledge)


ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။

Wireless Dead Zone ဆိုတာဘာလဲ?

Wireless Dead Zone ဆိုတာ Wi-Fi လိုင်းမိရမယ့်နေရာဖြစ်ပေမယ့် အဲဒီနေရာမှာ Wi-Fi ကိုအသုံးပြုလို့မရတဲ့ နေရာတွေ ဖြစ်ပါတယ်။ Dead Zone ဖြစ်နေတဲ့ အခန်းတစ်ခုထဲဝင်သွားတဲ့ အခြေအနေမှာ Wi-Fi လိုင်းရုတ်တရက်ပြတ်တောက်သွားပါလိမ့်မယ်။ အဲလို နေရာမျိုးကို Dead Zone လို့ခေါ်ပါတယ်။

Wireless Dead Zone တွေဘာလို့ဖြစ်ရတာလဲ?

Wi-Fi Radio Waves တွေကို ဟန့်တားနှောင့်ယှက်တဲ့ အရာဝတ္ထုတွေ ကြောင့် Wireless Dead Zone တွေဖြစ်ပေါ်လာရတာပါ။Wireless Router ကို အိမ်ရဲ့ထောင့်တစ်နေရာမှာထားရှိခြင်းဟာ ဆန့်ကျင်ဘက် ထောင့် မှာ Dead Zone ကိုဖြစ်ပေါ်စေပါတယ်။

တစ်ချို့အိမ်တွေမှာ သံဇကာတွေထည့်သွင်းတည်ဆောက်ထားတဲ့ ထူထဲတဲ့ Plaster Wall တွေ နဲ့တည်ဆောက်ထားကြပါတယ်။ အဲဒီ ကြီးမားတဲ့သံဇကာတွေက Wi-Fi Signals ကို Block လုပ်ကြပါတယ်။သတ္တုနဲ့ ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets လို ပစ္စည်းတွေ ကလည်း Wi-Fi Signals ကို ဟန့်တားကြပါတယ်။
 

Cordless Phones တစ်ချို့ကလည်းအသုံးပြုနေတဲ့အချိန်မှာ Wi-Fi Signals ကိုဟန့်တားကြပါတယ်။ Microwave Oven,Baby Monitors,Wireless Security Systems,Wireless Sound Systems စတဲ့ Devices တွေကလည်း ပြဿနာဖြစ်စေတဲ့ အကြောင်းအရာတွေပါပဲ။

Wireless Networks များစွာရှိတဲ့ Apartment လို နေရာမျိုးတွေမှာလည်း Wi-Fi Signals ပျောက်တတ်ပါတယ်။ အခန်းတိုင်းမှာကိုယ်ပိုင် Wireless Router အသုံးပြုနေတဲ့အခြေအနေမျိုးမှာဖြစ်တတ်တာပါ။ အိမ်နီးနားချင်းတွေကသူတို့ရဲ့ Wireless Networks တွေကို သင့်ရဲ့ Wireless Channel နဲ့တူညီစွာ Configure လုပ်ထားရင်လည်း Wi-Fi Signals ပျောက်ဆုံးတတ်ပါတယ်။ သင့် Networks ရဲ့ Signal Strength ကိုကျဆင်းစေပြီး Dead Zones တွေကိုဖြစ်ပေါ်စေလို့ ဖြစ်ပါတယ်။

Wireless Dead Zone တွေကို ဘယ်လို သိနိုင်မလဲ?

Wireless Dead Zone တွေကို သိနိင်ဖို့အတွက်သင့် Smartphone ဒါမှမဟုတ် Wireless Device တစ်ခုကို သင့် Wi-Fi Network နဲ့ချိတ်ဆက်ပါ။ သင့်အိမ်၊ ရုံး၊ အဆောက်အဦး နေရာအနှံ့ကို ဖြည်းဖြည်းလျှောက်သွားကြည့်ပါ။ Smartphone က Wi-Fi Signal Indicator ကို ဂရုတစိုက်စောင့်ကြည့်ပါ။ Signal Strength က Zero ကိုကျသွားရင် သင် Dead Zone ကိုတွေ့ပါပြီ။ Signal Strength က တော်တော်ကျသွားတဲ့ နေရာတွေကလည်း Dead Zone တွေ ဖြစ်တတ်ပါတယ်။ Devices တစ်ခုနဲ့တစ်ခု Wi-Fi ဆွဲအားတွေကတော့ ကွဲပြားခြားနားကြပါတယ်။

