Powered by Blog - Widget
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

Saturday, April 11, 2015

ခေတ်စားလာပြီ ဖြစ်တဲ့ အွန်လိုင်းပေါ်က အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် အချက်အလက် ရှာဖွေမှု လုပ်ငန်း



အွန်လိုင်းပေါ်မှာ အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်း လုပ်ငန်းဟာ မြန်မာပြည်မှာ ရေပန်းစားလာ ပါတယ်။ အဓိက ကတော့ Facebook ကဲ့သို့ လူမှုကွန်ရက် အသုံပြုသူများပြားလာခြင်း ဖြစ်ပါတယ်။

Facebook ကနေ အိမ်၊ခြံ၊မြေ အရောင်းအဝယ် ဝဘ်ဆိုဒ်များ မန္တလေးနဲ့ ရန်ကုန်မှာ ပိုမိုခေတ်စားပြီး နောက်ပိုင်း ကျတော့ Offline အေးဂျင့်များက အွန်လိုင်းပေါ်ရောက်ရှိပြီးသား Facebook page များကို ဝယ်ယူတဲ့အထိ နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။ အွန်လိုင်းကနေ ရှာဖွေဝယ်ယူရခြင်းကြောင့် ပွဲစားခပေးရခြင်း၊ အချိန်ကုန်ခြင်းတို့ မရှိခြင်းက အားသာချက် ဖြစ်ပါတယ်။ ၂၀၁၂ နှစ်ဆန်းလောက်မှာ Facebook Page အများအပြား ကနေ အရောင်းထွက်ရာမှ နောက်ပိုင်းကျတော့ ဝဘ်ဆိုဒ်ဖန်တီးတဲ့အထိ ဖြစ်လာပါတယ်။

ဝဘ်ဆိုဒ်မှာမှ အိမ်အရောင်းအဝယ် အေးဂျင့်များက ကိုယ်ပိုင် ဖန်တီးခြင်းနဲ့ အွန်လိုင်း သီးသန့်သွားတဲ့ ကုမ္မဏီ ဆိုပြီးတော့ ၂ မျိုးပြန်ကွဲ သွားပါတယ်။ နိုင်ငံတကာမှာတော့ www.realtor.com  နဲ့ www.rightmove.co.uk တို့လို ဝဘ်ဆိုဒ် ရှိပြီး စတော့ရှယ်ယာ ဈေးကွက်ကို ဝင်နိုင်တဲ့အထိ စီးပွားရေး အောင်မြင်လျက် ရှိပါတယ်။ မြန်မာပြည်မှာလည်း  အိမ်၊ခြံ၊မြေ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ ဖြစ်ဖို့ ကြိုးပမ်းနေတာတွေ အများကြီးရှိပါတယ်။ ဥပမာ -  www.imyamarhouse.com တို့လို ဝဘ်ဆိုဒ်များကို ဝင်ရောက် လေ့လာ နိုင်ပါတယ်။

ယင်းကဲ့သို့ ဝဘ်ဆိုဒ်များဟာလည်း ပထမဦးဆုံး Facebook ကနေ အခြေတည်ပြီးတော့ အိမ်၊ခြ၊မြေ ရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များအဖြစ်သို့ ကူးပြောင်းလာခြင်း ဖြစ်ပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ဗဏီများဖြစ်တဲ့  Telenor, Ooredoo တို့လို ကုမ္မဏီကြီးများကလည်း ပိုမိုမြန်ဆန်တဲ့ အင်တာနက် ကွန်ရက်များ ဖန်တီပေးဖို့ အစီအစဉ်များ ရှိတယ်လို့ ကြားသိ ရတဲ့အတွက် မြန်မာပြည်ရဲ့  အင်တာနက် အသုံးပြုသူ ဦးရေကိုလည်း မြင့်လာစေအုံးမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု၊ ကွန်ပြူတာ အင်တာနက် အသုံးပြုသူ များပြားလာမှုတို့က အင်တာနက် အခြေခံ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ အွန်လိုင်းက တစ်ဆင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ဖောက်ကားခြင်း၊ ရှာဖွေခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို တိုးတက် လာမှာ ဖြစ်ပါတယ်။ 



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, April 7, 2015

မိမိ Company အတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်မယ်ဆိုရင်

 
 
မိမိ ကုမ္ဗဏီလုပ်ငန်းအတွက် ဝဘ်ဆိုဒ် ဒိုမိန်း ဝယ်ရင် စဉ်းစားရမယ့် အချက်များစွာ ရှိပါတယ်။ ယင်းမတိုင်ခင် သိသင့်တဲ့အခြေခံ အချက်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

.com = .commercial ဖြစ်ပြီး စီးပွားရေးလုပ်ငန်းကုမ္မဏီကို ကိုယ်စားပြု ပါတယ်။
.net = network ဖြစ်ပြီး ကွန်ရက်တစ်ခုကို ကိုယ်စားပြုပါတယ်။ အိုင်တီး လုပ်ငန်း ဝန်ဆောင်မှု company များက ပိုလို့ အသုံးပြုပါတယ်။
 

စီးပွား စတင်သူတို့ သိထားသင့်တဲ့ Engery Efficiency

 
 
စီးပွား စတင်သူများမှာ Blind spot များစွာ ရှိပါတယ်။ ယင်းထဲမှာ Energy Efficiency ဟာလည်း ပါဝင်ပါလိမ့်မယ်။ ကားတွေမှာ ဘလိုင်းစပေါ့ ဆိုတာ မြင်ရန်ခက်တဲ့အပိုင်း ဖြစ်ပြီး ကိုယ့်ကို ဒုက္ခ ပေးပါတယ်။ ယခုလည်း အိုင်တီစီပွားစတင်သူတွေ သတိမထားမိတဲ့ စွမ်းအင် သုံးစွဲမှု အကြောင်းလေး ပြောပါရစေ။ 

Saturday, April 4, 2015

Google Chrome ဖြင့် ဒိုင်နိုဆော Game ဆော့မယ်


Computer ဖြင့် မြင်တွေ့ရသော ၊ ကစားနိုင်သော ပုံ


Mobile Phone ဖြင့် မြင်တွေ့ရသော Game ကစားနိုင်သောပုံ


ကျွန်တော်တို့ဟာ နေ့တိုင်း Internet ကို အသုံးပြုကြပါတယ်။ PC နဲ့သော်လည်းကောင်း Mobile နဲ့သော်လည်းကောင်း အမျိုးမျိုးပေါ့။ ဒီလိုအင်တာနက်အသုံးပြု ကြရင်း ရံဖန်ရံခါမှာ အင်တာနက် မရတော့တဲ့ ပြဿ နာနဲ့ ကြုံတွေ့ကြရနိုင်ပါတယ်။ ကျွန်တော်တို့တို့လို အင်တာနက်အသုံးပြုကြသူတွေဟာ အင်တာနက် ပြတ်တောက်တဲ့ ပြဿ နာနဲ့ ကြုံရတဲ့အခါမှာတော့ စိတ်ပျက်စွာနဲ့ပဲ အင်တာနက်နဲ့ ပတ်သတ်တဲ့ အလုပ်တွေကို မလုပ်ချင်လောက်အောင်ကို ဖြစ်ကြရပါတယ်။

ဒီအဖြစ်အပျက်တွေကို အဆင်ပြေစေဖို့အတွက် Google က သူ့ရဲ့ Browser မှာ Game တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Game ရဲ့ အမည်ကိုတော့ Google Chrome Dinosaur Game ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီ Game ကတော့ မိမိဟာ Google Chrome Browser နဲ့ အင်တာနက် အသုံးပြုနေတဲ့ အချိန်မှာ အင်တာနက် ပြတ်တောက်သွားသည်ကို ကြုံရပါက Unable to connect to the internet ဆိုတဲ့ စာသား Error ကို ဖော်ပြမှာဖြစ်ပြီး ဒီ Error နဲ့အတူ ဒိုင်နိုဆော အရုပ်ကလေး တစ်ရုပ်ပါဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဒီလို Error ကိုတွေ့ရပြီဆိုရင် မိမိရဲ့ Keyboard မှ Space Bar ကို နှိပ်ပြီး Dinosaur Game ကို ကစားနိုင်ပါတယ်။ ကွန်ပျူတာတွင်သာမက ဖုန်းနဲ့ပါကစားနိုင်တဲ့ Game တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် မိမိကွန်ပျူတာမှာ (သို့မဟုတ်) Mobile Phone မှာ အင်တာနက်မရတဲ့အခါ စိတ်မပျက်ပါနဲ့တော့ ။ ဘာ Game မှ ထပ်မံ ထည့်သွင်းစရာမလိုပဲ Browser တစ်ခုနှင့်ပင် Game တစ်မျိုးကို ကစားနိုင်ပါပြီ။ ဒါကြောင့် အင်တာနက်မရတဲ့ မိမိရဲ့ (PC or Mobile Phone) Device တစ်ခုခုမှာ Google Chrome Browser ကို ဖွင့်ပြီး ဒိုင်နိုဆော ဂိမ်းကို ကစားကြည့်လိုက်ကြပါ။ မိတ်ဆွေတို့ရဲ့ အမှတ်တွေ ဘယ်လောက်ရမလဲ ဆိုတာ ကြည့်ကြတာပေါ့။

Ref : Google Chrome

Written By Aung Ko Htet


RedLink Communications

Please Like Our Facebook Here

Thank You !
Aung Ko Htet

အမေရိကန်နိုင်ငံတွင် လကြတ်ခြင်းကို မြင်တွေ့ရမည် (4.4.2015 at Western half of North America)


ယနေ့ စနေနေ့ April လ 4 ရက်နေ့တွင် လကြတ်ခြင်းကို အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ဒေသတို့မှာ မြင်တွေ့ရနိုင်တယ်လို့ NASA အဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ယခု လကြတ်ခြင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လဟာ မနက် ၃နာရီ ၁၆ မိနစ် အချိန်ခန့်မှာ ကမ္ဘာပေါ်ကို အရိပ်ကျရောက်ပြီး ၄နာရီ ၅၈ မိနစ် အချိန်ခန့်တွင် တစ်ဖြည်းဖြည်းဖြင့် လိမ္မော်နှင့် အနီရောင် ရောစပ်ထားသည့် အရောင်အဖြစ်သို့ပြောင်းလဲ သွားမည်ဖြစ်သည်။

