Powered by Blog - Widget

Tuesday, April 1, 2014

ဘဏ်နှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပ



Aung Ko Htet (MM IT Knowledge)


ဘဏ်နှင့်ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုင်ရာ နည်းပညာအလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်အဖြစ် Building the High Performance Banks and Financial Services to compete in toda's marketplace? ကို မတ်လ ၂၅ ရက်နေ့က Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။



လက်ရှိ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍ၊ ဘဏ်နှင့် အခြားအဖွဲ့အစည်းများတွင် အသုံးပြုသူများ၏ လိုအပ်ချက်၊ မျှော်လင့်ချက်များအပြင် ပြည်ပမှ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုအသစ်များ အစရှိ သည်ဖြင့် စိန်ခေါ်မှု များကို ရင်ဆိုင်နေရကြောင်း၊ ဘဏ္ဍာရေးကဏ္ဍ၏ နောက်ကွယ်တွင် သတင်းအ ချက်အလက်နှင့် နည်းပညာမှာ မရှိမဖြစ် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲကျင်းပရာမှ သိရသည်။

ထိုင်းနိုင်ငံတွင် ဘဏ်ပေါင်းရှစ်ထောင်ဝန်းကျင်ရှိပြီး မြန်မာနိုင်ငံတွင် တစ်ထောင် ဝန်းကျင်သာ ရှိသေးကြောင်း ၊ ဘဏ် လုပ်ငန်း ဆိုင် ရာ ပိုမိုဖွံ့ဖြိုး တိုးတက် ရန်အတွက် နည်းပညာကဏ္ဍမှာ အရေးပါကြောင်း Hitachi Data Systems မှ Channel Technical Lead,  Partners & Alliances (ASEAN) ဖြစ်သူ Mr. Matthew Varghese က အဆိုပါအလုပ်ရုံဆွေးနွေးပွဲ Strategic IT Foundation for growth and competitiveness ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။ ဘဏ်လုပ် ငန်းဆိုင်ရာ၊ ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ အစရှိသည်များကို နိုင်ငံတကာမှ ပညာရှင်များ က ဆွေးနွေး ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအခမ်းအနားကို ACE Data System Ltd, Hitachi Data Systems နှင့် YIP IN TSOI တို့က ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ref: ထွန်းထွန်း

0 comments:

Post a Comment