Powered by Blog - Widget
Showing posts with label Car Reviews. Show all posts
Showing posts with label Car Reviews. Show all posts

Tuesday, May 20, 2014

သိမှတ်စရာ နည်းပညာ အပိုင်း (၈)



Aung Ko Htet (MM IT Knowledge)

Hybrid Vehicle
==============
Hybridဆိုတဲ့ အခေါ်အဝေါ်နဲ့ ကားတွေကိုတော့ အားလုံး ကြားဖူးနေမှာ ဖြစ်ပေမယ့် တကယ်တမ်း Hybridဆိုတဲ့ မော်တော်ကားတွေရဲ့ ဆိုလိုရင်းနဲ့ လုပ်ဆောင်ပုံတွေ၊ ပုံမှန်ကားတွေနဲ့ ကွာခြားပုံတွေကိုတော့ သိတဲ့၊ နားလည်တဲ့သူ နည်းပါလိမ့်မယ်။ အကြောင်းကတော့ ဖုန်းတွေမှာ Andrioidနဲ့ iOSစနစ်တွေ အကြောင်း ကြားဖူးသူ များမှာ ဖြစ်ပေမယ့် အဲဒီ OSစနစ်တွေရဲ့ ကြားက ကွာခြားပုံတွေ၊ လုပ်ဆောင်ပုံတွေ အကြောင်းကိုတော့ နားလည်သူ နည်းပါတယ်။ ဒီလိုပါပဲ၊ Hybridအကြောင်း မသိသေးတဲ့ သူတွေ အတွက်တော့ အခု ကျွန်တော်ပြောပြမယ့် အကြောင်းအရာလေးတွေက အဆင်ပြေပါလိမ့်မယ်နော်။ ကောင်းပါပြီ၊ ကျွန်တော်တို့ Hybridတွေရဲ့ အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

Hybridကားတွေရယ်လို့ ခေါ်ရတဲ့ အကြောင်းကို အရင်ဆုံး ပြောရမယ် ဆိုရင်တော့ Hybridနည်းပညာကို သုံးပြီး လည်ပတ်လုပ်ဆောင်သွားလာတဲ့ မော်တော်ကား အမျိုးအစား ဖြစ်တာကြောင့် Hybridတွေရယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ဒါဆို Hybridက နည်းပညာ နာမည်ဆိုတာ သိပါပြီနော်။ ဒီတော့ ကျွန်တော်တို့ ဆက်ပြီးတော့ Hybrid နည်းပညာ အကြောင်းကို ကြည့်ရအောင်ပါ။ Hybridဆိုတဲ့ နည်းပညာက မတူညီတဲ့ စွမ်းအင် အရင်းအမြစ် နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့အရင်းအမြစ်တွေကို သုံးပြီး ယာဉ်ကို ရွေ့လျားအောင် လည်ပတ်စေတဲ့ နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ Hybrid Electric Vehicles (HEVs)လို့ ခေါ်ဝေါ်လေ့ ရှိပြီးတော့ ဘာကြောင့် အဲဒီလို ခေါ်တာလဲ ဆိုရင်တော့ စွမ်းအင် အရင်းအမြစ် အပိုင်းမှာ လျှပ်စစ် စွမ်းအင်နဲ့ ပုံမှန် စက်သုံးဆီ အမျိုးအစား တစ်မျိုးမျိုးကို သုံးစွဲ လည်ပတ်တာကြောင့် ဖြစ်ပါတယ်။

ဒီနေရာမှာ အတွင်းပေါက်ကွဲခန်း ပါဝင်တဲ့ ပုံမှန် အင်ဂျင်တစ်ခုကိုလည်း တပ်ဆင် ပါရှိမှာ ဖြစ်သလို နောက်ထပ် လျှပ်စစ် စွမ်းအင်သုံး အင်ဂျင်တစ်လုံးကနေ နှစ်လုံးထိအောင်လည်း တပ်ဆင်ပါရှိပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ အင်ဂျင် ဘယ်နှစ်လုံး တပ်ဆင်ပါရှိသည် ဖြစ်စေ၊ ဘယ်လို အမျိုးအစား များပြားတဲ့ အင်ဂျင်တွေ တပ်ဆင်ထားသည် ဖြစ်စေ၊ ယာဉ်ကို လည်ပတ်သွားလာနိုင်အောင် စွမ်းဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စပ်မိလို့ Hybridယာဉ်တွေ အသုံးပြုတဲ့ စွမ်းအင် အရင်းအမြစ်တွေ အကြောင်းကို ပြောပြချင်ပါတယ်။ အဲဒီ စွမ်းအင် အရင်းအမြစ်တွေက (၁) ကျောက်မီးသွေးနဲ့ ထင်း ဒါမှမဟုတ် အခြား သစ်သား မီးသွေးကို တွဲဖက်ပြီးတော့ ဖြစ်စေ၊ (၂) သဘာဝဓါတ်ငွေ့ကို ဖိအားပေး၍ တစ်ဖုံ၊ ငွေ့ရည်ဖွဲ့၍ တစ်ဖုံ ပေါက်ကွဲလည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၃) လျှပ်စစ်စွမ်းအင် စနစ်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၄) လျှပ်စစ် သံလိုက် စွမ်းအင်နဲ့ ရေဒီယိုလှိုင်းတွေကို တွဲဖက် ပြီးတော့ ဖြစ်စေ၊ (၅) လျှပ်စစ် ဘက်ထရီ အခြေပြု စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၆) လူ့စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (ဥပမာ - ခြေနင်းဖြင့် ဖြစ်စေ၊ တွန်းအား ယူ၍ ဖြစ်စေ)၊ (၇) ဟိုက်ဒရိုဂျင် စွမ်းအင်ကို အသုံးပြု၍ ဖြစ်စေ၊ (၈) စွမ်းအင် သိမ်းဆည်း၊ ပြန်ထုတ် စနစ်ကို အခြေပြု လည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၉) ဓါတ်ဆီနဲ့ ဒီဇယ်ဆီ စွမ်းအင်ကို အသုံးပြုပြီးတော့ ဖြစ်စေ၊ (၁၀) နေရောင်ခြည် စွမ်းအင်ကို အသုံးပြု လည်ပတ်စေပြီးတော့ ဖြစ်စေ၊ (၁၁) လေစွမ်းအင် စနစ်ကို အသုံးပြုပြီးတော့ ဖြစ်စေ လည်ပတ်သွားလာမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Hybridစနစ်သုံး စက်ဘီးတွေ၊ မိသားစုစီး မော်တော်ယာဉ်ငယ်တွေ၊ အကြီးစား ကုန်တင် မော်တော်ယာဉ်ကြီးတွေ၊ အကြီးစား ခရီးသည်တင် မော်တော်ယာဉ်နဲ့ ရထားတွေပါ တွေ့နိုင်နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ စပ်မိလို့ ပြောချင်တာလေး တစ်ခုက ရထားတွေမှာ Hybridစနစ်ကို သုံးပြီး လည်ပတ်နေပြီ ဆိုတာကို လက်ခံတဲ့ သူ နည်းတာကြောင့် Hybridစနစ်သုံး ရထားတွေ အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ ဒါကလည်း ဒီလိုပါ၊ ကျွန်တော် Hybridတွေ အကြောင်းရေးနေရင်း ကျွန်တော်သူငယ်ချင်းတစ်ယောက်ကို Hybridစနစ်သုံး ရထားတွေ အကြောင်း ပြောဖြစ်တော့ သူက Hybridစနစ်ဆိုတာ ဆီစွမ်းအင် စနစ်ကို အတတ်နိုင်ဆုံး ချွေတာတဲ့ စနစ်ဆိုတော့ စွမ်းအင် အထွက်လည်း နည်းမယ်၊ ဒီတော့ ဘယ်လိုမှ ရထားတွေမှာ Hybridစနစ်နဲ့ လည်ပတ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုတာကြောင့် သူ့ကို ရှင်းပြသလို ရထားတွေမှာ Hybridနဲ့ သွားနေတဲ့ အကြောင်းကို ပြောချင်ပါတယ်နော်။

ဥရောပမှာ ဆိုရင် ကနေဒါ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Bombardierက ပြင်သစ်မှာ သုံးဖို့ အတွက် ရည်ရွယ်ပြီးတော့ Autorail a grande capaciteဆိုတဲ့ Hybridစနစ်သုံး ရထားကို ထုတ်လုပ် သုံးစွဲနေတာ တွေ့နိုင်သလို အဆိုပါ ရထားမှာ ဆိုရင် ဒီဇယ်ဆီစနစ်နဲ့ လျှပ်စစ် စွမ်းအင် စနစ်ကို နှစ်မျိုး တွဲဖက် သုံးစွဲပြီးတော့ လျှပ်စစ် ဗို့အား ၁၅၀၀ဗို့ကနေ ၂၅၀၀၀ဗို့ထိအောင် ထုတ်လုပ်လည်ပတ်စေတာ တွေ့ရပါတယ်။ နောက်ပြီးတော့ နယ်သာလန်မှာလည်း အဆိုပါ ပုံစံတူ ရထားမျိုး လည်ပတ်သုံးစွဲနေတာ တွေ့နိုင်ဦးမှာပါ။ နောက်ပြီးတော့ အာရှတိုက်ထဲက တရုတ်မှာ ဆိုရင် ၁၉၉၉ခုနှစ်ကတည်းက Hybridအခြေပြု ရထားရဲ့ ဒီဇိုင်းကို ထုတ်လုပ်ရေးဆွဲနိုင်ခဲ့တာ တွေ့ရပြီးတော့ ၂၀၀၀ခုနှစ် အရောက်မှာ စမ်းသပ်ထုတ်လုပ်နိုင်ပြီ ဖြစ်သလို G12လို့ အမည်ပေးထားတဲ့ အဆိုပါ ရထားဟာ ဆိုရင် လျှပ်စစ် မဂါဝပ် ၂၀၀ကီလိုလောက်ထိအောင် ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။

နောက်ပြီးတော့ ဂျပန်မှာက KiHa E200ဆိုတဲ့ Hybridရထားအင်ဂျင်ဟာ ဆိုရင် လျှပ်စစ် စနစ် အခြေပြု အင်ဂျင် ဖြစ်ပြီးတော့ သူက Lithium ionဘက်ထရီကို သုံးပြီး စွမ်းအင် ထိန်းသိမ်း လည်ပတ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အမေရိကမှာ ဆိုရင်လည်း General Electricကနေ Ecomaginationအမည်ရှိတဲ့ Hybridစနစ်သုံး ရထား အင်ဂျင်တစ်မျိုးကို ၂၀၀၇ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာ တွေ့နိုင်ပြီး အဆိုပါ အင်ဂျင်ဟာ ဆိုရင် Sodium nickel chlorideသုံး ဘက်ထရီကို အဓိကထား စွမ်းအင် သိုလှောင် လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါက ရထားတွေမှာ သုံးတဲ့ Hybridတွေ အကြောင်းပါ။ ဒီလောက်ဆိုရင် ရထားတွေမှာလည်း Hybridတွေ သုံးနိုင်တယ်ဆိုတာ လက်ခံလောက်ပါပြီနော်။

ပုံမှန် မိသားစုစီး မော်တော်ကားတွေမှာတော့ Hybridစနစ်က ပုံမှန် မော်တော်ကားတွေထက်စာရင် ဓါတ်ငွေ့ထုတ်လွှတ်မှုနှုန်း နည်းတာကြောင့် အခုနောက်ပိုင်းမှာ ဘယ်ကားကုမဏီတွေက မဆို Hybridမော်ဒယ်တွေကို တွဲဖက် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ နောက်ပြီးတော့ ဓါတ်ငွေ့ထုတ်လွှတ်မှုနှုန်း နည်းတယ်ဆိုတဲ့ တစ်ချက်တည်းတင် မဟုတ်သေးပဲ တစ်ဖက်ကလည်း ဆီစားနှုန်း အထူး နည်းပါး ကောင်းမွန်တာကြောင့် ဆီဖိုးသက်သာနိုင်ပါတယ်။ ပြီးတော့ မော်တော်ယာဉ်တွေတင် မဟုတ်ပဲ စစ်ဖက်သုံး စက်တပ်မော်တော်ယာဉ် အမျိုးမျိုး၊ သဘောင်္တွေနဲ့ Aircraftတွေမှာပါ Hybridစနစ်ကို သုံးနေတာ တွေ့နိုင်ပါတယ်။

ref: လင်းလင်း (IA)

ဂုဏ်ဒြပ်တစ်ခုရဲ့ ပြယုဂ် BMW 3 Series 2014



Aung Ko Htet (MM IT Knowledge)
 
BMWဆိုတာ ဂျာမနီ အခြေစိုက် ကားကုမ္ပဏီ တစ်ခု ဖြစ်ပြီးတော့ အလွယ်တမ်း ပြောရမယ် ဆိုရင် နာမည်ကျော် Mercedes-Benzနဲ့ Audiလို Brandတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်နိုင်တဲ့ အနေအထားပါ။ သိသာကွဲလွဲတဲ့ ဒီဇိုင်းပိုင်း သီးခြား ရှိတယ်၊ ခေတ်ရှေ့ပြေးတဲ့၊ စံမီတဲ့ နည်းပညာ ဖွံ့ဖြိုးတပ်ဆင် ပါရှိမှု ရှိတယ်၊ ရေရှည်ခံနိုင်ရည်နဲ့ အာမခံချက် ရှိတယ်၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ရှိတယ်၊ ဒီလောက်ဆိုရင် BMWက နည်းတဲ့ အဆင့် မဟုတ်တော့ဘူး။ ထားပါတော့၊ ဒါက BMWအကြောင်း၊ အခု ကျွန်တော်ပြောမယ့် 3 Seriesအကြောင်း နည်းနည်းလောက် နိဒါန်းချီဦးမယ်၊ Sedanဆိုတာ မိသားစုစီး ကားရယ်လို့ ဆိုတာထက် ပိုကောင်းတဲ့ ရုပ်ထွက်မျိုး ရှိတဲ့ ကားအမျိုးအစား၊ အလွယ်ဆုံး ယှဉ်ပြောရရင် Hatchbackတစ်စီးနဲ့ ပွဲလမ်းတစ်ခု သွားတာထက် Sedanနဲ့ ပွဲလမ်းတစ်ခု တက်တာက ပိုပြီး လိုက်ဖက် တင့်တယ်မှု ရှိမယ် မဟုတ်လား။ ဟုတ်ပါတယ်၊ အကြောင်းကတော့ ဒီဇိုင်းပိုင်း စကားပြောတာပါ၊ အခု 3 Seriesက Sedanအမျိုးအစား၊ နောက်ပြီး ဆွဲဆောင်မှု ကောင်းတဲ့ ဒီဇိုင်းလည်း ရှိတယ်၊ နောက်ပြီး Sedanတစ်စီးအတွက် စွမ်းဆောင်ရည် ဘယ်လောက်များတဲ့ အင်ဂျင်ကို တပ်ဆင်ထားတာမျိုး လိုချင်ပါသလဲ၊ အလတ်တန်းစားလောက်ဆိုရင် အဆင်ပြေတယ် မဟုတ်လား၊ အခုလည်း 3 Seriesက အလတ်တန်းစားလောက် သတ်မှတ်နိုင်မယ့် အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ဒါတွေက အောက်ဖက်မှာ ကျွန်တော် တစ်ချက်ချင်းစီ ပြန်ရှင်းပါ့မယ်နော်၊ Overviewထက် ကျွန်တော်တို့ Detailဖြစ်အောင် ကြည့်ရအောင်ပါနော်။




