Powered by Blog - Widget

Friday, March 20, 2015

PC အတွက် Viber version အသစ် (5.0.1)



မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး Message တစ်ခုဖြစ်တဲ့ Viber ဟာ PC Version ပါ ထုတ်ပေးထားတာကို Viber ချစ်သူတွေအသိဆုံးဖြစ်မှာပါ။ Message အများကြီးရှိကြတဲ့ အထဲကမှ Viber က ဘာကြောင့် Popular ဖြစ်လာရသလဲဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ပြောကြားပါရစေ။ Viber ဟာ စတင် ထွက်ရှိလာကတည်းက End User (အသုံးပြုသူများ) အတွက် လွယ်ကူစေတဲ့အပြင် Sign up ပြုလုပ်ရတာလည်း လွယ်ကူစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ Viber ကို အသုံးပြုဖို့အတွက် မိမိရဲ့ ဖုန်းနံပါတ်အလွယ်တကူ Sign Up ပြုလုပ်ရတဲ့အတွက် အလုပ်မရှုပ် ခက်ခဲမှု မရှိပဲ အသုံးပြုသူတို့ကို အကြိုက်တွေ့စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ viber ဟာ မြန်မာနိုင်ငံမှာလည်း ရုံးခွဲတွေလာဖွင့်ပြီး မြန်မာနိုင်ငံအတွက် သီးသန့် Server တွေထားရှိပြီး Viber အသုံးပြုသူများကို အကောင်းဆုံး ၀န်ဆောင်မှုပေးနေတာကိုတွေ့ရပါတယ်။




Mobile phone များတွင် အသုံးပြုနေကြသည့် အသုံးပြုသူများအပြင် Computer မှာပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Viber ဟာ အခုချိန်မှာတော့ PC အတွက် Version အသစ်ထွက်ရှိလာခဲ့ပါပြီ။ Computer မှာ အသုံးပြုနှင့်ပြီးသား User များအတွက် Viber မှ Version အသစ်ထွက်တိုင် အသိပေးပါတယ်။ အခု Version အသစ်ဆိုပေမဲ့လည်း အရင်က ပုံစံတွေနဲ့ ကွာခြားမှု သိပ်မရှိခဲ့ပါဘူး။ Sticker popup ဒီဇိုင်းလေး ပြောင်းသွားတာပဲ ရှိပါတယ်။ အသစ်မှကြိုက်ကြတယ်ဆိုတဲ့ မိတ်ဆွေတို့အတွက် Viber အသစ်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

အောက်က link မှာ download လုပ်နိုင်ပါတယ်။

Download Here 



Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment