Powered by Blog - Widget
Showing posts with label International News. Show all posts
Showing posts with label International News. Show all posts

Saturday, April 4, 2015

အမေရိကန်နိုင်ငံတွင် လကြတ်ခြင်းကို မြင်တွေ့ရမည် (4.4.2015 at Western half of North America)


ယနေ့ စနေနေ့ April လ 4 ရက်နေ့တွင် လကြတ်ခြင်းကို အမေရိကန်နိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ဒေသတို့မှာ မြင်တွေ့ရနိုင်တယ်လို့ NASA အဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ယခု လကြတ်ခြင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လဟာ မနက် ၃နာရီ ၁၆ မိနစ် အချိန်ခန့်မှာ ကမ္ဘာပေါ်ကို အရိပ်ကျရောက်ပြီး ၄နာရီ ၅၈ မိနစ် အချိန်ခန့်တွင် တစ်ဖြည်းဖြည်းဖြင့် လိမ္မော်နှင့် အနီရောင် ရောစပ်ထားသည့် အရောင်အဖြစ်သို့ပြောင်းလဲ သွားမည်ဖြစ်သည်။

Ref: Dykonw

Written By Aung Ko Htet




Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, March 20, 2015

ကမ္ဘာပေါ်တွင် Selfie အရိုက်အများဆုံး မြို့များ


လူ အယောက် တစ်သောင်းမှာ Selfie ရိုက်တဲ့လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတယ် တိုင်းတာမှု တစ်ခု ဖြစ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ ကတော့ တစ်သောင်းမှာ ၄ ယောက် ဝန်းကျင် ရှိပါတယ်။ Time မှာ ဖော်ပြထားတဲ့ အချက် ဖြစ်ပြီး ထိပ်တန်း ၁၀ မြို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
1) Makati City and Pasig, Philippines
258 selfie-takers per 100,000 people

2) Manhattan, N.Y.
202 selfie-takers per 100,000 people
3) Miami, Fla.
155 selfie-takers per 100,000 people
4) Anaheim and Santa Ana, Calif.
147 selfie-takers per 100,000 people
5) Petaling Jaya, Malaysia
141 selfie-takers per 100,000 people
6) Tel Aviv, Israel
139 selfie-takers per 100,000 people
7) Manchester, England
114 selfie-takers per 100,000 people
8) Milan, Italy
108 selfie-takers per 100,000 people
9) Cebu City, Philippines
99 selfie-takers per 100,000 people
10) George Town, Malaysia
95 selfie-takers per 100,000 people

Ref: Time

Credit >>> အောင်ခမ်း (www.innewsmyanmar.com)


Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, November 7, 2014

မလေးရှားနိုင်ငံ Kuala Lumpur (KL) တွင် တာဝန်ထမ်းဆောင်ရန် Programmer & IT Professional (Permanent Position) များ ခေါ်ယူနေပါသည်။


Aung Ko Htet (MM IT Knowledge)

စိတ်ပါဝင်စားသူများ 17 November, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
---------------------------------------------------------------------------------------------
Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။
1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage
2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects
3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter
4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development
5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php
6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage
7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage
8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage
9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis
10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix

- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။
- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။
- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။
- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။

ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@mnoservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။


To download Blank CV form and Sample CV form
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z…

2. CV to be completed download link: https://www.dropbox.com/s/804t…/CV%20to%20be%20completed.7z…

ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com

Friday, October 24, 2014

Ubuntu 14.10 ထွက်လာပါပြီ။



Aung Ko Htet (MM IT Knowledge)

Ubuntu 14.10 ထွက်လာပါပြီ။

Download လုပ်လိုသူများ အောက်က Link ကနေ သွားရောက် Download လုပ်နိုင်ပါတယ်။

Download Here


Thursday, September 18, 2014

Google က မောင်းသူမဲ့ Drone ယာဉ်ပျံများဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်သော နည်းပညာကို စမ်းသပ်ရန် စီစဉ်


Aung Ko Htet (MM IT Knowledge)
 
Google က အင်တာနက် ထုတ်လွှင့်ပေးနိုင်သော Drone မောင်းသူမဲ့ ယာဉ်ပျံများကို စမ်းသပ်ရန် အမျိုးသား ဆက်သွယ်ရေး ကော်မရှင်ထံတွင် ခွင့်ပြုချက်တောင်းခံနေပါသည်။

Google သည် မြင့်မားသော လေထုထဲတွင် ကြာရှည်စွာ ပျံသန်းနိုင်သော နေရောင်ခြည်စွမ်း အင်သုံး မောင်းသူမဲ့ Drone ယာဉ်ပျံများကို တီထွင်သည့် Titan Aerospace ကို မကြာမီက ၀ယ်ယူခဲ့ပါသည်။ အဆိုပါ ယာဉ်ပျံများဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်ရုံသာမက ရေနံယိုဖိတ်မှုများနှင့် သစ်တောများကို တရားမ၀င် ခုတ်ယူခြင်းများကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှုများကို စောင့်ကြည့်နိုင်ပါသည်။

Google က Titan Aerospace ကို ဧပြီလတွင် ၀ယ်ယူခဲ့ပြီး Project Loon နှင့် ပူးပေါင်း လုပ်ကိုင်ရန် ဖြစ်ပါသည်။ Project Loon သည် အင်တာနက် မရရှိသော နိုင်ငံများတွင် မိုးပျံပူဖေါင်းများဖြင့် အင်တာနက် ထုတ်လွှင့်ပေးရန် တီထွင်နေသည့် စီမံကိန်း ဖြစ်ပါသည်။ Google သည် နိမ့်ပါးသော ကမ္ဘာပတ်လမ်းကြောင်းတွင် Satellite များဖြင့် အင်တာနက် ထုတ်လွှင့်ပေးရန်လည်း စီစဉ်နေပါသည်။ Titan ၏ Drone များသည် နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး ငါးနှစ်ကြာ မရပ်မနား ပျံသန်းနိုင်ပါသည်။

Google က အောက်တိုဘာလ ၆ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၈၀ ကြာ Drone များစမ်းသပ်ခွင့်ကို တောင်းဆိုထားပါသည်။ New Mexico ရှိ Santa Fe တောင်ပိုင်းနှင့် Albuquerque အရှေ့ပိုင်းတွင် စမ်းသပ်ရန် စီစဉ်ထားပါသည်။ 


