Powered by Blog - Widget
Showing posts with label ဗဟုတုတဆိုင်ရာ. Show all posts
Showing posts with label ဗဟုတုတဆိုင်ရာ. Show all posts

Monday, November 30, 2015

ပရိုဖက်ရှင်နယ် လူငယ်များအတွက် လူနေမှု ပုံစံ



ဧည့်ခန်း
သန့် ရှင်း သပ်ရပ်တဲ့ ဧည့်ခန်းဟာ လူကို စိတ်လည်း ကြည်လင်စေသလို မိမိဆီ အလည်လာတဲ့ မိတ်ဆွေများကိုလည်း အထင်ကြီးစေပါတယ်။ တန်ဖိုးကြီးတာတွေ ဆင်မြန်းထားခြင်း မဟုတ်ရင်တောင် သပ်သပ်ရပ်ရပ်နဲ့  ပစ္စည်းများကို သေသေချာချာ စီမံထားတာက မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိစေလို မြင်ရတဲ့သူအပေါ်လည်း လေးစားမှု ရရှိစေပါတယ်။

Tuesday, January 13, 2015

ဓမ္မဒူတ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင့် တရားတော် အပိုင်း ၁ မှ ၁၃၀ အထိ (အစအဆုံး)



တရားနာရတာ ၀ါသနာပါတဲ့ မိတ်ဆွေတို့အတွက် Cherry FM တွင် အပိုင်းဖြင့် ဟောကြားသွားသော ဓမ္မဒူတ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင့် တရားတော် အပိုင်း ၁ မှ ၁၃၀ အထိ (အစအဆုံး) ကို Media Fire ကနေ တင်ပေးလိုက်ပါတယ်။ တိုက်ရိုက် နားထောင်နိုင်ပါတယ်။

အရင်က တစ်ပိုင်းချင်းစီ တင်ပေးဖူးပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုး ကြောင့် အပြီးထိ မတင်ပေးခဲ့မိပါဘူး။ အခုချိန်မှာတော့ အားလုံး အတွက်အဆင်ပြေအောင် အစအဆုံးနာနိုင်အောင်လို့ တင်ပေးလိုက်ပါတယ်။

Download လုပ်လို့ အဆင်မပြေခဲ့ရင် Comment ပေးခဲ့ပါဗျာ။

အောက်က Link ကနေ တိုက်ရိုက်နာလို့ ရသလို Download လုပ်ပြီးလည်း နာနိုင်ပါတယ်။

>>> Download Here <<<

Aung Ko Htet

Saturday, December 27, 2014

software တွေရဲ့ လိုင်စင်ကီးရှာမယ်




                         
                                
ကိုတို့ရဲ့ လိုအပ်ချက်နဲ့ အသုံးလို တဲ့ Software တွေကို ရှာဖွေတဲ့ အခါ ဖူး ဗားရှင်း အဖြစ် သုံးနိုင်စေဖို့ အတွက် Crack ,Patch,Keygen တွေနဲ့လုပ်ဆောင်ကြတယ်ဆိုတာကိုတော့ ပြောစရာ မလိုလောက်တော့ပါဘူး..။ အသုံးတဲ့ စေမယ်လို့ ထင်လို့ crack, serial, keygen တွေကို Google မှာကိုယ်တိုင်ရှာချင်သူတွေအတွက် ကို မြတ်သစ္စာ ရေးခဲ့တဲ့ ရှာနည်းလေးကို မသိသေးတဲ့ သယ်ငယ်ချင်းတို့ အတွက် တစ်ဆင့် ပြန်လည် မျှဝေလိုက်ပါတယ်..။
ရှာနည်းက search engine မှာ ရှာချင်တဲ့ software အမည်ကို double inverted comma လေးခံပြီး space လေးခြားပြီး 94fbr လို့ရိုက်ပြီ enter ခေါက်လိုက်ပါ။ crack ,keygen, serial တွေကျလာပါမယ်တဲ့ ကိုယ်အဆင်ပြေတဲ့ ဆိုဒ်ကို ရွေးပြီးသွားဒေါင်းလိုက်ယုံပါပဲတဲ့ဗျာ..။ ကိုမြက်သစ္စာကို ဒီနေရာလေးကနေကျေးဇူးတင်ပါတယ်..။

                                    ဥပမာပုံလေးတွေကို ကြည့်နိုင်ပါတယ်
                                          
                                          ဒီလိုလေးတွေ ပေါ်လာပါမယ်
                                        
                   အဆင်ပြပါစေဗျာ  


                                      မျိုးကိုဘလော့မှ ကူးယူးဖော်ပြခြင်းဖြစ်ပါသည်





အဆင်ပြေပါစေ…….

Min Oke Kar (နည်းပညာမှတ်စု)
www.okkitstore.blogspot.com


Hacker တွေ သင့်ရဲ့ password တွေကို ဘယ်လိုရယူနိုင်လဲ



သင့်ရဲ့ password ကို Hacker တွေ ဘယ်လိုရယူနိုင်သလဲ? ဘယ်လိုကာကွယ်နိုင်မလဲ?
9.7.2014

