Powered by Blog - Widget
Showing posts with label Review. Show all posts
Showing posts with label Review. Show all posts

Wednesday, September 17, 2014

Sony Xperia T2 အကြောင်းအသေးစိတ်ရှင်လင်းဖော်ပြချက်များ



Aung Ko Htet (MM IT Knowledge)


The Good : ကောင်းမွန်တဲ့ ကင်မရာ၊ တောက်ပတဲ့ မျက်နှာပြင်နဲ့ ကြာရှည်ခံတဲ့ ဘက်ထရီ စတာတွေက T2 Ultra ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ The Bad : Internal Storage 8GB အစား 16GB လောက်ပါရှိသင့်ပါ တယ်။ အခြားအားနည်းချက်တွေတော့ သိပ်မရှိပါဘူး။ The Bottom Line : ဈေးသင့်ပြီး ဖုန်းခပ်ကြီးကြီး ကိုင်လိုသူတွေအတွက် ဖုန်းကောင်းတစ်လုံးပါ။

Android ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ အဆင့်မြှင့်စမတ်ဖုန်းဈေးကွက်ကို ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ကြသလို တန်ဖိုးသင့်ဖုန်းတွေကိုလည်း အသီးသီးထုတ်ပြီး ယှဉ်ပြိုင်လေ့ရှိပါတယ်။ မည်သည့်ဈေးနှုန်းမှာမဆို ၄င်းတို့ရဲ့ ထုတ်ကုန်တွေကို သုံးစွဲနိုင်စေဖို့ ဦးတည်ထုတ်လုပ်လာကြပါတယ်။ Sony ကုမ္ပဏီကလည်း မနှစ်က၄င်းတို့ထုတ်ခဲ့တဲ့ အောင်မြင်တဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်တဲ့ Xperia T ရဲ့ မျိုးဆက်သစ် Xperia T2 Ultra ကို ယခုနှစ်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူ့အပြင် T3 လည်းရှိပါသေးတယ်။ သို့သော် T2 Ultra က T3 ထက် မျက်နှာပြင် ပိုကြီးပါတယ်။ Ultra ဆိုတဲ့အတိုင်း မျက်နှာပြင် ၆ လက်မရှိတဲ့ဖုန်းတွေဟာ ဈေးကွက်ထဲမှာလည်း လူကြိုက်များလှပါတယ်။ အစက ၆ လက်မအရွယ်ဖုန်းတွေဟာ လူတွေ ဝယ်ပြီး ကိုင်ပါ့မလားလို့ အတွေးဝင်ခဲ့သေးပါမယ့် တချို့ဆို ၇ လက်မအရွယ် Tablet တွေကိုတောင် ဖုန်းလုပ်ပြောနေကြသေးတာကြောင့် ၆ လက်မအရွယ်ဖုန်းဆိုတာ ပြောရရင် ဖုန်းမျက်နှာပြင် ခပ်ကြီးကြီးကြိုက်သူတွေအဖို့ ကောင်းမွန်ပြီး သင့်တော်တဲ့ မျက်နှာပြင်ဆိုဒ်ပါပဲ။ ဈေးကွက်ထဲမှာလည်း ရောက်နေပြီဖြစ်တဲ့ Xperia T2 Ultra ကို အသေးစိတ်လေ့လာကြည့်ရအောင်။


10608795_690226637735634_8609402712368161688_o


DESIGN AND BUILD QUALITY
------------------------------------------

Sony ဟာ Android စမတ်ဖုန်းတွေထဲမှာ ကိုယ်ထည်ဒီဇိုင်းပိုင်းမှာ အသပ်ရပ်ဆုံးနဲ့ အလှပဆုံးဖြစ်သလို ရိုးရိုးရှင်းရှင်းလည်း ရှိပါတယ်။ Sony ရဲ့ Xperia Z ကနေစခဲ့တဲ့ ဒီဇိုင်းသီအိုရီတွေကို နောက်ပိုင်းထုတ် Sony စမတ်ဖုန်းအားလုံးမှာ သုံးထားတာကိုလည်း တွေ့ရပါတယ်။ Sony ဖုန်းတွေကို ဒီဇိုင်နာနဲ့ ဒီဇိုင်းပိုင်းနှစ်သက်တဲ့သူတွေ ကိုင်ကြတာကိုလည်း တွေ့ရပါတယ်။ Xperia T2 Ultra မှာလည်း Sony ရဲ့ ဒီဇိုင်းသီအိုရီအတိုင်းပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ရှိလှပါတယ်။
ကိုယ်ထည်တည်ဆောက်မှုပိုင်းကို ကြည့်မယ်ဆိုရင် Xperia T2 Ultra ဟာ ပလတ်စတစ်ကိုယ်ထည်နဲ့ပဲ တည်ဆောက်ထားပါတယ်။ နောက်ကျောဘက်ကလည်း ပလတ်စတစ်ကိုယ်ထည်ဖြစ်တာကြောင့် အမည်းရောင်ဖုန်းဆိုရင် လက်ရာတွေ အလွယ်တကူထင်ပါတယ်။ အဖြူရောင်အလုံးမှာတော့ လက်ရာထင်မှုအနည်းငယ်သက်သာပါတယ်။ Phone နဲ့ Tablet ရဲ့ကြားက Phablet လို့ဆိုရမယ့်အတိုင်း မျက်နှာပြင်က ၆ လက်မရှိပြီး လက်သေးသူတွေအဖို့တော့ ကိုင်ရတာ ခက်ခဲလှပါမယ်။ ဒါကိုတော့ အားနည်းချက်လို့ ဆိုလို့မရပဲ ဒါဟာ Phablet Size အတွက်ဦးတည်ထုတ်ထားတာကြောင့် ဖုန်းဟာ ခပ်ကြီးကြီးပဲ ဖြစ်နေရပါမယ်။ Xperia T2 Ultra ဟာ လက်ထဲမှာ ကိုင်ဆောင်ရတာ အခြားဖုန်းတွေထက်စာရင် ပိုပေါ့ပြီး အထူက ၇.၇ မီလီမီတာပဲ ရှိပါတယ်။
ကိုယ်ထည်တည်ဆောက်မှုပိုင်းက ကောင်းပေမယ့် ဖုန်းဘေးမှာရှိတဲ့ ခလုတ်တချို့ကတော့ ခပ်ပေါပေါလုပ်ထားသလို ခံစားရပါတယ်။ အထူးသဖြင့် ကင်မရာခလုတ်နဲ့ အသံအတိုးအလျှော့ ခလုတ်တွေကိုနှိပ်ရမှာ ပျော့လှပြီး အလွယ်တကူနဲ့ နှိပ်မိနိုင်သလို ခလုတ်ရဲ့ build quality ပိုင်းကို အနည်းငယ်ခပ်မာမာလုပ်ရမယ်လို့ ထင်ပါတယ်။

Display
-----------

Ultra ဆိုတဲ့အတိုင်း T2 Ultra ရဲ့ မျက်နှာပြင်ဟာ ၆ လက်မရှိပါတယ်။ resolution က 720p သာရှိပေမယ့် ကြည့်ရတာတော့ အဆင်ပြေပါတယ်။ မျက်နှာပြင်ဟာ တောက်ပသလို အရောင်ထွက်မှုကလည်း စိုပြေလှပါတယ်။ သို့ပေမဲ့ နေရောင်အောက်မှာကြည့်ရင်တော့ သိပ်အဆင်ပြေလှမှာမဟုတ်ပါဘူး။ အခြားသောဖုန်းတော်တော်များများဟာလည်း နေရောင်အောက်မှာ ကောင်းကောင်းမြင်နိုင်ဖို့ခက်တာကြောင့် ဒါဟာ အားနည်းချက်ကြီးတော့ မဟုတ်ပါဘူး။ ၆ လက်မဆိုတဲ့ မျက်နှာပြင်ဆိုဒ်ဟာ တချို့သူတွေအတွက် ကြီးကောင်းကြီးနိုင်ပေမယ့် ဂိမ်းပိုင်၊ ဗီဒီယိုပိုင်း နဲ့ အင်တာနက်စာမျက်နှာကြည့်တာ နှစ်သက်သူတွေအဖို့တော့ အသင့်တော်ဆုံးဆိုဒ်လို့ ဆိုရပါမယ်။ ၄လက်မ၊ ၅လက်မဖုန်းတွေထက်စာရင် ၆ လက်မအရွယ်ဖုန်းတွေနဲ့ ဂိမ်းဆော့ရတာဟာ ပိုပြီးအဆင်ပြေလှပါတယ်။

PERFORMANCE
-----------------------

Xperia T2 Ultra မှာ Snapdragon ရဲ့ Quad-core 400 1.4 GHz processor ပါရှိလာပြီး GPU ကတော့ Adreno 305 ပါ။ RAM က 1GB ဖြစ်ပြီး Internal Storage ကတော့ 8GB ဖြစ်ပါတယ်။ OS က 4GB လောက်နေရာယူထားတာကြောင့် 4GB လောက်ပဲ ထည့်လို့ရပါမယ်။ Memory ထပ်တိုးဖို့အတွက် microSD card slot လည်း ပါရှိပါသေးတယ်။ RAM က 1GB ပဲ ဖြစ်တာကြောင့် တခါတလေသုံးစွဲရာမှာ အနည်းငယ်ထစ်တာ၊ နှောင့်နှေးတာမျိုးတော့ ရှိပါတယ်။ အရမ်းကြီးနှေးတာမဟုတ်တာကြောင့် သုံးစွဲရတာတော့ အဆင်ပြေလှပါတယ်။ မျက်နှာပြင်ဟာကြီးတာကြောင့် COC လို၊ Shadowgun လိုဂိမ်းတွေဆော့ရမှာ ကောင်းမွန်လှပါတယ်။ ဂိမ်းဆော့တာ နှစ်သက်သူတွေအဖို့တော့ Xperia T2 Ultra ဟာ သင့်တော်တဲ့ဖုန်းတစ်လုံးပါပဲ။

CAMERA
Xperia T2 Ultra မှာ 13MP ရှိ Sony Exmor RS Sensor ပါရှိလာပြီး အခြားသော Xperia ဖုန်းတွေမှာပါတဲ့ Sony ရဲ့ Camera App ပါရှိပါတယ်။ ဥပမာ Superior Auto, Background defocus, AR Effect, Timeshift burst နဲ့ အခြားသော ရိုက်ကူးရေးဆိုင်ရာစွမ်းဆောင်ရည်တွေလည်း ပါရှိပါသေးတယ်။
T2 Ultra ရဲ့ ပုံထွက်စွမ်းရည်ဟာ ကောင်းမွန်လှပြီး စမ်းသပ်ချက်တွေအရတော့ ပုံထွက်ဟာ ပြတ်သားပြီး အရောင်ကလည်း စိုပြေတာကိုတွေ့ရပါတယ်။ အလင်းရောင်နည်းတဲ့အချိန်တွေမှာလည်း ပုံကောင်းထွက် တာကို တွေ့ရပါတယ်။

BATTERY LIFE
---------------------

မျက်နှာပြင်ကြီးတဲ့ဖုန်းတွေဟာ ဘက်ထရီပိုစားပါတယ်။ ဒါကြောင့်လည်း ဒီဖုန်းမှာ 3000 mAh ရှိ ဖြုတ်တပ်လို့မရတဲ့ ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီစွမ်းဆောင်ရည်ကတော့ ကောင်းမွန်လှပြီး ပုံမှန်သုံးရင် ဘက်ထရီသက်တမ်းဟာ ၁၈ နာရီလောက်ခံပါတယ်။ သိပ်မသုံးပဲထားရင်တော့ ဘက်ထရီတခါသွင်းပြီး ၂ရက်လောက်ကို ကောင်းကောင်း ကြာရှည်ခံပါတယ်။ ဘက်ထရီသက်တမ်းကုန်ခါနီးကျရင်လည်း Sony ရဲ့ Stamina Mode ကိုပြောင်းပြီး ဘက်ထရီသက်တမ်းကို ဆွဲဆန့်နိုင်ပါသေးတယ်။ ခြုံပြောရရင်တော့ Xperia T2 Ultra ရဲ့ ဘက်ထရီ သက်တမ်းဟာ ကောင်းမွန်တယ်လို့ပဲ ဆိုရပါမယ်။

SOFTWARE
-----------------

အတွင်း ဆော့ဝဲလ်ပိုင်းမှာတော့ Android 4.3 Jelly Bean ကိုအခြေခံထားတဲ့ Xperia UI ပါရှိလာပြီး KitKat အတွက် Update လည်း မကြာမီရရှိနိုင်ပါတော့မယ်။ ပုံမှန် Sony ဖုန်းတွေအတိုင်း Walkman, PlayStation Mobile, Sony Select စတဲ့ Sony-branded App တွေလည်း ပါရှိပါတယ်။
အခြားဖုန်းတွေထက်စာရင် ကြီးတာကြောင့် Sony ဟာ ၄င်းရဲ့ Software ကို လက်တစ်ဖက်တည်းနဲ့ သုံးရာမှာလိုက်ဖက်အောင် ပြင်ဆင်ထားပါတယ်။ ဥပမာ Dialer App က အလယ်ကိုရောက်သွားတာမျိုး၊ Keyboard ကို ဘယ်ညာ ကပ်ပြီး သေးအောင်ရွေ့တာမျိုး၊ Home Screen ကို ၂ချက်ပုတ်ပြီး Notification screen ကိုဆွဲချနိုင်တာမျိုး စတဲ့ feature တွေလည်း ပါရှိပါသေးတယ်။ သီချင်းနားထောင်ရင်း website ကြည့်တာမျိုး၊ email စစ်တာမျိုး၊ Calculator သုံးတာမျိုးစတဲ့ Multitasking feature တွေလည်း ပါရှိပါတယ်။

Conclusion
---------------

Sony Xperia T2 Ultra ဟာ အလယ်တန်းစားမျက်နှာပြင်ဆိုဒ်ကြီးတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာဖြစ်ပြီး ၄င်းမှာ ကောင်းမွန်တဲ့ ကင်မရာ၊ ဘက်ထရီနဲ့ ကိုယ်ထည်တည်ဆောက်မှုတွေ ပါရှိပါတယ်။ 4G LTE စနစ်ကိုလည်း ထောက်ပံ့သေးတာကြောင့် ဈေးသင့်တဲ့ 4G ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ Sony ရဲ့ တရားဝင်တစ်နှစ်အာမံနဲ့ဆိုရင် ၃၂၀၀၀၀ ကျပ်လောက်နဲ့ ဖုန်းဆိုင်အများစုမှာ ဝယ်ယူရရှိနိုင်ပါတယ်။


credit to HAN(Tech Rangoon)
ref >>> TechSpace Journal

Wednesday, May 21, 2014

HTC One(M8) review



Aung Ko Htet (MM IT Knowledge)

Reviews

SMARTPHONE | £530 from www.snipca.com/11779


HTC One(M8)
=================================
"အလေးချိန်ကိုလျှော့ချထားပြီး လူအများစိတ်ဝင်စားအာရုံစိုက်မှုများစွာရရှိအောင်ဖန်တီးထားသော ပြောင်မြောက်တဲ့ Android ဖုန်းတစ်လုံး"

မူလ HTC One ဖုန်း( ကျွန်တော်တို့ရဲ့ review ကို Issue 395 မှာကြည့်ပါ)က ၂၀၁၃ ခုနှစ်အတွက် ကျွန်တော်တို့ရဲ့ အကြိုက်အနှစ်သက်ဆုံး Android ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုအခါမှာဆော့ အဆိုပါဖုန်းရဲ့ နေရာကို အစားထိုးလိုက်တဲ့ HTC One (M8) ဆိုတဲ့ ပိုမိုသပ်ယပ်ခန့်ညားသောဖုန်းက ထွက်ရှိလို့လာပါပြီ။ M8 မှာမျက်စိထဲထင်းကနဲမြင်သာတဲ့ features အသစ်များစွာပါဝင်လာသော်ငြားလည်း အခြေခံအကျဆုံးသော အချက်များမှလုံးဝခွဲထွက်သွားတာထက် ယခင်ထွက်ရှိခဲ့သော HTC One ၏ ပါဝင်ဖွဲ့စည်းထားသော အစိတ်အပိုင်းအများစုကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် သင်သတိထားမိမှာက M8 ဟာ ဘယ်လောက်အထိကောင်းမွန်အောင် ပြုလုပ်ထားသလဲဆိုတာပဲဖြစ်ပါလိမ့်မယ်။ ချောမွတ်သောသတ္တုကိုယ်ထည်က ကျွန်တော်တို့တွေ့ခဲ့ဖူးသမျှ Android ဖုန်းတွေထဲမှာ ကြည့်ရအကောင်းဆုံးဖြစ်ပြီး တောက်ပ ချောမွေ့နေပါတယ်။ ချောမွေ့နေသော်လည်း သင့်လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့အခါ ချောပြီးလွတ်ကျတာမျိုးမရှိနိုင်ဘဲ ကြံ့ခိုင်သော သွင်ပြင်လည်းရှိမှာဖြစ်ပါတယ်။ သို့သော်လည်းကျယ်ဝန်းသော ငါးလက်မမျက်နှာပြင်နှင့် စတီရီယိုစပီကာများကတော့ တကယ့်ကိုကြီးမားလှပါတယ်။ယင်းအချက်က လက်တစ်ဖက်တည်းနဲ့ဆုပ်ကိုင်ထားဖို့အတွက် ကျင်လည်စွာကိုင်တွယ်နိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် သင့်လက်က သေးငယ်နေတယ်ဆိုရင်ပေါ့။