တစ်ခုသတိထားရမှာက Wi-Fi Indicator က ချက်ချင်း Update မလုပ်ပေးနိင်ပါဘူး။ အဲဒီအတွက် သင့်ဖုန်းကို ကိုင်ပြီး ဖြည်းဖြည်းချင်းလမ်းလျှောက်လိုက်၊ နေရာတစ်ခုမှာရပ်လိုက်လုပ်ပေးမှသာ Dead Zone တွေကို ခြေရာခံသိရှိနိင်မှာပါ။
 

Wireless Dead Zone တွေကို သိနိုင်ဖို့ အတွက် Application တွေကိုလည်းသုံးနိင်ပါတယ်။ Android Phone မှာ Wifi Analyzer app ကိုသုံးနိုင်ပါတယ်။ Wifi Analyzer app က Wi-Fi Signal ရဲ့Strength ကို အသေးစိတ်ပြပေးနိင်ပါတယ်။ App ကိုဖွင့်ပြီး Signal Meter Screen ကိုဖွင့်ပါ။ သင့် Wi-Fi Network ကိုရွေးချယ်ပြီးနေရာအနှံ့ ဖြည်းဖြည်းချင်းသွားပါ။ နေရာအလိုက် Signal Strength တွေအတက်အကျ ဖြစ်တာကိုတွေ့မြင်နိုင်ပါတယ်။

Apple ကတော့ ဒီလို သတင်းအချက်အလက်တွေကို third-party apps တွေကိုရယူခွင့်မပြုပါဘူး။ အဲဒီအတွက် iOS,iPhone,iPod,iPod Touch အသုံးပြုသူတွေကတော့ App သုံးပြီး အဲဒီသတင်းအချက်အလက်တွေ မရရှိနိင်ပါ။ iOS Device တွေမှာပါရှိတဲ့ Wi-Fi Indicator ကိုပဲအသုံးပြုလို့ရမှာပါ။ Windows , Mac အသုံးပြုသူတွေကတော့ inSSIDer ဆိုတဲ့ Program ကိုသုံးနိုင်ပါတယ်။

Wireless Dead Zones တွေ မဖြစ်အောင်ဘယ်လို လုပ်မလဲ?

အခုဆိုရင် Wireless Dead Zone တွေရှိတဲ့နေရာတွေကိုသင်စမ်းသပ်သိနိင်ပါပြီ။ အဲဒီ Wireless Dead Zone တွေမဖြစ်အောင်ပြုလုပ် နိုင်တဲ့ နည်းတွေရှိပါတယ်။

• Router ကိုအိမ်ရဲ့ ထောင့်နေရာတွေမှာမထားသင့်ဘဲ အလယ်ကျတဲ့ နေရာတွေကို ပြောင်းရွှေ့ထားပါ။

• Wireless Router ရဲ့ Antenna ကို ဒေါင်လိုက်အပေါ်တည့်တည့်ထောင်ပြီးအသုံးပြုပါ။ ရေပြင်ညီ ထားပြီးအသုံးပြုရင် Wi-Fi Signal ကိုအားနည်းစေပါတယ်။

• သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်တွေသိမ်းတဲ့ Cabinets,Microwave Oven , Aquarium တွေနားမှာ Router ကိုမထားသင့်ပါ။

• Wifi Analyzer , inSSIDer လို Tools တွေသုံးပြီး သင့်ပတ်ဝန်းကျင်မှာလူသုံးနည်းတဲ့ Wirless Channel တွေကိုရွေးချယ်သုံးပါ။ ပြီးရင်တစ်ခြား Wireless Networks တွေက ဟန့်တားနှောင့်ယှက်မှုနည်းအေင် Router ရဲ့ Settings ကိုပြောင်းလဲပါ။