၁။ ။ကွန်ပျူတာခလုပ်ခုံ (ကီးဘုတ်) မှမှတ်တမ်းများရယူခြင်း..။(Log Keystoke)
ဒီနည်းကတော့ Key logger progrem တစ်ခုကိုအသုံးပြုပြီး ၄င်းကွန်ပျူတာမှာ
အသုံးပြုသူရိုက်သမျှစာတွေကို မှတ်ယူထားတဲ့နည်းဖြစ်ပါတယ်။ဒီနည်းနဲ့အသုံးပြုသူရဲ့ 
ကိုယ်ရေးကိုယ်တာအချက်လက်တွေကို အလွယ်တကူရရှိနိုင်ပါတယ်။များသောအားဖြင့်
အင်တနက်ဆိုင်မှာ သုံးတဲ့သူငယ်ချင်းတွေ သတိထားစေလိုပါတယ်။(မိမိသုံးနေတဲ့ ကွန်ပျူတာ
မှာ Key Logger progrem ရှိမရှိ သိနိုင်ဖို့  အောက်မှာကျွန်တော်ပြပေးထားပါတယ်။)
၂။ ။စကားဝှက်များရယူခြင်း ( Hack password)
စကားဝှက်များရယူခြင်းနည်းမှာတော့ နည်းလမ်းများစွာရှိပါတယ်။
အသုံးအများဆုံးနည်းတွေကတော့ SQL Injection နည်းနဲ့ အသုံးပြုသူတွေ စကားဝှက်
အပေးအများဆုံးတွေကို ခန့် မှန်းဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။Dictionary Attack &
Brute Force Attack ဆိုပြီးနှစ်ပိုင်းခွဲခြားနိုင်ပါတယ်။
၃။ ။မလွယ်ပေါက်မှဝင်ရောက်ခြင်းနည်း(Gain backdoor)
မိမိကွန်ပျူတာရဲ့ အားနည်းချက်(ဟာကွက်) တွေကနေ ဝင်ရောက်တဲ့နည်းဖြစ်ပါတယ်။
ဒီလိုဝင်ရောက်ရာမှာလည်းနံပါတ်(၂) ကအတိုင်းပဲ Dictionary Attack & Brute Force Attack
နည်းလမ်းနှစ်မျိုးကိုပဲသုံးကြပါတယ်။
(Dictionary Attack ဆိုတာကတော့ အဘိဓာန်ထဲမှာပါဝင်တဲ့စကားလုံးတွေသွင်းထဲ့ရင်း ဝင်ရောက်တဲ့နည်းလမ်းပါ။
Brute Force Attack ဆိုတာကတော့ Keyboard system မှာပါတဲ့စာလုံးတွေကို ပေါင်းစပ်ဝင်ရောက်တဲ့နည်းပါ။)
၎။ ။တစ္ဆေကွန်ယက်တစ်ခုဖန်တီးရယူခြင်း(Crate bonet computer)
ဒီနည်းကတော့နိုင်ငံအနှံအပြားက ကွန်ပျူတာတွေကိုbonet ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်စေပြီး
မိမိလိုအပ်တဲ့အချိန်ကြမှ သားကောင်ဆာဗာတွေကို တိုက်ခိုက်တဲ့နည်းဖြစ်ပါတယ်။ဒါကို DDistribution
Deny of Service Attack(DDoS) လို့ ခေါ်ပါတယ်။
၅။ ။အီးမေးလ်များမှရယူခြင်း (Phishing)
ဒီနည်းကတော့ အသုံးပြုသူရဲ့ အီးမေးလ်လိပ်စာကို အတုအယောင်စာတွေပေးပို့ ကာ မိမိလိုအပ်တဲ့
ဆာဗာကိုလာရောက်စေပြီး စကားဝှက်တွေရယူနိုင်တဲ့နည်းပါပဲ။ဒါ့အပြင်ကွန်ယက်ထဲကနေ အီးမေးလ်တွေကို
ကြားဖြတ်ရယူနိုင်တဲ့နည်းတွေကိုလည်းသုံးပါတယ်။(အနီးစပ်ဆုံးပြောရရင် မနှစ်ကတော်တော်နာမည်ကြီးခဲ့တဲ့
ဝီကီလိစ်ဒ် ဖောက်ချခဲ့တဲ့ ကြေးနန်းတွေ၊အီးမေးလ်တွေက ဒီနည်းနဲ့သုံးခဲ့တာပါ။)
ဒါတွေကတော့မိမိpassword ကို Hacker တွေဘယ်လိုရယူနိုင်လည်းဆိုတာတွေထဲက နည်းလမ်းတစ်ချို့ ပါ။
ကဲဆက်ပြီးတော့ ဒါတွေကိုဘယ်လိုကာကွယ်နိုင်မလည်းဆိုတာ ကျွန်တော်သိသလောက်ပြန်လည်မျှဝေပါမယ်။
၁။ ။တစ်ခါမှာမေးလ်မပို့ ဖူးသူ(မိမိနဲ့ မသိသူ) ပေးပို့ လာတဲ့အီးမေးလ်တွေကိုသေချာစစ်ဆေးပါ။မေးလ်းပို့ပြီး
သူငယ်ချင်းတို့ ရဲ့ ပက်ဝက်(password) ကိုယူမယ့် progrem ကိုသူငယ်ချင်းတို့ ကိုယ်တိုင်နှိပ်မိအောင်
နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ။ဒါကြောင့် အီးမေးလ်စစ်တဲ့အခါမှာ ကိုယ့်ဆီဝင်လာတဲ့မေးလ်တိုင်း သေချာအောင်စိစစ်ပါ။
