Powered by Blog - Widget
Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, April 11, 2015

ခေတ်စားလာပြီ ဖြစ်တဲ့ အွန်လိုင်းပေါ်က အိမ်ခြံမြေ ရောင်းဝယ်မှုနှင့် အချက်အလက် ရှာဖွေမှု လုပ်ငန်း



အွန်လိုင်းပေါ်မှာ အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်း လုပ်ငန်းဟာ မြန်မာပြည်မှာ ရေပန်းစားလာ ပါတယ်။ အဓိက ကတော့ Facebook ကဲ့သို့ လူမှုကွန်ရက် အသုံပြုသူများပြားလာခြင်း ဖြစ်ပါတယ်။

Facebook ကနေ အိမ်၊ခြံ၊မြေ အရောင်းအဝယ် ဝဘ်ဆိုဒ်များ မန္တလေးနဲ့ ရန်ကုန်မှာ ပိုမိုခေတ်စားပြီး နောက်ပိုင်း ကျတော့ Offline အေးဂျင့်များက အွန်လိုင်းပေါ်ရောက်ရှိပြီးသား Facebook page များကို ဝယ်ယူတဲ့အထိ နာမည်ကြီးလာခြင်း ဖြစ်ပါတယ်။ အွန်လိုင်းကနေ ရှာဖွေဝယ်ယူရခြင်းကြောင့် ပွဲစားခပေးရခြင်း၊ အချိန်ကုန်ခြင်းတို့ မရှိခြင်းက အားသာချက် ဖြစ်ပါတယ်။ ၂၀၁၂ နှစ်ဆန်းလောက်မှာ Facebook Page အများအပြား ကနေ အရောင်းထွက်ရာမှ နောက်ပိုင်းကျတော့ ဝဘ်ဆိုဒ်ဖန်တီးတဲ့အထိ ဖြစ်လာပါတယ်။

ဝဘ်ဆိုဒ်မှာမှ အိမ်အရောင်းအဝယ် အေးဂျင့်များက ကိုယ်ပိုင် ဖန်တီးခြင်းနဲ့ အွန်လိုင်း သီးသန့်သွားတဲ့ ကုမ္မဏီ ဆိုပြီးတော့ ၂ မျိုးပြန်ကွဲ သွားပါတယ်။ နိုင်ငံတကာမှာတော့ www.realtor.com  နဲ့ www.rightmove.co.uk တို့လို ဝဘ်ဆိုဒ် ရှိပြီး စတော့ရှယ်ယာ ဈေးကွက်ကို ဝင်နိုင်တဲ့အထိ စီးပွားရေး အောင်မြင်လျက် ရှိပါတယ်။ မြန်မာပြည်မှာလည်း  အိမ်၊ခြံ၊မြေ အရောင်းအဝယ်နဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များ ဖြစ်ဖို့ ကြိုးပမ်းနေတာတွေ အများကြီးရှိပါတယ်။ ဥပမာ -  www.imyamarhouse.com တို့လို ဝဘ်ဆိုဒ်များကို ဝင်ရောက် လေ့လာ နိုင်ပါတယ်။

ယင်းကဲ့သို့ ဝဘ်ဆိုဒ်များဟာလည်း ပထမဦးဆုံး Facebook ကနေ အခြေတည်ပြီးတော့ အိမ်၊ခြ၊မြေ ရောင်းဝယ်မှုနဲ့ ဝန်ဆောင်မှု ဝဘ်ဆိုဒ်များအဖြစ်သို့ ကူးပြောင်းလာခြင်း ဖြစ်ပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်းနဲ့ အခြားသော ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ဗဏီများဖြစ်တဲ့  Telenor, Ooredoo တို့လို ကုမ္မဏီကြီးများကလည်း ပိုမိုမြန်ဆန်တဲ့ အင်တာနက် ကွန်ရက်များ ဖန်တီပေးဖို့ အစီအစဉ်များ ရှိတယ်လို့ ကြားသိ ရတဲ့အတွက် မြန်မာပြည်ရဲ့  အင်တာနက် အသုံးပြုသူ ဦးရေကိုလည်း မြင့်လာစေအုံးမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှု၊ ကွန်ပြူတာ အင်တာနက် အသုံးပြုသူ များပြားလာမှုတို့က အင်တာနက် အခြေခံ စီးပွားရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ အွန်လိုင်းက တစ်ဆင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ဖောက်ကားခြင်း၊ ရှာဖွေခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမို တိုးတက် လာမှာ ဖြစ်ပါတယ်။ 



Please Like Our Facebook Here

Thank You !
Aung Ko Htet

Tuesday, April 7, 2015

Viber တွင် သင်္ကြန်ကျမယ်..





