Powered by Blog - Widget
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Thursday, May 8, 2014

မီးပျက်နေစဉ်အတွင်း အလင်းရောင်ရအောင် ပြုလုပ်နည်းများ




Aung Ko Htet (MM IT Knowledge)


ရန်ကုန်တွင် မိုးရွာပြီးနောက် လျှပ်စစ်မီးပျက်တောက်မှုများဖြစ်ပေါ်နေပါတယ်။ အဲ့ဒါကြောင့် မီးပျက်နေစဉ်အတွင်းမှာ အလင်းရောင် ချက်ချင်းရစေ မဲ့ လုပ်ဆောင် ချက် နည်းလမ်းလေးတွေကို တင်ပေးလိုက်ပါတယ်။

မီးပျက်စဉ်အတွင် မီးအလင်းရောင်ချက်ချင်းရအောင်လုပ်ဆောင် ရမည့်နည်း လမ်းများမှာ...

၁။ ဆေးလိပ်သောက်တတ်သူများဆိုလျှင် မီးခြစ်မှ မီးကိုခြစ်ပြီး ဖယောင်းတိုင်သို့မဟုတ် ဓါတ်မီးကို လိုက်ရှာပါ။  (ရေရှည်မီးအလင်းရောင်ရအောင် ခဏတာ မီးခြစ်ကို အားကိုးတဲ့သဘောပါ)

၂။ ဖယောင်းတိုင် သို့မဟုတ် ဓါတ်မီးကို တွေ့လျှင် ရေရှည် မီးလင်းရောင်ရစေဖို့အတွက် အင်ဗာတာ (သို့) မီးစက်များကို မောင်းပါ။ (အင်ဗာတာ အားမရှိခြင်း၊ မီးစက် ဓါတ်ဆီ မရှိခြင်းများနဲ့ ကြုံလျှင် ဖယောင်းတိုင်သာ မီးထွန်းထားပါ။ )

အထက်ဖော်ပြပါအချက်များကို လိုက်နာပါက မီးပျက်နေစဉ်အတွင်း မီးအလင်းကို ချက်ချင်းရရှိစေမှာ ဖြစ်ပါတယ်။  :P :P :P :P

Aung Ko Htet (Myanmar IT Knowledge [ဟာသ] )

Wednesday, May 7, 2014

တရုတ်ပြည်ရှိက်ာဖီနှင့် ကိတ်မုန့်ဆိုင်ကြေငြာ



Aung Ko Htet (MM IT Knowledge)

ယောက်ျားလေးချစ်သူတစ်ယောက်ရအောင်ဘယ်လိုလုပ်ရမလဲ
--------------------------------------------------------------

၁. ကျွန်တော်တို့ ဆိုင်ကိုလာခဲ့ပါ။ ကိတ်မုန့်တစ်လုံးဝယ်လိုက်ပါ။

၂. မင်းကြိုက်နေတဲ့လူကောင်လေးကို ကိတ်မုန့်ကိုကျွေးပြီးပြောလိုက်ပါ။ " တကယ်လို့ ကိတ်မုန့်က အရသာရှိတယ်ဆိုရင် ငါတို့နှစ်ယောက်အတူတူနေရအောင်လို့ပြောလိုက်ပါ။ "

၃. ငါတို့ဆိုင်က ကိတ်မုန့်တွေက အရမ်းအရသာရှိတယ်။ အဲ့ဒါကြောင့် မင်းရည်ရွယ်ထားတဲ့ကောင်လေးက မင်းကိုပြန်ကြိုက်လာလိမ့်မယ်။ "

မှတ်ချက်။ ။ တကယ်လို့ မင်းရည်ရွယ်ထားတဲ့ကောင်လေးက မင်းကို ပြန်မကြိုက်ဘူးဆိုရင် ငါတို့ဆီကိုပြန်လာခဲ့ပါ။ မင်းအတွက် ကော်ဖီပူပူတစ်ခွက်ငါတို့ အလကားပေးမယ်။ အဲ့ဒီကော်ဖီခွက်ထဲက ကော်ဖီပူပူတွေကို မင်းကြိုက်နေတဲ့ ကောင်လေးရဲ့ မျက်နှာကို ပစ်ပေါက်လိုက်ပါ။