သို့သော်လည်း မျက်နှာပြင်နှင့် စပီကာများက တကယ့်ကိုကောင်းမွန်လှပါတယ်။ မျက်နှာပြင်ဟာ တိကျသောအရောင်ပုံဖော်နိုင်စွမ်းကောင်းမွန်မှုနဲ့အတူ တောက်ပနေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ 1080p အရည်အသွေးရှိတဲ့ resolution ကြောင့်ဖြစ်ပြီး စာသားများကလည်းစူးရှပြတ်သားနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသေးအဖွဲ စောဒကတက်စရာရှိတာကတော့ တို့ထိအာရုံခံမှုဟာ တုံ့ပြန်မှု အနည်းငယ်ပိုနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လက်မကို မျက်နှာပြင်ရဲ့ ညာဖက်အစွန်းမှာတင်ထားတဲ့အခါ မလိုအပ်တဲ့ gestures လုပ်ဆောင်ချက်များ ကို ခိုင်းစေလိုက်သလိုဖြစ်သွားလေ့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စပီကာဟာ အသံကျယ်ပြီး ပြတ်သားကြည်လင်ကာ ကျွန်တော်တို့နားထောင်ခဲ့ဖူးသမျှ ဖုန်းတွေထဲမှာတော့ အကောင်းဆုံးဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ M8 မှာ နောက်ဖက်ကင်မရာဟာ ထုံးစံအတိုင်းပါရှိလေ့ရှိသလိုမျိုးတစ်ခုတည်းမဟုတ်ဘဲ နှစ်ခုဖြစ်ပါတယ်။ HTC ရဲ့ အဆိုအရတော့ ဒုတိယကင်မရာဟာ ပိုမိုသော အချက်အလက်များအတွက် ထောက်ပံ့ပေးထားတာဖြစ်ပြီး ဓာတ်ပုံများကို နောက်ခံအား ညင်သာစွာ ဝေဝါးစေကာ ပိုမိုတဲ့ နက်ရှိုင်းမှု အာရုံခံနိုင်စွမ်းကိုပေးမှာဖြစ်တဲ့အတွက် ကြည့်ရှုသူနဲ့ အနီးဆုံး အထင်ရှားဆုံးသောအပိုင်းဟာ ပိုမိုပြတ်သားစေမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒါဟာ CSC နဲ့ DSLR ကင်မရာတွေမှာသာတွေ့ရလေ့ရှိတဲ့ အများနဲ့မတူတဲ့ထူးခြားအံ့သြဖွယ် ဖန်တီးချက်တစ်ခုလည်းဖြစ်ပါတယ်။ M8 မှာ ပါဝင်တဲ့ဖန်တီးချက် effect တွေဟာ တစ်သမတ်တည်းတော့မဟုတ်ပါဘူး။ အချို့သော ဓာတ်ပုံတွေကတော့ ဖော်ပြပါ လုပ်ဆောင်နိုင်စွမ်းကြောင့် အကျိုးသက်ရောက်မှုကောင်းကောင်းရပေမယ့် အချို့ကတော့ရနိုင်မှာမဟုတ်ပါဘူး။ စိတ်အာရုံများကို ထင်ရှားစွာမခံစားနိုင်စေတဲ့ လိုက်လျောညီထွေမှုမရှိတဲ့ အကြောင်းအချက်များ ရှိနေမယ်ဆိုရင်ပေါ့။ သင့်အနေဖြင့် ဓာတ်ပုံတစ်ပုံရဲ့ ဆုံချက် ဖြတ်မယ့်အပိုင်းကို ဆန္ဒရှိသော နေရာမှာရိုးရှင်းစွာ ဖိနှိပ်လိုက်ပြီး focus ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Refocus effect လုပ်တာဟာ ကျွန်တော်တို့ Issue 404 မှာ ဖော်ပြခဲ့တဲ့ Lytro ကင်မရာရဲ့စွမ်းဆောင်မှုမျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။ ရလဒ်များဟာတစ်ခါတစ်ရံမယုံနိုင်လောက်အောင် ကောင်းမွန်သော်လည်း Photoshop မှာ ဝေဝါးစေတဲ့ effect များထည့်သွင်းတဲ့အခါ လှုပ်ရှားမှုများက ကိုးယိုးကားယားတော့နိုင်လှပါတယ်။

အဆိုပါ လူတွေဂရုပြုမိမယ့်အချက်များကလွဲရင် ဓာတ်ပုံအရည်အသွေးဟာ နေ့အလင်းရောင်မှာ တောက်ပပြီး အနည်းငယ်ဖျော့တော့တဲ့ အခြေအနေတွေမှာတော့ တိကျတဲ့ အရောင်အသွေးတွေဟာ ပြတ်သားနေမှာဖြစ်ပါတယ်။ Zooming လုပ်တာဟာ မပြောပလောက်ပေမယ့် များစွာသော noise တွေကို ဖော်ပြနေပြီး အသေးစိတ်ကြည့်ရှုနိုင်ဖို့ အားနည်းပါတယ်။ဒါဟာဘာ့ကြောင့်လည်းဆိုတော့ sensor က 4MP မျှသာရှိသောကြောင့်ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့စမ်းသပ်ချက်များအရ ဘက်ထရီသက်တမ်းက တော့တကယ့်ကိုပါပဲ။ ဖုန်းခေါ်ဆိုမှုတွေ၊ ဓာတ်ပုံရိုက်ယူတာတွေ၊ ဝက်ဘ်ဆိုက်တွေဖွင့်ကြည့်တာနဲ့ Google မြေပုံကိုကြည့်တာတွေအတွက် M8 ဟာ 4G ကွန်ရက်မှာ ၂၄နာရီအထိအနည်းဆုံးအသုံးပြုနိုင်ပါတယ်။ 3G ကွန်ရက်မှာတော့ အဲဒိထက်နောက်ထပ်မိနစ်သုံးဆယ်ကျော် သို့မဟုတ် နာရီဝက်လောက်မှာ ဘက်ထရီကုန်သွားပါတယ်။ လန်ဒန်အလယ်ပိုင်းမှာရှိတဲ့ O2 ရဲ့ ကွန်ရက်မှာ ဖုန်းခေါ်ဆိုမှုများအရ အနည်းငယ်တော့စိတ်ပျက်စရာလေးတွေရှိပါတယ်။ ဖုန်းခေါ်ဆိုသူများရဲ့ အစီရင်ခံချက်တွေအရ အနီးအနားမှာ ရှိတဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်များရဲ့ ဆူညံသံတွေကြောင့် ဖုန်းခေါ်ဆိုလို့မရဘဲ ပြတ်တောင်းပြတ်တောင်းအသံများပေါ်ထွက်လာလေ့ရှိပါတယ်။

ယခင်ထွက်ရှိခဲ့သော HTC One ထက်ပိုမိုတိုးတက်ကောင်းမွန်လာတဲ့ အသုံးတည့်တဲ့အဆင့်မြှင့်တင်မှုကတော့ သိုလှောင်မှုပမာဏပိုမိုများပြားစွာထည့်သွင်းနိုင်စေဖို့ micro SD ကဒ် slot တစ်ခုပါဝင်လာတာပဲဖြစ်ပါတယ်။ Quad-core processor အသစ်ကလည်း အလွန်မြန်ဆန်ပြီး apps တွေရဲ့တောင်းဆို မှုများနဲ့ ရှုပ်ထွေးတဲ့ ဝက်ဘ်စာမျက်နှာများကို လွယ်လင့်တကူ ဖွင့်ပြီးသုံးစွဲနိုင်မှာဖြစ်ပါတယ်။

သင့်အနေဖြင့် M8 ရဲ့များစွာသော sensors တွေကို လိမ္မာပါးနပ်သော နည်းလမ်းများနဲ့ အသုံးချနိုင်မှာဖြစ်ပါတယ်။ဥပမာအားဖြင့် သင့်ဖုန်းကို နားရွက်နားကိုမြှောက်ပြီးကပ်လိုက်တဲ့အခါမှာ ဖုန်းခေါ်ဆိုမှုကို လက်ခံနိုင်မှာဖြစ်သလို မျက်နှာပြင်ကို နှစ်ချက်ခေါက်လိုက်ရုံနဲ့ ဖုန်းကိုဖွင့်နိုင်မှာဖြစ်ပါတယ်။ HTC က M8 အတွက် အပေါက်ကလေးတွေစီတန်းဖောက်ထားတဲ့ screen ကာဗာပါဝင်တဲ့ case ကိုလည်းရောင်းချကာ£35 နဲ့ www.snipca.com/11778 မှာဝယ်ယူနိုင်ပါတယ်။ ကာဗာတပ်ဆင်ထားတဲ့အခါ မျက်နှာပြင်ကို နှစ်ချက်ခေါက်လိုက်ရင် အချိန်၊ ရာသီဥတု ၊ voicemails သို့မဟုတ် texts များအတွက် သတင်းအချက်အလက်များဟာ ကာဗာကို ထိုးဖောက်ပြီး တောက်ပစွာနဲ့ Teletext-style effect မျိုးပုံဖော်ကာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ သိပ်အဓိကမကျလှပေမယ့်လည်း အသုံးတည့်ကာ အဆင်ပြေလှပါတယ်။

HTC One(M8) ဟာ အကောင်းဆုံးသောအရည်အသွေးနဲ့တည်ဆောက်ဖွဲ့စည်းထားကာ ဘက်ထရီသက်တမ်းကလည်း တာရှည်ခံပြီး မယုံနိုင်လောက်အောင်အံ့သြဖွယ် စွမ်းဆောင်ရည်များကိုပိုင်ဆိုင်ထားပါတယ်။ သို့ရာတွင် သူ့ရဲ့ကင်မရာကတော့ပြစ်ချက်အနည်းငယ်ရှိပေမယ့် လုပ်ဆောင်ချက်အသစ်များစွာက အကောင်းဆုံးဖြစ်လို့ပြောပလောက်အောင်တော့မရှိပါဘူး။ ဒီဖုန်းဟာ အကောင်းဆုံးသော Android ဖုန်းတစ်လုံးအဖြစ် ဆက်လက်တည်ရှိနေသေးပေမယ့် လူအများစုအတွက်ကတော့ အကောင်းဆုံးသောအခြားဖုန်းတစ်လုံးဖြစ်တဲ့ Motorola Moto G ထက် ဈေးနှုန်းပိုင်းမြင့်မားတဲ့အတွက် ညှိယူမှုများလုပ်ဖို့တော့ မလုံလောက်သေးပါဘူး။

သုံးသပ်ချက်
--------------
မယုံနိုင်လောက်အောင် ထူးကဲကောင်းမွန်လှတဲ့ Android ဖုန်းတစ်လုံးဖြစ်ပေမယ့်လည်း သူ့ရဲ့မြင့်မားလှတဲ့ ဈေးနှုန်းကို ညှိယူဖို့ကတော့ သိပ်မလွယ်သေးလှပါဘူး။

အလားတူ
-----------
Motorola Moto G က £150 တန်ဖိုးရှိပါတယ်။ ရှင်းလင်းသော အမြင်ပိုင်း၊ အားနည်းလှသောကင်မရာနဲ့ 4G ကွန်ရက်ကိုထောက်ပံ့မပေးနိုင်မှုတွေကလွဲရင် ကောင်းမွန်လှသော မျက်နှာပြင်ရုပ်ထွက်ကိုပိုင်ဆိုင်ထားပြီး စွမ်းဆောင်ရည်ကောင်းမွန်ကာ ဘက်ထရီသက်တမ်းတွေကလည်း M8 လိုပဲ ကောင်းမွန်လှပါတယ်။

---------------------------------

Computer Active
Issue 421
 

Tuesday, May 13, 2014

Samsung Galaxy S5 Special review




Aung Ko Htet (MM IT Knowledge)


The next big thing is a lot of little things
============================

HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲသူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်းလဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ်ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

S5 မှာ သင်ဖုန်းနဲ့ ထိတွေ့လို့ရတဲ့ နေရာအားလုံးက ပလတ်စတစ်နဲ့ လုပ်ထားတာချည်းပါပဲ။ S5 ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ အပြာရောင် ၄မျိုးနဲ့ ထုတ်လုပ်လာပြီး ဘေးထောင့်တွေက ယခင် S3 နဲ့ S4 လို ဝန်းပြီးကွေးနေတာထက် S2 or Note series တွေလို့ အနည်းငယ်သာဝန်းဝန်းလေးရှိတော့တာကို တွေ့ရပါတယ်။ ကိုင်တွယ်ရတာကတော့ ယခင် S4 နဲ့ သားရေအတု Note 3 ထက် ပိုမို သက်တောင့်သက်တာရှိပြီး ဖုန်းကိုယ်ထည်ဟာလည်း အနည်းငယ် အဆင့်အတန်းရှိသလို ခံစားရပါတယ်။ Samsung ဟာလည်း ပလစ်စတစ်ကိုယ်ထည်ကို တခြားဖုန်းတွေဖြစ်တဲ့ Nokia နဲ့ Apple လိုအဆင့်မှီတဲ့ ဒီဇိုင်းအရည်အသွေးနဲ့ တည်ဆောက်မှုဘက်ကို အနည်းငယ် အလေးပေးလာပြီလို့ ထင်ပါတယ်။

S5 မှာ သိသိသာသာထူးခြားလာတာက ပိုပေါ့လာတယ်၊ ပိုပါးလာတယ်၊ နောက်ပြီး ရေစိုခံလာတယ်။ Samsung ဟာ ရေစိုခံဖုန်းဈေးကွက်ထဲကို နောက်ကျမှ ဝင်ရောက်လာတယ်လို့ ဆိုရပါမယ်။ ၄င်းမတိုင်ခင်က ဂျပန်ကုမ္ပဏီ SONY ဟာ ရေစိုခံဖုန်းမြောက်များစွာကို ဈေးကွက်ထဲ တင်ပို့ရောင်းချပြီးဖြစ်သလို ရေစိုခံတယ်ဆိုတာကလည်း SONY စမတ်ဖုန်းတွေရဲ့ သိသာတဲ့ အသွင်အပြင်တစ်ခုလို့တောင် အသုံးပြုသူတွေက မှတ်ယူထားပါတယ်။ Samsung ကလည်း ဒီလိုကြီးမားတဲ့ ရေစိုခံဖုန်းဈေးကွက်ကို မျက်စပစ်လာသလိုပါပဲ။ S5 ရဲ့ ရေစိုခံနိုင်တဲ့အဆင့်က IP 67 ရှိပါတယ်။ ဆိုလိုတာက ရေအနက် တစ်မီတာထဲကို မိနစ် ၃၀ခန့် ဖုန်းကို နစ်မြှုပ်ထားနိုင်ပါတယ်။ ဒါပေမယ့် ရေအောက်မှာတော့ ဖုန်းကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Touchscreen ဟာ ရေထဲမှာဆိုရင် အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် ရေစိုခံတာကြောင့် သင့်ရဲ့ S5 ပေါ်ကို ကော်ဖီမှောက်ကျတာဖြစ်ဖြစ်၊ မိုးထဲလေထဲ ဟန်မပျက်ပဲ ဖုန်းဆက်နေတာဖြစ်ဖြစ်၊ ယုတ်စွအဆုံး အိမ်သာခွက်ထဲ ပြုတ်ကျသွားတာဖြစ်ဖြစ် ဖုန်းရေဝင်ပြီး ပျက်မှာကို သင်စိတ်ပူစရာမလိုတော့ပါဘူး။ မနေ့ညကပဲ ရုံးက မိတ်ဆွေတွေနဲ့ ဘီယာသောက်တုန်း ဖုန်းပေါ်ကို ဘီယာအနည်းငယ် မှောက်သွန်ကြည့်ပါသေးတယ်။ ဘာမှ ပျက်စီးသွားတာမရှိပါဘူး။ ဒါကြောင့် ရေနဲ့ ပတ်သတ်တဲ့ မတော်တဆမှုရန်တွေကနေ S5 ကတော့ ကာကွယ်နိုင်သွားပြီဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ S5 ဟာ အရင် Samsung ဖုန်းတွေအတိုင်း ဈေးပေါတဲ့ဟန်ရှိတုန်းပါပဲ။ HTC One နဲ့ iPhone 5S စတဲ့ဖုန်းတွေလို ကိုင်မိတာနဲ့ အဆင့်မှီတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ခန့်ညားတဲ့ ဒီဇိုင်းအသွင်အပြင်တစ်ခုလို ခံစားရတာမျိုးတော့ S5 မှာ မပါလာပါဘူး။ Galaxy S5 ဆိုတဲ့ လိုဂိုတစ်ခုကိုလည်း ဖုန်းကျောဘက် အောက်နားမှာ ရိုက်နှိပ်ထားတာကလည်း ကျနော့်အတွက်တော့ ရုပ်ဆိုးလွန်းလှပါတယ်။ ကျနော်က ဖုန်းရဲ့ ကျောဘက်ကို ရှင်းရှင်းလင်းလင်းဖြစ်တာာမျိုးကို ပိုနှစ်သက်ပါတယ်။ S5 နဲ့အတူ ထွက်ရှိခဲ့တဲ့ Sony ရဲ့ Z2 နဲ့ HTC One M8 ဖုန်းတွေကတော့ capacitive home button key တွေထည့်သွင်းခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် S5 မှာတော့ ယခင် series တွေအတိုင်းပဲ Home Button တခု၊ back and menu capacitive key ၂ခု ပုံမှန်အတိုင်း ဆက်လက်ပါဝင်လာပါတယ်။ အကယ်၍ သင်သာ Samsung စတိုးမှာ S5 ကိုကောက်ကိုင်ကြည့်မယ်ဆိုရင် ဒီဇိုင်းအသွင်အပြင်ပိုင်းမှာ ယခင် S4 နဲ့ ထူးထူးခြားခြား ကွာခြားတာမျိုးတော့ ခံစားရမှာ မဟုတ်လောက်ပါဘူး။ Samsung အနေနဲ့ ၄င်းတို့ရဲ့ S series စမတ်ဖုန်းတွေကို ပိုမိုထူးခြားတဲ့ဒီဇိုင်းနဲ့ စမတ်ကျပြီး ခန့်ညားတဲ့ ကိုယ်ထည်မျိုးနဲ့ တည်ဆောက်ဖို့သင့်ပါပြီ။ Apple နဲ့ ယှဉ်ကြည့်ရင် iPhone တွေဟာ series တခုနဲ့ တခုကြားမှာ ဒီဇိုင်းအသွင်အပြင်က ထူးထူးခြားခြားကြီးကို ပြောင်းလဲပြီး ခန့်ညားတာကို တွေ့ရမှာပါ။ iPhone 3G, iPhone 4, iPhone 5 တွေစတဲ့ ဖုန်းဒီဇိုင်းတွေဟာ ကွဲပြားတဲ့ တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိပေမယ့် Samsung ကတော့ ထူးထူးခြားခြားဖြစ်အောင် လုပ်နိုင်ခြင်းမရှိဘူးလို့ပဲ သုံးသပ်ရပါလိမ့်မယ်။

Hardware ပိုင်းကိုကြည့်မယ်ဆိုရင် Samsung ဟာ ကွာလတီထက် သူ့ဖုန်းရဲ့ လုပ်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ထားတာကို တွေ့ရပါတယ်။ S5 မှာ iPhone 5S လို Fingerprint Sensor ပါရှိလာပါတယ်။ ဒါပေမယ့် သူက iPhone လို Home Key ပေါ်တင်ပြီး လုပ်ရတာမဟုတ်ပေမယ့် Home Key အပေါ်နားမှာရှိတဲ့ Screen အောက်ပိုင်းကို swipe လုပ်ရတာပါ။ ယင်းမှတဆင့် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိထားရမှာက Home Key အပေါ်မှာရှိတဲ့ Screen တည့်တည့်ကို သေသေချာချာ Swipe လုပ်ရမှာဖြစ်ပြီး အကယ်၍ လွဲချော်သွားရင်တော့ သာမန် password ဖြည့်ခိုင်းတာမျိုးတက်လာပါလိမ့်မယ်။ ဒီနေရာမှာ Apple ရဲ့ Touch ID နဲ့ နှိုင်းယှဉ်ကြည့်ရင် Touch ID က Home button ပေါ်မှာ ပြုလုပ်ရတာမို့ ပိုမိုလွယ်ကူပြီး စမတ်ကျတာကို တွေ့ရပါမယ်။

ဖုန်းတည်ဆောက်မှုအပိုင်းကိုကြည့်ရင် S5 မှာပါရှိတဲ့ ၅.၁ လက်မရှိ 1080 p AMOLED မျက်နှာပြင်ဟာ ထူးခြား ကောင်းမွန်လှတာကိုတွေ့ရပါတယ်။ တခြားဖုန်းတွေထက် မျက်နှာပြင်ဟာ တောက်ပတဲ့အရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ကောင်းမွန်စွာ ဖော်ပြပေးနိုင်ပါတယ်။ ဂိမ်းဆော့ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် S5 ရဲ့ ကောင်းမွန်လှတဲ့ မျက်နှာပြင်ဟာ သင့်တော်လှပါတယ်။

နောက်ထပ်ပိုပြီးကောင်းမွန်လာတာ တစ်ခုရှိပါသေးတယ်။ ဘထ္ထရီသက်တမ်းပါ။ အင်တာနက်သုံး၊ ဗီဒီယိုတစ်နေကုန်ကြည့်တာတောင် S5 ရဲ့2800MAh ရှိတဲ့ ဘထ္ထရီဟာ နောက်နေ့နေ့လည်လောက်ထိ ကောင်းကောင်ခံတာကို တွေ့ရပါတယ်။ ဘထ္ထရီကလည်း တခြား Samsung ဖုန်းတွေအတိုင်း ဖြုတ်လဲ နိုင်ပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ Quad-core Processor နဲ့ RAM 2GB ပါလာပေမယ့် ဘထ္ထရီစွမ်းရည်ကလည်း လျော့နည်းမသွားပဲ ကြာရှည်ခံတာကိုတွေ့ရပါတယ်။ ဖုန်းအားကုန်ခါနီး အရေးပေါ်အသုံးပြုနိုင်ရန်အတွက်လည်း Ultra-Power Saving Mode ဆိုတဲ့ feature လည်းပါပါသေးတယ်။ ဖုန်းအားလည်းကုန်ခါနီးဖြစ်နေပြီး ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်တဲ့အချိန်မှာ ဒီ feature က တော်တော် အသုံးဝင်ပါလိမ့်မယ်။

နောက်ပြောင်းလဲမှုတစ်ရပ်ကတော့ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်ပါရှိလာတာပါပဲ။ 16 megapixel ရှိတဲ့ ကင်မရာဟာ ရုပ်ပုံထွက်မှုပြတ်သားတဲ့၊ တောက်ပတဲ့၊ အသေးစိတ်ကျတဲ့ ကောင်းမွန်လှတဲ့ ဓါတ်ပုံတွေရရှိအောင် ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ယခင် S4 မှာ ပါခဲ့တဲ့ ကင်မရာအထူးပြုလုပ်ချက် featureတွေအတိုင်း ယခုလည်း ၄င်းကိုပိုမိုအဆင့်မြှင့်ထားတဲ့ effect တွေ ပါရှိလာတာကိုတွေ့ရပါတယ်။ S5 မှာပါရှိလာတဲ့ auto-focus feature က S4 ထက်လုပ်ဆောင်ပိုင်းဆိုင်ရာမှာ ပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ရှုခင်းတွေရိုက်ရာမှာ အသုံးဝင်လှတဲ့ Real Time HDR mode ကလည်း သင့်ရှေ့က ရှုခင်းပုံတွေကိုအကောင်းမွန်ဆုံးရိုက်ကူးပေးပါလိမ့်မယ်။

ဖုန်းကင်မရာတွေဟာ ဘယ်လောက်ပဲအဆင့်မြှင့်လာလာ၊ အလင်းရောင်နည်းတဲ့ Low Light condition မှာ ကောင်းမွန်တဲ့ပုံတစ်ပုံရဖို့ ခက်ခဲလှပါတယ်။ HTC ရဲ့ Ultra pixel ကင်မရာဟာ Low Light အခြေအနေမှာ ပိုမိုတောက်ပတဲ့၊ အရောင်ဖျော့တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပေမယ့် ကောင်းမွန်လှခြင်းတော့ မရှိပါဘူး။ အခု S5 မှာလည်း အနည်းငယ် အရောင်ဖျော့တဲ့ ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနို်င်စွမ်းရှိပါတယ်။ Low Light အခြေအနေမှာ ဖုန်းကင်မရာတွေကနေ ပုံကောင်းတွေရဖို့ မျှော်လင့်တယ်ဆိုတာ ခက်ခဲလှပြီး အားလုံးထဲမှာတော့ IPhone 5S ရဲ့ Low Light ပုံတွေကတော့ ပိုပြီးကောင်းမွန်ဆဲပါပဲ။ ကင်မရာပိုင်းကို ခြုံပြီးပြောရရင်တော့ S5 ကင်မရာဟာ feature ပေါင်းများစွာနဲ့ ပိုမိုကောင်းမွန်လာတယ်လို့ပဲ သုံးသပ်ရမှာပါ။

Hardware ပိုင်းပြီးတော့ Software ပိုင်းကို တချက်ကြည့်ရအောင်ဗျာ။ ထုံးစံအတိုင်း Samsung ရဲ့ TouchWiz UI က ကျနော့်အတွက်တော့ ရုပ်ဆိုးမြဲ ဆိုးလျှက်ပါပဲ။ Samsung အနေနဲ့ UI ဒီဇိုင်းပိုင်းကို ဒီထက် ပိုထူးခြားတဲ့ ပိုကောင်းမွန်တဲ့ ဒီဇိုင်းဖြစ်ဖို့ ပြင်ဆင်ဖို့လိုပါဦးမယ်။ ဥပမာ- HTC ရဲ့ Sense UI ဟာ Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်။ S5 မှာလည်း အသုံးဝင်တဲ့ feature တွေ၊ အသုံးမဝင်တဲ့ feature တွေကို တပြုံတပင်ထဲ ပစ်သွင်းထားသလိုပါပဲ။ သုံးစွဲမှုပိုင်းမှာ user-friendly မရှိသလို user တွေကို ယင်း feature များအား အကျိုးရှိရှိအသုံးပြုနိုင်အောင် ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။
S5 ရဲ့ menu setting မှာတင် item ပေါင်း ၆၁ ခုပါရှိပြီး အဝိုင်းပုံသဏ္ဍာန်နဲ့ ရှည်လျားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Notification pull-down menu မှာလည်း Airplane mode ကအစ Toolbox အဆုံး မတူညီတဲ့ Option ရွေးချယ်မှုပေါင်း အခု ၂၀ခန့် ပါဝင်ပါတယ်။ Camera menu မှာလည်း အချက်ပေါင်း ၂၇ ချက်ပါဝင်ပြီး ရှုပ်ထွေးလှတာကို တွေ့ရပါတယ်။ Samsung အနေနဲ့ user တွေလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်မယ့်၊ တကယ့်အသုံးတည့်တဲ့ feature နဲ့ ဒီဇိုင်း UI ကို ဒီထက် ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။

S5 မှာပါရှိလာတဲ့ build-in app တွေက များပြားလှပြီး တချို့သော app များဟာလည်း တကယ်အသုံးဝင်တာကို တွေ့ရပါတယ်။ S Health app ဟာ fitness တွေ ပြီးပြည့်စုံတဲ့ app တခုလို ဆိုရမှာဖြစ်ပြီး အပြေးလေ့ကျင့်တာကအစ calories လျှော့ချတာအဆုံး သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ရရှိနိုင်ပါတယ်။ သင့်မှာ Gear fit တလုံးသာ ရှိခဲ့ရင်တော့ heart rate monitor feature ကိုပါ နာရီလက်ပတ်နဲ့တကွ အတူ အသုံးပြုနိုင်ဦးမှာပါ။

ခြုံငုံသုံးသပ်ချက်
ဖုန်းတွေရဲ့ အဓိကအသုံးဝင်လှတဲ့အချက်တွေကတော့ screen၊ ဘထ္ထရီနဲ့ ကင်မရာပါပဲ။ S5 မှာတော့ ဒီအရာအားလုံးကို အဆင့်မြှင့်ထားပါတယ်။ ကောင်းမွန်တောက်ပလှတဲ့ မျက်နှာပြင်၊ ကြာရှည်ခံတဲ့ ဘထ္ထရီနဲ့ ရုပ်ထွက်ကောင်းပြီး feature များစွာပါဝင်တဲ့ ကင်မရာအပြင် ရေစိုပါခံနိုင်လာတဲ့အတွက် S5 ကို ဝယ်ယူဖို့ ရွေးချယ်မယ်ဆိုရင် အထက်ပါအချက်တွေနဲ့ ရွေးချယ်နိုင်ပါတယ်။ ကျနော်မကြိုက်တဲ့အချက်တွေကတော့ S5 ဟာ HTC One နဲ့ iPhone 5S တို့လို လှပပြီး သတ္ထုကိုယ်ထည်နဲ့ ခန့်ညားတဲ့ဖုန်းအမျိုးအစားတော့ မဟုတ်ပါဘူး။ S5 ဟာ ယခင် S4 ထက်ပိုမိုကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တယ်။ ဒါပေမယ့် မထွက်ခင်က ကျနော် ဒီထက် ပိုပြီး မျှော်လင့်ခဲ့ပါတယ်။ Samsung အနေနဲ့ ဖုန်း ဒီဇိုင်းကို ပိုမိုဂရုစိုက်ဖို့လိုသလို feature တွေများစွာထည့်ပြီး လွန်လွန်ကဲကဲကြော်ငြာနေတာထက် အဆင့်အတန်းရှိတဲ့ loyalty ရှိတဲ့ ဖုန်းဖြစ်ဖို့ ကြိုးစားရပါဦးမယ်။ ကျနော်တို့ဟာ ကျနော်တို့ဝယ်ယူမယ့်ဖုန်းကို တခြားဖုန်းတွေထက် ထူးခြားရမယ်၊ ကောင်းမွန်ရမယ်၊ လှပနေရမယ်ဆိုတာတွေ မျှော်လင့်ပေမယ့် Samsung ကတော့ ဒီအရာတွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျနော် ဒီ Galaxy S5 ကိုနှစ်သက်ပါတယ်။ ထုတ်ပြီးမကြာမှာလည်း ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော သုံးစွဲသူတွေကလည်း ဝယ်ယူကြပါလိမ့်မယ်။ S5 ဟာကောင်းမွန်တယ်။ ဒါပေမယ့် အကောင်းမွန်ဆုံးတော့ မဟုတ်သေးပါဘူး။ ကျနော်တို့လိုချင်တာက ပိုထူးခြားပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ special ဖုန်းတွေကို လိုချင်တာပါ။ Samsung အနေနဲ့ နောက် S6 မှာဖြစ်ဖြစ် Note 4 မှာဖြစ်ဖြစ် ဒီထက်ပိုထူးခြားတဲ့အရာတွေကို ဖြည့်ဆည်းပေးလာမယ်လို့ မျှော်လင့်မိပါတယ်။


What’s GOOD

ကောင်းမွန်တဲ့ မျက်နှာပြင်
မြင့်မားတဲ့စွမ်းဆောင်ရည်
ထူးခြားပြီးအဆင့်မြှင့်ထားတဲ့ ကင်မရာ
ရေစိုခံခြင်း

What’s BAD
များပြားလှပြီး ရှုပ်ထွေးလှတဲ့ feature များ
ပလတ်စတစ်ကိုယ်ထည်နဲ့ ညံ့ဖျင်းတဲ့ဒီဇိုင်း
Low Light အခြေအနေတွင်ပုံကောင်းမရနိုင်ခြင်း


ref: Tech Space

Monday, May 12, 2014

Samsung Galaxy S5 အကြောင်း (Special review)


Aung Ko Htet (MM IT Knowledge)

HAN(TechRangoon)

စမတ်ဖုန်းလောကရဲ့ ပြိုင်ပွဲက တဖြည်းဖြည်းပိုကြမ်းလာတယ်။ Android ဖုန်းကုမ္ပဏီတွေဟာ ပိုကြီးတဲ့၊ feature ပိုများတဲ့၊ camera megapixel ပိုများတဲ့ ဖုန်းတွေ၊ screen ppi များတဲ့ဖုန်းတွေ အပြိုင်အဆိုင် ဝုန်းဒိုင်းကြဲ ထုတ်လုပ်လာကြတယ်။ ဒါပေမယ့် သတိထားစရာကောင်းတာက Apple ရဲ့ အောင်မြင်မှုက iPhone camera ကြောင့်လည်းမဟုတ်၊ သူ့ OS ကြောင့်လည်းမဟုတ်၊ ဘထ္ထရီသက်တမ်းကြောင့်လည်း မဟုတ်ပဲ အသုံးပြုသူတွေ အဆင်ပြေပြေနဲ့ ဖုန်းကို လှလှပပ၊ ချောချောမွေ့မွေ့သုံးနိုင်ဖို့ဆိုတဲ့ သုံးစွဲသူတွေတောင် တခါတလေသတိမထားမိတဲ့ သေးငယ်တဲ့အရာတွေကိုအစ ဂရုစိုက်လုပ်ပေးတဲ့ Apple ရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ Apple ကုမ္ပဏီဟာ ဖုန်းတမျိုးထုတ်တိုင်း ထုတ်တိုင်း အကြီးကြီးတွေပြောင်းလဲတာထက် သေးသေးငယ်ငယ်အရာတွေကိုပဲ ပိုမိုကောင်းမွန်အောင်၊ ပြည့်စုံအောင်လုပ်တာက ၄င်းအောင်မြင်မှုရဲ့ အဓိကအချက်လို့ ထင်တယ်။

သေးသေးငယ်ငယ်တွေကို ပိုဂရုစိုက်တယ် Apple ရဲ့ လုပ်ဆောင်မှုဟာ Samsung နဲ့တော့ ပြောင်းပြန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ It’s big ဆိုတဲ့ ၄င်းတို့ရဲ့ ဆောင်ပုဒ်အတိုင်း Samsung ကကြီးကြီးမားမားပြောင်းလဲမှုလုပ်တာကိုပဲ ပိုအလေးပေးပါတယ်။ ၄င်းဟာ ကြီးမားတဲ့ မျက်နှာပြင်ရှိတဲ့ ကြီးမားတဲ့ဖုန်းတွေထုတ်တယ်။ကြီးမားတဲ့ အိုင်ဒီယာအသစ်တွေနဲ့ စမတ်ဖုန်းတစ်လုံးလုပ်ဆောင်နိုင်တာထက် လွန်တဲ့ အခြားထပ်တိုးလုပ်ဆောင်မှုတွေကို များများပြားပြား ပစ်ထည့်ထားတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ Samsung က ၄င်းတို့ရဲ့ နည်းကို နည်းနည်းပြောင်းလာပြီလို့ ထင်တယ်။ ကိုရီးယားကုမ္ပဏီဖြစ်တဲ့ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S5 မျိုးဆက်သစ်ကို features ပေါင်းမြောက်များစွာနဲ့ အမွှမ်းတင်တာထက် အကောင်းမွန်ဆုံး စမတ်ဖုန်းတစ်လုံးရဲ့ အခြေခံလိုအပ်ချက်ကိုပဲ ပြန်ဂရုစိုက်လာပြီလို့ မြင်လာတယ်။

လွန်ခဲ့တဲ့တစ်နှစ်က HTC ကထုတ်ခဲ့တဲ့ အလူမီနီယံကိုယ်ထည်နဲ့ HTC One ဟာ Samsung ရဲ့ ဈေးပေါဟန်ရှိတဲ့၊ ပလတ်စတစ်နဲ့ လုပ်ထားတဲ့၊ feature ပေါင်းများစွာနဲ့ နစ်မြှုပ်နေတဲ့ S စီးရီးဖုန်းတွေကို မကျော်လွှားနိုင်ရင်တောင် ဈေးကွက်ထဲမှာ ၄င်းရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်ဘက်အဖြစ် ဖြစ်ခဲ့မယ်လို့ ကျနော်မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒီနှစ်လည်း s5 ဆိုတဲ့ ဖုန်းအသစ်ကို ထပ်မံထုတ်လုပ်ခဲ့တယ်။ ဒီတစ်ခေါက်လည်း ယခင် စီးရီးဖြစ်တဲ့ S4 ထက်အနည်းငယ်ကြီးသွားတဲ့ မျက်နှာပြင်၊ အနည်းငယ်ရှည်ပြီး ကျယ်သွားတဲ့ ဖုန်းကိုယ်ထည်နဲ့ ပါးပါးလွှာလွှာ ပေါ့ပေါ့ပါးပါးနဲ့ s4 နဲ့ တည်ဆောက်ပုံသိပ်မကွာလှတဲ့ ဖုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

S5 မှာ သင်ဖုန်းနဲ့ ထိတွေ့လို့ရတဲ့ နေရာအားလုံးက ပလတ်စတစ်နဲ့ လုပ်ထားတာချည်းပါပဲ။ S5 ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ အပြာရောင် ၄မျိုးနဲ့ ထုတ်လုပ်လာပြီး ဘေးထောင့်တွေက ယခင် S3 နဲ့ S4 လို ဝန်းပြီးကွေးနေတာထက် S2 or Note series တွေလို့ အနည်းငယ်သာဝန်းဝန်းလေးရှိတော့တာကို တွေ့ရပါတယ်။ ကိုင်တွယ်ရတာကတော့ ယခင် S4 နဲ့ သားရေအတု Note 3 ထက် ပိုမို သက်တောင့်သက်တာရှိပြီး ဖုန်းကိုယ်ထည်ဟာလည်း အနည်းငယ် အဆင့်အတန်းရှိသလို ခံစားရပါတယ်။ Samsung ဟာလည်း ပလစ်စတစ်ကိုယ်ထည်ကို တခြားဖုန်းတွေဖြစ်တဲ့ Nokia နဲ့ Apple လိုအဆင့်မှီတဲ့ ဒီဇိုင်းအရည်အသွေးနဲ့ တည်ဆောက်မှုဘက်ကို အနည်းငယ် အလေးပေးလာပြီလို့ ထင်ပါတယ်။

