Powered by Blog - Widget
Showing posts with label Education. Show all posts
Showing posts with label Education. Show all posts

Thursday, January 22, 2015

ဂရိဒဏ္ဍာရီကဆင်းသက်လာသော Englishစာလုံးများ




ဂရိဒဏ္ဍာရီကိုစိတ်ဝင်စားတဲ့ စာဖတ်ပရိတ်သတ်တွေများရှိပါသလား?
ကျွန်တော်ကတော့ ဂရိဒဏ္ဍာရီကိုအရမ်းစိတ်ဝင်စားပါတယ်။
အဲဒါကြောင့်လည်းဂရိဒဏ္ဍာရီကို အခါအခွင့်သင့်တိုင်းလေ့လာလေ့
ရှိပါတယ်။ အခုတော့ဂရိဒဏ္ဍာရီကဆင်းသက်လာတဲ့ Englishစာလုံးများကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(1)Atlas = ကောင်းကင်ဘုံကြီးကို ပုခုံးနဲ့ထမ်းထားဖို့ အပြစ်ပေးခံထားရသော Titan တစ်ကောင်

Atlas = မြေပုံများပါဝင်သောစာအုပ်။ မြေပုံစာအုပ်။

(2)Clotho = Clotho ဆိုတာကတော့ မွေးဖွားခြင်း၊သေဆုံးခြင်းစသည်တို့ကို ချုပ်ကိုင်တဲ့ဂရိနတ်ဘုရားမတစ်ပါးပါ။Zeus နဲ့ Themis တို့ရဲ့သမီးတော်ပါ။ လူသားတွေရဲ့အသက်ချည်မျှင်ကိုဗိုင်းငင်သလိုထိန်းချုပ်တယ်လို့ ဒဏ္ဍာရီကဆိုပါတယ်။

Cloth = အ၀တ်အစားများ

(3)Chronos =အချိန်ထိန်းသိမ်းစောင့်ရှောက်သည့်နတ်ဘုရား

Chronology= သမိုင်းဝင်ဖြစ်ရပ်များကို ခေတ်ကာလသတ်မှတ်သည့်ပညာရပ်။ ဖြစ်စဉ်များကို
ကာလအလိုက်စဉ်ထားသည့် စာရင်း။

(4)Erôs =အချစ်နှစ်လိင်ပိုင်းဆိုင်ရာကိုကိုယ်စားပြုသည့်နတ်ဘုရား

Erotic =ကာမရာဂနှိုးဆွသော။ Sexyဖြစ်သော။

(5)Hypnos =အိပ်စက်ခြင်းနတ်ဘုရား

Hypnosis = စိတ်ညှို့ခြင်း၊ အိပ်မွေ့ချခြင်း

(6)Hêlios =သစ္စာတရားကိုစောင့်ရှောက်သောနေနတ်ဘုရား

Heliotrope= နေဘက်လှည့်ပွင့်တတ်သော ခရမ်းရောင်အပင်တစ်မျိုး

(7)Muses = စာပေ၊အနုပညာစသည်တို့ကို စောင့်ရှောက်သောနတ်ဘုရား။

Musical= တေးဂီတနှင့်ဆိုင်သော

(8)Narcissus = သူ့ပုံဏ္ဍာန်ကိုသူ့ဘာသာပြန်ချစ်ခင်နှစ်သက်နေသော နတ်ဘုရား။

narcissism =မိမိကိုယ်ကိုအချစ်လွန်ခြင်း

(9)Nectar =နတ်ဘုရားများသောက်သုံးသော အဖျော်ယမကာတစ်မျိုး။

Nectarr=ပန်းဝတ်ရည်

(10)Nymph =အပင်များနှင့်တိရစ္ဆာန်များကိုစောင့်ရှောင့်ရသော နတ်ဘုရားထက်အဆင့်နိမ်သည့်အမျိုးသမီးငယ်များ။

nymph = အမျိုးသမီးငယ်

(11)Ôkeanos =ကမ္ဘာမြေကြီး၏ ရေချိုးများမြစ်ဖျားခံရာ Oceanusမြစ်ကိုစောင့်ရှောက်သော နတ်ဘုရား။

Ocean= သမုဒ္ဒရာ

(12)Typhon =မိစ္တာများ၏ဖခင်။

typhoon = တိုင်ဖုန်းမုန်တိုင်း

(13)Zephyrus =လေကိုစောင့်ရှောက်သောနတ်ဘုရား

zephyr = လေပြေလေညှင်း

ဗဟုသုတတိုးပွားကြပါစေ။

Credit to မိုးရှင်း (I.M.T)

Knowledge Bank 


Aung Ko Htet (MM IT Knowledge)

Wednesday, May 21, 2014

Bellerbys College တွင်ဆေးကျောင်းသို့ တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်သည့် သင်တန်းတက်ရောက်နိုင်



Aung Ko Htet (MM IT Knowledge)



မြန်မာနိုင်ငံမှ အခြေခံပညာ အထက်တန်းအောင် ကျောင်းသားများနှင့် IGCSE ဖြေဆိုအောင်မြင်ပြီး အင်္ဂလန်နိုင်ငံတွင် ဆေးပညာဘာသာရပ်ကို သင်ယူလိုသူများအနေဖြင့် ပညာရေးကွန်ရက်တစ်ခု ဖြစ်သည့် Bellerbys College တွင် Medical School အတွက်လိုအပ်သည့် A-level ဘာသာရပ်များအပြင် Specialist Preparation for Medical School Program ကိုတက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။



အင်္ဂလန်ရှိ International School များထဲတွင် ထိပ်တန်းကျောင်းအဖြစ် ရပ်တည်လျက်ရှိသော Bellerbys College သည် Bringhton, London, Oxford နှင့် Cambridge မြို့များတွင်ကျောင်းခွဲများ ဖွင့်လှစ်ပြီး ကမ္ဘာထိပ်တန်း တက္ကသိုလ်များသို့ အဆင့်မြင့်ပညာရပ်များကို တက်ရောက်လေ့လာနိုင်ရန် ခိုင်မာသောပညာရေး အခြေခံအတန်းများဖြစ်သည့် IGCSE, A-level မှစပြီး စိတ်ကြိုက်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်သော Foundation Program များ၊ Undergraduate Year 1 program နှင့် Pre-master program များကိုနိုင်ငံတကာမှ ကျောင်းသားများအတွက် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။



Bellerbys College မှ A-level ကိုရမှတ်ကောင်းကောင်းဖြင့် ပြီးဆုံးအောင်မြင်သော နိုင်ငံတကာမှကျောင်းသားများသည် University  College London, University of Glasgow, University of Edinburgh, Newcastle University နှင့် Australia National University စည့်နာမည်ကျော် တက္ကသိုလ်ပေါင်းများစွာတွင် ဆေးပညာဘာသာရပ်များကို ဆက်လက်သင်ယူလျက် ရှိကြောင်းသိရသည်။ ဆေး ပညာဘာသာရပ်ကို အထူးပြုလေ့လာ လိုသူများအနေဖြင့် Bellerbys College မှ Medical School ဝင်ခွင့်အတွက် လိုအပ်သော A-level ဘာသာရပ်များအပြင် Specialist Preparation for Medical School

program ကိုပါတွဲဖက် သင်ကြားပေးလျက်ရှိသည်။



Specialist Preparation for Medical School program တွင် UKCAT (UK Clinical Aptitude Test), BMAT (BioMedical Admission Test) ponfh ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရန်လိုအပ်သည့် ပြင် ဆင်မှုများကို အနီးကပ်ညွှန်ကြားပေးခြင်း၊ Medical School မှဝန်ထမ်းများနှင့်အတူ အတွေ့အကြုံ ရစေရန် ရည်ရွယ်ပြီးလူတွေ့ မေးမြန်းသည့်အကြို စမ်းသပ်မှုများပြု လုပ်ပေးခြင်း၊ Medical Application Group ကိုဖွဲ့စည်းပေးထားကာ နည်းပြဆရာများမှ UCAS မှတစ်ဆင့် ဆေးပညာကျောင်းဝင်ခွင့်အတွက် ကျောင်းလျှောက်ရမည့် လုပ်ထုံးလုပ်နည်းများကို ညွှန်ကြားပေးခြင်း၊ UKCAT အတွက် လူတွေ့စစ်ဆေး မေးမြန်းခြင်းဆိုင်ရာများအတွက် လေ့ကျင့်ပေးခြင်းတို့ကို ပြုလုပ်ပေးကြောင်းသိရသည်။



Bellerbys College ၏ A-level ကိုတက်ရောက်လိုသူ မြန်မာနိုင်ငံ ကျောင်းသားများသည် အခြေခံပညာ အထက်တန်းအောင်ပြီး IELTS (5.5) ရရှိထားသူများ (သို့) IGCSE စာမေးပွဲတွင် ဘာသာရပ်  (၅) ခုကို Grade-C နှင့်အထက် အောင်မြင်ပြီး အင်္ဂလိပ်စာဘာသာရပ်ကိုပါ ဖြေဆိုအောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး ထူးချွန်ကျောင်းသားများအတွက် ပညာသင်ဆုများလည်းပေးအပ်နေပြီ ဖြစ်ကြောင်းသိရသည်။