Aung Ko Htet

Wednesday, April 9, 2014

ကျွန်တော့် မိန်းမ အလုပ်မလုပ်ပါ



Aung Ko Htet (MM IT Knowledge)


Mr. Bandy နှင့် အသက် အရွယ်ကြီးပြီ ဖြစ်သော ဦးလေးကြီးတို့
စကားပြော နေကြတယ်။

ဦးလေးကြီး ။ ။ Mr. Bandy က ဘာအလုပ်လုပ်သလဲ။
Mr. Bandy ။ ။ ဘဏ်မှာ Accountant လုပ်ပါတယ်။

ဦးလေးကြီး ။ ။ အမျိုးသမီးကရော။
Mr. Bandy ။ ။ သူ အလုပ်မလုပ်ပါဘူး ။ အိမ်အလုပ် တစ်ခုတည်းပဲ
လုပ်ပါတယ်။

ဦးလေးကြီး ။ ။ မင်းတို့မိသားစု အတွက် နံနက်စာကို ဘယ်သူ
လုပ်ပေးသလဲ။
Mr. Bandy ။ ။ ကျွန်တော့် ဇနီး အလုပ်မလုပ်တဲ့ အတွက်
သူ လုပ်ပေးပါတယ်။

ဦးလေးကြီး ။ ။ နံနက်စာကို ပြင်ဆင်ဖို့ မင်းဇနီး ဘယ်အချိန်
အိပ်ယာထ သလဲ။
Mr. Bandy ။ ။ နံနက်စာ မပြင်ဆင်မီ အိမ်သန့်ရှင်းရေး လုပ်ဖို့
အတွက် သူမ ၅ နာရီ ထပါတယ်။

ဦးလေးကြီး ။ ။ မင်းရဲ့ ကလေးတွေကို ဘယ်လိုကျောင်း သွားသလဲ။
Mr. Bandy ။ ။ သူမ အလုပ်မလုပ်တဲ့ အတွက် ကလေးတွေကို
ကျောင်းလိုက်ပို့ ပါတယ်။

ဦးလေးကြီး ။ ။ ကလေးတွေကို ကျောင်းပို့ပြီးတော့ သူမ ဘာတွေ
လုပ်သလဲ။
Mr. Bandy ။ ။ ဈေးသွားတယ်။ ပြန်လာတော့ ထမင်းချက်တယ်
အဝတ်လျှော်တယ်။

ဦးလေးကြီး ။ ။ ညနေမှာ မင်းရုံက ပြန်လာတော့ ဘာတွေ
လုပ်ပေးသလဲ။
Mr. Bandy ။ ။ ကျွန်တော် တစ်နေကုန် အကုန်လုပ်
ရသောကြောင့် ကျွန်တော့်ကို အနားယူခိုင်းတယ်။

ဦးလေးကြီး ။ ။ နောက်ထပ် ဘာတွေလုပ် ပေးသေးလဲ။
Mr. Bandy ။ ။ ညစာ အတွက် ပြင်ဆင်တယ်။ ကလေးတွေကို
စာပြပေးတယ်။ စားပြီးသောက်ပြီး ပန်းကန်တွေကို ဆေးကြောပါတယ်။
အိမ်သန့်ရှင်းရေး လုပ်တယ်။ ထို့နောက် အိပ်ယာဝင်ပါတယ်။

အထက်ဖော်ပြပါ စာတွေမှ Mr. Bandy အမျိုးသမီး၏ အလုပ်တွေကို
စဉ်စားကြည့်ပါ။ မနက်အစောကြီး ကတည်းက ညမိုးချုပ်အထိအောင်
တစ်နေလုံး အလုပ်လုပ်ရတယ်။ အဲဒါကို "အလုပ်မလုပ်ဘူး" လို့ ခေါ်တယ်။