ဖွင့်ပြီးဖက်လို့ကြည့်လို့ တော့ရပါတယ်။ဒါပေမဲ့အထဲကပါလာတဲ့ဖိုင်တွေ၊link တွေကို လုံးဝမနှိပ်မိပါစေနဲ့ ။မသင်္ကာဘူးထင်ရင်
တစ်ခါတည်း ဖျက်လိုက်ပါ။password ခိုးမယ့်ဖိုင်ဟာ သီချင်း၊ဗီဒီယို၊ဆော့ဝဲ၊လင့် တစ်ခုခုဖြစ်နေပါလိမ့်မယ်။ဒါတွေက
Song+ Hack progrem(or) Movie+ hack progrem(or) Software+ Hack progrem တစ်ခုခုဖြစ်နေပါလိမ့်မယ်။
ဒါ့အပြင် ဖန်တီးထားတဲ့ Web Site ရဲ့ လင့်တစ်ခုခုဖြစ်နေပါလိမ့်မယ်။(ဥပမာပေါ့ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင်
ဒီမှာကလစ်လိုက်ပါဆိုပြီး ကိုယ်ကကြည့်ချင်ဇောနဲ့ ကလစ်လိုက်ရင် ဟိုကားမကြည့်ရပဲ ကိုယ့်ပက်ဝက်(password)
ပါသွားပါလိမ့်မယ်။အထူးသဖြင့် ကျွန်တော်တို့ ဘော်ဒါကြီးတွေ သတိထားပါဗျ။)
၂။ ။ဒီတစ်ချက်ကတော့သူငယ်ချင်းတို့ စက်မှာ Gtalk သုံးရင် rememver password နေရာကို
အမှန်မှတ်လေးတစ်ခါတစ်လေပျင်းလို့ပဲခြစ်မိတယ်ထားပါဦး အဲ့ဒိပက်ဝက်(password ) ကို
ကွန်ပျူတာကမှတ်သွားမှာပါ။နောက်ပြီး Mozila နဲ့ မေးလ်စစ်တဲ့အခါတွေ၊web site တစ်ခုခုမှာ
မန်ဘာဝင်တာတွေမှာ remember ပက်ဝက်(password) တွေမလုပ်မိပါစေနဲ့ ။
၃။ ။Key Logger ဝင်မဝင်စစ်ပါ။
ဒါကတော့ကျွန်တော်အပေါ်မှာပြောခဲ့တဲ့မိမိpassword ရယူနိုင်တဲ့နည်းတွေထဲက
နံပါတ်တစ်အချက်ကိုပြောတာပါ။ဒါကတော့အင်တာနက်ဆိုင်မျာသုံးရတဲ့သူငယ်ချင်းတွေအတွက်ပါ။
ဆိုင်မှာသုံးတဲ့သူတွေအနေနဲ့  မိမိသုံးနေတဲ့စက်မှာ key logger software ကြိုပြီး run
ထားလားဆိုတာစစ်ဆေးရပါမယ်။ဒီဆော့ဝဲက သူငယ်ချင်းတို့ keyboard မှာရိုက်သမျှစာတွေကို
မှတ်ထားတဲ့ဆော့ဝဲပါ။နောက်ပြီးကိုယ်ဝင်ထားတဲ့website တွေအားလုံး မိမိလုပ်ဆောင်ချက်
်အားလုံးလို့ ပြောပါတော့။အဲ့တာတွေအားလုံးကိုလိုက်မှတ်နေမှာပါ။ဒီတော့ကာ အဲ့ဒီဆော့ဝဲလေး
run ထားလားဆိုတာသိရအောင်ဘယ်လိုစစ်မလည်း။ဟုတ်ကဲ့ပြောပါမယ်။
Ctrl+Shift+Esc(or)Ctrl+Alt+Del eJY Task Manager ကိုခေါ်လိုက်ပါ။ Process
ဆိုတဲ့ tag ကိုနှိပ်ပြီး msdts.exe ဆိုတာကိုလိုက်ရှာကြည့်ပါ။ရှိတယ်ဆို၇င်တော့သေချာပါတယ်။
key logger software သုံးထားပါတယ်။ချက်ချင်းသာထပြန်လိုက်ပါ။မသုံးမဖြစ်သုံးရမယ်ဆိုရင်လည်း
ရပါတယ်။ တွေ့ နေတဲ့ msdts.exe ဆိုတာကိုကလစ်ပြီး End process ပေးလိုက်ပါ။ အဲ့ဒါဆိုရင်တော့
key logger ကိုကာကွယ်နိုင်ပါပြီ။အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့
process tag ထဲကကိုယ်သုံးမဲ့ Gtalk,Vzo စတာလောက်ပဲ ထားပြီးတော့ကျန်တာအကုန်လုံး
Disable (or) End process ပေးလိုက်တာအကောင်းဆုံးပါပဲ။ဘာလို့လည်းဆိုတော့သုံးနေတဲ့သူအနေနဲ့ 
ဒီဆော့ဝဲက ဘယ်လိုဖိုင်အမျိုးအစားကို Record လုပ်တယ်ဆိုတာ မသိနိုင်ပါဘူး။ဒီတော့ကာ...
အန္တရယ်ကင်းဘေးရှင်း အားလုံးကို Disable (or) End Process ပေးပြီးကိုယ်သုံးချင်တာလောက်ပဲ
manually ခေါ်သုံးတာအကောင်းဆုံးပါပဲ။
Task Manager မှာဆော့ဝဲရှာတဲ့ပုံလေးပါ...
(ပုံကို ကြည့်ပါ)