S5 မှာ သိသိသာသာထူးခြားလာတာက ပိုပေါ့လာတယ်၊ ပိုပါးလာတယ်၊ နောက်ပြီး ရေစိုခံလာတယ်။ Samsung ဟာ ရေစိုခံဖုန်းဈေးကွက်ထဲကို နောက်ကျမှ ဝင်ရောက်လာတယ်လို့ ဆိုရပါမယ်။ ၄င်းမတိုင်ခင်က ဂျပန်ကုမ္ပဏီ SONY ဟာ ရေစိုခံဖုန်းမြောက်များစွာကို ဈေးကွက်ထဲ တင်ပို့ရောင်းချပြီးဖြစ်သလို ရေစိုခံတယ်ဆိုတာကလည်း SONY စမတ်ဖုန်းတွေရဲ့ သိသာတဲ့ အသွင်အပြင်တစ်ခုလို့တောင် အသုံးပြုသူတွေက မှတ်ယူထားပါတယ်။ Samsung ကလည်း ဒီလိုကြီးမားတဲ့ ရေစိုခံဖုန်းဈေးကွက်ကို မျက်စပစ်လာသလိုပါပဲ။ S5 ရဲ့ ရေစိုခံနိုင်တဲ့အဆင့်က IP 67 ရှိပါတယ်။ ဆိုလိုတာက ရေအနက် တစ်မီတာထဲကို မိနစ် ၃၀ခန့် ဖုန်းကို နစ်မြှုပ်ထားနိုင်ပါတယ်။ 
ဒါပေမယ့် ရေအောက်မှာတော့ ဖုန်းကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ Touchscreen ဟာ ရေထဲမှာဆိုရင် အလုပ်မလုပ်ပါဘူး။ ဒါပေမယ့် ရေစိုခံတာကြောင့် သင့်ရဲ့ S5 ပေါ်ကို ကော်ဖီမှောက်ကျတာဖြစ်ဖြစ်၊ မိုးထဲလေထဲ ဟန်မပျက်ပဲ ဖုန်းဆက်နေတာဖြစ်ဖြစ်၊ ယုတ်စွအဆုံး အိမ်သာခွက်ထဲ ပြုတ်ကျသွားတာဖြစ်ဖြစ် ဖုန်းရေဝင်ပြီး ပျက်မှာကို သင်စိတ်ပူစရာမလိုတော့ပါဘူး။ မနေ့ညကပဲ ရုံးက မိတ်ဆွေတွေနဲ့ ဘီယာသောက်တုန်း ဖုန်းပေါ်ကို ဘီယာအနည်းငယ် မှောက်သွန်ကြည့်ပါသေးတယ်။ ဘာမှ ပျက်စီးသွားတာမရှိပါဘူး။ ဒါကြောင့် ရေနဲ့ ပတ်သတ်တဲ့ မတော်တဆမှုရန်တွေကနေ S5 ကတော့ ကာကွယ်နိုင်သွားပြီဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းကိုကြည့်မယ်ဆိုရင်တော့ S5 ဟာ အရင် Samsung ဖုန်းတွေအတိုင်း ဈေးပေါတဲ့ဟန်ရှိတုန်းပါပဲ။ HTC One နဲ့ iPhone 5S စတဲ့ဖုန်းတွေလို ကိုင်မိတာနဲ့ အဆင့်မှီတဲ့ အလူမီနီယံကိုယ်ထည်နဲ့ ခန့်ညားတဲ့ ဒီဇိုင်းအသွင်အပြင်တစ်ခုလို ခံစားရတာမျိုးတော့ S5 မှာ မပါလာပါဘူး။ Galaxy S5 ဆိုတဲ့ လိုဂိုတစ်ခုကိုလည်း ဖုန်းကျောဘက် အောက်နားမှာ ရိုက်နှိပ်ထားတာကလည်း ကျနော့်အတွက်တော့ ရုပ်ဆိုးလွန်းလှပါတယ်။ ကျနော်က ဖုန်းရဲ့ ကျောဘက်ကို ရှင်းရှင်းလင်းလင်းဖြစ်တာာမျိုးကို ပိုနှစ်သက်ပါတယ်။ S5 နဲ့အတူ ထွက်ရှိခဲ့တဲ့ Sony ရဲ့ Z2 နဲ့ HTC One M8 ဖုန်းတွေကတော့ capacitive home button key တွေထည့်သွင်းခြင်း မရှိတော့ပါဘူး။
 ဒါပေမယ့် S5 မှာတော့ ယခင် series တွေအတိုင်းပဲ Home Button တခု၊ back and menu capacitive key ၂ခု ပုံမှန်အတိုင်း ဆက်လက်ပါဝင်လာပါတယ်။ အကယ်၍ သင်သာ Samsung စတိုးမှာ S5 ကိုကောက်ကိုင်ကြည့်မယ်ဆိုရင် ဒီဇိုင်းအသွင်အပြင်ပိုင်းမှာ ယခင် S4 နဲ့ ထူးထူးခြားခြား ကွာခြားတာမျိုးတော့ ခံစားရမှာ မဟုတ်လောက်ပါဘူး။ Samsung အနေနဲ့ ၄င်းတို့ရဲ့ S series စမတ်ဖုန်းတွေကို ပိုမိုထူးခြားတဲ့ဒီဇိုင်းနဲ့ စမတ်ကျပြီး ခန့်ညားတဲ့ ကိုယ်ထည်မျိုးနဲ့ တည်ဆောက်ဖို့သင့်ပါပြီ။ Apple နဲ့ ယှဉ်ကြည့်ရင် iPhone တွေဟာ series တခုနဲ့ တခုကြားမှာ ဒီဇိုင်းအသွင်အပြင်က ထူးထူးခြားခြားကြီးကို ပြောင်းလဲပြီး ခန့်ညားတာကို တွေ့ရမှာပါ။ iPhone 3G, iPhone 4, iPhone 5 တွေစတဲ့ ဖုန်းဒီဇိုင်းတွေဟာ ကွဲပြားတဲ့ တီထွင်မှုဆန်းသစ်တဲ့ ဒီဇိုင်းမျိုးရှိပေမယ့် Samsung ကတော့ ထူးထူးခြားခြားဖြစ်အောင် လုပ်နိုင်ခြင်းမရှိဘူးလို့ပဲ သုံးသပ်ရပါလိမ့်မယ်။

Hardware ပိုင်းကိုကြည့်မယ်ဆိုရင် Samsung ဟာ ကွာလတီထက် သူ့ဖုန်းရဲ့ လုပ်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ထားတာကို တွေ့ရပါတယ်။ S5 မှာ iPhone 5S လို Fingerprint Sensor ပါရှိလာပါတယ်။ ဒါပေမယ့် သူက iPhone လို Home Key ပေါ်တင်ပြီး လုပ်ရတာမဟုတ်ပေမယ့် Home Key အပေါ်နားမှာရှိတဲ့ Screen အောက်ပိုင်းကို swipe လုပ်ရတာပါ။ ယင်းမှတဆင့် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။ သတိထားရမှာက Home Key အပေါ်မှာရှိတဲ့ Screen တည့်တည့်ကို သေသေချာချာ Swipe လုပ်ရမှာဖြစ်ပြီး အကယ်၍ လွဲချော်သွားရင်တော့ သာမန် password ဖြည့်ခိုင်းတာမျိုးတက်လာပါလိမ့်မယ်။ ဒီနေရာမှာ Apple ရဲ့ Touch ID နဲ့ နှိုင်းယှဉ်ကြည့်ရင် Touch ID က Home button ပေါ်မှာ ပြုလုပ်ရတာမို့ ပိုမိုလွယ်ကူပြီး စမတ်ကျတာကို တွေ့ရပါမယ်။

ဖုန်းတည်ဆောက်မှုအပိုင်းကိုကြည့်ရင် S5 မှာပါရှိတဲ့ ၅.၁ လက်မရှိ 1080 p AMOLED မျက်နှာပြင်ဟာ ထူးခြား ကောင်းမွန်လှတာကိုတွေ့ရပါတယ်။ တခြားဖုန်းတွေထက် မျက်နှာပြင်ဟာ တောက်ပတဲ့အရောင်နဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်တွေကို ကောင်းမွန်စွာ ဖော်ပြပေးနိုင်ပါတယ်။ ဂိမ်းဆော့ဖို့၊ ဗီဒီယိုကြည့်ဖို့အတွက် S5 ရဲ့ ကောင်းမွန်လှတဲ့ မျက်နှာပြင်ဟာ သင့်တော်လှပါတယ်။

နောက်ထပ်ပိုပြီးကောင်းမွန်လာတာ တစ်ခုရှိပါသေးတယ်။ ဘထ္ထရီသက်တမ်းပါ။ အင်တာနက်သုံး၊ ဗီဒီယိုတစ်နေကုန်ကြည့်တာတောင် S5 ရဲ့2800MAh ရှိတဲ့ ဘထ္ထရီဟာ နောက်နေ့နေ့လည်လောက်ထိ ကောင်းကောင်ခံတာကို တွေ့ရပါတယ်။ ဘထ္ထရီကလည်း တခြား Samsung ဖုန်းတွေအတိုင်း ဖြုတ်လဲ နိုင်ပါတယ်။ စွမ်းဆောင်ရည်မြှင့်မားတဲ့ Quad-core Processor နဲ့ RAM 2GB ပါလာပေမယ့် ဘထ္ထရီစွမ်းရည်ကလည်း လျော့နည်းမသွားပဲ ကြာရှည်ခံတာကိုတွေ့ရပါတယ်။ ဖုန်းအားကုန်ခါနီး အရေးပေါ်အသုံးပြုနိုင်ရန်အတွက်လည်း Ultra-Power Saving Mode ဆိုတဲ့ feature လည်းပါပါသေးတယ်။ ဖုန်းအားလည်းကုန်ခါနီးဖြစ်နေပြီး ဖုန်းအားသွင်းဖို့ အခက်အခဲဖြစ်တဲ့အချိန်မှာ ဒီ feature က တော်တော် အသုံးဝင်ပါလိမ့်မယ်။

နောက်ပြောင်းလဲမှုတစ်ရပ်ကတော့ ပိုမိုကောင်းမွန်လာတဲ့ ကင်မရာစနစ်ပါရှိလာတာပါပဲ။ 16 megapixel ရှိတဲ့ ကင်မရာဟာ ရုပ်ပုံထွက်မှုပြတ်သားတဲ့၊ တောက်ပတဲ့၊ အသေးစိတ်ကျတဲ့ ကောင်းမွန်လှတဲ့ ဓါတ်ပုံတွေရရှိအောင် ရိုက်ကူးပေးနိုင်ပါလိမ့်မယ်။ ယခင် S4 မှာ ပါခဲ့တဲ့ ကင်မရာအထူးပြုလုပ်ချက် featureတွေအတိုင်း ယခုလည်း ၄င်းကိုပိုမိုအဆင့်မြှင့်ထားတဲ့ effect တွေ ပါရှိလာတာကိုတွေ့ရပါတယ်။ S5 မှာပါရှိလာတဲ့ auto-focus feature က S4 ထက်လုပ်ဆောင်ပိုင်းဆိုင်ရာမှာ ပိုမိုမြန်ဆန်တာကိုတွေ့ရပါတယ်။ ရှုခင်းတွေရိုက်ရာမှာ အသုံးဝင်လှတဲ့ Real Time HDR mode ကလည်း သင့်ရှေ့က ရှုခင်းပုံတွေကိုအကောင်းမွန်ဆုံးရိုက်ကူးပေးပါလိမ့်မယ်။

ဖုန်းကင်မရာတွေဟာ ဘယ်လောက်ပဲအဆင့်မြှင့်လာလာ၊ အလင်းရောင်နည်းတဲ့ Low Light condition မှာ ကောင်းမွန်တဲ့ပုံတစ်ပုံရဖို့ ခက်ခဲလှပါတယ်။ HTC ရဲ့ Ultra pixel ကင်မရာဟာ Low Light အခြေအနေမှာ ပိုမိုတောက်ပတဲ့၊ အရောင်ဖျော့တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်စွမ်းရှိပေမယ့် ကောင်းမွန်လှခြင်းတော့ မရှိပါဘူး။ အခု S5 မှာလည်း အနည်းငယ် အရောင်ဖျော့တဲ့ ပိုပြီး Sharp ဖြစ်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနို်င်စွမ်းရှိပါတယ်။ Low Light အခြေအနေမှာ ဖုန်းကင်မရာတွေကနေ ပုံကောင်းတွေရဖို့ မျှော်လင့်တယ်ဆိုတာ ခက်ခဲလှပြီး အားလုံးထဲမှာတော့ IPhone 5S ရဲ့ Low Light ပုံတွေကတော့ ပိုပြီးကောင်းမွန်ဆဲပါပဲ။ ကင်မရာပိုင်းကို ခြုံပြီးပြောရရင်တော့ S5 ကင်မရာဟာ feature ပေါင်းများစွာနဲ့ ပိုမိုကောင်းမွန်လာတယ်လို့ပဲ သုံးသပ်ရမှာပါ။

Hardware ပိုင်းပြီးတော့ Software ပိုင်းကို တချက်ကြည့်ရအောင်ဗျာ။ ထုံးစံအတိုင်း Samsung ရဲ့ TouchWiz UI က ကျနော့်အတွက်တော့ ရုပ်ဆိုးမြဲ ဆိုးလျှက်ပါပဲ။ Samsung အနေနဲ့ UI ဒီဇိုင်းပိုင်းကို ဒီထက် ပိုထူးခြားတဲ့ ပိုကောင်းမွန်တဲ့ ဒီဇိုင်းဖြစ်ဖို့ ပြင်ဆင်ဖို့လိုပါဦးမယ်။ ဥပမာ- HTC ရဲ့ Sense UI ဟာ Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်လို့ သုံးသပ်လို့ရပါတယ်။ S5 မှာလည်း အသုံးဝင်တဲ့ feature တွေ၊ အသုံးမဝင်တဲ့ feature တွေကို တပြုံတပင်ထဲ ပစ်သွင်းထားသလိုပါပဲ။ သုံးစွဲမှုပိုင်းမှာ user-friendly မရှိသလို user တွေကို ယင်း feature များအား အကျိုးရှိရှိအသုံးပြုနိုင်အောင် ပြုလုပ်ဖို့လည်း လိုအပ်ပါသေးတယ်။

S5 ရဲ့ menu setting မှာတင် item ပေါင်း ၆၁ ခုပါရှိပြီး အဝိုင်းပုံသဏ္ဍာန်နဲ့ ရှည်လျားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Notification pull-down menu မှာလည်း Airplane mode ကအစ Toolbox အဆုံး မတူညီတဲ့ Option ရွေးချယ်မှုပေါင်း အခု ၂၀ခန့် ပါဝင်ပါတယ်။ Camera menu မှာလည်း အချက်ပေါင်း ၂၇ ချက်ပါဝင်ပြီး ရှုပ်ထွေးလှတာကို တွေ့ရပါတယ်။ Samsung အနေနဲ့ user တွေလွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်မယ့်၊ တကယ့်အသုံးတည့်တဲ့ feature နဲ့ ဒီဇိုင်း UI ကို ဒီထက် ပြင်ဆင်ဖို့ လိုအပ်ပါသေးတယ်။

S5 မှာပါရှိလာတဲ့ build-in app တွေက များပြားလှပြီး တချို့သော app များဟာလည်း တကယ်အသုံးဝင်တာကို တွေ့ရပါတယ်။ S Health app ဟာ fitness တွေ ပြီးပြည့်စုံတဲ့ app တခုလို ဆိုရမှာဖြစ်ပြီး အပြေးလေ့ကျင့်တာကအစ calories လျှော့ချတာအဆုံး သင့်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ရရှိနိုင်ပါတယ်။ သင့်မှာ Gear fit တလုံးသာ ရှိခဲ့ရင်တော့ heart rate monitor feature ကိုပါ နာရီလက်ပတ်နဲ့တကွ အတူ အသုံးပြုနိုင်ဦးမှာပါ။

ခြုံငုံသုံးသပ်ချက်
ဖုန်းတွေရဲ့ အဓိကအသုံးဝင်လှတဲ့အချက်တွေကတော့ screen၊ ဘထ္ထရီနဲ့ ကင်မရာပါပဲ။ S5 မှာတော့ ဒီအရာအားလုံးကို အဆင့်မြှင့်ထားပါတယ်။ ကောင်းမွန်တောက်ပလှတဲ့ မျက်နှာပြင်၊ ကြာရှည်ခံတဲ့ ဘထ္ထရီနဲ့ ရုပ်ထွက်ကောင်းပြီး feature များစွာပါဝင်တဲ့ ကင်မရာအပြင် ရေစိုပါခံနိုင်လာတဲ့အတွက် S5 ကို ဝယ်ယူဖို့ ရွေးချယ်မယ်ဆိုရင် အထက်ပါအချက်တွေနဲ့ ရွေးချယ်နိုင်ပါတယ်။ 
ကျနော်မကြိုက်တဲ့အချက်တွေကတော့ S5 ဟာ HTC One နဲ့ iPhone 5S တို့လို လှပပြီး သတ္ထုကိုယ်ထည်နဲ့ ခန့်ညားတဲ့ဖုန်းအမျိုးအစားတော့ မဟုတ်ပါဘူး။ S5 ဟာ ယခင် S4 ထက်ပိုမိုကောင်းမွန်တဲ့ ဖုန်းတစ်လုံးဖြစ်တယ်။ ဒါပေမယ့် မထွက်ခင်က ကျနော် ဒီထက် ပိုပြီး မျှော်လင့်ခဲ့ပါတယ်။ Samsung အနေနဲ့ ဖုန်း ဒီဇိုင်းကို ပိုမိုဂရုစိုက်ဖို့လိုသလို feature တွေများစွာထည့်ပြီး လွန်လွန်ကဲကဲကြော်ငြာနေတာထက် အဆင့်အတန်းရှိတဲ့ loyalty ရှိတဲ့ ဖုန်းဖြစ်ဖို့ ကြိုးစားရပါဦးမယ်။ ကျနော်တို့ဟာ ကျနော်တို့ဝယ်ယူမယ့်ဖုန်းကို တခြားဖုန်းတွေထက် ထူးခြားရမယ်၊ ကောင်းမွန်ရမယ်၊ လှပနေရမယ်ဆိုတာတွေ မျှော်လင့်ပေမယ့် Samsung ကတော့ ဒီအရာတွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ခြင်းတော့ မရှိသေးပါဘူး။

ကျနော် ဒီ Galaxy S5 ကိုနှစ်သက်ပါတယ်။ ထုတ်ပြီးမကြာမှာလည်း ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော သုံးစွဲသူတွေကလည်း ဝယ်ယူကြပါလိမ့်မယ်။ S5 ဟာကောင်းမွန်တယ်။ ဒါပေမယ့် အကောင်းမွန်ဆုံးတော့ မဟုတ်သေးပါဘူး။ ကျနော်တို့လိုချင်တာက ပိုထူးခြားပြီး ပိုစိတ်ဝင်စားစရာကောင်းတဲ့ special ဖုန်းတွေကို လိုချင်တာပါ။ Samsung အနေနဲ့ နောက် S6 မှာဖြစ်ဖြစ် Note 4 မှာဖြစ်ဖြစ် ဒီထက်ပိုထူးခြားတဲ့အရာတွေကို ဖြည့်ဆည်းပေးလာမယ်လို့ မျှော်လင့်မိပါတယ်။


