Powered by Blog - Widget
Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

Thursday, February 26, 2015

Unicode မြန်မာစာစနစ်ထောက်ပံ့မှု ပါဝင်လာသည့် Gmail


Unicode မြန်မာစာစနစ်ကို ထောက်ပံ့မှုပေးနေတဲ့ Google ဟာ မကြာသေးမီက Google Translate မှာ Unicode မြန်မာစာစနစ်ကိုထည့်သွင်းပြီး မြန်မာ ဘာသာပြန်နိုင်တဲ့ ၀န်ဆောင်မှုကို ပေးခဲ့ပြီး ယခုအခါလည်း Gmail မှာပါ Unicode မြန်မာစာစနစ်ကို ထည့်သွင်းပေးလိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံသားများအတွက် Email Service ကို မိမိဘာသာဖြင့် လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပြီး မြို့ပြနေ ပြည်သူများသာမက ကျေးလက်နေ ပြည်သူများအတွက်ပါ ပိုမိုအဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လိုက်တဲ့ Google ရဲ့ ၀န်ဆောင်မှုဟာ မြန်မာပြည်သူလူထုအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။







Gmail မှာ မြန်မာစာစနစ်ကို အသုံးပြုနိုင်ဖို့အတွက် မိမိရဲ့ ကွန်ပျူတာမှာ Unicode Font & Keyboard ကိုထည့်သွင်းထားရမှာဖြစ်ပြီး Gmail ရဲ့ Setting >>> General Tab >>>  Language >>> Gmail Display Language တွင် မြန်မာဘာသာ (Myanmar Language (Burmese)) ကိုရွေးချယ်ကာ Page အောက်ဆုံးရှိ Save Button ကို နှိပ်ပြီးပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။

မိမိရဲ့ Gmail ထဲမှာ မြန်မာဘာသာ ကို အပြည့်အ၀ အသုံးပြုရင်း Google ရဲ့ Email Service ကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Written By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 24, 2015

စာပိုဒ်တစ်ခုမှာ ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဘယ်လိုစစ်မလဲ



Microsoft word သို့မဟုတ် အခြား တစ်နေရာရာမှာ ကိုယ်ရေးထားတဲ့ စာလုံးအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိချင်သူတွေအတွက် Website လေးတစ်ခု ပြောပြလိုက်ပါတယ်။
ဘာကြောင့်လဲဆိုရင် Microsoft Word ရဲ့ ဘယ်ဘက်ထောင့်မှာ ပါတဲ့ Word ဆိုပြီး ပြတဲ့ status bar ကကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဖော်ပြပေးတာ မဟုတ်ပဲ ကိုယ်စာလုံးရိုက်ပြီး Space Bar ခြားထားတဲ့ အရေအတွက်ကို ဖော်ပြပေးတာဖြစ်ပါတယ်။

ဒီ ကိစ္စတွေ အဆင်ပြေစေဖို့အတွက် အောက်ကပေးထားတဲ့ link ကို နှိပ်ပြီး Website မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။

http://www.wordcountertool.com/

Space bar ခြားထားတဲ့ စာလုံးအရေအတွက်အပြင် ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကိုပါ သီးသန့်စီ ဖော်ပြပေးထားပါတယ်။

စစ်ဆေးတဲ့ နည်းလမ်းကတော့ ကိုယ်ရေးထားတဲ့စာသားတွေကို Copy ကူးပြီး Website မှာ ပြထားတဲ့ Write or copy paste ဆိုတဲ့ နေရာမှာ Paste လုပ်လိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ..

Written By Aung Ko Htet

Please Like Our Facebook Here

Thank You !
Aung Ko Htet

Windows cannot be installed to this disk ပြသနာ ဖြေရှင်းနည်း


windows တင် ရင် အခက် ကြုံ ရ မဲ့ ပြသနာ တစ်ခု ဖြေရှင်းနည်း
=========================================

သင့် ကွန်ပျူ တာ ကို windows installing လုပ် တော့ မယ် ဆို ရင် သင့် ကွန်ပျူ  တာ ရဲ့  Hard Drive ဟာ 

UEFI mode သို့ မဟုတ်  legacy  mode တစ်ခုခု နှင့် မိမိရဲ့  BIOS ဟာ ကိုက်ညီမှူ ရှိ ရ ပါမယ်။

(ဥပမာ - )  အနေ နှင့်  “Windows cannot be installed to this disk. The selected disk is not 

of the GPT partition style” Message ပေါ် လာ ပြီး windows install လုပ်ဆောင် မရ ပဲ ဖြစ်နေ 

တတ်ပါတယ်။ဒါကို ဘယ်လို ဖြေ ရှင်း မလဲ ဆို ရင်တော့ ကျွန်တော် တို့ 

gpt အဖြစ် ပြန်ပြောင်းပေး ရ ပါမယ်။



 အဆင့်  ( ၁ )
------------------------------

အရင်ဆုံး မိမိ ကွန်ပျူ  တာ ကို restart ပြန်ချ ပါမယ်။ 

အဆင့်  ( ၂ )
---------------------------------


windows ပြန်တက်လာ တာနှင့် F10 ကိုနိုပ်ပြီး command prompt ကိုဖွင့် ပါ ။


အဆင့်  ( ၃ )
--------------------------------


cmd  / command prompt ထဲ မှာ အောက် က စာ သား တွေ ကို ရိုက်ထည့် ပေးပါ။



(1 ) diskpart ကို ရိုက်ပါ။ enter ခေါက်ပါ။

(2 ) list disk ကို ဆက်ရိုက်ပါ။ enter ခေါက်ပါ။

(3 ) select disk ( formart ချ ချင် တဲ့  disk ကို ရိုက်ပါ )

clean ကိုရိုက်ပါ enter ခေါက်ပါ။

convert gpt ကို ၇ိုက်ပါ enter ခေါက်ပါ။

exit ကိုရိုက်ပြီး ထွက်လိုက်ပါ။

Credit to Ko Sai Thu

Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 20, 2015

နိုင်ငံခြား ရောက်မြန်မာများ facebook ကမြန်မာ stricker ဒေါင်းမယ်



facebook မှာ မြန်မာ စတစ်ကာ လေး တွေ ကို တစ်ချို့  နိုင်ငံ တွေ မှာ ဒေါင်း မရ ဖြစ် တတ် ပါ
တယ် ။ အဲ ဒီ မြန်မာလို စတစ်ကာ လေး တွေ ကို ဒေါင်း ချင် တယ် ဆို ရင် မြန်မာ poxy
server ပြောင်း ပြီး တော့  မှ ဒေါင်း လို့  ရ မှာ ပါ။မပြောင်း တတ် သေး သူ များ အတွက် ကွန်ပျူ
တာ ကနေ firefox browser ကို အသုံး ပြု ပြီး ဒေါင်း လို့  ရပါ တယ် အရင် ဆုံး ဒီလိပ်စာ ကို
သွား လိုက် ပါ ။

http://www.proxynova.com/proxy-server-list/country-mm/


ပြီး ရင် ပုံ ( ၁ ) ထဲ က နံပါ တ် တွေ ကို မှတ် သား ထား လိုက် ပါ firefox ရဲ့  option ကိုသွား ပါ
အဲ ဒီမှာ advance > setting ကနေ


( ၂ ) Manual poxy setting ကို အမှတ်ခြစ် ပေး ပြီး တော့  အောက် က use this poxy
server for all protocols ကို အမှတ်ခြစ် ပေး လိုက် ပါ။ အောက်မှာ ပုံ အကူ အညီ ကို ရ
ယူ ပေး လိုက်ပါ ။ ပြီး ရင် တော့  ok ကို ဆက် တိုက် နိုပ်ပြီး facebook ကို အသစ် က နေ log in
ဝင်ပြီး မြန်မာစတစ်ကာ ကို ဝင် ဒေါင်း နိုင် ပါ ပြီခင်ဗျာ။ သတိထား ရ မှာ က poxy ကျော် ပြီး
သွား ရင် အင်တာနက် နှေး ပါ တယ် ။ စတစ် ကာ ရ ပြီ ဆို တာ နှင့် 


ပုံ ( ၃ ) ထဲ က အတိုင်း အမှတ်ပြန်ခြစ် ပြီး မူ လ အတိုင်း ပြန် သုံး ဖို့  မမေ့  ကြ ဖို့ ပါ ပဲ။


Credit to Ko Sai Thu
Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, February 2, 2015

CPU တွေ ဘယ်လို အလုပ်လုပ်သလဲ ?




ဒီPost လေးကို brighter myanmar မှာကူးယူဖော်ပြပါသည်....
ကျေးဇူးပြုပီး ဒီ Post ကို ဖတ်တဲ့ အခါ PDF ဖိုင် အနေနဲ့ ဒေါင်းပီးဖတ်ပါ၊ ဒီပိုစ့် ကို သေချာနားလည်ဖို့ အတွက် ဓါတ်ပုံ နဲ့ အသေးစိတ်ရှင်းခဲ့ရပါတယ်၊ အခု Post တင်တော့ ဓါတ်ပုံ တစ်ပံပဲ တင်လို့ရလို့ Post ချည်း ဆို နားလည်ရခက်သွားနိုင်ပါတယ်၊ ဒီပိုစ်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ မိတ်ဆွေတို့ အချိန် အလကား မဖြစ်စေရပါဘူး၊

CPU ရဲ့ မူရင်း စာလုံးက တော့ Central Processing Unit ဖြစ်ပါတယ်၊ သူ့ကို ကွန်ပြူတာ ဦးနောက်လို့လဲ အဓိပါယ် ဖွင့်ဆိုကြပါတယ်၊ CPU ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိရင် ကွန်ပြူတာ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာကို လဲ ကောင်းကောင်း သဘောပေါက်သွားမှာပါ၊