အားလုံးရဲ့ လက်ထဲမှာ ဖုန်းတစ်လုံးစီတော့ ကိုယ်စီရှိနေကြမှာပဲနော်။ ဖုန်းရှိပြီးဆိုတာနဲ့ ဖုန်းဆိုင်တွေလည်း Application တွေ Install လုပ်ပေးပြီးဆိုရှင် မဖြစ်မနေ Messenger Application လေးတစ်ခုကိုတော့ ထည့်သွင်းပေးလေ့ရှိကြပါတယ်။ User တွေကလည်း ဒီ messenger application လေးကိုလည်း သတိထားပြီးတော့ကို install လုပ်ခိုင်းလေ့ရှိကြပါတယ်။ အဲ့ဒီ messenger applications ကတော့ Viber ပါပဲ။

မကြာခင်မှာ ကျရောက်တော့မဲ့ သင်္ကြန်အချိန်အခါမှာ Viber အသုံးပြုသူတို့ တစ်ယောက်နဲ့ တစ်ယာက်အပြန်အလှန် အွန်လိုင်းပေါ်မှာ သင်္ကြန်ကျနိုင်အောင် Viber က သင်္ကြန် Sticker လန်းလန်းလေးတွေကို Free ပေးလိုက်ပါပြီ။ ဒီ Sticker လေးတွေကို Viber ရဲ့ Sticker market ကနေ Free ရယူနိုင်ပါတယ်။ အခုပဲ viber ရဲ့ sticker market ကနေ Thingyan Sticker လေးတွေကို Free ရယူပြီး Online မှာ သင်္ကြန်ကျ ကြရအောင်နော်..

ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ကြပါစေ..

Written By Aung Ko Htet

#akh_redlinkcommunications

RedLink Communications


Please Like Our Facebook Here

Thank You !
Aung Ko Htet

Thursday, April 2, 2015

Harry Potter ဇာတ်ကားထဲမှ သရုပ်ဆောင် Dumbledore ဟာ Gay ဖြစ်ကြောင်း Harry Potter ၀တ္ထုရေးသားသူ JK Rowling မှ သူမရဲ့ Twitter တွင်ဖော်ပြ




Harry Potter ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်နေတဲ့ Dumbledore ဟာ Gay ဖြစ်ကြောင်းနဲ့ပတ်သက်ပြီး Harry Potter စာအုပ်ကို ရေးသားသူ JK Rowling ရဲ့ Twitter account မှာ Harry Potter ပရိသတ်တွေက Tweet ခဲ့ကြပါတယ်။ အဆိုပါ Tweet ခဲ့ကြတဲ့ အကြောင်းအရာကတော့ " Dumbledore ဟာ Gay တစ်ယောက်လို့ ဘာကြောင့် ပြောရတာလဲ ကျွန်တော်တို့ကတော့ သူ့ကို Gay တစ်ယောက်လို့ မမြင်ပါဘူး " လို့ ပရိသတ် တစ်ယောက်က Tweet ခဲ့ပါတယ်။

Monday, March 30, 2015

မိမိရဲ့ စီးပွားရေးလုပ်ငန်းကို အွန်လိုင်းမှာ လွယ်တကူမြင်တွေ့စေဖို့.


မိမိရဲ့ စီးပွားရေးလုပ်ငန်းကို အွန်လိုင်းမှာ လွယ်တကူမြင်တွေ့စေဖို့.

