Powered by Blog - Widget

Monday, March 9, 2015

စိတ်ဖိစီးမှုဟာ သင့်အပေါ်မှာ မူတည်ပါတယ်



ကျွန်တော်တို့ငယ်ငယ်က ကြုံဖူးကြမဲ့ မေးခွန်းတစ်ခုရှိပါလိမ့်မယ်။ ဒီမေးခွန်းဟာ ကျွန်တော်တို့ရဲ့ စိတ်သဘောထားကို အကဲခတ် စစ်ဆေးတဲ့ မေးခွန်းလဲဖြစ်ပါတယ်။ ဒါဟာဘာလဲဆို ရင် ရေခွက် ထဲမှာ ရေကို ထည့်ထားပြီး ဒီရေခွက်ထဲ မှာ ရေဘယ်လောက်ရှိလဲဆိုပြီး မေးကြခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာ ပြန်ဖြေသူရဲ့ အဖြေအပေါ်မှာ မူတည်ပြီးတော့ ဒီလူဟာ စိတ်သဘောထားဘယ် လိုရှိတယ်ဆိုတာကို လေ့လာသုံးသပ်ကြပါတယ်။ ဥပမာ ရေခွက်ထဲမှာ ရေကို တစ်ဝက်ထည့်ထားပြီး မေးသူက ဒီရေခွက်ထဲမှာ ရေဘယ်လောက်ရှိလဲ ဆိုပြီးမေးတဲ့အခါ ပြန်ဖြေတဲ့လူက " ရေတစ်ဝက်ပဲ ရှိတယ် ဆိုရင် ဒီလူဟာ စိတ်သဘောထား သေးသိမ်တဲ့ လူအဖြစ် ကောက်ချက် ချကြပြီး ရေတစ်ဝက်ကြီးများတောင် ရှိတယ်ဆိုပြီး ပြန်ဖြေရင်တော့ ဒီလူဟာ စိတ်သဘောထားကြီးမြတ်တဲ့ လူဆိုပြီး ကောက်ချက်ချ သုံးသပ်ကြပါတယ်။ "  ဒါက ငယ်ငယ်ကပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သိကြတဲ့ ပဟေဠိလေးတစ်ခုပါ။

ဒါပေမဲ့ အခုတော့ စိတ်ပညာရှင်တစ်ယောက်ဟာ လူတိုင်းဟာ စိတ်ဖိစီးမှုနဲ့ပါတ်သက်ပြီး ဥပမာတစ်ခုပေးပြီး ပြောပြခဲ့ပါတယ်။ အဲ့ဒီ ဥပမာကတော့ သူဟာ ရေတစ်ဝက် ထည့်ထားတဲ့ ရေခွက်ကို ကိုင်ပြီး အခန်းထဲမှာ ရှိတဲ့ လူအချို့ကိုမေးမြန်းခဲ့ပါတယ်။ ဒီရေခွက်ဟာ အလေးချိန်ဘယ်လောက်ရှိပါသလဲ။ ဒီအချိန်မှာ ပြန်ဖြေသူတို့ဟာ ၈ အောင်စ ၊ ၂၀ အောင်စ ဆိုပြီး အသီးသီး ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ စိတ်ပညာရှင်ရဲ့ပြန်လည်ဖြေကြားချက်ကတော့ ဒါဟာ အလေးချိန်အတွက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျွန်မပြောချင်တာက စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်တဲ့အတွက် ဒီရေခွက်ကို သင်တို့ အချိန်ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးပြောချင်ပါတယ်။

ဒီရေခွက်ကို ကျွန်မဟာ တစ်မိနစ်ပဲ ကိုင်နိုင်မယ်ဆိုရင် ဘာမှ ပြဿ     နာရှိလာမှာ မဟုတ်ပါဘူး။ ဒီထက် ကြာတဲ့ အချိန်ဖြစ်တဲ့ တစ်နာရီလောက် ကိုင်ထားလိုက်မယ်ဆိုရင်တော့ ကျွန်မရဲ့ လက်တွေ စတာ ညောင်းလာပါလိမ့်မယ်။ ကျွန်မ ညောင်းကိုက်တဲ့ ဝေဒနာကို စတင် ခံစားရလာပါလိမ့်မယ်။ တစ်နာရီထက် ပိုကြာတဲ့ အချိန်ဖြစ်တဲ့ အချိန်ပမာဏဖြစ်တဲ့ တစ်ရက်လောက် ကျွန်မဟာ ဒီရေခွက်ကို ကိုင်ထားလိုက်မယ်ဆိုရင် ကျွန်မရဲ့လက်ဟာ ထုံကြင် ကိုက်ခဲတဲ့ ဝေဒနာအပြင် နာကြင်တဲ့ ဝေဒနာကိုပါ ခံစားရလာပါလိမ့်မယ်။ ဒီဥပမာအတိုင်းပဲ သင်တို့ဟာလည်း သင်တို့ရဲ့ စိတ်ဖိစီးမှုတွေကို အချိန်ကာလ ကြာရှည်စွာ ကိုင်ထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုဟာ သင့်ဆီမှာ အချိန်ကြာမြှင့်စွာ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီစိတ်ဖိစီးမှုကို ဘယ်တော့မှ အချိန်အကြာကြီး လက်ခံမထားပါနဲ့။ အချိန်ကာလ ကြာကြာ လက်ခံထားလေလေ သင့်ကို ပိုပြီး ဆိုးကြိုးဖြစ်ပေါ်စေလေလေဖြစ်ပါတယ်။ သင်စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အခါ ဒီစိတ်ဖိစီးမှုကို အချိန်အကြာကြီး လက်ခံမထားပါနဲ့။ ခဏအတွင်းမှာပင် မေ့ဖျောက်ပစ်နိုင်အောင်ကြိုးစားရင်တော့ သင့်ရဲ့ လူနေမှု ဘ၀များကို  စိတ်ဖိစီးမှု ကင်းကင်းနဲ့ဖြတ်ကျော် နေထိုင်နိုင်ပြီဖြစ်ပါတယ်။

Ref : Alef

Written By Aung Ko Htet

Knowledge Bank (Y)


Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment