Powered by Blog - Widget

Tuesday, April 1, 2014

Dual sim စနစ်ဖြင့် Huawei honor 3C



Aung Ko Htet (MM IT Knowledge)


မန်းဈေးကွက်ကို GSM+WCDMA နှစ်ကတ်ထည့်သုံးနိုင်မယ့် Huawei honor 3C ဟန်းဆက် ဝင်ရောက်လာပါတယ်။ Android Version 4.2.2 လည်ပတ်မှုစနစ်နဲ့ဖြစ်ပြီး စကရင်က ၅ လက်မ အရွယ်အစား Resolution 720x1280 pixels နဲ့ ဖြစ်ပါတယ်။ CPU Quad Core 1.3GHz, RAM 1GB နဲ့ ဖြစ်ပါတယ်။ ဟန်းဆက်အတွင်း မှတ်ဉာဏ်ပမာဏ 4GB ပါဝင်ပြီး Micro SD Card နဲ့ 32GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ပါတယ်။ GSM 900/1800/1900 network စနစ်တွေမှာ အသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 နဲ့ ဝိုင်ဖိုင်စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ ကင်မရာ စနစ်အနေနဲ့ နောက်ကင်မရာက 8 MP, 3264 x 2448 pixels, autofocus, LED flash ဖြစ်ပြီး ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ မြန်မာစာစနစ်လည်း ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်း ၁၈၀,၀၀၀ ကျပ် ဝန်းကျင်ဖြင့် MOBISTAR (မန္တလေး) ၈၃×၃၄ လမ်းထောင့် ဖုန်း ၀၉-၄၀၂၅၉၇၃၆၃ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကောင်းမြတ်ထွန်း

ADSL စနစ် တပ်ဆင်ထားရှိသည့် မြို့ပေါင်း ၇၂ မြို့ရှိလာ



Aung Ko Htet (MM IT Knowledge)

လက်ရှိတွင် ADSL စနစ်တပ်ဆင်ထားရှိသည့် မြို့ပေါင်း ၇၂ မြို့ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။



နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ မြို့များပါဝင်သည်။ နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ မြို့များ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ မန္တလေးတိုင်းဒေသကြီးနှင့် အနီးတစ်ဝိုက်ရှိမြို့များ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အနီးတစ်ဝိုက်ရှိ မြို့များ အစရှိသည်ဖြင့် ပါဝင်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  လျှောက်ထားခြင်းကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ပြီး www.mcit.gov.mm တွင် ဖောင်ရယူကာ လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါ ဝက်ဘ်ဆိုက်တွင် ADSL Application Form များ ဒေါင်းလုပ်ပြုလုပ်ကာ လူပုဂ္ဂိုလ်ဆိုပါက မှတ်ပုံတင်မိတ္တူဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။



ကုမ္ပဏီအဖွဲ့အစည်းများဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ မှတ်ပုံတင်မိတ္တူ၊ ပုံစံ (၆) ၊ ပုံစံ (၂၆)  မိတ္တူတို့နှင့် ပူးတွဲ၍လျှောက်ထားနိုင်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နမိတ်အတွင်း ADSL စနစ် တပ်ဆင်အသုံးပြုလိုပါက အင်ဂျင်နီယာချုပ်ရုံး၊ ပြည်ပဆက်သွယ်ရေး အဆောက်အဦ၊ ရှစ်မိုင်တွင် လျှောက်ထားနိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့များတွင် အသုံးပြုလိုပါက သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း မန်နေဂျာရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။ ADSL ဌာနစိတ်မှ ရုံးချုပ်အခြေစိုက် အော်တိုတယ်လီဖုန်းဌာန၏ သက်ဆိုင်ရာအိတ်ချိန်းများသို့ လျှောက်ထားသည့် တယ်လီဖုန်းနံပါတ် တပ်ဆင်အသုံးပြုထားသည့် အိတ်ချိန်းများအား သိရှိနိုင်ရန် ရုံးစာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း စိစစ်မေးမြန်းကြောင်း သိရသည်။



သက်ဆိုင်ရာအိတ်ချိန်းမှ အဆိုပါ တယ်လီဖုန်းတပ်ဆင်ထားသည့် အိတ်ချိန်းမည်များအား အကြောင်းပြန်ကြားလာပါက ADSL ဌာနစိတ်မှ ယင်းအိတ်ချိန်းများတွင် ADSL စက်ပစ္စည်းများ တပ်ဆင်ထားခြင်းရှိ၊ မရှိနှင့် တယ်လီဖုန်းတပ်ဆင်ထားသည့် အကွာအဝေးသည် ADSL စနစ် တပ်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ ထပ်မံစီစစ်ရကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သတင်းအချက်အလက်နည်းပညာဌာန (ADSL ဌာနစိတ်) မှ သိရသည်။ တပ်ဆင်ပေးနိုင်ခြင်း (သို့) သတ်မှတ်အကွာအဝေးထက် ကျော်လွန်နေသဖြင့် တပ်ဆင်မပေးနိုင်ခြင်း (သို့) စက်ပစ္စည်းများ တပ်ဆင်ထားခြင်း မရှိသည့်အတွက် ADSL စနစ်များ တပ်ဆင်မပေးနိုင်ခြင်းများကို လျှောက်ထားသူ၏ ဖုန်းနံပါတ်များအတိုင်း အကြောင်းကြားပေးကြောင်း သိရသည်။



ref: ထွန်းထွန်း

Samsung ၏ Galaxy S5 ဖုန်းတွင် နည်းပညာ သစ်များနှင့် Function အသစ်များ ထပ်မံ တိုးမြှင့်ထားဟုဆို



Aung Ko Htet (MM IT Knowledge)


မတ်လ ၂၈ ရက်တွင် Samsung မှ ၎င်းတို့၏ ထုတ်ကုန်အသစ် တစ်ခုဖြစ်သော Samsung Galaxy S5 ဖုန်းအား မိတ်ဆက်ပြသခဲ့ပြီး ယင်းမိတ်ဆက်ပွဲ၌ Galaxy S5 တွင် အသစ်ထည့်သွင်း ပေါင်းစပ် ထားသော နည်းပညာအသစ်များ၊ ဖုန်းတွင်းအသုံးပြု Function အသစ်များအား ပြသခဲ့ပြီး အဆိုပါဖုန်းတွင် နည်းပညာအသစ်များနှင့် ဖုန်းတွင်းအသုံးပြု Function စနစ်အသစ်များအား ထပ်မံတိုးမြှင့်ထားကြောင်း ပြောပြခဲ့သည်။



Samsung မှအသစ်ထွက်လာသည့် Galaxy S5 အား အသုံးပြုသူများအတွက် စနစ် ၅ ခုဖြင့် ဦးတည်ချက်ထားကာ ပြုလုပ်ပေးထားကြောင်း ရှင်းလင်းပြောပြခဲ့သည်။ အဆိုပါ စနစ်များမှာ ဖုန်းအသုံးပြုသူများအတွက် စတိုင်လ်ကျ သေသပ်လှပစေရန်အတွက် ဖုန်း၏ဖွဲ့စည်းမှု ပုံစံဒီဇိုင်းပိုင်း Style, အသုံးပြုသူများအတွက် ပျော်ရွှင်မှုရစေရန်အတွက် FUN စနစ်၊ S5 အသုံးပြုသူများရဲ့ ကျန်းမာရေးအတွက် Fit စနစ်၊ အင်တာနက် အသုံးပြုခြင်းများအတွက် မြန်နှုန်း Speed နှင့် အသုံးပြုသူများ၏ ဒေတာအချက်အလက်များ လုံခြုံရေးစနစ်၊ ဖုန်းကိုထိခိုက်ခြင်းများအား ကာကွယ်ပေးနိုင်ခြင်း Life အစရှိသည့် အချက် ၅ ချက်ဖြင့် ဖြည့်ဆည်းပြုလုပ် ပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။



Galaxy S5 တွင်နည်းပညာ အသစ်များအနေဖြင့် ကင်မရာစနစ် ပိုင်းတွင် အလင်းအမှောင်များအား အလိုအလျောက်ချိန်ညှိကာ ရိုက်ကူးပေးနိုင်မည့် HDR စနစ်၊ မိမိလိုချင်သော ဝတ္ထုတစ်ခုအား Focus ဖြတ်ထားကာ ကျန်သည့်နောက်ခံ Background များအား Blur လုပ်ကာဝါးထားနိုင်မည့် Selective Focus စနစ်၊ အမြန်ဆုံး Focus စနစ်တစ်ခုဖြစ်သော 0.3 စက္ကန့်မြန်နှုန်းမြင့် Auto Focus စနစ် အစရှိသော ကင်မရာနည်းပညာ အသစ်များထပ်မံ ဖြည့်စွက်ထားကြောင်း သိရသည်။



ထို့ပြင်အင်တာနက် အသုံးပြုသူများအတွက် စိတ်ကျေနပ်စေမည့် မြန်နှုန်းမြင့် နည်းပညာသစ် WiFi စနစ်ဖြစ်သည့် Latest 5th Generation WiFi (MIMO) စနစ်ထည့်သွင်း ပေးထားခြင်းကြောင့် လက်ရှိအသုံးပြုလျက်ရှိသော Wi-Fi မြန်နှုန်းများထက် S5 တွင် Speed၂ဆ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။



S5 အသုံးပြုသူများအတွက် ပြုလုပ်ပေးထားသော အချက် ၅ ချက်အနက်မှ တစ်ခုဖြစ်သည့် Life စနစ်အတွက်လည်း လုံခြုံရေးစနစ်တစ်ခုဖြစ်သည့် Fingerprint စနစ်ကိုလည်း S5 တွင်စတင်ထည့်သွင်းပြု လုပ်ထားကြောင်း သိရသည်။ အဆိုပါ Fingerprint စနစ်ဖြင့် Customer များ၏ဒေတာအချက် အလက်များအား လုံခြုံစွာသိမ်းထား နိုင်မည်ဖြစ်သည့်အပြင် Fingerprint စနစ်ဖြင့် တွဲဖက်အသုံးပြုနိုင်မည့် Private Mode စနစ်များလည်း တိုးမြှင့်ပါဝင်လာမည် ဖြစ်သည်။ Private Mode စနစ်တွင် မိမိ၏ဒေတာ အချက်အလက်များအား သိမ်းဆည်းထားကာ Fingerprint စနစ်ဖြင့် Lock လုပ် သိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး ကလေးသူငယ်များအတွက် အလွယ်တကူနှင့် လုံခြုံစွာအသုံးပြုနိုင်မည့် Kid Mode စနစ်ကိုလည်း Private Mode စနစ်များနှင့်အတူ တွဲဖက်ထည့်သွင်း ပေးထားကြောင်း ရှင်းလင်းပြောပြခဲ့သည်။



Customer များ၏ကျန်းမာရေးအတွက် Galaxy S4 တွင်စတင် မိတ်ဆက်ခဲ့သော S  HEALTH စနစ်ကိုလည်း S5 တွင်ပိုမို အဆင့်မြှင့်တင် ပေးထားပြီးနည်း ပညာအသစ်အနေဖြင့် Heart Rate Sensor စနစ်အားထည့်သွင်း ပေးထားကြောင်း သိရသည်။ အဆိုပါ Heart Rate Sensor စနစ်အား Back Camera ၏အောက်ဘက်တွင် ထည့်သွင်းပေးထားပြီး ယင်း Sensor ပေါ်တွင်အသုံးပြုသူ၏ လက်ချောင်းအား ၁၀ စက္ကန့်ခန့် တင်ထားလိုက်ရုံဖြင့် နှလုံးခုန်နှုန်းအား တွက်ချက်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ယင်း S HEALTH စနစ်တွင် နေ့စဉ်ကျန်းမာရေး မှတ်တမ်းများကိုလည်း မှတ်သားထားနိုင်မည် ဖြစ်ပြီးနေ့စဉ်အလိုက် ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်သည်။ ဘက်ထရီစနစ်အတွက်လည်း Power Saving Mode စနစ်အားအဆင့်မြှင့်တင် ပေးထားပြီးပုံမှန် ပါဝင်နေကျ Power Saving Mode စနစ်မျိုးမဟုတ်ဘဲ Ultra Power Saving Mode သို့အဆင့်တိုးမြှင့် ပေးထားကြောင်း ပြောပြခဲ့သည်။ S5 တွင်ယင်းကဲ့သို့ စနစ်အသစ်များ၊ နည်းပညာသစ်များအပြင် နောက်ထပ်စနစ် တစ်ခုကတော့ ရေစိုခံခြင်းစနစ်ကိုလည်း ထပ်မံဖြည့်စွက်ပေးထားကြောင်း သိရသည်။ ရေစိုခံခြင်းအဆင့်တွင် IP67 Certificate ရရှိထားပြီး ရေစိုခံခြင်းအဆင့်တွင် ရေအောက်တစ်မီတာ (၃ပေ) ခန့်အနက်မှာ နာရီဝက်လောက်ထိ ရေစိမ်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။