အင်တာနက် ခေတ်ကြီးမှာ ကုမ္ဗဏီများ အနေနဲ့ ဝဘ်ဆိုဒ်ရှိလာဖို့ ကြိုးပမ်းလာကြပြီး နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကို မေ့နေကြပါတယ်။ ဒါကတော့ list တွင် ပါဝင်ခြင်း ဖြစ်ပါတယ်။ list လို့ ဆိုတဲ့အခါ အရေးကြီး မဖြစ်မနေ ပါရမယ့် နေရာများကတော့ - 

Google Map 
Local Web directory website တို့မှာ ဖြစ်ပါတယ်။ 

Saturday, March 28, 2015

မြန်မာပြည် အိုင်တီလောကမှာ Coworking space ခေတ်ထတဲ့ခေတ်



လွန်ခဲ့တဲ့ ၃နှစ် လောက်ကစလို့ အလုပ်အတူ လုပ်စရာ နေရာ Coworking space ဆိုတာ မြန်မာပြည်မှာ အတော်လေး ခေတ်စားလာပါတယ်။ အိုင်တီလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာလို့ ဖြစ်ပါတယ်။ အဓိကကတော့ ရန်ကုန်မှာ ခေတ်စားခြင်းပါ။ အိုင်တီ စီးပွားရေး လုပ်ငန်း စတင်လုပ်ကိုင်လိုသူများအတွက် ယနေ့တိုင် ကြုံတွေ့ရတဲ့ အခက်အခဲဟာ အခန်းခ ဈေးကြီးခြင်း ဖြစ်ပါတယ်။ 

အိုင်တီစီးပွားရေး တစ်ခုစတင်တဲ့အခါ စတင်သူ အများစုက အခန်းခနဲ့ အင်တာနက် လောက်ပဲ ခေါင်းထဲရောက်ပါတယ်။ အမှန်တော့ သူ့မှာ အခြား ကုန်ကျစရိတ်တွေ များစွာ ရှိပါသေးတယ်။ ရုံးသုံး စားပွဲ၊ ပရင်တာ၊ ရေ၊ မီး စတာတွေနဲ့ စပြီးတော့ အခြား များစွာ ကုန်ကျအုံးမှာ ဖြစ်ပါတယ်။ ယင်း ကုန်ကျမှုတွေကို ပေါင်းလိုက်ရင် အခန်းကို အသက်သာဆုံး တစ်လ ၃ သိန်းတက်ပဲ ယူပါစေအုံး လစဉ် အနည်းဆုံး ၆ သိန်း၊ ၇ သိန်းကတော့ ကုန်ပါအုံးမယ်။ ဒါတောင် အင်တာနက် လိုင်းကောင်းကောင်းယူရင် သူ့အတွက် ထပ်ကုန်မှာက ရှိပါအုံးမယ်။ ADSL, Fibre အစရှိတဲ့ အင်တာနက်တွေ ဆိုတာကလည်း လူတိုင်းလွယ်တကူ လျှောက်လို့ ရတဲ့ ဟာတွေ မဟုတ်သလို ကုန်ကျစရိတ်ကလည်း အင်မတန်များပါတယ်။ အများစုက လစဉ်ကုန်ကျစရိတ်သာ မြင်ပြီး သူ့ကို set up လုပ်တဲ့ cost ကို မမြင်ပါဘူး။ ဒါကြောင့်မို့ ဒါတွေကို ခေါင်းမစားချင်တဲ့ နိုင်ငံခြားကုမ္ဗဏီ များက ကုမ္ဗဏီ စတင်တဲ့ အချိန်ကာလမှာ Coworking space မှာနေထိုင်ပြီး
 ဝန်ထမ်းအင်အား များလာတဲ့အခါမှ အခန်းကောင်းကောင်းကို ရွေးချယ်ကြ ပါတယ်။ 

ရန်ကုန်မှာ အလုပ်အတူလုပ် coworking space အတော်လေးများနေပါပြီ။ မြို့ထဲမှာတင် အနည်းဆုံး ၁၀ လောက်ကို ကျနော် သိထားပါတယ်။ MAC Tower, ကုန်သည်လမ်းထောင့်မှာတင် နှစ်ခုရှိပြီး တစ်ခုက ဖန်တီးရာ (www.phandeeyar.org) ဖြစ်ပြီး တစ်ခုက Keier Group ဖြစ်ပါတယ်။ နောက်တစ်ခုက လမ်း ၃၀ ပတ်ဝန်းကျင် အလယ်ဘလောက်မှာ ရှိတဲ့ OfficeHub, Office365 အစရှိသဖြင့်တို့လည်း ရှိပါသေးတယ်။ Thingangyun မှာလည်း Officecubed (www.officecubed.co/) အပြင် အခြားသော Office များစွာလည်း ရှိပါသေးတယ်။ နည်းပညာ ကုမ္ဗဏီ အများစုကတော့ Developer Lab,http://devlabyangon.org/ ကိုလည်း recommend ပေးကြပါသေးတယ်။ 