Google က Drone ယာဉ်ပျံ အသေးလေးများဖြင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးသော နည်းပညာကိုလည်း စမ်းသပ်နေသည်ဟု မကြာမီက သတင်းရရှိထားပါသည်။


Myanmar Digital Life Journal

ZTE က ဈေးနှုန်း သက်သာသော အရွယ်ကြီး စမတ်ဖုန်း ZMax ကို ကြေညာ


Aung Ko Htet (MM IT Knowledge)


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ZTE က အမေရိကန်တွင် ZMax ဟု အမည်ပေးထားသော Android Phablet ကို T-Mobile မှ ရောင်းချမည်ဟု ကြေညာလိုက်ပါသည်။ ၅.၇ လက်မအရွယ် ဈေးသက်သာသော စမတ်ဖုန်း ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၂၅၂ ဖြစ်ပါသည်။ စာချုပ်ဖြင့် ၀ယ်ယူလျှင် တစ်လလျှင် ၁၀.၅၀ ဒေါ်လာဖြင့် ၂၄ လပေးသွင်းရမည် ဖြစ်သည်။

ZTE ZMax တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 Chipset ဖြင့် မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 2GB RAM , 16GB Internal Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။

၅.၇ လက်မ LCD တပ်ဆင်ထားပြီး Resolution မှာ 1280x720 ဖြစ်ပါသည်။ အနောက်ဘက်တွင် 1080p Video များကို ရိုက်ကူးပေးနိုင်သော 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.6MP Camera တပ်ဆင်ထားပါသည်။

3400mAh Battery ပါရှိပါသည်။ Android 4.4.2 KitKat ကို အသုံးပြုထားပါသည်။ စွမ်းဆောင်ချက်များ အနေဖြင့် အသံဆူညံမှုကို ဖယ်ရှားပေးနိုင်သော မိုက်ကရိုဖုန်း နှစ်ခု တပ်ဆင်ထားပါသည်။

အဆိုပါ စမတ်ဖုန်းသည် ZTE ၏ အမေရိကန် ဈေးကွက်ကို ထိုးဖောက်နေမှုကို ထပ်မံ ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Gartner ၏ စစ်တမ်းအရ ZTE သည် ကမ္ဘာ့ ပဉ္စမ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး ဈေးကွက် ဝေစု ၃.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါသည်။


Myanmar Digital Life Journal

မော်တော်ကား တစ်စီးကို ၄၄ နာရီအတွင်း 3D Printer ဖြင့် ထုတ်လုပ်



Aung Ko Htet (MM IT Knowledge)
 
မဝေးတော့သော အနာဂတ်တွင် ကားအရောင်းဆိုင် သို့သွားပြီး ကားထိုင်ခုံများ အပါအ၀င် နှစ်သက်ရာ ဒီဇိုင်းကို ကွန်ပြူတာမှ ရွေးချယ် ရေးဆွဲနိုင်ပြီး နာရီပိုင်းအတွင်း 3D Printer ဖြင့် တစ်ထိုင်တည်း ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

Local Motors က Strati ဟု အမည်ပေးထားသော မော်တော်ကားကို ကမ္ဘာ့ပထမဆုံး အနေဖြင့် 3D Printer ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ယောက်စီး ကားဖြစ်ပြီး International Manufacturing Technology Show (IMTS) တွင် ပြသခဲ့ခြင်း ဖြစ်ပါသည်။

Ford Motors ၏ အဆိုအရ မော်တော်ကား အများစုတွင် အစိတ်အပိုင်း ငါးထောင်မှ ခြောက်ထောင် ပါရှိပါသည်။ Strati တွင် မော်တာ၊ ဘီး၊ ထိုင်ခုံ ၊ လေကာမှန်နှင့် ကိုယ်ထည် အပါအ၀င် အစိတ်အပိုင်း ၄၉ ခုသာ ပါရှိပါသည်။ 3D Printer များဖြင့် ထုတ်လုပ်သော မော်တော်ကားများစွာ ပေါ်ထွက်ဖူးသော်လည်း Strati သည် မောင်းနှင်၍ရသော ပထမဆုံး 3D Printer ဖြင့် ထုတ်လုပ်သော ကားဖြစ်ပါသည်။ Strati ကို ၄၄ နာရီအတွင်း ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ဖြစ်ပြီး တစ်နာရီလျှင် မိုင်လေးဆယ်နှုန်းဖြင့် တစ်ခါအားသွင်းထားလျှင် မိုင် ၁၂၀ မောင်းနှင်နိုင်ပါသည်။ ၂၀၁၆ ခုနှစ်အတွင်း ဒေါ်လာ ၁၈၀၀၀ နှင့် ၃၄၀၀၀ ကြားတွင် ရောင်းချမည် ဖြစ်သည်။

Local Motors ၏ 3D Printing နည်းပညာဖြင့် ထုတ်လုပ်ထားသော Strati ကို အောက်ပါ ဗီဒီိယိုတွင် လေ့လာနိုင်ပါသည်။

http://www.youtube.com/watch?v=daioWlkH7ZI


Myanmar Digital Life Journal

Microsoft က Windows အတွက် Xbox Controller ကို ပြသ



Aung Ko Htet (MM IT Knowledge)

Microsoft က Windows အတွက် Xbox Controller နှင့် iPad အပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးအတွက် Mouse နှင့် Keyboard များကို ပြသလိုက်ပါသည်။

Windows အတွက် Xbox Controller တွင် ကွန်ပြူတာ၊ တက်ဘလက်များနှင့် ချိတ်ဆက်ရန် USB ကြိုးပါရှိပါသည်။ ထို့အပြင် ၀င်းဒိုးအတွက် Xbox Controller သည် Xbox ဂိမ်းစက်နှင့် ကြိုး သို့မဟုတ် ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ ပလက်ဖောင်းနှစ်ခုစလုံးတွင် အသုံးပြုနိုင်သော Controller ဖြစ်ပါသည်။ Windows 7 , Windows 8, Windows 8.1 ကွန်ပြူတာများနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၅၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Microsoft က Arc Mouse ကို Bluetooth 4.0 သို့မဟုတ် Bluetooth Smart Technology ဖြင့် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါသည်။ လက်ပုံသဏ္ဍာန်နှင့် ကိုက်ညီရန် Mouse ကို ကွေးကောက်သည့် ပုံသဏ္ဍာန် ပြုလုပ်ပေးထားပါသည်။ Mouse ကို ပြားချပ်သွားစေရန်လည်း ပြုလုပ်နိုင်ပါသည်။ AAA Battery ကို အသုံးပြုနိုင်ပြီး ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ Arc Mouse ကို Windows 8 နှင့် နောက်ပိုင်း ကွန်ပြူတာများနှင့် ချိတ်ဆက်နိုင်ပါသည်။ စက်တင်ဘာလတွင် ဒေါ်လာ ၆၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Android , iOS Device များအပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးနှင့် တွဲဖက် အသုံးပြုနိုင်သော Universal Mobile Keyboard ကိုလည်း Microsoft က ရောင်းချပေးမည် ဖြစ်သည်။ Bluetooth ဆက်သွယ်မှုဖြင့် Device သုံးခုကို လျှင်မြန်စွာ ပြောင်းလဲ ချိတ်ဆက်နိုင်ပါသည်။ ကီးဘုတ်တွင် ကာဗာ ပါရှိပြီး တက်ဘလက်အတွက် Stand အဖြစ် အသုံးပြုနိုင်ပါသည်။ OS X/ iOS မှ Command Key , Android မှ Home Button တို့အပါအ၀င် ပလက်ဖောင်း တစ်ခုချင်းစီ၏ မတူညီသော ကီးများကို ကီးဘုတ်တွင် အသုံးပြုနိုင်သည်ဟု Microsoft က ပြောပါသည်။ တစ်ခါအားသွင်းထားလျှင် ခြောက်လ အသုံးပြုနိုင်ပါသည်။ အောက်တိုဘာလတွင် ဒေါ်လာ ၇၉.၉၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

Microsoft က Wireless Mobile Mouse 3500 ကိုလည်း ထုတ်လုပ်ပေးလိုက်ပါသည်။ ဒီဇိုင်းသုံးမျိုး ထုတ်လုပ်ပေးထားပြီး စက်တင်ဘာလတွင် ဒေါ်လာ ၂၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal
 

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် မဟာဘွဲ့ပညာသင်ဆု



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံသားများနှင့် လာအိုနိုင်ငံသားများအတွက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ နှစ်နှစ်တာ မဟာဘွဲ့ ပညာသင်ဆုအတွက် ဒုတိယအကြိမ်ခေါ်ယူလျက် ရှိသည်။ ပညာသင်ကြားရမည့် တက္ကသိုလ်များမှာ  ဖိလစ်ပိုင်နိုင်ငံရှိ Phillippines Los Banos Univer University၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Ching Mai University၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Kasetsart University၊ ထိုင်းနိုင်ငံ ခွန်ခမ်းမြို့ရှိ Khon Kalen University တို့ဖြစ်သည်။ နောက်ဆုံးထားလျှောက်ထားရမည့် ရက်စွဲကို သြဂုတ်လ ၃၁ ရက်ဟု ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော်လည်း မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် စက်တင်ဘာ ၃၀ ရက်အထိ နောက်ဆုံးလက်ခံသွားမည်ဟု ဆိုသည်။ ပညာသင်ဆုကို ရှစ်ဦးပေးသွားမည်ဖြစ်သည်။

ပညာသင်ဆုအတွက် လျှောက်ထားနိုင်သူများ

- တက္ကသိုလ်အဖွဲ့အစည်းများ (ပညာရေးနှင့် သုတေသန ကထိကများ)

- အစိုးရအဖွဲ့အစည်းများ (နည်းပညာနှင့် လက်တွေ့ပညာရေး အမှုထမ်းများ)

- အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များ (နည်းပညာနှင့် လက်တွေ့ပညာရေး ကွင်းဆင်းလုပ်ဆောင်နေသူများ)

- အမျိုးသမီးများအား လျှောက်ထားရန် အားပေးထားသည်။

သုတေသနဦးစားပေး နယ်ပယ်များ

- Land use planning and Management for the uplands

- Sustainable upland agriculture and development

- Human nutrition for
upland household communi-ties

- Food Science and Technology

- Post Harvest Technology

- Environmental Science and Management

- Agroforestry/ Community forestry

- Crop-Livestock Production Farming Systems

- Watershed Management

- Disater risk Management for the uplands

- Other related fields with focus on upland agriculture and food security
မာစတာပရိုဂရမ်များ

- Agriculture

- Agricultural Systems

- Agricultural Economics

- Agroforestry/Forestry

- Applied Nutrition

- Environmental Science

- Food Science and Technology

- Natural Resource Conservation

- Substainable Agriculture and Integrated Watershed Management

- Substainable Land Use and Natural Resources Management

- Substainable Agriculture

- System Approaches in Agriculture

- Rural Development

ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်မည့်လိပ်စာ

www.idrc.searea.org

အလိုအလျောက်မောင်းနှင်နိုင်သော ကားနည်းပညာအတွက် BMW နှင့် Baidu ပူးပေါင်း



Aung Ko Htet (MM IT Knowledge)

တရုတ်နိုင်ငံ၏ search engine ကုမ္ပဏီ ကြီးဖြစ်သော Baidu သည်အလိုအလျောက် မောင်းနှင်နိုင်သော ဇိမ်ခံကားတစ်မျိုးကို သုတေသနပြုလုပ်၍ တိုးတက်အောင် လုပ်ဆောင်ရန်အတွက် BMW ကားကုမ္ပဏီဖြင့် ပူးပေါင်းခဲ့သည်။

Baidu သည် တရုတ်နိုင်ငံ ဈေးကွက်အတွက် ကုမ္ပဏီ၏ 3D mapping နည်းပညာ အသုံးပြုထားသည့် အလိုအလျောက် မောင်းနှင်နိုင်သော HAD ကားကို ဖွံ့ဖြိုးတိုးတက်လာစေရန် BMW ဖြင့် ပူးပေါင်းခဲ့ကြောင်း TechInAsia မှ ဖော်ပြခဲ့သည်။ ၎င်းကုမ္ပဏီ နှစ်ခုသည်လာမည့် သုံးနှစ်အတွင်း HAD ကား ရှေ့ပြေးပုံစံ ထွက်ရှိလာရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သော်လည်း အဆိုပါ အလိုအလျောက် မောင်းနှင်နိုင်သော ကားများကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် မလိုကြောင်း Baidu က ဆိုခဲ့သည်။