Galaxy S5 ဖုန်းများအား ပရီအော်ဒါများဖြင့် စတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး ပရီအော်ဒါများအား ဧပြီ ၁ ရက်မှ ၉ ရက်ထိစတင် လက်ခံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ပရီအော်ဒါ မှာယူသူများ အနေဖြင့် ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် Galaxy S5 Music Festival တွက်လက်မှတ်များ ရရှိနိုင်မည်ဖြစ်ပြီး အော်ဒါမှာယူထားသူများအနေဖြင့် ကျပ် ၁ သိန်းအားစရံအဖြစ် ပေးထားရမည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ကျပ် ၆၄၅,၀၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ထားပြီး ပရီအော်ဒါမှာ ယူထားသူများအား ဧပြီ ၂၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ စတင်ရောင်းချချိန်တွင် ပရီအော်ဒါသမားများအား ဦးစားပေးကာ ရောင်းချပေးသွားမည်ဖြစ်ပြီး သီးသန့်ဝယ်ယူလို သူများအား အဆိုပါရက်များ နောက်ပိုင်းမှသာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ref: Internet Journal

စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်းနစ် စာကြည့်တိုက်ကို ရန်ကုန် တက္ကသိုလ်တွင် စတင်ဖွင့်လှစ်



Aung Ko Htet (MM IT Knowledge)


ထိုင်းနိုင်ငံ အခြေစိုက် iGroup မှ အမှုဆောင်အရာရှိချုပ် Mr. Pote N.tee ၏ ပံ့ပိုးမှုဖြင့် စာအုပ်ပေါင်း ၄ သန်းကျော် ဖတ်ရှုနိုင်မည့် အီလက်ထရွန်နစ် စာကြည့်တိုက်ကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၁၉ ရက်က စတင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။



စာကြည့်တိုက်တွင် IBM Server ဖြင့် ချိတ်ဆက်ထားသည့် ကွန်ပျူတာ ၂၅ လုံးတပ်ဆင်ထားပြီး အသုံးပြုသူများ လွယ်ကူစေရန် ဖိုင်ဘာစနစ် အင်တာနက်ကွန်ရက်ကို တည်ဆောက်ထားကြောင်း သိရသည်။ “လက်ရှိကျောင်းက ဖွင့်လှစ်ထားတဲ့ သင်တန်းသား ၃၀ ကတော့ အဓိက သုံးနေပြီး နောက်ပိုင်း သင်တန်းသားတစ်ဦးစီ အတွက် Registering ပြုလုပ်ပြီး အသုံးပြုရမည်” ဟု ရန်ကုန် တက္ကသိုလ် သိပ္ပံဆောင်ရှိ International Center of Excellence (ICOE) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



“တခြားဌာနက ကျောင်းသားတွေအားလုံး သုံးနိုင်အောင် အလှူရှင်တွေ ပေါ်လာရင် လက်ရှိကွန်ပျူတာ အရေအတွက်ထက် အားလုံး သုံးနိုင်ပြီး အင်တာနက်လိုင်းတွေ ပိုကောင်းအောင် ချိတ်ဆက်မယ့် လိုအပ်တဲ့ပစ္စည်းတွေ ထပ်ဖြည့်ပြီး အသုံးပြုနိုင်မှာဖြစ်သည်” ဟု ၎င်းကဆိုသည်။