Pros and Cons
------------------
3 Seriesက အမြန်နှုန်း မြှင့်တင်မောင်းနှင်ရမှု ကောင်းမွန်သလို လက်ကိုင်ပိုင်းကလည်း မြို့တွင်းလမ်းကြောင်းတွေနဲ့ အထူးကိုက်ညီ သင့်တော်ပါတယ်။ လမ်းကြောကျပ်ကျပ်၊ ရှုပ်ရှုပ်ထွေးထွေး နေရာတွေ အတွက် အဆင်ပြေမှာ ဖြစ်သလို ကိုယ်ထည်ပိုင်းကလည်း အရည်အသွေးကောင်းတာမို့ လုံခြုံစိတ်ချရမှု ရှိပါလိမ့်မယ်။ ဆီစားနှုန်း အပိုင်းကတော့ ဥရောပထုတ် အခြား Sedanတွေနဲ့ ယှဉ်ကြည့်ရင် သိသိသာသာ ကောင်းမွန်တာ တွေ့နိုင်ပြီးတော့ အတွင်းပိုင်း အပြင်အဆင်နဲ့ အသုံးပြု တည်ဆောက်ထားတဲ့ ဆက်စပ် ပစ္စည်းတွေကလည်း အရည်အသွေးကောင်းမွန်ပါတယ်။ နောက်ပြီးတော့ ထိုင်ခုံပိုင်းမှာက စိတ်ကြိုက်ချိတ်ညှိနိုင်မှု၊ ဒီဇိုင်းပိုင်း အချိုးကျမှု၊ သက်တောင့်သက်သာ ဖြစ်မှု၊ အပူပေးစနစ် တပ်ဆင် ပါရှိမှုနဲ့ ခရီးဝေး မောင်းနှင်မှုတွေ အတွက် သင့်တော်မှုတွေက အားသာချက်တွေ ဖြစ်ပါတယ်နော်။
အားနည်းချက် အပိုင်းမှာက Hybridတစ်စီးမှာ ရှိသင့်တဲ့ Featureတစ်ခု ဖြစ်တဲ့ ActiveHybrid3ကို တပ်ဆင် ပါရှိမှု မရှိတာက အခြား တန်းတူ မော်ဒယ်တွေနဲ့ နှိုင်းစာရင်တော့ မျက်နှာငယ်စေပါတယ်။ Navigation System ပါဝင်မှု မရှိတာကလည်း Luxuryတစ်စီးရယ်လို့ သတ်မှတ်ဖို့ရာ အနည်းငယ် အခက်တွေ့စေပါလိမ့်မယ်။ နောက်ပြီးတော့ အလိုအလျောက် Stop-Startစနစ်ကလည်း ပုံမှန်ထက် စာရင်တော့ သိပ်ပြီး သဘောမကျလှပါဘူး။





Body
------
အရောင်အပိုင်းမှာတော့ အပြင်ဘက်မှာ အဖြူရောင်၊ အနက်ပြောင်ရောင်၊ ငွေမင်ရောင်နဲ့ အခြား လူကြိုက်များတဲ့ အရောင်စုစုပေါင်း ၁၂ရောင်ထိအောင် ရွေးချယ်နိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ အတွင်းပိုင်းမှာတော့ Luxuryတန်းဝင် မော်ဒယ်တစ်ခုအလား ထင်မှတ်ရလောက်အောင် သားရေနဲ့ အထည်အသားကို ရောပြီး အမျိုးအစား ၅မျိုးထိအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစား အပိုင်းမှာက အလျား ၁၅ပေနဲ့ ၂လက်မခွဲ၊ မျက်နှာစာ အကျယ် ၅ပေနဲ့ ၁၁လက်မကို သုံးစိတ်စွန်းမှာ ဖြစ်ပြီးတော့ ကားရဲ့ အမြင့်ကတော့ ၄ပေနဲ့ ၈လက်မကို သုံးစိတ်စွန်းမှာပါ။ အတွင်းခန်း အကျယ်အ၀န်းတွေက ရှေ့ဖက်ခန်းရော နောက်ဖက်ခန်းပါ ၅၅လက်မ တစ်စိတ်စွန်းစီ ရွယ်တူ ရှိမှာပါ။ ကားတစ်စီးလုံးရဲ့ အလေးချိန်က ပေါင် ၃၃၀၀ကို နည်းနည်းလေးပဲ လျော့မှာ ဖြစ်ပြီးတော့ ၀န်တင်ရုန်းကန်နိုင်မှုကတော့ ပေါင် ၉၀၀ကျော် ဖြစ်ပါတယ်။ 


 Engine
--------
တပ်ဆင်ထားတဲ့ အင်ဂျင် အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၀လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ အင်ဂျင်ရဲ့ လည်ပတ်ပုံ အပိုင်းမှာ တစ်မိနစ်ရဲ့ လည်ပတ်အား အပတ်ရေ ၁၂၅၀မှာ အင်ဂျင်ရဲ့ ရုန်းအား ၁၈၄ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ ထွက်ရှိလာမယ့် စွမ်းအင် ပမာဏကတော့ မြင်းကောင်ရေ ၁၈၀အား ရှိမှာ ဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နှုန်းကို ပြောပါဆိုရင်တော့ တစ်မိနစ်ကို အပတ်ရေ ၅၀၀၀ဖြစ်တာကြောင့် ဆီစားနှုန်းကတော့ အထူးသက်သာ ကောင်းမွန်ပါလိမ့်မယ်နော်။ ဒါပေမယ့် နောက်ဘီးယက် စနစ်ဖြစ်တာကြောင့် ပုံမှန် ရှေ့ဘီးယက် စနစ်တွေထက် စာရင်တော့ ဆီစားနှုန်း များနိုင်ပါတယ်။ Transmissionအပိုင်းမှာက Autoစနစ်ကို သုံးပြီးတော့ စုစုပေါင်း ဂီယာချက် ၈ချက်ထိအောင် သုံးနိုင်မှာ ဖြစ်တာကြောင့် နယ်ဝေးခရီးသွားလာမှုတွေ အတွက် အထူးကောင်းမွန်ပါလိမ့်မယ်။ 





Fuel
-----
ဒီအပိုင်းကတော့ Prosအပိုင်းမှာတောင် ကျွန်တော် ထည့်ပြောထားတာ ဖတ်မိပြီးသား ဖြစ်ပါတယ်နော်။ 3 Seriesက ဆီစားနှုန်း အထူး သက်သာကောင်းမွန်တာတွေ့နိုင်ပြီးတော့ ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို မိုင်၃၀လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ 3 Seriesက နောက်ဘီးယက် စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းမှာ ဆီစားနှုန်း နည်းနည်း ပိုများနိုင်ပြီးတော့ Cityအတွက် ဆိုရင် ဆီတစ်ဂါလံကို ၂၄မိုင်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာ ဆိုရင် ဆီတစ်ဂါလံကို ၃၆မိုင်လောက်ထိအောင် စီးနင်းသွားလာနိုင်မှာ ဖြစ်ပါတယ်။ အလယ်အလတ်တန်းစား Sedanတစ်စီး ဖြစ်ပြီးတော့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၅.၈ဂါလံ ဖြစ်တာကြောင့် နယ်ဝေးသွားလာနိုင်မှုတွေမှာ အဆင်ပြေမှာပါ။ 





Safety
--------
အာမခံ အပိုင်းမှာ ၄နှစ် မိုင် ၅၀၀၀၀ထိအောင် ပေးထားတာ တွေ့ရတာကြောင့် အာမခံ သက်တမ်းကောင်းမွန်တဲ့ မော်ဒယ် တစ်စီးပါ။ Suspensionအပိုင်းမှာက MacPherson strutကို ရှေ့ဖက် အထိုင် အနေနဲ့ သုံးပြီးတော့ နောက်ဖက်အတွက်ကိုတော့ Multi-linkစနစ်နဲ့ သွားမှာပါ။ နောက်ပြီးတော့ ဘီးလေးဘီးစလုံး အတွက်ကတော့ Four-wheel Independent Suspensionစနစ်ကို သုံးထားတာ တွေ့ရပြီးတော့ ရှေ့ဘက်၊ နောက်ဘက်တွေ အားလုံးကို Stabilizerတွေနဲ့ ထိန်းထားပါသေးတယ်။ သက်တောင့်သက်သာ စီးနင်းနိုင်မှု အတွက်ကတော့ Crusie Controlစနစ်လို အကူစနစ်ကို သုံးနိုင်မှာ ဖြစ်ပြီးတော့ လမ်းကြောင်းထိန်းချုပ်မောင်းနှင်နိုင်မှု အတွက်ကတော့ Traction Controlနဲ့ Stability Controlတွေကို သုံးနိုင်မှာပါ။ ဘရိတ်စနစ်မှာ လေးဘီးချုပ် ABSစနစ်ကို တပ်ဆင်ထားပြီးတော့ အသက်ကယ် လေအိတ်စနစ်မှာတော့ ရှေ့ဖက်၊ နောက်ဖက် ဦးခေါင်းပိုင်း အသက်ကယ် လေအိတ်စနစ်၊ ရှေ့ဖက် ဘေးခြမ်း အသက်ကယ် လေအိတ်စနစ်နဲ့ အရေးပေါ် အကူ ဘရိတ်စနစ်၊ ရှေ့ဖက်၊ နောက်ဖက် Discဘရိတ် အကူစနစ်နဲ့ လျှပ်စစ် စနစ်အခြေပြု ဘရိတ်ထိန်းချုပ်အား ဖြန့်ဝေမှုစနစ်တွေကို သုံးနိုင်မှာ ဖြစ်ပါတယ်။

ref: လင်းလင်း (IA)

Tuesday, May 13, 2014

Luxuryတန်းဝင် Mercedes-Benz E350 2014



Aung Ko Htet (MM IT Knowledge)



အရင်တုန်းက Mercedes-Benzရဲ့ E Classအကြောင်းကို ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးပါပြီနော်၊ Luxuryတန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှု ကောင်းတဲ့ အကြောင်းတွေ၊ အင်ဂျင်ပိုင်း သင့်တင့်တဲ့ အချက်တွေ ဘာတွေပေါ့၊ ဒါပေမယ့် အရင် ကျွန်တော် မိတ်ဆက်ခဲ့တာက ပင်မ မော်ဒယ်ခွဲ ဖြစ်တဲ့ E Classကိုပဲ ဖြစ်ပြီးတော့ အခုတော့ ကျွန်တော်က E Classရဲ့ လက်ခွဲ E350နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက အင်ဂျင်ပိုင်း အရွယ်ကြီးမားတယ်၊ နောက်ဆက်တွဲ ရလဒ် အဖြစ် စွမ်းဆောင်ရည် မြင့်မားလာတယ်၊ ဒါပေမယ့် ဆီစားနှုန်းတော့ များသွားတယ်၊ အရွယ်အကြီးစား ဆီဒင် အဖြစ် ဖန်တီးထားတယ်၊ နောက်ဆက်တွဲ ရလဒ် အဖြစ် အတွင်းခန်း ကျယ်ဝန်းလာတယ်၊ ၀န်တင်ဆောင်နိုင်မှု များလာတယ်၊ ဒါပေမယ့် Cityလမ်းကြောင်းတွေ အတွက် အနည်းငယ် အခက်အခဲ ရှိလာမယ်။ ဒီလိုပါပဲ… အပြစ်နဲ့ မကင်းပေ…ဒွန်တွဲနေတဲ့.. အဖြစ်တွေ ဆိုပြီး ကိုငှက်သီချင်းကို Copyလုပ်ပြီး ဆိုလို့တောင် ရပါသေးတယ်။ ကဲ..ထားပါတော့၊ ဘယ်လိုတွေ ဒွန်တွဲနေတယ် ဆိုတာကို တစ်ချက်ချင်းစီ ကြည့်သွားရအောင်ပါနော်။

ကျွန်တော့်ရဲ့ အကောင်းမြင်ဝါဒ…
------------------------------------
အရင်ဆုံး မြင်မိတဲ့ အချက်က အင်ဂျင်ပိုင်း ဖြစ်ပြီးတော့ ၃.၅လီတာသုံး V6အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းက လုံလောက်ပါပြီ။ ဒါပေမယ့် V8အဖြစ်နဲ့ပါ ထုတ်လုပ်ထားတာက ရွေးချယ်စရာ ပိုမို များပြားသွားစေတဲ့ သဘောပါ။ နောက်ပြီး ကျွန်တော့် အမြင်အရတော့ V6အင်ဂျင်ပိုင်းမှာ ဒီဇယ်ဆီ စနစ်သုံးကို ပိုပြီး သဘောကျမိပါတယ်။ အတွင်းခန်း တည်ဆောက်ထားရှိပုံ ကောင်းမွန်တယ်၊ လုံခြုံရေး စနစ် ဆိုင်ရာ Featureတွေ စံမီတယ်၊ များပြားတယ်၊ ဆီဒင် တစ်စီးအတွက် လုံလောက် သင့်တော်တဲ့ တပ်ဆင်ထားရှိမှုတွေ တပ်ဆင်ထားတယ်၊ အပူပေးထိုင်ခုံစနစ်တွေလည်း တပ်ဆင်ထားတယ်၊ Autoစနစ်နဲ့ ဖြစ်ပေမယ့် အရှိန်မြှင့်တင်မောင်းနှင်နိုင်မှု ကောင်းမွန်တယ်။ နောက်ပြီး V6အင်ဂျင်တပ်မှာရော၊ V8အင်ဂျင်တပ်မှာပါ သင့်လျော်ကောင်းမွန်တဲ့ ဆီစားနှုန်း တွေ့ရတယ်။

