Powered by Blog - Widget
Showing posts with label Application. Show all posts
Showing posts with label Application. Show all posts

Tuesday, April 7, 2015

Viber တွင် သင်္ကြန်ကျမယ်..





အားလုံးရဲ့ လက်ထဲမှာ ဖုန်းတစ်လုံးစီတော့ ကိုယ်စီရှိနေကြမှာပဲနော်။ ဖုန်းရှိပြီးဆိုတာနဲ့ ဖုန်းဆိုင်တွေလည်း Application တွေ Install လုပ်ပေးပြီးဆိုရှင် မဖြစ်မနေ Messenger Application လေးတစ်ခုကိုတော့ ထည့်သွင်းပေးလေ့ရှိကြပါတယ်။ User တွေကလည်း ဒီ messenger application လေးကိုလည်း သတိထားပြီးတော့ကို install လုပ်ခိုင်းလေ့ရှိကြပါတယ်။ အဲ့ဒီ messenger applications ကတော့ Viber ပါပဲ။

မကြာခင်မှာ ကျရောက်တော့မဲ့ သင်္ကြန်အချိန်အခါမှာ Viber အသုံးပြုသူတို့ တစ်ယောက်နဲ့ တစ်ယာက်အပြန်အလှန် အွန်လိုင်းပေါ်မှာ သင်္ကြန်ကျနိုင်အောင် Viber က သင်္ကြန် Sticker လန်းလန်းလေးတွေကို Free ပေးလိုက်ပါပြီ။ ဒီ Sticker လေးတွေကို Viber ရဲ့ Sticker market ကနေ Free ရယူနိုင်ပါတယ်။ အခုပဲ viber ရဲ့ sticker market ကနေ Thingyan Sticker လေးတွေကို Free ရယူပြီး Online မှာ သင်္ကြန်ကျ ကြရအောင်နော်..

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ကြပါစေ..

Written By Aung Ko Htet

#akh_redlinkcommunications

RedLink Communications


Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 13, 2015

English စာ dictionary အတွက် Oxford Advance Learner's Dictionary APK (Mobile)



အင်္ဂလိပ်စာလေ့လာနေကြတဲ့ မိတ်ဆွေတို့အတွက် Dictionary အမျိုးမျိုးကို အသုံးပြုကြပါတယ်။ Dictionary တွေအမျိုးမျိုးရှိကြတဲ့အထဲကမှ ကျွန်တော်ကတော့ Oxford Advance Learner's Dictionary ကို ဆောင်ထားစေချင်ပါတယ်။ ဒီ Dictionary က အဓိပ္ပါယ်အစုံကို ဖော်ပြပေးထားတဲ့ အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေစေမယ်လို့ထင်ပါတယ်။ အသံထွက်ပါ ပါတဲ့အတွက်ကြောင့် ကိုယ်မသိတဲ့ စကားလုံးတစ်လုံးကို အသံထွက်ပါနားလည်အောင်ဖော်ပြပေးနိုင်တဲ့ Application လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးဆောင်ထားသင့်တဲ့ Dictionary လို့ ပြောနိုင်ပါတယ်။

ဒီ Application ကို APK File ချည်းပဲ သီးသန့် Download လုပ်လို့ အဆင်မပြေပါဘူး။ သူ့မှာ Data File တွေပါပါသေးတယ်။ ဒီ Data File တွေနဲ့ ပေါင်းစပ် အသုံးပြုမှသာလျှင် မိမိရဲ့ ဖုန်းမှာ အကောင်းဆုံးအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Installation ပုံစံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Installation ပြုလုပ်ပုံ
----------------------

အောက်မှာပေးထားတဲ့ Download File (rar file) ကို Download လုပ်လိုက်ပါ။

ပြီးရင် Extract ဖြည်ချလိုက်ပါတယ်။ အထဲမှာ APK File နဲ့ Data File နှစ် File ပါဝင်ပါတယ်။

ပထမဦးဆုံး APK File လေးကို ဖုန်းထဲကို အရင် Install လုပ်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ File Manager ထဲကို ၀င်ပြီး Oxford ဆိုတဲ့ Folder လေးကိုရှာလိုက်ပါ။

အဲ့ဒီ Oxford ဆိုတဲ့ Folder ကို တွေ့ပြီဆိုရင်တော့ Rar File မှာ ဖြည်ချတုန်းက တွေ့ရတဲ့ Data File နှစ် File ကို Oxford Folder အောက်ထဲမှာ ကူးထည့်လိုက်ပါ။ (ဒီလိုမှသာ သင့်ရဲ့ Dictionary က ကောင်းမွန်စွာ အလုပ်လုပ်မှာ မို့လို့ပါ။)

ဒီအချက်တွေအတိုင်းပြုလုပ်ပြီးသွားရင်တော့ သင့်ရဲ့ Oxford Learner Dictionary ကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါပြီ။


Rar File ကို အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here 


Please Like Our Facebook Here

Thank You !
Aung Ko Htet

Sunday, September 21, 2014

Min OKe Kar(ဘီလူးကျွန်းသားလေး)

အားလုံးပဲ မင်္ဂလာပါခင်ဗျာ..............
ကျွန်တော်လည်း ပို့စ်တွေမတင်ရတာ
နည်းနည်းကြာသွားပြီိဗျာ......
ရွာရောက်နေလို့ လိုင်းမကောင်းတာနဲ့
မတင်ဖြစ်တာပါ  အခုလည်း အင်တာနက်ဆိုင်
ရောက်တုန်း တင်ဖြစ်တာပါဗျ.....
စာမေးပွဲဖြေပြီးရင်တော့ ကျွန်တော်လည်း
post တွေ ပုံမှန်ပြန်တင်ဖြစ်မှာပါဗျ.
ကျွန်တော်တင်သမျှ post တွေကို offline
reader အနေနဲ့ ဖတ်ချင်ပါက အောက်မှာ
apk ကိုဒေါင်းဖို့ လင့်ပေးထားပါတယ်ခင်ဗျာ..



 http://www53.zippyshare.com/v/42604296/file.html

 http://www.solidfiles.com/d/3375eb0e08




အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


ကျွန်တော့်တို့ တင်သမျှပို့စ်နဲ့ ဆွေးနွေးဝေဖန်အကြံပြုလိုသူများရှိရင် Facebook မှာ Group ထောင်ထားပါတယ်ခင်ဗျာ..........
Group Name  >>> Min Oke Kar(ဘီလူးကျွန်းသားလေး)
 https://www.facebook.com/groups/820150101390744/

Thursday, September 18, 2014

Phrasebook for Travel in Japan



Aung Ko Htet (MM IT Knowledge)

ဂျပန်ဘာသာကို လေ့လာနေသူများအတွက် အသုံးဝင်မည့် App တစ်ခုဖြစ်ပြီး iPhone, iPad တို့ ပေါ်မှ အသုံးပြုနိုင်မည် ဖြစ်သည်။ Learn Japanese App တွင် ဂျပန်စာ စကားလုံးတွဲ လုံးများကို ဖော်ပြပေး ထားမည် ဖြစ်ပြီး အများနှင့် သက်ဆိုင်သည့် စကားလုံးတွဲပေါင်း ၄၀၀ ကျော် ကို ဖော်ပြပေး ထားသည်။ အဆိုပါ App တွင် Category ပေါင်းများစွာပါဝင်မည်ဖြစ်ပြီး ၊ Pro Version တွင် Category များ ထပ်တိုးလာမည့်အပြင် စကားလုံးများစွာလည်း ထပ်တိုးလာမည်ဖြစ်သည်။