Task Manager မှာ msdts.exe ဖိုင်ရိနေတယ်ဆိုရင်ပုံကအပြာရောင်လိုင်းလေးအတိုင်းဖိုင်ပေါ်ကိုကလစ်လိုက်ပါ
ပြီးရင်အောက်ကEnd process ဆိုတာကိုနှိပ်လိုက်ပါ။
ကျွန်တော်သိသမျှပြန်လည်ဝေမျှပါတယ်။အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ။







အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/





Friday, December 12, 2014

Android ဖုန်းရဲ့ Setting ပိုင်းကို မြန်လို ရေးကြမယ်

ဒီပိုစ့်လေးမှာတော့ Setting ကိုမြန်မာလိုပြင်နည်းလေးပဲရေးလိုက်ပေမဲ့ သုံးတတ်ရင်သုံးတတ်သလို ကျန်တာတွေပါပြင်လို့ ကလိလို့ရပါတယ်။

အရင်ဆုံး Download ကစပါမယ်:D
ပထမဆုံးကတော့ ကိုယ့်ကွန်ပျူတာမှာ
 အောက်မှာဒေါင်လုပ်လုပ်ပြီးသွင်းပါ။
Java ကို computer မှာ install လုပ်ပြီးရင် Adb
ဆိုတာကိုလဲ သွင်းဖို့လိုပါတယ်။ Adb သွင်းကြရအောင်။
၁။ ကွန်ပျူတာထဲမှာ Folder အသစ်တစ်ခုဆောက်ပြီး
 Android လို့ နံမည်ပေးပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ adb.zip ဖိုင်ကိုဖြည်ပြီး
 အထဲက ADB ဖိုင်ထဲမှာ ရှိသမျှဖိုင်တွေကို စောစောက
အသစ်လုပ်ထားတဲ့ Android ဖိုဒါထဲထည့်ပါ။
၃။ Window key+R ကိုနှိပ်ပြီး Run program ကို
 ဖွင့်လိုက်ပြီး cmd.exe ကိုရိုက်ပြီး Enter ခေါက်ပါ။
၎။ cmd ပေါ်လာရင် ဒီအောက်က အတိုင်းရိုက်ပေးပါ။
>d:
cd android
adb devices
( d ဆိုတဲ့နေရာမှာ ကိုယ်က Android ဆိုတဲ့ folder ကို 
C drive ထဲမှာထားရင် C လို့ပြင်ရိုက်ပါ။ ဒါဆိုရပါပြီ။
မှတ်ချက်။    ။ကွန်ပျူတာထဲမှာ အကြောင်း
အမျိုးမျိုးကြောင့် Android SDK သွင်းထားပြီးရင်
 Adb ထပ်သွင်းစရာမလိုတော့ပါဘူး။
အောက်မှ Apk Multi-tools ကိုဒေါင်းလုပ်ဆွဲပါ။
၁။ Root Explorer app သုံးပြီးတော့ ဖုန်းထဲက
 System>app ထဲက setting.apk နဲ့ System>
framework ထဲက framework-res.apk ကို
copy ကူးပြီး ကွန်ပျူတာထဲထည့်ထားပါ။
၂။ ဒေါင်းလုပ်ဆွဲလို့ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ
။ဖြည်လို့ရလာတဲ့ Apk Multi ဖိုဒါထဲကိုဝင်၊ other
 ဖိုဒါထဲကို ဆက်ဝင်ပြီး အဆင့် ၁ မှာရလာတဲ့
 framwork-res.apk ဖိုင်ကိုအဲဒီ other
ဖိုဒါထဲကို ထည့်ပါ။
၃။ Apk Multi-tools folder ထဲက 25kB ရှိတဲ့
ဒုတိယ Setup.bat ကို run ပါ။




၎။ အပေါ်က ပုံအတိုင်းပေါ်လာရင် option 2 ကိုရွေးပါ။
 Keyboard ကနေ 2 လို့ရိုက်ပြီး Enter ခေါက်ရုံပါပဲ။
 ပြီးရင် install framework ဖြစ်တဲ့ option 1 ကိုရွေးပါ။
၅။ ပြီးသွားလို့ အပေါ်က screen ကိုပြန်ရောက်ရင်
option 3 ကိုရွေးပါ။  Press any key to continue
လို့ပေါ်လာရင် key တစ်ခုခုနှိပ်လို့ ပထမ screen
 နေရာပြန်ရောက်ရင် အဲဒီဟာကို ပိတ်လိုက်လို့ရပါပြီ။
(ပထမဆုံး software အသုံးပြုခါနီး တစ်ခါလုပ်ပီးရင်
 နောက်ထပ်လုပ်စရာမလိုတော့ပါဘူး)
၆။ အဆင့် ၁ မှာ ကွန်ပျူတာထဲထည့်ခဲ့တဲ့   
setting.apk ကို ” place-apk-here-for-modding ”
လို့ရေးထားတဲ့ ဖိုဒါထဲကိုထည့်ပါ။
၇။ Script.bat ကို Double click နှိပ်ပြီး run ပါ။




၈။ အပေါ်ပုံမှာ မျှားပြထားတဲ့ Option ဖြစ်တဲ့
 Option 10 ကိုရွေးချယ်ပါ။ (10 လို့ရိုက်ပြီး Enter
 ခေါက်ပါ။)။  အဆင့် ၁ မှာ လုပ်ခဲ့တဲ့ framework-res.apk
ဖိုင်ကို mouse နဲ့ပဲ အပေါ်က screen အမဲကြီးပေါ်ကို
ဆွဲထည့်လိုက်ပါ။ ပြီးရင် enter ခေါက်ပါ။
၉။ ပြီးလျှင် အဲဒီ software ကို ဘေးခဏဖယ်
(Minimized လုပ်ပြီး) စောစောက Apk Multi-tools
ဖိုဒါထဲသွားပါ။ Project ဆိုတဲ့ ဖိုဒါရှိပါတယ်။
အဲဒီထဲဝင်လိုက်ရင် Setting.apk ဆိုတဲ့ နံမည်နဲ့ ဖိုဒါလေးတွေမှာပါ။
ဒီကောင်ကို အရင်မပြင်ခင် trick လေးလုပ်ရအောင်။ 
( ဘာလို့ trick လုပ်တာလဲဆိုရင် အထဲမှာ
ဖိုင်ကိုဝင်ပြင်ပြီးသွားလို့ apk ကိုပြန်ပေါင်း
ထုတ်တဲ့အခါ အလုပ်လုပ်ဖို့လိုတဲ့ memory 
ပမာဏကများပါတယ်။ အဲဒါကြောင့်မပြင်ခင်
 ပြန်ပေါင်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့် 
လိုအပ်တဲ့ဖိုင်တည်ဆောက်မှုက နည်းသွားတဲ့အတွက် 
Apk Multi-tool software က handle 
လုပ်နိုင်သွားပါတယ်။ မနေ့ကမှ တွေ့ထားတဲ့
လတ်လတ်ဆတ်ဆတ် solution လေးပါ:P)
၁၀။ အဲဒါဆို စောစောက ဘေးဖယ်ထားခဲ့တဲ့
software ဆီပြန်သွားပြီး Option 11 ကိုရွေးပါ။
 Building apk ဆိုတဲ့ အဆင့်မှာကြာနေမှာဖြစ်ပါတယ်။
၁၁။ အချိန်တစ်ခုပြီးဆုံးသွားတဲ့အခါ မေးခွန်းတစ်
ခုမေးပါလိမ့်မယ်။ n လိုက်ရိုက်ပြီး enter ခေါက်ပါ။
၁၂။ ပြီးရင် အဆင့်၃ မှာ သွားခဲ့တဲ့ ”
 place-apk-here-for-modding ” ဆိုတဲ့
ဖိုဒါထဲသွားပြီး System_Setting.apk ဆိုတဲ့
ဖိုင်လေးကို delete လုပ်လိုက်ပါ။
၁၃။ ပြီးရင် စောစောက(အဆင့် ၇) Project
  ဖိုဒါထဲပြန်သွားပြီး Setting.apk ဖိုဒါထဲက
 res ဖိုဒါထဲကိုဝင်ပါ။
၁၄။ res ဖိုဒါထဲမှာ Values ဆိုတဲ့ ဖိုဒါကိုရှာပြီး
အဲဒီထဲဝင်လိုက်ပါ။
၁၅။ String.xml ဆိုတဲ့ဖိုင်လေးကို Right Click နှိပ်ပြီး
 Note++ ကိုရွေးပေးပါ။ (Note++ software အား
Google တွင်အလွယ်တကူရှာပြီး Download & Install လုပ်နိုင်ပါတယ်)
၁၆။ အဲဒီကျရင်တော့ Program တွေရေးထားတဲ့
 စာတွေကိုမြင်ရမှာပါ။ အဲဒီ Note++ ရဲ့
အပေါ်ဘက်နား File တို့ Edit တို့ဘေးမှာ Search
ဆိုတာရှိပါတယ်။ Search ထဲကို သွားပြီး Find ကိုရွေးပေးပါ။
၁၇။ ပေါ်လာတဲ့ box လေးက Replace ဆိုတဲ့ tab
 လေးကိုရွေးပေးပါ။ (Find tab ရဲ့ဘေးမှာပါ)
၁၈။ Find what ဆိုတဲ့နေရာမှာ ကိုယ်ပြင်ချင်တဲ့
 စာကိုရိုက်ပါ။ (ဥပမာ- Wifi ကိုပြင်ချင်တယ်ဆိုရင် Wifi လို့ရိုက်ပါ)
၁၉။ ပြီးရင် အောက်က Replace with ဆိုတဲ့နေရာမှာ
အစားထိုးချင်တဲ့စာသားကိုရိုက်ပါ။ (ဥပမာ- ဝိုင်ဖိုင်)
၂၀။ ပြီးရင်တော့ အဲဒီ  box လေးရဲ့ညာဘက်ခြမ်မှာ
 Find next ဆိုတာကိုနှိပ်လိုက်ရင် Wifi ဆိုတဲ့နေရာကို
ညွှန်ပြပေးပါတယ်။ အောက်ကပုံအတိုင်းပါ။





၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို
 ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့
 နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။
 လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။ 
ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက
wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင်
 Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string>
လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာ
အစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့
 နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က
wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့
အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့
 နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာ
အစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက်
Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား
 ရောက်ရင် replace ဆိုတာကို နှိပ်ပါ။
(အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။
Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ
page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး
 ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။
(စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။
Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး
အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး
 Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ softwareကိုပြန်ဖွင့်ပြီး
option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင်
 မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision
ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး
” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး
System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_
ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip
 လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install
မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app
ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး
 ဖုန်းကို reboot ချလိုက်လဲရပါတယ်။
၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software
ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို
 Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app
 ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက
 setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို
အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။
 Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့
zip ဖိုင်ကို sd card ထဲထည့် CWM recovery
နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို
overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို
app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို
အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့
Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့
အဆင့် 1 ကနေ 5 အတိုင်း framework-res.apk
 အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ
တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။


credit  MMAS



အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/



Thursday, December 11, 2014

Network မှ တစ်ဆင့် ကွန်ပျူတာကို window တင်နည်း

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....
network ကနေ window ဘယ်လိုတင်မလဲ
ဆိုတာလာမေးနေလို့ တင်နည်းကို
ပြောပြပေးလိုက်ပါတယ်


 Client Computer တွေသို့  Network
 ပေါ်ကတဆင့် Windows OS Installation
လုပ်တဲ့ပုံစံကို မိတ်ဆွေများ အင်းမသိသေးသူများပေါ့လေ
သိရလေအောင် Remote Installation Services အကြောင်းကို
 ပြောပေးပါမယ်

RIS Requirements

* Windows 2003 or 2000 Server
* Remote Installation Services Component
* Windows XP Professional CD
* Active Directory
* DHCP
* PXE Client တို့ ဖြစ်ကြပါသည်။
အထက်က လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင်တော့
RIS လုပ်ငန်း စတင်လို့ ရပါပြီ။

Windows Server 2003 or 2000 တွင်ပြုလုပ်ရန်။

ပထမဦးဆုံး Remote Installation Services ဆိုတဲ့
 Windows Component တစ်ခုကို
ထည့်သွင်းပေးရပါမယ်
 ဒီလို ထည့်သွင်းလို့ ရဖို့ အတွက် Server
2003 CD or Server 2000CD ခွေကို
 ကြိုထည့် ထားဖို့ လိုအပ်ပါသည်။လုပ်တဲ့
ပုံစံကတော့  - Start>>>Control Panel
>>>Add or Remove Programs အဲဒီထဲကမှ
Add/Remove Windows Components ကိုရွေးပါ။
 Windows Components Wizard Box လာပါမယ်
Your browser may not support display
of this image.  အဲဒီထဲကမှ Remote
Installation Services ကိုအမှန်ခြစ်ပေးပါ။
 Next ကိုနှိပ်ပါ။ Remote Installation
Services ကို Install လုပ်ပေးနေလိမ့်မယ် ပြီးရင်
Complete Wizard Box ကျလာပါမည်။ Finish
မှာနှိပ်ပါ။ ဒါဆိုလျှင် Remote Installation
Services ကို Install လုပ်တာ ပြီးဆုံးသွားပါပြီ။

ကျွန်တော့်တို့ အခု server 2003 မှာ
Remote Installation Services component
ကို ထည့်သွင်းပြီးပြီဖြစ်သဖြင့် RIS လုပ်ငန်းကို
စတင်လို့ ရပါပြီ။ စတင်အသုံးပြုပုံကတော့ -
Start>>>run box ထဲမှာ risetup ရိုက်ပြီး
 Enter ခေါက်ပါ။ RIS Setup Wizard box
 ကျလာပါမယ်
Your browser may not support display
of this image. RIS Welcome Screen တွင်
RIS installation အပိုင်းပြီးမြောက်ဖို့ အတွက်
 လိုအပ်ချက်တွေကို ဖော်ပြထားပါတယ်။ ပြီးလျှင်
 Next မှာနှိပ်ပါ။
Your browser may not support display
of this image.