Ref: Dykonw

Written By Aung Ko Htet




Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, April 3, 2015

မိမိကိုယ်ကို ကျေနပ်ပါ ၊ ရောင့်ရဲ တင်းတိမ်ပါ


လူတိုင်းက မိမိကိုယ်ကို ကိုယ့်ထက်သာတဲ့လူနဲ့ နှိုင်းယှဉ်ပြီး သိမ်ငယ်တတ်ကြပါတယ်။ မိမိကိုယ်ကို ပြန်အားပေးပြီး ရောင့်ရဲတတ်ဖို့ နဲ့ ကျေနပ်တတ်ဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။

Thursday, April 2, 2015

April Fools' Day အကြောင်း



အချို့က April Fools' Day ကို April Fool's Day လို့လည်း ခေါ်ကြပါတယ်။ ဒါပေမဲ့ အတူတူပါပဲ။ April Fools' Day ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း April လ တစ်ရက်နေ့မှာ ကျင်းပကြပါတယ်။ အဆိုပါ နေ့မှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အထိတ်တလန့်ဖြစ်စေမဲ့ ၊ပျော်ရွှင်စရာ စနှောက်ကျီစယ်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒီလို စနောက်ခြင်းတွေကို ပြုလုပ်ခံရတဲ့ လူတွေကို အစွဲပြုပြီး "April Fools" လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

April လ တစ်ရက်နေ့မှာ စနှောက်ကျီဆယ်ခြင်းကို နောက်တစ်နေ့ရောက်တော့မှသာ မီဒီယာများ ၊ ပုံနှိပ်ကြော်ငြာများ မှတစ်ဆင့် နောက်ပြောင်ကျီဆယ်ခြင်းပြုလုပ်သည်ကို ပြန်လည် ကြော်ငြာခဲ့ကြပါတယ်။ အဆိုပါနေ့ဟာ နိုင်ငံတိုင်းရဲ့ ရုံးပိတ်ရက် ၊ အလုပ်ပိတ်ရက်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ April Fools' Day ကို India , Canada , Europe , Australia , Brazil နဲ့ The United States တို့မှာ ၁၉ ရာစုကတည်းက လူသိများစွာ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ယနေ့တိုင် လက်ခံ ကျင်းပနေဆဲလည်း ဖြစ်ပါတယ်။

April Fools' Day ကို သတ်မှတ်ခဲ့တာကတော့ 1392 ခုနှစ် Geoffrey Chaucer's The Canterbury Tales ခေတ်ကတည်းက သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အချို့သော စာရေးဆရာ တို့က April Fools' Day အစိုးရ ရုံးပိတ်ရက်များအဖြစ် အသိမှတ်ပြုရန် အကြံပေးခဲ့ပေမဲ့ အသိမှတ်ပြုမခံခဲ့ရပါဘူး။ ဒီအဖြစ်အပျက်အတိုင်းပဲ ၁၆ ရာစုနှစ်တုန်းကလည်း January 1 ရက်နေ့ New Year's Day ကို အစိုးရုံးပိတ်ရက်အဖြစ် တင်ပြခဲ့ကြပေမဲ့လည်း အရာမရောက်ခဲ့ကြပါဘူး။ သို့ပေမဲ့လည်း လူတိုင်းရဲ့ ရင်ထဲမှာ ထိုနေ့တွေကို ပျော်ရွှင်စရာနေ့အဖြစ် မိမိဘာသာ အသိမှတ်ပြုခဲ့ကြပါတယ်။

Ref: Wiki

Written By Aung Ko Htet

#akh_redlinkcommunications

RedLink Communications



Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, April 1, 2015

အံ့သြစရာကောင်းသည့် ဆင်တစ်ကောင်ရဲ့ မှတ်ဥာဏ်



1980 ခုနှစ်တုန်းက Dr. Joyce Poole ဆိုတဲ့ အမျိုးသမီးဟာ Valdimir ဆိုတဲ့ ဆင်လေးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့ပါတယ်။ သူမဟာ ဆင်လေးကို သူမရဲ့ ကားပေါ်ကို တင်ခေါ်သွားပြီး သူမအား ဆင်လေးရဲ့ အဆွယ်နဲ့ နှာမောင်းတို့ကို ကိုင်တွယ်ခွင့်ပြုခဲ့ပါတယ်။

Friday, March 20, 2015

ခိုင်မာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားကြသော စုံတွဲ များရဲ့ အလေ့အထများ


တကယ်ကို ပျော်ရွှင်ရတဲ့ အတွဲတွေရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ အခြားအတွဲတွေနဲ့တော့ တူချင်မှတူပါလိမ့်မယ်။ ဒီလို ပျော်ရွင်ပြီး ခိုင်မြဲတဲ့ အချစ်ရေးကို ပိုင်ဆိုင်နိုင်ဖို့ သူတို့တွေဟာ ယုံကြည်မှုကို အခိုင်အမာ တည်ဆောက်ထားတတ်ကြပါတယ်။ တကယ်လို့သာ သင်တို့အချစ်ရေးဟာ ခုပြောပြပေမယ့် အချက်လေးတွေအတိုင်း ပြုမူလေ့ရှိနေပြီ ဆိုရင်တော့ ဂုဏ်ယူစရာကောင်းတဲ့ အတွဲတစ်တွဲလို့ ဆိုချင်ပါတယ်။

၁။တစ်ယောက်အတွက် တစ်ယောက် ရပ်တည်ပေးကြတယ်။
သင်တို့နှစ်ဦးစလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်ရှိကြသလို တစ်ယောက်အတွက် တစ်ယောက်အမြဲအသင့်ရှိကြတယ်။ ကိုယ်ဘာလုပ်လုပ် ကိုယ့်နောက်မှာ ရပ်တည်ပေးမယ့်သူရှိတယ်ဆိုတဲ့ ခံစားချက်ဟာ တကယ်ကို ပြီးပြည့်စုံပါတယ်။ ကိုယ်တစ်ခုခုလုပ်လိုက်တိုင်း အပြစ်မမြင်ပဲ ကိုယ့်အတွက် မှားရင်ပြင်ပေးမယ် မှန်ရင် ကိုယ့်ကိုထောက်ခံအားပေးမယ်ဆိုတဲ့ ချစ်သူရထားတာ သင့်အတွက် ဘုရားပေးတဲ့ လက်ဆောင်လို့ မှတ်ပါ။

၂။ပြသနာတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းကြရမလဲဆိုတာ သိကြတယ်။
အတွဲတိုင်း ပြသနာတက်၊ ရန်ဖြစ်တတ်ကြပါတယ်။ တစ်ယောက်က စကားကြမ်းတွေ ပြောလိုက်လို့ နာကျင်တတ်ကြတာမျိုးတွေ၊ စိတ်အခန့်မသင့်လို့ ရှေ့မဆက်ဘူးဘာညာပြောမိတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြသနာတက်တိုင်း၊ ကတောက်ကဆဖြစ်တိုင်း ဘယ်လိုပြေလည်အောင် ပြန်လုပ်ဆောင်ရမယ်ဆိုတာ နားလည်သလို တစ်ယောက်စိတ်ထဲ အဖုအထစ်မကျန်ခဲ့အောင် ဘယ်လိုညှိုနှိုင်းရမယ်ဆိုတာ သိထားသူတွေဟာ နောက်ဆုံးမှာ ခိုင်မြဲတဲ့အချစ်ရေးကို ရရှိသွားတတ်ကြပါတယ်။

၃။တစ်ယောက်ရဲ့သဘောထား၊ တစ်ယောက်အမြင်ကို ပြသနာမဖြစ်ပဲ ညှိုနှိုင်းတတ်ကြတယ်။
အတွဲတွေဟာ တစ်ယောက်ကြိုက်တာ၊ မကြိုက်တာ၊ တစ်ယောက်ရဲ့သဘောထားက ဘယ်လိုဆိုတာ အချိန်ကြာလာတာနဲ့အမျှ နားလည်လာတတ်ကြပါတယ်။ ဒါပေမယ့် ပြသနာတွေတက်ပြီး နားလည်အောင်လုပ်မယ့်အစား ညှိုညှိုနှိုင်းနှိုင်းလေး ပြောဆိုလိုက်တာ ပိုမကောင်းဘူးလား။
၎။အပြစ်တင်၊ဝေဖန်တာထက် အားပေးထောက်ခံတဲ့နည်းကိုသာ သုံးကြတယ်။

အဆင်ပြေ ပျော်ရွှင်ရတဲ့ ဆက်ဆံရေးဟာ တစ်ဦးနဲ့တစ်ဦး ထောက်ပံ့မှုပေးတာ၊ အားပေးတာ၊ နှစ်ယောက်သားအတူ ပြုမူလုပ်ဆောင်တာ၊ အချစ်တွေနဲ့သာ ပြည့်နေတတ်ကြတာပါ။ တစ်ယောက်တစ်ယောက် ပြုမူလုပ်ဆောင်လိုက်တဲ့ အရာကို ချစ်သောမျက်စိနဲ့ ကြည့်ပြီး အားပေးသင့်တာ အားပေးမယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုပြီး ကိုယ်ပါ ၀င်ရောက်လုပ်ဆောင်ပေးသင့်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ဝေဖန်မယ်၊ အပြစ်တင်တာတွေ များလာမယ်ဆိုရင်တော့ ဒီအချစ်ရေးဟာ စိတ်ပျက်ဖွယ်အတိပါပဲ။

၅။အပြောင်းအလဲတစ်ခုခု လုပ်ဆောင်ဖို့အတွက် သင့်လက်တွဲဖော် ကြိုက်မကြိုက် စိတ်ပူနေစရာ မလိုဘူး။
သင့်ကောင်းကျိုးကို လိုလားတဲ့ ချစ်သူဟာ သင်ကောင်းဖို့အတွက် အပြောင်းအလဲတွေ လုပ်ဆောင်ရာမှာ ဘယ်တော့မှ ဟန့်တားနေမှာ မဟုတ်ပါဘူး။ သူတတ်နိုင်သလောက်တောင် ပံ့ပိုးပေးဦးမှာပါ။ ဒါ့အပြင် သင့်ဆုံးဖြတ်ချက် ဘယ်လိုရှိနေပါစေ။ သင့်ကို လေးစားသောအားဖြင့် သူက အကြံဥာဏ်ပေးရုံလောက်သာ လုပ်ဆောင်ပါလိမ့်မယ်။