အခု CPU ကို ရဲ့ အဖုန်းကို ဖွင့်ကြည့်ရအောင်အထက်က ပုံကတော့ CPU ရဲ့ အဖုန်းကို ခွါလိုက်ရင် အတွင်းပိုင်းကို မြင်ရမယ့်ပုံပါ၊ အခု ပုံကြီးချဲ့လိုက်မယ်၊ နည်းနည်းပိုမြင်နိုင်အောင်လို့
CPU အထဲမှာ ၀ါယာ အမျိုးမျိုး က သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်တဲ့ အလုပ်ကိုလုပ်နေပါတယ်၊ အခု Post မှာ ရှင်းပြဖို့ အသုံးပြုသွားမယ့် CPU ကတော့ 65-02 လို့ခေါ်ပါတယ်၊ ဒီ CPU အမျိုးအစားကို Apple အပါအ၀င် ကွန်ပြူတာတွေအများစု မှာ အသုံးပြုကြပါတယ်၊ Original Naintainent System မှာလဲ ဒီ CPU ကိုပဲသုံးပါတယ်၊ ဒီ CPU ကိုရဲ့ အသေးစိတ် ဖြုတ်တပ်နည်းကိုသိချင်ရင်တော့ Virsual6502.org ၀က်ဆိုက်မှာ သွားရောက်ကြည့်ရူ့နိုင်ပါတယ်၊ 
ဘယ် CPU မှာ မဆို CPU အတွင်း လုပ်နေတဲ့အလုပ်တွေကို အခြေအနေမှန်မှန်နဲ့ တည်ငြိမ်စွာ Data သယ်ဆောင်မူ လုပ်ဖို့ အတွက် တိကျတဲ့ အချိန် အတိုင်း အတာ တစ်ခုတိုင်းမှာ ဖွင့်လိုက် ပိတ်လိုက် အလုပ်လုပ်နေတဲ့ ၀ါယာတစ်ချောင်းရှိပါတယ်၊ အဲ့ဒီ့ ၀ါယာကပဲ CPU အတွင်း လုပ်ဆောင်မူတွေကို မျှတစေပါတယ်၊ အဲ့ဒီ့ ၀ါယာကို Clock လို့ခေါ်ပါတယ်၊ Disimulation မှာ တစ်စက္ကန့်ကို Clock က နှစ်ကြိမ်ဖွင့် ပီး နှစ်ကြိမ်ပိတ်ပါတယ်၊ နောက်ပိုင်းပေါ်တဲ့ CPU တွေမှာတော့ Clock ရဲ့ အလုပ်လုပ်နှုန်းကို GHz (GigaHertz) နဲ့ တိုင်းတာပါတယ်၊ Giga ကတော့ 1 billion ကို ညွန်းပီးတော့ Hz Hertz ကတော့ တစ်စက္ကန့် အတွင်း ဘယ်နှစ်ကြိမ်အလုပ်လုပ်လဲကိုညွန်းပါတယ်၊ ဒီတော့ အခုခါတ် CPU တွေက တစက္ကန့်ကို အကြိပ် ရေး Billion အတော်များများ ဖွင့် လိုက် ပိတ်လိုက်ဖြစ်နေပါတယ်၊ ဒီလို တစ်စက္ကန့်မှာ Billions အတော်များများ ဖွင့် ပိတ်နိုင်ခြင်းကပဲ CPU ရဲ့ တွက်ချက် အလုပ်လုပ်နိုင်မူ စွမ်းအားဖြစ်ပီး CPU ကို အလွန် ရှုတ်ထွေးတဲ့ တွက်ချက်မူတွေကို လုပ်ကိုင်နိုင်စေပါတယ်၊
ဒါပေမယ့် Clock ပွင့် တဲ့ အချိန်မှာ CPU ရဲ့ အလုပ်လုပ်ပုံကတော့ လူတွေထင်ထားသလို ရှုပ်ထွေးတာ မဟုတ်ပဲ ရိုးရိုး ရှင်းရှင်းလေးပဲ အလုပ်လုပ်သွားတာပါ၊ အဲ့ဒီ့ အလုပ်လုပ်ပုံကိုပဲ ဒီ Post မှာလေ့လာသွားမှာပါ၊
CPU ကို အထူးထုတ်လုပ်တဲ့ ကုမ္မဏီ နှစ်ခုကတော့ Intel နဲ့ AMD တို့ဖြစ်ပါတယ်၊
 ဒီမှာ အသေးစိတ်လေ့လာသွားမယ့် CPU ရဲ့နာမည်ကိုတော့ Scott CPU လို့ခေါ်ပါတယ်၊ တကယ်တော့ Scott CPU ဆိုတာ အပြင်မှာတကယ် မရှိပါဘူး၊ လေ့လာသူတွေအတွက် အဆင်ပြေအောင် Clerk Scott က သူ့ရဲ့ “But How to it Know” ဆိုတဲ့စာအုပ်မှာ တည်ဆောက်ပြထားတဲ့ စာအုပ်ထဲက လေ့လာရေး CPU သာဖြစ်ပါတယ်၊ Scott CPU ရဲ့ ဒီဇိုင်းက Clerk Scott ရဲ့ Copyright ဖြစ်ပီး Youtube Master က ရှင်းပြလို သူရှင်းပြတဲ့ အတိုင်း ဒီ Post မှာ ပြန်ဖော်တာပါ၊ Hotdoitknow.com ၀က်ဆိုက်မှာ ဒီစာအုပ်ကိုဝယ်ဖက်နိုင်ပါတယ်၊ ဒီစာအုပ်ကတော့ တကယ့်ကို ဂျွတ်လှပါတယ်၊ အသေးစိတ်ကို တဆင့်စီ ဖြေးဖြေး ရှင်းသွားပီး
ဖတ်ရူ့သူကို ခက်ခဲစေမယ့် ဘယ်လို Techical Jarcon (နည်းပညာသုံးသီးသန့်စာလုံး) တွေမပါပါဘူး၊


အခု CPU ကိုပြောင်းပြန်လှန်ပီးအောက်ပိုင်းကို တစ်ချက်ကြည့်ကြမယ်၊
Pins တွေအတော်များများ အပြင်ထွက်နေတာကို တွေ့ရပါမယ် ၊ အဲ့ဒီ့ Pin တွေကပဲ သတင်းအချက်အလက်တွေကို CPU ထဲကို ပို့ပီး အဲ့ဒီ့ Pin တွေကပဲ အချက်အလက်တွေကို CPU ကနေ အပြင်ကို ပြန်ထုတ်ပေးပါတယ်၊ ဒီ Pin တွေက သတင်းအချက်အလက်တွေအတွက် CPU ထဲကို ၀င်မယ့် ၀င်ပေါက် ထွက်ပေါက်တွေပေါ့၊ CPU ကို Mother Board ထဲမှာ စိုက်ထည့်ထားပါတယ်၊ အောက်က အတိုင်းပေါ့၊

MotherBoard ကတော့ ကွန်ပြူတာရဲ့ Components တွေအားလုံးကို တပ်ဆင်ပီး အားလုံး အချိတ်အဆက်မိစေတဲ့ Circus Board တစ်ခုဖြစ်ပါတယ်၊ အထက်က ပုံက CPU အဖုံးကို ဖွင့်ထားတဲ့ ပုံပါ အခု ပြန်ပိတ်လိုက်ကြပီး MotherBoard ထဲပြန်ထည့်ကြမယ်၊ အောက်က အတိုင်း
အထက်ကပုံရဲ့ ညာဘက်မှာတော့ RAM ထည့်မယ့် Socket ပေါက်ကိုတွေ့ရပါမယ်၊ RAM ကတော့ Random Access Memory ရဲ့ အတိုကောက်ပါ၊ CPU ကနေ တွက်ချက် အလုပ်လုပ်လို့ရတဲ့ Data တွေအားလုံးကို RAM ကိုလှမ်းပို့ပီး RAM ထဲမှာ သိုလှောင်ထားပါတယ်၊ ဒီနေရာမှာ RAM နဲ့ CPU တို့ ဘယ်လို တွဲဖက်ပီး အလုပ်လုပ်လဲ သိဖို့လိုအပ်တဲ့ အတွက် RAM ဘယ်လို အလုပ်လုပ်လဲဆိုတာကိုလဲ လေ့လာရမယ်၊ အခု အထက်က ပုံရဲ့ ဘယ်ဘက်က မလိုအပ်တဲ့ Wire အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပီး RAM Chips ပါပါဝင်မယ့် ပုံကို ကြည့်ကြမယ်၊

RAM ထဲမှာ Address လို့ခေါ်တဲ့ လိပ်စာတွေအများကြီးထည့်ထားတဲ့ စာရင်းပါပါတယ်၊ Address တစ်ခုစီက Data အစိတ်အပိုင်းတစ်ခုကိုညွန်းပါတယ်၊ အောက်က ပုံမှာ Addresses ကော Data တွေကိုပါ သရုပ်ဖော်ပြထားတယ်၊

CPU က RAM ထဲက Data တစ်ခုစီကို Request (တောင်းယူ) ပီးတော့ အလုပ်လုပ်ပါတယ်၊ Data တစ်ခု တောင်းယူ အလုပ်လုပ်ပီး နောက်တစ်ခု လုပ်တယ် နောက်တစ်ခုပီး နောက်တစ်ခု အလုပ်လုပ်တယ် စသဖြင့် တစ်ခုပီးနောက်တစ်ခု အစီအစဉ်အလိုက် အလုပ်လုပ်သွားတယ်၊ အစီအစဉ်တစ်ကျ အလုပ်လုပ် ဆိုပေမယ့် အမြဲ တမ်းတော့ အစီအစဉ်တစ်ကျ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး၊ CPU ကို အစီအစဉ်တစ်ကျမဟုတ်ပဲ RAM ကနေ Data တွေကို တောင်းယူ အလုပ်လုပ်အောင် ညွန်ကြားနိုင်ပါတယ်၊ RAM က လဲ ဒီလို အစီအစဉ်မကျတဲ့ Request (တောင်းဆိုမူ) မျိုးကို လဲ လက်ခံနိုင်ပါတယ်၊ ဒါ့ကြောင့်ပဲ သူ့ကို Random Access Memory လို့ခေါ်တာပါ၊ ဒီတော့ CPU အနေနဲ့ ပုံမှန်အတိုင်းဆိုရင် RAM ထဲက ဒေတာတွေကို အစီအစဉ်အလိုက် တောင်းယူ အလုပ်လုပ်တယ်ဆိုပေမယ့် လိုအပ်လာရင် အစီအစဉ်မကျတဲ့ ပုံစံနဲ့ စိတ်ကြိုက် Data ကို တောင်းယူ အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ သဘောပေါက်သင့်ပါတယ်၊

Computer က Program တစ်ခုကိုစ Run ပီဆိုတာနဲ့ CPU က RAM ဆီကနေ အလုပ်လုပ်လိုတဲ့ Program ကို တောင်းတဲ့ Request ကို တောင်းဆိုလိုက်ပါတယ်၊
RAM address မှာ တော့ 0 နဲ့ 1 တွေသာပါဝင်တဲ့ ဂဏန်းတွေတန်းစီထားပါတယ်၊ အဲ့ဒီ့ဂဏန်းတစ်ခုစီက တွေ On မလား Off မလား ဆိုတဲ့ အမိန့်ကို ကိုစားပြုပါတယ်၊ RAM မှာ Address တွေမရှိရင် RAM ကလဲ ဘာမှလုပ်နိုင်တော့ မှာမဟုတ်ပါဘူး၊ RAM အလုပ်လုပ်ဖို့ဆို CPU ကလဲ Enable Wire ကို On ပေးရပါတယ်၊ အောက်က ပုံမှာ Enable Wire On နေတာကို ကြည်ပါ၊ 
(မျက်စိရှင်ရှင်ထား)

အကယ်၍ Address လဲရှိမယ် Enable Wire ကလဲ On နေမယ်ဆိုရင်တော့ RAM က CPU ကတောင်း ဆိုထားတဲ့ Address မှာရှိတဲ့ Data ကို CPU ကိုပြန်ပို့ပေးပါတယ်၊ ဒီလို Data ပြန်ရပီဆိုရင်တော့ CPU က အဲ့ဒီ့ ဒေတာကို ကို အလုပ်စလုပ်တော့တယ်၊ အလုပ်လုပ်လို့ပီးသွားရင် CPU က RAM ဆီကို နောက်ထက် Address တစ်ခု ပြန်ပို့မယ်၊ Enable Wire ကို On လိုက်မယ်၊ ဒါဆိုရင် RAM က နောက်ထက် Data တစ်ခုကို CPU ကို ဆက်ပို့ပေးမယ်၊ CPU က လုပ်ဆောင်ချက်တွေလုပ်မယ်၊ ပီးရင် Address အသစ်ကို RAM ကို ပြန်ပေးမယ်၊ စသဖြင့် အလုပ် Data ပို့လိုက် ယူလိုက်နဲ့ ဆက်တိုက် အလုပ်လုပ်သွားမယ်၊ ဒီဖြစ်စဉ်က ကွန်ပြူတာမှာ အမြဲ ဖြစ်နေ တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်၊