ဟုတ်ကဲ့ မှန်ပါတယ်။ ဇနီးကောင်း တစ်ယောက် အတွက် ပညာအရည်
အချင်းတွေ၊ ဘွဲ့လက်မှတ်တွေ၊ အဆင့်အတန်းဟာ အရေးမကြီးပါဘူး။
ဒါကြောင့် အလုပ်မလုပ်တဲ့ သင့်ဇနီးဟာ သူမ၏ ဘဝကို အိမ်တွင်းမှာပဲ
မြှပ်နှံခဲ့တယ်။ သင့်အတွက် အနစ်နာ ခံခဲ့ရတယ်။ အိမ်ထောင်စု တစ်ခုမှ
ပိုက်ဆံ ရှာနိုင်မှသာ အလုပ်လုပ်တာ မဟုတ်ပါဘူး။

ref: ကျော်လင်းနိုင် (ရိုးရာလေး)
 

Tuesday, March 11, 2014

မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။



Aung Ko Htet (MM IT Knowledge)

သူဌေး : “ဘာ… ခွင့်တစ်ရက်ယူချင်တယ် ဟုတ်လား?
တစ်နှစ်မှာ(၃၆၅)ရက် အလုပ်လုပ်လို့ရတယ်။
တစ်နှစ်မှာ(၅၂)ပတ်ရှိတဲ့အထဲ တစ်ပတ်မှာ(၂)ရက် မင်းအနားရတော့ (၂၆၁)ရက်ပဲ မင်းအလုပ်ချိန်ကျန်တယ်။
တစ်ရက်မှာ (၁၆)နာရီ မင်းအလုပ်မလုပ်ဘူး။ တစ်ရက်(၁၆)နာရီနဲ့ တစ်နှစ်မှာ ရက်(၁၇ဝ)နုတ်တော့ မင်းအလုပ်ချိန်က (၉၁)ရက်ပဲကျန်တယ်။
တစ်ရက်ကို မိနစ်(၃ဝ) မင်း…ကော်ဖီသောက်တယ်။ ဒီလိုနဲ့ တစ်နှစ်မှာ(၂၃)ရက်ရှိတော့ အလုပ်လုပ်ချိန်က (၆၈)ရက်ပဲကျန်တယ်။
တစ်ရက်မှာ(၁)နာရီ မင်းထမင်းစားတယ်။ ဒါနဲ့(၄၆)ရက်နုတ်လိုက်တော့ မင်းအလုပ်ချိန်က (၂၂)ရက်ပဲကျန်တယ်။
တစ်နှစ်မှာ (၂)ရက်လောက် မင်း ဆေးခွင့်ယူသေးတယ်။ ဒီလိုဆိုတော့ မင်းအလုပ်ချိန်က (၂ဝ)ရက်ပဲကျန်တယ်။
တစ်နှစ်မှာ အထိမ်းအမှတ်ပွဲ၊ ရုံးပိတ်ရက်တွေက (၅)ရက်လောက်ရှိတယ်။ ဒါနဲ့ အလုပ်ချိန်က (၁၅)ရက်ပဲကျန်တယ်။

ကုမ္ပဏီက တစ်နှစ်မှာခွင့်(၁၄)ရက် သတ်မှတ်ပေးထားတယ်။
နောက်ဆုံးတော့ မင်းအလုပ်ချိန်က (၁)ရက်ပဲကျန်တယ်။
ဒါနဲ့များ မင်းက ခွင့်တစ်ရက်ယူချင်သေးတယ်။ ဟုတ်လား?

Credit>>> လက်တွဲဖော်ချစ်သူ

Sunday, March 9, 2014

မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရခြင်းအတွက်ဂုဏ်ယူလိုက်စမ်းပါ..ရွှေမြန်မာ



Aung Ko Htet (MM IT Knowledge)

၁) စွန့်ဦးတီထွင်သူ အက်ဒီဆင်ကို အမှတ်ရသည့်အနေဖြင့် တစ်နေ့လျှင်(၄) နာရီကြာမျှ လျှပ်စစ်မီးငြိမ်းပြီး ယနေ့ထက်တိုင် ဂုဏ်ပြုရခြင်း ( နွေရာသီရောက်မှပါ... )

၂) ကမ္ဘာပေါ်တွင် Romantic အဆန်ဆုံးသော (ဖယောင်းတိုင်ထွန်းညစာစားပွဲ) CandleLight Dinner ကိုမြန်မာနိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခြင်း