၆။သင်တို့နှစ်ယောက်အတူ လုပ်ဆောင်မှုတွေဟာ အမြဲတမ်း အဆင်ပြေပျော်ရွှင်နေရတတ်ပါတယ်။
ဘ၀အတွက် နှစ်ဦးသားအတူ လုပ်ဆောင်တဲ့အရာတိုင်းဟာ စိတ်ပျက်စရာမရှိပဲ အဆင်ပြေနေတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အယူအဆကလည်း အတူတူဖြစ်နေတာမို့ အတင်းလိုက်ညှိုနေစရာလည်း မလိုတာမျိုးပေါ့။ ဒါ့အပြင် တစ်ယောက်ကြောင့် တစ်ယောက်ရဲ့ အရည်အချင်းတွေ မြင့်တက်နေတာမျိုးလည်း တွေ့လာရပါလိမ့်မယ်။

၇။တစ်ယောက်ရဲ့ privacy ကို တစ်ယောက်နားလည်ပြီး ယုံကြည်မှုအပြည့်ရှိကြတယ်။
ခိုင်မာတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားသူတွေဟာ တစ်ယောက်ဖုန်းကို တစ်ယောက်စစ်တာ၊ တစ်ယောက် အီးမေးလ် တစ်ယောက်ဖွင့်စစ်တာ၊ မျက်လုံးအောက်က အပျောက်မခံပဲ မျက်စိဒေါက်တောက်လိုက်ကြည့်နေတာမျိုးတွေ မလုပ်တတ်ကြပါဘူး။ အဲ့ဒီအစား ငါ့ချစ်သူ ဘာတွေများ လုပ်ချင်နေသလဲ၊ သူ့ကိုငါ ခွင့်ပြုပေးလိုက်မယ် ဆိုတာမျိုးတာ တွေးတတ်ကြတာပါ။ ဒီလိုသာဆို တစ်ဖက်ကလည်း ကိုယ်သူ့ကို ဆက်ဆံသလိုပဲ ဆက်ဆံလာမှာပါ။ တစ်ခုတော့ ရှိတာပေါ့။ ကိုယ့်ဘက်က ယုံကြည်ပေးထားတာကို တစ်ဖက်က အလွဲသုံးစား မလုပ်ဖို့ပါပဲ။

Trend.com.mm

Ref:yourtango.com


Please Like Our Facebook Here

Thank You !
Aung Ko Htet

ကမ္ဘာပေါ်တွင် Selfie အရိုက်အများဆုံး မြို့များ


လူ အယောက် တစ်သောင်းမှာ Selfie ရိုက်တဲ့လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတယ် တိုင်းတာမှု တစ်ခု ဖြစ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ ကတော့ တစ်သောင်းမှာ ၄ ယောက် ဝန်းကျင် ရှိပါတယ်။ Time မှာ ဖော်ပြထားတဲ့ အချက် ဖြစ်ပြီး ထိပ်တန်း ၁၀ မြို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1) Makati City and Pasig, Philippines
258 selfie-takers per 100,000 people

2) Manhattan, N.Y.
202 selfie-takers per 100,000 people
3) Miami, Fla.
155 selfie-takers per 100,000 people
4) Anaheim and Santa Ana, Calif.
147 selfie-takers per 100,000 people
5) Petaling Jaya, Malaysia
141 selfie-takers per 100,000 people
6) Tel Aviv, Israel
139 selfie-takers per 100,000 people
7) Manchester, England
114 selfie-takers per 100,000 people
8) Milan, Italy
108 selfie-takers per 100,000 people
9) Cebu City, Philippines
99 selfie-takers per 100,000 people
10) George Town, Malaysia
95 selfie-takers per 100,000 people

Ref: Time

Credit >>> အောင်ခမ်း (www.innewsmyanmar.com)


Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, March 9, 2015

စိတ်ဖိစီးမှုဟာ သင့်အပေါ်မှာ မူတည်ပါတယ်



ကျွန်တော်တို့ငယ်ငယ်က ကြုံဖူးကြမဲ့ မေးခွန်းတစ်ခုရှိပါလိမ့်မယ်။ ဒီမေးခွန်းဟာ ကျွန်တော်တို့ရဲ့ စိတ်သဘောထားကို အကဲခတ် စစ်ဆေးတဲ့ မေးခွန်းလဲဖြစ်ပါတယ်။ ဒါဟာဘာလဲဆို ရင် ရေခွက် ထဲမှာ ရေကို ထည့်ထားပြီး ဒီရေခွက်ထဲ မှာ ရေဘယ်လောက်ရှိလဲဆိုပြီး မေးကြခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာ ပြန်ဖြေသူရဲ့ အဖြေအပေါ်မှာ မူတည်ပြီးတော့ ဒီလူဟာ စိတ်သဘောထားဘယ် လိုရှိတယ်ဆိုတာကို လေ့လာသုံးသပ်ကြပါတယ်။ ဥပမာ ရေခွက်ထဲမှာ ရေကို တစ်ဝက်ထည့်ထားပြီး မေးသူက ဒီရေခွက်ထဲမှာ ရေဘယ်လောက်ရှိလဲ ဆိုပြီးမေးတဲ့အခါ ပြန်ဖြေတဲ့လူက " ရေတစ်ဝက်ပဲ ရှိတယ် ဆိုရင် ဒီလူဟာ စိတ်သဘောထား သေးသိမ်တဲ့ လူအဖြစ် ကောက်ချက် ချကြပြီး ရေတစ်ဝက်ကြီးများတောင် ရှိတယ်ဆိုပြီး ပြန်ဖြေရင်တော့ ဒီလူဟာ စိတ်သဘောထားကြီးမြတ်တဲ့ လူဆိုပြီး ကောက်ချက်ချ သုံးသပ်ကြပါတယ်။ "  ဒါက ငယ်ငယ်ကပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက သိကြတဲ့ ပဟေဠိလေးတစ်ခုပါ။

ဒါပေမဲ့ အခုတော့ စိတ်ပညာရှင်တစ်ယောက်ဟာ လူတိုင်းဟာ စိတ်ဖိစီးမှုနဲ့ပါတ်သက်ပြီး ဥပမာတစ်ခုပေးပြီး ပြောပြခဲ့ပါတယ်။ အဲ့ဒီ ဥပမာကတော့ သူဟာ ရေတစ်ဝက် ထည့်ထားတဲ့ ရေခွက်ကို ကိုင်ပြီး အခန်းထဲမှာ ရှိတဲ့ လူအချို့ကိုမေးမြန်းခဲ့ပါတယ်။ ဒီရေခွက်ဟာ အလေးချိန်ဘယ်လောက်ရှိပါသလဲ။ ဒီအချိန်မှာ ပြန်ဖြေသူတို့ဟာ ၈ အောင်စ ၊ ၂၀ အောင်စ ဆိုပြီး အသီးသီး ပြန်ဖြေကြပါတယ်။ ဒါပေမဲ့ စိတ်ပညာရှင်ရဲ့ပြန်လည်ဖြေကြားချက်ကတော့ ဒါဟာ အလေးချိန်အတွက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ကျွန်မပြောချင်တာက စိတ်ဖိစီးမှုနဲ့ပတ်သက်ပြီး ပြောချင်တာဖြစ်တဲ့အတွက် ဒီရေခွက်ကို သင်တို့ အချိန်ဘယ်လောက်ကြာကြာ ကိုင်ထားနိုင်လဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးပြောချင်ပါတယ်။

ဒီရေခွက်ကို ကျွန်မဟာ တစ်မိနစ်ပဲ ကိုင်နိုင်မယ်ဆိုရင် ဘာမှ ပြဿ     နာရှိလာမှာ မဟုတ်ပါဘူး။ ဒီထက် ကြာတဲ့ အချိန်ဖြစ်တဲ့ တစ်နာရီလောက် ကိုင်ထားလိုက်မယ်ဆိုရင်တော့ ကျွန်မရဲ့ လက်တွေ စတာ ညောင်းလာပါလိမ့်မယ်။ ကျွန်မ ညောင်းကိုက်တဲ့ ဝေဒနာကို စတင် ခံစားရလာပါလိမ့်မယ်။ တစ်နာရီထက် ပိုကြာတဲ့ အချိန်ဖြစ်တဲ့ အချိန်ပမာဏဖြစ်တဲ့ တစ်ရက်လောက် ကျွန်မဟာ ဒီရေခွက်ကို ကိုင်ထားလိုက်မယ်ဆိုရင် ကျွန်မရဲ့လက်ဟာ ထုံကြင် ကိုက်ခဲတဲ့ ဝေဒနာအပြင် နာကြင်တဲ့ ဝေဒနာကိုပါ ခံစားရလာပါလိမ့်မယ်။ ဒီဥပမာအတိုင်းပဲ သင်တို့ဟာလည်း သင်တို့ရဲ့ စိတ်ဖိစီးမှုတွေကို အချိန်ကာလ ကြာရှည်စွာ ကိုင်ထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှုဟာ သင့်ဆီမှာ အချိန်ကြာမြှင့်စွာ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ စိတ်ဖိစီးမှုကင်းကင်းနေချင်တယ်ဆိုရင်တော့ ဒီစိတ်ဖိစီးမှုကို ဘယ်တော့မှ အချိန်အကြာကြီး လက်ခံမထားပါနဲ့။ အချိန်ကာလ ကြာကြာ လက်ခံထားလေလေ သင့်ကို ပိုပြီး ဆိုးကြိုးဖြစ်ပေါ်စေလေလေဖြစ်ပါတယ်။ သင်စိတ်ဖိစီးမှုတွေနဲ့ ကြုံရတဲ့အခါ ဒီစိတ်ဖိစီးမှုကို အချိန်အကြာကြီး လက်ခံမထားပါနဲ့။ ခဏအတွင်းမှာပင် မေ့ဖျောက်ပစ်နိုင်အောင်ကြိုးစားရင်တော့ သင့်ရဲ့ လူနေမှု ဘ၀များကို  စိတ်ဖိစီးမှု ကင်းကင်းနဲ့ဖြတ်ကျော် နေထိုင်နိုင်ပြီဖြစ်ပါတယ်။