• အပေါ်ကနည်းတွေက အလုပ်မဖြစ်ဖူးဆိုရင် Wireless Repeater သုံးပါ။ Wireless Repeater က Device တစ်ခုဖြစ်ပြီးမူလ Wi-Fi လိုင်းကိုရယူပြီး တစ်ဆင့် ပြန်လွှင့်ပေးနိုင်ပါတယ်။ ကျယ်ဝန်းတဲ့အိမ်တွေ၊ရုံးတွေမှာဆိုရင် အဲဒီ Device ကိုအသုံးပြု ပြီး နေရာအနှံ့ Wi-Fi Signal ကိုကောင်းစွာသုံးနိုင်ပါတယ်။

• Wired Connection တပ်ဆင်အသုံးပြုပါ။ ဥပမာအားဖြင့် သင့်အိပ်ခန်းကလွဲလို့ သင့်အိမ်တစ်ခုလုံးမှာ Wi-Fi လိုင်းကောင်းစွာရရှိတယ်ဆိုပါစို့။ ဒီလို အခြေအနေမှာ Router ကနေ သင့်အိပ်ခန်းကို Ethernet Cable တပ်ဆင်အသုံးပြုနိုင်ပါတယ်။
 

Wireless Dead Zones တွေရှိခြင်းမရှိခြင်းဟာ Router နဲ့ သူ့ရဲ့တည်နေရာ၊ အိမ်းနီးနားချင်းတွေ၊ သင့်အိမ်က နံရံတွေကို ပြုလုပ်ထားတဲ့အရာတွေ၊ သင့်မှာရှိတဲ့ Eletronic Devices တွေနဲ့သူတို့ရဲ့နေရာချထားမှုတွေ ပေါ်မူတည်ပါတယ်။ ဒါ့အပြင်တစ်ခြား အကြောင်းအရာတွေလည်း ရှိနိုင်ပါတယ်။ စာဖတ်သူရော Wireless Dead Zones လို ပြဿနာတွေကြုံတွေ့ဖူးလား? အပေါ်ကနည်းတွေ အပြင်နည်းတွေအပြင်တစ်ခြားကောင်းတဲ့ နည်းတွေရှိရင် Comments ရေးပေးခဲ့ပါအုံး။


  Myanmar ICT

Amazon ၏ Smartphone ထွက်လာတော့မည်

Photo: Amazon ၏ Smartphone ထွက်လာတော့မည်
==========================
ကမ္ဘာတစ်လွှားတွင်လူသုံးများလျက်ရှိသော Online စတိုးတစ်ခုဖြစ်သည့် Amazon က၎င်းတို့၏ကိုယ်ပိုင်စမတ်ဖုန်းထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
Amazon က Kindle Fire Tablets တွေကိုထုတ်လုပ်ပြီးနောက်ပိုင်းတွင် Smartphone ထုတ်လုပ်ဖို့ကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ယင်းရည်မှန်းချက်ကို ယခုအခါတွင်လက်တွေ့အကောင်အထည်ဖော်ရန်ကြိုးပမ်းနိုင်တော့မည်ဖြစ် သည်ဟုဆိုသည်။
ယင်းဖုန်းကို Button သုံးခုနဲ့တည်ဆောက်ထားပြီးစပီကာနှစ်လုံးကိုအောက် ဖက်တွင်တပ်ဆင်ထားသည်ဟု သိရသည်။
လက်ရှိသိရှိရသည့်သတင်းအရဆိုရင် Amazon ၏ Smartphone ဖုန်းကို ၄.၇ လက်မရှိတဲ့ HD မျက်နှာပြင် ၊ Quad-Core Chipset ထည့်ထားသည့် Qualcomm ၊ 2GB ရှိတဲ့ RAM အပြင် 13MP ရှိတဲ့နောက်ကင်မရာစသည့် စနစ်တွေဖြင့်ထည့်သွင်းတည်ဆောက်ထားသည်ဟုဆိုသည်။
ယင်းဖုန်း၏ Android စနစ်ကို Amazon ဗာရှင်းဖြင့်ပြုလုပ်ပေးထားမှာဖြစ် ပြီးဈေးနှုန်းကိုတော့ Google Nexus ၏ဈေးနှုန်းနှင့်အနေအထားတူညီမှုရှိမည့် အနေအထားတွင်ရှိကြောင်းသိရသည်။
Ref : PCQuest
Wai Phyo Aung (TSJ Team)

Aung Ko Htet (MM IT Knowledge)

 
 