What’s GOOD

ကောင်းမွန်တဲ့ မျက်နှာပြင်
မြင့်မားတဲ့စွမ်းဆောင်ရည်
ထူးခြားပြီးအဆင့်မြှင့်ထားတဲ့ ကင်မရာ
ရေစိုခံခြင်း

What’s BAD
များပြားလှပြီး ရှုပ်ထွေးလှတဲ့ feature များ
ပလတ်စတစ်ကိုယ်ထည်နဲ့ ညံ့ဖျင်းတဲ့ဒီဇိုင်း
Low Light အခြေအနေတွင်ပုံကောင်းမရနိုင်ခြင်း

techspace journal

Saturday, May 10, 2014

Galaxy Note 3 ရဲ့ အားသာချက် အားနည်:ချက်များ ( User Review)


Aung Ko Htet (MM IT Knowledge)


Galaxy Note 3 ရဲ့ အားသာချက် အားနည်:ချက်များ ( User Review)
----------------------------------------------------------------------------
Galaxy Note 3 သုံးနေတာ တစ်ပတ် လောက်တော့ ရှိသွားပြီပေါ့ဗျာ ။ တစ်ပတ်အတွင်းမှာ Note 3 ကိုစမ်းသပ်ပြီ: အကျိုးအပြစ် အဆိုးအကောင်းလေးတွေကို review လုပ်ပြီ: ဒီ group က user တွေကို မျှဝေပေးလိုက်ပါတယ်ဗျာ ။ ကျွန်နော် လက်ရှိ ရောက်နေတဲ့ နေရာမှာက Note 3 ကို LTE version တွေပဲ ရောင်းတဲ့ နေရာ ဆိုတော့ LTE version အလုံးလေးပဲ ဝယ်လိုက်တာပါ ။ ပထမဆုံ: စပြီ: ကြုံရတဲ့ အခတ်အခဲကတော့ မြန်မာစာသွင်းလို့ မရတဲ့ အခက်အခဲပါပဲ ။ အရင်တုံးကလိုပဲ ifont လေးသွင်းပြီး Zawgyi Filpfont နဲ့ ချိန်းကြည့်တာ မ အိုကေဘူးဗျား ။ အဲ့ဒါနဲ့ root လုပ်ပြီ: ထည့်မှရမယ်ထင်တယ် ဆိုပြီ: root လုပ်လိုက်တယ် ။ root လုပ်တာက တော့လွယ်လွယ်ကူကူပါပဲ ။ အဲ့... root လုပ်ပြီ:တော့ MMAS Zawgyi Changer 2 တို့ Smart Zawgyi Changer တို့နဲ့ change တာလဲ မရဘူး ။ font ကတော့ ဝင်သွားတယ် လေးထောင့်ကွက်တွေနဲ့ ပဲပြနေတယ် ။ အဲ့ဒီ့ ကိတ်စနဲ့ပဲ ၁ ရက်ကျော်ကျော်လောတ် တိုင်ပတ်သွားတယ် ။ နောက်တော့ ဒီ Group က ကို@Ko Ko Kyawthettun ပေးတဲ့ နည်းလေးနဲ့ OK သွားတယ်ဗျာ ။ Note 3 မှာက KNOX ဆိုတဲ့ security features လေးပါလာတယ် ။ အဲ့ဒီ့ ကောင်က font ကို rendering လုပ်လို့မရအောင် တားထားတာလို့ ထင်တယ်ဗျာ ။ font ကတော့ ဝင်သွားပြီ:တော့ rendering မလုပ်နိုင်တဲ့ သဘောပေါ့ဗျာ ။ အဲ့ဒါနဲ့ ကို Kyaw Thet Htun ပေးတဲ့ KNOX security features မပါတဲ့ per-rooted rom လေးကို တင်လိုက်တော့ မှ OK သွားတယ်ဗျာ ။ Samsung phone တွေနောက်ပိုင်း အဲဒီ့ လိုမျိုး KNOX security features နဲ့ပဲလာတော့ မယ်ဆိုရင် တော့ myanmar font ကတော့ မလွယ်ဘူးဗျာ ။ ကျွန်နော်တို့က မြန်မာ နိုင်ငံမှာ မဟုတ်တော့ တော်တော် တိုင်ပတ်တယ် ဗျ ။ ဒါကတော့ စစသုံးချင်း အခက်အခဲပေါ့ဗျာ ။ သူ့ရဲ့ ကောင်းကွက်လေးတွေ ကို ဆက်ကြည့်ရအောင်ဗျာ....

Display
-----------
Note 3 မှာပထမ ဆုံ:သတိထားမိပြီ: ကြိုက်မိတဲ့ အချက်ကတော့ screen resolution ပါပဲဗျာ ။ Screen ကြီးကြီးနဲ့ Full HD resolution ဆိုတာကို တော်တော်လေး နှစ်သက်မိတယ်ဗျို့ ။ ကျွန်နော်က ရုံးသွားရုံးပြန် Youtube ကြည့်တဲ့ကောင်ဆိုတော့ ဒီအချက်ကတော်တော် အရေးပါတယ်ဗျ ။ Youtube vedio တွေကလဲ နောက်ပိုင်: 1080p resolution အပြင် 1440p resolution တွေပါ ရလာကြပြီဗျ ။ အဲ့ဒီ့တော့ Note 3 မှာ ကြည့်ရတဲ့ feel ကတော့ ရှယ်ပဲဗျာ ။ အရင် Note 2 မှာတုန်းက ရိုးရိုး HD resolution ပဲရခဲ့တာလေ.. Full HD ဆိုတာ ဘယ်လို ဆိုတာ မသိဘူးဗျ.... Note 2 မှာပါတဲ့ Normal HD နဲ့ သိပ်မကွာဘူး လို့ပဲထင်ခဲ့တာပဲ ။ အဲ့ Galaxy S4 မှာကလဲ Full HD resolution ရတယ်ဆိုပေမဲ့ screen သေးလို့လားမသိဘူး သိပ်သတိမထာ:မိဘူး... Note 3 နဲ့ ကြည့်တော့မှ တော်တော်ကွာမှန်း သိသာသွားတယ်ဗျ ။ အမှန်က ဒီကောင်က Galaxy S4 လောက် pixel density မမြင့်ဘူးဗျ... ဒါပေမဲ့ screen
ကြီးတော့ Galaxy S4 ထက် vedio တို့ photo တို့ ကြည့်ရင် ပိုကြည့်ကောင်းတယ် လို့ ထင်ရတယ်ဗျ ။ အင်း ရုပ်ထွက်က လန်းမှာပေါ့ဗျာ ။ GPU ကို Adreno 330 သုံးထားတာလဲပါမှာပေါ့ ။ ကျွန်နော်က ဖုန်းမှာ Game ကစားရတာနှစ်သက်တဲ့ သူတော့မဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ screen သေးလို့ Game Play ကိုကောင်းကောင်းမခံစားရတာရယ် Sony PlayStation လိုမျိုး controller နဲ့ ကစားတာကို ပိုကြိုက်တာကြောင့်ပါ ။ အဲ့ Note 3 မှာပါတဲ့ Adreno 330 GPU ရဲ့ အစွမ်းကို သိချင်တာကြောင့် Asphalt 8 လေးကို Galaxy S4 နဲ့ ယှဉ်ပြီ: ကစားကြည့်ပါတယ် ။ Note 3 မှာ ဆော့ရတဲ့ ရုပ်ထွက် တော်တော်လေးကို ကောင်းမွန်တာတွေ့ရတယ်ဗျ ။ ဘာကြောင့်လဲ ဆိုတော့ Asphalt 8 က OpenGL 3.0 standard ကို ကိုအခြေခံပြီ: develop လုပ်ထားတယ်လို့ ဖတ်ဘူးတယ်ဗျ ။ အဲ့ဒီ့တော့ Open GL 3.0 support ကို မလုပ်တဲ့ Galaxy S4's game play မှာ noise က နဲနဲထနေတာ မြင်ရတယ်ဗျ ။ အဲ့ Open GL 3.0 ကို support လုပ်တဲ့ Note 3 ရဲ့ game play screen မှာတော့ ကလန်ထွက်နေတာပဲလို့ ပြောရမှာပဲဗျာ ။ လက်ရှိ ကျွန်နော်သိသလောက် Open GL 3.0 ကို support လုပ်တဲ့ mobile device က Nexus 7(2013 Edition) , Galaxy Note 3, iPhone 5S ရယ်ပဲရှိတယ် လို့ သိရတယ်ဗျ ။ အဲ့ဒီ့တော့ note 3 ထက် Game play ရုပ်ထွက် ကောင်းတာဆိုလို့ Nexus 7(2013 edition) ပဲရှိမယ်ထင်တယ်ဗျာ ။ ဘာလို့ လဲ ဆိုတော့ သူက screen ပိုကြီးတော့ ဆော့ရတာ ပိုပြီ: မိုက်တာပေါ့ဗျာ ။ မြန်မာမှာ တရားဝင်ရောင်းတဲ့ Galaxy Note 3 မှာတော့ GPU အဖြစ် Adreno 330 ကို မသုံးပဲနဲ့ Mali-T628 MP6 ကိုသုံးတယ် လို့ ကြားတယ်ဗျ... အဲ့ဒီ့ GPU ရဲ့ အစွမ်းကိုတော့ မသိဘူးဗျ ။

Better Connectivity
----------------------
Note 3 မှာ ပိုပြီ:ကောင်းတဲ့ Antenna ထည့်ပေးထားတယ်လို့ ထင်တယ်ဗျ ။ Connection ကသိသိသာသာကို ပိုကောင်းသွားတာ ။ Samsung phone ချင်းတူတူတောင် Note 3 က download speed 10 Mbs လောက်ပိုပြီ: ကောင်းနေတယ်ဗျ ။ ကျွန်နော် ယှဉ်ပြီ: စမ်းသပ်လိုက်တာ ကျွန်နော့သူငယ်ချင်းရဲ့ Galaxy S4 နဲ့ ပါ ။ သူလဲကျွန်နော် နဲ့ Singtel ကနေလိုင်းယူထားတာခြင်း အတူတူပါပဲ ။ SpeedTest နဲ့ စမ်းကြည့်တာ သူက 42.1 Mbs လောက်ပဲ ရတဲ့ အချိန်မှာ Note 3 ရဲ့ download speed က 50 Mbs ကျော်ကျော်လောက်ရတယ်ဗျ ။ အဲ့ဒီလိုမျိုး သုံးခါလောက် နေရာသုံးခုလောက်မှာ စမ်းလိုက်တာ... ကွာခြားချက်ကတော့ အမြဲတမ်း 10 Mbs လောက်ရှိတယ်ဗျ ။ လိုင်းစွဲအားပိုကောင်းတဲ့ Antenna ကိုသုံးထားတာဖြစ်နိုင်သလို Note 3 မှာပါတဲ့ Snapdragon 800 CPU ရဲ့ အစွမ်းကြောင့်လဲ ဖြစ်နိုင်တယ်ဗျ.. SnapDragron 800 ရဲ့ လုပ်နိုင်စွမ်းက Galaxy S4 မှာပါတဲ့ SnapDragon 600 ထက်ပိုပြီ Encoding ကောင်း တယ် ဆိုတော့ download speed ပိုပြီ:မြန်နေတာလဲ ဖြစ်နိုင်ပါတယ် ။

More Camera features

----------------------------
ဒီ Note 3 မှာပါတဲ့ 13 megapixel က Galaxy S4 မှာပါတဲ့ camera ကိုပဲ ဆက်သုံးထားတယ် လို့ ဆိုပါတယ် ။ ပုံထွက်အရည်အသွေးကတော့ Galaxy Note 3 မှာက screen ကြီးလို့လားမသိဘူး ပိုပြီ: ကြည့်ကောင်းသလိုပဲ ။ တကယ် ပိုကောင်းလာတာက camera features တွေပါ ။ သူ့မှာ ပတ်ဝဉ်းကျင် တစ်ခုလုံးကို 360 ဒီဂရီ လှည့်ပတ်ပြီ: ရိုက်ထားလို့ ရတဲ့ surround shot ဆိုတဲ့ features ပါပါတယ် ။ Panorama mode ထက် အများကြီးပိုပြီ: ကောင်းတဲ့ features ပါပဲ ။ ဒီလို features မျိုးကို nexus phone တွေမှာပဲ မြင်ဘူးပေမဲ့ ဒီ Note 3 မှာပါတဲ့ surround shot က nexus မှာပါတဲ့ 360 degree ရိုက်လို့ ရတဲ့ Photoshpere features ထက်သုံးရတာ ပိုပြီ:ချောမွေ့ပြီ:တော့ ပိုလွယ်ကူသလိုပါပဲ ။ ကျွန်နော် ပြောတဲ့ ၃၆၀ ဒီဂရီ ပုံ မျိုးကို ကြည့်ချင်ရင် ဒီ အောက်ကလင့် မှာသွားကြည့်လို့ရပါတယ် ။ https://plus.google.com/+HugoBarra/posts/bCtd4urVNX2 အဲ့ဒီ့ မှာ တင်ထာ:တဲ့ ပုံတစ်ပုံကို နှိပ်ပြီ: ဝင်ကြည့်လို့ရပါတယ် ။ ဒီ နည်းပညာဟာ နောက်ပိုင်း website တော်တော်များများမှာ photo တွေကို ပြပေးမဲ့ နည်းပညာဖြစ်နိုင်ပါတယ် ။ ခုတော့ Google + မှာ ရနေပြီ:တော့ နောက်ကြရင် facebook တို့ Twitter တို့မှာလဲ သုံးလာမယ်ထင်တယ်ဗျ ။ ကျန်တဲ့ features တွေကတော့ Galaxy S4 မှာလဲပါတဲ့ solo motion mood တို့ Drama mode တို့ Brust Mode တို့ ပါပဲ ။ အဲ့.... အသစ်အနေနဲ့ ပါတဲ့ features တစ်ခုကတော့ ကိုယ့်ကိုကိုယ် ဖုန်းနဲ့ ဓာတ်ပုံရိုက်တတ်တဲ့ ကောင်မလေးတွေ ကြိုက်မဲ့ features ပါပါ ။ ဘာလဲ ဆိုတော့ front camera နဲ့ ကိုယ့်ဘာသာကိုယ်ရိုက်ရင် beauty face mode နဲ့ ရိုက်မလားဆိုပြီ: features တစ်ခုအသစ်အနေနဲ့ ပါလာပါတယ် ။ အဲ့ဒီ့ Beauty face mode နဲ့ သုံးပြီ:ရိုက်ရင် မျက်နာက အစက်အပြောက်တွေ မရှိတော့ပဲ ချောချောမွေ့မွေ့လေးနဲ့ ဖြစ်သွားသဗျာ့ ။ အရင်တုံးက back camera အတွက်ပဲ အဲ့ဒီ့ features ကပါပေမဲ့ ခု front အတွက်ပါအဲ့ဒီ့ features ကပါလာပါပြီ ။ Note 3 LTE version က 4K vedio recording ကို ရတယ် ဆိုတာ စမ်းကြည့်တာ မဆိုးဘူးဗျ ။ vedio resolution ကတော်တော်လေးကို ကြည်ထွက်သွားတာ တွေ့ရတယ်ဗျာ့။ တစ်ခုတော့ ရှိတယ် vedio file size ကတော်တော်လေးတော့ကြီးသွားတယ်ဗျ ။

More Power Savar
--------------------------
Battery size ကတော့ Note 2ထက် နဲနဲလေးပဲ ပိုကြီးတယ်ဗျ ။ ကျန်တဲ့ ဖုန်းတွေထက် Note version phone တွေကိုကြိုက်ရတဲ့ အကြောင်းရင်းမှာလဲ ဒီ battery ကောင်းတဲ့ အချက်ကအဓီကပါပဲ ။ ကျွန်နော့် လို yotube ကြည့်လိုက် web browsing လုပ်လိုက်သုံးနေတဲ့ သူအတွက် battery ကအရေးကြီးတယ်ဗျ ။ Note 3 ကတော့ ကျွန်နော်သုံးဘူးသမျှထဲမှာ Nokia ခေါက်ဖုန်း လေးကလွဲရင် တော်တော်လေး battery ခံနိုင်ရည်ကောင်းတဲ့ ဖုန်းပဲဗျ ။ ပုံမှန်သုံးရင် ၁ ရက်ခွဲလောက်တော့ ခံတယ်ဗျ ။ အဲ .. Game သိပ်မကစားတာလဲ ပါတာပေါ့ ။ Youtube နဲ့ Web Browsing အတွက်ပဲ အဓိကသုံးတာ..... Game ကတော့ Fun Run လောက်ပဲ ပုံမှန် ဆော့ဖြစ်တာ ဆိုတော့ တစ်ရက်လောက်က ကောင်းကောင်းကြီးကို ခံသဗျာ့ ။ ကျွန်နော် သတိထားမိသလောတ် youtube HD video ၁၀မိနစ် စာလောက်ကြည့်တာ 1 % ပဲကုန်တယ်ဗျ ။ ဒါဆိုရင် မဆိုးဘူးလို့ ပြောလို့ ရတဲ့ အနေအထားပါပဲ ။

Software features
-----------------------
Note 3 မှာပါတဲ့ SNote App ကတော်တော် powerful ဖြစ်လာတယ် လို့ ဆိုရမှာပဲဗျို့ ။ သူ့ပေါ်မှာ ရေးမှတ်တာ တယ်ကယ့် စာရွက်ပေါ်မှာ ရေးသလိုပါခံစားရလောက်အောင် ကောင်းလာတယ်ဗျာ့ ။ note 2 လောက်ထိ ကနဲနဲ ထစ်နေသေးတယ် ။ ခုတော့ လုံးဝ Smooth ပဲဗျာ ။ ခုမှပဲ ကိုယ့်တစ်ကယ့် လက်ရေးထွက်လာတယ်ဗျို့ ။ အသစ်ပါလာတဲ့ Air Command features တွေကလဲ တော်တော် အသုံး ဝင်တယ်ဗျာ ။ နောက်တစ်ခု ကြိုက်မိတဲ့ features အသစ်ကလဲ My Magazine ပဲဗျို့ ။ ကျွန်နော်က သတင်းတွေ ဖတ်တာကြိုက်တဲ့ သူဆိုတော့ အရင်တုံးက Flipboard နဲ့ ဖက်တယ်ဗျ ။ ခု Note 3 မှာပါတဲ့ My Magazine ကလဲ Flipboard Team နဲ့ Samsung တွဲပြီ: develop လုပ်ထားတဲ့ application ပဲဆိုတော့ ကျွန်နော့် အတွက်ကတော့ စိတ်ကြိုက်ပဲဗျ ။ HTC ရဲ့ Blink Feed နဲ့ သဘောသွားတူပေမဲ့ Blink Feed လိုမျိုး Home screen မှာ page တစ်ခုသက်သက်ပေးထားစရာမလိုတဲ့ အချက်ကို ကြိုက်တယ်ဗျို့ ။ ဖတ်ချင်ရင် အောက်ကနေ ဆွဲတင်လိုက်တာနဲ့ My Magazine ကတတ်လာတာ ဆိုတော့ ကြိုက်တဲ့ Home Screen ကနေ လှန်းခေါလို့ရတဲ့ အချက်ကို ကြိုက်တယ်ဗျာ။