ကျွန်တော့်ရဲ့ အဆိုးမြင်ဝါဒ…
--------------------------------
တခြား ဈေးကွက်ဝင် ပြိုင်ဖက် ကားမော်ဒယ်တွေနဲ့ စာရင် ဒီဇိုင်းပိုင်းက Sportမဆန်တာကြောင့် ရုပ်ထွက်ပိုင်းက အားပျော့တယ်လို့ ထင်မိပါတယ်။ နောက်ပြီး V6အင်ဂျင်တပ် မော်ဒယ်အတွက် ပျမ်းမျှ ဆီစားနှုန်းက ဆီတစ်ဂါလံကို ၂၅မိုင် ဖြစ်နေပေမယ့် တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၂၁.၁ဂါလံ ဆံ့တယ်ဆိုတော့ နည်းနည်း ကြီးနေသလိုပါပဲ၊ ကျွန်တော့် အမြင်အရတော့ ဆီတိုင်ကီပိုင်းကို နည်းနည်း သေးပြီး နောက်ဖက် ၀န်တင်ခန်းကို ပိုကျယ်အောင် ဖန်တီးသင့်တယ်လို့ ထင်ပါတယ်။ နောက်ဆုံး တစ်ချက်က အရှိန်မြှင့်တင်မောင်းနှင်နိုင်မှု ဖြစ်ပြီးတော့ E350ရဲ့ အရှိန်မြှင့်တင်နိုင်မှုက ပုံမှန် အနေအထားပဲ ဖြစ်တာကြောင့်၊ ဒီထက် ပိုမို ကောင်းမွန်တဲ့ အရှိန်မြှင့်တင်နိုင်မှု ဖြစ်သင့်တာပဲ ဖြစ်ပါတယ်။

မျက်စိရှေ့က အပျိုကြီး…
--------------------------
ခေါင်းစဉ်လေးကို တစ်မျိုးတစ်မည် ပြောင်းတပ်ထားလို့ အံ့သြသွားပါသလား၊ တစ်မျိုးတော့ မထင်လိုက်ပါနဲ့။ ဒီလိုပါ၊ E350က အရွယ်အကြီစား ဆီဒင် ဖြစ်တာကြောင့် လူတွေလို ဆိုရင် အသက်သုံးဆယ်ကျော် Sizeဖြစ်သွားတာကြောင့် အပျိုကြီးလို့ ဆိုလိုက်တာပါ။ အင်း..ဆက်ပြောရမယ်ဆိုရင် ဒီအပျိုကြီးမှာ One Set အကျီင်္က လူကြိုက်များတဲ့ အနက်ရောင်၊ ငွေရောင်၊ အဖြူရောင်တွေ အပါအ၀င် စုစုပေါင်း ၁၇ရောင်ထိအောင် ရှိတာကြောင့် တစ်မျိုး မကြိုက်ရင် နောက်တစ်မျိုး စိတ်ကြိုက်ရွေးချယ်နိုင်မှာပါနော်။ အဲ…ပြီးတော့ တိုးတိုး တိတ်တိတ်ပြောရမယ်ဆိုရင် အတွင်းပိုင်းက သားရေ၊ အထည်၊ Plasticဦးစားပေးတွေ အဖြစ်နဲ့ ဖန်တီးထားတဲ့ ဒီဇိုင်း ၉မျိုး ရှိသေးတယ်ဗျ…နော။ အလုံးအထည်ကလည်း ကြည့်ဦးလေ၊ အလျားက ၁၆ပေကို သုံးစိတ်ပဲ လျော့တယ်ဆိုတဲ့ အတိုင်းအထွာက နည်းလားဗျာ၊ ပြီးတော့ မျက်နှာစာ အကျယ်က ၆ပေနဲ့ ၁လက်မ၊ အမြင့်က ၄ပေနဲ့ ၁၀လက်မကို တစ်စိတ်လျော့ ဆိုတာတွေက မျက်စိထဲ မြင့်ကြည့်စမ်းပါဗျာ၊ ဒီ အပျိုကြီးက တောင့်တောင့်တင်းတင်း၊ ဖြောင့်ဖြောင့်စင်းစင်းကြီးဗျ..နော။ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်နိုင်မှုက Luxuryဆိုတော့ ပမာဏနည်းတယ်၊ ဒီတော့ အပျိုကြီးက နုနုလေးပဲ နေမှာနော်၊ ခယောင်းလမ်းတွေကိုတော့ မလျှောက်ရေးချ၊ မလျှောက်ပဲ။ အတွင်းခန်းတွေက ရှေ့ဖက်ခန်း ၅၈လက်မနီးပါးနဲ့ နောက်ဖက်ခန်း ၅၇လက်မ နီးပါးတွေ ဖြစ်ပြီး အပျိုကြီးရဲ့ အလေးချိန်က ပေါင် ၃၈၀၀ကျော်တာကြောင့် အစားကြီးမယ့်ပုံပါပဲ။

အပျိုကြီးရဲ့ ခြေလှမ်း…
------------------------
ကျွန်တော် ပြောတဲ့ အပျိုကြီးက လူကောင်သာ ကြီးတာ စိတ်ကတော့ မြန်တယ်ဗျ။ ၃.၅လီတာသုံး V6အင်ဂျင်ကို တပ်ထားတာ ဖြစ်ပြီးတော့ လည်ပတ်အား ၃၅၀၀မှာ ရုန်းအားက ၂၇၃ပေ-ပေါင် ဆိုတာက ပုံမှန်ထက် နည်းတယ်လို့ ထင်ရပေမယ့် စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၀၂ကောင်အား ဆိုတာကတော့ အပျိုကြီး ဘယ်လောက် ခြေလှမ်းသွက်မယ်ဆိုတာ ရိပ်မိစေပါတယ်။ အင်ဂျင်ရဲ့ အမြန်ဆုံး လည်ပတ်နိုင်မယ့် နှုန်းက တစ်မိနစ်ကို အပတ်ရေ ၆၅၀၀ဆိုတာကတော့ နည်းနည်း များသလိုပါပဲနော်။ နောက်ဘီးယက် စနစ် ဖြစ်ပြီးတော့ Transmissionအပိုင်းက Autoစနစ်နဲ့ သွားမှာ ဖြစ်သလို စုစုပေါင်း သုံးနိုင်မယ့် ဂီယာချက်က ၇ချက် ဖြစ်တာကြောင့် နယ်ဝေးသွားလာမှုတွေ အတွက်လည်း အဆင်ပြေစေနိုင်ပါတယ်။ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုနှုန်းက တစ်နာရီ မိုင်၆၀နှုန်းကို အချိန် ၆.၅ စက္ကန့်ပဲ ဆိုတာက Autoစနစ်နဲ့ သွားတဲ့ အပျိုကြီး အတွက် ခြေလှမ်းသွက်တယ်လို့ ဆိုနိုင်တဲ့ အနေအထားပါ။

အပျိုကြီးအတွက် မိတ်ကပ်ဖိုး…
--------------------------------
ခန္ဓာကိုယ် လှလှ၊ ခြေလှမ်း ကြွကြွ အပျိုကြီး အတွက် မိတ်ကပ်ဖိုးငွေကတော့ မကုန်မဖြစ်ပါပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ အပျိုကြီးက အလှမက်တာကြောင့် မိတ်ကပ်မှ မလိမ်းရရင် တစ်လက်မတောင် မရွေ့ဘူး ဆိုတာကြောင့်ပါ။ ဒါပေမယ့် တစ်ခုကောင်းတာက အပျိုကြီးက မိတ်ကပ်ဖိုး ငွေများများ မတောင်းတာပဲ ဖြစ်ပြီးတော့ သူ့က မိတ်ကပ် တစ်ချက်ကို ပျမ်းမျှ ၂၅မိုင်လောက်ထိအောင် သွားမှာပါတဲ့။ Cityအတွက် ဆိုရင် မိုင်၂၀နဲ့ Highwayအတွက်ဆိုရင် မိုင် ၃၀ထိအောင် သွားမယ်ဆိုတဲ့ နှုန်းကတော့ တော်တော်လေးကို စိတ်ဝင်စားစရာပါနော်။ တပ်ဆင်ထားတဲ့ ဆီတိုင်ကီကို ကြည့်မယ်ဆိုရင်တော့ စုစုပေါင်း ၂၁ဂါလံကျော်ထိအောင် ဆံ့ဝင်မှာ ဖြစ်တာကြောင့် ပြောခဲ့ပြီးသလို တိုင်ကီက နည်းနည်း ကြီးနေသလိုပါပဲ။

အပျိုကြီးရဲ့ သစ္စာ…
---------------------
သစ္စာနဲ့ တူတဲ့ ယုံကြည့်စိတ်ချရမှု အပိုင်းမှာတော့ အပျိုကြီးက အမှတ်ပြည့်ပါပဲ။ တစ်ယောက်ဆို တစ်ယောက်၊ ပိတောက်ဆို ပိတောက်ပဲလို့ ဆိုနိုင်လောက်အောင် ယုံကြည်စိတ်ချနိုင်တာ တွေ့ရမှာ ဖြစ်ပြီးတော့ ဘရိတ်ပိုင်းမှာ ABSစနစ်ကို တပ်ဆင်ထားသလို အသက်ကယ် လေအိတ်စနစ်အပိုင်းမှာလည်း ရှေ့ခန်း ဘေးဘက် အသက်ကယ် လေအိတ်စနစ်၊ ရှေ့ဖက် တင်ပါးဆုံပိုင်း ဆိုင်ရာ အသက်ကယ် လေအိတ်စနစ်၊ ဘေးဘက် အသက်ကယ် လေအိတ်စနစ်နဲ့ ယာဉ်မောင်းဆိုင်ရာ ဒူးခေါင်းပိုင်း အသက်ကယ်လေအိတ်စနစ်တွေ ပါဝင်တာကြောင့် အပြည့်အစုံပါပဲနော်။ Stabilityနဲ့ Tractionတို့လို အကူစနစ်တွေလည်း သုံးနိုင်မှာ ဖြစ်သလို သက်တောင့်သက်သာ လိုက်ပါစီးနင်းနိုင်ဖို့ အတွက် Cruise Controlလို စနစ်လည်း တပ်ဆင်ထားပါသေးတယ်။ ဘရိတ်ပိုင်း ထိန်းချုပ်ရပ်တန့်နိုင်မှုကို ပြောရမယ်ဆိုရင်တော့ တစ်နာရီ မိုင် ၆၀နှုန်းနဲ့ သွားလာနေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၂၁ပေ ယူမှာ ဖြစ်တာကြောင့် နည်းနည်းလေး များပါတယ်။ ဒါပေမယ့် E350 4Matic Wagonကတော့ ၁၀၉ပေပဲ ဖြစ်တာကြောင့် ဒီအပျိုကြီးကတော့ ခြေမများဘူးလို့ ဆိုရမှာပါ။ 
 






ref: လင်းထက် (IA)

သိမှတ်စရာ နည်းပညာ



Aung Ko Htet (MM IT Knowledge)


အပိုင်း (၆)


Saving Gas
=============

အခု တစ်ပတ်အတွက် ကျွန်တော်ပြောပြချင်တာကတော့ မကြာသေးခင်ကမှ ကမ္ဘကျော် ကားမဂ္ဂဇင်း တစ်စောင် ဖြစ်တဲ့ MSNရဲ့ ဆီစားနှုန်းကို အကောင်းဆုံး ချွေတာပေးနိုင်မယ့် နည်းလမ်းကောင်းတွေနဲ့ ဖြစ်ပါတယ်။ ဆောင်းပါးရှင်ရဲ့ အဆိုအရတော့ အောက်ပါနည်းလမ်းတွေ အတိုင်းသာ လိုက်နာ ဆောင်ရွက်မယ် ဆိုရင် ပုံမှန် စီးနင်းနိုင်တဲ့ ဆီတစ်ဂါလံနှုန်းထက် ပိုမို ခရီးရောက်အောင် စီးနင်းနိုင်မယ်လို့ ဆိုတဲ့ အပြင် ဆီပန့်ကိုလည်း အထိခိုက် သက်သာစေနိုင်မယ်လို့ ဆိုပါတယ်။ ကောင်းပါပြီ။ ဆီစားနှုန်းကို အကောင်းဆုံး ချွေတာပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဆက်ကြည့်ရအောင်နော်။

(၁) မော်ဒယ်နိမ့်နေတဲ့ SUVနဲ့ Truckဆန်ဆန် ကားကောင်းတွေကို သုံးစွဲမောင်းနှင်ခြင်း မပြုတာဟာ အရေးအကြီးဆုံး တစ်ချက် ဖြစ်ပါတယ်။ အကြောင်းကတော့ ဆီတစ်ဂါလံကို ပျမ်းမျှ မိုင်၂၀၀န်းကျင်နဲ့ အောက်လောက်သာ စီးနင်းနိုင်သလို ဓါတ်ငွေ့ထုတ်လွှတ်မှုလည်း များပြားတာကြောင့် ပတ်ဝန်းကျင်ကိုပါ အကျိုးသက်ရောက် ပျက်စီးမှု ဖြစ်စေနိုင်တာကြောင့် တကယ်တမ်း တွက်ကြည့်မယ်ဆိုရင် ဆီဖိုးငွေ ပိုမို ကုန်ကျတာကတစ်ကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုများပြီး ပတ်ဝန်းကျင် ထိခိုက်စေနိုင်တာက တစ်ကြောင်းနဲ့ မော်ဒယ်နိမ့်ကားတွေ ဖြစ်တာကြောင့် ပြင်ဆင်စရိတ် များပြားတာတွေကြောင့် ဆက်လက် သုံးစွဲဖို့ မသင့်တော်ပါဘူး။

