Powered by Blog - Widget

Friday, August 29, 2014

ကမ္ဘာကြီးကိုပြောင်းလဲပစ်နေသည့် အသက် (၃၀) အောက် လူငယ်မီလီယံနာများ



 
Aung Ko Htet (Myanmar IT Knowledge)
ရေးသူ-ခိုင်မင်းညို
လူငယ်တွေဟာ ယနေ့ခေတ်မှာ ထိုင်မနေကြတော့ပါဘူး။ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကို တွေးတောကြံဆရင်း သူတို့ရဲ့ ရည်ရွယ်ချက်တွေကိုပုံဖေါ်ဖို့အတွက်ကြိုးစားနေကြပါတယ်။ သူတို့မှာအတွေ့အကြုံအရ ဝါနုနေပေမဲ့ မကြောက်မရွံ့ဘဲနဲ့ ပုံသေ ရေရှည်စီးပွားရေးပုံစံထဲက ခွဲထွက်ပြီးတော့ နည်းပညာကို အခြေခံတဲ့ ချဉ်းကပ်မှုအသစ်အဆန်းကိုအသုံးပြုပြီး စီးပွားရေးနယ်ပယ်ထဲမှာ လူငယ်တွေဝင်ရောက်လာကြပါတယ်။ အင်တာနက်သုံးစွဲမှုမြင့်တက်လာခြင်းနဲ့ သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့အတူ လူသုံးကုန်ပစ္စည်းတွေနဲ့ သတင်းအချက်အလက်တွေဟာ ပွင့်လင်းမြင်သာပြီးတော့ လွယ်လွယ်ကူကူနဲ့ လူတွေဆီကို ရောက်စေပါတယ်။ အတွေ့အကြုံမရှိတဲ့ အကျိုးသင့်အကြောင်းသင့်မစဉ်းစားတဲ့ ကျောင်းအိုဟောင်းကြီးတွေရဲ့ အုပ်ချုပ်မှုနည်းစနစ်တွေဟာ လွယ်ကူရိုးရှင်းတဲ့ စီးပွားရေးပုံစံဖြစ်စေပါတယ်။ အိမ်မက်အကြီးကြီးတွေနဲ့စတင်သူတွေဟာ သူတို့ရဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီးတော့ စခဲ့ကြပေမဲ့လည်း လက်တွေ့မှာတော့ စိတ်ကူးထားသမျှ ဘာတစ်ခုခုမျှဖြစ်မလာပါဘူး။
တစ်ခါတရံ ရဲဝံ့စွန့်စားတာက အကျိုးအမြတ်ကို ပိုများစေပါတယ်။ အသက်သုံးဆယ်မတိုင်ခင် ဒီနှစ်အတွင်းမှာ မီလီယံနာတွေဖြစ်လာတဲ့ လူငယ်တွေက အောင်မြင်မှုတွေကို ရှာတွေ့ခဲ့ပါတယ်။ သူတို့တွေဟာ ကားအငှားလုပ်ငန်း၊ အဝတ်ဗီရိုထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့ ရိုးရှင်းလွယ်ကူလှတဲ့ စာစီစာရိုက်လုပ်ငန်းတွေမှာတောင် အမြင်အားဖြင့် မပြောင်းလဲဘဲ ဘ၀သစ်ကို စတင်နေကြပါတယ်။ အသက်အရွယ်အားဖြင့် ငယ်ပေမဲ့လည်း နောက်ဆုံးမှာတော့ သူတို့အနေနဲ့လွမ်းမိုးမှုတွေများလာမယ်ဆိုတာကို မျှော်လင့်နေကြပါတယ်။ ၁။Brian Wong သို့မဟုတ် အသက် ၂၃နှစ် မှာ
==============================
အချိန်ကိုငွေအဖြစ်ပြောင်းလဲပစ်သူ
=========================
အထက်တန်းကျောင်းမှာ အတန်း ၄ တန်းကိုကျော်ပြီးအသက် ၁၈ နှစ်မှာ ကောလိပ်တစ်ခုက ဘွဲ့ရပြီးနောက်Brian Wong ဟာ စီးပွားရေးနယ်ပယ်ထဲကို ၀င်ရောက်ခဲ့ ပါတယ်။Digg သတင်းဌာနမှာ ၀င်ရောက်လုပ်ကိုင်ရင်းအောင်မြင်မှုအတွက် ပထမခြေလှမ်းစခဲ့ပါတယ်။ငါးလအကြာမှာတော့ အလုပ်လက်မဲ့ဖြစ်ကာ နောက်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