Ref : Alef

Written By Aung Ko Htet

Knowledge Bank (Y)


Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, March 2, 2015

မြန်မာနိုင်ငံအတွင်း မရှိ မဖြစ်လိုအပ်သော Apps 5 မျိုး



မြန်မာနိုင်ငံ အတွင်း မိုဘိုင်းလ် သုံးစွဲသူ နှင့် အင်တာနက် ၀င်ရောက် မှု အရှိန် မြင့် တက် လာသည်နှင့် အမျှ ဆက်သွယ်ရေး လူမှု ကွန်ယက်နှင့် စီးပွားရေး လုပ်ငန်းလုပ်သူများအတွက် မရှိ မဖြစ် လိုအပ်တဲ့ Apps များလည်းရှိလာပါတယ်။ ဒီတော့် သည်အပတ်အတွင်း မြန်မာနိုင်ငံမှာ Top လူသိများပြီး Top ဖြစ်နေတဲ့ Apps 5 ခုကို တင်လိုက်ရပါတယ်။



Viber Viber Viber

ဆက်သွယ်ရေးကို အလျှင်အမြန် လုပ်ချင်တယ်၊ ကုန်ကြသက်သာပြီး လုပ်ငန်းဆောင်တာ အ၀၀ကို မြန်မြန်လုပ်ချင်တယ်ဆိုရင်တော့် Viber ဟာမရှိမဖြစ်လိုအပ်တဲ့ Apps ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း Mobile Internet ဆောင်သူ ၁၀ ရောက် မှာ ၉ ရောက် လောက်တော့် Viber ကိုသုံးပါတယ်။ Android, Mac OS, Blackberry OS, iOS, Linux နှင့် အခြားသော Windows Phone များအတွက်ပါ compatiable အံဝင်ခွင်ကြသုံးနိုင်ပါတယ်။ သုံးသူများအနေနဲ့ ရုပ်၊ အသံ၊ ပုံ နှင့် voice recording များကို ပါ easy share အနှေနှင့် လျှင်မြန်စွာ လုပ်နိုင်ပါတယ်။ Mobile Internet Phone နှင့်ဆက်နွယ်နေသည်မို့ ပြောဆိုမည့်သူ ရဲ့ ဖုန်းနံပါတ်တော့်လိုပါတယ်။ ကုမ္ပဏီကတော့် အစ္စရေး နိုင်ငံ မှ အခြေခံပြီး လွန်ခဲ့တဲ့ February 14, 2014 မှာ Rakuten ဂျပန်ကုမ္ပဏီမှ ဒေါ်လာသန်းပေါင်း 900 နဲ့ ၀ယ်လိုက်ပါတယ်။ ၀န်ဆောင်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာတော့် အစ္စရေး နိုင်ငံမှ အခြေခံပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။



Myanmar News

နောက်ဆုံးရနိုင်ငံတကာ သတင်းများနှင့် ဒေသအတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အလျှင်အမြန်သိရှိ လိုပါက Myanmar News apps က အကောင်းဆုံး ဖြစ်ပါတယ်။ သတင်း Apps ဖြစ်တဲ့အတိုင်း စီးပွားရေး၊ အားကစား၊ ဂီတနှင့် နောက်ဆုံးပေါ် IT ပိုင်းဆိုင်ရာ သတင်းများကိုပါထည့်ထားသည့် Apps ဖြစ်ပါတယ်။ TV ကြည့် အချိန်ဖြုန်းနေမည့် အစားနောက်ဆုံး ရ သတင်းများကို ချက်ခြင်း သိလိုပါက Myanmar News က အကောင်းဆုံးဖြစ်ပါတယ်။


Go-there Myanmar

မြန်မာနိုင်ငံအတွင်း စီးပွားရေးနှင့် အထွေထွေသတင်း သို့မဟုတ် လမ်းညွန်အမျိုးမျိုးအကြောင်းသိလိုပါက
Go-there Myanmar က အကောင်းဆုံးပါ။ စီးပွားရေးဆိုင်ရာ လမ်းညွန်ပေါင်း ၅၀၀၀၀ ကျော်ရှိတဲ့ ဤ Apps ဟာ စီးပွားရေး လုပ်ငန်းများ လုပ်လိုသူများနှင့် ရင်းနှီးမြုပ်နှံလို များအတွက် လျှင်မြန်စွာ အဖြေပေးနိုင်တဲ့ လက်ဆွဲ apps ဖြစ်ပါတယ်။ မိမိ သိလိုသည့် တည်နေရာ၊ အဆောက်အအုံ၊ ကို သိကြစွာမြေပုံနှင့် တကွဖော်ပြပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ အချိန်တုံးက တွေ့ နေကြ Yellow Book တွေမှာ ဒီ Apps ကနေရာယူသွားပါပြီ။ နောက်ပြီး မိမိသွားလိုသည့် နေရာကိုသွားလိုပါက မည်ကဲ့သို့၊ မည်သည့် လိုင်းကား စီးရမည် ဆိုသည့် Data အချက်အလက်များကိုလည်း ထည့်ထားပေးပါတယ်။ ရန်ကုန်နှင့် မန္တလေး မြို့ တွင်း Bus ကား လိုင်းပေါင်း ၃၀၀ နှင့် Bus မှတ်တိုင် ၁၀၀၀ ကျော် ကိုပါဖောပြထားသဖြင့် အင်မတန်သင့်တော်သည့် Apps ဖြစ်ပါတယ်။ နိုင်ငံခြားသားများအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ လမ်းညွန်ဖြစ်ပါတယ်။

House
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။ စီးပွားရေးလုပ်လိုသူများ၊ အိမ်ခြံမြေခြံအတွင်း ရင်းနှီးမြုနှံလိုသူများ၊ တိုက်ခန်းရှာသည့် သူများ၊ နယ်မှ လာသောမိတ်ဆွေများနှင့် နိုင်ငံခြားသားများအတွက်အကာင်းဆုံး ဆောင်သင့်သည့် Apps ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ အားဖြင့် ကြည့်နိုင်သဖြင့် နိုင်ငံတကာ အသုံးပြုရန် အဆင်ပြေပါတယ်။


Shwebook Dictionary Pro

English စာ ဝေါဟာ ရတစ်ခုခုကို ပြောချင်တိုင်း မထွက်လာ သို့မဟုတ်မေ့သွားတယ်ဆိုရင် Shwebook Dictionary Pro Apps ကအကောင်းဆုံး ရွေးချယ်မှု တစ်ခုအနေနဲ့ပြောလို့ရပါတယ်။ သိလိုသည့် ဝေါဟာရ များကို ထည့်လိုက်သည် နှင့်သက်ဆိုင်ရာအဓိပ္ပာယ်များကို သာမက အခြားသော ဆိုင်ရာဆိုင်ရာအဓိပ္ပာယ်များ ကိုပါထည့်ထားပေးပါတယ်။ အထက်တန်းကျောင်းသားများ အထူးသဖြင့် အင်္ဂလိပ်စာလေ့လာလိုသူများအတွက် အကောင်းဆုံး App ဖြစ်ပါတယ်။

ပြောင်းလည်းမြန်နေတဲ့ မြန်မာပြည်အတွင်း ဒီ Apps 5 ခုရှိရင် တော်တော်လေး အဆင်ပြေနေပါပြီ။ လာမည့် အချိန်အတွင်း နောက်ဆုံးပေါ်အသုံးဝင်လူကြိုက်များသည့် Apps များကိုလည်း ပြန်လည် တင်ပြသွားပါမယ်။

ခင်မင်လေးစားလျှက်
စတီဗင်ဆိုင်း
ဘာလင်

Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 24, 2015

စာပိုဒ်တစ်ခုမှာ ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဘယ်လိုစစ်မလဲ



Microsoft word သို့မဟုတ် အခြား တစ်နေရာရာမှာ ကိုယ်ရေးထားတဲ့ စာလုံးအရေအတွက် ဘယ်လောက်ရှိလဲဆိုတာ သိချင်သူတွေအတွက် Website လေးတစ်ခု ပြောပြလိုက်ပါတယ်။
ဘာကြောင့်လဲဆိုရင် Microsoft Word ရဲ့ ဘယ်ဘက်ထောင့်မှာ ပါတဲ့ Word ဆိုပြီး ပြတဲ့ status bar ကကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကို ဖော်ပြပေးတာ မဟုတ်ပဲ ကိုယ်စာလုံးရိုက်ပြီး Space Bar ခြားထားတဲ့ အရေအတွက်ကို ဖော်ပြပေးတာဖြစ်ပါတယ်။

ဒီ ကိစ္စတွေ အဆင်ပြေစေဖို့အတွက် အောက်ကပေးထားတဲ့ link ကို နှိပ်ပြီး Website မှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။

http://www.wordcountertool.com/

Space bar ခြားထားတဲ့ စာလုံးအရေအတွက်အပြင် ကိုယ်ရိုက်ထားတဲ့ စာလုံးအရေအတွက်ကိုပါ သီးသန့်စီ ဖော်ပြပေးထားပါတယ်။

စစ်ဆေးတဲ့ နည်းလမ်းကတော့ ကိုယ်ရေးထားတဲ့စာသားတွေကို Copy ကူးပြီး Website မှာ ပြထားတဲ့ Write or copy paste ဆိုတဲ့ နေရာမှာ Paste လုပ်လိုက်ရုံနဲ့ အဆင်ပြေနိုင်ပါတယ်။
အားလုံးအဆင်ပြေနိုင်ကြပါစေ..