(၂) အမြန်နှုန်း မြှင့်တင်နိုင်မှု နှေးကွေးတာနေပြီ ဖြစ်တဲ့ ကားတွေကို အသုံးပြုနေခြင်းဟာလည်း ဆီကုန်ကျမှု စရိတ်များစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဆီစားနှုန်းများပြီး အင်ဂျင်ရဲ့ စွမ်းဆောင်ရည် နိမ့်နေပြီ ဖြစ်တဲ့ မော်တော်ကားတွေဟာ အဝေးပြေး လမ်းတွေပေါ်မှာ မောင်းနှင်ရာမှာ အရှိန်မြှင့်တင်နိုင်မှု နှေးကွေးသလို ပုံမှန် အရှိန်ယူချိန်တွေထက် အချိန် နှစ်ဆလောက်ပေးရတာကြောင့် ဆီစရိတ်လည်း တက်လာတတ်ပါတယ်။

(၃) ဂီယာချော်နေတတ်တဲ့ ကားတော်တော်များများဟာ မြို့တွင်းလမ်းကြောင်းတွေမှာ မောင်းနှင်တဲ့ အချိန်တွေမှာ ဒုက္ခတွေ့တတ်ပါတယ်။ အကြောင်းကတော့ မီးပွိုင်တွေ ဖြတ်တဲ့ အချိန်တွေမှာ ဖြစ်ပြီးတော့ အင်ဂျင်က လည်ပတ်နေပေမယ့် လိုအပ်တဲ့ အရှိန်နှုန်းနဲ့ မြန်ဆန်မှု မရတာကြောင့် ဆီပိုကျွေးပြီး မောင်းနှင်ရတာမျိုး ဖြစ်လာစေပါတယ်။

(၄) မနက်ပိုင်း မိမိရဲ့ မော်တော်ကားကို မသုံးသေးချိန်မှာ ဆယ်မိနစ်လောက် စောပြီး စက်နှိုးထားခြင်းနဲ့ အသုံးပြုနေဆဲ ကားတစ်စီးကိုလည်း ခဏတာ နားပြီး ခရီးဆက်ဖို့ ရှိနေသေးတယ်ဆိုရင် လုံးလုံး ရပ်မပစ်ပဲ ဆက်နှိုးပြီး ဆက်ထားသင့်ပါတယ်။ (ချွင်းချက် အနေနဲ့တော့ ခရီးဝေးမောင်းနှင်ထားတဲ့ ကားတွေကတော့ စက်ကို ရပ်ပြီး အနားပေးသင့်ပါတယ်)။ အကြောင်းကတော့ မော်တော်ကားလို ရွေ့လျား စက်ပစ္စည်းတွေက အင်ဂျင်ပူနေလေ ဆီစားနှုန်း(စွမ်းအင် အသုံးချနှုန်း)နည်းပါးလို့ ဖြစ်ပါတယ်။

(၅) မနက်ပိုင်း စက်နှိုးမထားချင်သူတွေ အတွက်ကတော့ မိမိကားကို အသုံးပြုသွားလာတော့မယ်ဆိုရင် မိမိ သွားလာရမယ့် ခရီးတွေထဲက အဝေးဆုံး ခရီးစဉ်ကို ရွေးချယ် သွားလာခြင်းက အင်ဂျင်ကို လိုအပ်တဲ့ အပူချိန် အမြန်ဆုံး ရရှိစေနိုင်မယ့် နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။

(၆) နောက်ပိုင်း စမ်းသပ်မှုတွေ အရတော့ အရှန်မြင့် မောင်းနှင်မှုတွေ တစ်နည်း ပြောရရင် ခရီးဝေး သွားလာမှုတွေမှာ ပြတင်းပေါက်တွေ ချပြီး(ဖွင့်ပြီး) မောင်းနှင်မှုတွေက ပုံမှန် အရှိန်ထက် လျော့အောင် ဖန်တီးသလို ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နာရီမိုင်၆၀နဲ့ အထက် ဆိုသလို အမြန်နှုန်းနဲ့ မောင်းနှင်မှုတွေ လုပ်ဆောင်ရာမှာ ပြတင်းပေါက်တွေကို ပိတ်ပြီး မောင်းနှင်သင့်ပါတယ်။

(၇) မလိုအပ်တဲ့ ၀န်တွေကို လျော့ချပြီး မိမိ မော်တော်ကားကို အပေါ့ပါးဆုံး ဖြစ်အောင် ဖန်တီးမောင်းနှင်ခြင်းကလည်း ဆီစားနှုန်းကို အကောင်းဆုံး ချွေတာစေပြီး မော်တော်ကားကို အကောင်းဆုံး အရှိန်နဲ့ ပြေးလွှားနေစေမှာ ဖြစ်ပါတယ်။

(၈) မြို့တွင်း မောင်းနှင်ခြင်းတွေမှာ ပေါင် ၃၀၀၀န်းကျင်လောက်လေးတဲ့ Toolboxကို ယူဆောင်ခြင်း မပြုပဲ မောင်းနှင်သင့်ပါတယ်။ ကားပြင်ဆင်ဆိုင်တွေ များပြားတဲ့ နေရာတွေမှာ Toolboxကို အိမ်မှာ ချန်ခဲ့ခြင်းအားဖြင့် မိမိကားရဲ့ ၀န်ကို လျော့နည်းစေမှာပါ။

(၉) အရှန်နှုန်း မြှင့်ပြီး မောင်းနှင်ခြင်း တစ်မျိုး ပြောရရင် သင့်တင့် သတ်မှတ်ထားသော အမြန်နှုန်းကို တပြေးညီ မောင်းနှင်သွားလာခြင်းကလည်း ဆီစားနှုန်းကို ချွေတာနိုင်ပါတယ်။ နှစ်နဲ့ သုံးလို ဂီယာချက်တွေကို သုံးပြီး မောင်းနှင်တာထက် အဲဒီထက် ပိုကြီးတဲ့ ဂီယာချက်တွေနဲ့သာ သွားလာ မောင်းနှင်ချင်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

(၁၀) E15အဆင့်ရှိတဲ့ ဆီတွေထက် E10အဆင့်ရှိတဲ့ စက်သုံးဆီမျိုးကို ရွေးချယ် သုံးစွဲတာကလည်း ဆီစားနှုန်းကို သက်သာစေမှာပါ။ အကြောင်းကတော့ E15ဟာ E10ထက် စွမ်းအင် ထုတ်လုပ်ပေးနိုင်မှု အပိုင်းမှာ ၃၀ရာခိုင်နှုန်းလောက် နိမ့်တာကြောင့် ဖြစ်ပါတယ်။

(၁၁) မျက်နှာပြင် ကျယ်ဝန်းတဲ့ တာယာတွေဟာ ကားတစ်စီးရဲ့ အရှိန်ကို လျော့ကျစေနိုင်တာကြောင့် တကယ်တမ်း သုံးစွဲမယ်ဆိုရင်တော့ မျက်နှာပြင် သေးငယ် ကျဉ်းမြောင်းတဲ့ တာယာတွေကို ၀ယ်ယူ တပ်ဆင် သုံးစွဲသင့်ပါတယ်။

(၁၂) နောက်တစ်ချက်ကတော့ အင်ဂျင်ရဲ့ အသံကို နားထောင်ခြင်း ဖြစ်ပါတယ်။ အလွယ်တမ်း မှတ်ထားနိုင်စရာ ရှိတာကတော့ အင်ဂျင်သံ ဆူညံတဲ့ ကားတွေဟာ အင်ဂျင်သံ တည်ငြိမ် တိုးဆိတ်တဲ့ ကားတွေထက် ဆီစားနှုန်း ပိုများတယ်ဆိုတာပါပဲ။

(၁၃) နောက်ဆုံး တစ်ချက်ကတော့ အစားထိုး သုံးစွဲခြင်း ဖြစ်ပါတယ်။ MSNရဲ့ အလိုအရတော့ သူတို့နိုင်ငံမှာ စက်ဘီးကိုလည်း မြို့တွင်း အလွယ် သွားလာရေး ပစ္စည်း အဖြစ် လက်ခံ သုံးစွဲတာကြောင့် ခရီးတစ်မိုင်လောက်ထိအောင် ခရီးနီးသွားလာမှုတွေ အတွက် စက်ဘီးကို အစားထိုး သုံးဖို့ ပြောထားတာ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ စက်ဘီးကို အစားထိုး သုံးစွဲမှု နည်းပါးတာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ အစားထိုး သုံးစွဲမှု တစ်ခုကို အတုယူနိုင်အောင် ရေးသားပေးလိုက်တာပါ။ ပြောခဲ့သလို ခရီးနီး သွားလာမှုတွေ အတွက် စက်ဘီးကို အစားထိုး သုံးစွဲ သွားလာခြင်းကလည်း ချွေတာရေး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

=========

ref: လင်းလင်း (IA)
 

Tuesday, April 29, 2014

မြန်မာနိုင်ငံကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံး ကားငါးမျိုး



Aung Ko Htet (MM IT Knowledge)


ပြည်တွင်းကားဈေးကွက်အတွင်း အဝယ်လိုက်ဆုံးသော ကားအမျိုးအစားငါးမျိုးကို motors.com.mm မှ ထုတ်ပြန်လိုက်သည်။



မြန်မာနိုင်ငံ၏ ကားဈေးကွက်လှုပ်ရှားမှုအနေအထားများနှင့် motors.com.mm တွင် လူကြိုက်အများဆုံးကားများအပေါ် မူတည်၍ လတ်တလော ကားဈေးကွက်၏ အဝယ်လိုက်ကားများကို ထုတ်ပြန်
လိုက်ခြင်းဖြစ်သည်။ အဆိုပါကားများမှာ Toyota Probox, Honda Fit, Toyota Belta, Toyota Caldina, Toyota Mark II တို့ဖြစ်သည်။ Motors.com.mm တွင် တင်ထားမှုအများဆုံး၊ အသုံးပြုသူများ ရှာဖွေမှုအများဆုံး ကားအမျိုးအစားအနေဖြင့် Honda အမှတ်တံဆိပ်နှင့် Toyota အမှတ်တံဆိပ် ကားအမျိုးအစားများဖြစ်ကြောင်း သိရသည်။ motors.com.mm မှ အဆိုပါ ကားအမျိုးအစားငါးမျိုး အဝယ်လိုက်ခြင်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း သုံးသပ်ထားသည်။







(1) Toyota Probox



ဈေးနှုန်းအတန်အသင့်နဲ့ အိမ်စီးကားအပြင် လုပ်ငန်းအတွက်လည်း အသုံးပြုနိုင်တဲ့ အချက်တွေနဲ့ အဝယ်လိုက်ခဲ့တဲ့ Toyota Probox ကတော့ မြန်မာနိုင်ငံမှာ အတော်လေးကို ဈေးကွက်လှုပ်ရှားခဲ့တာပါ။ တချို့သော အားနည်းချက်တွေရှိပေမယ့်လည်း အိမ်စီးအပြင်လုပ်ငန်းအတွက် ပစ္စည်းတင်နိုင်တဲ့ Estate Car ပုံစံဖြစ်ပြီး အင်ဂျင်ပါဝါကလည်း 1.3၊ 1.5 အမျိုးအစားဖြစ်တဲ့အတွက် ဆီစားနှုန်းလည်း သိပ်မများလှပါဘူး။





(2) Honda Fit



ရန်ကုန်ရဲ့မြို့တွင်းပိုင်းတွေမှာ ကားပါကင်ထိုးရတာ မလွယ်မှုတွေကြောင့် Hatchback အရွယ်အစားကားတွေကို လူကြိုက်များပါတယ်။ Hatchback အမျိုးအစားကိုမှ ပုံစံအနေအထားသပ်ရပ်တဲ့ Honda Fit ကတော့ လူကြိုက်များတာ သိပ်တော့မဆန်းပါဘူး။ Honda Jazz လို့လည်း လူသိများပြီး ၂၀၁၀ ခုနှစ်မှာ ရောင်းအား ၃.၅ သန်းအထိ ရှိခဲ့တာပါ။ အခုလာမယ့် ၂၀၁၅ အတွက်ကိုလည်း တတိယမြောက် မျိုးဆက်ဖြစ်တဲ့ 2015 Honda Fit မော်ဒယ်အမျိုးအစားနဲ့ ဈေးကွက်ဝင်ရောက်လာဦးမှာကို Detroit Auto Show မှာ ပြသခဲ့ပါတယ်။






(3) Toyota Belta



ဆီစားနှုန်းသက်သာနိုင်ပြီး အင်ဂျင်ပါဝါ ၁.၃  ပုံစံနဲ့ အိမ်စီးဇိမ်ခံကားအဖြစ် လူကြိုက်များနေတဲ့ Belta ကတော့ အီတလီဘာသာစကားဖြစ်တဲ့ Bella Genta (Beautiful People) ကနေ ဆင်းသက်လာတာ ဖြစ်ပါ
တယ်။ ဆလွန်းပုံစံနဲ့ Mark II, Crown တို့နဲ့ ဈေးကွက်အပြိုင်လိုက်နိုင်ပြီး မြန်မာနိုင်ငံမှာတော့ ဈေးကွက်အဆင့် ၃ နေရာလောက်မှာ ရှိနေပါတယ်။




(4) Toyota Caldina



Caldina ကတော့ တံခါး ၅ ပေါက်၊ Van ပုံစံနဲ့ ၁၉၉၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ Caldina Van, ကြက်တူရွေး၊ စက်ရုပ်နာမည်များဖြင့် လူသိများပြီး ဈေးကွက်ရပ်တည်မှု အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ Caldina Van ကလွဲပြီး ကြက်တူရွေးနဲ့ စက်ရုပ်အမျိုးအစားများမှာကတော့ အတွင်းပိုင်းပြင်ဆင်မှုကောင်းမွန်တဲ့အတွက် လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခုအဖြစ် ရှိနေပါတယ်။




(5) Toyota Mark II



နံပါတ် ၅ နေရာမှာ ရောက်ရှိနေတဲ့ Mark II ဆိုတာကတော့ ၁၉၆၀ ပြည့်နှစ်များနောက်ပိုင်းမှာ စတင်အသုံးပြုခဲ့တဲ့ Toyota ရဲ့ Sub-Brand တစ်ခုပါ။ Toyota Corona Mark II (Cressida) ဆိုပြီး ၁၉၆၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး၊ မူလပုံစံဇိမ်ခံကားအမျိုးအစားဖြစ်ပြီး ဆလွန်းပိုင်းကျတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Toyota Crown လို ဇိမ်ခံကားစစ်စစ်ကြီး မဟုတ်ပေမယ့်လည်း အတွင်းပိုင်းပြင်ဆင်မှုက သပ်ရပ်ပြီး Smart ကျတဲ့အတွက် အခုလတ်တလောပိုင်းမှာဆိုရင် ရွှေငါးတွေ အဝယ်ပြန်တက်နေတယ်လို့ ဈေးကွက်ထဲမှ သိရှိရပါတယ်။




ref: Internet 

Monday, April 21, 2014

Luxuryတန်းဝင်တဲ့ Chevrolet Suburban 2013



Aung Ko Htet (MM IT Knowledge)
 