App ကို version နှစ်မျိုးဖြင့် ထုတ်လုပ်ဖြန့်ချိပေးထားပြီး Free Version နှင့် Pro Version ဟူ၍ ခွဲခြားထားသည်။ Pro Version ကို အခကြေးငွေပေးသွင်း၍ အသုံးပြုမည်ဆိုပါက ကန်ဒေါ်လာ ၄.၉၉ ပေးသွင်း၍ အသုံးပြုရမည် ဖြစ်သည်။


အခမဲ့ရယူလိုသူများအတွက် ====> https://itunes.apple.com/us/app/learn-japanese-phrasebook/id447047877?mt=8




MYOTee Application



Aung Ko Htet (MM IT Knowledge)

MYOTee ဆိုသည့် App သည့် စိတ်ဝင်စားဖွယ်ကောင်းသည့် Photo App တစ်ခု ဖြစ်သည်။ မိမိဘာသာ ရုပ်ပုံတွေ မဆွဲတတ်သူများအတွက် မိမိနှင့် လိုက်ဖက်အဆင်ပြေစေမည့် ရုပ်ပုံကို ဖန်တီးပြီး ပြုလုပ်နိုင်မည်
ဖြစ်သည်။ မျက်နှာအနေအထား၊ ဆံပင်ပုံစံ၊ ဆံပင်အရောင်၊ မျက်ခုံးမွှေး၊ မျက်လုံးပုံစံ အစရှိတာများအား မိမိပုံစံနှင့်ဆင်သည့် အပိုင်းများကို ရွေးချယ်ပြီး အသုံးပြုရမည် ဖြစ်သည်။

ဒါ့အပြင် အဝတ်အစားများ၊ ဦးထုပ်များ၊ မျက်မှန်များကိုလည်း ရွေးချယ်ပြီး ထည့်သွင်းအသုံးပြုနိုင် မှာဖြစ်သည်။ Bubble ကို စာလုံးရေ ၁၅ လုံးထက်မပိုဘဲ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ App ကို အခမဲ့ရယူ အသုံးပြုနိုင်မည်ဖြစ်ပြီး Market Place ကနေ Download ပြုလုပ်နိုင်မည် ဖြစ်သည်။

အခမဲ့ရယူလိုသူများအတွက် ====> ဒီနေရာကို နှိပ်ပြီး download လုပ်နိုင်ပါတယ်

Monday, September 15, 2014

Chrome OS တွင် အသုံးပြုနိုင်မည့် Android app လေးခု ထွက်ပေါ်လာ



Aung Ko Htet (MM IT Knowledge)

Chrome OS ပေါ်တွင် mouse, keyboard တို့ဖြင့် အသုံးပြုနိုင်မည့် Android app လေးခုထွက်ပေါ် လာခဲ့သည်။ အဆိုပါ Android app လေးခုမှာ Vine, Evernote, Duolingo နှင့် Sight Words တို့ဖြစ်သည်။ Duolingo သည် ဘာသာစကား သင်ကြားပေးမည့် app ဖြစ်ပြီး Sight Words ကမူ ကလေးငယ်များကို စာသင်ကြားနိုင်မည့် app ဖြစ်သည်။ အဆိုပါ app လေးခုကို Chrome Web Store  မှတစ်ဆင့်ရယူ အသုံးပြုနိုင်သည်။

Chrome OS ပေါ်တွင် Android app များ အသုံးပြုနိုင်မည့် အထက်ပါ ခြေလှမ်းသစ်နှင့် ပတ်သက်၍ Chrome နှင့် Android အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက ဇွန်လတွင်ထုတ်ဖော် ပြောကြားခဲ့သည်။ နောက်လာမည့်လအနည်း ငယ်အတွင်း Chrome OS ပေါ်တွင်သုံးနိုင်မည့် app များကိုထပ်မံ ဖြန့်ချိသွားမည်ဖြစ်ပြီး ကနဦးဖြန့်ချိမည့် app များနှင့် ပတ်သက်၍ အကြံပြုချက်များ ရယူနေကြောင်း Google မှပြောကြားခဲ့သည်။

Android  app  များကို  Google ပေါ်တွင် အသုံးပြုနိုင်မည့် သတင်းများသည် ဈေးသက်သာသည့် laptop ဈေးကွက်ရှိ Chromebook များနှင့် လက်ရှိ Chromebook သုံးစွဲသူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပြီး မကြာမီကာလအတွင်း Chromebook ကို app အများအပြားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

-နောင်နောင်

Ref: TheVerge

Wednesday, September 10, 2014

Widgets များကို လွယ်ကူလျှင်မြန်စွာ အသုံးပြုလို့ရစေမယ့် Flippr




Aung Ko Htet (MM IT Knowledge)
 
Widgets များဟာ App ကိုဖွင့်စရာမလိုဘဲ သတင်းအချက်အလက်များကို ကြည့်ရှုနိုင်၊ တုန့်ပြန်နိုင်တဲ့အတွက် အသုံးဝင်ကြပါတယ်။ ဒါပေမယ့် App တစ်ခုကို သုံးနေရင်းကနေ Widgets ကို သုံးချင်ရင် ဒါမှမဟုတ် ဘယ် စကရင်ကို ရောက်နေသည်ဖြစ်စေ Widgets များကို သုံးချင်ရင် Home Button ကိုနှိပ်၊ Widget ကိုလိုက်ရှာ သုံးရပါတယ်။ Flippr ဆိုတဲ့ Android App က ဖုန်းမျက်နှာပြင်မှာ Floating Icon အသေးလေးကို ပြပေးမှာ ဖြစ်ပြီး အိုင်ကွန်ကို နှိပ်ခြင်းဖြင့် Widget များကို လွယ်ကူလျှင်မြန်စွာ အသုံးပြုလို့ရစေမှာ ဖြစ်ပါတယ်။ အခြား App တစ်ခုကို သုံးနေရင်းကနေ Widget များကို လွယ်ကူစွာ သုံးနိုင်မှာ ဖြစ်သလို Widget ကိုပိတ်ပြီး သုံးလက်စ App ကိုဆက်လက်သုံးနိုင်မှာ ဖြစ်ပါတယ်။
Flippr က Widgets များကို Group များစွာနဲ့ ခွဲခြားပေးနိုင်ပါတယ်။ App ကိုဖွင့်ပြီးရင် ပထမဆုံး အနေနဲ့ Group တစ်ခုပြုလုပ်ရမှာပါ။ ညာဘက် အပေါ်ထောင့်က Plus Button ကိုနှိပ်ပြီး Group နာမည်ပေးပါ။ Ok နှိပ်ပါ။ Widgets အမျိုးအစားအပေါ်မူတည်ပြီး Group နာမည်ပေးရမှာ ဖြစ်ပါတယ်။ နာမည်ပေးပြီးရင် ညာဘက်မှ စက်သွားပုံကိုနှိပ်ရင် သင့်ဖုန်းမှာ ရှိတဲ့ Widget အားလုံးကို ပြပေးမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ Widget များကို ရွေးချယ်နိုင်ပါတယ်။ ပြီးရင် အပေါ်က Play Button ကိုနှိပ်ပါ။


