Powered by Blog - Widget
Showing posts with label Computor Software. Show all posts
Showing posts with label Computor Software. Show all posts

Friday, March 20, 2015

PC အတွက် Viber version အသစ် (5.0.1)



မြန်မာနိုင်ငံရဲ့ လူသုံးအများဆုံး Message တစ်ခုဖြစ်တဲ့ Viber ဟာ PC Version ပါ ထုတ်ပေးထားတာကို Viber ချစ်သူတွေအသိဆုံးဖြစ်မှာပါ။ Message အများကြီးရှိကြတဲ့ အထဲကမှ Viber က ဘာကြောင့် Popular ဖြစ်လာရသလဲဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ပြောကြားပါရစေ။ Viber ဟာ စတင် ထွက်ရှိလာကတည်းက End User (အသုံးပြုသူများ) အတွက် လွယ်ကူစေတဲ့အပြင် Sign up ပြုလုပ်ရတာလည်း လွယ်ကူစေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ Viber ကို အသုံးပြုဖို့အတွက် မိမိရဲ့ ဖုန်းနံပါတ်အလွယ်တကူ Sign Up ပြုလုပ်ရတဲ့အတွက် အလုပ်မရှုပ် ခက်ခဲမှု မရှိပဲ အသုံးပြုသူတို့ကို အကြိုက်တွေ့စေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ viber ဟာ မြန်မာနိုင်ငံမှာလည်း ရုံးခွဲတွေလာဖွင့်ပြီး မြန်မာနိုင်ငံအတွက် သီးသန့် Server တွေထားရှိပြီး Viber အသုံးပြုသူများကို အကောင်းဆုံး ၀န်ဆောင်မှုပေးနေတာကိုတွေ့ရပါတယ်။




Mobile phone များတွင် အသုံးပြုနေကြသည့် အသုံးပြုသူများအပြင် Computer မှာပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတဲ့ Viber ဟာ အခုချိန်မှာတော့ PC အတွက် Version အသစ်ထွက်ရှိလာခဲ့ပါပြီ။ Computer မှာ အသုံးပြုနှင့်ပြီးသား User များအတွက် Viber မှ Version အသစ်ထွက်တိုင် အသိပေးပါတယ်။ အခု Version အသစ်ဆိုပေမဲ့လည်း အရင်က ပုံစံတွေနဲ့ ကွာခြားမှု သိပ်မရှိခဲ့ပါဘူး။ Sticker popup ဒီဇိုင်းလေး ပြောင်းသွားတာပဲ ရှိပါတယ်။ အသစ်မှကြိုက်ကြတယ်ဆိုတဲ့ မိတ်ဆွေတို့အတွက် Viber အသစ်ကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

အောက်က link မှာ download လုပ်နိုင်ပါတယ်။

Download Here 



Please Like Our Facebook Here

Thank You !
Aung Ko Htet

Saturday, February 21, 2015

Window ရဲ့ System ကို ကာကွယ်ပေးမဲ့ Advanced SystemCare Free 8.1.0.651


Advanced System Care Free ဆိုတဲ့ Software ဟာ ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ Window System ကို အကောင်းဆုံးကာကွယ်ပေးမဲ့ Software တစ်မျိုးဖြစ်ပါတယ်။ Window System ကို ကာကွယ်ပေးရုံသာမကပဲ ပြန်လည် ပြင်ဆင်ခြင်းများ၊ သန့်ရှင်းခြင်းများ ၊ စိစစ်ခြင်းများ ၊ နောက်ဆုံး အနေနဲ့ပြောရမယ်ဆိုရင် သင့်ရဲ့ PC ကို မြန်ဆန်အောင် ပြုလုပ်ပေးနိုင်မဲ့  Software တစ်မျိုးဖြစ်ပါတယ်။ ဒီ Software ကို ကမ္ဘာအရပ်ရပ်မှာ Download အရေအတွက်ပေါင်း 150 မီလီယံ ကျော်ရရှိထားတဲ့ Software ဖြစ်ပြီး အံမခမ်းလောက်အောင်စွမ်းဆောင်မှု ပေးစွမ်းနိုင်တဲ့ PC Repair software အဖြစ် ကွန်ပျူတာ အသုံးပြုသူများက မှတ်ချက်ပေးထားတဲ့ Software တစ်မျိုးပါ။