Written By Aung Ko Htet

Please Like Our Facebook Here

Thank You !
Aung Ko Htet

ကမ္ဘာ့ပထမဦးဆုံးကွန်ပျူတာ Viurs



ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ Virus ကို 1998 ခုနှစ် November 3 ရက်နေ့က Robert Morris က Harvard သက္ကသိုလ်ရဲ့ ကျောင်းသားဘ၀ ပထမနှစ်မှာတင် စတင်ရေးသားထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Ref: Alef

Written By Aung Ko Htet



Please Like Our Facebook Here

Thank You !
Aung Ko Htet

လူတွေ အသက်ရှူခြင်းလုပ်ငန်းအတွက် သိသင့်တဲ့အချက်



ရှစ်ဆယ်ရာခိုင်နှုန်းသော လူတွေဟာ အသက်ရှူကြတဲ့အခါ နှာခေါင်းပေါက်နဲ့သာ အသက်ရှူကြပါတယ်။ နှာခေါင်းနဲ့အသက် ရှူကြတဲ့အခါ ဘယ်ဖက် နှင့် ညာဘက်ကို နှစ်နာရီမှ ငါးနာရီအထိ အလှည့်ကျစီ အသက်ရှူသွင်းခြင်းကို ပြုလုပ်ကြ တာကိုတွေ့ရပါတယ်။ တစ်ပြိုင်နက်တည်းနှင့် နှစ်ခေါင်းပေါင် နှစ်ခုစလုံးကို အသုံးပြုပြီး အသက်ရှူခြင်းမရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

Ref: Dyknow

Written By Aung Ko Htet

Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 20, 2015

စီးပွားရေး ဝဘ်ဆိုဒ်များ မေ့လျော့နေတဲ့ Value content



မြန်မာပြည်မှာ လက်ရှိ အနေအထားအရ ကြည့်မယ်ဆိုရင် ဝဘ်ဆိုဒ် တိုးတက်မှုဟာ အတော်လေးမြင့်တက်လာပါတယ်။ ခန့်မှန်းခြေအားဖြင့် တစ်လကို မြန်မာပြည်ကနေ Domain အသစ် Register လုပ်တာ တစ်ရာ မက ရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဝဘ်ဆိုဒ် တည်ဆောက်မှုများပြားလာတာကို ပြသပြီး စီးပွားရေး ကုမ္ဗဏီများ အနေနဲ့ ဝဘ်ဆိုဒ်များ ပိုင်ဆိုင် ရရှိရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်မှာ အသေးစား စီးပွားရေး လုပ်ငန်းမှာတင် သိန်းဂဏန်း ရှိပါတယ်။ အကြီးစားလုပ်ငန်းလည်း သောင်းဂဏန်း ရှိတာကြောင့် သူတို့ အားလုံး ဝဘ်ဆိုဒ်ရှိဖို့ ဖန်တီးလာကြတဲ့ အခါ အရေအတွက် ကတော့ အင်မတန် များပြားလာပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ မေးစရာ မေးခွန်းက ဘယ်သူတွေဟာ ယင်း ဝဘ်ဆိုဒ်ကို လာကြည့်ကြမလဲပေါ့။ လက်ရှိမှာ ဝဘ်ဆိုဒ်ရှိရင် ပြီးရော ဆိုတဲ့ အခြေအနေကို ကျော်လွန်ပြီး ဝဘ်ဆိုဒ်ထဲမှာ အချက်အလက် ထည့်လာကြတဲ့ အဆင့်ကို ရောက်ပါပြီ။ ဒါတောင်မှ ထည့်တဲ့အဆင့်က Basic information လောက်သာ ဖြစ်ပါတယ်။ အဓိကအားဖြင့် Call to action ဖြစ်လာဖို့အတွက် အခြေခံအားဖြင့် လိုအပ်သော Foundation information တွေ ထည့်ထားရုံနဲ့ ဒါကို လုံလောက်ပြီလို့ ထင်နေကြ ပါတယ်။

လက်ရှိ အင်တာနက် အသုံးပြုသူများ အနေနဲ့ Facebook ကို အသုံးများပေမယ့် အင်တာနက်လိုင်း မြန်လာတဲ့ တစ်နှစ်အတွင်း အင်တာနက်ဆိုတာကို အချက်အလက်ရှာကို တကယ်ကောင်းကောင်းသုံးမယ့် ခေတ်တစ်ခုကို ခန့်မှန်းကြည့်ကြစို့။ လူတစ်ယောက် စားသောက်ဆိုင်ရှာချင်တယ်။ အိမ်ရှာချင်တယ်။ ခရီးသွားလာရေး ကိစ္စရှာချင်တယ်။ စာရေးသူ ကိုယ်တိုင် တစ်လောက ငွေဆောင်၊ ချောင်းသာ ခရီးသွားချင်လို့ ရှာဖွေတဲ့အခါ စိတ်တိုင်းကျတဲ့ ရလဒ်ကို မရရှိခဲ့ကြပါဘူး။ အကြောင်းကတော့ ဝဘ်ဆိုဒ်တော့ တွေ့ပေမယ့် ဝဘ်ဆိုဒ်ထဲမှာ လိုအပ်တဲ့ အချက်အလက် ပြည့်ပြည့်စုံစုံကို မဖော်ပြထားလို့ ဖြစ်ပါတယ်။

အချက်အလက် ပြည့်စုံတယ်လို့ ဆိုတဲ့ နေရာမှာ လက်မှတ်ဈေးနှုန်း၊ ဆိုင်လိပ်စာ လောက်ထည့်ရုံနဲ့ ပြီးတယ်လို့ ထင်ပါသလား။ Informaiton ကို Foundation အားဖြင့် ဖြည့်ပြီးရင် user တွေကို မိမိရဲ့ Cusotmer ဖြစ်သွားအောင် ဆွဲဆောင်တဲ့ အဆင့်က content ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဝဘ်ဆိုဒ်တစ်ခုမှာ အရေးအကြီးဆုံးက Content ဖြစ်ကြောင်း ယနေ့ခေတ်မှာ ဟစ်ကြွေးလာကြခြင်း ဖြစ်ပါတယ်။

 ကုန်ပစ္စည်း ဝဘ်ဆိုဒ်ပဲ ဖြစ်ဖြစ်၊ စီပွားရေး ကုမ္ဗဏီ၊ ဝန်ဆောင်မှု ကုမ္ဗဏီရဲ့ ဝဘ်ဆိုဒ်ပဲ ဖြစ်ဖြစ် ဝင်ကြည့်တဲ့လူတွေကို မိမိရဲ့ စားသုံးသူ ဖောက်သည်အဖြစ် ပြောင်းလဲ သွားနိုင်စေမယ့် အကြောင်းအရာများ ထည့်သွင်းထားရ ပါမယ်။ လူတွေ ဘာလိုအပ်သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း စဉ်းစားကြည့်တဲ့အခါ ကုန်ပစ္စည်းဆိုင်ရာ အကြောင်းအရာ စုံစုံလင်လင်နဲ့ အကြံဥာဏ်ပေးမှုများ ဖြစ်ပါတယ်။

ဒီတော့ ဝဘ်ဆိုဒ် ပိုင်ရှင်များ အနေနဲ့ ကုန်ပစ္စည်းအကြောင်းပဲ တင်တာထက် ကုန်ပစ္စည်းနှင့် ဆက်စပ်လို့ သိသင့်သိထိုက်တဲ့ အရာလေးတွေ၊ ဗဟုသုတလေးတွေ၊ လုပ်ဆောင်ချက် အသစ်လေးတွေ၊ ပရိုမိုးရှင်း အသစ်လေးတွေကို ရှိရင် ရှိသလို update လုပ်ပေးဖို့ လိုအပ် ပါတယ်။ ဒါကြောင့်မို့ Website တွေမှာ Blog တွေကို ထည့်သွင်းတဲ့ စနစ်ဟာ နိုင်ငံတကာမှာ ၂၀၀၅ ခှနှစ်လောက်က တည်းက ခေတ် စားပြီး မြန်မာပြည်မှာတော့ နည်းနေပါသေးတယ်။ အဓိကကတော့ အကျိုးရှိ အချက်အလက်များ ထည့်သွင်းမှုပါ။

အနီးစပ်ဆုံး ဥပမာ အားဖြင့် http://blog.gethuawei.com/ နဲ့ http://blog.htc.com/ တို့ကို ဥပမာ ယူနိုင်ပြီး မြန်မာပြည်မှာ ဆိုရင် http://www.imyanmarhouse.com/news နဲ့ https://www.work.com.mm/en/helpful-resources.html တို့ကို နည်းနာယူနိုင်မှာ ဖြစ်ပါတယ်။ အားသာချက် အနေနဲ့ လာကြည့်သူများဟာ Webstie မှာ engage ဖြစ်တဲ့ အချိန်ကိုလည်း ကြာစေသလို၊ reputation များတာကြောင့် ဝဘ်ဆိုဒ်ရဲ့ အရည်အသွေးကိုလည်း မြင့်တင်စေမှာ ဖြစ်ပါတယ်။ Web Content ဖန်တီးတဲ့အခါ လိုက်နာ ယူလို့ရမယ့် နားနာ ကိုလည်း ဓာတ်ပုံနှင့်တကွ မျှဝေပေးလိုက်ရ ပါတယ်။

Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 13, 2015

ဖေ့စ်ဘွတ် အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်



ဖေ့စ်ဘွတ် အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။

ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။

အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Credit : BBC

Post By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, February 4, 2015

Facebook ရဲ့ စတင်လွှင့်တင်ကာစ 2004 ခုနှစ်က ပုံရိပ်





ကျွန်တော်တို့ လက်ရှိအသုံးပြုနေကြတဲ့ Facebook ရဲ့ စတင်လွှင့်တင်ကာစ 2004 ခုနှစ်က ပုံလေးပါ။

ဘယ်လိုမှ စွဲမက်စရာ မကောင်းတဲ့ Facebook ရဲ့ Welcome Page , About Page ဟာ ဘယ်လို မှသေသပ် လှပမှု မရှိပဲ Harvard University အတွက်နဲ့ ကျောင်းပေါင်း စုံက ကျောင်းသားတွေအတွက်သာ ဖန်တီးခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး Social Website တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါပြီ။

စတင်လွှင့်တင်ကာစက Facebook ရဲ့ နာမည်က thefacebook ဖြစ်ပါတယ်။ ဒါကြောင့် URL ကနေ www.thefacebook.com လို့ရိုက်ပြီးရှာရင်လည်း ကျွန်တော်တို့ လက်ရှိ အသုံးပြုနေတဲ့ Facebook ကိုပဲ ရောက်ရှိမှာ ဖြစ်ပါတယ်။

Congratulation Mark Zuckerberg !!!! 