System Performance and Stability
----------------------------------------
Note 3 မှာ ဖုန်းတွေထဲမှာပထမဆုံးအနေနဲ့ Ram 3GB ပါဝင်လာပါတယ် ။ တော်တော်လေး ကောင်းတဲ့ အချက်ပါပဲ ။ Ram 3GB ဆိုပေမဲ့ taskmanager မှာ တကယ်တမ်း ပြတော့ 2.38 GB ပဲပြပါတယ် ။ System က default အနေနဲ့ 900 MB လောက်က run နေပါတယ် ။ ဒါပေမဲ့ ကျွန်နော် Multi Window ပဲသုံးသုံး HD Game တွေပဲ ဆော့ဆော့ 2GB မထက်မပိုပါဘူး ။ အဲ့ဒီ့ တော့ memory မလောက်တော့ လို့ ထစ်သွားတာတို့ ဟန်းသွားတာတို့ ဖြစ်တာတို့ လုံးဝ မကြုံရသေးပါဘူး ။ ။ အရင်တုံးက Software တွေက လန်းနေပြီ: Hardware မလိုက်နိုင်တဲ့ အတွက် hang တာတွေ lag ဖြစ်တာတွေ ဖြစ်တယ်လို့ထင်ရပါတယ် ။ Android ကိုယ်တိုင်ကလဲ Multi Task ကို full support ပေးထားတော့ android ဖုန်းတွေက Multi task ကိုလုပ်ရင်:နဲ့ memory ကနိုင်တော့ပဲနဲ ဟန်းတာတို့ lag ဖြစ်တာတို့ ဖြစ်သွားတယ်လို့ ထင်တယ်ဗျာ ။ ခု Note 3 ကတော့ Android ရဲ့ software features ကိုအပြည့်အဝလိုက်လုပ်နိုင်တဲ့ Hardware support ပါတဲ့ ပထမဆုံး ဖုန်းလို့ ထင်တာပဲဗျ ။ HD video Encode လုပ်တယ်.. ။္မMulti window သုံးတယ် လုံးဝ မထစ်ဘူး..... တော်တော်လေးကို လန်းတယ်ဗျာ ။

မကြိုက်တဲ့ အချက်များ

-----------------------
ကောင်းတာတွေကတော့ တော်တော်များပေမဲ့ အားလုံးကောင်းပါတယ်ဆိုတဲ့ ပြီ:ပြည့်စုံတဲ့ device လဲ မရှိသေးပါဘူး.... အားသာချက် အားနည်:ချက်တွေကတော့ device တိုင်းမှာရှိပါတယ် ။ Note 3 မှာ ကျွန်နော် မကြိုက်တဲ့ အားနည်းချက်တွေ ရှိပါတယ် ။ အဲ့ဒါတွေကတော့.....
1) Samsung ရဲ့ Touchwiz UI ပါပဲ ။ ဒါကတော့ နိုင်ငံတကာမှာ Samsung User တော်တော်များများက complaint တတ်နေတဲ့ အချက်ပါပဲ ။ သူ့ရဲ့ UI က သုံးရလွယ်တယ် ဆိုပေမဲ့ ရိုးရှင်းလွန်:ပြီ: ဆွဲဆောင်မှူ အားနည်:ပါတယ် ။ Note 3 မှာပါတဲ့ Home Screen Wallpaper ဆိုရင် လဲ အရင် Window XP ကိုတောင် သွားပြီ:သတိရမိပါတယ် ။ အဲ့ဒီ့ ထက်လှတဲ့ wallpaper တွေအများကြီးရှိတာကို ဘာလို့ ဒီ wallpaper အပြာရောင် ကြီးကိုသုံးလဲ နားကို မလည်ပါဘူး ။ Icon design တွေကလဲ တော်တော်လေးကို ရုပ်ဆိုးနေပါပြီ ။ ဒီထက် ကောင်းတဲ့ icon design တွေကို ထွင်သင့်နေပါပြီ ။ သူ့ထက်စာရင် Huawei phone တို့ Xinomi phone တို့မှာပါတဲ့ icon design ကတောင် ပိုလှနေသလိုပါပဲ ။ ကျွန်နော်ကတော့ ရှင်:ရှင်းပဲ.... Go Launcher ဖြစ်ဖြစ်Nova Launcher ဖြစ်ဖြစ် သုံးပြီ:တော့ ကိုယ့်ဖုန်းကို ကိုယ် စိတ်ကြိုက်ပြန်ပြီ: customize ပြန်လုပ်လိုက်တာပဲဗျ ။ အရင်တုန်းကတော့ အဲ့ဒီ့ Launcher တွေသုံးရင် memory စားတော့ သုံးရမှာ လက်တွန့်ခဲ့ပေမဲ့ ခုတော့ Note 3 မှာက Ram 3G ပါတယ်ဆိုတော့ ကြိုက်တဲ့ Launcher သုံးလို့ရသွားတယ်ဗျာ ။ ကျွန်နော် Note 3 မှာတော့ Go Launcher သုံးထာ:တယ် ။ Memory က defaut အနေနဲ့ 1.23 GB လောက်တော့ ပုံမှန် run နေတယ်ဗျ ။

2) နောက်တစ်ချက်ကတော့ Note 3 မှာပါတဲ့ Camera က Low Light Condition မှာ ရိုက်ရင် ပုံထွက်မကောင်းတာပဲဗျ ။ ကျွန်နော့် စိတ်ထင် Galaxy S4 ကတောင်သူ့ထက် Low Light mode မှာဆိုရင် ရုပ်ထွက်ပို ကောင်းနေသလိုပါပဲ ။ ကျွန်နော်ပဲ setting မှားနေသလားတော့ မသိဘူး ။ ညဘက် မှာ အလင်းရောင်သိပ်မရှိတဲ့ နေရာမှာ ရိုက်ရင် ပုံထွက်ကတော်တော်ဆိုးပါတယ် ။ အလင်းရောင် ရှိတဲ့ အချိန်မှာ ဆိုရင် တော့ Note 3 လောက် ဘယ်ဖုန်း camera ကိုမှ မကြိုက်ပေမဲ့ ညဘက် တို့ မလင်းတလင်းနေရာ မျိုးတွေမှာဆိုရင် တော့ Note 3 မှာပါတဲ့ Camera က တော်တော်အားနည်:ပါတယ် ။ နောက်လာမဲ့ Samsung Phone တွေမှာ ဒီ အချက်ကို ပြင်နေပြီလို့ တော့ Samsung ကကြေညာထားပါတယ် ။

3) နောက်တစ်ချက်ကS-Pen ရဲ့ design ပါပဲ ။ Note 3 မှာပါတဲ့ S-Pen က ပြားပြားရှည်ရှည် ပုံစံပေါက်ပါတယ် ။ ကျွန်နော်က Note 1 နဲ့ Note 2 မှာပါတဲ့ S-Pen ရဲ့ ဒီဇိုင်းကို ပိုကြိုက်ပါတယ် ။လက်ထဲမှာကိုင်ရတာ ပိုပြီ: အဆင်ပြေသလိုပါပဲ ။ တကယ့် ခဲတံကို ကိုင်ရသလို ခံစားရပါတယ် ။ ခု Note 3 မှာကြတော့ ဖုန်းရဲ့ body ကိုပြားလိုက်လို့လားမသိဘူး.. S-Pen လဲ နဲနဲလေးပြားသွားပါတယ် ... ။ ကိုင်ရတာ တစ်မျိုးကြီးဖြစ်နေပါတယ် ။

4) နောက်တစ်ချက်က Build quality မတူတဲ့ အချက်ပါ ။ အမည်:ရောင် Note 3 မှာပါတဲ့ Back cover က တကယ့် leather လိုမျိုးခံစားလို့ရပါတယ်... ကိုင်လိုက်ရင်လဲ လည်သာကို ကိုင်ရသလိုမျိုး အထိအတွေ့ကို ခံစားရပါတယ် ။ အဲ့ အဖြူရောင် Note 3 မှာပါတဲ့ back cover ကတော့ design ကပဲ လည်သာပုံစံမျိုး ဖြစ်ပါတယ် ။ ကိုင်ကြည့်လိုက်ရင် leather လိုမျိုးမခံစားရပါဘူး ။ ဘာကြောင့် အမည်းနဲ့ အဖြူရောင်က မတူတာလဲ မသိပါဘူး ။ ကျွန်နော်က တော့ အဖြူရောင် Note 3 ကိုဝယ်လိုက်မိပါတယ်..  ။

ကဲ ကျန်တဲ့ Note 3 user များရော ဘယ်လိုနေသလဲဗျို့... တစ်ခုတော့ ရှိတယ်... ကျွန်နော် ခုရေးလိုက်တဲ့ ဟာတွေက Note 3 LTE version ပေါ်ကို အခြေခံပြီ: ရေ:လိုက်တာပါ ။ 3G version ဝယ်ထားတဲ့ သူတွေကလဲ အတွေ့အကြုံလေးတွေကို ဝေမျှပါအုံးဗျ ...
(P.S ကျွန်နော်က ဒီ post မှာ Note 3 ကို Galaxy S4 နဲ့ပဲ တော်တော်များများ နှိုင်းပြထားပါတယ် ကျန်တဲ့ ဖုန်းတွေနဲ့ဆိုရင် ရန်များတဲ့ အတွက်ပါ Samsung User တွေအချင်းချင်:ကတော့ အေးဆေးပါပဲ လို့ ထင်ပါတယ်...  )

ref: Sai Thet (MMUG)

Tuesday, May 6, 2014

Hand on Review

Aung Ko Htet (MM IT Knowledge)


HTC Desire 310 နှင့် တစ်ပတ်တာ

Desire 310 ဆိုတာ HTC က ထုတ်လုပ်လိုက်တဲ့ တန်ဖိုးနည်းဖုန်းတစ်လုံး ဆိုတာ မိုဘိုင်းဖုန်းတွေကို စိတ်ဝင်စားသူတိုင်း သိထားကြမယ်လို့ ထင်ပါ တယ်။ သူ့ရဲ့ ဈေးနှုန်းက ၁၅၅,၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။ ဒီဈေးနှုန်းက ဒီခေတ်မှာ လူတိုင်းနီးပါး တတ်နိုင်တဲ့အခြေအနေပါ။ ဒါပေမယ့်ဈေးကွက် ထဲမှာ တစ်သိန်းခွဲဝန်းကျင်ရှိတဲ့ စမတ်ဖုန်းတွေက အများသားလေ။ ဒီတော့ ဘယ်ဖုန်းကိုရွေးချယ်ရမလဲဆိုတာ အခက်တွေ့ တော့တာပေါ့။ Desire 310 ကို စမ်းသပ်ဖြစ်ခဲ့သမျှတော့ Desire 310 ဟာ ပေးချေလိုက်ရတဲ့
ငွေကြေးထက် ထိုက်တန်တဲ့ စွမ်းဆောင်ရည် တွေ ပေးနိုင်တဲ့ စမတ်ဖုန်း ဆိုတာ အဖြေထွက်လာပါတယ်။ Desire 310 ကိုတစ်ပတ်ကြာအောင်
လေ့လာစမ်းစစ်ခဲ့သမျှကို Techspace ပရိသတ်ကြီးဆီ ဝေမျှပေးလိုက် ပါတယ်။


 
 
အကြိုက်ဆုံးက BlinkFeed

ဒီလိုတန်ဖိုးနည်း ဖုန်းတစ်လုံးမှာ HTC ရဲ့ နာမည်ကျော် BlinkFeed Feature ကို ပေးသုံးထားတာကိုက Desire 310 ကို ဝယ်ရတာတန်နေပါပြီ။ Home Screen ဘယ်ဘက်ထောင့်ကနေ Touch ဆွဲလိုက်ရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ BlinkFeed ကို မြင်တွေ့ရပါပြီ။ BlinkFeed မှာ ဘယ်လို သတင်းမျိုးတွေ
ဖော်ပြမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်။ BlinkFeed မျက်နှာပြင် ထိပ်ဆုံးမှာ နေ့နဲ့ညကို ခွဲခြားဖော်ပြပေးမယ့် ရုပ်ပုံပါရှိပါတယ်။
နောက်ပြီးဖုန်းအသုံးပြုသူရဲ့ တည်နေရာနဲ့ အခန်းအပူချိန်တွေ ကိုလည်း ဖော်ပြပေးပါတယ်။ တော်တော်လေး အသုံးတည့်တဲ့ Feature လေးပါပဲ။


ဆွဲဆောင်မှုရှိတဲ့ မြန်မာဖောင့်

သူ့မှာ မြန်မာဖောင့်က Built-in ပါပြီးသားပါ။ စံမြန်မာဖောင့်ကို သုံးထားတာ
ဖြစ်ပါတယ်။ ဖောင့်ပုံစံကိုက မြင်တွေ့နေကျ ပုံစံမဟုတ်ဘဲ ဆွဲဆောင်မှု ရှိနေပါတယ်။ စာရိုက်တဲ့အခါ Message Suggestion တွေ အများကြီး ပါလာပါတယ်။ စကားစုတစ်စုကို ရိုက်မယ်ဆိုရင် အစအဆုံး ရိုက်နေစရာမလိုဘဲ Suggestion ထဲမှာ ရွေးချယ်နိုင်ပါတယ်။ ဥပမာ “အိမ်” ဆိုတဲ့စကားလုံးကို ရိုက်မယ်ဆိုရင် “အ” ရိုက်လိုက်တာနဲ့ ရွေးချယ်စရာ Suggestion တွေပေါ်လာပြီး အဲဒီမှာ ကိုယ်လိုချင်တဲ့ စကားလုံးကို
ရွေးချယ်နိုင်ပါတယ်။ မြန်မာဖောင့် Built-in ပါပြီးသားဆိုတော့ Setting တွေကအစ မြန်မာလို မြင်ရမှာပါ။ မြန်မာလိုမသုံးတတ်ဘူးဆိုရင် Setting ထဲက “ဘာသာစကားနှင့် ထည့်သွင်းမှု” ဆိုတဲ့နေရာမှာ English ကိုရွေးချယ်ကာ ပြောင်းလဲနိုင်ပါတယ်။


ကင်မရာကလည်း အထင်ကြီးစရာ

Desire 310 မှာ ပါတဲ့ နောက်ကင်မရာက 5MP ပါ။ ရုပ်ထွက်က သိပ်မဆိုးပါဘူး။ အဲဒီကင်မရာက HDR စနစ်သုံးပြီး ရိုက်ကူးနိုင်တဲ့ အပြင် မြင်ကွင်းကျယ် Panorama စနစ်၊ ရှုထောင့်ပေါင်းစုံ ရိုက်ကူးကြည့်ရှုနိုင် မယ့် Multi Angle View စနစ်၊ လှပတဲ့ရှုခင်းတွေကို အာရုံခံ ရိုက်ကူးပေးမယ့် Auto Sence Detection Mode ၊ ပြုံးနေချိန်မှာ အလိုအလျောက်ဓာတ်ပုံရိုက်ကူးမယ့် Smile Shot Mode ၊ Camera 360 သုံးပြီး ဓာတ်ပုံရိုက်ထားသလို ရုပ်ထွက်မယ့် Face Beauty Mode တွေ ပါဝင်တာကို တွေ့ရပါတယ်။ Zoom 4x အထိ ဆွဲယူရိုက်ကူးနိုင်တာကို
တွေ့ရပါတယ်။ ရိုက်ပြီးသားဓာတ်ပုံကို အလင်းအမှောင်၊ အဖြတ်အတောက်
ပြုပြင်နိုင်တဲ့အပြင် Photoshop မှာလို ပြုပြင်ခဲ့တဲ့ History ကိုလည်း
ပြန်ခေါ်နိုင်ပါတယ်။ ဒါ့ကြောင့် မူရင်းဓာတ်ပုံ ပျက်ဆီးမှုမရှိအောင် စိတ်ချလက်ချပြုပြင်နိုင်ခြင်းက အားသာချက်တစ်ခုပါ။ ရှေ့ဘက်မှာ VGA ကင်မရာကိုသာ တပ်ဆင်ထားတယ်ဆိုပေမယ့် အခြား VGA ကင်မရာတွေ ထက် ရုပ်ထွက်ကောင်းပြီး ရှင်းရှင်းလင်းလင်း ပိုမြင်ရပါတယ်။



မြန်ဆန်တဲ့ စွမ်းဆောင်ရည်

Quad-core Processor ကြောင့်လို့ ထင်ပါတယ်။ Touch သုံးရတာရော၊ ဂိမ်းဆော့ရတာရော၊ အင်တာနက်သုံးတာရောမှာပါ သွက်လက်နေ ပါတယ်။ ဂိမ်းဆိုရင်လည်း 3D ဂိမ်းလောက်အထိကို နိုင်နိုင်နင်းနင်းဆော့ကစားနိုင်တာ တွေ့ရပါတယ်။

အားသာချက်

၎.၅ လက်မမျက်နှာပြင်က အင်တာနက်သုံးရာမှာ သက်တောင့်သက်သာ ကြည့်ရှုနိုင်စေတဲ့ အရွယ်အစားမျိုးပါ။ ဖုန်းရဲ့မျက်နှာပြင် အပေါ်ဘက်မှာ တပ်ထားတဲ့ စပီကာက ဖုန်းပြောတဲ့အခါ တစ်ဖက်က ပြောတဲ့စကားသံကို ကျယ်ကျယ်လောင်လောင်နဲ့ ကြည်ကြည်လင်လင် ကြားရစေပါတယ်။

အားနည်းချက်

သူ့ရဲ့အဓိကအားနည်းချက်ကတော့ ညအမှောင်မှာ ဓာတ်ပုံရိုက်နိုင်ဖို့ LED Flash မပါဝင်ခြင်းပါပဲ။ နောက်ပြီး မျက်နှာပြင်မှာ 480 x 854 pixels Resolution လောက်ပဲ ထည့်ထားတာဆိုတော့ ဓာတ်ပုံတွေကို Zoom ဆွဲကြည့်ရင် Resolution အားနည်းတာ သိသာပါတယ်။ စပီကာအသံထွက်ကလည်း မဆိုးဘူးဆိုပေမယ့် နည်းနည်းဆူဆူညံညံ ဖြစ်နေပါတယ်။

---------------------------------------------
May Thazin (TSJ Team)
 

Tuesday, April 29, 2014

Lenovo Thinkpad 10



Aung Ko Htet (MM IT Knowledge)
 
Tablet တွေထဲမှာ ThinkPad ဆိုရင် Lenovo ၊ Lenovo ဆိုရင် ThinkPad တန်းမြင်သလိုပဲ ၊ Lenovo ဆိုတာ Yoga Tablet ၊ ThinkPad စီးရီးတွေနဲ့ ကျော်ကြားတဲ့ Brand တစ်ခုလို့ ပြောလို့ရပါတယ်။
ယခု သြစတြီးရီးယားမှာ အွန်လိုင်း စတိုးတွေကအစ ရောင်းရနေတဲ့ Lenovo ThinkPad 10 ရဲ့ သတင်း ပါ။ ThinkPad 10 ဆိုတဲ့ အတိုင်း (10) လက်မအရွှယ်အစားရှိတဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားကာ မကြာသေးခင်ကပဲ သြစတြီးရီးယားမှာ တရားဝင်ထုတ်ပြန်ကာ စတင်ရောင်းချနေတဲ့ Lenovo ThinkPad 10 ဖြစ်ပါတယ်။

ပေါ့ပါးလှတဲ့ ထို ThinkPad 10 ဟာ 1.6GHz quad-core Atom processor နဲ့ တိုးမြင့်နိင်တဲ့ RAM 4GB ကိုပိုင်ဆိုင်ထားပါတယ်။ 1,920 x 1,200 Resolution ရရှိမှာ ဖြစ်ပြီး 128 GB အထိ တိုးမြင့်နိင်ပါတယ်။ ကင်မရာအနေနဲ့ 8 -megapixel အနောက် ကင်မရာနဲ့ 2 -megapixel အရှေ့ ကင်မရာကို ပိုင်ဆိုင်ထားပါတယ်။

ဒါကြောင့် အရင်မော်ဒယ်လ် စီးရီးတွေနဲ့ ကွဲပြားကာ ပိုမိုကောင်းမွန်ပြီး စွမ်းဆောင်ရည်တွေ ပြည့်ဝ လာတာကိုတွေ့ရပါတယ်။

credit>>> Aung Heine ...