 ဒီ Software ကို အသုံးပြုပြီး သင့်ကွန်ပျူတာကို Optmize ,  Analyze များ ပြုလုပ်ပြီးပါက ကွန်ပျူတာ အသစ်သုံးနေရသလို ခံစားရမှာဖြစ်ပြီး သင့် Window System ကို adware , spyware နှင့် viruses ရန်မှ အကောင်းဆုံးကာကွယ်ပေးနိုင်မယ်လို့ ဒီ Software ကို အသုံးပြုသူများရဲ့ မှတ်ချက်ပေးမှု အရသိရှိရပါတယ်။

Online အသုံးပြုသူများအနေဖြင့်လည်း Web Browsing မှ ပါဝင်လာတတ်တဲ့ Maleware များအားလည်း Broswer ထဲတွင် Plugin တစ်ခုအနေဖြင့် ကာကွယ်ပေးမှာဖြစ်ပြီး Browser ပိတ်လိုက်သည်နဲ့ Browser ၏ Cache အတွင်းရှိ Malicious attack များအားလည်း အလိုအလျောက် သတ်ပေးမှာဖြစ်ပါတယ်။

အခုနောက်ထပ် စွမ်းဆောင်မှု အသစ်နေဖြင့် ဒီ Software ကို အသုံးပြုရခြင်းဟာ ပေါ့ပါးသွက်လက်မှုရှိရမည်ဖြစ်ပြီး၊ သင့်ရဲ့ memory ကိုလည်း ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်အောင် စက္ကန့်ပိုင်းအတွင်းမှာတင် ပြုလုပ်ပေးနိုင်မဲ့ စွမ်းဆောင်ချက်က အသုံးပြုသူတို့အတွက် စိတ်ကျေနပ်မှု ရရှိစေမဲ့ စွမ်းဆောင်မှုပဲဖြစ်ပါတယ်။


ဒါကြောင့် Advanced System Care Software Company မှ အာမခံထားချက်အရ သင့်ရဲ့ Window မှာ ဒီ Software ကို အသုံးပြုနေသမျှကာလပတ်လုံး error ရှင်းလင်းမှုနဲ့ သွက်လက် စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနေမှာပါဖြစ်တယ်လို့ သိရပါတယ်။ ဒီ Software ဟာ Registry အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Error များကိုပါ ပြန်လည် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဆောင်ထားသင့်တဲ့ Software တစ်မျိုးလို့လည်း ဖော်ပြထားပါတယ်။

သင့်ကွန်ပျူတာကို ကာကွယ်ပေးမဲ့ Advanced SystemCare Free Features ရဲ့ Feature တွေကတော့

Basic Protection from Security Threats
Basic System Optimization
Maximum Hard Drive Performance
Auto Clean for Privacy Security Whenever You Log on
Block Malicious Attempts to Access Your Personal Data

တို့ပဲဖြစ်ပါတယ်။

အသုံးပြုလိုသူများ အောက်က link မှာ Download လုပ်နိုင်ပါတယ်။

Download Here


Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, February 4, 2015

virus ရန်က ကာကွယ်ပေးမဲ့ Norton Antivirus




သင့်ရဲ့ ကွန်ပျူတာကို နောက်ဆုံးထွက် Antiviurs Software နဲ့ ကာကွယ် ရှင်းလင်းဖို့အတွက်  Norton Antiviurs software ထွက်ရှိလာပါပြီ။ဖေဖော်ဝါရီ ၃ ရက် ၂၀၁၅ ရက်နေ့ကမှ ထွက်ရှိလာတဲ့အတွက်ကြောင့် နောက်ဆုံးထွက် Antivirus ကိုမှ ကြိုက်ကြတဲ့ မိတ်ဆွေတို့အတွက်ပါ။ Window 7 32 Bit အတွက်ရော 64 Bit အတွက်ပါ တင်ပေးထားတဲ့အတွက်ကြောင့် download လုပ်တဲ့အခါ သေသေချာချာကြည့်ပြီးမှ Download လုပ်စေချင်ပါတယ်။

အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Warcraft 3 အတွက် ထွက်ရှိလာတဲ့ မြေပုံ Ultimate Dragonball




Warcraft ကစားဖူးကြတဲ့ မိတ်ဆွေတို့အနေနဲ့ လိုအပ်မယ်လို့ထင်တဲ့ နောက်ဆုံးထွက် Map တစ်ခုကို တင်ပေးလိုက်ပါတယ်။ Warcraft ကစားဖူးကြတဲ့ သူတိုင်းကတော့ သိကြလိမ့်မယ်လို့ထင်ပါတယ်။