အဆိုပါ HAD ကားသည် မောင်းသူမဲ့ကား မဟုတ်သော်လည်း ၎င်းတွင် မောင်းနှင်သူကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်သော အလိုအလျောက် ကားပါကင်ထိုးခြင်းနှင့် အမြန်လမ်းမကြီးတွင် မောင်းနှင်ခြင်း ကဲ့သို့သော feature များပါဝင်လာမည် ဖြစ်သည်။ BMW သည် လက်စ်ဗီးဂတ်မြို့တွင် ကျင်းပခဲ့သော ၂၀၁၄ ခုနှစ် CES ပြပွဲတွင် အလိုအလျောက် မောင်းနှင်နိုင်သော ကားပုံစံငယ်ကို ပြသခဲ့ဖူးသည်။

ကုမ္ပဏီနှစ်ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် Biadu ကားများကို ဆယ်နှစ်အတွင်း ထုတ်လုပ်ရန် အကူအညီပေးနိုင်ဖွယ် ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ သို့သော်လည်း BMW မှ အနာဂတ်တွင် ထုတ်လုပ်မည့်ကားများသည် တရုတ်နိုင်ငံတွင် ရောင်းချမည့် ကနဦးခြေလှမ်းများ ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

Ref: TechInAsia

credit to Internet Journal

Android နှင့် iOS တို့ဖြင့် တွဲဖက်အသုံးပြုနိုင်သော Microsoft Universal Mobile Keyboard



Aung Ko Htet (MM IT Knowledge)

Microsoft သည် Windows platform သာမက Android နှင့် iOS တို့ဖြင့်ပါ တွဲဖက် အသုံးပြုနိုင်သည့် tablet ကွန်ပျူတာ keyboard တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ keyboard ကို Universal Mobile Keyboard ဟုခေါ်ဆိုပြီး လှုပ်ရှားသွားလာမှု ပြုလုပ်ရာတွင် အလွယ်တကူ သယ်ဆောင်နိုင်ရန် အတွက် ခေါက်သိမ်းနိုင်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။

Universal Mobile Keyboard သည် မည်သည့် ထုတ်ကုန်နှင့်မဆို တွဲဖက်အသုံးပြုနိုင်သည့် Logitech မှ ထုတ်လုပ်ထားသော K480 Keyboard နှင့် ဆင်တူသည်။ သို့သော်လည်း Universal Mobile Keyboard တွင် မျှော့ကြောင်း တစ်ခုပါဝင်သောကြောင့် tablet အရွယ်အစားမျိုးစုံဖြင့် တွဲဖက် အသုံးပြုနိုင်သည်။ ထို့အပြင် Android, iOS နှင့် Windows mode အသီးသီးပြောင်းလဲနိုင်သော ခလုတ်တစ်ခုလည်း ပါဝင်သည်။

အခြား Keyboard များကဲ့သို့ပင် built-in function ခလုတ်များစွာ ပါဝင်ပြီး media playback, search function နှင့် အသံအတိုးအကျယ်တို့ကို ပြုလုပ်နိုင်သည်။ Keyboard ၏ အောက်ခြေ ဘယ်ဘက်ခြမ်းတွင် home ခလုတ်တစ်ခုနှင့် iOS အသုံးပြုသူများအတွက် command key တစ်ခု ပါဝင်လာသည်။ ၎င်း Universal Mobile Keyboard တွင် အားတစ်ကြိမ်သွင်းရုံဖြင့် ခြောက်လခန့် အသုံးပြုနိုင်သော ဘက်ထရီ ပါဝင်လာပြီး ၎င်းဘက်ထရီကို ၁၀ မိနစ်ခန့် အားသွင်းပါက တစ်ရက်ခန့် အသုံးပြုနိုင်သည်။ အဆိုပါ Keyboard ကို အောက်တိုဘာလတွင် ဒေါ်လာ ၇၉.၉၅ ဖြင့် ရောင်းချသွားမည် ဖြစ်သည်။

Ref: CultofAndroid

Tuesday, September 16, 2014

၂၄ နာရီ အတွင်း iPhone 6 နှင့် iPhone 6 Plus အမှာစာ ၄သန်းကျော် ရရှိခဲ့ကြောင်း Apple အတည်ပြု



Aung Ko Htet (MM IT Knowledge)

iPhone 6 နှင့် iPhone 6 Plus များကို ကြိုတင်မှာယူနိုင်သော ပထမရက် ၂၄နာရီအတွင်းတွင် စံချိန်တင် အမှာစာ ၄ သန်းကျော် ရရှိခဲ့ကြောင်း Apple က အတည်ပြု ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က Apple သည် ၂၄ နာရီ အတွင်း iPhone 5 အမှာစာ ၂ သန်းကျော် ရရှိခဲ့ပြီး iPhone 5 စတင် ရောင်းချခဲ့သည့် ရက်အတွင်း ဖုန်းအလုံးရေ ၅ သန်း ရောင်းချခဲ့ရသည်။

ပြီးခဲ့သည့်နှစ်တွင် Apple က မိတ်ဆက်ခဲ့သော iPhone 5S နှင့် 5C တို့သည် စတင်ရောင်းချသည့် ရက်အတွင်း ဖုန်းအလုံးရေ ၉ သန်း ရောင်းချခဲ့ရသည်။ iPhone 6 သည် Apple ၏ ၃၈ နှစ်တာ ကာလအတွင်း စံချိန်တင် ရောင်းချရသည့် စမတ်ဖုန်းဖြစ်လာဖွယ်ရှိပြီး ၎င်းတွင် ကြီးမားသော screen နှင့်အတူ ပါးလွှာပြီး ပေါ့ပါးမှုရှိသော ကိုယ်ထည်နှင့် မိုဘိုင်းငွေပေးချေမှု စနစ်တို့ ပါဝင်လာသည်။
Apple အနေဖြင့် screen ကြီးမားသော iPhone များကို အလုံးရေ သန်း ၇၀ မှ သန်း ၈၀ အထိ ထုတ်လုပ်ရန် စက်ရုံများကို ဒီဇင်ဘာလ ၃၀ ရက်နေ့က တိုက်တွန်းထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယခုရရှိသည့် အမှာစာများသည် iPhone 5S နှင့် 5C များမှ စတင်ရရှိသည့် အမှာစာများထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားကြောင်း သိရသည်။