ယင်းစာကြည့်တိုက် International Center of Excellence (ICOE) တွင် Online Data Base (O.B.D) ဖြင့် ချိတ်ဆက်ထားသည့် e-Book 2 သန်းကျော် စာတမ်းပြုစုသူများ အထောက် အကူဖြစ်စေနိုင်သည့် ပြုစုပြီးနမူနာ စာတမ်းပေါင်း ၁ သန်းကျော်နှင့် ရှားပါး စာအုပ်ပေါင်း ၁ သန်း စုစုပေါင်း စာအုပ် ၄ သန်းကျော် ဖတ်ရှုနိုင်မည် ဖြစ်သည်ဟု သိရသည်။



ref: ဝေေ၀

Online Payment စနစ်မရှိသေးခြင်းကြောင့် ပြည်တွင်း Online Shoppping စီးပွားရေးလုပ်ငန်းများ မတွင်ကျယ်


Aung Ko Htet (MM IT Knowledge)


ပြည်တွင်း၌ လုပ်ငန်းတွင်ကျယ်မှု များပြားလာသည့် အင်တာနက်ပေါ်မှ ဈေးဝယ်နိုင်သောအွန်လိုင်းရှော့ပင်း စီးပွားရေးလုပ်ငန်းများသည် Online Payment စနစ်ကို မကျင့်သုံးနိုင်ခြင်းကြောင့် ဝယ်ယူသူများနှင့် ငွေပေးချေရေးကိစ္စများကို ဆောင်ရွက်သည့်အခါတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။



အဆိုပါ အင်တာနက်ပေါ်မှ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို မှာယူသူများထံသို့ ရောင်းချသည့်အခါတွင် လက်ရှိ ငွေပေးချေရသည့်စနစ်ကြောင့် အဆင်မပြေဖြစ်ရခြင်းဖြစ်ကြောင်း သိရသည်။



ပြည်တွင်း၌ လုပ်ကိုင်နေသော အွန်လိုင်းရှော့ပင်းလုပ်ငန်းများသည် အင်တာနက်စာမျက်နှာပေါ်မှတစ်ဆင့် ကုန်ပစ္စည်းများကို မှာယူသည့် ဝယ်ယူသူများထံသို့ ပစ္စည်းပို့ဆောင်ပေးသည့်အချိန်မှ ကျသင့်သည့် ငွေပမာဏကိုရရှိကြခြင်းက လုပ်ငန်းဆောင်ရွက်မှုပိုင်းကို အခက်ကြုံရခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အဆိုပါလုပ်ငန်း လုပ်ကိုင်ကြသူတချို့က ဆိုသည်။



“အခုနောက်ပိုင်းဆို ဝယ်ယူသူတွေထဲက တချို့က ကြိုက်လို့မှာယူပြီးသားပစ္စည်းတစ်ခုကို သူတို့ထံအရောက်သွားပို့တဲ့အချိန်မှ မကြိုက်ပါဘူးဆိုပြီး ငွေမရှင်းတာတွေရှိလာပါတယ်။ ဒါကဘာမှားနေတာလဲဆိုရင် ကျွန်မတို့ဆီမှာ အွန်လိုင်းကနေ ငွေတစ်ခါတည်းရှင်းနိုင်တဲ့စနစ်တွေ လုံးဝမရှိသေးတာကြောင့်ပါ” ဟု Fashion City Online Shopping လုပ်ငန်းလုပ်ကိုင်နေသည့် မပန်သူက ပြောသည်။



အင်တာနက်ပေါ်မှ ဈေးဝယ်ယူနိုင်သည့် စီးပွားရေးလုပ်ငန်းများသည် ပြီးခဲ့သည့် နှစ်လယ်ပိုင်းမှစတင်ကာ သိသိသာသာ ပေါ်ထွက်လာကြခြင်းဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် အဆိုပါလုပ်ငန်းများမှာ လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် အရေအတွက် နှစ်ဆယ်နှင့်အထက် ရှိလာပြီဖြစ်သည်။

နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ် ရရှိလာခြင်းနှင့်အတူ အဆိုပါ အွန်လိုင်းရှော့ပင်း စီးပွားရေးလုပ်ငန်းများ ပိုမိုများပြားလာခြင်းဖြစ်သော်လည်း အင်တာနက်ပေါ်မှ ငွေပေးချေနိုင်သည့် Online  Payment စနစ်များ ပြည်တွင်း၌ မရှိသေးခြင်းက ယင်းလုပ်ငန်းများကို အခက်ကြုံစေရခြင်းဟု သိရသည်။



“ပစ္စည်းကို အပြင်မှာမြင်ရမှ ငွေမချေတာတွေရှိတယ်။ ကျွန်မတို့တွေဘက်ကလည်း ဝယ်ယူသူတွေက အင်တာနက်ပေါ်ကနေပြီး ကြိုက်ပါတယ်ဆိုပြီး မှာယူထားတာတွေကိုအတည်ပြုပြီး တစ်ဖက်အလုပ်လုပ်တဲ့နိုင်ငံကို လှမ်းမှာရတာပါ။ အဲ့ဒီလိုအခက်အခဲတွေဖြစ်လာရင် ကျွန်မတို့ဘက်က ဆုံးရှုံးရတာတွေရှိပါတယ်” ဟု Celebrities Online Shopping လုပ်ကိုင်နေသူတစ်ဦးကလည်း ဆိုသည်။



ယင်းကဲ့သို့ ပြဿနာများရှိခြင်းကြောင့် တချို့သော အွန်လိုင်းရှော့ပင်းလုပ်ငန်းများသည် ပစ္စည်းမှာယူသူများကို ဘဏ်မှတစ်ဆင့် ငွေကြိုတင်လွှဲစေသည့်စနစ်များကို ကျင့်သုံးနေရကြောင်း သိရသည်။



“အလုပ်ပိုပြီးကြန့်ကြာတာပေါ့။ Online Payment စနစ်တွေ ဒီမှာရှိရင်အရမ်းကောင်းမှာပါ။ ဒီလို အင်တာနက်ပေါ်ကနေ လုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေက လုပ်ရတာကောင်းမွန်ပေမယ့် ဒီလိုနည်းပညာပိုင်း အခက်အခဲတွေရှိနေလို့ တွင်ကျယ်သင့်သလောက်တော့ မတွင်ကျယ်သေးပါဘူး” ဟု အထက်ပါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။



ပြည်တွင်း၌ အင်တာနက်ပေါ်မှ ငွေပေးချေနိုင်သည့် Online Payment စနစ်ကို အသုံးပြုနိုင်ရန်အတွက် ကောင်းမွန်သည့် အင်တာနက်ဝန်ဆောင်မှုနှင့် မိုဘိုင်းဖုန်းကွန်ရက်များက အဓိကျပြီး အဆိုပါစနစ်ကို ဘဏ်များနှင့် စနစ်တကျ ချိတ်ဆက်ထားနိုင်မှုတို့က အရေးကြီးကြောင်း ကွန်ပျူတာပညာရှင်အချို့က ပြောကြားသည်။



ယင်းကဲ့သို့ အင်တာနက်ကို အခြေပြုရသည့် နောက်ဆုံးပေါ်စီးပွားရေးလုပ်ငန်းများအတွက် အဓိကကျသည့် ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် လက်ရှိအစိုးရဘက်မှ အဆင်သင့်မဖြစ်သေးကြောင်းလည်း အထက်ပါ ကွန်ပျူတာပညာရှင်များက သုံးသပ်ကြသည်။



ref: ယုဇနကိုကို

ဘဏ်နှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပ



Aung Ko Htet (MM IT Knowledge)


ဘဏ်နှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်အဖြစ် Building the High Performance Banks and Financial Services to compete in toda's marketplace? ကို မတ်လ ၂၅ ရက်နေ့က Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။



လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်နှင့် အခြားအဖွဲ့အစည်းများတွင် အသုံးပြုသူများ၏ လိုအပ်ချက်၊ မျှော်လင့်ချက်များအပြင် ပြည်ပမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုအသစ်များ အစရှိ သည်ဖြင့် စိန်ခေါ်မှု များကို ရင်ဆိုင်နေရကြောင်း၊ ဘဏ္ဍာရေးကဏ္ဍ၏ နောက်ကွယ်တွင် သတင်းအ ချက်အလက်နှင့် နည်းပညာမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲကျင်းပရာမှ သိရသည်။

ထိုင်းနိုင်ငံတွင် ဘဏ်ပေါင်းရှစ်ထောင်ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံတွင် တစ်ထောင် ဝန်းကျင်သာ ရှိသေးကြောင်း ၊ ဘဏ် လုပ်ငန်း ဆိုင် ရာ ပိုမိုဖွံ့ဖြိုး တိုးတက် ရန်အတွက် နည်းပညာကဏ္ဍမှာ အရေးပါကြောင်း Hitachi Data Systems မှ Channel Technical Lead,  Partners & Alliances (ASEAN) ဖြစ်သူ Mr. Matthew Varghese က အဆိုပါအလုပ်ရုံဆွေးနွေးပွဲ Strategic IT Foundation for growth and competitiveness ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။ ဘဏ်လုပ် ငန်းဆိုင်ရာ၊ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ အစရှိသည်များကို နိုင်ငံတကာမှ ပညာရှင်များ က ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကို ACE Data System Ltd, Hitachi Data Systems နှင့် YIP IN TSOI တို့က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ref: ထွန်းထွန်း

iPhone 6 ဟုယူဆရသည့် ဓာတ်ပုံများ ထွက်ပေါ်လာ



Aung Ko Htet (MM IT Knowledge)

Apple ၏ အသစ်ထွက်ရှိလာမည့် iPhone 6 ဟုယူဆရသည့် ဓာတ်ပုံ သုံးပုံကို Weibo account တစ်ခုမှ ဖော်ပြခဲ့ကြောင်း သိရသည်။



အဆိုပါ ဓာတ်ပုံများကို Foxconn မှ တစ်စုံတယောက်က တင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းထုတ်လုပ်ရေး စက်ရုံတွင် စမ်းသပ်မှုများ ပြုလုပ်နေသည့် ထုတ်ကုန် ပုံစံငယ်ကို ရိုက်ကူးထားခြင်း ဖြစ်သည်။ သို့သော် ယခုဓာတ်ပုံများအပေါ် မယုံကြည်သူ အများအပြား ရှိနေသော်လည်း Apple အနေဖြင့် iPhone အသစ် ကို ယခုနှစ်အတွင်း ထွက်ရှိနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။



ဓာတ်ပုံများတွင် iPhone 6 သည် ပိုမိုပါးလွှာပြီး ဖုန်း၏ ကိုယ်ထည် ကင်မရာမှ မှန်ဘီလူးသည် iPod Touch ၏ ကင်မရာကဲ့သို့ပင် ကိုယ်ထည်ပေါ်သို့ အနည်းငယ် မြင့်တက်နေကြောင်း ဖော်ပြထားသည်။ အဆိုပါ အချက်သည် ယခင် iPhone များနှင့် မတူကွဲပြားသည့် အချက် ဖြစ်လာဖွယ်ရှိသည်။ အခြား ကောလာဟလ သတင်းများတွင်လည်း အသစ်ထွက်ရှိလာမည့် iPhone သည် ၎င်း၏ မျက်နှာပြင်ကို အထူးပြုလုပ်ထား ကြောင်း ဖော်ပြခဲ့ကြသည်။



ထို့အပြင် Apple သည် စမတ်ဖုန်းနှင့် tablet ထုတ်ကုန်နှစ်ခုအကြား ကွာခြားမှု မရှိတော့သည့် အရွယ်အစား ကြီးမားသော Android စမတ်ဖုန်းများကို ယှဉ်ပြိုင်ရန် iPhone 6 ကိုကြီးမားသော display အရွယ်အစားများဖြင့် စမ်းသပ်နေကြောင်းလည်း သိရသည်။



Ref: TheVerge