၃) Tape ကပ်ပြီးအသုံးပြုသောပိုက်ဆံများကိုနူးညံ့ရိုသေစွာကိုင်တွယ်ခြင်းကိုကြည့်ခြင်းအားဖြင့်
မြန်မာလူမျိုးတို့၏ အကြင်နာတရားကြီးပုံကိုသိနိုင်ခြင်း

၎) ပညာရေးကိုအားပေးသော မိဘများ ၊ မေးခွန်းအား...ပေးသောဆရာများအား ချစ်ခင်ရခြင်း

၅) မိမိပိုင်ဆိုင်ရယူထားသောဘွဲ့နှင့်ကိုက်ညီသော အလုပ်အကိုင်များမှာ ပြည်ပနိုင်ငံများတွင်သာရှိနေတတ်ခြင်း

၆) ပြည်တွင်းအလုပ်အကိုင်များအတွက် ဘွဲ့လက်မှတ်များတစ်ပိသာခန့်အပြင် အလှတရား အနည်းငယ်ပေါင်းစပ်ထားရန် လိုအပ်ခြင်း

၇) ပလာဇာများတွင်ဈေးဝယ်ထွက်ခြင်းဖြင့် သင်အိမ်တွင်မေ့ကျန်ခဲ့နိုင်သော ပစ္စည်းများကို အ၀င်ဝတွင် စစ်ဆေးနိုင်ခြင်း

၈) ခြောက်လုံးပြူးကိုင်အကြမ်းဖက်သမားများကို လိုင်းကားပေါ်တွင်သာ တွေ့မြင်နိုင်ခြင်း

၉) ဆက်သွယ်မှုဧရိယာပြင်ပ၊ ဖုန်းပိတ်ထား၊ မအားသေးပါရှင်..ဆိုသော Operator ၏ ချစ်စဖွယ်စကားသံလေးကို နံပါတ်တစ်ခုထဲမှ (၃) မျိုး (၃) ခါ ကြားနိုင်ခြင်း

၁၀) အခက်အခဲရှိသော မည်သည့်အမျိုးသမီးကိုမဆို အကူညီပေးတတ်သော အမျိုးကောင်းသားများမွေးဖွားရာဒေသဖြစ်ခြင်း

၁၁) ကမ္ဘာ့ရုပ်အဆိုးဆုံး အဆိုတော်များ၊ အကောင်းဆုံးဒါရိုက်တာများ မွေးဖွားရာဒေသလည်း ဖြစ်ခြင်း

၁၂) အဆင့်မြင်ကင်မရာများ တပ်ဆင်ထားသည့် ဟိုတယ်များတွင် တည်းခိုနိုင်ခြင်း

၁၃) အမျိုးသားထုတစ်ရပ်လုံးအတွက် အားထားစရာ ၊ အားကိုးစရာ ဘိုးတော်များ ၊ဗေဒင်ဟောခန်းများနှင့် နတ်ကနားများရှိနေခြင်း

၁၄) မြန်မာပြည်ဖွား ကိုရွှေစပယ်ယာများမှာ မာရာဒိုနာကဲ့သို့ ရွှေလက်ပိုင်ရှင်များ ဖြစ်နေခြင်း

၁၅) အရာရာကို အရှူံးပေးတတ် ပြီး သည်းခံတတ်သော ဗီဇကို ဘိုးဘွားများထံမှ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့ရခြင်း

၁၆) လိုင်စင်မဲ့ကား ၊ လိုင်စင်မဲ့ဆိုင်ကယ် ၊ လိုင်စင်မဲ့လောင်းကစား ၊ လိုင်စင်မဲ့ အချစ်များအတွက် လိုင်စင်မဲ့ပြုလုပ်နိုင်ခြင်း

၁၇) မြန်မာအမျိုးသားဘောလုံးသင်း၏ ဂုဏ်သတင်းမွှေးပျမှုကြောင့် ၊ နိုင်ငံခြားသားများပင် လာရောက် ကစားလိုကြခြင်း

မေးလ် မှ တဆင့် ပြန်လည်မျှဝေထားတာ ကြိုတင်စတေးရှောင်တတ်ခြင်း...


Ref:  ဟာသလွင်ပြင်


https://www.facebook.com/groups/shweaeimsijoker/