Apple အနေဖြင့် ၎င်းတို့၏ စမတ်ဖုန်း အသစ်များ၏ အမှာစာများသည် ထုတ်လုပ်နိုင်မှုနှုန်းထက် ပိုမိုများပြားနေကြောင်း အတည်ပြုပြောဆိုခဲ့သည်။ သို့သော်လည်း iPhone 6 ထုတ်ကုန်များကို သောကြာနေ့မှ စတင်၍ ကြိုတင်မှာယူထားသော ဝယ်ယူသူများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း Apple ကပြောကြားခဲ့သည်။

Ref: CNET

HP Pavilion 11-n025TU (X360) Notebook



Aung Ko Htet (MM IT Knowledge)

HP Pavilion 11-n025TU (X360) Notebook ကို Notebook အနေဖြင့်သာမက Tablet  အနေဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ Intel Pentium N3530 2.1GHz Processor နှင့် Memory ပိုင်း အတွက် 4GB DDR3 ထည့်သွင်း အသုံးပြုထားသည်။ Windows 8.1 နှင့် ဖြစ်သည်။  အချက်အလက် သိမ်းဆည်းရန် အတွက် 500GB ပမာဏရှိသော  Hard disk ပါဝင်သည်။ မျက်နှာပြင်မှာ ၁၁.၆ လက်မ ကျယ်ဝန်းပြီး Diagonal HD LED Backlity Display (Touch Screen) ဖြစ်သည်။ 2 Cells Battery ကို အသုံးပြုထားသည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၇၅ ဖြစ်သည်။ ဖုန်း - ၃၇၉၈၃၅ ၌ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။

credit to Internet Journal

Monday, September 15, 2014

အွန်လိုင်း ဂူဂဲလ်မြေပုံနဲ့ ရန်ကုန်ကို လှည့်လည်ကြည့်လို့ရပြီ



Aung Ko Htet (MM IT Knowledge)

Google Map အသုံးပြုသူတွေအနေနဲ့ ဂူဂဲလ်ရဲ့ Street View ဖြင့် ရန်ကုန်မြို့ကို လည့်လှည်ကြည့်ရှုနိုင်ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဂူဂဲလ် ရဲ့ မြေပုံစနစ်မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Street View နှင့် မြေပုံညွှန်း ကြည့်လို့ မရဖြစ်ခဲ့တဲ့ ခေတ် ကို အဆုံးသတ်လိုက်ခြင်းပါ။ 





အခုထိတော့ မြန်မာနိုင်ငံ တ၀န်း နေရာတိုင်းမှာ ဂူဂဲလ်ရဲ့ Street View နဲ့ ကြည့်လို့ရတာတော့မဟုတ်သေးဘူး၊ ရန်ကုန်မြို့တခွင်ကိုသာ ကြည့်နိုင်မှာပါ ဆိုတဲ့အကြောင်း ဧရာဝတီဘလော့ http://www.mmitknowledge.com/ လာရောက် ဖတ်ရှုသူများကို လက်တို့လိုက်ပါတယ်။ ဒါဟာ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဂူဂဲလ်ရဲ့ဖြစ်ထွန်းမှုနောက်တခုပါပဲ။

 
အခုလို ရန်ကုန်မြို့ကို ဂူဂဲလ် Street View နဲ့ ကြည့်လို့ရတာဟာ ကနဦး စတင်လိုက်တဲ့ စမ်းသပ်မှုလည်း ဖြစ်နိုင်သလို နောက်ထပ် မြို့နယ်တွေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်သွားဖွယ်လည်း ရှိနိုင်ပါတယ်။ 
အခုလို အခြေအနေဆိုရင် မြန်မာနိုင်ငံမှာလည်း GPS စနစ် အသုံးပြုတဲ့  ယာဉ်မောင်းတွေ၊ ခရီးသွားတွေ အတွက် အဆင်ပြေလာစရာ ရှိနေပါပြီ။ 


 မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ အပါအ၀င် ခေတ်မီတိုးတက်တဲ့ နိုင်ငံတွေမှာတော့ ဂူဂဲလ် မြေပုံမှာ Street View နဲ့ အွန်လိုင်းကနေ လှည့်လည် ကြည့်ရှုလို့ရတာ ကြာပါပြီ။ 

 ဒီလို လမ်းကြောင်း ပြ ပကတိ မြင်ကွင်းနဲ့ မြေပုံ စနစ်ကို ဂူဂဲလ်ရဲ့ ကင်မရာတွေ တင်ထားတဲ့ ကားတွေက တလမ်းဝင်တလမ်းထွက် မှတ်တမ်းတင်ကြရတာပါ။ 


ဒီကားတွေမှာလည်း ဂူဂဲလ် တံဆိပ်တွေ ထပ်ထားပြီး အဖွဲ့လိုက် အချိန်ယူပြီး မှတ်တမ်းပြုစုကြရ တာဖြစ်ပါတယ်။ 

ဒီလို မှတ်တမ်းပြုစုထားတဲ့ ဗီဒီယို ဖိုင်တွေကို ဂူဂဲလ်က သူတို့ရဲ့ စနစ်နဲ့ သေချာ ပြင်ဆင်ပြီး အွန်လိုင်းပေါ်တင်ကြပါတယ်။ 

“ကမ္ဘာတ၀န်း သန်းပေါင်းများစွာသော ဂူဂဲလ်မြေပုံသုံးစွဲသူတွေအတွက် ကျနော်တို့ Google Maps Team က လမ်းတွေတလျှောက် မြင်ကွင်းတွေကို ရိုက်ကူးမှတ်တမ်းတင်ကြတာပါ” လို့ ဂူဂဲလ်တာဝန်ရှိသူတဦးက ရှင်းပြထားပါတယ်။

ကဲ...
ဂူဂဲလ်မြေပုံရဲ့ ရန်ကုန် Street View တော့ လာပါပြီ။
နောက်ထပ် လာသင့်တာကတော့ အဲဒီ လောကဓာတ်ဝန်ဆောင်မှုသစ်ကို မြည်းစမ်းကြည့်၊ လက်တွေ့သုံးကြည့်ဖို့အတွက် မြန်နှုန်းမြင့်အင်တာနက်ပဲ ဖြစ်ပါတယ်။