အင်္ဂလန်၏ ဆေးပညာဘာသာကို လေ့လာလိုသူများနှင့် Bellerbys College အကြောင်းကို အသေးစိတ်သိရှိ လိုသူများအနေဖြင့် AT & S ဖုန်း - ၀၁-၆၅၂၂၈၈၊ ၀၉-၅၀၆၂၁၆၁၊ ၀၉-၅၀၆၂၁၇၁ သို့ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။

ref: Internet Journal

Sunday, May 18, 2014

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Cisco Learning Partner ဖြစ်သည့် သင်တန်းကျောင်းတွင် Cisco Inernetworking နည်းပညာများ လေ့လာနိုင်



Aung Ko Htet (MM IT Knowledge)



မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Cisco Learning Partner ဖြစ်သည့် Youth Computer တွင် Cisco Inernetworking နည်းပညာများ ဂုဏ်ယူစွာဖြင့် စနစ်တကျ တက်ရောက်သင်ယူနိုင်ကြောင်း သိရသည်။



အဆိုပါသင်တန်းကျောင်းတွင် Cisco Inc အသိအမှတ်ပြု ဆရာကိုဇော်လင်း (Cisco Certified Trainer -34928) ကိုယ်တိုင် ဦးစီးသင်ကြားပြီး Cisco System, Inc ၏ White List စာရင်းဝင် Learning Partner ဖြစ်သောကြောင့် Cisco မှ တိုက်ရိုက်ပံ့ပိုးပေးထားသော Routing & Switching အပြင် Cisco Wireless, Security, Voice, CCDA, Accelerated စသည့် နယ်ပယ်စုံအတွက် သင်ရိုးညွှန်းတမ်းများကို လက်ခံရရှိထားပြီး ဖြစ်ကြောင်း သိရသည်။



ဖွင့်လှစ်မည့် သင်တန်းများမှာ  Practical A+, Network Engineering, CCNA (200-120) နှင့် CCNP Route သင်တန်းများဖြစ်ပြီး  Practical A+ သင်တန်းကို Centre I တွင် ဇွန်လ ၁၁ ရက်မှစ၍လည်းကောင်း၊  Network Engineering သင်တန်းကို Centre I တွင် မေလ ၁၇ ရက်နှင့် Centre II တွင် မေလ ၇ ရက် မှစ၍ လည်းကောင်း၊ CCNA (200-120) သင်တန်းကို Centre I တွင် မေလ ၂၁ ရက်မှစ၍လည်းကောင်း၊ CCNP Route သင်တန်းကို Centre I တွင် မေလ ၂၈ ရက်မှစ၍ လည်းကောင်း အသီးသီးဖွင့်လှစ်သင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းမဖွင့်မီ တစ်ပတ်အလိုအထိ သင်တန်းအပ်နှံမည့်သူများကိုလည်း ၁၀ ရာခိုင်နှုန်း သင်တန်းကြေးလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။



Cisco Systems, Inc သည်  Networking Equipment များကို ထုတ်လုပ်ရောင်းချနေသည့် ကမ္ဘာ့အကြီးမားဆုံးသော ရှေ့ဆောင် လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ၎င်း၏ Cisco Certification များသည်လည်း မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ အထူးရေပန်းစာလှပြီး  လစာမြင့်မားစွာ ရရှိစေနိုင်မည့် Certification များ ဖြစ်ကြောင်း သိရသည်။



သင်တန်းတက်ရောက်လိုသူများအနေဖြင့် Centre I: Room 6A, ပန်းဆိုးတန်း၊ Office Tower, FUJI Shopping အပေါ် ၆ လွှာ၊ ပန်းဆိုးတန်း (အလယ်)၊ ကျောက်တံတား၊ ရန်ကုန်၊ ဖုန်း-၂၅၄၈၉၃၊ ၀၉-၃၁၃၃၇၁၄၈ နှင့် Centre II: Room 605, Building 16, Redlink Building, MICT Park ဖုန်း-၀၉-၃၁၅၆၀၈၅၅ တွင် ဆက်သွယ်စုံစမ်းနိုင်သည်။

ref: Internet Journal

လုပ်ငန်းခွင် အသုံးချ ASP. Net Web Application သင်တန်းများ ဖွင့်လှစ်မည်



Aung Ko Htet (MM IT Knowledge)



ကွန်ပျူတာ Programming နည်းပညာများ ကိုလေ့လာလိုသူများနှင့် ပြည်တွင်းပြည်ပများတွင် အရည်အသွေး ပြည့်ဝသော ASP.Net Developer/Programmer တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် လုပ်ငန်းခွင် အသုံးချကွန်ပျူတာ Programming သင်တန်းများကို ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ သင်တန်းများကို Level 2 ခုခွဲ၍ သင်ကြားပေးဖြစ်သည်။ Level 1 Basic Software Engineering သင်တန်းတွင် Program များ ရေးသားနိုင်ရန် Programming Technique နှင့် Concept များ၊ Flow and Control Statement များ၊ Object Oriented Programming ၏ Concept များကို C#Language ဖြင့် လေ့လာရမည် ဖြစ်သည်။



Level 2- Advanced Software Engineering တွင် Dynamic Web Application တစ်ခုကို Tier ခွဲ၍ ရေးသားနိုင်ရန် ASP.Net, ADO.Net, AJAX, LINQ စသော Technique များဖြင့် သင်ကြားပေးမည် ဖြစ်သည်။ MS-SQL Server 2008 ကို အသုံးပြု၍ Database Design အပါအဝင် Database Techniques များကိုပါ အသေးစိတ် သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းပြီးဆုံးပါက သင်တန်းသားကိုယ်တိုင် Web Application Project  တစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။



လုပ်ငန်းခွင် အတွေ့အကြုံယူလိုသူများအတွက် On Job Training (OJT) ကိုလည်း ဖွင့်လှစ်ထားမည် ဖြစ်သည်။ အဆိုပါ OJT တွင် Real Projects များတွင် ဝင်ရောက်ရေးသားရမည် ဖြစ်သည်။ သင်တန်းကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် Key IT Systems' ဖုန်း-၀၉-၄၂၅၃၂၄၇ ၁၈၊ ၀၉-၄၃၁၁၆၃၈၂ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။



ref: ဝေဝေ

Media Communicatin ဘာသာရပ်အတွက် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မည်



Aung Ko Htet (MM IT Knowledge)



Webster University (Thailand Campus) မှ Media Communication ဘာသာရပ်ကို လျှောက်ထားလိုသူ မြန် မာကျောင်း သား၊ ကျောင်းသူများအတွက် ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ် မည်ဖြစ်ကြောင်း သိရသည်။



မြန်မာကျောင်းသား၊ ကျောင်းသူများသည် ၅၀ ရာခိုင်နှုန်း ပညာသင်ဆုနှင့် ၃၀ ရာခိုင်နှုန်း အာရှတိုက်သား ပညာသင် ထောက်ပံ့ကြေးကို လျှောက်ထားနိုင်မည်ဖြစ်သည်။ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေး ခံစားခွင့်များကို ကျောင်းလခများမှ လျှော့ချပေးသွားမည်ဖြစ်ပြီး အမေရိကန်ဘွဲ့ကြိုတန်းဖြစ်သော BA Media Communication အတွက် ကျောင်းလခမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၁၂၅၀ ဖြစ်ပြီး လေးနှစ်ကြာ သင်ယူရမည်ဖြစ်သည်။ ဘွဲ့လွန်တန်းဖြစ်သော MA Media Communication အတွက် ကျောင်းလခမှာ ကန်ဒေါ်လာ ၁၅၆၇၃ ဖြစ်ပြီး ၁၅ လကြာမြင့်မည်ဖြစ်သည်။ မေလနှင့် သြဂုတ်လများမှာ ဘွဲ့ကြိုတန်း အတွက် ကျောင်းဖွင့်ချိန်များဖြစ်ပြီး မေ၊ သြဂုတ်နှင့် အောက်တိုဘာလများမှာ ဘွဲ့လွန်တန်းအ တွက် ကျောင်း ဖွင့်ချိန် များဖြစ်သည်။



ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးလျှောက်ထားလိုသူများသည် ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများနှင့် အခြားလူမှုရေးလှုပ်ရှားမှု အသိအမှတ်ပြု စာရွက်စာတမ်းများကို ကိုယ်တိုင်ယူဆောင်ကာ Myanmar Search International Co.,Ltd ဖုန်း - ၂၅၀၉၂၉၊ ၃၈၉၉၁၅၊ ၀၉၅၁၀၃၉၁၅  သို့ သွားရောက်လျှောက်ထားနိုင်မည် ဖြစ်သည်။

ref: Internet Journal

Friday, May 16, 2014

အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့



Aung Ko Htet (MM IT Knowledge)


အွန်လိုင်းပေါ် ကနေ မိမိရဲ့ အင်္ဂလိပ်စာ အရည်အသွေး စစ်ဆေး လို့ရ တဲ့ လေ့လာ သင်ကြားလို့ ရတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပါ။ 