ကမ္ဘာတစ်လွှားတွင်လူသုံးများလျက်ရှိသော Online စတိုးတစ်ခုဖြစ်သည့် Amazon က၎င်းတို့၏ကိုယ်ပိုင်စမတ်ဖုန်းထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရသည်။
Amazon က Kindle Fire Tablets တွေကိုထုတ်လုပ်ပြီးနောက်ပိုင်းတွင် Smartphone ထုတ်လုပ်ဖို့ကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး ယင်းရည်မှန်းချက်ကို ယခုအခါတွင်လက်တွေ့အကောင်အထည်ဖော်ရန်ကြိုးပမ်းနိုင်တော့မည်ဖြစ် သည်ဟုဆိုသည်။

ယင်းဖုန်းကို Button သုံးခုနဲ့တည်ဆောက်ထားပြီးစပီကာနှစ်လုံးကိုအောက် ဖက်တွင်တပ်ဆင်ထားသည်ဟု သိရသည်။

လက်ရှိသိရှိရသည့်သတင်းအရဆိုရင် Amazon ၏ Smartphone ဖုန်းကို ၄.၇ လက်မရှိတဲ့ HD မျက်နှာပြင် ၊ Quad-Core Chipset ထည့်ထားသည့် Qualcomm ၊ 2GB ရှိတဲ့ RAM အပြင် 13MP ရှိတဲ့နောက်ကင်မရာစသည့် စနစ်တွေဖြင့်ထည့်သွင်းတည်ဆောက်ထားသည်ဟုဆိုသည်။
ယင်းဖုန်း၏ Android စနစ်ကို Amazon ဗာရှင်းဖြင့်ပြုလုပ်ပေးထားမှာဖြစ် ပြီးဈေးနှုန်းကိုတော့ Google Nexus ၏ဈေးနှုန်းနှင့်အနေအထားတူညီမှုရှိမည့် အနေအထားတွင်ရှိကြောင်းသိရသည်။
 
Ref : PCQuest
Wai Phyo Aung (TSJ Team)

Friday, May 2, 2014

မြန်မာပြည် အွန်လိုင်းပေါ်တွင် အိမ်၊ခြံ၊မြေ အရောင်းအဝယ် ခေတ်စားလာ



Aung Ko Htet (MM IT Knowledge)
 

အွန်လိုင်းပေါ်မှာ အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်း လုပ်ငန်းဟာ မြန်မာပြည်မှာ ရေပန်းစားလာကြောင်း သိရ ပါတယ်။ အဓိက ကတော့ Facebook ကဲ့သို့ လူမှုကွန်ရက် အသုံပြုသူများပြားလာခြင်း ဖြစ်ပါတယ်။

Facebook ကနေ အိမ်၊ခြံ၊မြေ အရောင်းအဝယ် ဝဘ်ဆိုဒ်များ မန္တလေးနဲ့ ရန်ကုန်မှာ ပိုမိုခေတ်စားပြီး နောက်ပိုင်း ကျတော့ Offline အေးဂျင့်များက အွန်လိုင်းပေါ်ရောက်ရှိပြီးသား Facebook page များကို ဝယ်ယူတဲ့အထိ နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။ အွန်လိုင်းကနေ ရှာဖွေဝယ်ယူရခြင်းကြောင့် ပွဲစားခပေးရခြင်း၊ အချိန်ကုန်ခြင်းတို့ မရှိခြင်းက အားသာချက် ဖြစ်ပါတယ်။ ၂၀၁၂ နှစ်ဆန်းလောက်မှာ Facebook Page အများအပြား ကနေ အရောင်းထွက်ရာမှ နောက်ပိုင်းကျတော့ ဝဘ်ဆိုဒ်ဖန်တီးတဲ့အထိ ဖြစ်လာပါတယ်။