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, February 3, 2015

ဖုန်းဆက်ပြီး ကျီစယ်ခြင်းကို ကြိုက်နှစ်သက်တဲ့ အမေရိကန် သမ္မတ



(1923–1929)ခုနှစ်မှ အယောက် ၃၀ မြောက် အမေရိကန် သမ္မတဖြစ်ခဲ့ဖူးတဲ့ Calvin Coolidge ဟာ သူ့ရဲ့ သက်တော်စောင့် တွေကို ဖုန်းဆက် ကျီ စယ်ခြင်းနဲ့ သူပုန်းနေတဲ့အခါ သက်တော်စောင့်တွေက အပူတပြင်းလိုက်လံရှာဖွေခြင်းတွေကို ကြိုက်နှစ်သက်ပြီး ထိုသို့ပြုလုပ်ရခြင်းတွေ အပေါ် ပျော်ရွှင်မိတယ် လို့ လေ့လာတွေ့ရှိရပါတယ်။

Ref: Wiki

Written By Aung Ko Htet



Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, February 2, 2015

CPU တွေ ဘယ်လို အလုပ်လုပ်သလဲ ?




ဒီPost လေးကို brighter myanmar မှာကူးယူဖော်ပြပါသည်....
ကျေးဇူးပြုပီး ဒီ Post ကို ဖတ်တဲ့ အခါ PDF ဖိုင် အနေနဲ့ ဒေါင်းပီးဖတ်ပါ၊ ဒီပိုစ့် ကို သေချာနားလည်ဖို့ အတွက် ဓါတ်ပုံ နဲ့ အသေးစိတ်ရှင်းခဲ့ရပါတယ်၊ အခု Post တင်တော့ ဓါတ်ပုံ တစ်ပံပဲ တင်လို့ရလို့ Post ချည်း ဆို နားလည်ရခက်သွားနိုင်ပါတယ်၊ ဒီပိုစ်ကို ဖတ်ဖြစ်အောင် ဖတ်ပေးပါ မိတ်ဆွေတို့ အချိန် အလကား မဖြစ်စေရပါဘူး၊

CPU ရဲ့ မူရင်း စာလုံးက တော့ Central Processing Unit ဖြစ်ပါတယ်၊ သူ့ကို ကွန်ပြူတာ ဦးနောက်လို့လဲ အဓိပါယ် ဖွင့်ဆိုကြပါတယ်၊ CPU ဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို သိရင် ကွန်ပြူတာ ဘယ်လို အလုပ်လုပ် သလဲ ဆိုတာကို လဲ ကောင်းကောင်း သဘောပေါက်သွားမှာပါ၊

အခု CPU ကို ရဲ့ အဖုန်းကို ဖွင့်ကြည့်ရအောင်အထက်က ပုံကတော့ CPU ရဲ့ အဖုန်းကို ခွါလိုက်ရင် အတွင်းပိုင်းကို မြင်ရမယ့်ပုံပါ၊ အခု ပုံကြီးချဲ့လိုက်မယ်၊ နည်းနည်းပိုမြင်နိုင်အောင်လို့
CPU အထဲမှာ ၀ါယာ အမျိုးမျိုး က သတင်းအချက်အလက်တွေ သယ်ယူပို့ဆောင်တဲ့ အလုပ်ကိုလုပ်နေပါတယ်၊ အခု Post မှာ ရှင်းပြဖို့ အသုံးပြုသွားမယ့် CPU ကတော့ 65-02 လို့ခေါ်ပါတယ်၊ ဒီ CPU အမျိုးအစားကို Apple အပါအ၀င် ကွန်ပြူတာတွေအများစု မှာ အသုံးပြုကြပါတယ်၊ Original Naintainent System မှာလဲ ဒီ CPU ကိုပဲသုံးပါတယ်၊ ဒီ CPU ကိုရဲ့ အသေးစိတ် ဖြုတ်တပ်နည်းကိုသိချင်ရင်တော့ Virsual6502.org ၀က်ဆိုက်မှာ သွားရောက်ကြည့်ရူ့နိုင်ပါတယ်၊ 
ဘယ် CPU မှာ မဆို CPU အတွင်း လုပ်နေတဲ့အလုပ်တွေကို အခြေအနေမှန်မှန်နဲ့ တည်ငြိမ်စွာ Data သယ်ဆောင်မူ လုပ်ဖို့ အတွက် တိကျတဲ့ အချိန် အတိုင်း အတာ တစ်ခုတိုင်းမှာ ဖွင့်လိုက် ပိတ်လိုက် အလုပ်လုပ်နေတဲ့ ၀ါယာတစ်ချောင်းရှိပါတယ်၊ အဲ့ဒီ့ ၀ါယာကပဲ CPU အတွင်း လုပ်ဆောင်မူတွေကို မျှတစေပါတယ်၊ အဲ့ဒီ့ ၀ါယာကို Clock လို့ခေါ်ပါတယ်၊ Disimulation မှာ တစ်စက္ကန့်ကို Clock က နှစ်ကြိမ်ဖွင့် ပီး နှစ်ကြိမ်ပိတ်ပါတယ်၊ နောက်ပိုင်းပေါ်တဲ့ CPU တွေမှာတော့ Clock ရဲ့ အလုပ်လုပ်နှုန်းကို GHz (GigaHertz) နဲ့ တိုင်းတာပါတယ်၊ Giga ကတော့ 1 billion ကို ညွန်းပီးတော့ Hz Hertz ကတော့ တစ်စက္ကန့် အတွင်း ဘယ်နှစ်ကြိမ်အလုပ်လုပ်လဲကိုညွန်းပါတယ်၊ ဒီတော့ အခုခါတ် CPU တွေက တစက္ကန့်ကို အကြိပ် ရေး Billion အတော်များများ ဖွင့် လိုက် ပိတ်လိုက်ဖြစ်နေပါတယ်၊ ဒီလို တစ်စက္ကန့်မှာ Billions အတော်များများ ဖွင့် ပိတ်နိုင်ခြင်းကပဲ CPU ရဲ့ တွက်ချက် အလုပ်လုပ်နိုင်မူ စွမ်းအားဖြစ်ပီး CPU ကို အလွန် ရှုတ်ထွေးတဲ့ တွက်ချက်မူတွေကို လုပ်ကိုင်နိုင်စေပါတယ်၊
ဒါပေမယ့် Clock ပွင့် တဲ့ အချိန်မှာ CPU ရဲ့ အလုပ်လုပ်ပုံကတော့ လူတွေထင်ထားသလို ရှုပ်ထွေးတာ မဟုတ်ပဲ ရိုးရိုး ရှင်းရှင်းလေးပဲ အလုပ်လုပ်သွားတာပါ၊ အဲ့ဒီ့ အလုပ်လုပ်ပုံကိုပဲ ဒီ Post မှာလေ့လာသွားမှာပါ၊
CPU ကို အထူးထုတ်လုပ်တဲ့ ကုမ္မဏီ နှစ်ခုကတော့ Intel နဲ့ AMD တို့ဖြစ်ပါတယ်၊
 ဒီမှာ အသေးစိတ်လေ့လာသွားမယ့် CPU ရဲ့နာမည်ကိုတော့ Scott CPU လို့ခေါ်ပါတယ်၊ တကယ်တော့ Scott CPU ဆိုတာ အပြင်မှာတကယ် မရှိပါဘူး၊ လေ့လာသူတွေအတွက် အဆင်ပြေအောင် Clerk Scott က သူ့ရဲ့ “But How to it Know” ဆိုတဲ့စာအုပ်မှာ တည်ဆောက်ပြထားတဲ့ စာအုပ်ထဲက လေ့လာရေး CPU သာဖြစ်ပါတယ်၊ Scott CPU ရဲ့ ဒီဇိုင်းက Clerk Scott ရဲ့ Copyright ဖြစ်ပီး Youtube Master က ရှင်းပြလို သူရှင်းပြတဲ့ အတိုင်း ဒီ Post မှာ ပြန်ဖော်တာပါ၊ Hotdoitknow.com ၀က်ဆိုက်မှာ ဒီစာအုပ်ကိုဝယ်ဖက်နိုင်ပါတယ်၊ ဒီစာအုပ်ကတော့ တကယ့်ကို ဂျွတ်လှပါတယ်၊ အသေးစိတ်ကို တဆင့်စီ ဖြေးဖြေး ရှင်းသွားပီး
ဖတ်ရူ့သူကို ခက်ခဲစေမယ့် ဘယ်လို Techical Jarcon (နည်းပညာသုံးသီးသန့်စာလုံး) တွေမပါပါဘူး၊


အခု CPU ကိုပြောင်းပြန်လှန်ပီးအောက်ပိုင်းကို တစ်ချက်ကြည့်ကြမယ်၊
Pins တွေအတော်များများ အပြင်ထွက်နေတာကို တွေ့ရပါမယ် ၊ အဲ့ဒီ့ Pin တွေကပဲ သတင်းအချက်အလက်တွေကို CPU ထဲကို ပို့ပီး အဲ့ဒီ့ Pin တွေကပဲ အချက်အလက်တွေကို CPU ကနေ အပြင်ကို ပြန်ထုတ်ပေးပါတယ်၊ ဒီ Pin တွေက သတင်းအချက်အလက်တွေအတွက် CPU ထဲကို ၀င်မယ့် ၀င်ပေါက် ထွက်ပေါက်တွေပေါ့၊ CPU ကို Mother Board ထဲမှာ စိုက်ထည့်ထားပါတယ်၊ အောက်က အတိုင်းပေါ့၊

MotherBoard ကတော့ ကွန်ပြူတာရဲ့ Components တွေအားလုံးကို တပ်ဆင်ပီး အားလုံး အချိတ်အဆက်မိစေတဲ့ Circus Board တစ်ခုဖြစ်ပါတယ်၊ အထက်က ပုံက CPU အဖုံးကို ဖွင့်ထားတဲ့ ပုံပါ အခု ပြန်ပိတ်လိုက်ကြပီး MotherBoard ထဲပြန်ထည့်ကြမယ်၊ အောက်က အတိုင်း
အထက်ကပုံရဲ့ ညာဘက်မှာတော့ RAM ထည့်မယ့် Socket ပေါက်ကိုတွေ့ရပါမယ်၊ RAM ကတော့ Random Access Memory ရဲ့ အတိုကောက်ပါ၊ CPU ကနေ တွက်ချက် အလုပ်လုပ်လို့ရတဲ့ Data တွေအားလုံးကို RAM ကိုလှမ်းပို့ပီး RAM ထဲမှာ သိုလှောင်ထားပါတယ်၊ ဒီနေရာမှာ RAM နဲ့ CPU တို့ ဘယ်လို တွဲဖက်ပီး အလုပ်လုပ်လဲ သိဖို့လိုအပ်တဲ့ အတွက် RAM ဘယ်လို အလုပ်လုပ်လဲဆိုတာကိုလဲ လေ့လာရမယ်၊ အခု အထက်က ပုံရဲ့ ဘယ်ဘက်က မလိုအပ်တဲ့ Wire အစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပီး RAM Chips ပါပါဝင်မယ့် ပုံကို ကြည့်ကြမယ်၊