Warcraft ကို ကစားကြတဲ့ လူတိုင်းဟာ လူကြီးလူငယ် မရွေးကစားကြပါတယ်။ ဒီ Game မှာ Strategy နဲ့ပတ်သတ်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေအများဆုံးပါဝင်ပါတယ်။ ဒါကြောင့် ဒီ Game ကို နိုင်ငံအရပ်ရပ်က Gamer တွေကလည်း ပြိုင်ပွဲတွေ ကျင်းပပေးခဲ့ကြပါတယ်။

Warcraft 3 ဟာ မိမိရဲ့စခန်းနဲ့ပတ်သက်ပြီး နည်းဗျူဟာတွေကို အများဆုံးအသုံးချရတဲ့ Game ဖြစ်ပါတယ်။ Story တစ်ခုချင်းစီမှာ လူအများနဲ့ ချိတ်ဆက်ကစားနိုင်ပြီး ယှဉ်ပြိုင်ကစားရတဲ့ Game အမျိုးအစားပါ။ တကယ့်လူ့ဘ၀မှာ အခက်ခဲတွေနဲ့ ကြုံလာရတဲ့ အခါ ဘယ်လိုတွေ ကျော်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မသေအောင် ဘယ်လိုသွားလာနေထိုင် တိုက်ခိုက်ပြီး မိမိရဲ့ရန်သူကို ဘယ်လို အနိုင်ယူရမယ်ဆိုတဲ့ နည်းဗျူဟာ ရသတွေကို 3D Hero ဇာတ်ကောင်များနဲ့ ဖန်တီးပေးထားတဲ့ Game လေးဖြစ်ပါတယ်။

ဒါကြောင့် Warcraft 3 အတွက် ထွက်ရှိလာတဲ့ Ultimate Dragonball ဆိုတဲ့ Map ကို တင်ပေးလိုက်ပါတယ်။


အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။


Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 3, 2015

အခွေတွေ Burn ဖို့အတွက် Software အသစ် (Burn 4 Free DVD Burning Software)



လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်နေကြတဲ့ Data Burn တဲ့ Software တစ်ခုကိုပြောပါဆိုရင် Nero Burn လို့ပြောကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်က Data Burn ဖို့အတွက် Software အသစ်တစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်။ Software ရဲ့ နာမည်ကတော့ Burn4Free DVD Burning Software ပဲဖြစ်ပါတယ်။ DVD အမျိုးအစားပေါင်း ၃၀၀၀ ကျော် ၊ Blu-ray အမျိုးအစား နှင့် CD အမျိုးအစားတွေကို Burn နိုင်ပါတယ်။ အမျိုးမျိုးသော Data နှင့် Audio File Type တွေဖြစ်တဲ့ (WAV, WMA, MP3, OGG, FLAC, WavPack နှင့် CDA) အမျိုးအစားတွေကို ကူးယူနိုင်ပါတယ်။

 ISO file အနေဖြင့်လည်း Burn နိုင် ၊ သိမ်းဆည်းနိုင်တဲ့အပြင် သင့်ရဲ့ စာတမ်းပြုစုထားတဲ့ အသံဖိုင်တွေ ၊ စာသားတွေကိုပါ အခွေအဖြစ် Burn နိုင်ခြင်း ၊ Audio အသံဖိုင်တွေရဲ့ M3U နဲ့ ASX Playlists အတွင်းသို့ ထပ်မံ ထည့်သွင်း၍ နားထောင် ခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။ Driver အနေနဲ့ အားလုံးသော Layer အမျိုးအစားတွေကို ထောက်ပံ့ပေးပါတယ်။ DVD, CD-R,CD-RW, DVD-R,DVD+R,DVD-RW နဲ့ DVD-RAM , BD-R, BD-RE (SCSI,IDE,EIDE နှင့် USB 1.0 , USB 2.0 ) တို့အတွက်လည်း အထောက်ပံ့ပေးထားတဲ့အတွက် ကြောင့် Burn 4 Free Software ဟာ အကောင်းဆုံး Data ကူးယူနိုင်တဲ့ software တစ်မျိုးပဲဖြစ်ပါတယ်။