အထက်က ဖြစ်စဉ်က CPU Data Processing လုပ်တဲ့ဖြစ်စဉ်ပါ၊ တကယ်၍ CPU က Data တစ်ခုကို အလုပ်လုပ်ပီးသွားလို့ အဲ့ဒီ့ အလုပ်နဲ့ ပက်သက်တဲ့ Data ကို သိမ်းဖို့ပါလိုလာပီဆိုရင်တော့ အထက်က နည်း အတိုင်း Address သာလျှင် RAM ကို ပြန်ပေးတာမဟုတ်တော့ပဲနဲ့ Address ကော Data ကော ကိုပြန်ပေးတယ်၊ Address ကို Address Bus ကနေ ပြန်ပေးတယ်၊ Data ကို Data Bus ကနေ ပြန်ပေးတယ်၊ ဒီလို Address ကော Data ကော ပြန်ပေးတဲ့အခါ Set Wire ကိုလဲ On ထားပါတယ်၊ ဒါဆိုရင်တော့ CPU ကပြန်ပေးလိုက်တဲ့ Data ကို RAM က ပြန်ပေးလိုက်တဲ့ Address အတိုင်း ရှိရင်းစွဲ Data ကို Override လုပ်ပစ်ပီးသိမ်းလိုက်ပါတယ်၊

RAM ထဲမှာ ရှိတဲ့ 0 တွေ 1 တွေက တကယ်တော့ မတူညီတဲ့ အချက်အလက်တွေကို ကိုယ်စားပြုပါတယ်၊ အရေး အကြီးဆုံး အချက်ကတော့ Instructions (ညွန်ကြားချက်တွေ) ပါ၊ Instructions တွေက CPU ကို ဘာအလုပ်ကို လုပ်မလဲ ဆိုတာကိုညွန်ကြားပေးတယ်၊ အောက် အနီရောင်မြားပြထားတဲ့ အနီရောင်မျဉ်းတန်း တွေအားလုံး က ညွန်ကြားချက် (Instruction) တွေပါ၊
Data တွေထဲမှာ Numbers တွေလဲပါပါတယ်၊ ဒီ Numbers တွေက Compare(နိုင်ယှဉ်ဖို့) Add (ပေါင်းဖို့) စသဖြင့် လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့ပါ၊

RAM ထဲမှာ Addresses တွေလဲပါပါသေးတယ်၊ Address တွေက ညွန်းတဲ့ Data တွေထဲမှာ Address တွေကို ပြန်သိမ်းထားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်ချင်စရာ ဖြစ်သွားမယ်၊ ဒါပေမယ့် ဒီ Address တွေကလဲ အသုံးဝင်လှသလို လိုအပ်တဲ့ အချက်တွေမျိုးစုံကို သိုလှာင်ထားနိုင်ပါတယ်၊
ဥပမာ OutPut Device တစ်ခုစီကို Data ကို ထုတ်ပေးချင်တယ်ဆိုပါစို့ ၊ ဒါဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ အဲ့ဒီ့ Device ရဲ့ Address ကို သိဖို့လိုပါတယ်၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ဖုန်းကို Data Output လုပ်ပေးချင်ရင် ကွန်ပြူတာနဲ့ ချိတ်ဆက်တာနဲ့ ဖုန်းကို Register လုပ်ထားတဲ့ Address ကိုသိဖို့လိုပါတယ်၊

RAM ထဲမှာ Latter တွေကိုလဲ သိုလှောင်ပါသေးတယ်၊ အကယ်၍ Monitor Screen ပေါ်ကို စာသားတွေ Output လုပ်ချင်တယ်ဆိုရင် အဲ့ဒီ့ Output လုပ်လိုတဲ့ Data တွေကို 1 နဲ့ 0 တွေသုံးပီး RAM ထဲမှာသိုလှောင်ထားပါတယ်၊ စာသားတစ်လုံးစီကို သက်ဆိုင်ရာ Character Code အလိုက် 1 နဲ့ 0 တွေပေါင်းထားတဲ့ သီးသန့်အုပ်စု အနေနဲ့ သိုလှောင်တယ်၊ Character Code တွေကတော့ Obitary တွေဖြစ်ပါတယ်၊ ဥပမာ 01100001 က a အက္ခရာ အသေး 01000111 က G အက္ခရာ ဆိုပီး သတ်မှတ်တာပါ၊

အထက်က ဖော်ပြခဲ့တဲ့ Instruction,Number,Address,Letter တွေကတော့ RAM ထဲ က Data အနေနဲ့ ထည့်သွင်းသိမ်းဆည်းတဲ့ Data တွေဖြစ်ပါတယ်၊

အခု CPU ရဲ့ Instruction Set ကို တစ်ချက်ကြည့်ကြမယ်၊


RAM ရဲ့ Data တွေထဲမှာ Instrucion တွေပါတာကို သိနေလောက်ပါပီ၊ အဲ့ဒီ့ Instruction တွေ ဘယ်လောက် အထိ အရေးကြီးလဲ ဆိုတာလဲ ပြောခဲ့ပီးပါဘူး၊ အထက်က ပုံကတော့ အသုံးများတဲ့ Instructions တွေကို ဖော်ပြထားတဲ့ပုံပါ၊ ဒါအကုန်တော့မဟုတ်သေးဘူး၊ အသုံးအများဆုံးလို့ပဲပြောတာပါ၊ အခု အဲ့ဒီ့ Instruction တွေကို တစ်ခုစီရှင်းမယ်၊

LOAD : : Load Instruction ကတော့ RAM ကနေ ဂဏန်းတန်ဖိုး တစ်ခုကို CPU ထဲကို ၀န်တင်တဲ့ အခါ မှာ သုံးတဲ့ Instruction ပါ၊

ADD : : Add Instruction ကတော့ ဂဏန်း တန်ဖိုး နှစ်ခုကို ပေါင်းဖို့ အတွက် သုံးတဲ့ Instruction ပါ၊
STORE: : Store Instruction ကတော့ Add Instruction ညွန်ကြားချက်အတိုင်း ပေါင်းလို့ရလာတဲ့ Data ကို CPU က နေပြန်ပို့တဲ့အခါမှာ RAM မှာ ပြန်သိမ်းဖို့ အတွက်သုံးပါတယ်၊

COMPARE : : Compare Instruction ကတော့ ဂဏန်းတန်ဖိုး နှစ်ခုမှာ ဘယ်တစ်ခုပိုကြီးလဲနဲ့ သူတို့ တန်ဖိုး တူမတူ စစ်လိုတဲ့အခါသုံးပါတယ်၊ Compare Instruction က JUMP IF Instruction နဲ့ အများစု တွဲသုံးပါတယ်၊

JUMP IF : : JUMP IF Instruction ကိုတော့ အကယ်၍ စစ်ဆေးတဲ့ အခြေအနေတစ်ခုက မှန်ရင် Address A ကိုသွားမယ် မှား ရင် ဘာမှမလုပ်ဘူး စသဖြင့် အခြေအနေကိုစစ်ဆေးပီး Address ကို Randomly ပြောင်းချင်တဲ့အခါမှာ သုံးပါတယ်၊

JUMP : : Jump ကတော့ RAM ထဲက Address တွေကို အစီအစဉ် မကျတဲ့ ပုံနဲ့ စိတ်ကြိုက် ရွေးချယ်လို တဲ့အခါမှာသုံးတယ်၊

OUT : : Out Instruction ကတော့ Data တွေကို Monitor သို့ အခြား External Devices တွေကို Output ထုတ်လိုတဲ့အခါသုံးပါတယ်၊

IN : : IN Instruction ကိုတော့ Keybaord လိုမျိုး External Device ကနေ Data ထည့်သွင်းတာကို လက်ခံ တဲ့ အခြေအနေမျိုးမှာသုံးပါတယ်၊

အထက်က အချက်တွေကို သင်သေပြဖို့ အတွက် Gussing Program
လေးတစ်ခုကို တည်ဆောက်ကြည့်ပါမယ်၊ အောက်က ပုံကိုသေချာကြည့်ပါ မျက်စီကို ရှင်ရှင်ထားဖို့လိုမယ်၊
အထက်မှာ Load Instruction ကိုသုံးပီး 9 ကို CPU ထဲကို ၀န်တင်လိုက်ပါတယ်၊ Programmer က အဲ့ဒီ့ Number ကို CPU ထဲမှ ထားပီး Program အသုံးပြုသူကို နံပါတ်ဘယ်လောက်လဲ ခန့်မှန်းခိုင်ပါမယ်၊
 ဒါဆို Program အသုံးပြုသူက ခန့်မှန်းပီး သူထင်တဲ့ ဂဏန်းတန်ဖိုးကိုရိုက်ထည့် လိမ့်မယ်၊ အဲ့ဒီ့ အသုံးပြုသူ ရိုက်ထည့်တဲ့ တန်ဖိုး ကို IN instruction နဲ့ ဖမ်းမယ်၊ Input Device က Keyboard ဖြစ်တဲ့ အတွက် Keyboard Address အတိုင်းဖမ်းမယ်၊ ပီးရင် CPU ထဲမှာ Hold လုပ်ထားတဲ့ နံပါတ်နဲ့ Compare Instruction သုံးပီး နိုင်းယှဉ်မယ်၊ မှန်ရင် JUMP IF = Instruction ကိုသုံးပီး အောက်က Memory Address ကိုသွားခိုင်းမယ်၊ မှားခဲ့ရင် မှားခဲ့ကြောင်း OUT Instruction ကိုသုံးပီး Output Device ဖြစ်တဲ့ Monitor ကို Letter “G” ကို Output ထုတ်ပေးမယ်၊ ပီးရင် JUMP Instruction ကိုသုံးပီး အထက်က In Instruction ကို ပြန်သွားပီး နောက်တစ်ကြိမ် ထပ်ကြိုးစားခိုင်းမယ်၊ မမှန်မခြင်း ဒီ Process ကို ဆက်တိုက် ဖြစ်နေအောင် Program ကိုရေးသားထားနိုင်ပါတယ်၊

သေချာလေ့လာကြည့်ပါ၊ Instructions တွေ အားလုံးကိုသေချာ အသုံးပြုပြသွားတာပါ၊ Ourput နဲ့ Input Devices တွေအပါအ၀င် JUMF IF Instruction ကိုသုံးပီး မှန်ရင် Memory Address တစ်ခုကို Randomly သွားလိုက်တာကိုလဲ တွေ့ရမှာပါ၊ (နားလည်အောင် သေချာ ဖတ်ပါ)၊

အိုကေ RAM ကဏ္ဍပီးရင် RAM ကပေးတဲ့ Instruction တစ်ခုရတိုင်းရတိုင်း CPU က Instruction တွေကို ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်....