Brian Wong ဟာ ဘုရားကျောင်းနားကလမ်းမှာ လမ်းလျှောက်နေတုန်း လေယာဉ်တစ်စီးက အပေါ်ကနေဖြတ်ပျံတဲ့အခါစိတ်ကူးသစ်တစ်ခုကို ရခဲ့ပါတယ်။ အဲဒါကတော့ လူတွေဟာ မနက်အိပ်ရာထပြီး အလုပ်သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာတောင် သူတို့ရဲ့ စမတ်ဖုန်းထဲက ဂိမ်းကို ကစားနေတယ်ဆိုတာပါပဲ။ မိုဘိုင်းဂိမ်းတွေဟာ အချိန်တိုအတွင်းမှာ ခေတ်စားလာမယ်ဆိုတာက Brian Wong အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီးတော့ လူတွေက ဘာကြောင့် နှစ်နှစ်ခြိုက်ခြိုက်သဘောကျနှစ်သက်နေရလဲဆိုတာက Brian Wong အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ သတိထားမိတာတစ်ခုက အောင်မြင်မှုတွေက ဆက်လက်ရှိနေမှာဖြစ်ပြီးတော့ ဒါတွေကလည်းလူတွေကို ပြန်လည်ထိုးနက်မှာဖြစ်ပြီး အဆင့်ဆင့် အမှတ်တွေများများရအောင် ကြိုစားကြမှာဖြစ်တယ်။ အခိုက်အတန့်တစ်ခုအလိုက် လူတွေက ပျော်ရွှင်ကြမှာဖြစ်ပြီးတော့ အဲဒီဂိမ်းတွေမှာပါတဲ့ မိုဘိုင်းကြော်ငြာတွေက ပါးရိုက်ချင်စရာကောင်းလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဂိမ်းတွေမှာ ကြားဖြတ်ပြီးတော့ ခေါင်းစီးကြော်ငြာတွေထွက်ပေါ်လာတာတွေဟာ ဂိမ်းကစားသူတွေအတွက် အနှောက်အယှက်ဖြစ်စေပြီးတော့ သုံးစွဲသူတွေကို ဝေးကွာစေမှာဖြစ်တယ်လို့ Wong က သုံးသပ်ပါတယ်။ ကြော်ငြာတဲ့ အမှတ်တံဆိပ်အနေနဲ့လည်း သုံးစွဲသူတွေအတွက် ဆုတွေချီးမြှင့်ပြီးတော့ အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။ Wong ဟာ သူယခင်အလုပ်က သူငယ်ချင်း Courtney Guertin နဲ့အတူ ဒီဇိုင်နာ Amadeus Demarzi ကိုစုစည်းပြီးတော့ San Francisco အခြေစိုက် Kiip လို့ခေါ်တဲ့ အဖွဲ့ကို ၂၀၁၀ ပြည့်နှစ်မှာတည်ထောင်ပြီးမိုဘိုင်းဆိုင်ရာကွန်ရက်ဆုကိုရယူခဲ့ပါတယ်။
Kiip ရဲ့ နည်းပညာက Android နဲ့ IOS တွေကိုပေါင်းစပ်ထားတာဖြစ်ပြီး သုံးစွဲသူတွေနဲ့ အမှတ်တံဆိပ်တွေကို ဆက်သွယ်ပေးဖို့ code တွေကို ပေါင်းစပ်ဖို့အတွက် Developer တွေကို ခွင့်ပြုထားပါတယ်။ ဥပမာအနေနဲ့ ဂိမ်းကစားလွန်းတဲ့ကလေးတွေဟာ အမှတ်အများဆုံးရပြီးတော့ ဆုတွေအပြင် သကြားလုံးတွေလည်းရခဲ့ကြပါတယ်။