ဒါဆိုရင် Notification Bar မှာ Flippr အလုပ်လုပ်နေပြီ ဖြစ်ကြောင်း Notification တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ Notification ကနေ Stop Flippr ကိုနှိပ်ပြီး Flippr အလုပ်လုပ်နေတာကို ပိတ်နိုင်ပါတယ်။ Flippr အလုပ်လုပ်နေရင် ဖုန်းမျက်နှာပြင်ရဲ့ ဘယ်ဘယ်မှာ အပြောရောင် စက်ဝိုင်းခြမ်းကို တွေ့မြင်ရမှာပါ။ အဲဒါကို တစ်ချက်ထိပြီး ညာဘက်ကို ပွတ်ဆွဲလိုက်ရင် သင်ပြုလုပ်ထားတဲ့ Widget အုပ်စုများကို တွေ့မြင် အသုံးပြုနိုင်ပါပြီ။

App ရဲ့ Preference ထဲမှာ Boot တက်ချိန်မှာ Flippr ကို Run စေချင်ရင် Enable flippr on boot မှာ အမှန်ခြစ်ပေးပါ။ Flippr အလုပ်လုပ်နေစဉ်မှာ Notification Bar မှာ အချက်ပြနေစေချင်ရင် Ongoing notification မှာ အမှန်ခြစ်ပေးပါ။ Widgets များဟာ သင့်ဖုန်းရဲ့ မျက်နှာပြင်နဲ့ အံဝင်ခွင်ကျမရှိရင် Rows နဲ့ Column အရေအတွက်များကို ပြင်ဆင် သတ်မှတ်နိုင်ပါတယ်။ Floating Bubble ရဲ့ နေရာကို Marker position မှာ ပြောင်းရွှေ့နိုင်ပါတယ်။ Marker side မှာတော့ Default အားဖြင့် ဘယ်ဘက်မှာ ပြသပေးတဲ့ Floating Bubble ကို ညာဘက်ပြောင်းနိုင်ပါတယ်။ Marker size နဲ့ Transparency မှာ အရွယ်အစားနဲ့ ဖောက်ထွင်းမြင်ရမှုကို ချိန်ညှိနိုင်ပါတယ်။


Flippr ကို Android 4.0.3 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။ Flippr က သင့်ဖုန်းထုတ်လုပ်သူက နဂိုထည့်သွင်းပေးလိုက်တဲ့ Widget များနဲ့ အလုပ်မလုပ်ပါဘူး။ 




အောက်က link ကို နှိပ်ပြီး download ရယူနိုင်ပါပြီ..


http://goo.gl/AigWl3


credit to MDL

ဖိုင်အမျိုးအစားအားလုံးကို ဖွက်ထားပေးမယ့် Andrognito (No Root)



Aung Ko Htet (MM IT Knowledge)
 
သင့်ရဲ့ ဖုန်းမှာ သူများ မမြင်စေချင်တဲ့ ဖိုင်များ၊ ဓါတ်ပုံများနဲ့ ဗီဒီယိုများသာမက App များကိုပါ ဖွက်ထားချင်ရင် Andrognito ဆိုတဲ့ Android App အသစ်ကို အသုံးပြုနိုင်ပါတယ်။ App ရဲ့ ထူးခြားချက်က Flat UI ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ App ကို အသုံးပြုဖို့ ဖုန်းကို Root လုပ်ထားစရာမလိုတဲ့ အချက်က သူလို App များထက် အားသာချက်ပါ။
App ကို ပထမဆုံး အနေနဲ့ ဖွင့်ရင် သင့်နာမည်နဲ့ ဂဏန်းလေးလုံး ပါတဲ့ PIN Number ကို သတ်မှတ်ပေးရမှာပါ။ PIN Number ကို သေချာမှတ်ထားပါ။ PIN Number ကို ရိုက်ထည့်မှသာ သင်ဖွက်ထားတဲ့ ဖိုင်များကို ပြန်လည် ရယူနိုင်မှာပါ။ ပြီးရင် Register ကိုနှိပ်ပါ။
ဖိုင်များကို ဖွက်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှ အပေါင်း ခလုတ်ကိုနှိပ်ပါ။ အဲဒီနောက်မှာ App ရဲ့ File Browser ပေါ်လာမှာ ဖြစ်ပြီး သင့်ဖုန်းမှ ဖိုင်၊ ဖိုဒါများကို ပြသပေးမှာ ဖြစ်ပါတယ်။ ဖွက်ချင်တဲ့ ဖိုင်များကို တစ်ပြိုင်နက်ရွေးချယ်နိုင်ပါတယ်။
ဘယ်ဘက်အပေါ်ထောင့်မှ App Icon ကိုနှိပ်ရင် ဘယ်ဘက်မှ Side Bar တစ်ခုပေါ်လာမှာ ဖြစ်ပြီး Audio, img, pdf, vid, zip စသဖြင့် ကဏ္ဍများအလိုက် ဖွက်ထားတဲ့ ဖိုင်များကို သိမ်းပေးထားတဲ့အတွက် ရှာဖွေရလွယ်ကူပါတယ်။ All Files မှာတော့ ဖွက်ထားတဲ့ဖိုင်အားလုံးကို တွေ့နိုင်ပါတယ်။


ဖိုင်တစ်ခုကို Unhide လုပ်ဖို့အတွက် ဖိုင်ကို ရွေးချယ်ပြီး သော့ခလောက်ပွင့်နေတဲ့ ပုံကို နှိပ်ပေးရမှာပါ။ ကြယ်ပုံခလုတ်က အရေးကြီးဖိုင်များကို Favorite မှာ မှတ်ထားပေးတာ ဖြစ်ပါတယ်။ PIN Number မေ့သွားရင် သင့်ဖိုင်များကို ပြန်လည်ရရှိနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက Security Question သတ်မှတ်ထားတာ ဖြစ်ပါတယ်။ Register လုပ်ပြီးတာနဲ့ မေးခွန်းကို သတ်မှတ်ပေးသင့်ပါတယ်။ Security Question ကို သတ်မှတ်ဖို့ Settings ထဲသွားပါ။
Stealth Mode ကို Enable လုပ်ရင် PIN နောက်တစ်ခု ပြုလုပ်ရမှာပါ။ သင့်သူငယ်ချင်းက App ရဲ့ PIN ကို တောင်းဆိုခဲ့ရင် Stealth Mode ရဲ့ PIN ကို ပေးရမှာဖြစ်ပါတယ်။ သူငယ်ချင်းက PIN နဲ့ ဖွင့်ကြည့်ရင် ဖိုင်အတုများကိုသာ တွေ့မြင်စေဖို့ လှည့်စားထားတာဖြစ်ပါတယ်။