ဝဘ်ဆိုဒ်မှာမှ အိမ်အရောင်းအဝယ် အေးဂျင့်များက ကိုယ်ပိုင် ဖန်တီးခြင်းနဲ့ အွန်လိုင်း သီးသန့်သွားတဲ့ ကုမ္မဏီ ဆိုပြီးတော့ ၂ မျိုးပြန်ကွဲ သွားပါတယ်။ နိုင်ငံတကာမှာတော့ www.realtor.com နဲ့ www.rightmove.co.uk တို့လို ဝဘ်ဆိုဒ် ရှိပြီး စတော့ရှယ်ယာ ဈေးကွက်ကို ဝင်နိုင်တဲ့အထိ စီးပွားရေး အောင်မြင်လျက် ရှိပါတယ်။ မြန်မာပြည်မှာလည်း အိမ်၊ခြံ၊မြေ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ ဖြစ်ဖို့ ကြိုးပမ်းနေတာတွေ အများကြီးရှိပါတယ်။ ဥပမာ - www.house.com.mm တို့လို ဝဘ်ဆိုဒ်များကို ဝင်ရောက် လေ့လာ နိုင်ပါတယ်။

ယင်းကဲ့သို့ ဝဘ်ဆိုဒ်များဟာလည်း ပထမဦးဆုံး Facebook ကနေ အခြေတည်ပြီးတော့ အိမ်၊ခြ၊မြေ ရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များအဖြစ်သို့ ကူးပြောင်းလာခြင်း ဖြစ်ပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အခြားသော Third Party Provider ( Service Provider ) များဖြစ်တဲ့ Telenor, Ooredoo တို့လို ကုမ္မဏီကြီးများကလည်း ပိုမိုမြန်ဆန်တဲ့ အင်တာနက် ကွန်ရက်များ ဖန်တီပေးဖို့ အစီအစဉ်များ ရှိတယ်လို့ ကြားသိ ရတဲ့အတွက် မြန်မာပြည်ရဲ့  အင်တာနက် အသုံးပြုသူ ဦးရေကိုလည်း မြင့်လာစေအုံးမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု၊ ကွန်ပြူတာ အင်တာနက် အသုံးပြုသူ များပြားလာမှုတို့က အင်တာနက် အခြေခံ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ အွန်လိုင်းက တစ်ဆင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ဖောက်ကားခြင်း၊ ရှာဖွေခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို တိုးတက် လာမှာ ဖြစ်တယ်လို့ www.house.com.mm မှ အွန်လိုင်းမာကဲတင်းမန်နေဂျာ ဖြစ်သူ ကိုအောင်ခမ်းက ယခုလို ရှင်းပြခဲ့ ပါတယ်။

မြန်မာနိုင်ငံ အွန်လိုင်း ကား အရောင်းအဝယ် ဈေးကွက်



Aung Ko Htet (MM IT Knowledge)

လက်ရှိ မြန်မာပြည်ရဲ့ ကားဈေးကွက်ဟာ အပြင်မှာတင် မကပဲ အွန်လိုင်းပေါ် အထိ ပြန့်နှံ့ လာနေပြီ ဖြစ်ပါတယ်။ အထူး သဖြင့် Facebook ပေါ်ကနေ ရောင်းဝယ် ဖောက်ကားမှု ပိုမို များပြားပြီး တဖြည်းဖြည်းနဲ့ ဝဘ်ဆိုဒ် တွေပေါ် အထိ ရောက်လာ ပါတယ်။ ဒါကလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်လာတဲ့ Revolution နဲ့ သိပ်မကွာ ပါဘူး။ သို့ပေမယ့် နိုင်ငံ တကာမှာက ဝဘ်ဆိုဒ် စာမျက်နှာပေါ်ကို တိုက်ရိုက် ရောက်ရှိခြင်း ဖြစ်ပါတယ်။ ဥပမာ www.carmudi.com.mx တို့လို ဝဘ်ဆိုဒ် မျိုးဟာ မက္ကဆီကို မှာ လူသုံးများ အောင်မြင် လာခဲ့ ပါတယ်။

အွန်လိုင်း ကနေ ရှာဖွေ ခြင်းဖြင့် အချိန်ကုန် သက်သာခြင်း၊ မိမိ လိုအပ်သည့် ကား နှင့် ပက်သက်သော အသေးစိတ် အချက် အလက် များကို အလွယ်တကူ ဖတ်ရှု နိုင်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် အရောင်း အဝယ် လုပ်ဖို့ အတွက် ငွေကြေးက အွန်လိုင်းကနေ မဟုတ်ပဲ အပြင်ကနေသာ သွားခြင်း ဖြစ်ပါတယ်။ အကြောင်းက မြန်မာပြည်မှာ လက်ရှိ အချိန်အထိ လူတိုင်း သုံးလို့ အဆင်ပြေ လွယ်ကူမယ့် အွန်လိုင်း ငွေချေ စနစ် မရှိသေးလို့ ဖြစ်ပါတယ်။ လက်ရှိမှာ မိုဘိုင်း ပိုက်ဆံ အမျိုးမျိုး ပေါ်ပေမယ့် သုံးသူ နည်းနေ ပါသေးတယ်။

