Saturday, May 10, 2014
Home »
International News
» HTC Desire 310
HTC Desire 310
Aung Ko Htet (MM IT Knowledge)
၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှာ ကြောငြာခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလမှာ ဖြန့်ချိခဲ့တဲ့ HTC brand ရဲ့ဖုန်းတစ်လုံးကတော့ HTC Desire 310 ပဲဖြစ်ပါတယ်။
အလတ်စားဖုန်းတစ်လုံးကိုင်ဆောင်ချင်သူများအတွက် ဖုန်းရဲ့ ဈေးနှုန်းလေးကတော့ 155,000 ကျပ်ဖြစ်ပါတယ်။ မြန်မာကျပ်ငွေ ၁သိန်းခွဲခန့်ဖြင့် Android 4.2 ကို processor Quad-core 1.3 Ghz Cortex A7 ချပ်စ်နဲ့ ကိုင်ရမှာ ဖြစ်ပါတယ်။ ကင်မရာကလည်း 5MP ပေးထားပါတယ်။
ပေးထားတဲ့ ဈေးနှုန်းနဲ့ သိပ်ကိုတန်တဲ့ ဖုန်းလေးပါ။
အရွှယ်အစားနဲ့ မျက်နှာပြင်
အလေးချိန် ၁၄၀ ဂရမ်ကိုမှ 4.5 လက်မရှိပါတယ်။ pixel မှာကတော့ 480×854 နဲ့ နည်းနည်းအားနည်းပြီး Pixel Density လည်း 218 ဖြင့် ပြောစရာ အနည်းငယ်ရှိပါမယ်။
UI ကို HTC ရဲ့ Sense 5.1 သုံးထားတာကိုတွေ့ရပါတယ်။
ကင်မရာနဲ့ အတွင်း အစိတ်အပိုင်းများ
5MP ကင်မရာမှာ 2592× 1944 pixel ရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိင်ပြီး face detection တွေပါဝင်ပါတယ်။ ဗီဒီယိုတွေကို 1080p ရှိတဲ့ resolution တွေနဲ့ ရိုက်နိင်ပါမယ်။ဗီဒီယို grephic တွေလည်းပါဝင်ပါတယ်။
CPU ကို Quad-core 1.3 Ghz Cortex A7 သုံးထားပြီး Android OS ကတော့ 4.2 Jelly Bean ပါ။
အင်တာနက်ဝိုင်ဖိုင် နဲ့ ဘတ္တရီ အသုံးပြုမူ
အမြင့်ဆုံး ဒေါင်းလုပ်ခ်လက်ခံနိင်မူနှုန်းက 21Mbps ဖြစ်ပြီး ၀က်ဆိုက်လ်နဲ့ လင့်တွေအတွင်း အမြင့်ဆုံးချိတ်ဆက်နိင်မူ နှုန်းမှာ 5.76Mbps ဖြစ်ပါတယ်။
ဘတ္တရီက stand By အနေနဲ့ ၈၅၂နာရီ ထားခံပြီး ဖုန်းပြောချင်တွေမှာ သုံးမယ်ဆိုရင်တော့ 11 နာရီ အသုံးခံကာ Li-Ion 2000 mAh battery ကိုသုံးထားတာ ဖြစ်ပါတယ်။
ref: Aung Heine ...
0 comments:
Post a Comment