အချုပ်အားဖြင့် App ရဲ့ ဒီဇိုင်းက ခေတ်ပေါ် Modern UI ဖြစ်ပြီး ဖုန်းကို Root လုပ်စရာမလိုတာက ထူးခြားချက်ပါ။ ဖိုင်အမျိုးအစားအားလုံးကို ဖွက်နိုင်တဲ့အတွက် ကောင်းမွန်ပြည့်စုံပါတယ်။ Andrognito ကို Android 4.0 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။


အောက်က Link ကို နှိပ်ပြီး ဒေါင်း လုပ်ရယူနိုင်ပါတယ်။ 

http://goo.gl/CEZQeR


credti to MDL

Sunday, August 3, 2014

အိမ်မှုရေးရာ အဖြာဖြာ (repost).apk


အားလုံးပဲ မင်္ဂလာပါခင်ဗျာ..............................
အရင်က ဒီဆော့ဝဲလေးကို တင်ဖူးပါတယ်
ဒေါင်းမရဘူး မရဘူးနဲ့ လာလာပြောနေလို့
ပြန်တင်ပေးလိုက်ပါတယ် ဒီတစ်ခါ တော့
ကိုယ်တိုင်လည်း စမ်းပီးမှ တင်ပေးတယ်
တင်ပြီးတော့ လည်း ပြန်ဒေါင်းပီးစမ်းတယ်
အားလုံးရပါတယ် ok ပါတယ် ၊
သားကို အားပေးနေတဲ့ ညီအကို မောင်နှမ
များကို အကြံနည်းနည်းနပေးချင်တယ်ဗျာ
ကိုယ် ဘယ် ak ကိုပဲ ဖြစ်ဖြစ် ဒေါင်းမရဘူး
ဆိုရင် တင်ပေးတဲ့ လူကိုပဲ အပြစ်မမြင်ပါနဲ့
ကိုယ်တိုင်လည်း ကလိကြည့်ပါ ဒီ Broswer
နဲ့ အဆင်မပြေဘူးဆိုရင် Broswer ပြောင်း
ပီး စမ်းကြည်းပါ  ၊ မရဘူးဆိုရင် လိုင်းမကောင်း
လို့လားပြန်ကြည့်ပါ Broswer မကောင်းရင်လည်း
ဆိုဒ်ကို ၀င်ဒေါင်းလို့ မရပါဘူး......
အကြံပေးတာပါ .... တစ်မျိုးမထင်ပါနဲ့
ကဲအောက်မှာ ဒေါင်းလုပ်လင့် (3)ခုပေးထား
တယ် ဒေါင်းလိုက်ပါအုံး ...





Download; (3.33) MB





အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


Aung Ko Htet (MM IT Knowledge)

Friday, July 18, 2014

Video To MP3 Coverter

အားလုံးပဲ မင်္ဂလာပါခင်ဗျာ .....................
ဖုန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ Video to Mp3 ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။အလွယ်ကူဆုံး Format ပြုလုပ်လို့ရပါတယ် Feature လည်း သိပ်များများမပါတဲ့အတွက် အလုပ်လုပ်တာ မြန်ပါတယ်    အောက်မှာ ဒေါင်းလိုက်ပါနော်



 
 
Download : (4.89)MB
Solidfiles
Zippyshare
Speedshare

   

အဆင်ပြေပါစေ ....

Min oke kar (ဘီလူးကျွန်းသားလေး) 
 
သားတို့ဘီလူးကျွန်းသားတွေရဲ့ FB Group ကိုလည်း အလည်လာခဲ့ပါလို့ ဖိတ်ခေါ်လိုက်ပါရစေ
 ကျွန်းသားတွေကို ပိုပြီး ဖိတ်ခေါ်ချင်ပါတယ် ။ Member ၀င်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။

ပင်လယ်ပြာနှင့်ဘီလူးကျွန်း


Download အဆင်မပြေရင် ပြောပါ
အဆင်ပြေအောင် အတတ်နိုင်ဆုံးကြိုးစားပေးသွားပါ့မယ်


Aung Ko Htet (MM IT Knowledge)


 

Wednesday, May 14, 2014

ဖုန်းနံပါတ်မလိုပဲ Facebook ကို 100% အလွယ်ဖွင့်နည်း

Aung Ko Htet (MM IT Knowledge)



ဒီနည်းလေးကတော့ Android ဖုန်းတစ်လုံးရှိရုံနဲ့ အကောင့်လွယ်လွယ်ဖွင့်လို့ ရပါတယ်၊ တကယ်လည်း ဖုန်းနံပါတ်မတောင်းပါဘူး။တစ်ဆင့်ချင်းရှင်းပြပါမယ်။စိတ်ရှည်ဖို့ တော့လိုမယ်နော်။

လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

Direct Download l Dropbox

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော်

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။




၃။First Name…….စတာတွေဖြည့်ပေးလိုက်ပါ။New E-Mail မှာ ကိုယ်လိုချင်တဲ့လိပ်စာထည့်ပါ။ @mail.ru ကိုနှိပ်လိုက်ပါ။ အဲ့ထဲက ကိုယ်မှတ်လို့ ကောင်းတဲ့ နာမည်ရွေးလို့ ရပါတယ်။ကျွန်တော်ကတော့ @mail.ru ကိုပဲယူလိုက်ပါပီ။ ( အောက်နားလေးက I agree ဘာညာဘာညာဆိုကို အမှန်ခြစ်ပေးလိုက်ပါ)။ ပီးရင်

Next ကိုနှိပ်ပါ။



၎။နောက်တစ်ဆင့်မှာ Ph no တောင်းပါလိမ့်မယ်။ကျွန်တော်တို့ က ဖုန်းနံပါတ်ကို မထည့်ဘူးဆိုတဲ့အတွက်
“I don’t have cell phone” ကိုရွေးပါမယ်။



၅။ပီးရင် Security Question ကိုထည့်ခိုင်းပါလိမ့်မယ်။အဆင်ပြေရာထည့်ပါ။မှတ်တော့မှတ်ထားဦးနော်။
သူ့ ပုံမှာပေးထားတဲ့ code လေးကိုမှန်အောင်ရိုက်ပေးလိုက်ပါ။ပီးရင် DONE ကိုနှိပ်ပါ။


 
၆။ဒါဆိုရင် mail အသစ်လုပ်တာပီးပါပီ။Facebook မဖွင့်ခင် အခုဖွင့်ထားတဲ့ mail အကောင့်ကို ပြန်ဝင် ထားပါ။



၇။နောက်တစ်ဆင့်ကတော့ Facebook အကောင့်ဖွင့်ဖို့ ပဲကျန်တော့တယ်။ကဲ…….Facebook app ထဲဝင် လိုက်ပါ။ အသစ်လုပ်မှာဖြစ်တဲ့အတွက် Sign Up ကိုရွေးပါ။



၈။နာမည်ထည့်ခိုင်းပါလိမ့်မယ်။ ကိုယ်သုံးချင်တဲ့ နာမည်ထည့်ပေးလိုက်ပါ။ ပီးရင် Continue ပေါ့။