ပြည်တွင်းက ဘဏ် များလည်း ငွေချေ စနစ် အမျိုးမျိုးကို အကောင်အထည်ဖော် ဆောင် ရွက် နေပါပြီ။ Master Card တို့လို့ ငွေကဒ် တွေကိုလည်း ပြည်တွင်းက ဘဏ်တွေမှာ လုပ်လို့တော့ ရနေ ပါပြီ။ သို့ပေမယ့် ပြည်တွင်းမှာ အသုံးပြုနိုင် ဖို့ ခက်ခဲပြီး ပြည်ပမှာပဲ အသုံးပြုလို့ အဆင်ပြေတယ်လို့လည်း ဆိုကြ ပါတယ်။ အချို့ ကျတော့လဲ ရတယ်လို့ ပြောပါတယ်။ ပေးပဲ၊ မာစတာ ကဒ် တို့ကို ဖွင့်ဖို့ အတွက် ပြည်တွင်း ကနေ ဝန်ဆောင်မှု ပေးတာလည်း ရှိပါတယ်။ သို့ပေမယ့် အမည်ရင်းနဲ့ မရပဲ အခြားလူတစ်ဦး တစ်ယောက် နဲ့ အခြားနိုင်ငံ နေရပ်လိပ်စာ နဲ့ ရရှိတဲ့ ကဒ် ဖြစ်ပါတယ်။ သုံးလို့ ရပေမယ့် လုံခြုံမှု မရှိ ပါဘူး။ ရာခိုင်နှုန်းအလိုက် ပေးဆောင် ရခြင်း လည်း ရှိနေ ပါသေးတယ်။

ဒီတော့ အွန်လိုင်းမှာ ကား အရောင်း အဝယ် မလုပ်ကြပဲ သတင်း အချက် အလက် ကြည့်ဖို့သာ အသုံးပြု ကြပြီး အွန်လိုင်း ကား ရောင်းဝယ် ဝန်ဆောင်မှုများ ပေါ်ပေါက် လာခြင်း ဖြစ်ပါတယ်။ www.motors.com.mm တို့လို ကား အရောင်း အဝယ် ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ မြန်မာပြည်မှာ အရေအတွက် အများအပြား ရှိနေပြီ ဖြစ်တာကို ကိုယ်တိုင် လေ့လာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။


အွန်လိုင်း အိမ်ခြံမြေ အရောင်းဝယ် အပြင်မှာ ငွေချေ



Aung Ko Htet (MM IT Knowledge)


လက်ရှိ မြန်မာပြည်မှာ အွန်လိုင်း ဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်များစွာ ပေါ်ပေါက် လာပေမယ့် အရောင်းအဝယ် ဖြစ်ဖို့ အတွက် ငွေပေးချေမှုက အပြင်မှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံခြားသား တစ်ဦးနဲ့ စကားပြောဖြစ်လို့ပြောတဲ့အခါ သူ အင်မတန် အံ့သြသွားပါတယ်။