ကျွန်တော် မှတ်မိသလောက်တော့ Chevyရဲ့ Suburbanအကြောင်းကို အရင်က ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် စာမူအဟောင်းကိုတော့ ပြန်ပြီး Pressလုပ်ဖို့ ပေးလိုက်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရင် ကျွန်တော် မိတ်ဆက်ပေးခဲ့ဖူးတဲ့ Suburbanက ၂၀၀၇ခုနှစ် မော်ဒယ် ဖြစ်သလို Usedအဖြစ်နဲ့ ပြည်တွင်းဈေးကွက်မှာ ၀ယ်ယူနိုင်တဲ့အချိန်တုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပြီး အခု ကျွန်တော် မိတ်ဆက်ပေးမှာက Brand New Suburbanအကြောင်းဖြစ်သလို ပြည်တွင်းမှာ Chevyရဲ့ Showroomကို သွားပြီး လေ့လာဝယ်ယူနိုင်တဲ့ အနေအထားပါ။ ကောင်းပါပြီ၊ ဒီတော့ ကျွန်တော် အရင်ရေးပေးခဲ့ဖူးတဲ့ Suburbanအကြောင်းကို ဖတ်ဖူးသူတွေ အနေနဲ့ စာမူအဟောင်းကို ပြန်ပြီး ဖတ်ရမှာ မဟုတ်ဖူးဆိုတာကို ပြောပြီးတဲ့ နောက်မှာတော့ အခု ဒီတစ်ပတ်အတွက် ကျွန်တော် ရွေးချယ်ထားတဲ့ Brand New Suburbanအကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။ 



Luxuryတန်းဝင်ရတဲ့ အကြောင်း….
---------------------------------------
ပထမဆုံး ခေါင်းစဉ်မှာ Luxuryတန်းဝင်တယ်လို့ ဆိုလိုက်ရတဲ့ အကြောင်းကို ရှင်းပြချင်ပါသေးတယ်။ ကမ္ဘာ့ကားလောကမှာတော့ ကားတစ်စီးကို Luxuryတန်းဝင်တယ်၊ မ၀င်ဘူး ဆိုတာကို သတ်မှတ်ဖို့ အခြေခံ အချက် ၃ချက် ရှိရပါတယ်။ အဲဒါက ဆက်သွယ်ရေးဆိုင်ရာ Featureအပိုင်းမှာ Bluetoothကို သုံးနိုင်ရမယ်၊ နောက်ပြီး Mappingပိုင်းမှာ Navigation Systemကိုလည်း တပ်ဆင်ထားရမယ်၊ နောက်ဆုံးတစ်ချက်ကတော့ Heated Seatဆိုတဲ့ အပူပေး ထိုင်ခုံတွေလည်း ပါဝင်ရဦးမယ်ဆိုတာတွေ ဖြစ်ပါတယ်။ ဒီနေရာမှာ Bluetoothကတော့ နောက်ပိုင်းထုတ် မော်ဒယ်တော်တော်များများမှာ သုံးနိုင်တာ တွေ့ရတာကြောင့် အထူးအဆန်း မဟုတ်ပေမယ့်၊ Navigation Systemနဲ့ Heated Seatတွေကတော့ တွေ့ရခဲမှာပါနော်။ ဒီသုံးချက်က အခြေခံအပိုင်း ဖြစ်ပြီးတော့ ကျန်တဲ့ Luxuryတစ်စီးမှာ ရှိရမယ့် စွမ်းဆောင်ရည်တွေလည်း ပါဝင်ပါတယ်။ ကောင်းပါပြီ၊ ဒါကြောင့်လည်း ကျွန်တော်က Suburbanကို Luxuryတန်းဝင်တယ်လို့ ဆိုလိုက်တာပါ။



လူတိုင်းစိတ်ဝင်စားကြတဲ့ အချက်က….
-------------------------------------------
SUVတစ်စီး အနေနဲ့ ခရီးသည် လိုက်ပါနိုင်တဲ့ ထိုင်ခုံတန်း နှစ်တန်း ဒါမှမဟုတ် သုံးတန်း ပါဝင်လေ့ ရှိပါတယ်။ ဒီတော့ အရင်ဆုံး ကိုယ့်မိသားစုကို တစ်ချက်လောက် ပြန်ရေတွက် ကြည့်လိုက်ပါ၊ မိသားစု ဦးရေ များလား၊ နည်းလား၊ နည်းတယ်ဆိုရင်တော့ အာရှ SUVတစ်စီးစီးက Suburbanထက် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ပြောချင်ပေမယ့်၊ မိသားစု ဦးရေ များတယ်ဆိုရင်တော့ Suburbanက သင့်အတွက် အဆင်ပြေစေပါလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ Suburbanမှာ တတိယထိုင်ခုံတန်း ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရသလို ခရီးသည် လိုက်ပါစီးနင်းနိုင်မှုက ၉ယောက်ထိအောင် ဖြစ်လို့ပါပဲ။ နောက်ပြီး အတွင်းခန်းတွေ ကျယ်ဝန်းတာကြောင့် ခရီးသည် ဦးရေ များများ လိုက်ပါနေသည့်တိုင်အောင် ချောင်ချောင်ချိချိ လိုက်ပါနိုင်မှာပါ။ နောက်ဆုံးအနေနဲ့ လူအများ စိတ်ဝင်စားမယ့် အချက်ကတော့ V8အင်ဂျင် အနေနဲ့ အထိအတွေ့သစ်ကို ခံစား မောင်းနှင်နိုင်မှာ ဖြစ်ပြီးတော့ ဘယ်လို မောင်းနှင်လို့ ကောင်းပါတယ်ဆိုတာကို ကျွန်တော်ပြောပြနေတာက ဖောင်နေရာ စာရွက်ဖြုန်းသလို ဖြစ်နေမှာဆိုတော့ ကောင်းပါတယ်ဆိုတဲ့ မှတ်ချက်ကိုပဲ ပေးလိုက်ပြီးတော့ တကယ်လို့ အထိအတွေ့သစ်ကို လက်တွေ့ခံစားကြည့်ချင်တယ်ဆိုရင်တော့ Showroomမှာပဲ သွားပြီး ခံစားကြည့်နိုင်ပါတယ်နော်။



ပြန်ပြီးစဉ်းစားရမယ့် အချက်…
---------------------------------
တတိယမြောက်ထိုင်ခုံတန်း ပါဝင်တာက လူအများ စိတ်ဝင်စားမယ့်၊ သဘောကျမယ့်၊ လက်ခံမယ့် အချက် ဖြစ်ပေမယ့် တစ်ဖက်က အဲဒီ တတိယမြောက် ထိုင်ခုံတန်းကို ခေါက်လို့၊ သိမ်းလို့ မရအောင် ဖန်တီးထားတာက ရေရှည်အတွက် ပြန်ပြီး စဉ်းစားစရာ ဖြစ်လာပါတယ်။ ဘာကြောင့်ပါလဲ၊ လွယ်လွယ်လေးပါ၊ SUVတစ်စီးအတွက် နောက်ဖက် ၀န်တင်ခန်းနေရာက အရေးပါသလို အဲဒီနေရာ ကျယ်ဝန်းမှလည်း ၀န်များများ တင်နိုင်မှာ ဖြစ်လို့ပါ၊ အခုတော့ Suburbanက နောက်ဖက် ၀န်တင်ခန်း နေရာမှာ ထိုင်ခုံတန်း တစ်ခုကို သွားပြီး တည်ဆောက်ထားတယ်၊ ဒါပေမယ့် မလိုတဲ့ အချိန်မှာ ခေါက်ထား၊ သိမ်းထားလို့ မရပြန်ဘူး ဆိုတော့….၀ယ်မယ့်သူ သဘောပါနော်၊

ကျွန်တော်က စဉ်းစားရမယ့် အချက်ကိုပဲ ထောက်ပြပေးတာပါ။ နောက်တစ်ချက်၊ ဘရိတ်ပိုင်း၊ Chevyက ကိုယ်ထည်ပိုင်း၊ အသက်ကယ် လုံခြုံစိတ်ချရမှု၊ အားလုံး အမြင့်တန်းစားပါ။ ဒါပေမယ့် ဘရိတ်ပိုင်းကတော့ အခြားမော်ဒယ်တွေထက်စာရင် အကွာအဝေး ပိုများတာကြောင့် နည်းနည်း ပြန်စဉ်းစားရမယ့် အချက်ထဲ ပါလာတာ ဖြစ်ပါတယ်။ 



Truckတစ်စီးလို ထင်ရမယ့် Suburban…
---------------------------------------------
အကြီးစား SUVဆိုတဲ့ စကားလုံးနဲ့တောင် မရနိုင်တဲ့ ကိုယ်ထည်ပိုင်း အတိုင်းအတာကတော့ မျက်စိရှေ့မှာ မြင်သည် ဖြစ်စေ၊ စာမှာ ဖတ်မိသည် ဖြစ်စေ၊ မနည်းပါ့လားလို့ မှတ်ချက်ပေးစရာပါ။ Extended အတန်းအစားဝင် SUVဖြစ်ပြီးတော့ အလျားက ၁၈ပေနဲ့ ၆လက်မခွဲဆိုတဲ့ ပမာဏက ကျွန်တော် အရင်ရေးဖူးခဲ့တဲ့ မော်ဒယ်တွေ အားလုံးထဲမှာ အကြီးဆုံး ဖြစ်ပါလိမ့်မယ်။ မျက်နှာစာ အကျယ်အပိုင်းမှာက ၆ပေနဲ့ ၇လက်မကို တစ်စိတ်ပဲ ပိုတာ ဖြစ်လို့ မျက်နှာစာ အပိုင်း ကြီးမားလွန်းတယ်လို့ မဆိုသာသလို အမြင့်ကလည်း ၆ပေနဲ့ ၅လက်မကို တစ်စိတ်ပဲလျော့တာကြောင့် ပုံမှန် အနေအထားပါ။ ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်နိုင်မှုက ၉လက်မကို တစ်စိတ်ပိုနေသေးတာကြောင့် Off-Raodအနေအထားမျိုးတင် မဟုတ်ပဲ ကိုကျားပေါက်ရဲ့ သီချင်းလို ဘာလာလာ အဆင်ပြေစေပါလိမ့်မယ်။ အတွင်းခန်းအကျယ်အ၀န်းကလည်း Family Typeအတွက် ဆိုတော့ ရှေ့ဖက်ခန်းရော နောက်ဖက်ခန်းကိုပါ ၆၅လက်မကို နှစ်စိတ်စွန်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ Suburbanရဲ့ အများဆုံး ရုန်းကန်နိုင်မယ့် ၀န်ပမာဏက ပေါင် ၈၁၀၀ ဖြစ်ပြီးတော့ ကားရဲ့ အလေးချိန်ကတော့ ၅၆၇၀ပေါင် ရှိမှာ ဖြစ်ပါတယ်။

Suburbanရဲ့ စွမ်းပကား…
-----------------------------
တပ်ဆင်ထားမယ့် အင်ဂျင်ပိုင်းကို ကြည့်မယ်ဆိုရင် ၅.၃လီတာသုံး V8အင်ဂျင်ကို တပ်ဆင်ထားတာကြောင့် ဒီလောက် အလေးချိန်များတဲ့ SUVအတွက် ဒီလောက် အင်ဂျင် ပမာဏက သေးများသေးမလားလို့တောင်မှ အောက်မေ့မိပါတယ်။ ဒါပေမယ့် အင်ဂျင်ရဲ့ လည်ပတ်အား တစ်မိနစ်စာ အပတ်ရေ ၄၀၀၀မှာ ရုန်းအားက ၃၃၅ပေ-ပေါင် ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၂၀အားဆိုတော့ မဆိုးပြန်ပါဘူး။ ဒီရုန်းအား၊ ဒီစွမ်းအားကို ကြည့်တာနဲ့ Suburbanက ပြေးအား မကောင်းနိုင်ပေမယ့်၊ ရုန်းအား ကောင်းမယ်ဆိုတာကတော့ သေချာစေပါတယ်နော်၊ ဟုတ်ပါတယ်၊ Suburbanက အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုမှာ တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၉စက္ကန့်ထိအောင် ယူမှာ ဖြစ်တာကြောင့် ဈေးကွက်မှာ ပြိုင်ဖက် ဖြစ်မယ့် Toyota Sequoiaထက် အချိန်ပိုယူတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ပြေးအား မကောင်းပေမယ့် ကျွန်တော် ပြောခဲ့ပြီး သလို ရုန်းအား ကောင်းကောင်းနဲ့ လမ်းစုံကို စိတ်ကြိုက် ကျော်ဖြတ်နိုင်မှာပါ။