၉။Password ပေးလိုက်ပါ။

၁၀။ပီးရင် Profile ပုံတို့ ၊ကျောင်းတို့ ၊နေရပ်လိပ်စာတို့ ထည့်ပေးလိုက်ပါ။

၁၁။ဒီလိုအ၀ိုင်းလေးလည် ပီးလို့ ကိုယ့်ဖေ့ဘွတ်လေး ပွင့်သွားရင်တော့ FB အကောင့်လုပ်တာ 80% လောက်တော့ပီးပါပီ။



၁၂။ပီးရင် Mail ထဲကို FB က Code ပို့ ထားပါလိမ့်မယ်။ အဲ့ထဲဝင်လိုက်ပါ။ Confirm Your Account ကိုနှိပ်ပါ။ ပီးရင် Facebook app ကိုရွေးပေးလိုက်ပါ။ဒါဆို account confirm လုပ်တာ ပီးသွားပီဖြစ်တဲ့ အတွက် Facebook Account ကိုဖုန်းနံပါတ်မလိုပဲ ၁၀၀% ဖွင့်တာပီးဆုံးသွားပါပီ။ အခုကျွန်တော် သုံးနေတဲ့ထိတော့ ဘာဖုန်းနံပါတ်မှ မတောင်းသေးပါဘူး။ စိတ်ချတာဖွင့်ပါ။ အဆင်ပြေပါစေ။  
 
Credit : Mr.Fone Telecom Center

Sunday, May 4, 2014

ကွန်ပျူတာ သန့်ရှင်းရေးသမား (သို့မဟုတ်) Cleaner ဆိုတာ



Aung Ko Htet (MM IT Knowledge)        
 Cleaner ဆိုတာ cookie, history, temp file , .dll, .ini, .ifo, .db အစရှိသမျှ file တွေ၊  မသုံးတဲ့ shortcut ဖိုင်တွေ၊ ပရိုဂရမ်၊ font ၊ uninstalled program နဲ့ system information တွေကို ကွန်ပျုတာထဲမှာ မလိုအပ်ဘဲ ရှိမနေအောင် ရှင်းပေးတဲ့ program တစ်ခုပါ..

အင်တာနက်အသုံးပြုမှုများလာတာနဲ့အမျှ သင့်ကွန်ပျူတာထဲကို မလိုအပ်တဲ့ file တွေ၊ cookie တွေ၊ history တွေဝင်ရောက် ခိုအောင်းလာပါတယ်.. ဒီ cookie တွေ history တွေက အသုံးဝင်လားဆိုတော့ အသုံးဝင်ပေမယ့် မရှိလည်း ဘာမှ မဖြစ်ပါဘူး. သင်သွားသမျှ web site လိပ်စာတွေ.. profile အချက်အလက်တွေ၊ user name နဲ့ password တွေ၊ သင်ရိုက်သမျှတွေ မှတ်တမ်းတင်ပေးထားပါတယ်.. ဒီလို မှတ်တမ်းတင်ပေးခြင်းအားဖြင့် နောက်တစ်ကြိမ် ဒီဆိုက်တွေထဲ ပြန်ဝင်တဲ့အခါ သင့်အနေနဲ့ key လေး တစ်လုံး ရိုက်ရုံနဲ့ လွယ်ကူလျင်မြန်စွာ ၀င်ရောက်နိုင်စေပါတယ်..

            မကောင်းတာကတော့ hacker တွေအတွက် သွားရည်ကျစရာ မုန့်တွေပါပဲ.. cookie တွေ history တွေကို သယ်မ, သွားပြီး သူတို့ စက်ထဲထည့်ဖွင့်လိုက်ရင် သင်သုံးနေသလိုမျိုး သင့် profile ကအစ သူတို့ဆီမှာ ပေါ်ပါတယ်..ဒီတော့ သင်ဝင်သမျှ သုံးသမျှကို အလွယ်တကူ  ၀င်လို့ သုံးလို့ရပြီပေါ့..  ပြီးတော့လည်း များပြားလာတဲ့ cookie တွေ history ဖိုင်တွေဟာလည်း ကွန်ပျူတာထဲမှာ အမှိုက်ပုံတစ်ခုလို ပွစာကြဲပြီး virus တို့ ဘာတို့ ပါ ခိုအောင်းလာနိုင်ပါတယ်.. ကွန်ပျူတာကိုလည်း ပိုမို လေးကန် နှေးကွေးလာစေပါတယ်.. ကွန်ပျူတာထဲမှာ program တွေ တင်လိုက် ဖြုတ်လိုက် ဖွင့်လိုက် ပိတ်လိုက်လုပ်တိုင်း ယာယီဖိုင် temporary file တွေ နဲ့ setting တွေ၊ log file တွေကိုမှတ်တမ်းတင် သိမ်းဆည်းထားလေ့ ရှိပါတယ်.. ဒါတွေ များလာတဲ့အခါ ကွန်ပျူတာစွမ်းဆောင်ရည်ကို ထိခိုက်လာစေပါတယ်.. 

              ဒါတွေကို ကိုယ်တိုင် ရှင်းဖို့ဆိုတာ ကျွမ်းကျင်သူအတွက် တော့ ဘာမှ မဟုတ်ပေမယ့် သာမန် user များအတွက်တော့ cleaner ကို မသုံးမဖြစ် သုံးလာရပါတယ်.. cleaner  တွေ ကလည်း အမျိုးအမည်စုံအောင် များပြားလှပါတယ်.. ညံ့ဖျင်းစွာရေးထားတဲ့ cleaner တွေ၊ fake cleaner တွေကို သုံးမိရင်ဖြစ်ဖြစ်၊ ကိုယ် မသုံးတတ်တဲ့ cleaner တွေကို သုံးမိရင်ဖြစ်ဖြစ် ပရိုဂရမ်တွေကို ထိခိုက်စေရုံမက Windows ကိုပါ ရပ်သွားစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်.. 
အထူးသဖြင့် cleaner တိုင်းမှာပါတဲ့ Registry cleaner ကတော့ အန္တရာယ်အများဆုံးပါပဲ.. Registry ဆိုတာ တစ်ချက်လေးတောင် အမှားမခံပါဘူး။ ဖြစ်နိုင်ရင် Registry cleaner ကို မသုံးတာကောင်းပါတယ်..  မသုံးမဖြစ် သုံးတော့မယ်ဆိုရင်လည်း Registry ကို ဦးစွာ backup လုပ်ထားသင့်ပါတယ်.. cleaner  မသုံးဘဲ ရှင်းနိုင်တဲ့ နည်းတွေ ရှိပါတယ်.. ကျွန်တော်ကိုယ်တိုင်လည်း cleaner မသုံးပါဘူး.. ကိုယ်တိုင်သာ ရှာဖွေ ရှင်းထုတ်ပါတယ်.. ဒါပေမယ့်လည်း အချိန် မပေးနိုင်မှု၊ မအားလပ်လို့ မေ့လျော့နေမှုတွေကြောင့် cleaner ဆောင်ထားရပါတယ်.. သုံးဖူးသမျှထဲမှာတော့ CCleaner က စိတ်ချရပါတယ်.. 

