Powered by Blog - Widget

Wednesday, August 13, 2014

မိုက်ခရိုဆော့ဖ်မှ ၂၅ ဒေါ်လာတန် Nokia 130 Feature ဖုန်းအား ထုတ်ဖော်ကြေညာ



Aung Ko Htet (MM IT Knowledge)
 
အလျှင်အမြန်ကြီးထွားလာနေသော မိုဘိုင်းဖုန်းဈေးကွက်၏ အဓိက နယ်ပယ်မှာ Feature ဖုန်းများဖြစ်သည်။ လူအများစုသုံးစွဲနိုင်မည့် ဈေးနှုန်းသက်သာသော Feature ဖုန်းများ၏ ဈေးကွက်အတွင်းသို့ ယခုနောက်ဆုံးဝင်ရောက်မည့် Nokia 130 ဆိုတဲ့ Feature ဖုန်းက အခြားသော Feature ဖုန်းများနဲ့မတူဘဲ တမူထူးခြားနေပါသည်။

ပြင်ပန်းပုံသဏ္ဍာန်ကို ကြည့်လိုက်ရုံဖြင့် စွဲမက်ဖွယ်ရာ ဒီဇိုင်းကို ရုတ်ချည်းခံစားရမှာဖြစ်ပြီး ကိုယ့်ရဲ့ တန်ဖိုးကြီး စမတ်ဖုန်းတွေကို တောင်မေ့သွားစေနိုင်မယ့်ပုံစံပါ။ ရိုးရိုးရှင်းရှင်းနဲ့ ခလုတ်တွေကလည်း ဂဏန်းတွက်စက်လိုလိုဘာလိုလို၊ ဘော်ဒီ ကလည်း Music Player လိုလို၊ iPod လိုလိုနဲ့။ အရောင်အသွေးအနေဖြင့် ကျက်သရေရှိစွာ ပုံမှာမြင်ရတဲ့အတိုင်းတွေ့မြင်ရမှာပါ။

အမျိုးအစား နှစ်မျိုးအနေဖြင့် Single SIM ရော Double SIM ရောရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်က color display ဖြစ်ပြီး 1.8 လက်မရှိပါတယ်။ဘက်ထရီကတော့ standby အနေဖြင့်Single SIM က 36 ရက် Double SIM က 26 ရက် တောင်ခံမှာဖြစ်ပါတယ်။ခရီးဝေးတွေသွားတဲ့အခါ ဒီဖုန်းကိုယူဆောင်သွားမယ်ဆိုလျှင် တော်တော်အဆင်ပြေမှာဖြစ်တဲ့သဘောဖြစ်ပါတယ်။Talk time အနေနဲ့ ကတော့ 13 နာရီခံနိုင်မှာဖြစ်ပါတယ်။

Micor SD ကဒ်ကနေ သိုလှောင်မှုကို 32GB အထိ ထပ်မံတိုးချဲ့နိုင်စေမှာလည်းဖြစ်ပါတယ်။Bluetooth ကနေ ကိုယ့်ရဲ့ digital content တွေကို မျှဝေနိုင်စေဖို့ SLAM app ကိုလည်းထည့်သွင်းပေးထားပါတယ်။

Built in အနေနဲ့ MP3 player,Video player ,FM radio တို့နဲ့လည်း သီချင်းများနားထောင်၊ ဗီဒီယိုများကိုကြည့်ရှု၊ နိုင်သလို FM ရေဒီယိုကိုလည်းနားဆင်နိုင်မှာပါ။Movie တွေကိုကြည့်ရှုမယ်ဆိုလျှင် 16 နာရီအထိ ကြည့်ရှုနိုင်စေမှာပါ။

မိုက်ခရိုဆော့ဖ်အနေနဲ့ဒီ Nokia 130 ဖုန်းကို အနီ၊ အနက် နဲ့အဖြူအဖြစ် အရောင်သုံးမျိုးထုတ်မှာဖြစ်ပြီး မိုးဘိုင်းဖုန်း သုံးစွဲမှု တိုးတက်လာနေသော ဈေးကွက်များဖြစ်သည့် China, Egypt, India, Indonesia, Kenya, Nigeria, Pakistan, the Philippines နှင့် Vietnam တို့ကဲ့သို့သော ဈေးကွက်များတွင် တင်ပို့ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။

အလားတူ Mozilla ကလည်း သူ့ရဲ့ဈေးနှုန်းသက်သာသော USD 25 သာကျသင့်မည့် Firefox OS သုံး devices များကိုလာမည့်လအနည်းငယ်အတွင်း India မှာရောင်းချသွားမယ်လို့ဆိုထားပါတယ်။

အနှစ်ချုပ်ဆိုရလျှင်တော့ Feature ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာမယ်ဆိုတာကတော့ အသေအချာပါပဲ။

Credit>>> Nyein Chan (TSJ Tech Team)

0 comments:

Post a Comment