Suburbanနဲ့ ပတ်သက်လို့….
--------------------------------
ဆီစားနှုန်း အပိုင်း ပြောဖို့ ကျန်နေပါသေးတယ်နော်၊ ဟုတ်ပါတယ်၊ နောက်ဘီးယက်စနစ်၊ ကိုယ်ထည်ရဲ့ အလေးချိန် တစ်ခုတည်းတင် ပေါင် ၅၇၀၀နီးပါး၊ Autoစနစ်နဲ့ သွားမယ့် SUV၊ Extended အရွယ်အစား SUV၊ ၀န်တင်ရုန်းကန်နိုင်မှုက ပေါင် ၈၀၀၀ကျော်၊ ဒီအချက်တွေကို မြင်လိုက်တာနဲ့ Suburbanရဲ့ ဆီစားနှုန်းကို သင် ကြားချင်မှာ မဟုတ်တော့ပါဘူးနော်။ အမြင့်ဆုံး လည်ပတ်အားက တစ်မိနစ်ကို အပတ်ရေ ၅၄၀၀ဆိုတဲ့ တစ်ချက်ပဲ ခံသာစရာ ရှိပေမယ့် အနည်းနဲ့ အများကတော့ ထူးခြားလာစရာ မရှိပါဘူး။ စုစုပေါင်း သုံးနိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ချက်ထိအောင်ပဲ ဆိုတာက ပုံမှန်ဆိုရင် နည်းတယ်လို့ ဆိုပေမယ့် မြန်နှုန်း မြင့်မြင့် မောင်းနိုင်မှာ မဟုတ်တဲ့ မော်ဒယ်တစ်စီးအတွက်တော့ သင့်တော်ပါတယ်။ Suburbanမှာ တပ်ဆင် ပါရှိမယ့် ဆီတိုင်ကီရဲ ဆံ့ဝင်နိုင်မှုနှုန်း ၃၁ဂါလံဆိုတဲ့ ပမာဏက ဆီတိုင်ကီနဲ့ ရေတိုင်ကီ မှားတပ်ထားရသလားတောင် အောက်မေ့စရာပါနော်။ အသက်ကယ် လေအိတ်စနစ် အပြည့်အစုံကို တပ်ဆင်ထားတာ တွေ့ရသလို ကိုယ်ထည်ပိုင်းအတွက်ရော၊ ခရီးသည် လိုက်ပါစီးနင်းမှု အပိုင်းမှာရော လုံခြုံစိတ်ချရမှု အမြင့်ဆုံး ရမှတ်တွေ၊ မှတ်ချက်တွေ ပိုင်ဆိုင်ထားတာ တွေ့ရပြီး ဘရိတ်ပိုင်းကတော့ တစ်နာရီ မိုင် ၆၀နှုန်းနဲ့ မောင်းနှင်နေရင်းကနေ ရပ်တန့်မယ်ဆိုရင် အကွာအဝေး ၁၄၅ပေတောင်မှ ယူမှာ ဖြစ်တာကြောင့် တော်တော်လေး များနေတာ တွေ့ရပါတယ်။

လင်းလင်း (IA)

Hennesseyရဲ့ ကမ္ဘာ့အမြန်ဆုံး Venom GTမိတ်ဆက်


Aung Ko Htet (MM IT Knowledge)

ပြီးခဲ့တဲ့ လထဲက Hennessey Performance(HPE)ရဲ့ Venom GTမော်ဒယ်သစ်ဟာ ဆိုရင် တစ်နာရီ မိုင်၂၇၀နှုန်းထိအောင် မောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံးမော်တော်ကားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲရယူထားတာ အားလုံးအသိပါနော်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်၊ ကိပ်ကန်နာဘီရယ်မှာ ရှိတဲ့ Kennedy Space Centerမှာ စမ်းသပ်မောင်းနှင် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပြီးတော့ နောက်ထပ် Venom GTရဲ့ စံချိန်သစ် တစ်ခုက အချိန်တိုအတွင်း ကမ္ဘာ့အမြန်ဆုံးစံချိန်သစ်ကိုပါ တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး အချိန်တိုအတွင်း ကမ္ဘာ့အမြန်ဆုံးစံချိန်သစ်လဲဆိုတော့ တစ်နာရီ ၁၈၆မိုင်ဆိုတဲ့နှုန်းကို အချိန် ၁၃.၆၃စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Venom GTရဲ့ အမြန်နှုန်းက ၃.၂မိုင်ဆိုတဲ့ အကွာအဝေးအတွင်းမှာပဲ တစ်နာရီ ၂၇၀.၄၉ဆိုတဲ့ မိုင်နှုန်းကို ရောက်ရှိအောင် မောင်းနှင်နိုင်ခဲ့တာ ဖြစ်သလို ဒီကားဟာဆိုရင် နှစ်ယောက်စီး Coupeတန်းဝင် Sportကား ဖြစ်ပြီးတော့ ၇.၀လီတာသုံး Twin-Turbo V8အင်ဂျင်ကို တပ်ဆင်ထားတာလည်း ဖြစ်ပါတယ်။ ကားရဲ့ အလေးချိန်က ပေါင် ၂၇၄၃ပေါင် ရှိမှာ ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ စွမ်းအင် ထုတ်လုပ်နိုင်မှုက မြင်းကောင်ရေ ၁၂၄၄ကောင်အား ဖြစ်ပါတယ်။ 


နည်းပညာပိုင်းအရ တွက်ချက်မယ်ဆိုရင်လည်း အလေးချိန်အချိုးနဲ့ စွမ်းအင်ပမာဏက အလေးချိန် တစ်ကီလိုဂရမ်အတွက် စွမ်းအင်က မြင်းကောင်ရေ တစ်ကောင်အား သက်ရောက်တာကြောင့် အခုလို အောင်မြင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့် အနေနဲ့ Venom GTကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကံကောင်းရင် ၀ယ်လို့ ရနိုင်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ Venom GTသုံးစီးကို တည်ဆောက်နေပြီလို့ သိရသလို တန်ကြေးကတော့ အမေရိကန် ဒေါ်လာ ၁.၂၅သန်းနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လင်းလင်း (IA)

နောက်ဆုံးထွက် Honda Fit



Aung Ko Htet (MM IT Knowledge)
 
Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက ထုတ်လုပ်တဲ့ကား ဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကိုတော့ တတိယမျိုးဆက်လို့ သတ်မှတ်လိုက်ပါတယ်။ ထူးခြားလာမှု တစ်ခုက ဟိုင်းဘရစ်ဗားရှင်းပါ ပူးတွဲ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဟိုင်းဘရစ် ဖစ်တ် က ဆီတစ်ဂါလံကို ၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့်ကားပါ။ အံ့မခန်း ဆီစားသက်သာတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကနဲ့ ဥရောပ ဈေးကွက်ကပါ Honda Fit အသစ်ကို မျော်နေကြပါပြီ။

ပုံစံအားဖြင့် ထူးထူးခြားခြားပြောင်းလဲသွားမှု မရှိသလို အင်ဂျင်အရွယ်လည်း သိပ်မပြောင်းသွားပါဘူး။ ၁.၄ လီတာ ဆလင်ဒါလေးလုံး ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ Fuel Economy အပိုင်းမှာကျ သိသိသာသာ မြင့်တက် သွားမှု ဖြစ်ပါတယ်။ အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။ မိသားစုစီး ကားငယ်ေးလ တစ်စီး အဖြစ် ရှိနေအုံးမှာပါ။

ဂျပန်နိုင်ငံမှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ယခုတော့ ကမ္ဘာ့ဈေးကွက်ကို စတင်ဖြန့်ချိနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်ကနေလည်း အချို့ အေးဂျင့်တွေ မှာပေးနိုင်မယ်ထင်ပါတယ်။ ၂၀၁၅ မော်ဒယ်ဆိုတော့ ရမရကတော့ မသေချာပါဘူး။ Brand New ကားတွေအတွက် ပေါ်လစီချထားပေမယ့် ၂၀၁၅ ကျတော့ အတော်လေး ဝေးနေပါတယ်။ ဒီတော့ ဟွန်ဒါ ဖစ် ၂၀၁၃ မော်ဒယ်လောက်အထိကို အသစ်ဝယ်စီးလည်း အဆင်ပြေပါတယ်။ http://www.motors.com.mm/cars/honda/ မှာ ဝင်လေ့လာကြည့်နိုင်ပါတယ်။ အဟောင်းဆိုရင် ၂၃၀၀၇ မော်ဒယ်လောက်က သိန်း ၁၀၀ ဝန်းကျင်သာ ကုန်ကျပြီး အဲ့ထက်မော်ဒယ်နိမ့်ရင် သိန်း ၁၀၀ အောက်အထိတောင် ဈေးသက်သာ နိုင်ပါသေးတယ်။

အသစ်ဆိုရင်လည်း ဈေးသိပ်ကြီးမယ့်ကား မဟုတ်ပါဘူး။ အကြောင်းကတော့ အင်ဂျင် အရွယ် သေးလို့ ဖြစ်ပါတယ်။ လက်တလောမှာ ဟွန်ဒါဖစ်ဟာ မြန်မာပြည်မှာ တက္ကဆီ အနေနဲ့ရော၊ အိမ်သုံး ကားအနေနဲ့ရော အကြိုက်တွေ့သူ ပမာဏ များပြားကြောင်း သိရ ပါတယ်။

ref: အောင်ခမ်း (smart.com.mm)
 

Saturday, April 12, 2014

မြန်မာပြည် ဈေးကွက်မှာ အောင်မြင်တဲ့ Cadillac ကားများ



Aung Ko Htet (MM IT Knowledge)
 
ပုံမှာ မြင်တွေ့ နေတာ ကတော့ Cadillac SRX 2014 ဖြစ်ပါတယ်။ ပြိုင်ဆလွန်း ဆန်ဆန် မြင်တွေ့ ရတဲ့ကား ဖြစ်ပြီး အင်ဂျင် အရွယ် ၄၆၀၀ စီစီ ရှိပါတယ်။ ဇိမ်ခံ ကားများမှာ ပါဝင်တဲ့ ဖီးချား အားလုံး ပါဝင် ပြီးတော့ အဆင့်မြင့် နည်းပညာ အသစ်များစွာ ပါဝင် ပါတယ်။ အသစ်ကား ဖြစ်တာကြောင့် ပျက်ဖို့လည်း ခဲ ပါတယ်။ ကုန်ကျစရိတ်ကလည်း များပါ လိမ့်မယ်။

၂၀၁၄ ခုနှစ် နောက်ဆုံးထွက် မော်ဒယ် ဖြစ်ပြီး အမေရိကန် နိုင်ငံနေ မြန် မာပြည်ကို တိုက်ရိုက်လာတဲ့ကား ဖြစ်ပါ တယ်။ မြန်မာပြည်မှာ အမရိကန် Cadillac တရားဝင် အရောင်း စင်တာ မရှိသေးပေမယ့် အသစ်ကို မှာပေးတဲ့ အေးဂျင့်များစွာ ရှိပါတယ်။ ဒီတော့ ဝန်ဆောင်ခနဲ့ ပေါင်းလိုက်ရင် သူလည်း ဈေးမနည်း ပါဘူး။ တစ်ပတ်ရစ် ကယ်ဒဲလစ် ဆလွန်း ဝယ်စီးတာတောင် သိန်း ၇၀၀ ဝန်းကျင် ရှိတာ အသစ်လည်း ဖြစ်၊ မော်ဒယ်လည်း မြင့်၊ အင်ဂျင်လည်း ကြီးဆိုတော့ သိန်း ၃၀၀၀ တော့ ပြေးမလွတ် ပါဘူး။ လက်တလော ကာလ အခွန်လျော့ချပေးမှု များကြောင့် အမြင့်ကား မှာသူများ အနေနဲ့ အမေရိကန် ကားများကို ကြိမ်းသေ ဦးတည်မှာ ဖြစ်ပါတယ်။ အဲ့ဒီကျရင် ကယ်ဒဲလစ်က ကြိမ်းသေ ပါမှာပါ။

စတိုင်လည်း ကျ၊ စွမ်းဆောင်ရည်လည်း မြင့် တာကြောင့် နိုင်ငံတကာ မှာလည်း တိုယိုတာ Lexus နဲ့ ပြိုင်နေတဲ့ကား ဖြစ်ပါ တယ်။ Youtube မှာ ဖော်ပြတဲ့ ကယ်ဒဲလစ် ကား ကြော်ငြာနဲ့ စမ်းသပ် မောင်းနှင် မှုများကို http://www.youtube.com/user/cadillac ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

ref: အောင်ခမ်း (smart.com.mm)
 

Thursday, April 10, 2014

Mercedes-Benzက S63 AMGအမည်ရှိ Coupeသစ်ကို မိတ်ဆက်



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့တဲ့ သတင်းပတ်ထဲကပဲ ဂျာမနီ နိုင်ငံ အခြေစိုက် ကားကုမဏီကြီးဖြစ်တဲ့ Mercedes-Benzက သူ့ရဲ့ မော်ဒယ်သစ် တစ်မျိုး ဖြစ်တဲ့ S63 AMGအမည်ရှိတဲ့ Coupeကို မိတ်ဆက်ခဲ့တာ တွေ့ရပြီးတော့ ဒီမော်ဒယ်သစ်ဟာ ဆိုရင် သွက်လက် လျင်မြန်မယ့် ဒီဇိုင်းမျိုး ချိုးဆစ်ထားတာ တွေ့ရသလို စွမ်းအင် ထုတ်လုပ်နိုင်မှုလည်း အထူးကောင်းမွန်ကာ ဘီးစုံယက် စနစ် ဖြစ်တာကြောင့် ပုံမှန် Coupeတွေထက် အမြန်နှုန်း မြှင့်တင်နိုင်မှု ကောင်းမွန်မှာ ဖြစ်သလို အလေးချိန် ပေါ့ပါးပြီး ကမ္ဘာ့ပထမဆုံး Suspension စနစ်သစ်ကို တပ်ဆင်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

အင်ဂျင် အပိုင်းမှာ ၅.၅လီတာသုံး V8 Twin-Turbo အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီးတော့ စွမ်းအင်ထုတ်လုပ်နိုင်မှု အပိုင်းမှာ မြင်းကောင်ရေ ၅၈၅ကောင်အားထိအောင် ထုတ်လုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် အင်ဂျင်အပိုင်းမှာ အရွယ်အစား ကြီးမားတယ်လို့ ပြောနိုင်မှာ ဖြစ်ပေမယ့် ဆီစားနှုန်း အပိုင်းမှာတော့ ဆီတစ်ဂါလံကို ၂၈မိုင်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်တာကြောင့် တကယ်ကို ကောင်းမွန်လှပါတယ်နော်။ ကိုယ်ထည် အပိုင်းမှာ Aluminiumကို ဦးစားပေးတည်ဆောက်ထားပြီးတော့ ပုံမှန် Coupeတွေထက် အလေးချိန် ၆၅ကီလိုဂရမ်လောက် လျော့နည်းမှာလည်း ဖြစ်ပါတယ်။
အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာ တစ်နာရီ ကီလိုမီတာ ၁၀၀နှုန်းကို အချိန် ၃.၉စက္ကန့်ပဲ ယူမှာ ဖြစ်ပြီးတော့ အမြန်ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီကို ၁၅၅မိုင်ထိအောင် ဖြစ်တာကြောင့် Jaguarရဲ့ နောက်ပိုင်းထုတ် Coupeလောက်တော့ တာမသွားပေမယ့် စံနှုန်းအပိုင်း မဆိုးလှတာ တွေ့နိုင်ပါတယ်။ ကိုယ်ထည် တည်ငြိမ်မှု ထိန်းသိမ်းတဲ့ အပိုင်းမှာ Mercedes-Benzက Active Body Control(ABC)စနစ်သစ်ကို ထည့်သွင်းတပ်ဆင်ထားပြီးတော့ Road Surface Scanလို နောက်ဆုံးပေါ် နည်းပညာကိုပါ အသုံးပြု နိုင်မှာ ဖြစ်တာကြောင့် အကောင်းဆုံး တည်ငြိမ်မှုနဲ့ လမ်းကြောင်းမှန်ကန်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီမော်ဒယ်သစ်ကိုတော့ Mercedes-Benzက ရှေ့လထဲမှာ ကျင်းပပြုလုပ်သွားမယ့် New York Auto Showမှာ ထည့်သွင်းမိတ်ဆက်သွားတော့မှာ ဖြစ်ပြီးတော့ စက်တင်ဘာလနောက်ပိုင်းအတွင်း ဈေးကွက်တင်ရောင်းချသွားမှာ ဖြစ်ကာ တန်ကြေးက အမေရိကန်ဒေါ်လာ ၁၇၅၀၀၀ရှိမှာ ဖြစ်ပါတယ်။

ref: လင်းလင်း (IA)