Nero Burn ကိုပဲ အသုံးပြုနေကြတဲ့ မိတ်ဆွေတို့အတွက် စမ်းသပ် အသုံးပြုလို့ ကောင်းမဲ့ Software တစ်မျိုးပဲဖြစ်ပါတယ်။

အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here



Please Like Our Facebook Here

Thank You !
Aung Ko Htet

Adobe Master Collection CS5 & CS6 Crack File သီးသန့်



Adobe Master Collection CS5 & CS6 ကို Install လုပ်ထားပြီး Activate မဖြစ်ကြသေးတဲ့ မိတ်ဆွေတို့အတွက် Crack file တွေချည်း ပဲ စုစည်းထားတဲ့ rar file ကို တင်ပေးလိုက်ပါတယ်။

Adobe Series အကုန်ပါဝင်တဲ့အတွက်ကြောင့် CS5 ရော CS6 ရော နှစ်မျိုးစလုံးအတွက် အဆင်ပြေပါလိမ့်မယ်။

Setup File ကို တော့ အရင်က တင်ထားပေးပြီးသားဖြစ်ပေမဲ့ လိုအပ်တဲ့သူတွေအတွက် အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Setup File Download Here
 

Crack File သီးသန့်ကို Download လုပ်လိုသူတွေအတွက် အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Crack File Only Download Here


Please Like Our Facebook  Here

Thank You !
Aung Ko Htet

Wednesday, January 28, 2015

Adobe Master Collection အတွက် Master Collection CS6 with Crack




Adobe Master Collection ကိုကြိုက်ကြတဲ့ မိတ်ဆွေတို့အတွက် အကောင်းဆုံး CS 6 ကို တင်ပေးလိုက်ပါတယ်။ Adobe Series အစုံကို ထည့်ပေးထားပါတယ်။ Full Version ဖြစ်အောင် crack file တွေပါ ထည့်ပေးထားပါတယ်။ Crack File ကတော့ CS 5 အတွက်ပါ ပါတဲ့အတွက် ကြောင့် CS 5 Full Version မဖြစ်တဲ့ သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

Download Here

အားလုံးအဆင်ပြေကြပါစေ..



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, January 27, 2015

ရုပ်ထွက်အကောင်းဆုံးနဲ့ အသံထွက်အကောင်းဆုံး Power DVD Ultra 14 Ultimate (Crack)



Media Software အစုံကို အသုံးပြုဖူးကြတဲ့ မိတ်ဆွေတွေကတော့ သိကြမှာပါ။ ရုပ်ထွက်အကောင်းဆုံးနဲ့ အသံထွက်အကောင်းဆုံးလို့ ကျွန်တော်သတ်မှတ်ထားတဲ့ Media Software ကတော့ Power DVD ပါပဲ။ အခု Power DVD က နောက်ဆုံး Version လေး ထွက်လာပါပြီ။ Full version ဖြစ်အောင် Crack file ပါ ထည့်ပေးထားပါတယ်။ အားလုံးပဲ အကောင်းဆုံ Media Player ကို အသုံးပြုချင်ရင်တော့ အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here

အားလုံးအဆင်ပြေကြပါစေ..


Please Like Our Facebook Here

Thank You !
Aung Ko Htet

သင့်ကွန်ပျူတာကို လျင်မြန်စွာ အသုံးပြုလိုလျှင်




ကွန်ပျူတာ အသုံးပြုသူတိုင်း Desktop  ဖြစ်ဖြစ် ၊ Laptop ဖြစ်ဖြစ် အသုံးပြုနေ ရင်းဖြင့် နှေးကွေး သွားခြင်းတွေ၊  Performance ကျခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ဒီလိုတွေကြုံလာ ရပြီးဆိုရင် စိတ်သောက ရောက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိရဲ့စိတ်ရဲ့မြန်ဆန်မှုကို မိမိအသုံးပြုနေတဲ့ ကွန်ပျူတာက မလိုက်နိုင်လို့ပဲဖြစ်ပါတယ်။