အင်္ဂလိပ် စာကို Self study လုပ်အား ကောင်းသူများ အနေနဲ့ အွန်လိုင်း ကနေ လေ့လာတာ အကောင်းဆုံး ဖြစ်ပါတယ်။ အများစု ကတော့ Reading, Writing, Grammar နဲ့ Listening တို့ကို ရနိုင်ပြီး Speaking ကတော့ ကိုယ်တိုင် ပြောကျင့် ရှိမှ ရပါမယ်။

www.grammarmechanics.com/hptest.swf

www.learn4good.com/languages/english_level.htm

www.dailywritingtips.com/grammar-test-1

www.englishleveltest.com

www.cambridgeenglish.org/test-your-english

www.test-my-english.com

ဒီတော့ မိမိရဲ့ အရည်အချင်း ဘယ်လောက် ရှိတယ် ဘယ် Level ကနေ စလေ့လာ ရမယ်ကို သိရှိ နိုင်မှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

Tuesday, May 13, 2014

ရန်ကုန်တက္ကသိုလ်သို့ Oxford တက္ကသိုလ်မှ ဥပဒေဆိုင်ရာစာအုပ် (၅၀၀၀) လှူဒါန်း



Aung Ko Htet (MM IT Knowledge)


ရန်ကုန်တက္ကသိုလ်၊ ဥပဒေဌာနသို့ ဥပဒေဆိုင်ရာစာအုပ်ပေါင်း (၅၀၀၀)ကျော်ကို Oxford တက္ကသိုလ် ဥပဒေမဟာဌာနနှင့် Bodleian ဥပဒေစာကြည့်တိုက်တို့က ဧပြီလ ၂၄ ရက်တွင် လှူဒါန်းလိုက်ခဲ့ပါသည်။

"ကျွန်တော်တို့ တက္ကသိုလ်ကို ဒီလိုလှူဒါန်းတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်"ဟု ရန်ကုန် တက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာအောင်သူမှ ပြောကြားခဲ့ပါသည်။ " Oxford တက္ကသိုလ်နဲ့ ကျွန်တော်တို့ တက္ကသိုလ်တို့ရဲ့ ဆက်ဆံရေးနှင့်ပတ်သက်ပြီး ကျွန်တော်တို့မှာ စိတ်ထက်သန်တက်ကြွနေကြပြီး ယခုထက် ပိုမိုနီးကပ်စွာ ပူးတွဲဆောင်ရွက်နိုင်ရေးကိုလည်း မျှော်လင့်နေကြပါတယ်"ဟု ပါမောက္ခချုပ် ဒေါက် တာအောင်သူ မှ ဆက်လက်ပြောကြားခဲ့ပါသည်။၎င်းလှူဒါန်းမှုသည် အများနှင့်သက်ဆိုင်သော ဥပဒေ စာကြည့်တိုက်၏ ဗဟိုချက်အဖြစ်တည်ရှိမှာ ဖြစ်သည့်အပြင် အဓိကအင်္ဂလိပ်စီရင်ထုံးအားလုံး၊ ပြဌာန်းဥပဒေ များနှင့် ဥပဒေဂျာနယ်များပါရှိပါသည်။ ၄င်းတို့သည် သုတေသနလုပ်ငန်းများနှင့် သင်ကြားရေးတို့ကို အထောက်အကူဖြစ်မှာ ဖြစ်ပြီး အထူးသဖြင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပထမဆုံးတက်ရောက်ကြမည့် ဥပဒေကျောင်းသားများအတွက် ပံ့ပိုးမှုဖြစ်စေမည် ဖြစ်ပါသည်။

"ကျွန်မတို့ ကျောင်းသားတွေက သူတို့ရဲ့ ဘာသာရပ်လေ့လာမှုကို အထောက်အကူဖြစ်မည့် ဒီအရေးပါလှသော အရင်းအမြစ်တိုးချဲ့ မှုကို သဘောကျကြမှာ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့ကလည်း ယခင်က မရှိခဲ့တဲ့ ကျမ်းကိုးများကို ယခုအခါမှာ တိုက်ရိုက်လက်လှမ်းမီတော့မှာ ဖြစ်ပါတယ်"ဟု ဥပဒေဌာန၏ ဌာနမှူး ပါမောက္ခ ဒေါ်ခင်မာရီက ပြောကြားခဲ့ပါတယ်။
"ဤလှူဒါန်းမှုသည် ပြီးခဲ့သော နှစ်များအတွင်းက မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုသို့ လှူဒါန်းခဲ့သော အကြီးမားဆုံးစာအုပ်လှူဒါန်းမှုဖြစ်သည်သာမက ဒီနိုင်ငံ၏ အဆင့်မြင့်ပညာရေးအပေါ် Oxford တက္ကသိုလ်၏ အလေးထားမှုကိုလည်း ထင်ရှားစေပါတယ်"ဟု Oxford တက္ကသိုလ်မှ ဥပဒေကထိကနှင့် ဥပဒေမဟာဌာန၏ မြန်မာနိုင်ငံပဲ့ကိုင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သော Andrew McLeod က ပြောကြားခဲ့ပါတယ်။

“ဒီလှူဒါန်းမှုကို Oxford တက္ကသိုလ်မှ ပညာရှင်များက ယာယီလာရောက်သင်ကြားခြင်းများ၊ သုတေသန လုပ်ငန်းများ ပူးတွဲဆောင်ရွက်ခြင်းတို့ပါဝင်သော ဥပဒေဌာနနှင့် နှစ်ရှည်ပူးတွဲဆောင်ရွက်ရေး၏ အစဖြစ်ဖို့ ရည်ရွယ်ပါတယ်" ဟု Andrew McLeod က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဤပူးတွဲဆောင်ရွက်ရေးအစီအစဉ်နှင့်ပတ်သက်၍ အားပေးထောက်ခံသောအနေဖြင့် British Council သည် တက္ကသိုလ် (၂)ခုလုံးနှင့် နီးနီးကပ်ကပ်ဆောင်ရွက်နေပါသည်။ ဤပူးတွဲဆောင်ရွက်ရေး အစီအစဉ် သည် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်၏ ကဏ္ဍတစ်ခုဖြစ်သ ကဲ့သို့ နိုင်ငံတော်က ရန်ကုန်တက္ကသိုလ်အား ပြန်လည်ရှင်သန်စေလိုသည့် ရည်ရွယ်ချက်နှင့် တစ်သားတည်း ကျနေသော တစ်စိတ် တစ်ပိုင်းလည်းဖြစ်ပါသည်။


British Council ၏ ပညာရေးနှင့် အနုပညာညွှန်ကြားရေးမှူးဖြစ်သော Susana Galván က "ဒီလိုရက်ရောပြီး အရေးပါလှတဲ့ လှူဒါန်းမှုအကြောင်းကြားရတဲ့အခါ British Council အနေနဲ့ ၀မ်းသာမိပါတယ်" လို့ ပြောကြားခဲ့ပါသည်။ "ဒါဟာ ရန်ကုန်တက္ကသိုလ်နှင့် Oxford တက္ကသိုလ်ကြား ပိုကျယ်ပြန့်ပြီး ကြီးကျယ်သော ပူးတွဲဆောင်ရွက်မှုအစီအစဉ်၏ အပိုင်းတစ်ခုဖြစ်ပါတယ်။

ဥပဒေဘာသာရပ်တစ်ခုတည်းမှာသာ မဟုတ်ဘဲ တခြားဘာသာရပ်တွေနဲ့ နယ်ပယ်တွေလည်း ပါဝင်ပါတယ်" ဟု ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါတယ်။ Bodleian ဥပဒေ စာကြည့် တိုက်မှူး Ruth Bird ပါဝင်သော Oxford တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် ဥပဒေနှင့်ဆိုင်သော ပညာရေးနှင့် ဥပဒေဆိုင်ရာ လေ့ကျင့်မှုတို့ကို အားပေးထောက်ခံရန် အတွက် မြန်မာပြည်သို့ မေလ ၅ ရက်မှ ၁၄ရက်အတွင်း ရောက်ရှိနေပါသည်။ 


အဆိုပါလာရောက်မှုသည် ယခုနှစ် မတ်လအတွင်းကလည်း Oxford တက္ကသိုလ်သို့ ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များက လေ့လာရေး ခရီးသွားရောက်ခဲ့ခြင်းနှင့် ဆက်စပ်လာရောက်ခြင်းဖြစ်ပါသည်။ Ms Bird သည် ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားများနှင့် ၀န်ထမ်းများကို မေလ ၇ရက်မှ ၁၂ရက်အထိ ဥပဒေဆိုင်ရာ သုတေသနသင်တန်းပေးနေပါသည်။၎င်းအပြင် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ စာကြည့်တိုက်များကို အကဲဖြတ်ရန်အတွက် နေပြည်တော်သို့လည်း သွားမည်ဖြစ်ပါသည်။