အိမ့်သံစဉ် ~ 

iOS 8 ကို upgrade ပြုလုပ်မည့် iPhone နှင့် iPad များအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်း



Aung Ko Htet (MM IT Knowledge)

ဇွန်လက ကျင်းပပြုလုပ်ခဲ့သည့် Worldwide Developers Conference (WWDC) တွင် မိတ်ဆက်ပေးခဲ့သည့် Apple ၏ နောက်ဆုံးပေါ် မိုဘိုင်း operating system ဖြစ်သော iOS 8 ကို စက်တင်ဘာ ၁၇ ရက်တွင် ဖြန့်ချိမည်ဟု ကြေညာခဲ့သည်။ အဆိုပါ iOS 8 တွင် အဆင့်မြှင့်ထားသည့် Siri voice assistant နှင့် notification များအပြင် ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် app အသစ်နှင့် အခြားအရာများ ပါဝင်လာမည် ဖြစ်သည်။

ထို့ကြောင့် iOS 8 ထွက်ရှိသည့်အခါတွင် upgrade ပြုလုပ်သည့်အခါ အဆင်သင့် ဖြစ်စေရန်အတွက် ပြုလုပ်ထားရမည့် ကြိုတင်ပြင်ဆင်မှုများကို ဖော်ပြလိုက်ပါသည်။
(၁) iOS 8 ကို သုံးစွဲသူ၏ ထုတ်ကုန်ပေါ်တွင် အသုံးပြုနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။
iOS 8 ကို Apple ထုတ်ကုန်တိုင်းတွင် အသုံးမပြုနိုင်ပါ။ Original iPad နှင့် iPhone 4 တို့ကို သုံးစွဲသူများအနေဖြင့် iOS 8 ကို အသုံးပြုရန် အတွက် ထုတ်ကုန်အသစ်ကို ပြောင်းလဲ အသုံးပြုရန် လိုအပ်မည် ဖြစ်သည်။ iOS အသုံးပြုနိုင်သည့် ထုတ်ကုန်များမှာ iPhone 4S, iPhone 5, iPhone 5S, iPhone 5C, iPad 2, iPad 3, iPad 4, iPad Air, iPod Touch 5, iPad Mini, iPad Mini Retina တို့ဖြစ်သည်။


(၂) နေရာလွတ်ရှိအောင် ပြုလုပ်ပါ။
iOS 7 ကို ကြိုးမဲ့စနစ်ဖြင့် update ပြုလုပ်သည့်အခါ 700MB နီးပါးခန့်ရှိသည်။ သို့သော်လည်း သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်ပေါ်တွင် နေရာလွတ် အနည်းဆုံး 3GB ရှိရန်လိုအပ်သည်။ iOS 8 တွင်လည်း အလားတူ နေရာလွတ် ပမာဏရှိရန်လိုအပ်သည်။

နေရာလွတ်ရရှိရန် အတွက် အသုံးမပြုသည့် app များကို ဖျက်ခြင်း၊ ဓာတ်ပုံများကို iCloud သို့မဟုတ် Dropbox, Google Drive တို့တွင် ရွှေ့ပြောင်းခြင်းဖြင့် ပြုလုပ်နိုင်သည်။ ထို့အပြင် ဓာတ်ပုံနှင့် ဗီဒီယို အဟောင်းများကို ဖျက်ပစ်ခြင်းထက် ကွန်ပျူတာထံ ရွှေ့ထားခြင်းဖြင့်လည်း နေရာလွတ်များ ရယူနိုင်သည်။


ဓာတ်ပုံများကို ကွန်ပျူတာပေါ်သို့ ရွှေ့ပြောင်းလိုသည့်အခါ iPhone သို့မဟုတ် iPad ကို USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ MacBook ပေးတွင် iPhoto ကို အသုံးပြုပြီး ဓာတ်ပုံအားလုံးကို ကွန်ပျူအတွင်း import လုပ်ခြင်းဖြင့် ရွှေ့ပြောင်းနိုင်သည်။ Windows ပေါ်တွင် My Computer သို့ဝင်ပြီး Portable Devices section အောက်တွင် DCIM folder ကိုနှိပ်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများကို drag and drop လုပ်ခြင်းဖြင့် ကွန်ပျူတာအတွင်း ရွှေ့ပြောင်းနိုင်သည်။

iOS device တွင် သိုလှောင်မှုပမာဏ မည်မျှရှိသည်ကို သိလိုပါက Settings > Genral > Usage တွင် ကြည့်ရှုနိုင်သည်။

(၃) Update များကို စစ်ဆေးပါ။
iOS 8 ကို ကြိုးမဲ့စနစ် (over-the-air) ဖြင့် update ပြုလုပ်လိုသည့်အခါ Settings > General > Software Update တွင် ပြုလုပ်နိုင်သည်။ ထို့အပြင် iOS 8 ကို အသုံးပြုသည့်အခါ အဆင်ပြေချောမွေ့မှု ရှိစေရန်အတွက် device ပေးတွင် install လုပ်ထားသော app များကို update ပြုလုပ်ထားသင့်သည်။

(၄) Backup လုပ်ထားပါ။
iOS 8 ကို update ပြုလုပ်စဉ်အတွင်း တစ်စုံတစ်ရာ ပြဿနာ တစ်ခုခု ကြုံတွေ့လာသည့်အခါ အချက်အလက်တွေ ဆုံးရှုံးမှု မရှိစေရန်အတွက် update မပြုလုပ်မီ device ကို backup ပြုလုပ်ထားသင့်သည်။


Backup ပြုလုပ်နိုင်သည့် နည်းလမ်း နှစ်မျိုးရှိသည်။ ပထမနည်းလမ်းမှာ iTunes ကို အသုံးပြုပြီး ကွန်ပျူတာပေါ်တွင် backup ဖိုင်ကို သိမ်းဆည်းထားခြင်း ဖြစ်သည်။ ဒီနည်းလမ်းကို အသုံးပြုရန်အတွက် iTunes နောက်ဆုံး ဗားရှင်းကို install လုပ်ထားရန်လိုသည်။ iPhone သို့မဟုတ် iPad ကို USB cable ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပြီးသည့်နောက် iTunes တွင် device ကို ရွေးပြီး Summary tab တွင် Back Up Now ခလုတ်ကိုနှိပ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။