သုံးထားတဲ့ CPU 65-02 ရဲ့ Wiring နဲ့ Scoot CPU တို့ကို သေချာ လေ့လာကြည့်ရမှာပါ၊ (အထက်ကမှာ CPU ဖွင့်ထားတဲ့ပုံကိုပြခဲ့ပီးဖြစ်တဲ့ အတွက် နောက်တစ်ကြိမ်မပြတော့ဘူး)၊

CPU မှာ Components တွေအများကြီးပါတယ်၊ အရင်ဆုံး စတင်လေ့လာသွားမှာက Control Unit ဆိုတဲ့ Component ပါ၊ သူကတော့ တပ်တစ်ခုက အရာရှိနဲ့တူပါတယ်၊

Control Unit က RAM ကနေ ပီးတော့ အမိန့်ကို Instruction တစ်ခု အနေနဲ့ လက်ခံပါတယ်၊ လက်ခံရရှိလာတဲ့ Instruction ကို အခြား Components တွေအတွက် သက်ဆိုင်ရာ Commands တွေ အလုပ်တွေအလုက် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်၊ Control Unit အောက်မှာရှိတဲ့ အရေးအကြီးဆုံး Command တစ်ခုကတော့ Arithmetic Logic Unit ဖြစ်ပါတယ်၊ အတိုကောက် ALU လို့ခေါ်ပါတယ်၊
ALU လို့လဲအတိုကောက် ခေါ်တဲ့ Arithmetic Login Unit ကတော့ CPU ထဲမှာ Arithetic နဲ့ ပက်သတ်သမျှ အလုပ်တွေ ဖြစ်တဲ့ Adding(ပေါင်းခြင်း) Substraction (နုတ်ခြင်း) Comparing (နိုင်ယှဉ်ခြင်း) တွေအားလုံးကို လုပ်နိုင်ပါတယ်၊

ALU မှာ Input နှစ်ခုရှိပါတယ်၊ Input A နဲ့ Input B လို့ပဲ ဆိုကြပါစို့၊
ဆိုကြပါစို့ ရှေ့က ၀န်တင်ခဲ့တဲ့ညွန်ကြားချက်မှာ ဂဏန်း နှဏ်ခုပါတယ်ဆိုပါစို့၊ အဲ့ဒီ့ ဂဏန်း နှစ်ခုကိုလဲပေါင်းချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ ဂဏန်း နှစ်ခုကိုပေါင်းမယ့် ညွန်ကြားချက်ကို Control Unit က RAM ကနေ လက်ခံရရှိလာပီး ALU ကို ဘယ်လို အလုပ်ကိုလုပ်ဆောင်ရမလဲ ဆိုတဲ့ ညွန်ကြားချက်ကို ပို့ပေးတယ်၊

ALU က လဲ Control Unit ကနေ လက်ခံရရှိတဲ့ ညွန်ကြားချက်ကအတိုင်း အလုပ်လုပ်ပီး အဖြေကို Output လုပ်ပေးပါတယ်၊

တစ်ခါတစ်ရံမှာတော့ရရှိလာတဲ့ညွန်ကြားချက်ပေါ်မူတည်ပီး ALU ရဲ့ Output ကို ဘာမှဆက်မလုပ်ပဲ ဥပက္ခာပြုထားရတာရှိပါတယ်၊

မနက်ဖြန်ဆက်ရေးမယ်
အောက်က လင့်မှာ PDF ဖိုင်ကို ဒေါင်းလုပ်ရယူပါ၊

မှတ်ချက်၊ ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

Please Like Our Facebook Here

Thank You ! 

Aung Ko Htet

StarDict Dictionary ကို Ubuntu မှာ Install လုပ်မယ်

 
 
Ubuntu ကို သုံးနေရင်းနဲ့ Education ဖက်ကိုပါ စဉ်းစားမိတယ်။ Internet ပေါ်မှာ စာတွေဖတ်ရင်English လိုဖတ်ရတာများတာကလည်းတစ်ကြောင်းပါတာပေါ့ဗျာ။ ABCD ကိုသိတယ် ဆိုပေမယ့် လည်းကိုယ့်ဘာသာစကား မဟုတ်တော့ အခက်တွေ့တာပဲလေ။ အဲဒီမှာ Dictionary က လိုလာပြီလေ။

Windows မှာတုန်းကတော့ Dictionary တွေကပေါတယ်လေ။ Ubuntu မှာ Dictionary က နဲနဲရှားတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ StarDict တို့ GoldenDict တို့ရှိပါတယ်။ ဘယ်ဟာက ပိုကောင်း တယ် မကောင်းဘူးဆိုတာထက် လက်တွေ့အသုံးဝင်တာပဲလုပ်ကြရအောင်ပါ။
 

ကျနော်ကတော့ StarDict ကိုပဲရွေးလိုက်ပါတယ်။ကဲ ဒါဆို StarDict ကို Install လုပ်လိုက်ကြရ အောင်ဗျာ။Terminal ကနေသွင်းမနေတော့ပါဘူး။ လွယ်လွယ်ကူကူပဲ Software Center ကနေ သွင်းပါမယ်။ SC ကိုဖွင့်ပြီးရင် stardict လို့ရိုက်ထည့်ပြီးရှာလိုက်ရင် အောက်ကလိုတွေ့ရမှာပါ။ 




StarDict ဆိုတာလေးကိုနှိပ်လိုက်ရင် More Info နဲ့ Install ဆိုတဲ့ Button တွေတွေ့ပါလိမ့်မယ်။ကျနော်က StarDict ကို Install လုပ်ပြီးသားဆိုတော့ Remove ဆိုပြီးပေါ်နေတာပါ။ Install လုပ်တော့မှာဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။ ဒါမှမဟုတ် MoreInfo ကိုနှိပ်ပြီးတော့ ရှင်းလင်းချက်အကျဉ်းကို လေ့လာချင်လေ့လာလို့ရပါသေးတယ် Version, Total size စတာတွေ ပေါ့ဗျာ။ Size သိတော့ Download ဘယ်လောက်ကြာကြာလုပ်ရမလဲခန့်မှန်းလို့ ရတာပေါ့ ။ 



 
Installation ပြီးသွားရင်တော့ Installed ဆိုပြီးအောက်ကအတိုင်းပြပါလိမ့်မယ်။



Installationပီးသွားပေမယ့်Dictionary တွေမပါသေးဘူးဗျ။ StarDict ကို ဖွင့်လိုက်ပါ။ အောက်ခြေ ဘယ်ဘက်ဒေါင့်မှာခွေးသွားစိတ်ပုံicon လးကိုနှိပ်လိုက်ပါ Manage Dictionaries ဆိုတဲ့ windows ပွင့်လာပါလိမ့်မယ် Dictionaries တွေ Download လုပ်နိုင်မယ့် link ကိုတွေ့ရမှာပါ


http://stardict.sourceforge.net/ ကနေပြီးတော့Dictionariesတွတော်တော်များများ ကို Download လုပ်နိုင်ပါတယ် tar.bz2 အမျိုးအစားတွေပါ (zip တို့ rar တို့လို file Type ပါပဲ)။ ကျနော် Down ထားတာတောင် English-English တွေတင် Dictionaries (၆၀) လောက် ရှိပါတယ်။
ကဲဗျာ.. ဒေါင်းပြီးသွားပြီပဲထားလိုက်ပါတော့ကိုယ်သုံးချင်တဲ့ ExampleDictionary.tar.bz2 ဖိုင်ကို Extract လုပ်ပြီးဖြည်ထုတ်လိုက်ပါ ExampleDictionary ဆိုပြီး Folder တစ်ခုရလာပါလိမ့်မယ်။

Alt + F2 နှိပ်ပြီး gksu nautilus ဆိုတဲ့ command လေးရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Passwordတောင်းပါလိမ့်မယ်။ထည့်ပေးလိုက်ပါ။အောက်ကလို window တစ်ခုပွင့်လာပါလိမ့်မယ်။
File System => user => share => stardict => dic အထိ အဆင့်ဆင့်ဝင်သွားလိုက်ပါ။ပြီးရင်ခုနက Extract လုပ်ပြီးသား ExampleDictionary ဆိုတဲ့ Folder ကို copy & paste လုပ်လိုက်ပါ။ပြီးရင် window ကိုပိတ်လိုက်ရင်ရပါပြီ ။



 
OK! ခင်ဗျားရဲ့ StarDict ကို Dictionary တွေ စုံစုံလင်လင်နဲ့ စတင်အသုံးပြုလို့ရပါပြီ။

English-Myanmar Dictionary သုံးချင်တယ်ဆိုရင်တော့ ornagai-stardict_1.0.0-1_all.deb ဆိုတဲ့ debian file လေးကို https://www.dropbox.com/s/z1k74cm0in5s2ci/ornagai-stardict_1.0.0-1_all.deb internet ကနေပီး down လိုက်ပါ။ပြီးရင် Double Click နှိပ်ပြီး SC ကနေ Installation လုပ်ချင်လုပ် CLI ကနေပဲ sudo dpkg -i ornagai-stardict_1.0.0-1_all.deb ဆိုပြီး တော့ installation လုပ်လုပ် ခင်ဗျားသဘောပါပဲ။

Internet ကနေပြီး ခင်ဗျားရဲ့ လေ့လာမှုတွေအတွက်ဒါဆိုကောင်းကောင်း အထောက်အပံ့ဖြစ်ပြီ လို့ထင်ပါတယ်။ စကားလုံးတစ်လုံးရဲ့ Definition ကို Dictionariy ပေါင်းစုံကနေ လေ့လာရင်း အောင်မြင်မှုတွေ ရယူနိုင်ကြပါစေဗျာ..........။ 



Credit to X Magic World



Please Like Our Facebook Here
Thank You !
Aung Ko Htet

Tuesday, January 27, 2015

သင့်ကွန်ပျူတာကို လျင်မြန်စွာ အသုံးပြုလိုလျှင်




ကွန်ပျူတာ အသုံးပြုသူတိုင်း Desktop  ဖြစ်ဖြစ် ၊ Laptop ဖြစ်ဖြစ် အသုံးပြုနေ ရင်းဖြင့် နှေးကွေး သွားခြင်းတွေ၊  Performance ကျခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီလိုတွေကြုံလာ ရပြီးဆိုရင် စိတ်သောက ရောက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့စိတ်ရဲ့မြန်ဆန်မှုကို မိမိအသုံးပြုနေတဲ့ ကွန်ပျူတာက မလိုက်နိုင်လို့ပဲဖြစ်ပါတယ်။

တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့ ဘယ်စက်ကမှ လူတစ်ယောက်ရဲ့ စိတ်အလိုကို မလိုက်နိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ စက်မှာလည်း သူ့ရဲ့ခံနိုင်ရည်နဲ့သူဆိုတာရှိပါတယ်။ ဒီတော့ နေ့စဉ်ရက်ဆက် ကွန်ပျူတာနဲ့မှ အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတို့အတွက် မိမိစက်ကို ရိုရိုသေသေနဲ့ နည်းစနစ်ကျကျကိုင်တွယ်ပြီး ကျွန်တော် ဖော်ပြပေးမဲ့ လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင် သင့်ရဲ့ စက်ဟာ အရင်ကထက် အနည်းငယ် လျင်မြန်မှုရှိလာမယ်ပါလိမ့်မယ်။

မိတ်ဆွေတို့အနေနဲ့ လုပ်ဆောင်ရမဲ့အချက်အချို့ကတော့ စက်သုံပြီးဖြစ်စေ ၊ မသုံးခင်ဖြစ်စေ C Cleaner နဲ့ အရင်ဆုံး Clean and Analyze လုပ်ပါ။ C Clenaer အသုံးပြုရခြင်းအကြောင်းကတော့ နောက်ကွယ်မှာရှိတဲ့ Program တွေနဲ့ Cache ထဲမှာ Run နေတဲ့ Program တွေကို ရှင်းပစ်စေချင်တဲ့ အတွက်ကြောင့်ပါ။

နောက်တစ်ဆင့်ကတော့ Disk - Difgrament လုပ်ပေးပါ။ ဒီလိုလုပ်ရခြင်းအကြောင်းကတော့ File တွေအစီအစဉ်တကျ ဖြစ်သွားစေဖို့ပါ။

Software များကို Download လုပ်ရန် ဒီနေရာကို နှိပ်ပါ။

အထက်ပါ  Software တွေကို အသုံးပြုပြီး Difgrament နှင့် Clean လုပ်နေချိန်မှာ မိမိရဲ့စက်မှာ ဘာမှ အသုံးမပြုတာ အကောင်းဆုံးပါ။

အားလုံးအဆင်ပြေကြပါစေ..