             2003 မှာ စတင်ထုတ်ခဲ့တဲ့ Piriform.com ရဲ့ CCleaner ဟာ လက်ရှိပေါ်ပြူလာအဖြစ်ဆုံး၊ သုံးစွဲသူပေါင်း 1 billion ကျော် သုံးစွဲမှု အများဆုံး freeware cleaner တစ်ခုဖြစ်နေပါပြီ။ စိတ်ချလက်ချ လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်..

nstall လုပ်နည်း

  • “ccsetup413pro.exe” ကို install လုပ်ပါ။
  • ဆော့ဖ်ဝဲကို မဖွင့်သေးဘဲ Crack folder ထဲရှိ Business (or) Pro folder ထဲက ဖိုင်တွေကို copy ယူပြီး “C:\Program Files\CCleaner\” ထဲ Paste လုပ်ပါ… 
လိုအပ်သူများအနေဖြင့် အောက်ပါလင့်များတွင် free ရယူနိုင်ပါပြီ။

 

Wednesday, April 30, 2014

Firefox မှ လုံးဝကွဲပြားသွားသော UI ဒီဇိုင်းအသစ် ပြောင်းလဲလိုက်



Aung Ko Htet (MM IT Knowledge)


Firefox မှ ပြုပြင်ပြောင်းလဲမှုပေါင်း၁၃၀၀ ကျော် ပြုလုပ်လိုက်သော ဒီဇိုင်းပုံစံကို သုံးစွဲနိုင်ပါပြီ။ 



(plug in ကို အောက်က link ကနေ ရယူနိုင်ပါတယ်။ )


http://www.mozilla.org/en-US/firefox/new/

မှာ download လုပ်၍ upgrade လုပ်နိုင်ပါတယ်။အသစ်ပါဝင်လာသော Firefox Sync Service ဖြင့် ကိုယ့် ရဲ့ browsing history များ၊ မှတ်သားထားသော passwords များ၊ bookmarks များ၊ ဖွင့်ထားသော tabs များကို ကိုယ့်ရဲ့ PC နှင့် မိုဘိုင်း device များ ကြား synce လုပ်ပေးသွားမှာဖြစ်ပါတယ်။ ယင်းအတွက် Firexfox Account ဖွင့်ပြီး လွယ်လင့်တကူ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Menu bar ကို ထိပ်ပိုင်း ညာဖက်သို့ပြောင်းရွှေ့လိုက်ကာ တစ်နေရာတည်းမှ လွယ်လင့်တကူ ထိန်းချုပ်သုံးစွဲနိုင်ရန်ဖန်တီးပေးထားပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ bookmarks လုပ်နိုင်ရန်လည်း လုပ်ဆောင်ပေးထားပါတယ်။ Menu မှာ Customize tool ပါဝင်လာပြီး features များ၊ service များ နှင့် add-on များကို မိမိတို့ စိတ်တိုင်းကျ ထည့်သွင်းနိုင်၊ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။


ref: Nyein Chan (TSJ Tech Team)
 

Tuesday, April 22, 2014

Feature သစ် အချို့ပါဝင်လာသည့် Android Hangouts update ဖြန့်ချိ



Aung Ko Htet (MM IT Knowledge)



ပြီးခဲ့သည့် ရက်အနည်းငယ်က Google သည် thread တစ်ခုအတွင်း တူညီသည့် contact မှ Hangout conversations နှင့် text message များကို ပေါင်းစပ်ထားနိုင်သည့် feature အပါအဝင် အခြား feature သစ် အချို့ပါဝင်သည့် Android Hangouts update ကို မိတ်ဆက် ပြသခဲ့သည်။



အဆိုပါ Hangouts ဗားရှင်း 2.1 တွင် အသုံးပြုသူများသည် message များပို့ရန် ရွေးချယ်မှု နှစ်ခု ပြုလုပ်နိုင်မည် ဖြစ်ကြောင်း Google အင်ဂျင်နီယာ Mike Dodd က Google+ message တွင် ရေးသားခဲ့သည်။ သုံးစွဲသူများ အနေဖြင့် conversation များကို ခွဲထုတ်နိုင်ရန် option တစ်ခုထည့်သွင်း ပေးထားပြီး သို့မှသာ conversation အတွင်း message ပုံစံအမျိုးမျိုးကို ခွဲခြားသိနိုင်မည် ဖြစ်ကြောင်း Dodd ကရေးသားခဲ့သည်။ Hangouts update တွင် ကဏ္ဍနှစ်ခု ခွဲထားသည့် ရိုးရှင်းသော contact list ပါဝင်ပြီး သုံးစွဲရလွယ်ကူကာ text messaging တို့ကို လွယ်ကူစွာ အသုံးပြုနိုင်မည်ဟု သိရသည်။



ထို့အပြင် ၎င်းတွင် ပါဝင်သည့် homescreen widget အသစ်သည် conversation များပြုလုပ်ရာတွင် မြန်ဆန်ကာ video call များခေါ်ဆိုရာတွင်လည်း ပိုမို ကောင်းမွန်သည့် အရည်အသွေး ရရှိမည် ဖြစ်ကြောင်း Google ကပြောကြားထားသည်။ အဆိုပါ update ကို ယခု ရက်သတ္တပတ်အတွင်း သုံးစွဲသူများထံသို့ ဖြန့်ချိပေးခြင်း သို့မဟုတ် Google Play store မှ download ပြုလုပ်နိုင်ခြင်းတို့ဖြင့် update ရရှိနိုင်မည် ဖြစ်သည်။



Ref: CNET

Monday, April 21, 2014

Notification Bar မှာ နှစ်သက်ရာ Settings များနဲ့ App များကို လျှင်မြန်စွာ အသုံးပြုလို့ရစေမယ့် Notification Toggle



Aung Ko Htet (MM IT Knowledge)
 
Android Phone များမှာ Notification Bar ကို ဆွဲချကြည့်ရင် Settings များကို အသုံးပြုနိုင်ပါတယ်။ နှစ်သက်တဲ့ Settings များကို ထပ်ဖြည့်ချင်ရင် Notification Toggle ကို အသုံးပြုနိုင်ပါတယ်။ Notification Toggle က အသုံးပြုနေကျ Settings နဲ့ App များကို Notification Bar မှာ လျှင်မြန်စွာ အသုံးပြုလို့ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။

အိုင်ကွန်များ ကို လိုင်း နှစ်လိုင်း မှာ ပြသပေးထားမှာ ဖြစ်ပါတယ်။ နှစ်သက်ရာ Settings နဲ့ App များကို နှစ်သက်ရာ လိုင်း မှာ နေရာချ အသုံးပြုနိုင်ပါတယ်။ အသုံးပြုနိုင်တဲ့ Settings များထဲမှာ WiFi(network, advanced, tethering), Bluetooth(settings, visibility, tethering), Connectivity, Sound, Music Playback, Display, GPS, Camera, Alarm နဲ့ အခြား Settings များစွာ ရှိပါတယ်။

Notification Toggle ရဲ့ ပုံပန်းသွင်ပြင် ကို နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။ အိုင်ကွန်များ ကို နှစ်သက်သလို နေရာချနိုင်ပါတယ်။ အိုင်ကွန်များ ကို ရွေးချယ်နိုင်ပြီး အရောင်များ သတ်မှတ်နိုင်ပါတယ်။ အိုင်ကွန်များ ကို ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