ဒီအဆင့်လေးကတော့ ကိုယ့် server ၏
C: Drive မဟုတ်တဲ့။ တခြား Drive letter
D:, E:, စသည့်အပိုင်းတွင် Remoteinstall
 နှင့်ပတ်သက်သော လုပ်ငန်းစဉ်များ သိမ်းဖို့ 
အတွက်နေရာ သတ်မှတ်ပေးတဲ့ အပိုင်းဖြစ်ပါတယ်။
ထိုသို့ သတ်မှတ်ချင်ပါက Browse တွင်နှိပ်၍
သတ်မှတ်နိုင်ပါသည်။ Next မှာနှိပ်ပါ။

Your browser may not support
display of this image.

ဒီအဆင့်ကတော့ အခုဖန်တီးထားတဲ့ RIS ကို
Client သို့ ချက်ခြင်းထောက်ပံမှု ပေးမည်၊
မပေးမည်ကို ရွေးချယ်သည့်အပိုင်းပါ။
Next မှာနှိပ်ပါ။
Your browser may not support
 display of this image.

ဒီအဆင့်ကတော့ Client မှာ အသုံးပြုမည့်
Windows ခွေရဲ့ လမ်းကြောင်းကို ရွေးခိုင်းတာပါ။
အဓိက ကတော့ Windows CD ထဲက i386 folder
ကို Copy ကူးယူသွားတာပါ။ win xp CD ရှိတဲ့
လမ်းကြောင်းကို ပေးပြီးပြီဆိုလျှင် Next မှာ နှိပ်ပါ။
Your browser may not support
display of this image.

ဒါကတော့ ကိုယ်ဖန်တီးလိုက်တဲ့ Image အတွက်
နာမည်လေးပေးလိုက်တာပါ။ Next မှာနှိပ်ပါ။
Your browser may not support
display of this image.

ဒီအဆင့်ကတော့ windows image ၏
Descripiton Name ပေးတဲ့နေရာပါ။
Next မှာနှိပ်ပါ။
Your browser may not support
display of this image.

ဒီအဆင့်ကတော့နောက်ဆုံး ပြီးဆုံးသွားတဲ့
အဆင့်ပါ။ Finish မှာနှိပ်ပါ

Your browser may not support
display of this image.

ဒါကတော့ရှေ့ မှာချခဲ့တဲ့ settings အတိုင်း
Install လုပ်နေတာပါ။
Your browser may not support
 display of this image.

အခုဆိုရင်တော့ ကျွန်တော်တို့ ၏ Remote
Installation Services Setup Wizard ကနေ
 လိုအပ်တာလေးတွေကို remoteinstall folder
ဖွဲ့ ပြီး ဖန်တီးခြင်းအဆင့်ပြီးဆုံးလို့ သွားပါပြီ။
Done မှာနှိပ်လိုက်ပါ။


အဆင်ပြေပါစေ........
Min Oke Kar (နည်းပညာမှတ်စု)
http://www.okkitstore.blogspot.com/



Wednesday, September 17, 2014

ကွန်ပျူတာ သုံးစွဲသူတိုင်းတွင် ရှိထားသင့်သည့် အခမဲ့ ထိပ်တန်း ပရိုဂရမ် (၁၀) ခု



Aung Ko Htet (MM IT Knowledge)

