Powered by Blog - Widget

Tuesday, May 13, 2014

နင်တန်းဒိုးမှ Pokemon Omega Ruby နှင့် Alpha Sapphire ဂိမ်းသစ်များတရားဝင်ကြေငြာ



Aung Ko Htet (MM IT Knowledge)
 
နင်တန်းဒိုးမှ၎င်းတို့ရဲ့ လူကြိုက်များဂိမ်းစီးရီးအတွက် အဖွဲ့ဝင်သစ်များကိုထုတ်ဖော်ခဲ့ပြီး Omega Ruby နဲ့ Alpha Sapphire တို့ဖြစ်ပါတယ်။ ဒီဂိမ်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ သေချာမသိရသေးဘဲ ကမ္ဘာအနှံ့သို့ ယခုနှစ်နိုဝင်ဘာလအတွင်းရောင်းချသွားမှာဖြစ်ပြီး Nintendo 3DS လက်ကိုင်ဂိမ်းစက် ပလက်ဖောင်းအတွက်သီးသန့်ဖြစ်ပါတယ်။

မေလ ၇ ရက်နေ့မှာတရားဝင်ကြေငြာခဲ့တဲ့ Pokemon ဂိမ်းသစ်နှစ်ခုဟာ ၂၀၀၃ခုနှစ်က Gameboy Advance ပလက်ဖောင်းမှာရောင်းချအောင်မြင်ခဲ့တဲ့ Ruby , Sapphire ဗားရှင်းနှစ်ခုကိုပြန်လည်ဆန်းသစ် ထားတာပါ။ teaser ဗီဒီယိုထဲမှာလဲဘာအချက်အလက်မှမပါဝင်သလို နင်တန်းဒိုးမှပြောကြားခဲ့တဲ့ ကစားသူတွေကို လှပတဲ့နောက်ခံဇာတ်ကြောင်းနဲ့ တမူထူးခြားတဲ့ကမ္ဘာသစ် ထဲမှာ ဆော့ကစားရ မယ်ဆိုတာကလွဲပြီး ဂိမ်းအကြောင်း ဘာမှမသိရသေးပါ။ ၄င်းတို့ရဲ့နောင်တော် Pokemon X & Y စီးရီးကတော့ နင်တန်းဒိုး 3DS အတွက် ရောင်းအကောင်းဆုံး first-party ဂိမ်းအဖြစ် ၁၂.၂၆သန်းရောင်းချခဲ့ရပါတယ်။

ref: ကြည်သာမောင်(TSJ Team)

0 comments:

Post a Comment