Please Like Our Facebook Here

Thank You !
Aung Ko Htet

Thursday, January 22, 2015

Android Game တွေကို ကွန်ပျူတာပေါ်မှာ ကစားကြမယ်


အခုချိန်မှာ ရေပန်းအစားဆုံး Online Game တစ်ခုဖြစ်တဲ့ COC ကို လူတိုင်းသိကြမှာပါ။ လူတိုင်းရဲ့လက်ထဲမှာလဲ Game ကစားလို့ကောင်းတဲ့ Smart Phone တစ်လုံးကလည်း ရှိပြီးသားဖြစ်မှာပါ။ Phone မှာ Game ကစားရင်း  အချိန်ကြလာတာနဲ့အမျှ ဖြစ်ပေါ်လာတဲ့ စက်ပူခြင်း၊ ဘက်ထရီကုန်ခြင်းတွေဖြစ်ပေါ်လာရင် အရမ်းပဲ စိတ်သောကရောက်ကြရပါတယ်။ အချို့ Phone တွေကျတော့ လည်း Game အကြီးကြီးတွေ ကစားဖို့အတွက် ဖုန်းရဲ့ Firmware Version က မနိုင်ဘူးလေ။ အဲ့ဒီအခါမှာ မိမိမှာ ဖုန်းရှိရဲ့သားနဲ့ လူအများလို application စုံစုံကို စမ်းသပ်ခွင့်မရကြတော့ဘူးပေါ့။ ဒီအတွက် အဆင်ပြေစေမဲ့နည်းလမ်းလေးကို ကျွန်တော်မျှဝေပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Phone application , Game များကို မိမိရဲ့ ကွန်ပျူတာပေါ်မှာ စမ်းသပ် နိုင်မဲ့ ဆော့ကစားနိုင်မဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

Android Application ကို Window ပေါ်မှာ ဆော့ကစားဖို့ဆိုတာ ဒီအတိုင်းတော့ မရနိုင်ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်တို့ Android Application ကို Window ပေါ်မှာ Run နိုင်အောင် Android Emulator ကိုတော့ Window ထဲမှာ Install လုပ်ထားဖို့လိုအပ်ပါတယ်။ Android Emulator တွေဖြစ်တဲ့ Andy , YouWave နဲ့ Bluestack တို့ကို အောက်က Link တွေမှာ Download လုပ်နိုင်ပါတယ်။

ဒီ Software သုံးခုထဲက ကျွန်တော်နဲ့ အဆင်ပြေတဲ့ Software ကတော့ Bluestack Android Emulator ပါ။ ဒီ Software ကို Download လုပ်ပြီးရင်တော့ ကွန်ပျူတာ မှာ Run လိုက်ပါ။ Run ပြီးရင်တော့တစ်ခုတည်း သုံးလို့မရသေးပါဘူး။ Data တွေကို ထပ်ပြီး Download လုပ်ပေးရပါသေးတယ်။ ပြီးရင်တော့ 1Mobile Market Application လေးကို Bluestack ထဲကနေ Install လုပ်လိုက်ပါ။ ပြီးရင်တော့ 1 Mobile Market ထဲကနေ COC ကို ရှာပြီး Download လုပ်ပြီး ကစားနိုင်ပါပြီ။

ကျွန်တော်တင်ပေးထားတဲ့ Software သုံးခုထဲမှာ Youwave ကလွဲလို့ အခြား Software နှစ်ခုက တန်းပြီး install လုပ်လိုက်ရုံပါပဲ။ You Wave ကတော့ Crack File ပါတဲ့အတွက်ကြောင့် Crack လုပ်ပြီး အသုံးပြုစေချင်ပါတယ်။

Software များ Download လုပ်ရန်

Download Here


အဆင်မပြေမှုများရှိပါက Comment ဖြင့်ဖြစ်စေ aungkohtet@mmitknowledge.com သို့ဖြစ်စေ Mail ပို့ပြီး ပြောကြားနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Aung Ko Htet

Thursday, December 4, 2014

Oxford Advanced Learner's Dictionary ကို မိမိကွန်ပျူတာတွင် Install လုပ်နည်း



Aung Ko Htet (MM IT Knowledge)

Oxford Advanced Learner's Dictionary ဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့ သူမရှိလောက်ဖူးလို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်စာကို လေ့လာနေကြတဲ့ လူတိုင်းဟာ Dictionary ကောင်းကောင်းဆိုရင် Oxford Advanced Learner's Dictionary ကို အသုံးပြုနေကြလို့ပါပဲ။ Oxford Advanced Learner's Dictionary ကို Offline အနေနဲ့ အသုံးပြုနိုင်အောင် စာအုပ်များ ၊ Online တွင် အသုံးပြုနိုင်စေရန်အတွက် Oxford Advanced Learner's ရဲ့ Website ဖြစ်တဲ့ http://www.oxfordlearnersdictionaries.com/definition/english တို့တွင်လေ့လာနိုင်သလို Offline အနေဖြင့် ကွန်ပျူတာတွင် အသုံးပြုနိုင်အောင် install လုပ်ဖို့အတွက် နည်းလမ်းလေးတစ်ခုကို လေ့လာသူတို့ သိရှိနိုင်အောင်မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ Oxford Advanced Learner's Dictionary ကို ဒီနေရာမှာ Download လုပ်ပါ။

Download လုပ်ပြီးသွားတဲ့ နောက်မှာတော့ ရရှိလာတဲ့ Rar ဖိုင်ကို ဖြည်လိုက်တဲ့ အခါ .ISO file လေးနဲ့ Crack file လေးတစ်ဖိုင်ကို တွေ့ရပါလိမ့်မယ်။ ပုံမှန်အတိုင်းဆိုရင်တော့ မိတ်ဆွေတို့အနေနဲ့ exe File ကို Double Click နှိပ်ပြီး install လုပ်လိုက်တာနဲ့ အသုံးပြုလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီ Dictionary မှာတော့ အလွယ်တကူ install မလုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရရှိထားတဲ့ File ဟာ .ISO File ဖြစ်နေတဲ့အတွက်ကြောင့်ပါ။



ဒါကြောင့်ကျွန်တော်တို့ဟာ ရရှိလာတဲ့ .ISO File ကို install လုပ်ဖို့အတွက် Virtual Drive ဖြင့် image ရိုက်ရပါတယ်။ ဒီလို image ရိုက်ဖို့အတွက် လိုအပ်တဲ့ software ကို http://www.slysoft.com/en/download.html  ဒီ Website မှာသွားရောက်၍ download လုပ်နိုင်ပါတယ်။

ကျွန်တော်တို့လိုအပ်တဲ့ Software ဟာ Virtual Clone Drive ဖြစ်တာကြောင့် Virtual CloneDrive ဆိုတဲ့ Software ကို download လုပ်ပါ။ ပြီးတဲ့နောက်မှာ install လုပ်ပါ။ Install လုပ်ပြီးတဲ့အခါ ကျွန်တော်တို့ဟာ Virtual Drive တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ ရရှိလာတဲ့ Virtual Drive Mount လုပ်ပေးရပါတယ်။



Mount လုပ်ဖို့အတွက် Virtual Drive ကို Right Click နှိပ်ပြီး Virtual Clone Drive ကိုရွေးကာ Mount ကိုရွေးပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ သင့်ရဲ့ .ISO File ကိုရွေးပြီး image ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီလို Image ရိုက်ပြီးတဲ့အခါမှာတော့ OALD ရဲ့ File နဲ့ Setup file လေးတစ် file ကို တွေ့ရမှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ Setup File ကို Double Click နှိပ်ပြီး Run လိုက်ရင် သင့်ရဲ့ Oxford Advanced Learner's Dictionary ကို စတင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးဟာ စာဖတ်သူ၊ လေ့လာသူတို့အနေနဲ့ အင်္ဂလိပ်စာ လေ့လာနေတယ်ဆိုရင် မိမိကွန်ပျူတာမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Dictionary Software ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းလမ်းလေးကို ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလို နည်းလမ်းကို သိသွားရင်တော့ မိတ်ဆွေတို့အနေနဲ့ Oxford Advanced Learner's Dictionary ကို အလွယ်တကူ အသုံးပြုနိုင်ပါပြီ။

အားလုံးအဆင်ပြေကြပါစေ...

Aung Ko Htet (www.mmitknowledge.com)

Friday, November 7, 2014

Wireless Network Watcher



Aung Ko Htet (MM IT Knowledge)

ကိုယ့်ရဲ့ Wireless Network ကို အမြဲတမ်းစောင့်ကြည့်ပေး နိုင်မယ့်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ကိုယ်အသုံးပြုနေတဲ့ Wireless Network အတွင်းကို အသုံးပြုခွင့် ပေးထားတဲ့သူ မဟုတ်ဘဲ အခြားသူတွေ လာရောက် ချိတ်ဆက်ပြီး အသုံးပြု နေမှုကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ Wireless Network ကို အခြားသော ပြင်ပမှ ၀င်ရောက်ပြီး ကိုယ်မသိရှိအောင် ချိတ်ဆက်ဖို့အတွက် ကြိုးစားနေတဲ့ သူတွေရဲ့ ရန်ကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

Wireless Network Watcher Software ဟာ Wi-Fi ကို တရားမဝင် ဝင်ရောက် ချိတ်ဆက်မှုတွေ ရှိလာတဲ့ အခါမျိုးမှာ အသံဖြင့် အချက်ပေးမှာ ဖြစ်ပြီး၊ ဝင်ရောက်လာတဲ့ စက်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ Device တွေရဲ့ID ကို မှတ်တမ်းတင်ထားပြီး Wireless Network ကြီး တစ်ခုလုံး အလုပ်လုပ်နေတဲ့ အချိန်တွေမှာ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲရဲ့ သွင်ပြင်ကို သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲတတ်စေဖို့အတွက်  စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံကို အသုံးပြုထားပြီး ၊ ပြင်ပမှ ဝင်ရောက် ချိတ်ဆက် လာသော Device တွေကို အလွယ်တကူနဲ့သိရှိစေဖို့အ တွက် ဖော်ပြပေးနေမှာ လည်း ဖြစ်ပါတယ်။ 
  
Wireless Network Watcher ဟာ ပြင်ပမှ ချိတ်ဆက်တဲ့ Device တွေကို ID နဲ့ဖော်ပြပေးမှာ ဖြစ်တဲ့အပြင် IP Address တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Network Adapter အမျိုးအစား၊ Device Information အစရှိတာတွေကိုလည်း အလွယ်တကူနဲ့ သိရှိနိုင်ဖို့အတွက် ခွဲခြားပြီး ဖော်ပြပေးနိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ အချိန်ပြည့် Network ကို Scan ပြုလုပ်ပေး နိုင်မှာဖြစ်ပြီး၊ ဝင်ရောက် ချိတ်ဆက်နေတဲ့ Device တွေရဲ့ Mac Address, IP အစရှိတာတွေကို HTML, XML, CSV ဒါမှမဟုတ် Text File တွေ နဲ့ Report ပြုလုပ်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။ အသစ်ထပ်မံပြီး Update ပြုလုပ်ထားတဲ့ Version ဖြစ်တဲ့အ တွက် Mac Address နဲ့ ပတ်သက်တဲ့ Data base လည်းပါဝင်လာတာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Windows 2000 ကနေစပြီး Windows 8 အထိ သုံးစွဲနိုင်မှာ ဖြစ်သလို၊ Server Version တွေမှာလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Credit to Internet Journal 

Ubuntu OS ပေါ်တွင် Sound Switcher ကို ထည့်သွင်းခြင်း



Aung Ko Htet (MM IT Knowledge)