ဥပဒေဆိုင်ရာစာအုပ်များလှူဒါန်းမှုကို ဖြစ်မြောက်ရန် UK အခြေစိုက် ကူညီမှုအသင်းတစ်ခုဖြစ်သော The Constitution Trust မှ ပံ့ပိုးပေးခဲ့ပါသည်။ ၄င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးစ ဒီမိုကရေစီနိုင်ငံများသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အုပ်ချုပ်မှုရေးရာကို အထောက်အပံ့ဖြစ်စေရန် လိုအပ်သော အရင်းအမြစ်များနှင့် ကျွမ်းကျင်မှု များကို ကူညီပေးလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းအချို့ကို စတင် စီစဉ်နေပါသည်။


ref: Tech space

Sunday, May 11, 2014

ရုံးချိန်ပြင်ပ CCNA 200- 120 Course သင်တန်းကို ၅၀ ရာခိုင်နှုန်း Discount ဖြင့် ဖွင့်လှစ်မည်



Aung Ko Htet (MM IT Knowledge)


လက်တွေ့လုပ်ငန်းခွင် ဝင်နေသော Network Engineer သမားများ အတွက် ရည်ရွယ်၍ ရုံးချိန်ပြင်ပ CCNA 200-120  Course သင်တန်းကို ၅၀ ရာခိုင်နှုန်း Discount ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။



အဆိုပါသင်တန်းကို Networking အခြေခံရှိသူများ တက်ရောက်နိုင်ပြီး နိုင်ငံတကာ အသိအမှတ်ပြု CCNA, CCNP, MCP, MCSA, MCSE, MCSE+S, MCSA+S, MCITP, CompTIA A+, CompTIA N+ မှ လက်မှတ်ရ ဆရာများကိုယ်တိုင် Real Cisco Switches/Routers များကို အသုံးပြု၍ အနီးကပ် သင်ကြား ပြသပေးမည် ဖြစ်ပြီး၊ ကျွမ်းကျင်မှု မရှိသေးပါက အခမဲ့ ပြန်လည် တက်ရောက်နိုင်မည် ဖြစ်သည်။



နိုင်ငံတကာ သင်ရိုးညွှန်းတမ်း ဖြစ်သော Operation of IP Data Networks, Lan Switching Technologies, IP Advertising (IPv4, IPv6), IP Routing Technologies, IP Services, Net-work Device Securtiy, Troubleshooting, WAN Technologies အစရှိသော ဘာသာရပ်များကို Theory/Practical မျှတစွာ သင်ကြားပေးမည် ဖြစ်သည်။



သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် ထပ်မံသိရှိလိုပါက Y-Max ICT Professional Training Centre ဖုန်း-၀၉-၅၁၃၇၅၂၀၊ ၀၁-၂၂၄၀၅၆ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။



ref: ဝေဝေ

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ



Aung Ko Htet (MM IT Knowledge)


တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။

သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။

အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။

ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။

Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg
 

ref: Yo Yar Lay

Monday, May 5, 2014

နိုင်ငံခြားရေး ဝန်ကြီးဌာန အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်း အမှတ် (၃၃) အတွက် သင်တန်းသားခေါ်ယူ



Aung Ko Htet (MM IT Knowledge)



နိုင်ငံခြားရေး ဝန်ကြီးဌာန အငြိမ်းစား သံအမတ်ကြီးများနှင့် ဝါရင့် သံတမန်ကြီးများ၊ ကျွမ်းကျင် ပညာရှင်များ ကိုယ်တိုင်ပို့ချမည့် အခြေခံ သံတမန်ရေးရာ ကျွမ်းကျင် မှုသင်တန်းအမှတ်စဉ် (၃၃) ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။



နိုင်ငံတကာရေးရာ ကိစ္စများတွင် စိတ်ပါဝင်စားသူများ၊ နိုင်ငံတကာနှင့် ဆက်ဆံမှုရှိသည့် စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၊ ကုမ္ပဏီ ဒါရိုက်တာများ၊ ဝန်ထမ်းများအတွက် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေး မည် ဖြစ်သည်။ သင်တန်းတွင် သံတမန် ရေးရာ (Protocol) ၊ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် အစည်းအဝေး ကျင်းပခြင်း၊ (International Conferencing) ၊ သံတမန်စာ ပေးစာယူ ဆက်သွယ်မှု (Diplomatic Correspondence) ၊ စေ့စပ် ပြောဆိုမှု နည်းလမ်းများ (Negotiating Techniques) စသည့် ဘာသာရပ်များကို အထူးပြု သင်ကြားပေးမည် ဖြစ်သည်။ တက်ရောက်လိုသူများ အနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီး သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အတွက် ပညာအရည်အချင်း ကန့်သတ်ချက်ကို လျှော့ပေါ့စဉ်းစား ပေးမည်ဖြစ်သည်။ သင်တန်းကာလ အနေဖြင့် ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည် ဖြစ်ပြီး  သင်တန်းသား အရေ အတွက် ကန့်သတ်ထားသည်။



လျှောက်လွှာများကို ၂၀၁၄ ခုနှစ် မေလ ၁၅ ရက် နောက်ဆုံးထား လက်ခံမည်ဖြစ်သည်။ သင်တန်း လျှောက်လွှာများကို နိုင်ငံခြားရေး ဝန်ကြီးဌာန လေ့ကျင့်ရေး သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီး ဌာနတွင် စတင် လက်ခံနေပြီ  ဖြစ် သည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလို ပါက နိုင်ငံခြားရေး ဝန်ကြီးဌာန ဖုန်း-၂၂၁၅၃၁၊ ၂၂၁၅၃၇ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။



ref: ဝေဝေ

CCIE Lab ဖွင့်လှစ်



Aung Ko Htet (MM IT Knowledge)


Cisco \ CCIE Level ကို လေ့လာလိုသော ကျောင်းသား၊ ကျောင်းသူများအတွက် IMCS မှ CCIE Level Lab အား မေလမှစတင်အသုံးပြုခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ CCNA, CCNP တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ကာ Cisco Lab အား ယခင်အချိန်များစွာမှ စတင်ဖွင့်လှစ်ပေးခဲ့ပြီး လက်ရှိအချိန်တွင် ပိုမိုအဆင့်မြင့်မားသော CCIE Level လေ့လာလိုသူများအတွက် Upgrade ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။



“ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပြီး လုပ်ထားတာပါ။ ပြီးပြည့်စုံတဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြစ်လာလို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။ CCIE Level ဖြစ်လို့ NA Level, NP Level တက်ရောက်တဲ့သူတွေအတွက်ပါ အကျိုးကျေးဇူးဖြစ်စေနိုင်မှာပါ။ ပထမဆုံး CCIE Lab ဖြစ်တဲ့အတွက် လိုအပ်ချက်မရှိဖို့ အထူးဂရုစိုက်ပြီး အချိန်ယူပြင်ဆင်ထားခဲ့ပါတယ်။ နည်းပညာနယ်ပယ်မှာ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ကျွန်တော်တို့နိုင်ငံရဲ့ Cisco နဲ့ပတ်သက်လို့ လိုအပ်ချက် ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးလိုက်တာပါ ” ဟု IMCS ၏ ဒါရိုက်တာဖြစ်သူ ဆရာဦးကောင်းမြတ်ပိုင်က ပြောသည်။



IMCS သင်တန်းကျောင်းမှ လက်ရှိအချိန်တွင် CCNA ရမှတ်ပြည့် ၁၀၀၀ မှတ်ဆုရှင် ၂၃ ဦး ပေါ်ထွက်ခဲ့ပြီး၊ CCIE တန်းခွဲကိုလည်း မကြာမီစတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။IMCS တွင် CCNA, CCNP (Route, Switch, T-Shoot) တက်ရောက်လိုသူများအတွက် လစဉ်တန်းခွဲသစ်များကို  ဖွင့်လှစ်ပေးလျက်ရှိပြီး၊ Lab ကိုလည်း အချိန်သတ်မှတ်ကာ အသုံးပြုစေနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အမှတ် (၂၁/၂၃)၊ ယာ၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်းရှိ IMCS Center ၁ ဖုန်း-၀၁-၅၁၄၉၄၄၊ ၀၉- ၄၅၀၀၁၆၀၄၀ သို့ဖြစ်စေ စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။



ref: သန္တာ

Thursday, April 24, 2014

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Professional Web Developer Course with PHP (+Project Training) အမှတ်စဉ် (၅) ဖွင့်လှစ်မည်



Aung Ko Htet (MM IT Knowledge)

 ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Professional Web Developer Course with PHP (+Project Training) အမှတ်စဉ် (၅) သင်တန်းတစ်ခုကို မေလ (၅) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