coworking space မှာတောင်မှ ဈေးသက်သာ Office space နဲ့ ဈေးကြီး Office space ဆိုပြီးတော့ ကွဲပါသေးတယ်။ Dev Lab, Phandeeyar အစရှိသဖြင့်တို့ဟာ ဈေးအင်မတန် သက်သာ နေရာများ ဖြစ်ပြီး တစ်လကို ၃ သောင်း ဝန်းကျင်နဲ့ ရနိုင်ပါတယ်။ အခြားများကတော့ အနည်းဆုံး တစ်လ ၁ သိန်းကနေ စလို့ ကုန်ကျတဲ့ နေရာများ ရှိပါတယ်။ ဒါပေမယ့် အင်တာနက် နဲ့ အခြားသော အထောက်အပံ့များကတော့ ပြောစရာမရှိအောင် ပြည့်စုံကောင်းမွန် ပါတယ်။ ဈေးသက်သာတာနဲ့ ဈေးကြီးတာနဲ့ ကွာခြားတာ ကတော့ အဲ့ဒီလို ရရှိခံစားခွင့်များနဲ့လည်း ဆိုင်ပါလိမ့်မယ်။ 

သူတို့က လုပ်ငန်းတစ်ခုကို အများဆုံး ၁ နှစ်၊ ၂ နှစ်ထပ် ပိုမထားပါဘူး။ အဲ့ထက်ကြာရင် ကုမ္ဗဏီဟာ အောင်မြင်တိုးတက်ပြီလို့ ယူဆပြီး ကိုယ်ပိုင် အခန်းရှာစေ၊ ငှားစေပါတယ်။ အဲ့ဒီအခါကျရင်တော့ အခန်းကို ရှာရပြန်တာ ပေါ့။ အဲ့လိုကျရင်တော့ အခန်းကောင်းကောင်း ရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။www.imyanmarhouse.com တို့လို ဝဘ်ဆိုဒ်မှာ တိုက်ခန်း၊ ကွန်ဒို၊ နဲ့ လုံးချင်း အိမ်များကို ရှာကြည့်နိုင်ပါတယ်။ လုံးချင်းကိုမှ ကြိုက်ပါတယ်ဆိုတာကတော့ ကုမ္ဗဏီကြီးတွေ များပါတယ်။ company သေး, startup ဆိုရင် တိုက်ခန်း၊ ကွန်ဒို ငယ်တို့လောက်နဲ့ အဆင်ပြေ ပါတယ်။ 


 Aung Ko Htet , Aung Kham  

Please Like Our Facebook Here

Thank You !
Aung Ko Htet

Monday, March 2, 2015

မြန်မာနိုင်ငံအတွင်း မရှိ မဖြစ်လိုအပ်သော Apps 5 မျိုး



မြန်မာနိုင်ငံ အတွင်း မိုဘိုင်းလ် သုံးစွဲသူ နှင့် အင်တာနက် ၀င်ရောက် မှု အရှိန် မြင့် တက် လာသည်နှင့် အမျှ ဆက်သွယ်ရေး လူမှု ကွန်ယက်နှင့် စီးပွားရေး လုပ်ငန်းလုပ်သူများအတွက် မရှိ မဖြစ် လိုအပ်တဲ့ Apps များလည်းရှိလာပါတယ်။ ဒီတော့် သည်အပတ်အတွင်း မြန်မာနိုင်ငံမှာ Top လူသိများပြီး Top ဖြစ်နေတဲ့ Apps 5 ခုကို တင်လိုက်ရပါတယ်။