တကယ်တမ်းအသုံးပြုမယ်ဆိုရင်တော့ ဘယ်စက်ကမှ လူတစ်ယောက်ရဲ့ စိတ်အလိုကို မလိုက်နိုင်ဘူးဆိုတာကိုတော့ နားလည်စေချင်ပါတယ်။ စက်မှာလည်း သူ့ရဲ့ခံနိုင်ရည်နဲ့သူဆိုတာရှိပါတယ်။ ဒီတော့ နေ့စဉ်ရက်ဆက် ကွန်ပျူတာနဲ့မှ အလုပ်လုပ်နေကြရတဲ့ မိတ်ဆွေတို့အတွက် မိမိစက်ကို ရိုရိုသေသေနဲ့ နည်းစနစ်ကျကျကိုင်တွယ်ပြီး ကျွန်တော် ဖော်ပြပေးမဲ့ လုပ်ဆောင်ချက်အနည်းငယ်ကို လိုက်နာပြီး ဆောင်ရွက်သွားမယ်ဆိုရင် သင့်ရဲ့ စက်ဟာ အရင်ကထက် အနည်းငယ် လျင်မြန်မှုရှိလာမယ်ပါလိမ့်မယ်။

မိတ်ဆွေတို့အနေနဲ့ လုပ်ဆောင်ရမဲ့အချက်အချို့ကတော့ စက်သုံပြီးဖြစ်စေ ၊ မသုံးခင်ဖြစ်စေ C Cleaner နဲ့ အရင်ဆုံး Clean and Analyze လုပ်ပါ။ C Clenaer အသုံးပြုရခြင်းအကြောင်းကတော့ နောက်ကွယ်မှာရှိတဲ့ Program တွေနဲ့ Cache ထဲမှာ Run နေတဲ့ Program တွေကို ရှင်းပစ်စေချင်တဲ့ အတွက်ကြောင့်ပါ။

နောက်တစ်ဆင့်ကတော့ Disk - Difgrament လုပ်ပေးပါ။ ဒီလိုလုပ်ရခြင်းအကြောင်းကတော့ File တွေအစီအစဉ်တကျ ဖြစ်သွားစေဖို့ပါ။

Software များကို Download လုပ်ရန် ဒီနေရာကို နှိပ်ပါ။

အထက်ပါ  Software တွေကို အသုံးပြုပြီး Difgrament နှင့် Clean လုပ်နေချိန်မှာ မိမိရဲ့စက်မှာ ဘာမှ အသုံးမပြုတာ အကောင်းဆုံးပါ။

အားလုံးအဆင်ပြေကြပါစေ..


Please Like Our Facebook Here

Thank You !
Aung Ko Htet

Thursday, November 20, 2014

မိမိ Computer ရဲ့ System Information ကို အသေးစိတ်ဖော်ပြပေးမဲ့ Sorftware (SIV64x)



Aung Ko Htet (MM IT Knowledge)

ဒီ Software လေးက မိမိကွန်ပျူ ရဲ့ Specification ကို အသေးစိတ်ဖော်ပြပေးတဲ့ Software ဖြစ်ပါတယ်။ မိမိ Computer ရဲ့ Specification ကို အတိကျ သိရှိလိုသူတွေအနေနဲ့ ဒီ Software လေးကို Install လုပ်လိုက်တာနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။

Download လုပ်လိုသူများ အောက်က link ကနေ download လုပ်နိုင်ပါတယ်။

Download Link 1

Download Link 2

Please visit my facebook fan page.

www.facebook.com/mmitknowledge

Aung Ko Htet

Sunday, August 3, 2014

Myanmar - English - Myanmar Dictionary for PC




ဒီကောင်လေးကို အသုံးပြုမယ်ဆိုရင် ဒေါင်းလို့ ရလာတဲ့  ဖိုင်လေးထဲမှာ Ayar Font လေးပါပါတယ် အဲ့ကောင်ေးကို install အရင်လုပ်လိုက်ပါ
ပြီးရင် AyarDictionary လို့ ရေးထာတဲ့ ကောင်လေးကို Double Click နှိပ်၍ အသုံးပြုလို့ ရပါပြီ
Download Here>>>>>   Link 1   /   Link 2   /   Link 3






အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................



Aung Ko Htet (MM IT Knowledge)

Folder Highlight For PC

အားလုံးပဲ မင်္ဂလာပါခင်ဗျာ...........................................
ဒါလေးကတော့ PC ပေါ် မှာ Folder လေးတွေကို
အရောင်တွေနဲ့ထားချင်တဲ့ ဘော်ဘော်တွေများအတွက်
အဆင်ပြေစေမယ့် Folder Highlight လေးပါ
အသုံးပြုရတာ အရမ်းလွယ်ကူပါတယ်
Install လုပ်ပြီးတာနဲ့  Right Click Box
ထဲကို တန်းဝင်ပါတယ်






Download; (6.01) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)