နောက်ထပ် နည်းလမ်းတစ်ခုက Apple ၏ cloud ဝန်ဆောင်မှုတွင် backup ပြုလုပ်ခြင်း ဖြစ်သည်။ iCloud တွင် Backup ပြုလုပ်လိုသည့်အခါ Wi-Fi ရှိရန်လိုသည်။ ထို့နောက် Settings > iCloud > Storage & Backup တွင် Back Up Now ကိုနှိပ်ပြီး backup ပြုလုပ်နိုင်သည်။

ဆူညံမှုရှိသော Xbox One ဂိမ်းစက်များကို Microsoft လဲလှယ်ပေးမည်



Aung Ko Htet (MM IT Knowledge)

Microsoft သည် hardware ဆူညံသံများ ထွက်လေ့ရှိသော Xbox One ဂိမ်းစက်အချို့ကို အစားထိုးလဲလှယ်ပေးသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုသို့ဖြစ်ပွားသည့် ဂိမ်းစက်အရေအတွက်သည် အလွန်တရာနည်းပါးပြီး hardware ပြဿ     နာများကြောင့် ဆူညံသံများဖြစ်ပေါ်ခြင်းဖြစ်သည်။ Microsoft အနေဖြင့် Xbox One သုံးစွဲသူများ၏ အရေအတွက် အနည်းငယ်တွင် ဂိမ်းစက်မှ အလွန်တရာကျယ်လောင်သည့် အသံကြားရလေ့ရှိကြောင်းကို သိထားကြောင်း Microsoft ပြောရေးဆိုခွင့်ရှိသူက Gamespot သို့ ပြောကြားခဲ့သည်။

Xbox One ဂိမ်းစက်များကို ဒေသသစ်များသို့ ဖြန့်ချိနေချိန်မှစ၍ သုံးစွဲသူများသည် ပုံမှန်မဟုတ်သည့် Xbox One ဂိမ်းစက်များနှင့်ပတ်သက်ပြီး အွန်လိုင်းဖိုရမ်များတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း Kotaku သတင်းဌာနက ဖော်ပြခဲ့သည်။

-စိုးထက်

Ref: GameSpot

Apple ၏ပထမဦးဆုံး စမတ်နာရီ (သို့မဟုတ်) Apple Watch



Aung Ko Htet (MM IT Knowledge)

Apple သည် ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်နိုင်သော ထုတ်ကုန်ဈေးကွက် အတွင်းသို့ ဝင်ရောက်ရန် Apple Watch စမတ်နာရီကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကူပါတီနို၌ ထုတ်ဖော်ပြသခဲ့သည်။
Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က စမတ်နာရီ ထုတ်ကုန်သည် တိုးတက်မှုတစ်ရပ်ဖြစ်ပြီး ပြီးပြည့်စုံမှုရှိသော ကျန်းမာရေးနှင့် ကြံ့ခိုင်ရေးထုတ်ကုန် ဖြစ်သည့်အပြင် Apple TV streaming-box အပါအဝင် အခြားနည်းလမ်းများဖြင့် တွဲဖက်အသုံးပြုနိုင်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ စမတ်နာရီကို လာမည့်နှစ်အစောပိုင်းတွင် ဒေါ်လာ ၃၅၉ ဖြင့် စတင်ရောင်းချ သွားမည်ဖြစ်သည်။ Apple သည် Apple Watch ကိုဒီဇိုင်းသုံးမျိုးဖြင့် ထုတ်လုပ်ထားပြီး ၎င်းတို့မှာစတီးကိုယ်ထည် Apple Watch, အလူမီနီယမ်ကိုယ်ထည် Apple Watch နှင့် ၁၈ ကာရက်ရှိသည့် ရွှေဖြင့်ပြုလုပ် ထားသောကိုယ်ထည် Apple Watch Edition ဟူ၍ပြသခဲ့သည်။

အဆိုပါ ထုတ်ကုန်များသည် iPhone များဖြင့်ချိတ်ဆက် အသုံးပြုနိုင်ကာ iPhone 5, 5C, 5S, 6 နှင့် 6 Plus များဖြင့် တွဲဖက်အသုံးပြုနိုင်သည်။ ထို့အပြင် ယခုစမတ်နာရီတွင် Apple Pay မိုဘိုင်းငွေပေးချေမှု စနစ်သစ်ကို အသုံးပြုနိုင်ပြီး သုံးစွဲသူများအနေဖြင့် register ပြုလုပ်ကာဝယ်ယူမှုများ ပြုလုပ်နိုင်သည်။
Apple Watch သည်ဝတ်ဆင်သူ၏ လက်ကောက်ဝတ်ကို လှုပ်ရမ်းရုံဖြင့် အာရုံစနစ်များပွင့်ကာ display ပွင့်လာပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သည့် touchscreen မျက်နှာပြင်ကို ပြသပေးသည့်အပြင် app menu များကို ပြင်ဆင်နိုင်သည်။

စမတ်နာရီ၏ ဘေးတစ်ဖက်တွင် ပါဝင်သော digital crown သည် သုံးစွဲသူများကို app အတွင်း အကွာအဝေး ချုံ့နိုင်ချဲ့နိုင်ပြီး alarm သို့မဟုတ် အခြား  feature များကိုချိန်နိုင်သလို home ခလုတ်အဖြစ်လည်း အသုံးပြုနိုင်သည်။ အဆိုပါ Apple Watch display သည် sapphire crystal ဖြင့် ပြုလုပ်ထားကာ ကမ္ဘာပေါ်ရှိ အမာကျောဆုံး အရာဝတ္ထုများထဲမှ တစ်ခုဖြစ်ပြီး ဇိမ်ခံပစ္စည်းနာရီများတွင် အသုံးပြုနေကြသည်။

-စိုးထက်

Ref : CNET

Instagram အပါအဝင် Android app များတွင် အချက်အလက် ပေါက်ကြားမှု ဖြစ်ပွားခဲ့ဟု သုတေသီများဆို



Aung Ko Htet (MM IT Knowledge)