Premium Version မှာ Apps များထဲမှ စွမ်းဆောင်ချက်များ ကို Shortcut အနေနဲ့ အသုံးပြုနိုင်ပါတယ်။ ဥပမာ အားဖြင့် Contact တစ်ခု ကို တိုက်ရိုက် ဖုန်းခေါ်ဆိုနိုင်တဲ့ Shortcut ၊ Dropbox အတွင်းမှ ဖိုဒါတစ်ခု ကို တိုက်ရိုက် အသုံးပြုနိုင်တဲ့ Shortcut ၊ Music Player ကို တိုက်ရိုက် အသုံးပြုနိုင်တဲ့ Shortcut အပြင် ဖုန်းမှာ အင်စတော လုပ်ထားတဲ့ App ပေါ်မူတည်ပြီး အခြား စွမ်းဆောင်ချက်များ ပါရှိပါတယ်။

Free Version ကို အောက်က လင့် မှာ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=de.j4velin.notificationToggle


ref: သူရ... 
 

Thursday, April 10, 2014

ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် Appထွက်ပြီ



Aung Ko Htet (MM IT Knowledge)
 
သင်သာ ကိုယ့်ချစ်သူက ဘယ်သူ့ကို အိပ်မက်မက်နေလဲ၊ ဘာတွေ မက်နေလဲ ဆိုတာကို သိခွင့်ရမယ်ဆိုရင် အံ့သြရမှာပါနော်။ ဒီလို သိနိုင်ဖို့ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို ချောင်းကြည့်နိုင်မယ့် App ထွက်ရှိလာပါပြီ။

စပ်စုချင်တဲ့သူတွေ အတွက် ကိုယ့်ချစ်သူ အိပ်ပျော်နေတုန်း ယောင်တာတွေကို စမတ်ဖုန်းနဲ့ အသံသွင်းထားနိုင်ပါတယ်။ အသေးစိတ် ကိုသိနိုင်သလို ကိုယ့်ချစ်သူက နေ့ဘက်မှာဖြစ်ချင်နေတဲ့ စိတ်ဆန္ဒတွေကိုလည်း သိနိုင်ပါတယ်။

App နာမည်ကတော့ Sleep Talk Recorder ပါ။ လူတွေ အိပ်မောကျနေတုန်း ယောင်တာတွေကို နားထောင်ပေးပြီး ယောင်ပြီဆိုတာနဲ့ အသံစဖမ်းပေးမယ့် app ပါပဲ။

နံနက်ရောက်ပြီဆိုတာနဲ့ ညက ကိုယ့်ချစ်သူ ဘာတွေ ယောင်ထားတယ်ဆိုတာကို နားထောင်ပြီး ပြန်စစ်ဆေးလို့ ရစေမှာပါ။




credit>>>
သီဟနိုင် 

 Ref:dailymail.co.uk
Trend Myanmar

Wednesday, April 9, 2014

Photo: Android ရဲ့ Share Menu ကို Customize ပြုလုပ်နိုင်တဲ့ AppChooser
======================================

Android Device မှာ App တွေ အသုံးပြုတာများလာတာနဲ့ အမျှ Share Menu မှာ App တွေများပြားလာပါတယ်။ Share Menu မှာ အသုံးပြုလေ့မရှိတဲ့ App တွေကို Hide လုပ်ခြင်း၊ အသုံးပြုလေ့ရှိတဲ့ App တွေကို အပေါ်ဆုံးမှာ ထားရှိခြင်းဖြင့် ရှင်းလင်းအောင် ပြုလုပ်နိုင်ပါတယ်။ AppChooser က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။ 

AppChooser ကို အင်စတော လုပ်ပြီးတဲ့အခါ Share Button ကိုနှိပ်ရင် AppChooser or Android System ရွေးချယ်စရာ နှစ်ခု ပေါ်လာပါမယ်။ AppChooser ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် Share Menu ပေါ်လာမှာ ဖြစ်ပါတယ်။ အသုံးပြုမှုများတဲ့ Apps တွေကို အပေါ်ဆုံးမှာ ပြသပေးအောင် ပြုလုပ်နိုင်ပါတယ်။ History အလိုက် စီစဉ် ခိုင်းနိုင်ပါတယ်။ အက္ခရာစဉ် အလိုက်လည်း စီစဉ် ခိုင်းနိုင်ပါတယ်။ App တစ်ခု အပေါ် ဖိထားရင် အဲဒီ App ကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုလေ့မရှိတဲ့ App တွေကို အဲဒီနည်း နဲ့ ဖျောက်နိုင်ပါတယ်။ Apps အများအပြား ကို Share လုပ်ဖို့ ညာဘက်အပေါ်ထောင့်က မျှားပုံ ကို နှိပ်ရမှာ ဖြစ်ပါတယ်။ 

တစ်ချို့ App တွေဟာ သူတို့ကိုယ်ပိုင် Share Menu ကို အသုံးပြုကြပါတယ်။ အဲဒီ App တွေမှာ AppChooser ကို အသုံးပြုလို့မရပါဘူး။ ဒါပေမယ့် အဲဒီ App တွေရဲ့ Share Menu မှာ AppChooser ကို ပြပေးထားတတ်ပြီး များသောအားဖြင့် ထိပ်ဆုံးမှာ ပြသပေးထားပါတယ်။ အဲဒီကနေ AppChooser ကို နှိပ်ပြီး Custom Share Menu ကို အသုံးပြုနိုင်ပါတယ်။ 

Android Phone မှာ App များစွာ အသုံးပြုသူတွေအတွက် Share Menu ဟာ ရှုပ်ပွနေပါတယ်။ ဒီလိုအခြေအနေမှာ AppChooser က  အသုံးဝင်ပါတယ်။ AppChooser ကို အောက်က လင့် ကနေ အခမဲ့ရယူနိုင်ပါတယ်။ 

https://play.google.com/store/apps/details?id=jp.co.noxi.apppicker

သူရ

Aung Ko Htet (MM IT Knowledge)


Chooser က အဲဒီလို ပြုလုပ်ပေးနိုင်ပါတယ်။

AppChooser ကို အင်စတော လုပ်ပြီးတဲ့အခါ Share Button ကိုနှိပ်ရင် AppChooser or Android System ရွေးချယ်စရာ နှစ်ခု ပေါ်လာပါမယ်။ AppChooser ကို ရွေးချယ်ပေးပါ။ ဒါဆိုရင် Share Menu ပေါ်လာမှာ ဖြစ်ပါတယ်။ အသုံးပြုမှုများတဲ့ Apps တွေကို အပေါ်ဆုံးမှာ ပြသပေးအောင် ပြုလုပ်နိုင်ပါတယ်။ History အလိုက် စီစဉ် ခိုင်းနိုင်ပါတယ်။ အက္ခရာစဉ် အလိုက်လည်း စီစဉ် ခိုင်းနိုင်ပါတယ်။ App တစ်ခု အပေါ် ဖိထားရင် အဲဒီ App ကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။ အသုံးပြုလေ့မရှိတဲ့ App တွေကို အဲဒီနည်း နဲ့ ဖျောက်နိုင်ပါတယ်။ Apps အများအပြား ကို Share လုပ်ဖို့ ညာဘက်အပေါ်ထောင့်က မျှားပုံ ကို နှိပ်ရမှာ ဖြစ်ပါတယ်။