ကွန်ပျူတာပေါ်တွင် အသုံးပြုနိုင်သည့် အခမဲ့နှင့် open source ထုတ်ကုန် သန်းပေါင်းများစွာရှိသည်။ အဆိုပါ အခမဲ့ ပရိုဂရမ် အများစုသည် စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက် သာလွန်ကောင်းမွန်သည်။ ထို့ကြောင့် ကွန်ပျူတာ သုံးစွဲသူများတွင် ရှိထားသင့်သည့် အခမဲ့ ထိပ်တန်း ပရိုဂရမ် (၁၀) ခုကို ဖော်ပြလိုက်ပါသည်။
Antivirus နှင့် malware ကာကွယ်ခြင်း
ကွန်ပျူတာ သုံးစွဲသူ အများစုသည် ၎င်းတို့၏ ကွန်ပျူတာများကို antivirus program များထည့်သွင်းကာ ကာကွယ်မှုပြုလုပ်ကြသည်။ သို့ရာတွင် အချို့သော အခြေအနေများ၌ အခမဲ့ antivirus program များက စီးပွားဖြစ် ရောင်းချသည့် ထုတ်ကုန်များထက် ပိုမိုကောင်းမွန်သည်ကို သတိမပြုမိဘဲ ရှိတတ်ကြသည်။ အခမဲ့ ထိပ်တန်း antivirus program များအဖြစ် အောက်ဖော်ပြပါ program များကို အသုံးပြုနိုင်သည်။
Antivirus program: Avast! or AVG
Malware and Spyware protection: Malwarebytes or Microsoft Security Essentials
Backup ပြုလုပ်ခြင်း
ကွန်ပျူတာများတွင် အသုံးပြုနိုင်မည့် အခမဲ့နှင့် အခပေး backup program များစွာရှိသည်။ သို့ရာတွင် အချို့သော backup များသည် ကွန်ပျူတာပေါ်တွင်သာ သိမ်းဆည်းထားသောကြောင့် ကွန်ပျူတာ ခိုးယူခံရခြင်း၊ backup disc များ ပျောက်ဆုံးခြင်း စသည့် ကိစ္စရပ်များ ဖြစ်ပွားသည့်အခါ အချက်အလက်များ ဆုံးရှုံးနိုင်သည်။ ထို့ကြောင့် အရေးကြီး အချက်အလက်များကို အွန်လိုင်း ဝန်ဆောင်မှုများဖြင့် backup ပြုလုပ်သင့်သည်။
Online backup solution: Mozy or Dropbox
Browser များ
Microsoft Internet Explorer သည် Windows ကွန်ပျူတာများတွင် တစ်ပါတည်း ပါဝင်လာသော်လည်း ၎င်းထက် ပိုကောင်းသည့် browser များကို သုံးစွဲသူများက ပြောင်းလဲသုံးစွဲနိုင်သည်။ အခမဲ့ ရရှိနိုင်သည့် အောက်ဖော်ပြပါ ထိပ်တန်း browser များသည် လုပ်ဆောင်ချက်များကို လျင်မြန်စွာ ပြုလုပ်ပေးနိုင်သလို option အများအပြားကိုလည်း ထောက်ပံ့ပေးထားသည်။ ထို့အပြင် လုံခြုံမှုအပိုင်းတွင်လည်း Internet Explorer ထက် ပိုမိုကောင်းမွန်သည်။
Internet Browser: Mozilla Firefox or Google Chrome
Compression utility
အင်တာနက်ပေါ်မှ ဖိုင်များကို download ပြုလုပ်သည့်အခါ .zip, .rar နှင့် အခြားသော compressed ဖိုင်များနှင့် ရရှိနိုင်သည်။ ထိုသို့သော compressed ဖိုင်များကို ဖြည်ရန်အတွက် file compression utility တစ်ခု လိုအပ်သည်။ အောက်ဖော်ပြပါ အခမဲ့ file compression utility သည် compress လုပ်ထားသည့် ဖိုင်များကို အလွယ်တကူ ဖြည်ပေးနိုင်သည်။
File compression utility: 7-Zip
Disc ripper နှင့် creation utility
Audio သို့မဟုတ် data CD/DVD တစ်ခုကို ဖန်တီးလိုသည့်အခါ ဒါမှမဟုတ် audio CD မှ အချက်အလက်များကို ရယူလိုသည့်အခါနှင့် .ISO ဖိုင်ကို CD တစ်ခုအဖြစ် ဖန်တီးလိုသည့်အခါမျိုးတွင် အောက်ဖော်ပြပါ အခမဲ့ program ဖြင့် အသုံးပြုနိုင်သည်။
CD burner utility: CDBurnerXP
E-mail
Email သည်လည်း အခမဲ့သုံးစွဲနိုင်သည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ ယနေ့ခေတ်တွင် သုံးစွဲသူများသည် အောက်ဖော်ပြပါ အွန်လိုင်း e-mail solution များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။ သို့သော်လည်း ၎င်း solution များအပြင် Microsoft Outlook ကဲ့သို့သော e-mail client ကိုလည်း အသုံးပြုနေကြဆဲ ဖြစ်သည်။
E-mail client: Mozilla Thunderbird
Online e-mail: Gmail
FTP, SFTP နှင့် SSH Utility
ကိုယ်ပိုင် ဝက်ဘ်စာမျက်နှာကို ပြုပြင်ထိန်းသိမ်းလိုသူများ သို့မဟုတ် ဆာဗာတစ်ခုမှ ဖိုင်များကို download ပြုလုပ်ခြင်း၊ ဆာဗာတစ်ခုထံ ဖိုင်များကို upload ပြုလုပ်ခြင်း တို့ကို ပြုလုပ်လိုသူများ အနေဖြင့် FTP utility သို့မဟုတ် SSH client ကို တစ်ခုကို အသုံးပြုနိုင်သည်။ ၎င်းတို့အတွက် အခပေး ပရိုဂရမ်များရှိသော်လည်း အောက်ဖော်ပြပါ အခမဲ့ ပရိုဂရမ်များဖြင့်လည်း အသုံးပြုနိုင်သည်။
FTP client: Filezilla
SSH client: MobaXterm and Putty
Image editor, paint program နှင့် picture organizer
ကွန်ပျူတာပေါ်တွင် ဓာတ်ပုံများကို ပြင်ဆင်ခြင်း၊ ဖန်တီးခြင်းနှင့် တစ်စုတစ်စည်းတည်း ထားရှိခြင်းတို့ကို ပြုလုပ်နိုင်သည့် အခပေး ပရိုဂရမ်များသည် ဒေါ်လာ ၁၀၀ ကျော်သည်။ သို့သော်လည်း ယခုဖော်ပြလိုက်သည့် အခပေး ပရိုဂရမ်များက ဓာတ်ပုံ ပြင်ဆင်၊ တည်းဖြတ်၊ ဖန်တီးခြင်းတို့ကို အကောင်းဆုံး ပြုလုပ်နိုင်သည်။
Image editor: GIMP
Paint program: Paint.net
Picture organizer: Google Picasa
Multimedia
Multimedia ပရိုဂရမ်များသည် လုပ်ဆောင်နိုင်စွမ်း အမျိုးမျိုးကို ထောက်ပံ့ပေးနိုင်သလို ကန့်သတ်မှု အမျိုးမျိုးလည်း ရှိကြသည်။ အောက်ဖော်ပြပါ အခမဲ့ ထိပ်တန်း multimedia program များသည် ဗီဒီယိုဖိုင်များ ကြည့်ရှုခြင်း၊ အသံများ ဖမ်းယူခြင်းတို့ အတွက် အကောင်းဆုံး ဖြစ်သည်။
Audio editing and creating tool: Audacity
Video and DVD Player: VLC and MPC-HC
Office Suite
Microsoft Office ကဲ့သို့သော Office suite သည် ဈေးကြီးသည့် ပရိုဂရမ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ထို့ကြောင့် ရုံးလုပ်ငန်းသုံး ကိစ္စရပ်များအတွက် အခမဲ့ ထိပ်တန်း Office suite ဖြင့် အသုံးပြုလိုပါက OpenOffice ကို ရွေးချယ်နိုင်သည်။
Office suite: OpenOffice
Notepad and Source code editor: Notepad++
credit to Internet Journal

Wednesday, August 6, 2014

ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် အပိုင်း-2 (MP3)

 

Aung Ko Htet (MM IT Knowledge)