Ubuntu OS ပေါ်တွင် Sound Switcher ကိုထည့်သွင်း အသုံးပြုပုံ ဖြစ်ပါတယ်။ Ubuntu OS အသုံးပြု သူများအနေဖြင့် ကိုယ့်ရဲ့ OS ပေါ်မှာ အသံတွေကို Record ပြုလုပ်လိုတဲ့ အခါမှာ အသုံးပြုသင့်တဲ့ ဆော့ဖ် ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Sound Swticher ကိုထည့်သွင်း ထားခြင်းဖြင့် Internal Audio Device တွေကနေ တစ်ဆင့်အခြားသော Input Device တွေဖြစ်တဲ့ Mic လိုမျိုး Device ကနေ ဖမ်းယူလိုက်တဲ့ အသံတွေကို ဖမ်းယူနိုင်ဖို့အတွက် Switch ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Sound Switcher ကို ထည့်သွင်းဖို့အတွက် Ubuntu 12.10 ဒါမှမဟုတ် 14.04 ဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Sound Switcher ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေUpgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
  
နောက်တစ်ဆင့်ကတော့ Sound Switcher ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေ ကိုတစ်ခုချင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့
-sudo apt-add-repository ppa:yktooo/ppa
sudo apt-get update && sudo apt-get install indicator-sound-switcher
စတာတွေပဲဖြစ်ပါတယ်။

အဆိုပါ Command တွေကို အသုံးပြုပြီးပြီ ဆိုရင်တော့ သင့်ရဲ့ Ubuntu OS ထဲမှာ Sound Switcher ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်းမှာ Ubuntu OS 12.10 နှင့် 14.04 တွင် Sound Switcher ကိုထည့်သွင်းနည်း ဖြစ်ပါတယ်။

Credit to Internet Journal

PDF ဖိုင်ကို Mozilla Firefox ပေါ်မှ ဖန်တီးခြင်း



Aung Ko Htet (MM IT Knowledge)

PDF ဖိုင်တစ်ခု ဖန်တီးဖို့အတွက် Adobe PDF Installer ထည့်သွင်း ထားစရာမလိုဘဲ MozillaFirefox ပေါ်ကနေ အလွယ်တကူနဲ့ ဖန်တီးပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Mozilla Firefox Browser ပေါ် ကနေ Soda PDF ဆိုတဲ့ Add-on ကို အသုံးပြုပြီး File တွေကို PDF အဖြစ် အလွယ်တကူ ပြုလုပ်ဖန်တီးကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အထောက်အပံ့ပေးတဲ့ဖိုင်အမျိုးအစား တွေကလည်း စုံလင်လှပါတယ်။
Firefox Browser ပေါ်ကနေ PDF ဖိုင်ကိုအလွယ်တကူ ဖန်တီးဖို့အတွက်ဆိုရင် ဖော်ပြပါ ၀က်ဘ် ဆိုက်လိပ်စာမှာ သွားရောက်ပြီး Firefox Add-on ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ Add-on ကိုထည့်သွင်းဖို့အတွက် ပထမဆုံး Firefox ရဲ့ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကိုသွားရမှာ ဖြစ်ပါတယ်။ ပြီးရင် Add-on ဆိုတဲ့ Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ Add-on ဆိုတဲ့ စာမျက်နှာကို ရောက်ပြီဆိုရင် Soda PDF ဆိုတဲ့ Keyword ကို Search Box ကနေ ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် Soda PDF Online Services ဆိုတဲ့ Add-onကိုတွေ့မှာ ဖြစ်ပါတယ်။ အကယ်၍ ဝက်ဘ်ဆိုက်ကို တိုက်ရိုက်အသုံးပြုချင်သူတွေအတွက် http://goo.gl/FWSwlT ဆိုတဲ့ လိပ်စာကနေ တိုက်ရိုက်သွားနိုင်ပါတယ်။
 
 နောက်တစ်ဆင့်ကတော့ Firefox Browser ထဲ Add-on ကို ထည့်သွင်းဖို့အတွက် Add to Firefox ဆိုတဲ့ Button ကိုနှိပ်လိုက်ပါ။ ဖိုင်ကို Download ပြုလုပ်ပြီးတဲ့ အချိန်မှာ Firefox Browser ကို Restart ပြုလုပ် မလားလို့ မေးလာရင် Restart ပြုလုပ်လိုက်ပါ။ ဒါဆိုရင် Firefox Browser ထဲမှာ Soda PDF Online Services ကို ထည့်သွင်းပြီးသွားပြီ ဖြစ်ပါတယ်။

ဒီ Add-on ဟာ Microsoft Word, Excel, Power Point, Image, HTML, Text အစရှိတဲ့ ဖိုင်တွေကို အထောက်အပံ့ ပေးထားပြီး PDF ပြုလုပ်ခွင့် ပေးထားမှာ ဖြစ်သလို Convert PDF လည်းပြုလုပ်နိုင် မှာ ဖြစ်ပါတယ်။ အခကြေးငွေပေးသွင်းပြီး အသုံးပြုမယ် ဆိုရင်တော့ PDF ဖိုင်အချင်းချင်း ပေါင်းထည့်တာတို့၊ PDF ဖိုင်တွေကို ခွဲထုတ်တာတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Friday, October 24, 2014

Ubuntu 14.04 LTS မှ Ubuntu 14.10 ကိုဘယ်လို upgrade လုပ်မလဲ ?


Aung Ko Htet (MM IT Knowledge)

Ubuntu OS ဟာ တစ်နှစ်မှာ နှစ်ကြိမ် OS version အသစ်သစ် ထွက်လေ့ရှိပါတယ်။ OS version အသစ်တွေထွက်ရှိတဲ့ လတွေကတော့ ပုံမှန် 4 လပိုင်းနဲ့ 10 လပိုင်းတွေမှာ ထွက်လေ့ရှိ ပါတယ်။ OS version အသစ်ထွက်ရှိတဲ့ လတွေကို အစွဲပြု ပြီး version တွေကို သတ်မှတ်လေ့ရှိပါတယ်။ 2013 ခုနှစ် 4 လပိုင်း မှာ ထွက်ရှိလာတဲ့ Ubuntu OS version ကို  Ubuntu 13.04 လို့ သတ်မှတ်သလို 10 လပိုင်းမှာ ထွက်ရှိလာတဲ့ OS ကို 13.10 ဆိုပြီး သတ်မှတ်ပါတယ်။ အခုလည်း 2014 ခုနှစ် 4 လပိုင်းမှာ ထွက်ရှိလာတဲ့ Ubuntu OS ရဲ့ version ကို Ubuntu 14.04 လို့သတ်မှတ်ပြီး 10 လပိုင်းမှာ ထွက်ရှိလာတဲ့ version ကိုလည်း Ubuntu 14.10 လို့သတ်မှတ်ပါတယ်။ ဒီလောက်ဆိုရင် Ubuntu OS version တွေရဲ့ အကြောင်းကို အကြမ်းမျဉ်း နားလည်ပြီလို ထင်ပါတယ်။

အခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာက အသစ်ထွက်လာတဲ့ Ubuntu OS 14.10 ကိုသုံးချင်ရင် ဘယ်လို Upgrade လုပ်ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

Ubuntu ကို အခုမှ အသုံးပြုမဲ့ သူအတွက်တော့ အသစ်ထွက်ရှိလာတဲ့ Ubuntu 14.10 ကို အသုံး တိုက်ရိုက် Install လုပ်လိုက်ရင် ရပေမဲ့ လက်ရှိ Ubuntu ကို အသုံးပြုနေတဲ့ သူတွေအတွက်တော့ ပြန်ပြီး install လုပ်ရတယ်ဆိုရင်တော့ မလို အပ်တဲ့ အချိန်ဖြုန်းမှုလို့ ထင်ပါတယ်။

ဒီအတွက်ကြောင့် လက်ရှိ Ubuntu version အဟောင်းကို အသုံးပြုနေတဲ့ သူတွေအတွက်ကတော့ Upgrade လုပ်နိုင်မဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။

ဒါပေမဲ့ Ubuntu အသုံးပြုသူများအနေဖြင့် သတိထားရမှာက 13.04 ကနေ 14.10 ကို တိုက်ရိုက် Upgrade လုပ်လို့မရဘူးဆိုတာပါပဲ။ Ubuntu user တို့အနေနဲ့ နောက်ဆုံးထွက် version ကို upgrade လုပ်ချင်တယ်ဆိုရင်တော့ တစ်ဆင့်ချင်းတစ်ဆင့် (step by step ) သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဥပမာ။  ။ 13.04 to 13.10,13.10 to 14.04, 14.04 to 14.10 ဆိုပြီး အဆင့်ဆင့် Upgrade လုပ်သွားတာက အဆင်ပြေပါလိမ့်မယ်။

ကျွန်တော်က လက်ရှိ Ubuntu 14.04 LTS ကို အသုံးပြုနေတယ်ဆိုတော့ 14.10 ကို အလွယ်တကူ တိုက်ရိုက် Upgrade လုပ်လို့ ရပါပြီ။ ဒါဆိုရင်တော့ စတင် Upgrade လုပ်ပါမယ်။ Upgrade မလုပ်ခင် အရင်ဆုံး သတိထားရမှာက ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေကို external HDD နဲ့ဖြစ်ဖြစ် CD/DVD နဲ့ဖြစ်ဖြစ် backup လုပ်ထားဖို့ ဖြစ်ပါတယ်။

စပြီး upgrade လုပ်ဖို့အတွက် Crl+Alt+T ကို တွဲနှိပ်ပြီး Terminal ကို ဖွင့်လိုက်ပါ။ Terminal ထဲမှာ အောက်က ပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

sudo apt-get update && sudo apt-get dist-upgrade

ဒီ command ကို ရိုက်ပြီး enter နှိပ်လိုက်ရင် သူ့ဟာသူ နောက်ဆုံးထွက်ထားတဲ့ Latest Packages ကို Download လုပ်ပြီး install လုပ်သွားမှာဖြစ်ပါတယ်။
Installing ပြီးသွားတဲ့အခါမှာတော့ စက်ကို restart ချလိုက်ပါ။ ပြီးတဲ့အခါ Terminal ကို ပြန်ခေါ်ပြီး အောက်မှာပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

sudo update-manager -d

ဒါဆိုရင်တော့ software updater window လေးပေါ်လာပြီး အောက်ကပုံအတိုင်း "However,Ubuntu 14.10 is now available (you have 14.04) ဆိုတဲ့ message ကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။

ဒီအချိန်မှာတော့ သင့်ကို upgrade လုပ်မှာ သေချာလားဆိုတဲ့ Message ကို ထပ်ပြီး မေးလာပါလိမ့်မယ်။ Upgrade button ကို ပဲ ထပ်နှိပ်ပေးလိုက်ပါ။



ပြီးရင် Distribution Upgrade ဆိုတဲ့ Software Updater လေး ထပ်ကျလာပြီး preparing လုပ်နေတာကို အောက်က ပုံအတိုင်း  တွေ့မြင်နေရပါလိမ့်မယ်။


စက္ကန့်အနည်းငယ် ကြာတဲ့အခါမှာတော့ upgrade စလုပ်တော့မလားဆိုတဲ့ Do you want to start the upgrade? ဆိုတဲ့ message ထပ်ပြပါလိမ့်မယ်။ ညာဘက်အောက်ခြေမှာပါရှိတဲ့ Start Upgrade ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်ပါ။



သူ့ဟာသူ အလိုလို Upgrade လုပ်ပေးသွားပါလိမ့်မယ်။



ပြီးတဲ့အခါမှာတော့ System ကို restart လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် ကိုယ့်ရဲ့ OS version ကို System setting ထဲက Detail ထဲမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ Ubuntu OS ဟာ 14.10 update version ဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။



အားလုံးပဲ အဆင်ပြေကြပါစေ..