PHP (Hypertext Preprocessor) သည် မြန်မာပြည်တွင်မကနိုင်ငံတကာတွင်ပါအသုံးအများဆုံး Web Programming Language တစ်ခုဖြစ်ပါသည်။ လူသိများထင်ရှားသော Wordpress, Joomla, Drupal အစရှိသော CMS များသည် PHP ပေါ်တွင်အခြေပြုတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာကျော် Facebook သည် PHP ဖြင့်တည်ဆောက်ထားခြင်းဖြစ်ပါသည်။ PHP သည်လူသုံးအများဆုံး Language များအနက် တစ်ခုဖြစ်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများပေါများစွာရှိပါသည်။ ပြည်တွင်းတွင် အလုပ်လုပ်ကိုင်မည့်သူများ၊ နိုင်ငံတကာသို့ Web Developer တစ်ယောက်အဖြစ် သွားရောက်လုပ်ကိုင်မည့်သူများအတွက် မရှိမဖြစ် တတ်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။ သင်တန်းပြီးဆုံးပါက ပြည်တွင်းတွင်သာမကနိင်ငံတကာတွင်ပါ ဝင်ငွေကောင်းသော Web Developer တစ်ယောက်အဖြစ် ရပ်တည်နိင်မည်ဖြစ်ပါသည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ၊ Web Foundation တတ်မြောက်ပြီးသူများ၊ နိင်ငံတကာသို့ သွားရောက်ပြီး လုပ်ငန်းခွင်ဝင်မည့်သူများ၊ ပရောဂျက်များကိုကိုယ်တိုင်ရေးသားလိုသည့် ကျောင်းသားကျောင်သူများ၊ Thesis အတွက်ပြင်ဆင်နေသူများ၊ ဘွဲရပြီးလုပ်ငန်းခွင်ဝင်မည့်သူများ တတ်ရောက်သင့်ပါသည်။ ယခုသင်တန်းသည် ပရိုဂရမ်းမင်းဘာသာရပ်တစ်ခုကို ပုံမှန်လေ့လာ သင်ကြားခြင်းထက် ရေရှည်သွားနိင်မည့် concept နှင့် အိုင်ဒီယာများအားနားလည်နိုင်မူကို ဦးတည်သွားမည်ဖြစ်ပါသည်။ သင်တန်းကာလတွင် လက်တွေ့ပြုလုပ်ရမည့် ပရောဂျက်ကြီးတစ်ခုနှင့် အပါတ်စဉ်ဆောင်ရွက်ရမည့် ပရောဂျက်ငယ်များပါဝင်ပါသည်။ နောက်ဆုံးပရောဂျက်တွင် SVN ဟုခေါ်သော Version Control ဆာဗာနှင့်ချိတ်ဆက် စုပေါင်းပြီးရေးသားအလုပ်လုပ်ရမည်ဖြစ်သဖြင့် Team working Environment နှင့်လည်းအကျွမ်းတဝင်ရှိစေပြီး အလုပ်အကိုင်အတွက်များစွာ အထောက်ကူပြုမည်ဖြစ်ပါသည်။ သင်တန်းအားပြည်တွင်း နှင့် နိင်ငံတကာပရောဂျက် အတွေ့အကြုံရှိသော ကိုဝိန်း @ ကိုဝေလင်းထွန်း မှ သင်ကြားပေးမည်ဖြစ်ပါသည်။

ပါဝင်မည့်အကြောင်းအရာများ…..

v Setting up Apache Server Environment

v Programming Principals

v Working with local/remote MySQL Database

v Functions , Conditions, Loops, Variables

v INSERT,UPDATE ,DELETE , SELECT

v Javascript and Query

v Working with Forms

v Working with SVN Server

v A Web Development Project with PHP

သင်တန်းကာလ - မေလ (၅) ရက် မှ ဇူလှိုင်လ (၁) ၂၀၁၄ ရက်အထိ

သင်တန်းအချိန် - ညနေ ၅း၀၀မှ ၈း၀၀ နာရီ (တနင်္လာ၊ အဂါင်္)

သင်တန်းကြေး - ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်းကျပ်)၊

MCPA Member(၅၀%) - ၇၅,၀၀၀ (ခုနှစ်သောင်းငါးထောင်ကျပ်)

သင်တန်းသားဦးရေ - (၁၅) ဦး

သင်တန်းနေရာ - အဆောင် (၄)၊ အခန်း(၄)၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် မေလ (၄) ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။

မှတ်ချက်၊ အတန်းတက်ချိန် ၇၅% မပြည့်မှီပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ…


ref: Tech space

Tuesday, March 25, 2014

Joomla ဝက်ဆိုက်တွင် သတင်းတင်နည်း



Aung Ko Htet (MM IT Knowledge)
 
Joomla ဝက်ဆိုက်တွင် သတင်းတင် တတ်စေရန် ရည်ရွယ်၍ လမ်းညွှန်ချက် များကိုရေးသား လိုက်ရခြင်း ဖြစ်ပါတယ်။

(၁) Administration Login ထဲတွင် User Name နှင့် Password ထည့်လိုက်ပါ။

(၂) Administration ထဲကို ရောက်သွားပါက Add New Article ကိုနှိပ်လိုက်ပါ။

(၃) ထို့နောက် Title တွင် ခေါင်းစဉ်ထည့်ပါ။ Category တွင် မိမိအလိုရှိသော တစ်ခုကို ရွေးချယ်ပါ။

(၄) Toggle Editor အကွက်ထဲတွင် Toggle Source Code ကိုတစ်ချက် နှိပ်ပါ။ ထို့နောက် မိမိထည့် လိုသည့် စာများကို ထည့်လိုက်ပါ။ Toggle Source Code ကို တစ်ချက်ပြန်နှိပ် လိုက်ပါ။

(၅) Meta Description အကွက်ထဲတွင် Toggle Editor အကွက်ထဲတွင် ထည့်သည့်စာများကိုပဲ ပြန်ထည့် လိုက်ပါ။

(၆) Meta Keywords နေရာတွင် စာတစ်ပုဒ်လုံး၏ အဓိက ကျသော စာလုံးလေးတွေကို ကော်မာကုတ်ပြီး ထည့်လိုက်ပါ။ ဥပမာ - မြန်မာ , ဥက္ကဋ္ဌ စသဖြင့်ပေါ့။

(၇) Author နေရာမျာ စာရေးသူ နာမည်ကို ထည့်လိုက်ပါ။

(၈) ထို့နောက် ပုံထည့်ဖို့ အတွက် Toggle Editor အကွက်ထဲတွင် Insert/Edit Image ကိုတစ်ချက်နှိပ် လိုက်ပါ။

(၉) ရက်စွဲများ အတွက် New Folder ကိုနှိပ်ပြီး Folder ဆောက်ပါ။





(၁၀) ထို့နောက် Upload ကိုတစ်ချက်နှိပ် လိုက်ပါ။ ပြီးနောက် Browse ကိုနှိပ်ပြီး မိမိ အလိုရှိသော ပုံကို ထည့်လိုက်ပါ။ Upload ကို တစ်ချက်နှိပ် လိုက်ပါ။

(၁၁) ပုံဝင်သွားပြီ ဆိုပါက ပုံစာကြောင်းမှာ တစ်ချက်နှိပ် လိုက်ပါက URL တွင်စာကြောင်းဝင် သွားပါမည်။Alternate Text တွင် ခေါင်းစဉ်ကို ထည့်လိုက်ပါ။ Alignment နေရာမှာ မိမိအလိုရှိသော ပုံထားမည့် နေရာကို ရွေးချယ်ပါ။

(၁၂) Insert ကို တစ်ချက်နှိပ်လိုက်ပါ။

(၁၃) ပုံသည် Toggle Editor အကွက်ထဲသို့ ဝင်သွားပါမည်။ ထို့နောက် Read More ဖြတ်မည့် နေရာတွင်ကလစ် တစ်ချက်နှိပ် လိုက်ပါ။ ထို့နောက် အောက်ဘက်ရှိ Read More မှာ တစ်ချက်နှိပ် လိုက်ပါ။

(၁၄) Save ၊ Save & Close ၊ Save & New တစ်ခုခုကို နှိပ်လိုက်ပါ။ အားလုံးပြီးသွားပါပြီ။

အထက်ပါ ဖော်ပြပါ အချက်များသည် Joomla ဝက်ဆိုက်တွင် သတင်းတင် တတ်စေရန် အကြမ်းမျဉ်း မျှသာ ဖြစ်ပါတယ်။



 

ref: ကျော်လင်းနိုင် (www.smart.com.mm) 

Monday, March 24, 2014

အွန်လိုင်းပေါ်မှာ မိမိ အင်္ဂလိပ် စာ အရည်အသွေး အခမဲ့ စစ်ဆေးဖို့



Aung Ko Htet (MM IT Knowledge)

 အွန်လိုင်းပေါ် ကနေ မိမိရဲ့ အင်္ဂလိပ်စာ အရည်အသွေး စစ်ဆေး လို့ရ တဲ့ လေ့လာ သင်ကြားလို့ ရတဲ့ ဝဘ်ဆိုဒ်တွေ အများကြီးပါ။

အင်္ဂလိပ် စာကို Self study လုပ်အား ကောင်းသူများ အနေနဲ့ အွန်လိုင်း ကနေ လေ့လာတာ အကောင်းဆုံး ဖြစ်ပါတယ်။ အများစု ကတော့ Reading, Writing, Grammar နဲ့ Listening တို့ကို ရနိုင်ပြီး Speaking ကတော့ ကိုယ်တိုင် ပြောကျင့် ရှိမှ ရပါမယ်။

www.grammarmechanics.com/hptest.swf
www.learn4good.com/languages/english_level.htm
www.dailywritingtips.com/grammar-test-1
www.englishleveltest.com
www.cambridgeenglish.org/test-your-english
www.test-my-english.com