RAM ထဲမှာ Address လို့ခေါ်တဲ့ လိပ်စာတွေအများကြီးထည့်ထားတဲ့ စာရင်းပါပါတယ်၊ Address တစ်ခုစီက Data အစိတ်အပိုင်းတစ်ခုကိုညွန်းပါတယ်၊ အောက်က ပုံမှာ Addresses ကော Data တွေကိုပါ သရုပ်ဖော်ပြထားတယ်၊

CPU က RAM ထဲက Data တစ်ခုစီကို Request (တောင်းယူ) ပီးတော့ အလုပ်လုပ်ပါတယ်၊ Data တစ်ခု တောင်းယူ အလုပ်လုပ်ပီး နောက်တစ်ခု လုပ်တယ် နောက်တစ်ခုပီး နောက်တစ်ခု အလုပ်လုပ်တယ် စသဖြင့် တစ်ခုပီးနောက်တစ်ခု အစီအစဉ်အလိုက် အလုပ်လုပ်သွားတယ်၊ အစီအစဉ်တစ်ကျ အလုပ်လုပ် ဆိုပေမယ့် အမြဲ တမ်းတော့ အစီအစဉ်တစ်ကျ အလုပ်လုပ်နေမှာ မဟုတ်ပါဘူး၊ CPU ကို အစီအစဉ်တစ်ကျမဟုတ်ပဲ RAM ကနေ Data တွေကို တောင်းယူ အလုပ်လုပ်အောင် ညွန်ကြားနိုင်ပါတယ်၊ RAM က လဲ ဒီလို အစီအစဉ်မကျတဲ့ Request (တောင်းဆိုမူ) မျိုးကို လဲ လက်ခံနိုင်ပါတယ်၊ ဒါ့ကြောင့်ပဲ သူ့ကို Random Access Memory လို့ခေါ်တာပါ၊ ဒီတော့ CPU အနေနဲ့ ပုံမှန်အတိုင်းဆိုရင် RAM ထဲက ဒေတာတွေကို အစီအစဉ်အလိုက် တောင်းယူ အလုပ်လုပ်တယ်ဆိုပေမယ့် လိုအပ်လာရင် အစီအစဉ်မကျတဲ့ ပုံစံနဲ့ စိတ်ကြိုက် Data ကို တောင်းယူ အလုပ်လုပ်နိုင်တယ်ဆိုတာကိုလဲ သဘောပေါက်သင့်ပါတယ်၊

Computer က Program တစ်ခုကိုစ Run ပီဆိုတာနဲ့ CPU က RAM ဆီကနေ အလုပ်လုပ်လိုတဲ့ Program ကို တောင်းတဲ့ Request ကို တောင်းဆိုလိုက်ပါတယ်၊
RAM address မှာ တော့ 0 နဲ့ 1 တွေသာပါဝင်တဲ့ ဂဏန်းတွေတန်းစီထားပါတယ်၊ အဲ့ဒီ့ဂဏန်းတစ်ခုစီက တွေ On မလား Off မလား ဆိုတဲ့ အမိန့်ကို ကိုစားပြုပါတယ်၊ RAM မှာ Address တွေမရှိရင် RAM ကလဲ ဘာမှလုပ်နိုင်တော့ မှာမဟုတ်ပါဘူး၊ RAM အလုပ်လုပ်ဖို့ဆို CPU ကလဲ Enable Wire ကို On ပေးရပါတယ်၊ အောက်က ပုံမှာ Enable Wire On နေတာကို ကြည်ပါ၊ 
(မျက်စိရှင်ရှင်ထား)

အကယ်၍ Address လဲရှိမယ် Enable Wire ကလဲ On နေမယ်ဆိုရင်တော့ RAM က CPU ကတောင်း ဆိုထားတဲ့ Address မှာရှိတဲ့ Data ကို CPU ကိုပြန်ပို့ပေးပါတယ်၊ ဒီလို Data ပြန်ရပီဆိုရင်တော့ CPU က အဲ့ဒီ့ ဒေတာကို ကို အလုပ်စလုပ်တော့တယ်၊ အလုပ်လုပ်လို့ပီးသွားရင် CPU က RAM ဆီကို နောက်ထက် Address တစ်ခု ပြန်ပို့မယ်၊ Enable Wire ကို On လိုက်မယ်၊ ဒါဆိုရင် RAM က နောက်ထက် Data တစ်ခုကို CPU ကို ဆက်ပို့ပေးမယ်၊ CPU က လုပ်ဆောင်ချက်တွေလုပ်မယ်၊ ပီးရင် Address အသစ်ကို RAM ကို ပြန်ပေးမယ်၊ စသဖြင့် အလုပ် Data ပို့လိုက် ယူလိုက်နဲ့ ဆက်တိုက် အလုပ်လုပ်သွားမယ်၊ ဒီဖြစ်စဉ်က ကွန်ပြူတာမှာ အမြဲ ဖြစ်နေ တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်၊

အထက်က ဖြစ်စဉ်က CPU Data Processing လုပ်တဲ့ဖြစ်စဉ်ပါ၊ တကယ်၍ CPU က Data တစ်ခုကို အလုပ်လုပ်ပီးသွားလို့ အဲ့ဒီ့ အလုပ်နဲ့ ပက်သက်တဲ့ Data ကို သိမ်းဖို့ပါလိုလာပီဆိုရင်တော့ အထက်က နည်း အတိုင်း Address သာလျှင် RAM ကို ပြန်ပေးတာမဟုတ်တော့ပဲနဲ့ Address ကော Data ကော ကိုပြန်ပေးတယ်၊ Address ကို Address Bus ကနေ ပြန်ပေးတယ်၊ Data ကို Data Bus ကနေ ပြန်ပေးတယ်၊ ဒီလို Address ကော Data ကော ပြန်ပေးတဲ့အခါ Set Wire ကိုလဲ On ထားပါတယ်၊ ဒါဆိုရင်တော့ CPU ကပြန်ပေးလိုက်တဲ့ Data ကို RAM က ပြန်ပေးလိုက်တဲ့ Address အတိုင်း ရှိရင်းစွဲ Data ကို Override လုပ်ပစ်ပီးသိမ်းလိုက်ပါတယ်၊

RAM ထဲမှာ ရှိတဲ့ 0 တွေ 1 တွေက တကယ်တော့ မတူညီတဲ့ အချက်အလက်တွေကို ကိုယ်စားပြုပါတယ်၊ အရေး အကြီးဆုံး အချက်ကတော့ Instructions (ညွန်ကြားချက်တွေ) ပါ၊ Instructions တွေက CPU ကို ဘာအလုပ်ကို လုပ်မလဲ ဆိုတာကိုညွန်ကြားပေးတယ်၊ အောက် အနီရောင်မြားပြထားတဲ့ အနီရောင်မျဉ်းတန်း တွေအားလုံး က ညွန်ကြားချက် (Instruction) တွေပါ၊
Data တွေထဲမှာ Numbers တွေလဲပါပါတယ်၊ ဒီ Numbers တွေက Compare(နိုင်ယှဉ်ဖို့) Add (ပေါင်းဖို့) စသဖြင့် လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့ပါ၊

RAM ထဲမှာ Addresses တွေလဲပါပါသေးတယ်၊ Address တွေက ညွန်းတဲ့ Data တွေထဲမှာ Address တွေကို ပြန်သိမ်းထားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်ချင်စရာ ဖြစ်သွားမယ်၊ ဒါပေမယ့် ဒီ Address တွေကလဲ အသုံးဝင်လှသလို လိုအပ်တဲ့ အချက်တွေမျိုးစုံကို သိုလှာင်ထားနိုင်ပါတယ်၊
ဥပမာ OutPut Device တစ်ခုစီကို Data ကို ထုတ်ပေးချင်တယ်ဆိုပါစို့ ၊ ဒါဆိုရင် ကွန်ပြူတာထဲမှာရှိတဲ့ အဲ့ဒီ့ Device ရဲ့ Address ကို သိဖို့လိုပါတယ်၊ ကွန်ပြူတာနဲ့ ချိတ်ဆက်ထားတဲ့ဖုန်းကို Data Output လုပ်ပေးချင်ရင် ကွန်ပြူတာနဲ့ ချိတ်ဆက်တာနဲ့ ဖုန်းကို Register လုပ်ထားတဲ့ Address ကိုသိဖို့လိုပါတယ်၊

RAM ထဲမှာ Latter တွေကိုလဲ သိုလှောင်ပါသေးတယ်၊ အကယ်၍ Monitor Screen ပေါ်ကို စာသားတွေ Output လုပ်ချင်တယ်ဆိုရင် အဲ့ဒီ့ Output လုပ်လိုတဲ့ Data တွေကို 1 နဲ့ 0 တွေသုံးပီး RAM ထဲမှာသိုလှောင်ထားပါတယ်၊ စာသားတစ်လုံးစီကို သက်ဆိုင်ရာ Character Code အလိုက် 1 နဲ့ 0 တွေပေါင်းထားတဲ့ သီးသန့်အုပ်စု အနေနဲ့ သိုလှောင်တယ်၊ Character Code တွေကတော့ Obitary တွေဖြစ်ပါတယ်၊ ဥပမာ 01100001 က a အက္ခရာ အသေး 01000111 က G အက္ခရာ ဆိုပီး သတ်မှတ်တာပါ၊

အထက်က ဖော်ပြခဲ့တဲ့ Instruction,Number,Address,Letter တွေကတော့ RAM ထဲ က Data အနေနဲ့ ထည့်သွင်းသိမ်းဆည်းတဲ့ Data တွေဖြစ်ပါတယ်၊