Aung Ko Htet (www.mmitknowledge.com)

Email : aungkohtet.htet82@gmail.com

Facebook : www.facebook.com/bloggeraungkohtet

Facebook Fan Page : www.facebook.com/mmitknowledge

Website : www.mmitknowledge.com

Wednesday, October 22, 2014

မိမိကွန်ပျူတာမှာ Autoplay Program ကို ပိတ်နည်း


Aung Ko Htet (www.mmitknowledge.com)

ခေါင်းစဉ်ကို ကြည့်ပြီး ရှုပ်သွားမှာဆိုလို့ နည်းနည်း ရှင်းပြပေးပါ့မယ်။ ကျွန်တော်တို့ ကွန်ပျူတာတွေမှာ USB Stick ပဲဖြစ်ဖြစ်၊ CD,DVD ပဲဖြစ်ဖြစ် ထည့်လိုက်တဲ့အခါ သီချင်း၊ ဗီဒီယိုနဲ့ အချို့ Program တွေဟာ Auto Play အနေနဲ့ အလိုလို Run နေကြတာကို ကြုံကြရပါလိမ့်မယ်။ အဲ့ဒီ အဖြစ်တွေကို
တားဆီးနိုင်ဖို့အတွက် နည်းလမ်းလေးကျွန်တော် ရေးပေးလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ Window နဲ့ R ကို တွဲနှိပ်ပြီး Run Box ကို ခေါ်လိုက်ပါ။ Run Box ထဲမှာ gpedit.msc ဆိုတဲ့ commend ကို ရိုက်လိုက်ပါ။ပြီးရင် Enter နှိပ်လိုက်ပါ။


ဒါဆိုရင် Local Group Policy Editor ဆိုတဲ့ Window တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ
Step 1 : Computer Configuration ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။



Step 2 : Administrative Templates ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။



Step 3 : Window Components ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။

Step 4 : AutoPlay Policies ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ညာဘက်အခြမ်းက setting ကို မြင်တွေ့ရပါလိမ့်မယ်။


Setp 5 : အဲ့ဒီ setting ထဲတွင် Turn off Autoplay ဆိုတဲ့ Option ကို Double Click နှိပ်လိုက်ပါ။ ထို့နောက်မှာတော့ Turn Off Autoplay ဆိုတဲ့ Popup Window လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ အဲ့ဒီ Window ထဲမှာ Enabled option ကို select မှတ်ပြီး Turn Off Auto Play on: ဆိုတဲ့
Drop Down option မှာတော့ ကိုယ့်စိတ်ကြိုက် Drives တွေကို ရွေးချယ် နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ All Drives ကိုပဲ ရွေးထားလိုက်ပါ။ ပြီးရင်တော့Apply ကိုနှိပ်ပြီး OK ဆိုတဲ့ Button ကိုပါ နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ USB Stick ပဲဖြစ်ဖြစ်၊ CD/ DVD ပဲဖြစ်ဖြစ် ကွန်ပျူတာထဲ ထည့်လိုက်တဲ့အခါ Auto Play ဖြစ်တော့မှာ မဟုတ်ပါဘူး။

အားလုံးပဲ အဆင်ပြေကြပါစေ..

Aung Ko Htet (www.mmitknowledge.com)

Email : aungkohtet.htet82@gmail.com

Facebook : www.facebook.com/bloggeraungkohtet

Website : www.mmitknowledge.com

Facebook Fan Page : www.facebook.com/mmitknowledge


Sunday, October 19, 2014

သူများတင်လိုက်တဲ့ viber profile photo ကိုရယူမယ်

Aung Ko Htet (MM IT Knowledge)

တစ်ချို့တွေလဲ သိပြီးတဲ့ သူတွေ ရှိကြသလို မသိသေးတဲ့ လူတွေလဲ ရှိမှာပါ။ မသိသေးတဲ့ သူတွေအတွက်ဆိုရင်တော့ အဆင်ပြေစေမှာပါ။ ကိုယ့်သူငယ်ချင်း viber အသုံးပြုနေသူတွေရဲ့  Profile photo တွေကို အရယူနိုင်တဲ့ နည်းလမ်းလေးပါ။ Viber က သူများတွေရဲ့  Profile ပုံကို လိုချင်တဲ့ သူတွေအတွက် အဆင်ပြေစေသလို မလိုချင်တဲ့ သူတွေအတွက် ပုံတွေ အရမ်းမတင်မိစေဖို့ သတိထားမိသွားတာပေါ့။

နည်းလမ်းကတော့ ရိုးရှင်းပါတယ်။  Viber ကို install လုပ်ထားတဲ့ Memory space ရဲ့ လမ်းကြောင်း (internal storage or external storage) ထဲသို့ File Manager မှတစ်ဆင့် ၀င်လိုက်ပါ။ ပြီးလျှင် Viber File ကို လိုက်ရှာပြီး အဲ့ဒီ file လေးထဲကို ၀င်လိုက်ပါ။ အဲ့ဒီနောက်မှာတော့ User Photo ဆိုတဲ့ File ကိုတွေ့ ရပါလိမ့်မယ်။ တစ်ချို့တွေလည်း တန်းပြီး တွေ့ကြသလို မတွေ့ တဲ့ သူဆိုရင် တော့ Media ဆိုတဲ့ File ကို အရင်တွေ့ပါလိမ့်မယ်။ အဲ့ဒီ file လေးထဲမှာ User photo ဆိုတဲ့ File လေး ရှိပါတယ်။

 အဲ့ဒီ File ကို ဖွင့်ကြည့်လိုက်ရင် ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေရဲ့  ဟိုးပဝေနသီ အချိန်ကတည်းက တင်ထားတဲ့ Viber Profile Photo တွေကိုသာမကပဲ လက်ရှိ လောလော လတ်လတ်တင်ထားတဲ့ Profile Photo တွေကိုပါတွေ့ခွင့်ရှိနိုင်ပါတယ်။ အဲ့ဒီ ပုံတွေကို ဖုန်းနဲ့ဆိုရင် တော့ save လို့ မရပါဘူး။ ကွန်ပျူ တာနဲ့ ချိတ်ဆက်ပြီး သိမ်းဆည်းမယ်ဆိုရင်တော့ ရနိုင်ပါတယ်။

နောက်ထပ် ဘာမှ ထပ်ရှင်းပြစရာမလိုတော့တဲ့အတွက်ကြောင့် သူများပုံကို သိမ်းဆည်းချင်သူတွေအတွက် အဆင်ပြေစေနိုင်သလို မသိမ်းဆည်းချင်သူတွေအတွက် ကိုယ့်ပုံကို သူများလက်ထဲ အလွယ်တကူ မရောက်စေဖို့ အတွက် သတိထားနိုင်ကြပါစေ..

Aung Ko Htet (www.mmitknowledge.com)

Thursday, October 2, 2014

Samsung Firmware Galaxy S2 GT-I9100G Firmware Update



Aung Ko Htet (MM IT Knowledge)

Samsung Galaxy S2 အတွက် Update Firmware ကိုအလိုရှိတဲ့ သူငယ်ချင်းတွေအားလုံး ကျွန်တော် အခုပေးတဲ့ Website လေးကနေ Download လုပ်လို့ရတယ်နော်။

နောက်ဆုံး Update version ကတော့ 4.1.2 အထိရှိပါတယ်။ နည်း လမ်းတွေ ပါ ရေးပေးထားတော့ စုံပါတယ်။ ကလိချင်တဲ့ လူတွေ အတွက်ကတော့ အဆင်ပြေစေပါလိမ့်မယ်။

Click Here to View

Aung Ko Htet (www.mmitknowledge.com)

Please visit my facebook fan page www.facebook.com/mmitknowledge

Thank You !!!

Wednesday, October 1, 2014

Facebook Profile Name ကို ရက်ပေါင်း ၆၀ စောင့်စရာမလိုပဲ ပြောင်းနည်း



Aung Ko Htet (MM IT Knowledge)

Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကို နာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေးသားထားပါတယ်။

အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက်ချင်း ပြောင်းလဲနည်းပါ။



ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the last 60 days." ) လို့ရေးသားထားပါတယ်။

ဒီလို ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေးကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။




ပြီးတဲ့နောက်မှာတော့ Facebook က သူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။  အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို  Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။

အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။




အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။

ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။

Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း..

Aung Ko Htet (www.mmitknowledge.com)

Please visit my Facebook Fan Page www.facebook.com/mmitknowledge/

Thank You !!!

Thursday, September 18, 2014

Windows Operating System တွင် Diskcryptor ကို ထည့်သွင်းအသုံးပြုခြင်း



Aung Ko Htet (MM IT Knowledge)

Windows Operating System အသုံးပြုသူတွေ အနေနဲ့ကိုယ့်ရဲ့ Hard Disk အတွင်းမှာရှိတဲ့ အချက် အလက်တွေကို လုံခြုံစိတ်ချစွာ သိမ်းဆည်းချင်တယ်ဆိုရင် Diskcryptor ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်။ Diskcryptor ဟာ Partition တွေကို အပိုင်းလိုက်ခွဲခြားပြီး အပိုင်းတစ်ခုချင်းစီကို လုံခြုံစိတ်ချစေရန် အတွက် Password   ဖြင့် ကာကွယ်ကာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

Diskcryptor ကို အသုံးပြုဖို့အတွက် ပထမဆုံး http:/ goo.gl/UI9Aih ဆို တဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ Diskcryptror ကိုသွားရောက် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Download ပြုလုပ်ပြီးပြီိဆိုရင် Install ပြုလုပ် ပြီး ကိုယ့်ရဲ့ Windows ကို Restart ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးသွားပြီ ဆိုရင် Windows UAC ( User Access Control) ပေါ်လာမှာဖြစ်ကာ Yes Button ကိုနှိပ်ပြီး ဆက်သွား ရမှာ ဖြစ်ပါ တယ်။ ပြီးသွားရင် Diskcryptor ပေါ်ကနေ  ကိုယ်အသုံးပြုချင်တဲ့ Partition တွေကို Select ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Select ပြုလုပ်ထားတဲ့ Partition တွေကို Encrypt ပြုလုပ်ဖို့အတွက် Encrypt Button ဆိုတဲ့ ခလုတ်ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။ Encrypt ပြုလုပ်ထားတဲ့ Partition ဒါမှမဟုတ် Device တွေကိုတော့ Password နဲ့ ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။

Encrypt ပြုလုပ်တဲ့ အခါမှာလည်း လိုအပ်သလို Setting တွေကို ချိန်ညှိနိုင်စေဖို့အတွက် Encrypt Setting ကို ထည့်သွင်းပေးထားပါတယ်။ အကယ်၍ Encrypt ပြုလုပ်ထားတဲ့ Partition ကို အသုံးပြု လိုတယ်ဆိုရင် Decrypt ပြန်လည် ပြုလုပ်ပေးရမှာ ဖြစ်ပါ တယ်။ Decrypt ပြုလုပ်ဖို့အတွက် ကိုယ် ပြုလုပ်ချင်တဲ့ Device ကို Select မှတ်လိုက်ပါ။ ပြီးသွားရင် Decrypt Button ကိုနှိပ်ပြီး Decrypt ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆောဖ့်ဝဲမှာ Device တွေကို Mount ပြု လုပ်နိုင်ဖို့နဲ့ Unmount ပြန်လည်ပြုလုပ်ဖို့အတွက်လည်း စီစဉ်ဖန်တီးပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ Linux Platform ပေါ်မှာ အသုံးပြုတဲ့ TrueCrypt ဆော့ဖ်ဝဲနဲ့ ဆင်တူတဲ့ ဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး Windows Platform ပေါ်မှာ အသုံးပြုနိုင်အောင်  စီစဉ်ဖန်တီးထားတဲ့  ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။