ဒီတော့ မိမိရဲ့ အရည်အချင်း ဘယ်လောက် ရှိတယ် ဘယ် Level ကနေ စလေ့လာ ရမယ်ကို သိရှိ နိုင်မှာ ဖြစ်ပါတယ်။
.
ref: အောင်ခမ်း (ရိုးရာလေး)

Tuesday, March 18, 2014

အခမဲ့ Web Hosting ဝန်ဆောင်မှုတွေကို ဘယ်လိုရွေးမလဲ



Aung Ko Htet (MM IT Knowledge)

ဒီနေ့ခေတ်မှာ အင်တာနက်ချိတ်ဆက်နိုင်မှုကျယ်ပြန့်လာသောကြောင့် စီပွားရေးလုပ်ငန်းတိုင်း၊ အထူးသဖြင့် လုပ်ငန်းငယ်ကလေးများဟာ ဝက်ဘ် ပေါ်မှာရှိနေဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။ ဒါဟာ အပျော်သဘောမဟုတ်တော့ဘဲ အနည်းဆုံးတော့ ကိုယ့်လုပ်ငန်းရဲ့ အခြေခံ သတင်းအချက်အလက်ကလေးတွေတင်ထားသင့်ပြီး အဲဒိမှာ ကိုယ့်လုပ်ငန်းရဲ့ လိပ်စာ၊ ဖုန်းနံပါတ် နဲ့ အလုပ်ချိန် စသဖြင့် ဆက်သွယ်နိုင်မယ့် အချက်ကလေးတွေဖော်ပြထားသင့်ပါတယ်။သို့သော်လည်း စီးပွားရေးလုပ်ငန်းငယ်ကလေးတွေရဲ့ ဘတ်ဂျက်ထဲမှာ Hosting အတွက်သော်လည်းကေင်း၊ Web Developer တွေထားရှိဖို့အတွက်သော်လည်းကောင်း ထည့်သွင်းထားလေ့မရှိပါဘူး။ သတင်းကောင်းပါးရမယ်ဆိုရင်တော့ အဆိုပါ အသေးစားနဲ့ အလတ်စား လုပ်ငန်းငယ်ကလေးများ (SMBs)အတွက် အခမဲ့လွှင့်တင်ထားနိုင်တဲ့ Free Web Hosting ဝန်ဆောင်မှုတွေများစွာရှိပါတယ်။

အချို့ ကတော့ Hosting လုပ်ထားမယ်ဆိုရင် တစ်စုံတစ်ခုသော အပိုင်းများအတွက် အခမဲ့ဖြစ်ပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းလိုအပ်ချက်အရထပ်မံတိုးချဲ့ချင်တယ်ဆိုရင်တော့ အခကြေးငွေပေးရတဲ့ Paid Plan ကို အဆင့်မြှင့်တင်ရမှာပဲဖြစ်ပါတယ်။ အချို့အနေနဲ့က Hosting အတွက် အခမဲ့ဖြစ်ပေမယ့် သင့်ရဲ့ site မှာ ကြော်ငြာလေးတွေတော့ထည့်သွင်းမှာဖြစ်ပါတယ်။ အချို့ လိုအပ်တာက အနိမ့်ဆုံး သာ traffic အတွက်သတ်မှတ်ထားသလို site ကို active ဖြစ်နေစေဖို့ ဖိုရမ်တစ်ခုမှာ post တွေတင်နေဖို့ လည်းလိုအပ်မှာပါ။ ဒီလို Free Web Hosting ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့အခါ ကုမ္ပဏီက ပေးတဲ့ “ Free” ဆိုတာကို ဘာကိုဆိုလိုတာလဲဆိုတာသေချာသိအောင်လုပ်ရမှာဖြစ်ပြီးကိုယ့်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးရမှာဖြစ်ပါတယ်။

သင်က စွဲဆောင်မှုရှိတဲ့ site တစ်ခုဖြစ်အောင်လုပ်ဖို့ CSS သို့မဟုတ် HTML ကို သိပ်မသိလို့ စိုးရိမ်နေပါသလား ? အများစုသော Web Hosting ဝန်ဆောင်မှုတွေက အခမဲ့ဖြစ်နေရင်တောင် ယေဘူယျအားဖြင့် များစွာသော အသင့်သုံး Templates ဝက်ဒီဇိုင်း တွေ(သို့မဟုတ်) သင်ကိုယ်တိုင် ဝက်ဘ်ဆိုက်ကိုလွယ်လင့်တကူတည်ဆောက်နိုင်ဖို့ Site Builder Tool တွေကိုပေးထားပါတယ်။တကယ်လို့သင်က HTML, CSS နဲ့ JavaScript တွေကိုသိတယ်ဆိုရင် ပေးထားတဲ့ Templates တွေကို သင့်စိတ်တိုင်းကျပြန်လည် ပြင်ဆင်နိုင်ဦးမှာလည်းဖြစ်ပါတယ်။ သင်က ဘလော့ဂ်တစ်ခုကိုတည်ဆောက်ထားမယ်ဆိုရင် ပုံမှန် post တွေကို ပုံတွေ၊စာသားတွေနဲ့တင်နိုင်မှာပါ။ သင်က ဘလော့ဂ် တစ်ခုလောက်ပဲလိုအပ်တယ်ဆိုရင် Pure Blogging Platform တွေဆိုရင် လုံလောက်ပါပြီ။ ဒါမှမဟုတ် အခြားသော application တွေတင်ချင်ရင် တော့ အခြား Hosting တွေကိုရှာဖွေရမှာပါ။

အခမဲ့ရနိုင်တဲ့ Free Web Service တွေရဲ့ အားနည်းချက်တစ်ရပ်ကတော့ သင့်ရဲ့ domain name နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေသိပ်လုပ်နိုင်မှာတော့မဟုတ်ပါဘူး။ ဒါကဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ အခမဲ့ email လိပ်စာတွေမှာလိုပဲ provider တွေရဲ့ domain တွေကိုတွဲဖက်သုံးစွဲရသလိုမျိုးပါ(ဥပမာ- gmail.com,yahoo.com,hotmail.com, စသဖြင့်) ။ များစွာသော Web Hosting providers တွေကသင့်ကို သင့် domain နဲ့ပတ်သက်ပြီး ထိန်းချုပ်လုပ်ဆောင်ခွင့်တွေပေးအပ်ထားမှာဖြစ်ပေမယ့် Paid Plan အတွက် sign up လုပ်ဖို့လိုအပ်မှာလည်းဖြစ်နိုင်ပါတယ်။ရွေးချယ်ဖို့တစ်ခုကတော့ သင့်ရဲ့ domain ကို domain register လုပ်ပြီးရင် သင့်တွက် free site ကို forward လုပ်ပေးမှာဖြစ်ပါတယ်။ Free Web Hosting တွေမှာ အချို့သော ကန့်သတ်ထားမှုတွေလည်းရှိပါသေးတယ်။

အများစုက သင့်ဖိုင်တွေကို အလိုအလျောက် backup မလုပ်နိုင်ပါဘူး။ တစ်နေရာမှာ Up-to-date backups လုပ်ထားနိုင်ဖို့ စဉ်းစားထားရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် တစ်ခုခုဖြစ်တဲ့အခါ ဒုက္ခတွေ့နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ site နဲ့ပတ်သက်ပြီး ပိုမိုထိန်းချုပ်ချင်တယ်၊ဒါမှာမဟုတ် အဆင့်မြင့် tools တွေကိုသုံးစွဲချင်တယ်ဆိုရင်တော့ အခကြေးငွေပေးဆောင်ရတဲ့ Paid Web Hosting ဝန်ဆောင်မှုတွေကိုရှာဖွေရမှာပါ။ အခြေခံအားဖြင့်တော့ ဒီလို အခမဲ့ ရနိုင်တဲ့ Web Hosting တွေက သင့်ကို Online ပေါ်ရောက်စေကူညီမှာဖြစ်ပါတယ်။