အွန်လိုင်း အရောင်းအဝယ် ဝဘ်ဆိုဒ်များအနေနဲ့ အပြင်မှာပဲငွေပေးကြ ဆိုတော့ ဘာများ ထူး လို့လဲပေါ့။ သို့ပေမယ့် ဒါကိုလည်း နိုင်ငံတကာ အွန်လိုင်းဈေးရောင်းဈေး ဝယ် ဝဘ်ဆိုဒ်နဲ့ စီးပွားရေး ပညာရှင်ဖို့ ချခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ထိုင်ဝမ်နဲ့ ဟောင်ကောင် တို့လို ကျဉ်းလွန်းတဲ့ နိုင်ငံမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်ဖို့အတွက် အွန်လိုင်းကနေတောင် အော်ဒါမမှာပဲ ဖုန်းဆက်ပြီး စမှာခဲ့ကြတာ ဖြစ် ပါတယ်။ အွန်လိုင်း စာမျက်နှာက သတင်းအချက် အလက် ဖော်ပြထားတဲ့ နံရံကပ် စာစောင် တစ်ခုအလားပါပဲ။ ယနေ့အချိန်အထိလည်း ဖုန်းနဲ့ အော်ဒါမှာတဲ့ စနစ်ကို အွန်ုလိုင်းဈေးရောင်း၊ ဈေးဝယ် ဝဘ်ဆိုဒ်တွဲမှာ အော်ဒါမှာ စနစ်တစ်ခုအနေနဲ့ တွဲထား ပေးဆဲ ဖြစ် ပါတယ်။ အွန်လိုင်းကနေ မှာယူမှုကိုတော့ ပိုလုပ်နေကြပါပြီ။ လက်ရှိ မြန်မာပြည် မှာတော့ အွန်လိုင်းငွေပေးငွေချေ စနစ် က အဆင် မပြေနိုင်သေး ပဲ ဖြစ်နေ ပါတယ်။ နည်းပညာ အမျိုးမျိုး၊ စနစ် အမျိုးမျိုးပေါ်လာပေ မယ့် ပြင်ပငွေပေး ၊ငွေချေ စနစ်နဲ့ ဆက်စပ်နေရဆဲ ဖြစ်ပါတယ်။

ဒီအတွက် စနစ်ကြီး တစ်ခု လုံး ဖြစ်ထွန်းပေါ်ပေါက်လာဖို့ဆိုတာ အစိုးရ နည်းပေါ်လစီနဲ့လည်း သက်ဆိုင်ပါသေး တယ်။ အကယ်၍ နိုင်ငံတကာမှာ အသုံးပြုနေကြတဲ့ Paypal, Mastercard များကို မြန်မာနိုင်ငံသားတို့ တရားဝင် အသုံးပြုခွင့် ရလာမယ်ဆိုရင် အွန်လိုင်းအခြေခံ စီးပွားရေး လုပ်ငန်းများ အရှိန်ဟုန်နဲ့ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားကြ ပါတယ်။ ဒါကြောင့်မို့ လက်ရှိ သွားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းက ဝန်ဆောင်မှု ဝဘ်ဆိုဒ်ပဲ ဖြစ်ပါတယ်။ အရောင်းအဝယ် မလုပ်ပေးပဲ၊ အရောင်းအဝယ်လုပ်ရန် သတင်းအချက်အလက်များကို ဝန်ဆောင်မှု ပေးခြင်း က လက်ရှိအခြေအနေမှာ အဖြေတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြန်မာပြည် မှာ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များစွာ ပေါ်လာပါတယ်။ အိမ်ခြံမြေ ဝဘ်ဆိုဒ် မှာဆိုရင် www.house.com.mm လိုမျိုး၊ ကားအရောင်း အဝယ်အတွက် www.motors.com.mm တို့လိုမျိုး ပစ္စည်းအရောင်းအဝယ်အတွက် www.ads.com.mm လို မျိုး အစရှိသဖြင့်တို့ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ သူတို့ကျတော့ အရောင်းအဝယ်ဖြစ်ဖို့အတွက် ငွေပေးငွေချေ စနစ်ကိုထည့်သွင်းမထား ပဲ ရောင်းသူ၊ ဝယ်သူများကိုသာ သတင်းအချက်ပေးတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

ငွေဝင်တဲ့ နည်းလမ်းကျတော့ အဖွင့်စာမျက်နှာမှာ ဦးစားပေးဖော်ပြခံရတဲ့ ကုမ္မဏီ ကို ငွေကောက်ယူခြင်းမျိုးသာ ရှိပါတယ်။ အကယ်၍ အရောင်း အဝယ် ငွေချေ စနစ်တွေသာထည့်မယ်ဆိုရင် ဒါတွေဟာ တစ်နည်းတစ်ဖုံ ပြောင်းလဲ သွားနိုင်ပါတယ်။ သက္ကရာဇ် ၂၀၁၅ ခုနှစ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အွန်လိုင်းအခြေစိုက် စီးပွားရေး လုပ်ငန်း များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။များစွာ ပေါ်ပေါက်လာနိုင်ကြောင်း သိရ ပါတယ်။