Internet Journal

Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများ



Aung Ko Htet (MM IT Knowledge)

Operating System အားလုံးရဲ့ Password ကို ကျော်ဖြတ်နိုင်မယ့် နည်းများရှိပါတယ်။ Windows , Linux, Mac OS X တို့မှာ Password နဲ့ ကာကွယ်ထားရုံနဲ့ ဖိုင်များကို ကာကွယ်နိုင်ခြင်း မရှိပါဘူး။ ဖိုင်များကို Encrypt လုပ်ထားမှသာ စိတ်ချရတယ်ဆိုတာကို သတိပြုပါ။ ဒီနည်းလမ်းများက သင့် Operating System ရဲ့ Password ကို မေ့သွားလို့ဖြစ်ဖြစ် သင့် Operating System ကို အခြားသူများ ဖောက်ထွင်းမရအောင် ကာကွယ်ဖို့ ဖြစ်ဖြစ် အသုံးဝင်မှာပါ။

Windows
------------
Windows Password ကို Reset လုပ်နိုင်တဲ့ နည်းများစွာရှိပါတယ်။ Windows က Password Reset Disk ပြုလုပ်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒါက Official Tool ပါ။ Password မမေ့ခင် Password Reset Disk တစ်ခုပြုလုပ် ထားရမှာပါ။
Official Tool မဟုတ်တဲ့ Tools တွေများစွာ ရှိပါသေးတယ်။ ဥပမာ အနေနဲ့ Offline NT Password & Registry Editor ကို အသုံးပြုလို့ရပါတယ်။ ပထမဆုံး Offline NT Password & Registry Editor ကို Disc ဒါမှမဟုတ် USB Drive မှာ ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ Disc or USB Drive နဲ့ ကွန်ပြူတာကို Boot တက်ရပါမယ်။ အဲဒီ Tool က Windows Registry ကို ပြုပြင်ပေးပြီး Password ကို ရှင်းလင်းပေးမှာပါ။
Windows 8 ကို Microsoft Account နဲ့ အသုံးပြုရင်လည်း Administrator Accont ရဲ့ Password ကို Reset လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းလမ်းတွေကို ကာကွယ်ဖို့အတွက် သင့်ကွန်ပြူတာရဲ့ BIOS ကို Password နဲ့ ကာကွယ်ထားရမှာပါ။ ဒီလိုကာကွယ်ထားရင် External Device တွေကနေ Boot တက်လို့ မရတော့ပါဘူး။ သင့်ရဲ့ Windows System Drive ကို BitLocker လို Tool မျိုးနဲ့ Encrypt လုပ်ထားမယ်ဆိုရင် Registry ကို ပြင်လို့ မရအောင် ကာကွယ်ထားနိုင်ပါတယ်။ Encryption လုပ်ခြင်းကသာ သင့်ရဲ့ ကွန်ပြူတာကို ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းပါ။

Linux
--------
ဒီနေရာမှာတော့ Ubuntu ကို အကောင်းဆုံး ဥပမာ ပေးပါမယ်။ Ubuntu က သူ့ရဲ့ Default Grub Boot Menu မှာ Recovery Mode ကို ထည့်သွင်းပေးထားပါတယ်။ Advanced Options ကနေ Recovery Mode ကို ရွေးချယ်ရမှာပါ။ Menu ကို မတွေ့ရရင် Boot တက်ချိန်မှာ Shift Key ကို ဖိထားလိုက်ရင် Menu ပေါ်လာမှာပါ။ ဒါဆိုရင် Root Shell Prompt ကို တိုက်ရိုက်သုံးနိုင်ပြီဖြစ်ပြီး Password ကို ဖျက်ပစ်နိုင်ပါပြီ။ Grub Boot Menu ကို Lock လုပ်ထားရင် Linux Live Media ကို သုံးပြီး Password ကို ဖျက်ပစ်နိုင်ပါတယ်။
ထပ်သတိပေးချင်တာက Encryption လုပ်ထားမှသာ သင့် ကွန်ပြူတာကို အကောင်းဆုံး ကာကွယ်နိုင်တယ်ဆိုတာပါ။ ဒီနေရာမှာ Ubuntu ကို ဥပမာပေးထားပါတယ်။ Linux Distribution အားလုံးနီးပါးဟာ Grub ကို သုံးကြပါတယ်။


Mac OS X
-------------
Macs မှာ Password Reset Tool ဟာ Built-In ပါရှိပြီး အလွယ်တကူ သုံးနိုင်ပါတယ်။ Recovery Mode ထဲဝင်သုံးရမှာပါ။ ဒီလိုလုပ်ဖို့ Apple Menu ကို နှိပ်ပြီး Restart ကို ရွေးချယ်ပါ။ Boot တက်လာရင် Command + R ကို ဖိထားပါ။ ဒါဆိုရင် Recovery Mode ထဲရောက်သွားမှာဖြစ်ပါတယ်။
Recovery Mode ထဲမှ Utilities Menu ကိုနှိပ်ပါ။ Terminal ကို ရွေးပြီး resetpassword လို့ရိုက်ပါ။ အန်းတားနှိပ်ပါ။ Reset Password Utility ကိုတွေ့ရမှာ ဖြစ်ပြီး Mac ကွန်ပြူတာမှ ဘယ်လို User Account ကိုမဆို Reset လုပ်နိုင်ပါပြီ။ အဲဒီ Tool ကို Mac OS X Installation Disc ကနေလည်း သုံးနိုင်ပါသေးတယ်။
သင့် Mac ရဲ့ Password ကို Reset လုပ်ခံရခြင်းမှ ကာကွယ်ဖို့ FileVault Disk Encryption ကို Enable လုပ်နိုင်သလို Recovery Mode ထဲမှာ Firmware Password ကိုသတ်မှတ်နိုင်ပါတယ်။ နှစ်မျိုးစလုံးကို လည်း ပြုလုပ်နိုင်ပါတယ်။


Chrome OS
---------------
သင့် Chromebook ရဲ့ User Account Password ဟာ သင့်ရဲ့ Google Account Password ပါပဲ။ Web ပေါ်မှ Google Account Password ကို Reset လုပ်ရင် Chromebook ရဲ့ User Account Password ကို ပြောင်းလဲနိုင်မှာပါ။
သင့်ရဲ့ Google Password ကိုမေ့သွားလို့ Chromebook ကို Signin လုပ်လို့မရဘူးဆိုရင် ဒါမှမဟုတ် Chromebook ပိုင်ရှင်အဟောင်းရဲ့ Password ကို မသိဘူးဆိုရင်Chromebook ရဲ့ Signin Screen ကို သွားပါ။ Ctrl+Shift+Alt+R ကိုတစ်ပြိုင်နက်နှိပ်ပါ။ ဒါဆိုရင် Powerwash နဲ့ Chromebook ကို Factory Reset လုပ်ဖို့ ပေါ်လာမှာပါ။ Reset လုပ်ပြီးရင် Chromebook ကို သင့်ရဲ့ Google Account နဲ့ Login ၀င်လို့ရပါပြီ။ ဒီလိုလုပ်ရင် Chromebook ပိုင်ရှင် အဟောင်းရဲ့ ဒေတာအားလုံးကို ဖျက်ပစ်မှာဖြစ်ပေမယ့် အွန်လိုင်းမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။
Chromebook မှာ ပိုင်ရှင်ရဲ့ Password မသိဘဲနဲ့ ဖိုင်တွေကို သုံးလို့မရပါဘူး။ ဖိုင်အားလုံးကို Default အားဖြင့် Encrypt လုပ်ထားတာပါ။

Android
-------------
သင့် Android ရဲ့ Lock Screen Code ကို မေ့သွားရင် Reset လုပ်နိုင်ပါတယ်။ Password , PIN, Pattern ကို အကြိမ်အနည်းငယ် မှန်းဆထည့်ကြည့်လို့မမှန်သေးရင် “Forgot Password”, “ Forgot PIN” , “ Forgot Pattern” ဆိုတဲ့ Option များကို တွေ့ရမှာပါ။ အဲဒီ Option တစ်ခုကိုရွေးချယ်ပြီး သင့်ရဲ့ Android မှာ ချိတ်ဆက်ထားတဲ့ Google Account ရဲ့ Username, Password ကိုထည့်ပေးရင် Android ရဲ့ Lock Screen ကို ကျော်ဖြတ်နိုင်မှာပါ။
Google Account မရှိဘူးဆိုရင်လည်း Lock Screen ကို ကျော်ဖြတ်နိုင်တဲ့ နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကတော့ USB Debugging ကို Enable လုပ်ထားတဲ့ Android Device တွေမှာဆိုရင် လွယ်ကူပါတယ်။ Android ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး ADB Command များနဲ့ Lock Screen ကို ကျော်ဖြတ်နိုင်ပါတယ်။
နောက်တစ်နည်းက Android ရဲ့ Recovery Mode ထဲကနေ Factory Reset ချခြင်းဖြင့် Password ကို ကျော်ဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်ရင် Android ရဲ့ ဒေတာများကို ဖျက်ပေးမှာ ဖြစ်ပြီး စက်ရုံထုတ်အခြေအနေကို ရောက်ရှိသွားမှာပါ။ Android မှာ Recovery Mode ထဲဝင်ဖို့ နှိပ်ရတဲ့ ကီးများဟာ Device တစ်ခုနဲ့ တစ်ခုမတူညီပါဘူး။ အဲဒီအတွက် မိမိ Device အလိုက် အင်တာနက်မှာ ရှာဖွေပါ။


iOS
--------
iPhones, iPads, iPod Touch များမှာ Password ကို Reset ချလို့မရအောင် ပြုလုပ်ထားတာပါ။ Android လိုမဟုတ်ဘဲ သင့်ရဲ့ Apple ID နဲ့ Password ကို Reset ချလို့မရပါဘူး။ သင့် iOS Device ရဲ့ Password ကိုမေ့သွားရင် Factory Reset ချမှရမှာပါ။ Factory Reset ချရင် ဒေတာများကို ဖျက်ပစ်မှာ ဖြစ်ပေမယ့်လည်း သင့် Device မှ ဒေတာများကို Apple Account နဲ့ Sync လုပ်ထားရင် iCloud Bakcups ကနေ ပြန်လည်ရယူနိုင်ပါတယ်။ Factory Reset ချပြီးလို့ ဒေတာများကို ပြန်လည်ရယူနိုင်တဲ့ နောက်နည်းက Apple Device ကို ကွန်ပြူတာမှ iTunes မှာ Backup လုပ်ထားတယ်ဆိုရင် Device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး iTunes Backup ကနေ ပြန်လည်ရယူနိုင်ပါတယ်။ 
 

iDevice ကို Recovery Mode ထဲကနေ Reset ချဖို့ Device ကို ပိတ်ပြီး Home Button ကို ဖိထားပါ။ Device ကို USB Cable ကနေ ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ iTunes အလိုလို မပွင့်ရင် ဖွင့်ပါ။ iTunes က Recovery Mode ထဲရောက်နေတဲ့ Device ကို တွေ့နေတယ်လို့ အသိပေးမှာ ဖြစ်ပြီး Factory Reset ချပေးမှာ ဖြစ်ပါတယ်။

Password တွေဟာ လုံခြုံမှုမရှိဘူးဆိုတာ စာဖတ်သူသိရှိပါပြီ။ အဲဒီအတွက် အရေးကြီး ဒေတာများကို Encrypt လုပ်ထားသင့်ကြောင်း တင်ပြလိုက်ပါတယ်။

 
 
credit to pyaephyo