ရန်ကုန်မှာ များလာတဲ့ ကမ္ဘာ့ ဈေးကြီး Rolls-Royce ဇိမ်ခံကားများ



Aung Ko Htet (MM IT Knowledge)
 
ဗြိတိန် နိုင်ငံအခြေဆိုက် ကမ္ဘာ့ အကြီးဆုံး ဇိမ်ခံကား နဲ့ စက် အင်ဂျင် ထုတ်လုပ်ရေး ကမ္မဏီ တစ်ခု ဖြစ်တဲ့ Rolls-Royce ကို မြန်မာတွေ သိတာ သိပ်မကြာ သေး ပါဘူး။ ၂၀၁၂ နှစ်ကန်ုက စလို့ သူ့ရဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကားတွေ မြန်မာပြည်ကို အရေအတွက် အတော်များများ ဝင်လာနေပြီ ဖြစ်ပါတယ်။

www.rolls-roycemotorcars.com မှာ ယနေ့ ထုတ်လုပ် ဖြန့်ချိနေတဲ့ ကားများကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ မြန်မာပြည်ကို လည်း နောက်ဆုံးပေါ် ဈေးအကြီး ဆုံး ဖြစ်ပါတယ် Rolls-Royce များ ဝင်နေတာကို အံ့မခန်း တွေ့ရှိခဲ့ ပါတယ်။ မြန်မာ ကျပ်ငွေ နဲ့ သိန်း ၅၀၀၀ အထက် မှာ ရောင်းချပြီး ပြည်တွင်းမှာ ဝယ်ယူသူများ လည်း အများအပြား ရှိနေ ပါတယ်။ Rolls-Royce Ghost, နဲ့ Wraith ကတော့ အဓိက အားဖြင့် ထွက် ရှိ တဲ့ မော်ဒယ် ၂ မျိုး ဖြစ်ပါတယ်။ Wraith က ပိုပြီးတော့ ဈေးကြီး သလို အဆင့်လည်း မြင့်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ မြန်မာပြည် ရောက် Rolls-Royce Wraith ဟာ ၂၀၁၄ ခုနှစ် မော်ဒယ် ဖြစ်ပြီး တံခါး ၂ ပေါက်ပါ ပြိုင် ဆလွန်း ဖြစ်ပါတယ်။

အင်ဂျင် အရွယ် ၆၆၀၀ စီစီ ပါဝင်ပြီး ဆလင်ဒါ ၁၂ လုံးပူး တာဘို နှစ်လုံးပူး ပေါင်းစပ် ထားပေး ပါသေးတယ်။ ဂီယာ ၈ ချက်ထိုး အော်တို အမျိုးအစားကို အသုံးပြုထား ပါတယ်။ ဇိမ်ခံ ပစ္စည်းနဲ့ နည်းပညာ ပေါင်းစပ် ထည့်သွင်း ထားမှုက ပြောစရာ မရှိလောက်အောင် ကို ပြည့်စုံ ပြီးသား ဖြစ်ပါတယ်။

ရန်ကုန် မြို့တွင်းက Show Room အချို့မှာလည်း တင်ရောင်းလျက် ရှိကြောင်း သိရ ပါတယ်။

ref: အောင်ခမ်း (ရိုးရာလေး)

.

Chevrolet Camaro လည်း မြန်မာပြည် ရောက်ပြီ



Aung Ko Htet (MM IT Knowledge)
 
ပုံမှာ မြင်တွေ့နေရတဲ့ ကားကို တော်တော်များများ သိကြမှာပါ။ Transformer ရုပ်ရှင်ဇာတ်လမ်း များမှာ ဇာတ်လိုက် မင်းသား စီးတဲ့ကား ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတာ့ အဝါရောင် ဖြစ်ပါတယ်။ အဝါရောင် Chevrolet Camaro ကိုလည်း လှည်းတန်းက Chevrolet တရားဝင် အရောင်း စင်တာမှာ မင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။

အခြားသော အရောင်းစင်တာတွေမှာလည်း ရောင်းချ ပါတယ်။ ခဲ့လို့ ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၆၂၀၀ စီစီ ကျော်ပြီး ဆီစားကြီး၊ အင်ဂျင် အားကြီး အမြန်ပြေးတဲ့ကား ဖြစ်ပါတယ်။ ရန်ကုန်မြို့က လမ်းမတွေပေါ်မှာလည်း မြင်တွေ့ နေရ ပါပြီ။ ကာလတန်ဖိုးအားဖြင့် အသစ် ဝယ်စီးရင် သိန်း ၂၀၀၀ ဝန်းကျင် ရှိနိုင်ပြီး တစ်ပတ်ရစ်ကို ဝယ်ရင်တော့ သိန်း ၁၀၀၀ ဝန်းကျင်နဲ့လည်း ရနိုင် ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ လည်း ငွေအတော်လေး ရှိမှ ဝယ်စီး နိုင်တဲ့ကား ဖြစ် ပါတယ်။

အမေရိကန်ဖြစ် ချဗလတ်ကို အမေရိကန်က တိုက်ရိုက်သွင်းတာ ရှိသလို၊ ဂျပန် လေလံ ဈေးကွက်၊ ဥရောပ လေလံ ဈေးကွက် ကနေလည်း တစ်ပတ်ရစ် သွင်းတာတွေ ရှိပါတယ်။ သို့ပေမယ့် ကီလိုမီတာ သိပ်မများတာတွေ ဖြစ်ကြောင့် အလတ်ကြီး ရှိနေသေးတဲ့ ကားများ ဖြစ်ပါတယ်။ သူက အကြမ်း မောင်းနိုင်တဲ့ ပြိုင်ကားများ ဖြစ်ပါတယ်။ Chevrolet ရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/chevroletmyanmar မှာလည်း ယင်း နောက်ဆုံးပေါ် Camaro ကား အကြောင်းနဲ့ ဈေးနှုန်းကို ဝင်ရောက် မေးမြန်း နိုင်ပါတယ်။

ref: အောင်ခမ်း (smart.com.mm)

Wednesday, April 9, 2014

ဂျာမနီ Audi S6 ဇိမ်ခံ ဆလွန်း ရတော့မည်



Aung Ko Htet (MM IT Knowledge)
 
Audi မှ ၂၀၁၃ မော်ဒယ် S6 ပြီးနောက် ယခုထပ်မံပြီး ၂၀၁၄ မော်ဒယ် S6 ကို ဆက်လက် ထုတ်လုပ်လိုက်ပါတယ်။ ၂၀၁၄ S6မှာတော့ Front Engine နဲ့ Audiရဲ့နာမည်ကျော် Quattro လေး ဘီး ယက်စနစ် သုံး ဖြစ်ပြီး မြင်းကောင်ရေ အား ၄၂၀ ထိထုတ်လုပ်ပေးနိုင်မယ့် ၄.၀ လီတာဆန့် TwinTurbocharged ဆလင်ဒါ ၈လုံးVအင်ဂျင်အမျိုးအစားကို ထည့်သွင်း အသုံးပြု ထားပါတယ်။ အင်ဂျင်ကထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုDual-Clutch အော်တိုဂီယာ ၇ချက်ကနေတစ်ဆင့် ကားဘီးလေးဘီးဆီသို့ စွမ်းအင်တွေ ပို့လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။ ၃.၇ စက္ကန့် အတွင်း သုညမိုင် ကနေ တစ်နာရီ မိုင် ၆၀ နှုန်း အထိ အရှိန်မြှင့် တင်နိုင်ပြီး Top Speedကတော့ တစ်နာရီ မိုင် ၁၅၅မိုင် ဖြစ် ပါတယ်။ ဆီစားနှုန်းမှာတော့ မြို့တွင်း တစ်ဂါလံ မိုင် ၁၇ မိုင်နှုန်း နှင့် အဝေးပြေးလမ်း မှာတော့ တစ်ဂါလံ မိုင် ၂၉ မိုင်နှုန်း ထိပြေးဆွဲ နိုင်ပြီး စုစုပေါင်းဆို ရင်တော့ တစ်ဂါလံ မိုင် ၂၀ နှုန်း ထိ အသုံးပြုမောင်းနှင်နိုင် မှာဖြစ်ပါတယ်။ www.audi.com မှာ S6 ကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

၂၀၁၄မော်ဒယ် S6 ဆီဒန်စပို့စ် ကားသစ်မှာ လုံခြုံရေးစနစ်အတွက် အဆင့်မြှင့် အသက် ကယ်လေအိတ် ၆လုံးထည့်သွင်းထားပြီးOption ပိုင်းအနေဖြင့် ၂လုံးထပ်မံ ထည့်သွင်း နိုင်ပါသေးတယ်။ ကားရဲ့အတွင်း ပိုင်းကိုကြည့်မယ်ဆိုရင်ဖြင့်လူငါးယောက်လုံလုံလောက်လောက်စီးနှင်းနိုင်အောင်ကျယ်ဝန်းပြီး ခေတ်မီလှပတဲ့ ပစ္စည်းပစ္စယတွေ၊ အဆင့်မြင့်ကောင်းမွန် လှတဲ့ နည်းပညာတွေနဲ့ အတူ Power Seat ၊ Leather Seat ၊ Heated Seat တွေပါ ပါဝင်မှာဖြစ်လို့ အသုံးပြုစီးနှင်း သူတွေအဖို့ စိတ်ကျေနပ်မှု အပြည့်အ ၀ရှိစေမယ့် S6 ဖြစ်ပါတယ်။ အမေရိကန်မှာ ရောင်းချတဲ့ Audi S6 ကို ဒီ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ http://www.audiusa.com/models/audi-s6

၂၀၁၄ Audi S6 Quattro စပို့စ်ဆီဒန်ကားလေးမှာ အဆင့်မြင့် Prestige Trim Level တစ်ခု သာပါဝင်ပြီး အခြေခံဈေးနှုန်း အနေဖြင့်အမေရိကန်ဒေါ် လာ ၇၃,၄၀၀ သတ်မှတ်ထား တယ်လို့သိရှိရပြီး Driver Assistance Package ကိုရွေးချယ်မယ်ဆိုရင် ဒေါ်လာ ၂,၅၀၀ ၊ Innovation Package ဆိုရင် ဒေါ်လာ ၅,၆၅၀ ထပ်မံပေးချေရမှာဖြစ်ပါတယ်။ ၄င်းရဲ့ အဓိကပြိုင်ဘက်တွေကတော့ 2014 Porsche Panamera နဲ့ 2014 Mercedes-Benz E 63 AMG 4Matic တို့ဖြစ်တယ်လို့ သိရှိရပါတယ်။ မြန်မာပြည်ကိုလည်း Audi နောက်ဆုံးပေါ်တွေ ရောက်ရှိ ပါတယ်။ ၂၀၁၄ ခုနှစ် မော်ဒယ်တွေပါ ရောက်ရှိ ပါတယ်။ ဈေး ကတော့ ပြန်လှန်အောင် ကြီးနေမှာပါ။ စာဖတ်သူတို့ ကိုယ်တိုင် လေ့လာ နိုင် ပါတယ်။
 

ref: အောင်ခမ်း (smart.com.mm)
 

၂၀၁၄ ခုနှစ် အတွက်အကောင်းဆုံး ဇိမ်ခံ ဆလွန်း Cadillac CTS



Aung Ko Htet (MM IT Knowledge)
 
ကမ္ဘာကျော် GMကားလုပ်ငန်းစုကြီးပိုင်ဇိမ်ခံကားလုပ်ငန်းခွဲတစ်ခုလည်းဖြစ်
တဲ့ အမေရိ ကန် ရဲ့ ဒုတိယမြောက် သက်တမ်းအရင့်ဆုံးကားအမှတ်တံဆိပ်
Cadillac ဟာ ၂၀၀၂ ခုနှစ်ကတည်းကစတင်မိတ်ဆက်ခဲ့တဲ့ တံခါးလေးပေါက်ဆီဒန်မော်ဒယ် CTS ကို တတိယမြောက်မျိုးဆက် ၂၀၁၄မော်ဒယ်အဖြစ် ထပ်မံဖန်တီးထုတ်လုပ်လိုက်ပါပြီ။ Motor Trend မဂ္ဂဇင်းကပေးတဲ့ ၂၀၁၄အတွက် အကောင်းဆုံးကားဆုကိုရရှိထားတဲ့ 2014 CTS စပို့ဆီဒန်ကားရဲ့ မော်ဒယ်ခွဲတွေအားလုံးမှာ Vsport မော်ဒယ်က အဆင့်မြင့်ဆုံးနဲ့ စွမ်းဆောင်နိုင်ရေ အကောင်းဆုံးဖြစ်ပါတယ်။ www.cadillac.com မှာလည်း ဝင်ရောက် လေ့လာ ကြည့်နိုင် ပါတယ်။