Kiip ဟာ မိုဘိုင်းဂိမ်းတစ်ခုတည်းကိုပဲကစားတာဖြစ်ပြီး ပြင်ဆင်ခြင်း၊ တေးဂီတ၊ ချက်ပြုတ်ခြင်းစတဲ့ ကဏ္ဍတွေခွဲထားပြီး မိုဘိုင်းဂိမ်းအခန်းကဏ္ဍကို တိုးချဲ့ခဲ့ပါတယ်။ Gatorade လို အမှတ်တံဆိပ်တွေကျတော့ အသုံးပြုသူတွေဟာ အောင်မြင်သွားကြတဲ့အခါ သောက်စရာတွေကို အခမဲ့ ဝေငှသွားနိုင်မဲ့အခွင့်အရေးတွေရရှိကြပါတယ်။ Kiip ရဲ့ ကွန်ရက်မှာ ကုန်အမှတ်တံဆိပ်ပေါင်း ၁.၀၀၀ ကျော်ပြီးတော့ သုံးစွဲသူတစ်ယောက်ယောက်က ဆုတစ်ခုအတွက် တောင်းဆိုလာတဲ့အခါ ကုန်အမှတ်တံဆိပ် ၁၅၀ ကျော်လောက်က ဆုတံဆိပ်အတွက် တက်တက်ကြွကြွပါဝင်ကြပါတယ်။ Kiip ဟာ ထုံးစံအတိုင်း ၃ ဒေါ်လာရဲ့ ၃ ရာခိုင်နှုန်းအကျိုးအမြတ်ယူပြီးတော့ စံသတ်မှတ်မှုတွေနဲ့အညီ Developer တွေနဲ့ အချိုးညီ အမြတ်တွေကို ခွဲယူပါတယ်။ ဒီကုမ္ပဏီမှာ မနှစ်က သုံးစွဲသူ ၄ သန်းကနေ ဒီနှစ်မှာ သုံးစွဲသူပေါင်း ၁၀ သန်းလောက်ဟာ နေ့စဉ်လည်ပတ်နေကြပြီး နှစ်စဉ်အခွန်ဘဏ္ဍာ အမေရိကန်ဒေါ်လာ ၁၀ သန်းကနေသန်း ၂၀ အထိအခွန်ပေးအပ်ပါတယ်။
Kiip ဟာ True Ventures၊ Relay Venturesနဲ့ Crosslink Capital လိုမျိုး ရင်းနှီးမြုပ်နှံသူတွေဆီက အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်လောက် ရရှိခဲ့ပါတယ်။ ဒီလို ရင်းနှီးမြုပ်နှံတာဟာ ကုမ္ပဏီကိုပိုမိုတိုးတက်စေပြီးတော့ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကုန်အမှတ်တံဆိပ်တွေအတွက် ကိုယ်ပိုင်ဝန်ဆောင်မှုတစ်ခုကို ဖန်တီးပြီးတော့ အခွန်ဘဏ္ဍာအတွက် ၃၀ ရာခိုင်နှုန်းဖန်တီးပေးပြီးဖြစ်ပါတယ်။
နောက်ခြေလှမ်းသစ်တစ်ခုအနေနဲ့ Kiip ဟာ စမတ်ဖုန်းအလွန် တစ်ခြား ကိရိယာတွေနဲ့ဆက်သွယ်ပေးနိုင်မယ့် စနစ်တစ်ခုဆီကို ကြိုးစားဖန်တီးနေတုန်းဖြစ်ပါတယ်။ မတ်လမှာ Mojio နဲ့ပူးပေါင်းပြီး ကားတွေကို စမတ်ကားဖြစ်အောင်ပြောင်းလဲနိုင်အောင် Cloud လိုမျိုး ဆက်သွယ်နိုင်မယ့်ကိရိယာတွေပါဝင်တဲ့ app ကို တီထွင်သွားမယ်လို့သိရပါတယ်။ Kiip ဟာ Mojio ရဲ့ app နဲ့ပေါင်းစပ်ပြီးတော့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် ဆုတွေကို သုံးစွဲသူတွေဆီ ကားမောင်းနေစဉ်အတွင်း နေ့စဉ် ပေးစွမ်းနိုင်ပါတယ်။ ဥပမာတစ်ခုအနေနဲ့ ကားမှာဆီလိုနေတာတွေကို ပြပေးတာတွေ၊ ကားကုမ္ပဏီရဲ့ Discount ပေးတဲ့ဝန်ဆောင်မှုတွေကို ဖေါ်ပြပေးတာတွေကို ပြုလုပ်ပေးပါတယ်။
Kiip ဟာ စမတ်ဖုန်းတွေ app တွေအတွက် အကန့်အသတ်မထားပါဘူး။ ငွေလဲလှဲမှုတစ်ခုကဲသို့ အချိန်တစ်ခုကို ကျွန်တော်တို့အတွက် အတင်းအကျပ်ပြုတာတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေက တိုင်းတာနိုင်တဲ့အတွက်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ ပင်ကိုအားဖြင့် လူသားဆန်ပြီးတော့ အနာဂတ်အတွက်ဆက်စပ်မှုကို ကိရိယာတွေကတစ်ဆင့် ဆက်သွယ်နိုင်တာတွေပေါ်ထွက်လာမယ် လို့ Wong က ပြောသွားပါတယ်။

(Myanmar B2B Management Magazine)

0 comments:

Post a Comment