 File Size = 3 MB

ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္န ဟောကြားတော်မူအပ်သော ဘ၀ဖြောင့်ကြောင်း တစ်စေ့တစ်စောင်း တရားတော် (MP3).Shwe FM မှ လွင့်ပေးထားသော ဆရာတော်ဟောကြား ထားသည့်အပိုင်းများကိုစုစည်း၍ တင်ပေးခြင်းဖြစ်ပါတယ်။

ဝိပသနာအကြောင်းကိုပဲ သီးသန့်ဟောကြားထားခြင်းမဟုတ်ပဲ ဘ၀တွင်ကောင်းမွန်စွာ နေထိုင်နိုင်စေ ရန် ဟောကြားနည်းလမ်းပြပေးထားခြင်းဖြစ်သည့်အတွက် နားလည်ရလွယ်မယ် လို့လည်း ထင်ပါတယ်။ တစ်ပိုင်းချင်းစီ တင်ပေးတာက Download လုပ်ရတာ လွယ်အောင်လို့ပါ။ File Sizeက 3 MB သာ သာပဲ ရှိတော့ မြန် လည်းမြန်ပါတယ်။

အောက်က Link ကနေ Download လုပ်နိုင်ပါတယ်။

Download Here
Aung Ko Htet

အဆင်မပြေတာတွေရှိရင် ကျွန်တော့်ကို ချက်ချင်းပြောပါနော်။ link သေတာတို့ download လုပ်လို့မရတာတိုပေါ့။ ကျွန်တော် ဘာ ads မှ မခံထားပါဘူး။ download လုပ်ရတာ ကြာနေမှာဆိုးလို့ပါ။


Monday, July 28, 2014

Playstore က apk တွေ PC ထဲကို တိုက်ရိုက်ဒေါင်းယူနညှ်း With PDF


အားလုံးပဲ မင်္ဂလာပါခင်ဗျာ....................................
ဒီနေ့တော့ သား Apk တွေ မရှဲတော့ဘဲ
နည်းပညာနဲ့ ပတ်သက်တဲ့ ဗဟုတုတအကြောင်း
နည်းနည်းပြောပြချင်တယ်ဗျာသိတဲ့လူတွေ
ကတော့ ကျော်သွားလိုက်ပေါ့
သားကလည်း သိနေတဲ့ တတ်နေတဲ့
သူမဟုတ်ပါဘူး.........ကိုယ်သိချင်နေတဲ့
အရာကို စူးစမ်းရှာဖွေရင်းကသိသွားတဲ့
အခါ ပြန်လည်ဝေမျှတဲ့သဘောပါပဲ
ဘာလဲဆိုတော့ အဲ အပေါ်က Header  အတိုင်းပါပဲ
ကဲလေကြောနည်းနည်းရှည်သွာပြီး
စလိုက်ကြရအောင်ပထမဦးဆုံး သားတို့
 Play Store ထဲကို အရင်
ဝင်ထားရပါမယ်။ ပြီးရင် Google မှာ
apk downloader လိုရိုက်ပြီးရှာလိုက်


ပြီးရင် အမည်းနဲ့ဝိုင်းပြထားတဲ့ နေရာကနေ၀င်လိုက်ပါ



ပြီးရင်  Box တစ်ခုကျလာမယ် ဘာမှမလုပ်နဲ့အုံး
playstore ထဲကို ပြန်သွား အောက်ပုံအတိုင်း
ကိုယ်လိုချင်တဲ့ apkပေါ်မှာ right Click ထောက်ပြီး
Copy Link Location ဆိုတာလေးကို နှိပ်


ပြီးရင် apk downloader box ထဲကိုပြန်သွား
ရောက်ရင် အဲ့ Box ထဲမှာ ခုနက ကူလာတဲ့
apk Link ကို paste လုပ်လိုက်


ပြီးရင် Generate Download Link ကိုနှိပ်
အဲ့မှာ အောက်ကပုံအတိုင်း ပေါ်လာမယ်




ကိုယ်ဒေါင်းချင်တဲ့ apk ဟုတ်မဟုတ် ကြည့်
ဟုတ်ရင်တော့ Click Here to Download
ပေါ့ဗျာ .................

သားရေးထားတာတွေကို PDF. အနေနဲ့ ဒေါင်းပြီး Offline ဖတ်ချင်ပါက အောက်မှာ PDf နဲ့ ထုပ်ထားပေးပါတယ်..
ဖိုင်ဆိုဒ်ကလည်း မကြီးတာမို့ ဒေါင်းထားစေလိုပါတယ်ခင် ဗျာ.............


How To Download Apk From Playstore in PC.pdf

Solidfiles      ,     
Zippyshare   ,   
Speedshare



အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


 Aung Ko Htet (MM IT Knowledge)

အင်တာနက် အဆ မြန်အောင် လုပ်နည်း



၁။ start >>> Run ကိုသွားပြီး gpedit.msc လို့ရိုက်ပါ။ ပြီးရင် Enter ကိုနှိပ်ပါ၊
၂။ Administrative Templates ကို နှိပ်ပါ။

၃။ Network ကိုနှိပ်ပါ။
၎။ QoS Packet Scheduler ကိုနှိပ်ပါ။
၅။ Limit reservable bandwidth ကိုနှိပ်ပါ။
၆။ Enabled (optional) ကိုရွေးပါ။
၇။ Bandwidth limit (%) ကို 20 ကို 0 ပြောင်းပါ။
၈။ Apply ကိုနှိပ်ပြီး ပေါ်နေတဲ့ Windows တွေအားလုံးပြန်ပိတ်လိုက်ပါ။ သင့်Computer ရဲ့ Internet Speed 20% မြန်သွားပါပြီ။






အဆင်ပြေပါစေ.........................
Min Oke Kar (ဘီလူးကျွန်းသားလေး)


သားတို့ အဝေးရောက်များဘီလူးကျွန်းသားများအတွက် အလွမ်းပြေစေဖို့ ဘီလူးသားတွေ ဖွဲ့ထားတဲ့ ပင်လယ်ပြာနဲ့ ဘီလူးကျွန်း ကိုလည်း အလည်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်..................


 Aung Ko Htet (MM IT Knowledge)