Tuesday, April 1, 2014

Samsung ၏ Galaxy S5 ဖုန်းတွင် နည်းပညာ သစ်များနှင့် Function အသစ်များ ထပ်မံ တိုးမြှင့်ထားဟုဆို



Aung Ko Htet (MM IT Knowledge)


မတ်လ ၂၈ ရက်တွင် Samsung မှ ၎င်းတို့၏ ထုတ်ကုန်အသစ် တစ်ခုဖြစ်သော Samsung Galaxy S5 ဖုန်းအား မိတ်ဆက်ပြသခဲ့ပြီး ယင်းမိတ်ဆက်ပွဲ၌ Galaxy S5 တွင် အသစ်ထည့်သွင်း ပေါင်းစပ် ထားသော နည်းပညာအသစ်များ၊ ဖုန်းတွင်းအသုံးပြု Function အသစ်များအား ပြသခဲ့ပြီး အဆိုပါဖုန်းတွင် နည်းပညာအသစ်များနှင့် ဖုန်းတွင်းအသုံးပြု Function စနစ်အသစ်များအား ထပ်မံတိုးမြှင့်ထားကြောင်း ပြောပြခဲ့သည်။



Samsung မှအသစ်ထွက်လာသည့် Galaxy S5 အား အသုံးပြုသူများအတွက် စနစ် ၅ ခုဖြင့် ဦးတည်ချက်ထားကာ ပြုလုပ်ပေးထားကြောင်း ရှင်းလင်းပြောပြခဲ့သည်။ အဆိုပါ စနစ်များမှာ ဖုန်းအသုံးပြုသူများအတွက် စတိုင်လ်ကျ သေသပ်လှပစေရန်အတွက် ဖုန်း၏ဖွဲ့စည်းမှု ပုံစံဒီဇိုင်းပိုင်း Style, အသုံးပြုသူများအတွက် ပျော်ရွှင်မှုရစေရန်အတွက် FUN စနစ်၊ S5 အသုံးပြုသူများရဲ့ ကျန်းမာရေးအတွက် Fit စနစ်၊ အင်တာနက် အသုံးပြုခြင်းများအတွက် မြန်နှုန်း Speed နှင့် အသုံးပြုသူများ၏ ဒေတာအချက်အလက်များ လုံခြုံရေးစနစ်၊ ဖုန်းကိုထိခိုက်ခြင်းများအား ကာကွယ်ပေးနိုင်ခြင်း Life အစရှိသည့် အချက် ၅ ချက်ဖြင့် ဖြည့်ဆည်းပြုလုပ် ပေးထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။



Galaxy S5 တွင်နည်းပညာ အသစ်များအနေဖြင့် ကင်မရာစနစ် ပိုင်းတွင် အလင်းအမှောင်များအား အလိုအလျောက်ချိန်ညှိကာ ရိုက်ကူးပေးနိုင်မည့် HDR စနစ်၊ မိမိလိုချင်သော ဝတ္ထုတစ်ခုအား Focus ဖြတ်ထားကာ ကျန်သည့်နောက်ခံ Background များအား Blur လုပ်ကာဝါးထားနိုင်မည့် Selective Focus စနစ်၊ အမြန်ဆုံး Focus စနစ်တစ်ခုဖြစ်သော 0.3 စက္ကန့်မြန်နှုန်းမြင့် Auto Focus စနစ် အစရှိသော ကင်မရာနည်းပညာ အသစ်များထပ်မံ ဖြည့်စွက်ထားကြောင်း သိရသည်။



ထို့ပြင်အင်တာနက် အသုံးပြုသူများအတွက် စိတ်ကျေနပ်စေမည့် မြန်နှုန်းမြင့် နည်းပညာသစ် WiFi စနစ်ဖြစ်သည့် Latest 5th Generation WiFi (MIMO) စနစ်ထည့်သွင်း ပေးထားခြင်းကြောင့် လက်ရှိအသုံးပြုလျက်ရှိသော Wi-Fi မြန်နှုန်းများထက် S5 တွင် Speed၂ဆ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။



S5 အသုံးပြုသူများအတွက် ပြုလုပ်ပေးထားသော အချက် ၅ ချက်အနက်မှ တစ်ခုဖြစ်သည့် Life စနစ်အတွက်လည်း လုံခြုံရေးစနစ်တစ်ခုဖြစ်သည့် Fingerprint စနစ်ကိုလည်း S5 တွင်စတင်ထည့်သွင်းပြု လုပ်ထားကြောင်း သိရသည်။ အဆိုပါ Fingerprint စနစ်ဖြင့် Customer များ၏ဒေတာအချက် အလက်များအား လုံခြုံစွာသိမ်းထား နိုင်မည်ဖြစ်သည့်အပြင် Fingerprint စနစ်ဖြင့် တွဲဖက်အသုံးပြုနိုင်မည့် Private Mode စနစ်များလည်း တိုးမြှင့်ပါဝင်လာမည် ဖြစ်သည်။ Private Mode စနစ်တွင် မိမိ၏ဒေတာ အချက်အလက်များအား သိမ်းဆည်းထားကာ Fingerprint စနစ်ဖြင့် Lock လုပ် သိမ်းဆည်းထားနိုင်မည်ဖြစ်ပြီး ကလေးသူငယ်များအတွက် အလွယ်တကူနှင့် လုံခြုံစွာအသုံးပြုနိုင်မည့် Kid Mode စနစ်ကိုလည်း Private Mode စနစ်များနှင့်အတူ တွဲဖက်ထည့်သွင်း ပေးထားကြောင်း ရှင်းလင်းပြောပြခဲ့သည်။



Customer များ၏ကျန်းမာရေးအတွက် Galaxy S4 တွင်စတင် မိတ်ဆက်ခဲ့သော S  HEALTH စနစ်ကိုလည်း S5 တွင်ပိုမို အဆင့်မြှင့်တင် ပေးထားပြီးနည်း ပညာအသစ်အနေဖြင့် Heart Rate Sensor စနစ်အားထည့်သွင်း ပေးထားကြောင်း သိရသည်။ အဆိုပါ Heart Rate Sensor စနစ်အား Back Camera ၏အောက်ဘက်တွင် ထည့်သွင်းပေးထားပြီး ယင်း Sensor ပေါ်တွင်အသုံးပြုသူ၏ လက်ချောင်းအား ၁၀ စက္ကန့်ခန့် တင်ထားလိုက်ရုံဖြင့် နှလုံးခုန်နှုန်းအား တွက်ချက်ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။ ယင်း S HEALTH စနစ်တွင် နေ့စဉ်ကျန်းမာရေး မှတ်တမ်းများကိုလည်း မှတ်သားထားနိုင်မည် ဖြစ်ပြီးနေ့စဉ်အလိုက် ပြန်လည်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်သည်။ ဘက်ထရီစနစ်အတွက်လည်း Power Saving Mode စနစ်အားအဆင့်မြှင့်တင် ပေးထားပြီးပုံမှန် ပါဝင်နေကျ Power Saving Mode စနစ်မျိုးမဟုတ်ဘဲ Ultra Power Saving Mode သို့အဆင့်တိုးမြှင့် ပေးထားကြောင်း ပြောပြခဲ့သည်။ S5 တွင်ယင်းကဲ့သို့ စနစ်အသစ်များ၊ နည်းပညာသစ်များအပြင် နောက်ထပ်စနစ် တစ်ခုကတော့ ရေစိုခံခြင်းစနစ်ကိုလည်း ထပ်မံဖြည့်စွက်ပေးထားကြောင်း သိရသည်။ ရေစိုခံခြင်းအဆင့်တွင် IP67 Certificate ရရှိထားပြီး ရေစိုခံခြင်းအဆင့်တွင် ရေအောက်တစ်မီတာ (၃ပေ) ခန့်အနက်မှာ နာရီဝက်လောက်ထိ ရေစိမ်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။



Galaxy S5 ဖုန်းများအား ပရီအော်ဒါများဖြင့် စတင်ရောင်းချ ပေးသွားမည်ဖြစ်ပြီး ပရီအော်ဒါများအား ဧပြီ ၁ ရက်မှ ၉ ရက်ထိစတင် လက်ခံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ပရီအော်ဒါ မှာယူသူများ အနေဖြင့် ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်မည့် Galaxy S5 Music Festival တွက်လက်မှတ်များ ရရှိနိုင်မည်ဖြစ်ပြီး အော်ဒါမှာယူထားသူများအနေဖြင့် ကျပ် ၁ သိန်းအားစရံအဖြစ် ပေးထားရမည်ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ကျပ် ၆၄၅,၀၀၀ ဝန်းကျင်ဖြင့် သတ်မှတ်ထားပြီး ပရီအော်ဒါမှာ ယူထားသူများအား ဧပြီ ၂၁ ရက်နေ့တွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ စတင်ရောင်းချချိန်တွင် ပရီအော်ဒါသမားများအား ဦးစားပေးကာ ရောင်းချပေးသွားမည်ဖြစ်ပြီး သီးသန့်ဝယ်ယူလို သူများအား အဆိုပါရက်များ နောက်ပိုင်းမှသာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ref: Internet Journal

Monday, March 31, 2014

HP Chromebook 11 Reviews




Aung Ko Htet (MM IT Knowledge)


ချောမွေ့တောက်ပြောင်သော Chrome OS laptop တစ်လုံးဖြစ်ပါတယ် ။သို့သော် ကြီးမားသော အားနည်းချက်တစ်ခုရှိပါတယ်။
----------------------------------------------------------------------------

Chromebooks တွေက ဈေးနှုန်းသက်သာပြီး Google ရဲ့ ပင်မ Chrome OS နဲ့ run ပါတယ်။ သို့သော် များသောအားဖြင့်လာကြတာက ဆက်မထုတ်တော့တဲ့ ဝင်းဒိုးစ် netbooks များမှ recycle ပြန်လုပ်ပြီးဒီဇိုင်းထုတ်ထားတဲ့ ပျင်းရိ ငြိးငွေ့ဖွယ် ဒီဇိုင်းနဲ့ ဖြစ်ကြပါတယ်။ HP ရဲ့ Chromebook 11 ကတော့ အဲဒိလိုမျိုးမဟုတ်ပါဘူး။ ဆန်းသစ်သော ဒီဇိုင်းပုံစံနဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အဓိကကျတဲ့ အစိတ်ပိုင်းဖြစ်တဲ့ ပြောင်လက်တောက်ပနေတဲ့ အဖြူရောင်ပလပ်စတစ် သားနဲ့ပြုလုပ်ထားပြီး Screen မျက်နှာပြင်ပတ်ပတ်လည်မှာ အနက်ရောင်ဘောင် ကွပ်ထားကာ ကီးဘုတ်ရဲ့ အစွန်းဘက်များကို အပြာရောင်လိုင်းအစင်းများနဲ့ ပုံဖော်ထားပါတယ်။

ဒီ laptop က ဆွဲဆောင်မှုရှိပြီး မျက်စိအာရုံကိုဖမ်းစားနိုင်ပါတယ်။ လက်တွေ့အားဖြင့် ထိတွေ့ကိုင်တွယ်သုံးစွဲနိုင်တဲ့ အချက်တွေလည်းရှိပါတယ်။ အောက်မှာရှိတဲ့ အပြာရောင်ရော်ဘာ အပြားက laptop ကို စားပွဲခုံပေါ်မှာ တင်ပြီးသုံးတဲ့အခါ ချောကျစေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြင်ဖူးတဲ့ အခြားသော laptops များနဲ့မတူညီတာကတော့ Chromebook 11 ကို USB ကနေအားသွင်းနိုင်တာပဲဖြစ်ပါတယ်။ သို့သော်လည်း ပါဝါစားသုံးမှု မြင့်မားသောကြောင့် စမတ်ဖုန်း အားသွင်းစက်တွေနဲ့ အားသွင်းရင်တော့ နှေးကွေးမှာပဲဖြစ်ပါတယ်။ တစ်ပါတည်းပါရှိလာတဲ့ charger နဲ့ဆိုရင်တော့ ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ သို့သော် USB ကနေ အားသွင်းနိုင်တဲ့ စွမ်းဆောင်ရည်ကတော့ အရေးပေါ်အခြေအနေတွေမှာ အားသွင်းတဲ့အခါမှာတော့ များစွာအသုံးတည့်ပါတယ်။

Chromebook11 ကို USB ကနေအားသွင်းနိုင်တာက အခြားသော Chromebooks တွေလိုမျိုး Intel porcessor သုံးစွဲထားခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ယင်းအစား 1.7GHz dual-core Samsung Exynos 5250 ကိုသုံးထားပါတယ်။ ယင်း processor က အချို့သော Samsung Galaxy စမတ်ဖုန်းများမှာ အသုံးပြုပါတယ်။အဆိုပါ processor က Chrome OS ကို run ဖို့ လုံလောက်တဲ့စွမ်းအားရှိပါတယ်။သို့သော်လည်း ကျွန်တော်တို့ သတိပြုမိတာကတော့ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ ခေတ္တယာယီရပ်ဆိုင်းတာမျိုးတွေလည်းတွေ့ရပါတယ်။ရှုပ်ထွေးသော ဝက်ဘက်စာမျက်နှာများကို ကြည့်ရှုရမှာ အနည်းငယ် ဆန့်ငင်ဆန့်ငင်ဖြစ်တာ ၊ ရှုပ်ထွေးလှတဲ့ apps တွေဖြစ်တဲ့ Photoshop Express လိုမျိုး apps တွေသုံးတဲ့အခါ နှေးကွေးသွားတာ (ဒီပြဿနာကတော့ Intel-based Chromebooks တွေမှာမတွေ့ရပါဘူး) တွေကြုံရပါတယ်။





အရေးတကြီးသတိရဖို့ရှိတာက Chrome OS က ဝင်းဒိုးစ်နဲ့ အလွန် ကွဲပြားခြားနားတယ်ဆိုတာပါပဲ။ အခြေခံ file explore နဲ့ video player တွေကလွဲပြီး ပရိုဂရမ် အားလုံးဟာ Chrome web browser မှာ အလုပ်လုပ်ပါတယ်။ ထို့ကြောင့် သင့်အနေနဲ့ သမားရိုးကျ Windows ပရိုဂရမ်တွေကို သုံးစွဲနိုင်မှာမဟုတ်ဘဲ ဝက်ဘ်ဆာဗာတွေမှာ run မယ့် web apps တွေပဲ သုံးနိုင်ပါလိမ့်မယ်။ များစွာသော web apps တွေက သူတို့နဲ့ အလားတူ ဝင်းဒိုးစ် ပရိုဂရမ်တွေလို feature တွေအများကြီးမပါဝင်ပေမယ့် နေ့စဉ်သုံးလုပ်ငန်းစဉ်တွေအတွက်ကတော့ ကောင်းစွာလုံလောက်မှုရှိပါတယ်။သို့သော်လည်းများစွာသော web apps တွေက အင်တာနက် ချိတ်ဆက်မှုမရှိဘဲ အလုပ်မလုပ်ပါဘူး။ Chrome OS မှာ setting အနည်းငယ်သာပါဝင်ပါတယ်။ ဒါ့ကြောင့် ပြုပြင်ထိန်းသိမ်းမှုအနည်းငယ်သာလိုအပ်ပါတယ်။ ထို့ပြင် Antivirus ဆော့ဖ်ဝဲတွေလည်းမလိုအပ်ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ Google ရဲ့ ဆာဗာပေါ်မှာ run နေသောကြောင့်ဖြစ်ပါတယ်။

Default အနေနဲ့ သင့်ဖိုင်တွေအားလုံးဟာ Google Drive အွန်လိုင်းသိုလှောင်မှုစနစ်ပေါ်မှာ သိမ်းဆည်းမှာဖြစ်ပါတယ်။ သင့်အနေနဲ့ နှစ်နှစ်တာ ကာလမှာ15GB အပြင် 100GB ကို အခမဲ့သိုလှောင်သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ သက်တမ်းပြည့်သွားရင်တော့ 100GB ဆက်ယူချင်တယ်ဆိုရင် တစ်လကို $ 5 ကျသင့်မှာဖြစ်ပါတယ်။

စိတ်ပျက်ဖို့ကောင်းတာကတော့ Chromebook11 က အချိန်တိုအတွင်း ဘက်ထရီကုန်သွားတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ 802.11n router နဲ့ ချိတ်ဆက်ပြီး အရိုးရှင်းဆုံးသော Google Docs လိုမျိုး apps တွေကို သုံးစွဲတဲ့အခါ ဘက်ထရီက ငါးနာရီအောက်ပဲခံတာကိုတွေ့ရပါတယ်။သူ့ရဲ့ ပြိုင်ဖက် Acer Chromebook C720 နဲ့နှိုင်းယှဉ်ရမယ်ဆိုရင်တော့ C720 က ဘက်ထရီ နှစ်ဆ ခန့်ကြာရှည်ခံကာ ကိုးနာရီ ၁၆ မိနစ် တာရှည်ခံတာကိုတွေ့ရပါတယ်။