တစ်ချို့ App တွေဟာ သူတို့ကိုယ်ပိုင် Share Menu ကို အသုံးပြုကြပါတယ်။ အဲဒီ App တွေမှာ AppChooser ကို အသုံးပြုလို့မရပါဘူး။ ဒါပေမယ့် အဲဒီ App တွေရဲ့ Share Menu မှာ AppChooser ကို ပြပေးထားတတ်ပြီး များသောအားဖြင့် ထိပ်ဆုံးမှာ ပြသပေးထားပါတယ်။ အဲဒီကနေ AppChooser ကို နှိပ်ပြီး Custom Share Menu ကို အသုံးပြုနိုင်ပါတယ်။

Android Phone မှာ App များစွာ အသုံးပြုသူတွေအတွက် Share Menu ဟာ ရှုပ်ပွနေပါတယ်။ ဒီလိုအခြေအနေမှာ AppChooser က အသုံးဝင်ပါတယ်။ AppChooser ကို အောက်က လင့် ကနေ အခမဲ့ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=jp.co.noxi.apppicker
 
သူရ

Saturday, April 5, 2014

ငပိန်ရဲ့ သင်္ကြန် Version 1.1 ထွက်ပါပြီ!!!



Aung Ko Htet (MM IT Knowledge)


http://bit.ly/thingyan2014 မှာသွားရောက် download ဆွဲနိုင်ပြီ ဖြစ်ပါတယ်။
Update အသစ်မှာ
- အားလုံး အကြံပေးတဲ့အတိုင်း Store နဲ့ Power-Up တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။
- ကားဆရာ ကိုကျော်တက် အနေနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
- လမ်းသစ် ၅ လမ်းပါဝင်မှာ ဖြစ်ပါတယ်။
- Reponse နှေးတာ၊ Bug ဖြစ်တာတွေ ပြင်ထားပါတယ်။

ref : total gameplay studio
 

Group Chat ပြုလုပ်လို့ရလာတဲ့ Facebook Messenger (Android)



Aung Ko Htet (MM IT Knowledge)
 
Facebook က Group Chat ပြုလုပ်နိုင်တဲ့ Android Version အသစ် ကို ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီစွမ်းဆောင်ချက်ပါရှိတဲ့ iOS Version အသစ်ကို ပြီးခဲ့တဲ့ တစ်ပတ် က ဖြန့်ချီပေးခဲ့တာဖြစ်ပါတယ်။ Android Version အသစ်မှာ သူငယ်ချင်း အများအပြားနဲ့ စုဖွဲ့ပြီး Group Chat ပြုလုပ်နိုင်သလို Group Tab မှာ Pin လုပ်ထားနိုင်ပါတယ်။ အဲဒီအတွက် စကားပြောချင်တဲ့ Group ကို အလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Group or Conversation တစ်ခု ကို Homescreen မှာ Shortcut ပြုလုပ်ထားနိုင်တဲ့ စွမ်းဆောင်ချက်လည်းပါရှိလာပါတယ်။ Homescreen က Shortcut ကို နှိပ်ရင် Floating Chat Head အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Messenger App ကို ဖွင့်စရာမလိုတော့ပါဘူး။
 

Application ရယူရန် ဒီနေရာကို နှိပ်ပါ ။ 

Ref: Myanmar Digital Life
 


Android အတွက် CCleaner ရပြီ



Aung Ko Htet (MM IT Knowledge)
 
ဝင်းဒိုး အတွက် System Cleaning Utility CCleaner ကို ဖန်တီးတဲ့ Piriform က Android အတွက် CCleaner ကို ပြုလုပ်ပေးလိုက်ပါတယ်။ Android အတွက် CCleaner ကို ပြုလုပ်ပေးမယ်လို့ ပြီးခဲ့တဲ့ လ က ကြေညာခဲ့တာဖြစ်ပါတယ်။ App ကို ပြုလုပ်ဖို့ လပေါင်းများစွာ သုတေသန ပြုလုပ်ခဲ့ပြီး စမ်းသပ်မှုတွေလည်း ပြုလုပ်ခဲ့ကြောင်း၊ အသုံးပြုသူတွေရဲ့ တုန့်ပြန်မှုများစွာ ကိုလည်း စစ်ဆေး ပြုပြင်ခဲ့ကြောင်း Piriform က ပြောပါတယ်။

CCleaner ရဲ့ စွမ်းဆောင်ချက်တွေက Browser History , App Cache, Clipboard , Call Logs တွေကို ရှင်းပေးနိုင်ပါတယ်။ SMS Messages တွေကိုလည်း သီးခြား ရှင်းနိုင်သလို ၊ အားလုံးကို တစ်ပြိုင်နက် ရှင်းနိုင်ပါတယ်။ SMS Message တွေကို အချိန်အပိုင်းအခြားအလိုက် ၊ Contact အလိုက် ရှင်းနိုင်ပါတယ်။ App တွေကို Uninstall လုပ်နိုင်ပါတယ်။ CPU, RAM, Storage , Battery တို့ကို စောင့်ကြည့် တိုင်းတာပေးနိုင်ပါတယ်။

Process ကို Manage လုပ်တာ၊ RAM ရှင်းလင်းတာ ၊ ဖိုဒါတွေကို ရှင်းလင်းတာ နဲ့ Rooted Device တွေအတွက် စွမ်းဆောင်ချက်တွေကို နောက်ပိုင်းမှာထည့်သွင်းပေးမယ်လို့ Piriform က ပြောပါတယ်။

အခုဖြန့်ချီပေးတဲ့ ဗားရှင်း ဟာ Beta အဆင့်သာ ရှိသေးတဲ့အတွက် Android Device အားလုံး နဲ့ အဆင်ပြေချင်မှ ပြေမှာဖြစ်ပါတယ်။ နောက်ပြီး Beta Tester တွေကိုသာ အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။

Beta Version ကို အသုံးပြုချင်သူတွေအတွက် အောက်က လင့် ကနေ CCleaner Beta Community ကို Join လုပ်ပါ။

https://plus.google.com/communities/110652555815519063408

အောက်က လင့် ကနေ Tester အနေနဲ့ Accept လုပ်ပေးပါ။

https://play.google.com/apps/testing/com.piriform.ccleaner

ပြီးရင် အောက်က လင့် ကနေ Download လုပ်ပါ။

https://play.google.com/store/apps/details?id=com.piriform.ccleaner&ah=GFjVRfAgxV_ByLQ0PcsiLMlL4gw

အပေါ်က အဆင့်တွေကို လုပ်ရတာ အဆင်မပြေသူများအတွက် အောက်က လင့် ကနေ ရယူနိုင်ပါတယ်။

https://app.box.com/s/diu3tv8dtj6nfbwn6zcu


အားလုံးအဆင်ပြောကပါစေ....

ref: Myanmar Digital Life