Front Engine နဲ့ နောက်ယက်ပုံစံ စပို့ဆီဒန်ကားသစ်CTS Vsport မှာ မြင်းကောင်ရေ ၄၂၀အား ထုတ်လုပ်ပေးနိုင်တဲ့ ၃.၆လီတာဆန့် Twin-Turbo Chargedဆလင်ဒါ ၆လုံးVအင်ဂျင်တပ်ဆင်ပေး ထားခြင်းကြောင့် ၂၀၁၄ CTS မော်ဒယ်အားလုံးထက်ပိုမိုသာလွန်တဲ့ စွမ်းဆောင်ချက်တွေပါဝင်တယ် လို့ဆိုရမှာပါ။ အင်ဂျင်ကထုတ်လုပ်ပေး လိုက်တဲ့ စွမ်းရည် ကိုတော့ အော်တိုဂီယာ ၈ချက်ကနေတစ်ဆင့် ကားနောက်ပိုင်းတွေဆီပို့လွှတ် မောင်းနှင်စေမှာပါ။ ဆီစားနှုန်းအားသက်သာစေမယ့် Paddle Shift ဂီယာနဲ့အတူ CTS Vsport ဟာ ၄.၄စက္ကန့် အတွင်းမှာသုညမိုင်ကနေ တစ်နာရီမိုင်၆၀နှုန်းအထိအရှိန်မြှင့်တင်နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်း ကတော့ တစ်နာရီ မိုင် ၁၇၀အထိ ဖြစ်ပါတယ်။

CTS Vsport ရဲ့ အတွင်းခန်းမှာတော့ သက်သာဇိမ်ကျစေမယ့် Leather Seatအသုံးပြုပေးထားပြီး အပြင်အဆင်အတွက်သစ်သား၊ ကာဗွန်ဖိုက်ဘာ အပြင်အလူမီနီယမ် သားတို့ကို ထပ်မံရွေးချယ်နိုင် ပါတယ်။ ၄င်းရဲ့အားသာတဲ့အချက်ကတော့ ကားဝယ်သူတွေအတွက် ၁၂.၃ လက်မအရွယ် အရည်အသွေးမြင့် LCD တင်မက စပီကာ ၁၃ လုံးပါ Bose Centerpoint Surround အသံစနစ်တို့ကိုပါ ရွေးချယ်စေနိုင်မှာပါ။ Trizone ရာသီဥတုထိန်းချုပ်စနစ်၊အဆင့်မြှင့် သက်ကယ်အိတ် ၁၀လုံး၊ Onstar လုံခြုံရေးစနစ်၊ ကားပါကင်ထိုးတဲ့အခါလွယ်ကူစေဖို့ Ultrasonic RearParkingAssistတို့အပြင်အခြားအဆင့်မှီအထောက်အကူပစ္စည်းကိရိယာ များစွားနဲ့အတူ ၀ယ်သူသုံးစွဲသူတို့အား စိတ်ကျေနပ်စေမှာပါ။

သူ့ကို အကောင်းဆုံး ကား အဖြစ် Motor Trend Magazine က ဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ http://www.motortrend.com/cars/2014/cadillac/cts/review/ မှာ ဝင် ကြည့် နိုင်ပါတယ်။

၂၀၁၄မော်ဒယ် Cadillac CTS Vsport ရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅၉,၉၉၅ ဒေါ်လာနှင့်အထက် ကုန်ကျနိုင်ဖွယ်ရှိပြီး သူ့ရဲ့ပြိုင်ဘက်တွေကတော့ 2014 BMW 5-series နဲ့ 2014 Audi A6 တို့ဖြစ်တယ်လို့ Automobile ဂျာနယ်မှာဖော်ပြထားပါတယ်။ Cadillac နောက်ထွက်တွေ မြန်မာပြည်ကို အံ့သြဖွယ်ရာ ရောက်ရှိ နေတာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
 

ref: အောင်ခမ်း (ရိုးရာလေး)
 

ကမ္ဘာ့ကျော် မားစီးဒီး ကားကုမ္ပဏီရဲ့ (၄၅) နှစ်ပြည့် အထမ်းအမှတ်ကား



Aung Ko Htet (MM IT Knowledge)
 
Mercedes-Benz AMG SLS GT3 လို့ အမည်ရှိပြီး SL Model လိုင်းမှာ ပါရှိပါတယ်။ SLS ရဲ့ အရှည်ကတော့ (Sport Light Super)ဖြစ်ပြီး နဂိုထုတ် မားစီးဒီးကားကိုမှ ပိုင်ရှင်စိတ်ကြိုက် ပြန်လည့် ချယ်သထားတဲ့
ပုံကိုတော့ အထက်မှာရှိတဲ့ ပုံထဲတွင် တွေ့ရှိနိင်ပါတယ်။ ဂျာမန် Mercedes-Benz ကထုတ်ထားပြီး ပုံထဲက ကားကတော့ Orange Babies လို့ ခေါ်ပြီး ကားခေါင်းမိုးအလယ်ရှိ ကြီးမားလှတဲ့ ဂျာမန် သိမ်းဌက်ပုံကြီးကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အမျိုးအစား

ရှေ့အင်ဂျင်၊ နောက်ဘီးယက်၊ ဇိမ်ခံ နှစ်ယောက်စီး ကား၊ တံခါးက ရိုးရိုးဆွဲတံခါးမဟုတ်ဘဲ ။ အပေါ်ကိုလှန်ပြီး ဖွင့်ရတဲ့ တံခါးမျိုး ဖြစ်ပါတယ်။

အင်ဂျင်နဲ့ ဂီယာ

6.2 L V8, DOHC
7-speed dual-clutch automatic




ref: Aung Heine ( www.smart.com.mm )

စူပါ ဆီစားသက်သာသည့် ဒီဇယ်ကား 2014 Audi A7 TDI




Aung Ko Htet (MM IT Knowledge)

အမျိုးအစား - Executive ဆီဒန်ကား မျိုးဖြစ်ပြီး တံခါး ( ၅) ပေါက်နဲ့ ဖြစ်ပါတယ်။


ဖွဲ့စည်းပုံ - ဒီဇယ် အင်ဂျင် 3.0 L TDI V6 ဖြစ်တဲ့ အတွက် (၄) ဘီးယက်အမျိုးအစား ဖြစ်ပြီး Google ရဲ့ Local ရှာဖွေမူ၊ လမ်းညွှန်စနစ်ဖြစ်တဲ့ Google Earth တွေပါ စုံလင်စွာ ပါရှိထားပါတယ်။





အားနည်းချက် - ကားအတွင်း အော်ဒီယိုထောက်ပံမူအတွက် အပြင် device တွေနဲ့ ချိတ်ဆက်မယ်ဆိုပါက Adapterကြိုးလိုအပ်တာ လောက်ပါပဲ

စမတ် လေအိတ် ၊ ဆွဲအားထိန်းချုပ်မူ၊ တည်ငြိမ်မူ စွမ်းရည်၊ Anti Lock ဘရိတ်တွေနဲ့ အခြား ဖျော်ဖြေမူ အပိုင်းတွေ ပါပါဝင်ပြီး အဆင့်မြင့် ကားတစ်စီးမှာ ရှိသင့်တာထက် ပိုမိုပါဝင်ထားကာ ဆီစားသက်သာ တဲ့ဒီဇယ်အင်ဂျင်ဖြစ်တဲ့ အပြင် နည်းပညာတွေပေါင်းစပ်ပါဝင်တဲ့ကား တစ်စီးပဲ ဖြစ်ပါတယ်။

$ ( 66,900 )

Aung Heine ( www.smart.com.mm )

Saturday, April 5, 2014

Honda က Hydrogen Fuel Cell Car များ ထုတ်လုပ်မည့် စီမံကိန်း တွင် ပူးပေါင်း



Aung Ko Htet (MM IT Knowledge)
 
Honda က စတာလင်ပေါင် (၃၁) သန်း တန်ကြေးရှိတဲ့ Hydrogen Fuel Cell Car များ တီထွင်မယ့် စီမံကိန်း မှာ ပါဝင်ဖို့ လန်ဒန် မြို့တော်ဝန် ရုံးခန်း မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဆိုပါ စီမံကိန်း ကို HyFive (Hydrogen for Innovative Vehicles) လို့အမည်ပေးထားပြီး ဥရောပ ရှိ သူ့လိုစီမံကိန်း တွေထဲမှာတော့ အကြီးမားဆုံး ဖြစ်ပါတယ်။ Honda နဲ့ ပူးပေါင်းမယ့် သူတွေက Hydrogen Fuel ထောက်ပံ့သူတွေနဲ့ ကမ္ဘာတစ်လွှားမှ စွမ်းအင် အကြံပေးတွေ ဖြစ်ပါတယ်။ Honda ဟာ Hydrogen Fuel Cell Car များ ထုတ်လုပ်ဖို့ နဲ့ Hydrogen ပြန်လည်ဖြည့်သွင်းတဲ့ Stations တွေ တည်ဆောက်ဖို့ သဘောတူတဲ့ ကားထုတ်လုပ်သူ ငါး ခု ထဲက တစ်ခု ဖြစ်လာပါတယ်။

Hydrogen Fuel Cell Car တွေဟာ Hydrogen နဲ့ Oxygen ကို ပေါင်းစည်းပြီး Electronic Motor ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ အဲဒီကားတွေဟာ ရေငွေ့တွေသာ ထုတ်လွှင့်မှာ ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများစေတဲ့ ဓာတ်ငွေ့တွေ ထွက်ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အခြားကားတွေနဲ့ နှိုင်းယှဉ်ရင် စွမ်းအင်အသုံးပြုမှု နှစ်ဆ နည်းပါးပါတယ်။

Honda က Fuel Cell Cars များကို ထုတ်လုပ်ဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကြိုးစားနေတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ FCX Clarity ကား ကို ထုတ်လုပ်ခဲ့ပါတယ်။ တီထွင်တဲ့ကုန်ကျစရိတ် ဟာ သက်သာတဲ့အတွက် ဈေးကွက်ထဲမှာ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ Honda ရဲ့ နောက်မျိုးဆက် FCEV Fuel Cell Car ကို ဥရောပ မှာ ၂၀၁၆ ခုနှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။

ဥရောပ နိုင်ငံ ငါး နိုင်ငံမှာ စွမ်းအင်ပြန်လည် ဖြည့်သွင်းနိုင်တဲ့ Stations များ ကို တည်ဆောက်ပြီး အဆိုပါကားများ ကို ရောင်းချမှာ ဖြစ်ပါတယ်။


ref: Myanmar Digital Life

BMW i8



Aung Ko Htet (MM IT Knowledge)


အမျိုးအစား plug-in hybrid ( လျှပ်စစ် ဘတ္တရီ)

ကား စတိုင် 2-door coupé

အင်ဂျင် 1.5 L turbocharged I3 ( ဓာတ်ဆီ တာဗို့အင်ဂျင်)

လျှပ်စစ် မော်တာ 98 kW (131 hp)[4]

ဘတ္တရီ 7.1 kWh lithium-ion battery


ref: Smart Pro.

ဇိမ်ခံ ဂျာမနီကား စီချင်သူတို့အတွက် BMW 3 Series ဆလွန်းကား



Aung Ko Htet (MM IT Knowledge)

ြ မြန်မာပြည်အဝင်များတဲ့ 3 Series ကတော့ ၂၀၀၃ မော်ဒယ် ဖြစ်ပါတယ်။ အမျိုးအစားလိုက် စု မယ်ဆိုရင် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်းထုတ်လုပ်တဲ့ 3 Series ဖြစ်ပါတယ်။ ဒီထဲမှာကို ၂၀၀၃ ခုနှစ်ဝန်းကျင်ထုတ်ဆို တော့ ဓာတ်ဆီအင်ဂျင်မှာဆိုရင် ၅မျိုး၊ ၆မျိုး၊ ဒီဇယ်အင်ဂျင်မှာ ဆိုရင် သုံးမျိုး စီ ရှိပါတယ်။

သို့ပေမယ့် လုပ်ဆောင်ချက်များကတော့ သိပ်ကွာခြားမှုမရှိပါဘူး။ အင်ဂျင် ၂၂၀၀ Gasoline အင်ဂျင်အမျိုး အစား အဝင်များပါတယ်။ ကာလပေါက်ဈေးကတော့ မြန်မာပြည်မှာဆိုရင် သိန်း ၂၀၀ ဝန်းကျင်ရှိမယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ဂျပန်လေလံဈေးထဲမှာ ယန်း ၉သောင်းဝန်းကျင်နဲ့ ဈေးပြတ်နေတဲ့ ကားလည်း ဖြစ်ပါတယ်။

အင်ဂျင်ဆိုဒ် ၂၂၀၀ စီစီ၊ ၆လုံးပူး ဆလင်ဒါ ကိုသုံးပါတယ်။ မြင်းကောင်ရေအား ၁၈၀ ဝန်းကျင် ထုတ်လုပ်ပြီး အမြန်ဆုံး top speed တစ်နာရီ ၁၃၀ မိုင် ဝန်းကျင်မောင်းနှင်နိုင်မှာ ဖြစ် ပါတယ်။ ရှေ့ ဘီးမောင်း၊ နောက်ဘီးမောင်း၊ လေးဘီးမောင်း သုံးမျိုးလုံး ထုတ်လုပ်ထားပါတယ်။ ဆလွန်း၊ ဝက်ဂွန်၊ Coupe ထုတ်လုပ် ထားပြီး ဆလွန်းကားများကို မိုမိုတွေ့မြင် ရမှာ ဖြစ်ပါတယ်။
ဂီယာ ၆ချက် အော်တိုအမျိုးအစား၊ လက်ထိုးအမျိုးအစား နှစ်မျိုးရှိပါတယ်။ အီလက်ထရောနစ် ပစ္စည်း ပေါင်းစပ်မှုအနေနဲ့ကတော့ In Car Entertainment (ရေဒီယို၊ Navigation စနစ်၊ တီဗီ၊ Telecommunication စနစ်) စတာတွေအားလုံးကို မော်တော်ယာဉ် ကွန်ပျူတာ ထိန်းချုပ်စနစ်နဲ့ အလုပ်လုပ်စေပါတယ်။ Bluetooth စနစ်၊ DVD အခြေခံ Navigation, MP3 function အသုံးပြုနိုင်မယ့် CD Changer အစရှိသဖြင့် ပါဝင်ပါတယ်။

ဆလွန်းဆိုရင် အရှည် ၁၇၆ လက်မ၊ အမြင့်၅၅. လက်မ၊ အကျယ် ၆၈.၅ လက်မ၊ ဝက်ဂွန်ဆိုရင် အရှည် ၁၇၆.၃ လက်မ၊ အကျယ် ၆၈.၅ လက်မ ကိုယ်စီ အတိုင်းအတာ ရှိပါတယ်။ http://www.bmw.com/com/en/newvehicles/3series/overview.html မှာ BMW 3 Series ကား အကြောင်းအသေးစိတ်ကို ဝင်ရောက် လေ့လာ နိုင်ပါတယ်။

Ref: အောင်ခမ်း (smart.com.mm)