HP ရဲ့ Chromebook က ချိတ်ဆက်မှုပိုင်းနဲ့ပတ်သက်ပြီးလည်း အနည်းငယ်သာပါတာကိုတွေ့ရပါတယ်။ USB2 ports နှစ်ခုသာပါဝင်တာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့် ဆိုရရင်တော့ USB3 သို့မဟုတ် SD card reader တွေမပါဝင်ပါဘူး။ ဒါတွေချန်လှပ်ထားခဲ့ရတာက အရေးကြီးတဲ့အချက်ကို ထားခဲ့သလိုပါဘဲ။ဘာ့ကြောင့်လဲဆိုတော့ 16GB SSD တပ်ဆင်ထားတာက ပိုမိုမြန်ဆန်တဲ့ နှုန်းနဲ့ data တွေကို ကူးပြောင်းဖို့အတွက် USB 3 speed အမြန်နှုန်းလိုအပ်တယ်ဆိုတဲ့သဘောဖြစ်ပြီး ယခုအခါမှာ USB SD card reader တွေကလည်း ဈေးပေါလာပြီဖြစ်လို့ပါပဲ(£4 နဲ့ www.snipca.com/11428 မှာဝယ်ယူနိုင်ပါတယ်)။ အားသွင်းဖို့ အတွက် micro USB ကလည်း မော်နီတာာ၊ TV သို့မဟုတ် Projector တွေနဲ့ချိတ်ဖို့ adapter တစ်ခုနဲ့သုံးနိုင်ပါတယ်( HDMI adapter က £22 နဲ့ www.snipca.com/11429 မှာရနိုင်ပါတယ်)။

Chromebook 11 က Acer ရဲ့မော်ဒယ်ထက် အချို့သောအရာတွေမှာသာလွန်ပါတယ်။ မျက်နှာပြင်က 11.6 လက်မနဲ့ resoultion က 1366 x 768 pixel မှာ C720 နဲ့ တူညီသောလည်း ပိုမိုပြီး တောက်ပတဲ့အတွက် ကြည့်ရှုရတာပို အဆင်ပြေပါတယ်။ ကီးဘုတ်ကလည်းပိုမိုကောင်းမွန်ပါတယ်။ ခလုတ်တွေက ရွေ့လျားရိုက်ခတ်ရတာနဲ့ တုန့်ပြန်မှုအားကောင်းတဲ့အတွက် စာရိုက်ရတာမြန်ဆန်ပြီး တိကျက သက်သောင့်သက်သာရှိပါတယ်။

HP ရဲ့ Chromebook 11 က ကျွန်တော်တို့တွေ့ရှိတဲ့ Chrome OS သုံး Laptop တွေထဲမှာ အကောင်းဆုံးထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ သွင်ပြင်၊ တောက်ပတဲ့မျက်နှာပြင် နဲ့ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်တွေက ကျေးဇူးတင်စရာပါပဲ။ သို့သော် ဘက်ထရီရဲ့ ကြာရှည်ခံနိုင်မှုကတော့ စိတ်ပျက်စရာပါ။ ဒါက ခင်ဗျားအတွက် အရေးပါတဲ့အချက်ဖြစ်နေတယ်ဆိုရင်တော့ Acer Chromebook C720 ကိုရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ်ဘူးဆိုရင်တော့ Chromebook 11 က ကျွန်တော်တို့ရဲ့ အကြိုက်အနှစ်သက်ဆုံးလို့ဆိုရမှာပါ။
သုံးသပ်ချက်
သူ့ရဲ့ တိုတောင်းလှတဲ့ ဘက်ထရီသက်တမ်းကို ချန်လှပ်ထားရင်တော့ တကယ့် ကိုကောင်းမွန်တဲ့ Chromebook တစ်ခုပါပဲ။

အလားတူ


Acer Chromebook C720


£200
တာရှည်ခံ ဘက်ထရီနဲ့ Chromebook တစ်ခုဖြစ်ပြီး ports တွေပိုမိုပါဝင်ပါတယ်။ သို့သော် မျက်နှာပြင်နဲ့ ကီးဘုတ်တွေကတော့ ပျမ်းမျှ အဆင့်သာရှိပါတယ်။


ref: Nyein Chan (TSJ Tech Team)

Sunday, March 9, 2014

BAGAN KEYBOARD နှင့်ပါတ်သက်၍ ဒါတွေသိထားပြီးပြီလား





Aung Ko Htet (MM IT Knowledge)


ဒါလေးကိုဘာလို့ပြန်ရေးပေးရသလည်းဆိုတော့BAGAN KEYBOARD ကို သုံးနေပီးတော့
အသုံးပြု့နည်းကို လိုက်ရှာမေးနေရမှာစိုးလို့ POST တခု့အဖြစ်ပြန်ရေးပေးလိုက်တာပါခင်ဗျာ 

BAGAN KEYBOARD  CRACK တော့ ဒီထဲမှာ လုံးဝ မပါ ပါဘူးခင်ဗျာ



မကြာခဏ CRASH ဖြစ်လျှင်
OPTION ( 1 ) SETTING >> CUSTOMIZE >> TYPING SYSTEM >>
SUGGESTION >> SPECIAL DICTIONARIES  မှ AUTO DICTIONARY တွင်
 IMMEDIATELY AFTER I TYPE IT မှလွဲ၍ အခြား တခုခုဖြင့်စမ်းသုံးကြည့်ပါ။
မရသေးလျှင် OPTION ( 2 ) USER DICTIONARY မှ USER DICTIONARY ကို
အမှန်ခြစ်ဖြုတ်ပေးပါ။
မရသေးလျှင် OPTION ( 3 ) SETTING >> CUSTOMIZE >>TYPIING SYSTEM >>
SUGGESTION  မှ SHOW SUGGESTION ကို ဖြုတ်ပေးပါ။

စာရိုက်ရာတွင် တုတ်ချောင်းများပေါ်နေလျှင် ( | )
SETTING မှ FACEBOOK FIX ကို အမှန်ခြစ် ဖြုတ်ပေးပါ

ရိုက်လိုက်သောစာများနေရာမမှန်လျှင်
ဥပမာ။  ။နေကာင်း ၊ပပင်မ်း စသည်ဖြင့် ပေါ်နေလျှင် JELLY BEAN FIX ကို အမှန်ခြစ်ပေးပါ

အချို့စာလုံးများကို ရှာမတွေ့ဟု ယူဆလျှင်
သက်ဆိုင်ရာ ကီးပေါ်တွင် ခဏ ဖိထားကြည့်လိုက်ပါ

BAGAN KEYBOARD အသုံးပြု့ပုံ အခြေခံ ကို မသိသေးလျှင်
SETTING မှ GUIDE တွင်  ကျေးဇူးပြု့၍ ဖတ်ပေးပါ












Credit to Bagan keyboard developer


Ref: winkabarkyaw

Sunday, March 2, 2014

Viber မှ ဖြေရှင်းပေးလိုက်သော Viber ပြဿနာရပ်များ


Post By Aung Ko Htet ( MM IT Knowledge)


 မြန်မာနိုင်ငံရဲ့ Viber အသုံးပြုသူတွေမှာ ဖြစ်ပေါ်လျှက်ရှိတဲ့ အခက်အခဲလေးတွေနဲ့ပတ် သက်ပြီး Viber ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ Viber Support Team အဖွဲ့ဝင် Kira B မှ မေးမြန်းသမျှ အခက်အခဲတွေ ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့ကြောင့် Techspace ပရိသတ်ကြီး အတွက် ဗဟုသုတရစေခြင်း အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

ှQ - Computer မှာ Viber Version ဘယ်လိုမြှင့်ရပါသလဲ။
A - Desktop အတွက် Viber Update က အလိုအလျောက်ရောက်လာပါလိမ့်မယ်။ Update ရောက်လာပြီဆိုရင် Update Notification မြင်တွေ့ရမှာဖြစ်ပြီး Update ကို Download လုပ်မလား၊ မလုပ်ဘူးလားဆိုတာ မေးမြန်းပါလိမ့်မယ်။

ှQ - Viber ကနေ MP3 သီချင်းတွေ ပို့လို့ရလား။ Video တော့ရပြီး MP3 ကိုမတွေ့လို့ပါ။
A - ယခုအချိန်မှာ MP3 ဖိုင်တွေ ပို့လို့မရသေးပါဘူး။

Q - Viber ဖွင့်ချင်လို့ Code တောင်းရတာ အရမ်းခက်ပါတယ်။ ရက်တွေ အများကြီး စောင့်ရပါတယ်။ အဲဒါဘာ့ကြောင့်များလဲ။
A - Viber ကို Install လုပ်ပြီးလို့ Activation code တောင်းရတာ အဆင်မပြေဘူးဆိုရင်

(၁) Viber မှာထည့်သွင်းလိုက်တဲ့ Country Code မှန်မမှန်၊ ဖုန်းနံပါတ် မှန်မမှန် တစ်ခေါက်ပြန်စစ်ဆေးပါ။
(၂) မှန်ကန်တယ်ဆိုရင် စက္ကန့် (၆၀) အတွင်း Activation code ရောက်လာပါလိမ့်မယ်။
(၃) Viber Message ထဲဝင်ပြီး Code ရောက်မရောက် စစ်ဆေးပါ။
(၄) တကယ်လို့များ မရောက်လာသေးဘူးဆိုရင် အင်တာနက် ကွန်နက်ရှင်ကောင်းမကောင်း ပြန်လည် စစ်ဆေးပါ။
(၅) Wi-Fi ချိတ်သုံးတယ်ဆိုရင် Wi-Fi ကို အသေအချာ ပြန်ဖွင့်ပြီး Activation code ရောက်မရောက် ပြန်စစ်ပါ။
(၆) 3G/4G ဖုန်း Network တွေသုံးတယ်ဆိုရင် 3G/4G ဖွင့်ပြီး ပြန်စစ်ကြည့်ပါ။
(၇) နောက်ဆုံး ဖုန်းကို Restart ချပြီး ပြန်သုံးကြည့်ပါ။

Q - Viber မှာ Skype လို ရုပ်/သံ ၂ မျိုး ကြိုက်နှစ်သက်ရာနဲ့ ပြောလို့ရရင်
ကောင်းမှာပဲနော်။
A - Video call အတွက် စမ်းသပ်နေဆဲပါ။ အနာဂါတ်မှာ Video call တွေ
ခေါ်ဆိုနိုင်ပါလိမ့်မယ်။

Q - Viber မှာ မလိုအပ်တဲ့ ဖုန်းနံပါတ်တွေကို Block လို့ရပါသလား။
A - Android ရဲ့ Viber ဗားရှင်း 4.2 မှာ Block List ပါလာပါပြီ။
http://bit.ly/18GjFwk မှာသွားပြီး Download ရယူနိုင်ပါတယ်။ iPhone နဲ့ Windows Phone 8 ဖုန်းတွေမှာ block feature ကိုသုံးနိုင်ဖို့ စမ်းသပ်ဆဲဖြစ် ပါတယ်။ ဖုန်းနံပါတ်တစ်ခုကို Block လိုက်မယ်ဆိုရင် ဘယ်နည်းနဲ့မှ Viber မှာ လာမဆက်သွယ်နိုင်တော့ပါဘူး။ သူ့ရဲ့ဖုန်းခေါ်ဆိုမှုတွေ၊ Message
တွေကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ Contact နံပါတ်တစ်ခုကို Block ဖို့အတွက် အောက်ကအချက်အနည်းငယ်ကို လိုက်လုပ်ဖို့ လိုပါတယ်။

(၁) ကိုယ်မသိတဲ့ ဖုန်းနံပါတ်တစ်ခုက ကိုယ့်ကို Message ပို့လာလို့ Block ချင်တယ်ဆိုရင် Message Box ရဲ့အပေါ်ဘက်မှာ ရွေးချယ်စရာ Option နှစ်ခုရှိပါတယ်။ အဲဒီဖုန်းနံပါတ်ကို Contact list ထဲထည့်မှာလား၊ Block လိုက်မှာလားဆိုတာ ရွေးချယ်နိုင်ပါတယ်။

(၂) Group ထဲက User တစ်ယောက်ယောက်ကို Block ချင်တဲ့အခါ ပထမဆုံး Group ထဲဝင်လိုက်ပါ။ ဖုန်း Screen ကို ဘယ်ဘက်ကို လက်နဲ့ရွှေ့လိုက်ပြီး Contact ကိုရွေးချယ်ပါ။ Device Menu ကိုသွားပါ။ ပြီးရင် Block ဆိုတာကို ရွေးပေးလိုက်ပါ။ တစ်ခုရှိတာက Group မှာသူ့ကို Block လိုက်ပေမယ့် သင့်ရဲ့လုပ်ဆောင်ချက်တွေကိုတော့ သူမြင်တွေ့ရဦးမှာပါ။ သင်လည်း သူ့ရဲ့ Group အတွင်း လုပ်ဆောင်ချက် တွေကို မြင်တွေ့ရဦးမှာပါ။ ဘာ့ကြောင့်လဲဆိုတော့ Block feature ကို တစ်ယောက်ချင်း ဆက်သွယ်ချိတ်ဆက်မှုတွေ အတွက်ပဲ အသုံးချနိုင် သေးတာကြောင့်ပါ။

(၃) သင့် Contact နံပါတ်တွေထဲမှာ ရှိတဲ့သူတစ်ယောက်ကို Block လိုတယ်ဆိုရင် ဖုန်းရဲ့ Screen ကို ဘယ်ဘက်သို့ရွှေ့လိုက်ပြီး Device Menu ကိုသွားပါ။ ပြီးရင် Block ကိုရွေးချယ်ပေးလိုက်ပါ။ နောက်တစ်နည်းက Viber Settings > Privacy > Block List > Block number ကိုသွားပြီး Block ရင်လည်း ရပါတယ်။

Q - ဒါဆိုရင် Block လုပ်ထားတဲ့ Contact ကို Unblock ပြန်လုပ်လို့ရလား။
A - ရပါတယ်။ ပထမဆုံး More Options Menu ကိုသွားပါ။ ပြီးရင် Settings > Privacy > Block List ထဲကိုဝင်ပြီး Unblock ပြန်လုပ်ချင်တဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပါ။ နောက်ဆုံး Unblock လုပ်နိုင်ပါပြီ။

Q - ကိုယ် Block လိုက်တာကို သူတို့တွေ သိနိုင်သလား။
A - မသိနိုင်ပါဘူး။ သူတို့ကို Block လိုက်ပေမယ့် Viber က သူတို့တွေဆီကို ဘယ် Message မှ မပို့ပါဘူး။ သူတို့တွေက သင့်ဆီကို ပုံမှန်အတိုင်း Message တွေ ပို့ပါလိမ့်မယ်။ ဒါပေမယ့် သင်ဆီကိုတော့ ရောက်လာမှာ မဟုတ်ပါဘူး။

Q - ဒါဆိုရင် ကိုယ့်ကို Block လိုက်တယ်ဆိုတာကိုရော သိနိုင်လား။
A - Viber ရဲ့ User Privacy အရ ဘယ်သူတွေက ကိုယ့်ကို Block လုပ်လား၊ မလုပ်လားဆိုတာ သိခွင့်မပေးထားပါဘူး။

Q - Viber Message တွေကို Back up လုပ်လို့ရပါသလား။
A - Message History တွေကို Back up လုပ်မယ်ဆိုရင် Viber ကိုအရင်ဆုံးဖွင့်လိုက်ပါ။ More options ထဲသွားပြီး Settings ထဲက Email message history ဆိုတာကို နှိပ်လိုက်တာနဲ့ Backup file ကို Create လုပ်ပါလိမ့်မယ်။ အဲဒီမှာ Email ထဲပေးပို့လိုတဲ့ Application ကို ရွေးချယ်ပေးရပါမယ်။

Q - Viber Out ခေါ်ဆိုဖို့အတွက် Credit Card ကိုအဆင်ပြေပြေ ဝယ်လို့ရချင်ပါတယ်။
A - Viber Out အတွက် Credit Card ဝယ်ချင်တယ်ဆိုရင် http://bit.ly/HKZzVc မှာသွားပြီး အကောင့်အသစ်တစ်ခုဖွင့်ပြီး Register လုပ်ရမှာပါ။ Visa, MasterCard, American Express တွေနဲ့ ဝယ်လို့ရပါတယ်။ လက်ရှိမှာတော့ PayPal နဲ့ အကောင့်နဲ့ ငွေပေးချေခြင်းကို ခေတ္တရပ်နားထားပါတယ်။ မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပြန်လည်အသုံးပြုနိုင်တော့မှာပါ။

-------------------------------------------------

Credit>>> May Thazin (TSJ Team)

Friday, February 28, 2014

Samsung Galaxy S5 Specs


Post By Aung Ko Htet (MM IT Knowledge)

Samsung Galaxy S5 Specs အတွက် specification တွေဖြစ်ပါတယ်။ 


 - Network : LTE Cat.4 (150/50Mbps)
- Display: 5.1” FHD Super AMOLED (1920 x 1080)
- AP: 2.5GHz Quad core application processor
- OS: Android 4.4.2 (Kitkat)
- Camera: 16MP (rear), 2.1MP (front)
- Video: UHD@30fps, HDR, video stabilization
- Video Codec : H.263, H.264(AVC), MPEG4, VC-1, Sorenson - Spark, MP43, WMV7, WMV8, VP8
- Video Format: MP4, M4V, 3GP, 3G2, WMV, ASF, AVI, FLV, MKV, WEBM
- Audio Codec : MP3, AMR-NB/WB, AAC/ AAC+/ eAAC+, WMA, Vorbis, FLA
- Audio Format: MP3, M4A, 3GA, AAC, OGG, OGA, WAV, WMA, AMR, AWB, FLAC, MID, MIDI, XMF, MXMF, IMY, RTTTL, RTX, OTA
- Camera: HDR (Rich tone), Selective Focus, Virtual Tour Shot, Shot&More
- IP67 Dust and water Resistant
- Ultra Power Saving Mode
- Download Booster
- S Health 3.0
- Quick Connect
- Private Mode
- Kids Mode
- Google Mobile Services: Chrome, Drive, Photos, Gmail, Google, Google+, Google Settings, Hangouts, Maps, Play Books, Play Games, Play Newsstand, Play Movie & TV, Play Music, Play Store, Voice Search, YouTube
- Connectivity: WiFi: 802.11 a/b/g/n/ac HT80, MIMO(2×2)
Bluetooth®: 4.0 BLE / ANT+
- USB: USB 3.0
- NFC
- IR Remote
- Sensor: Accelerometer, gyro, proximity, compass, barometer, Hall, RGB ambient light, Gesture(IR), Finger Scanner, Heart rate sensor
- RAM: 2GB
- Internal Memory: 16/32GB , microSD slot upto 64GB
- Dimension: 142.0 x 72.5 x 8.1mm, 145g
- Battery: 2800mAh, Standby time: 390 hrs / Talk time: 21 hrs