အခု CPU ရဲ့ Instruction Set ကို တစ်ချက်ကြည့်ကြမယ်၊


RAM ရဲ့ Data တွေထဲမှာ Instrucion တွေပါတာကို သိနေလောက်ပါပီ၊ အဲ့ဒီ့ Instruction တွေ ဘယ်လောက် အထိ အရေးကြီးလဲ ဆိုတာလဲ ပြောခဲ့ပီးပါဘူး၊ အထက်က ပုံကတော့ အသုံးများတဲ့ Instructions တွေကို ဖော်ပြထားတဲ့ပုံပါ၊ ဒါအကုန်တော့မဟုတ်သေးဘူး၊ အသုံးအများဆုံးလို့ပဲပြောတာပါ၊ အခု အဲ့ဒီ့ Instruction တွေကို တစ်ခုစီရှင်းမယ်၊

LOAD : : Load Instruction ကတော့ RAM ကနေ ဂဏန်းတန်ဖိုး တစ်ခုကို CPU ထဲကို ၀န်တင်တဲ့ အခါ မှာ သုံးတဲ့ Instruction ပါ၊

ADD : : Add Instruction ကတော့ ဂဏန်း တန်ဖိုး နှစ်ခုကို ပေါင်းဖို့ အတွက် သုံးတဲ့ Instruction ပါ၊
STORE: : Store Instruction ကတော့ Add Instruction ညွန်ကြားချက်အတိုင်း ပေါင်းလို့ရလာတဲ့ Data ကို CPU က နေပြန်ပို့တဲ့အခါမှာ RAM မှာ ပြန်သိမ်းဖို့ အတွက်သုံးပါတယ်၊

COMPARE : : Compare Instruction ကတော့ ဂဏန်းတန်ဖိုး နှစ်ခုမှာ ဘယ်တစ်ခုပိုကြီးလဲနဲ့ သူတို့ တန်ဖိုး တူမတူ စစ်လိုတဲ့အခါသုံးပါတယ်၊ Compare Instruction က JUMP IF Instruction နဲ့ အများစု တွဲသုံးပါတယ်၊

JUMP IF : : JUMP IF Instruction ကိုတော့ အကယ်၍ စစ်ဆေးတဲ့ အခြေအနေတစ်ခုက မှန်ရင် Address A ကိုသွားမယ် မှား ရင် ဘာမှမလုပ်ဘူး စသဖြင့် အခြေအနေကိုစစ်ဆေးပီး Address ကို Randomly ပြောင်းချင်တဲ့အခါမှာ သုံးပါတယ်၊

JUMP : : Jump ကတော့ RAM ထဲက Address တွေကို အစီအစဉ် မကျတဲ့ ပုံနဲ့ စိတ်ကြိုက် ရွေးချယ်လို တဲ့အခါမှာသုံးတယ်၊

OUT : : Out Instruction ကတော့ Data တွေကို Monitor သို့ အခြား External Devices တွေကို Output ထုတ်လိုတဲ့အခါသုံးပါတယ်၊

IN : : IN Instruction ကိုတော့ Keybaord လိုမျိုး External Device ကနေ Data ထည့်သွင်းတာကို လက်ခံ တဲ့ အခြေအနေမျိုးမှာသုံးပါတယ်၊

အထက်က အချက်တွေကို သင်သေပြဖို့ အတွက် Gussing Program
လေးတစ်ခုကို တည်ဆောက်ကြည့်ပါမယ်၊ အောက်က ပုံကိုသေချာကြည့်ပါ မျက်စီကို ရှင်ရှင်ထားဖို့လိုမယ်၊
အထက်မှာ Load Instruction ကိုသုံးပီး 9 ကို CPU ထဲကို ၀န်တင်လိုက်ပါတယ်၊ Programmer က အဲ့ဒီ့ Number ကို CPU ထဲမှ ထားပီး Program အသုံးပြုသူကို နံပါတ်ဘယ်လောက်လဲ ခန့်မှန်းခိုင်ပါမယ်၊
 ဒါဆို Program အသုံးပြုသူက ခန့်မှန်းပီး သူထင်တဲ့ ဂဏန်းတန်ဖိုးကိုရိုက်ထည့် လိမ့်မယ်၊ အဲ့ဒီ့ အသုံးပြုသူ ရိုက်ထည့်တဲ့ တန်ဖိုး ကို IN instruction နဲ့ ဖမ်းမယ်၊ Input Device က Keyboard ဖြစ်တဲ့ အတွက် Keyboard Address အတိုင်းဖမ်းမယ်၊ ပီးရင် CPU ထဲမှာ Hold လုပ်ထားတဲ့ နံပါတ်နဲ့ Compare Instruction သုံးပီး နိုင်းယှဉ်မယ်၊ မှန်ရင် JUMP IF = Instruction ကိုသုံးပီး အောက်က Memory Address ကိုသွားခိုင်းမယ်၊ မှားခဲ့ရင် မှားခဲ့ကြောင်း OUT Instruction ကိုသုံးပီး Output Device ဖြစ်တဲ့ Monitor ကို Letter “G” ကို Output ထုတ်ပေးမယ်၊ ပီးရင် JUMP Instruction ကိုသုံးပီး အထက်က In Instruction ကို ပြန်သွားပီး နောက်တစ်ကြိမ် ထပ်ကြိုးစားခိုင်းမယ်၊ မမှန်မခြင်း ဒီ Process ကို ဆက်တိုက် ဖြစ်နေအောင် Program ကိုရေးသားထားနိုင်ပါတယ်၊

သေချာလေ့လာကြည့်ပါ၊ Instructions တွေ အားလုံးကိုသေချာ အသုံးပြုပြသွားတာပါ၊ Ourput နဲ့ Input Devices တွေအပါအ၀င် JUMF IF Instruction ကိုသုံးပီး မှန်ရင် Memory Address တစ်ခုကို Randomly သွားလိုက်တာကိုလဲ တွေ့ရမှာပါ၊ (နားလည်အောင် သေချာ ဖတ်ပါ)၊

အိုကေ RAM ကဏ္ဍပီးရင် RAM ကပေးတဲ့ Instruction တစ်ခုရတိုင်းရတိုင်း CPU က Instruction တွေကို ဘယ်လို အလုပ်လုပ်လဲကြည့်ရအောင်....

သုံးထားတဲ့ CPU 65-02 ရဲ့ Wiring နဲ့ Scoot CPU တို့ကို သေချာ လေ့လာကြည့်ရမှာပါ၊ (အထက်ကမှာ CPU ဖွင့်ထားတဲ့ပုံကိုပြခဲ့ပီးဖြစ်တဲ့ အတွက် နောက်တစ်ကြိမ်မပြတော့ဘူး)၊

CPU မှာ Components တွေအများကြီးပါတယ်၊ အရင်ဆုံး စတင်လေ့လာသွားမှာက Control Unit ဆိုတဲ့ Component ပါ၊ သူကတော့ တပ်တစ်ခုက အရာရှိနဲ့တူပါတယ်၊

Control Unit က RAM ကနေ ပီးတော့ အမိန့်ကို Instruction တစ်ခု အနေနဲ့ လက်ခံပါတယ်၊ လက်ခံရရှိလာတဲ့ Instruction ကို အခြား Components တွေအတွက် သက်ဆိုင်ရာ Commands တွေ အလုပ်တွေအလုက် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်၊ Control Unit အောက်မှာရှိတဲ့ အရေးအကြီးဆုံး Command တစ်ခုကတော့ Arithmetic Logic Unit ဖြစ်ပါတယ်၊ အတိုကောက် ALU လို့ခေါ်ပါတယ်၊
ALU လို့လဲအတိုကောက် ခေါ်တဲ့ Arithmetic Login Unit ကတော့ CPU ထဲမှာ Arithetic နဲ့ ပက်သတ်သမျှ အလုပ်တွေ ဖြစ်တဲ့ Adding(ပေါင်းခြင်း) Substraction (နုတ်ခြင်း) Comparing (နိုင်ယှဉ်ခြင်း) တွေအားလုံးကို လုပ်နိုင်ပါတယ်၊

ALU မှာ Input နှစ်ခုရှိပါတယ်၊ Input A နဲ့ Input B လို့ပဲ ဆိုကြပါစို့၊
ဆိုကြပါစို့ ရှေ့က ၀န်တင်ခဲ့တဲ့ညွန်ကြားချက်မှာ ဂဏန်း နှဏ်ခုပါတယ်ဆိုပါစို့၊ အဲ့ဒီ့ ဂဏန်း နှစ်ခုကိုလဲပေါင်းချင်တယ်၊ ဒါဆိုရင် အဲ့ဒီ့ ဂဏန်း နှစ်ခုကိုပေါင်းမယ့် ညွန်ကြားချက်ကို Control Unit က RAM ကနေ လက်ခံရရှိလာပီး ALU ကို ဘယ်လို အလုပ်ကိုလုပ်ဆောင်ရမလဲ ဆိုတဲ့ ညွန်ကြားချက်ကို ပို့ပေးတယ်၊

ALU က လဲ Control Unit ကနေ လက်ခံရရှိတဲ့ ညွန်ကြားချက်ကအတိုင်း အလုပ်လုပ်ပီး အဖြေကို Output လုပ်ပေးပါတယ်၊

တစ်ခါတစ်ရံမှာတော့ရရှိလာတဲ့ညွန်ကြားချက်ပေါ်မူတည်ပီး ALU ရဲ့ Output ကို ဘာမှဆက်မလုပ်ပဲ ဥပက္ခာပြုထားရတာရှိပါတယ်၊

မနက်ဖြန်ဆက်ရေးမယ်
အောက်က လင့်မှာ PDF ဖိုင်ကို ဒေါင်းလုပ်ရယူပါ၊

မှတ်ချက်၊ ဒီပို့စ်ကို BrighterMyanmar အဖွဲ့ ရေးတာဖြစ်ပီး အကယ်၍ ပို့စ် မှာ အမှား ပါနေတာတွေ့ရင် ကျေးဇူးပြုပြီး brightermyanmar@gmail.com ကို ကြောင်းကြားပေးပါခင်ဗျာ၊ ကျွန်တော်တို့ သေချာ ပြန်စီစစ်ပီး ပြင်ပါ့မယ်၊

Please Like Our Facebook Here

Thank You ! 

Aung Ko Htet