ယခုတော့ အခမဲ့ရနိုင်တဲ့ ထိပ်တန်း Free Web Hosting ဝန်ဆောင်မှုများကိုဖော်ပြလိုက်ပါတယ်။
-------------------------------------------------
Biz.nf

www.biz.nf
--------------

biz.nf က $0.00 ဖြစ်ပြီး free plan ရပါတယ်။ သို့သော်လည်း သုံးစွဲသူတွေကို Personal သို့မဟုတ် Business plans တွေကို အဆင့်မြှင့်တင်စေဖို့ ရည်ရွယ်ပါတယ်။ ဒါကဘာကိုဆိုလိုသလဲဆိုရင် ကုမ္ပဏီအနေနဲ့ အမြန်နှုန်းနဲ့ပတ်သက်ပြီး စိတ်ချရနိုင်စွမ်း၊အသုံးတည့်နိုင်စွမ်းတွေအတွက် ယုံကြည်မှုရရှိစေနိုင်တဲ့ ဂုဏ်သိက္ခာတစ်ရပ်လည်းဖြစ်ပြီး ဒါက များစွာသော Free websites တွေအတွက် အရေးကြီးတဲ့ အချက်ပါ။ Free plan မှာတော့ PHP ,Perl Scripts language တွေနဲ့ runမှာဖြစ်ပြီး ASP.Net,Ruby (သို့မဟုတ်) Phthon တို့ကိုမသုံးပါဘူး။ အဲဒါတွေက third-party tools တွေကို install ရတာကခက်ခဲပါတယ်။ Biz.nf က free plan မှာ email account တစ်ခုကို ပေးအပ်ထားပြီး webmail, pop သို့မဟုတ် IMAP တွေကိုသုံးကာ access လုပ်နိုင်ပါတယ်။ ဒီ email မှာ free အနေနဲ့ anti-spam ,malware scanning လုပ်ဆောင်နိုင်စွမ်းတွေကိုလည်းထည့်သွင်းထားပါတယ်။

-------------------------------------------------------------------

Blogger

www.blogger.com

Google က Blogger ကို Free Web Hosting အတွက် ဝန်ဆောင်မှုပေးထားတပြီး Blogspot လို့သိကြပါတယ်။ သင့်အနေနဲ့Blogger မှာ blog တစ်ခုကို run ထားတဲ့အခါ သိပ်အများကြီး လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ အခြေခံ Site Analytics Tools တွေကိုတော့သုံးစွဲနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူဘယ်နှယောက်ရှိသလဲဆိုတာကို စာရင်းဇယားများနဲ့တကွသိရှိနိုင်သလို သင့် site မှာရှိတဲ့ popular pages တွေကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ Blogger ကတော့ သင့်ကို ဖိုင်တွေ upload လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သို့သော်လည်း Widgets တွေထည့်သွင်းနိုင်သလို အခြားသော Custom HTML တွေကိုလည်း ပြုပြင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ free service ကိုစဉ်းစားမယ်ဆိုရင်တော့ ဝက်စာမျက်နှာ ဘယ်လောက်ရှိမလဲဆိုတာ ကန့်သတ်ထားမှုမရှိဘဲ လှလှပပနဲ့စိတ်ကြိုက် စာမျက်နှာများကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
----------------------------------------------------------
Freehostia
http://www.freehostia.com/

Freehostia ကတော့ သူ့ရဲ့ plan တွေနဲ့ပတ်သက်ပြီး အများခေါ်ဝေါ်သလို မခေါ်ဆိုမသုံးစွဲဘဲ Free web hosting plan ကို Chocolate လို့ခေါ်ဆိုပါတယ်။ Chocolate ကိုသုံးမယ်ဆိုရင် site builder ကိုသုံးပြီး တကယ့် professional site တွေလိုမျိုး ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ထို့နောက် သင့်ရဲ့ site ကို အလိုအလျောက် install နိုင်မယ့် tool တွေဖြစ်တဲ့ Joomla,Wordpress နဲ့ phpBB လိုမျိုး applications ပေါင်း 40 ကျော်ထဲက တစ်ခုခုကို ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Freehostia မှာ Chocolate ကိုသုံးစွဲမယ်ဆိုရင် free email account ကိုလည်းရရှိမှာဖြစ်ပြီး ဒါက အပို ဆောင်းအခွင့်အရေးတစ်ခုပါ။

----------------------------------------------------------
Google Sites
sites.google.com

Google က Blogger အပြင် နောက်ထပ် ပေးထားတဲ့ ဝန်ဆောင်မှုတစ်ခုက Google Sites ပဲဖြစ်ပြီး Blog တစ်ခုထက်သာတဲ့ Website တစ်ခုကိုတည်ဆောက်နိုင်စေဖို့ များစွာသော tools များကိုပေးအပ်ထားပြီး အဲဒါတွေနဲ့ ပိုမိုပြည့်စုံတဲ့ sites များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ သင်အသင့် တည်ဆောက်နိုင်စေမယ့် များစွာသော templates ဝက်ဘ်ဒီဇိုင်းများစွာကိုသုံးစွဲနိုင်ကာ Lists,Forms နဲ့ Tables တွေကိုလည်း လှလှပပထည့်သွင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Blogger မှာလိုပဲ သိုလှောင်နိုင်မှုနဲ့ အင်တာနက် bandwidth ကန့်သတ်မှုတွေရှိပြီး ဒီ site မှာ သင့်ရဲ့ ဖိုင်တွေကို upload လုပ်နိုင်မှာတော့မဟုတ်ပါဘူး။ ထို့ပြင် blog သို့မဟုတ် CMS ကိုလည်း install လုပ်နိုင်မှာမဟုတ်ဘဲ Template မှာလုပ်နိုင်စွမ်းတွေနဲ့ကန့်သတ်ထားမှာပါ။ တကယ်လို့သင်က သင့်စီးပွားရေးအတွက် Gmail account ကိုသုံးစွဲနေရင်တော့ Google Sites က နောက်တစ်ဆင့်တက်ဖို့ ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။

----------------------------------------------------------
Webnode
http://www.webnode.com/

Webnode ကတော့ free ရနိုင်တဲ့ web hosting plan မှာ အခြေခံအကျဆုံးသော feature များကိုပေးအပ်ထားပါတယ်။ Widgets တွေဖြစ်တဲ့ ဗီဒီယိုအတွက် Youtube, လူမှုကွန်ရက်များအတွက် Facebook နှင့် Twitter , ဓာတ်ပုံများအတွက် Flickr နှင့်အခြား ဓာတ်ပုံ galleries များစွာကို ထည့်သွင်းနိုင်ပါတယ်။ ဒီ blog က အခြေခံတွေကိုသုံးစွဲနိုင်တယ်လို့ဆိုထားသော်လည်း Comment ပေးဖို့အတွက် Disqus လိုမျိုး comment ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ထပ်မံပေါင်းထည့်နိုင်ပါတယ်။ CSS တွေကို ပြင်ဆင်တည်းဖြတ်မှုတွေကိုလုပ်ဆောင်နိုင်ပြီး Widgets နဲ့အခြားသော tools တွေကိုလည်းပေါင်းထည့်နိုင်ပါသေးတယ်။
----------------------------------------------------------

Webs
http://www.webs.com/

Webs.com က သင့်ရဲ့ ဝက်ဘ်ဆိုက်မှာ third-party tools တွေကို ပေါင်းထည့်ပေးနိုင်မယ့် App Store လိုမျိုးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Free plan ကိုသုံးစွဲခြင်းဖြင့် သင့်ကို online store တစ်ခုပိုင်ဆိုင်နိုင်စေမှာဖြစ်ပြီး စတိုးမှာ items ငါးခုထက်မကထည့်သွင်းရမှာပါ။ သင့် site ကို လာရောက်ကြည့်ရှုလည်ပတ်သူများအတွက် Etsy store သို့မဟုတ် Manage membership accounts တွေကိုလည်း ပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။ Webs ကို free ဗားရှင်းအနေနဲ့ အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ နောက်ထပ် upgrade မလုပ်ခင် ဝက်ဘ်စာမျက်နှာ ၁၀ ခုကိုဖန်တီးခွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါက သေးငယ်သော sites များအတွက် စတင်နိုင်တဲ့ ကောင်းမွန်သောရွေးချယ်မှုတစ်ခုပြီးပြီး သိပ်ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ Webs.com မှာ လွယ်လင့်တကူနဲ့စတင်ကာ hosting လုပ်ထားနိုင်ပြီး ဝက်ဘ်ဆိုက်ကိုစတင်နိုင်မှာဖြစ်ပါတယ်။

---------------------------------------------------------
Weebly
http://www.weebly.com/#

Weebly ကတော့ Free Web Hosting providers တွေထဲမှာ အလွယ်ကူဆုံးတည်ဆောက်နိုင်တဲ့အထဲကတစ်ခုဖြစ်ပြီး မြောက်မြားစွာသော templatesများ၊ themes များ နဲ့ drag-and-drop tools များစွာရနိုင်ပါတယ်။ တစ်သားတည်းကြည့်ရှုလို့ရနိုင်အောင် စိတ်ကြိုက် အနေနဲ့ pages များကို ပြုပြင်နိုင်ပြီး အခြားသော Weebly sites များနဲ့ ကွဲပြားအောင်လုပ်ထားလို့ရပါတယ်။ Weebly မှာ သင့်ရဲ့ site ကို ပုံမှန် backup လုပ်ထားနိုင်ဖို့ export/archive tool တစ်ခုပါဝင်ပြီး အခြား site ကိုပြောင်းရွှေ့မယ်ဆိုရင်တောင် လွယ်လင့်တကူပြောင်းနိုင်မှာဖြစ်ပါတယ်။ Weebly က ဆွဲဆောင်မှုရှိပြီး လုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ ဝက်ဘ်ဆိုက်တွေကို မြန်မြန်ဆန်ဆန် ၊ချောချောမွေ့မွေ့ တည်ဆောက်နိုင်စေမှာဖြစ်ကာ သင့်အနေနဲ့အခြားသောကိစ္စရပ်များကို ပိုမို အာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။ Weebly ကတော့ သင့်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။