New Heaven တက္ကသိုလ်ရှိ သုတေသီများသည် Instagram, Vine, Nimbuzz, Oo Voo, Voxer နှင့် အခြား Android များ၏ host တွင်အချက်အလက် ပေါက်ကြားမှုများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုသို့အချက်အလက် ပေါက်ကြားမှုများတွင် ဝက်ဘ်ဆိုက်ပေါ်ရှိ unencrypt  ပုံစံဖြင့် ဗွီဒီယိုနှင့်ဓာတ်ပုံများ သိမ်းဆည်းခြင်း၊ ထုတ်ကုန်ပေါ်တွင် chat log များသိမ်းဆည်းခြင်း၊ သုံးစွဲသူများရယူခြင်း မရှိသော  app သုံးစွဲမှုတွင် screenshot  များကို သိမ်းဆည်းခြင်း စသည့်ပြဿနာများလည်း ပါဝင်သည်။ သုတေသီများ အနေဖြင့် ၎င်းပြဿနာများကို ငါးရက်ကျော်အချိန်ယူ၍ အသေးစိတ်ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးဗွီဒီယိုများ ရိုက်ကူးထားသည်။ အဆိုပါဗွီဒီယိုများကို တက္ကသိုလ်၏ ဆိုက်ဘာလုံခြုံရေး သုတေသနနှင့် ပညာရေးအဖွဲ့၏ YouTube cha-nnel တွင် upload ပြုလုပ်ထားသည်။

လူများသည် သူငယ်ချင်းများဆီသို့ message များ၊ ဓာတ်ပုံများနှင့် တည်နေရာများကို ပေးပို့နေသည့် app များကို တစ်ကိုယ်ရည်သုံးအဖြစ် မှတ်ယူထားကြသော်လည်း လက်တွေ့တွင် ၎င်းကဲ့သို့မဟုတ်ကြောင်း ဆိုက်ဘာလုံခြုံရေး သုတေသနနှင့် ပညာရေးအဖွဲ့၏ ဒါရိုက်တာ အီဗရာဟင်ဘတ်ဂီလီက ပြောဆိုခဲ့သည်။ ထို့အပြင် ယခုနှစ်အစောပိုင်းတွင် ၎င်းအဖွဲ့အနေဖြင့် Viber text-messaging app တွင် privacy ပြဿနာများရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

-စိုးထက်
Ref : CNET

Chrome OS တွင် အသုံးပြုနိုင်မည့် Android app လေးခု ထွက်ပေါ်လာ



Aung Ko Htet (MM IT Knowledge)

Chrome OS ပေါ်တွင် mouse, keyboard တို့ဖြင့် အသုံးပြုနိုင်မည့် Android app လေးခုထွက်ပေါ် လာခဲ့သည်။ အဆိုပါ Android app လေးခုမှာ Vine, Evernote, Duolingo နှင့် Sight Words တို့ဖြစ်သည်။ Duolingo သည် ဘာသာစကား သင်ကြားပေးမည့် app ဖြစ်ပြီး Sight Words ကမူ ကလေးငယ်များကို စာသင်ကြားနိုင်မည့် app ဖြစ်သည်။ အဆိုပါ app လေးခုကို Chrome Web Store  မှတစ်ဆင့်ရယူ အသုံးပြုနိုင်သည်။

Chrome OS ပေါ်တွင် Android app များ အသုံးပြုနိုင်မည့် အထက်ပါ ခြေလှမ်းသစ်နှင့် ပတ်သက်၍ Chrome နှင့် Android အကြီးအကဲဖြစ်သူ ဆွန်ဒါပီချိုင်းက ဇွန်လတွင်ထုတ်ဖော် ပြောကြားခဲ့သည်။ နောက်လာမည့်လအနည်း ငယ်အတွင်း Chrome OS ပေါ်တွင်သုံးနိုင်မည့် app များကိုထပ်မံ ဖြန့်ချိသွားမည်ဖြစ်ပြီး ကနဦးဖြန့်ချိမည့် app များနှင့် ပတ်သက်၍ အကြံပြုချက်များ ရယူနေကြောင်း Google မှပြောကြားခဲ့သည်။

Android  app  များကို  Google ပေါ်တွင် အသုံးပြုနိုင်မည့် သတင်းများသည် ဈေးသက်သာသည့် laptop ဈေးကွက်ရှိ Chromebook များနှင့် လက်ရှိ Chromebook သုံးစွဲသူများအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပြီး မကြာမီကာလအတွင်း Chromebook ကို app အများအပြားကို အသုံးပြုနိုင်တော့မည် ဖြစ်သည်။

-နောင်နောင်

Ref: TheVerge

တရုတ်နိုင်ငံတွင် iPhone 6 ဖြန့်ချိမည့်ရက် ရွှေ့ဆိုင်း



Aung Ko Htet (MM IT Knowledge)

ပြီးခဲ့သည့် ရက်အနည်းငယ်က Apple က iPhone 6 နှင့် iPhone6 Plus တို့ကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရောင်းချပေးနိုင်မည် မဟုတ်ကြောင်း မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီသုံးခုအား အကြောင်းကြားခဲ့သည်။

Apple အနေဖြင့် တရုတ်နိုင်ငံတွင် စမတ်ဖုန်းဖြန့်ချိမည့် ရက်ရွှေ့ဆိုင်းခဲ့ခြင်း အကြောင်းကို ရှင်းလင်းဖော်ပြခဲ့ခြင်း မရှိပေ။ နိုင်ငံတွင်းရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီများက iPhone များသည် တရုတ်နိုင်ငံ၌ ရောင်းချရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှခွင့်ပြုချက်မရရှိ ခဲ့ခြင်း  ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်များနှင့် နိုင်ငံပိုင်သတင်းစာ များက အမေရိကန်နိုင်ငံ၏ ထောက်လှမ်းရေး ပြုလုပ်မှုများကို ဖော်ထုတ်ခဲ့သည့် အက်ဒ်ဝပ်စနိုးဒင် ကိစ္စပေါ်ထွက် လာပြီးနောက် နိုင်ငံရပ်ခြား နည်းပညာကုမ္ပဏီများကို စိုးရိမ်မှုမြင့်တက် လာသည်။
ဇွန်လတွင်နိုင်ငံပိုင် မီဒီယာရုပ်သံဖြစ်သော CCTV က iPhone များသည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ထိုစွပ်စွဲပြောကြားချက် များကိုမူ Apple ကငြင်းဆိုသွားခဲ့ကြောင်း သိရသည်။

-စိုးထက်

Ref: NYTimes