-----------------------------------------------------------
Wix
http://www.wix.com/

Wix က များစွာသော Web Templates များကိုစုစည်းပေးထားပြီး Flash နဲ့ HTML5 sites များကို ဖန်တီးဖို့ drag-and-drop tool များကိုထောက်ပံ့ပေးထားသည့်အပြင် မိုဘိုင်း ဝက်ဘ်ဆိုက်များနှင့် Facebook pages များအတွက်လည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Hosting လုပ်တဲ့အခါ Flash က flash ဖိုင်များကို ဖွင့်နိုင်ဖို့ထောက်ပံ့ပေးထားပါတယ်။ Wix မှာ Flash site builder တစ်ခုပါရှိပြီး swf ဖိုင်များကိုဖန်တီးနိုင်မှာပါ။ ဒီ site ရဲ့အဓိကရည်ရွယ်ချက်ကတော့ လှပတဲ့ ဒီဇိုင်းနဲ့ ဝက်ဘ်ဆိုက်များကိုတည်ဆောက်ဖို့ (သို့မဟုတ်) e-commerce site များကို ရှုပ်ထွေးသော coding များရေးစရာမလိုဘဲ တည်ဆောက်နိုင်စေဖို့ပဲဖြစ်ပါတယ်( upgrade လုပ်မယ်ဆိုရင်တော့ ပိုမိုလှပတဲ့ဒီဇိုင်းများကိုဖန်တီးနိုင်မယ့် tools များကို ရရှိမှာဖြစ်ပါတယ်)။ တကယ်လို့ သင့် site နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေလုပ်ချင်ရင်(သို့မဟုတ်) သင့်ရဲ့ဒီဇိုင်းကို အခြားသော host သို့ပြောင်းလဲချင်တယ်ဆိုရင်တော့ Wix က မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုတော့မဟုတ်ပါဘူး။
------------------------------------------------------

WordPress
http://wordpress.com/

Blogger လိုမျိုးပဲ Wordpress.com က သင့်ကို free blog တစ်ခုတည်ဆောက်နိုင်စေမှာဖြစ်ပါတယ်။ သို့သော်လည်း blog တစ်ခုဆိုတာထက်ပိုမိုလုပ်ဆောင်နိုင်တဲ့ platform ပဲဖြစ်ပါတယ်။သင့်အနေနဲ့ အခြေခံ site analytics tools တွေ၊ သင့် site ကို မိုဘိုင်း devices များမှာ pages များအလိုက်သင့်ဖော်ပြနိုင်စေရန် လုပ်ဆောင်နိုမယ့် tools တွေ၊ စတိုင်ကို လွယ်လွယ်ကူကူဖန်တီးနိုင်မယ့် များစွာသော themes နဲ့ template စုစည်းမှုတွေကိုရရှိနိုင်မှာပါ။ WordPress ရဲ့ အကောင်းဆုံးသောအစိတ်အပိုင်းကတော့ plugins များစွာကို DIY-platform အနေနဲ့ ကိုယ်တင်ထားတဲ့ hosted service ကနေ ရရှိနိုင်မှာပါ။ သို့ရာတွင် သင့်ရဲ့ site မှာ PayPal “Donate” ခလုတ်ကို ထည့်သွင်းရင်တော့ free sites မှာရှိတဲ့ e-commerce plugins တွေကခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေရှိသော်လည်း ဒီ Wordpress ကတော့ ကမ္ဘာ့အကြီးမားဆုံးသော brand တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။

Yola

https://www.yola.com/
 

လူသုံးများ Programming ပညာ အခမဲ့လေ့လာရာ ဝဘ်ဆိုဒ် w3school



Aung Ko Htet (MM IT Knowledge)

www.w3schools.com

အပြင်မှာ Programming အတွက် သင်တန်းကြေးတွေ ဘယ်လောက် ကုနတယ် ဆိုတာ အားလုံးသိထားတဲ့အတိုင်းပါပဲ။ ဒါကြောင့် အကောင်းဆုံး ကျော်ဖြတ်နည်းကတော့ Self Study ပါ။

ဒီလို Self Study လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့ ရှင်းလင်းပြသပေးထားတဲ့ ဆိုဒ်တွေ ရှိဖို့လိုပါတယ်။ ယခု Share ပေးမယ့် ဆိုဒ်လေးကတော့ တကယ်ရှင်းလင်းပါတယ်။ မြန်မာပြည်က Beginner အတော်များများလည်း အသုံးပြုနေကြ ပါတယ်။

အွန်လိုင်း အခမဲ့ Programming ပညာသင်ကြားရေးဝဘ်ဆိုဒ်တွေ အများကြီး ရှိပါတယ်။ အများစုက Basic ကို အခမဲ့ သင်ကြားနိုင်ပြီး နောက်ထပ် Level တွေအတွက် ပိုက်ဆံ သွင်းရပါတယ်။ ဒီဆိုဒ်လည်း ပိုမြင့်တဲ့ level တွေအတွက် ငွေပေးရမယ် ထင်ပါတယ်။

beginner ရော၊ Expert ဖြစ်အောင် လေ့လာလို့ရတယ်လို့ဆိုပါတယ်။ ကိုယ်ပိုင် ဝဘ်ဆိုဒ် တစ်ခု တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အခြေခံ ပညာရပ်တွေအားလုံးကိုပါ လေ့လာလို့ရတယ်လို့ ဆိုပါတယ်။ ကိုယ်တိုင် လည်း ဆန်းသပ်လို့ရအောင် ဖန်တီးပေးထားပါတယ်။

HTML, Java, PHP, SQL အစရှိသဖြင့် Programming language များကို စုံစုံလင်လင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုဒ် လခ့်ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

www.w3schools.com

Ref: အောင်ခမ်း (smart.com.mm)

Wednesday, March 12, 2014

အမေရိကန်ရှိ တက္ကသိုလ်ပေါင်း၃ဝဝ ကျော်သို့ ပြောင်းရွှေ့တက်ရောက်နိုင် သည့် American Degree Transfer Program လျှောက်ထားနိုင်ပြီ



Aung Ko Htet (MM IT Knowledge)


 American Degree Transfer Program(AUP) သို့တက်ရောက် မည့် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် INTI Int'l University တွင် တစ်နှစ်(သို့ မဟုတ်) နှစ်နှစ်တက်ရောက်ပြီးပါက ကျန်ရှိသည့် စာသင်နှစ် အား US ရှိကျောင်းပေါင်း ၃ဝဝ ကျော်သို့ ပြောင်းရွှေ့တက် ရောက်၍ ဒီဂရီရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။

INTI ၏ AUP မှ Credit ရရှိထားသော ကျောင်း သားများသည် University of Pennsylvania, Brown University, University of Michigan, University of California, Berkeley, Carnegie Mellon University, University of Wisconsin-Madison နှင့်North Western University အစရှိသော US Ivy League Universities များတွင်လည်း ဆက်လက်တက်ရောက်သင်ယူနိုင်သည်ဟု သိရသည်။

ယင်းအပြင် US သို့ ပြောင်းရွှေ့တက်ရောက်ရာ တွင်လည်း US Scholarships အား နှစ်စဉ်ရရှိနိုင်သည့် အ ခွင့်အရေးအားလည်း ရရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါ၍ INTI တွင် တက်ရောက် သော ကျောင်းသားများအနေဖြင့် US တွင် ပညာသင်ယူနိုင် သည့် အခွင့်အရေးများရရှိမည်ဖြစ် ကြောင်းသိရသည်။ တက်ရောက်သင်ယူလိုသော ကျောင်း သားလူငယ်များအတွက် Academic Programmes များ အနေဖြင့် Actuarial Science, Biosciences, Business, Computer Science, Engineering, Health & Applied Sciences, Mass Communication, Psychology စသည့် ဘာသာရပ်များကို လေ့လာသင်ယူနိုင်မည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ကျောင်း သား၊ ကျောင်းသူများသည် INTI Int'l University ၏ American Degree Transfer Program(AUP) အား လျှောက်ထားတက်ရောက်နိုင်ပြီး ၂ဝ၁၄ ပညာသင်နှစ်အတွက် လာရောက်လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံတကာပညာသင်ဆုအဖြစ် မလေးရှားရင်းဂစ် ၉ဝဝဝ အထိ ပညာသင်ထောက်ပံ့ကြေးပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုနှင့်ပတ်သက်သော အသေးစိတ်အ ချက်အလက်များအားWissen Education, No.(228), Ground Floor, Nguwar Street, Ahlone Tsp, Yangon. Ph: 09-6502619, 09-73001732 တို့သို့ ဆက်သွယ်စုံစမ်း ခြင်းဖြင့် ဝန်ဆောင်မှုများကို ရယူနိုင်ကြောင်း သိရသည်။



REF: Flower News Journal