Viber Viber Viber

ဆက်သွယ်ရေးကို အလျှင်အမြန် လုပ်ချင်တယ်၊ ကုန်ကြသက်သာပြီး လုပ်ငန်းဆောင်တာ အ၀၀ကို မြန်မြန်လုပ်ချင်တယ်ဆိုရင်တော့် Viber ဟာမရှိမဖြစ်လိုအပ်တဲ့ Apps ဖြစ်ပါတယ်။ မြန်မာပြည်အတွင်း Mobile Internet ဆောင်သူ ၁၀ ရောက် မှာ ၉ ရောက် လောက်တော့် Viber ကိုသုံးပါတယ်။ Android, Mac OS, Blackberry OS, iOS, Linux နှင့် အခြားသော Windows Phone များအတွက်ပါ compatiable အံဝင်ခွင်ကြသုံးနိုင်ပါတယ်။ သုံးသူများအနေနဲ့ ရုပ်၊ အသံ၊ ပုံ နှင့် voice recording များကို ပါ easy share အနှေနှင့် လျှင်မြန်စွာ လုပ်နိုင်ပါတယ်။ Mobile Internet Phone နှင့်ဆက်နွယ်နေသည်မို့ ပြောဆိုမည့်သူ ရဲ့ ဖုန်းနံပါတ်တော့်လိုပါတယ်။ ကုမ္ပဏီကတော့် အစ္စရေး နိုင်ငံ မှ အခြေခံပြီး လွန်ခဲ့တဲ့ February 14, 2014 မှာ Rakuten ဂျပန်ကုမ္ပဏီမှ ဒေါ်လာသန်းပေါင်း 900 နဲ့ ၀ယ်လိုက်ပါတယ်။ ၀န်ဆောင်မှုနှင့် ထုတ်လုပ်မှုပိုင်းဆိုင်ရာမှာတော့် အစ္စရေး နိုင်ငံမှ အခြေခံပြီး ဆက်လက်လုပ်ဆောင်နေပါတယ်။



Myanmar News

နောက်ဆုံးရနိုင်ငံတကာ သတင်းများနှင့် ဒေသအတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အလျှင်အမြန်သိရှိ လိုပါက Myanmar News apps က အကောင်းဆုံး ဖြစ်ပါတယ်။ သတင်း Apps ဖြစ်တဲ့အတိုင်း စီးပွားရေး၊ အားကစား၊ ဂီတနှင့် နောက်ဆုံးပေါ် IT ပိုင်းဆိုင်ရာ သတင်းများကိုပါထည့်ထားသည့် Apps ဖြစ်ပါတယ်။ TV ကြည့် အချိန်ဖြုန်းနေမည့် အစားနောက်ဆုံး ရ သတင်းများကို ချက်ခြင်း သိလိုပါက Myanmar News က အကောင်းဆုံးဖြစ်ပါတယ်။


Go-there Myanmar

မြန်မာနိုင်ငံအတွင်း စီးပွားရေးနှင့် အထွေထွေသတင်း သို့မဟုတ် လမ်းညွန်အမျိုးမျိုးအကြောင်းသိလိုပါက
Go-there Myanmar က အကောင်းဆုံးပါ။ စီးပွားရေးဆိုင်ရာ လမ်းညွန်ပေါင်း ၅၀၀၀၀ ကျော်ရှိတဲ့ ဤ Apps ဟာ စီးပွားရေး လုပ်ငန်းများ လုပ်လိုသူများနှင့် ရင်းနှီးမြုပ်နှံလို များအတွက် လျှင်မြန်စွာ အဖြေပေးနိုင်တဲ့ လက်ဆွဲ apps ဖြစ်ပါတယ်။ မိမိ သိလိုသည့် တည်နေရာ၊ အဆောက်အအုံ၊ ကို သိကြစွာမြေပုံနှင့် တကွဖော်ပြပေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ အချိန်တုံးက တွေ့ နေကြ Yellow Book တွေမှာ ဒီ Apps ကနေရာယူသွားပါပြီ။ နောက်ပြီး မိမိသွားလိုသည့် နေရာကိုသွားလိုပါက မည်ကဲ့သို့၊ မည်သည့် လိုင်းကား စီးရမည် ဆိုသည့် Data အချက်အလက်များကိုလည်း ထည့်ထားပေးပါတယ်။ ရန်ကုန်နှင့် မန္တလေး မြို့ တွင်း Bus ကား လိုင်းပေါင်း ၃၀၀ နှင့် Bus မှတ်တိုင် ၁၀၀၀ ကျော် ကိုပါဖောပြထားသဖြင့် အင်မတန်သင့်တော်သည့် Apps ဖြစ်ပါတယ်။ နိုင်ငံခြားသားများအတွက်လည်း မရှိမဖြစ်လိုအပ်တဲ့ လမ်းညွန်ဖြစ်ပါတယ်။

House
မြန်မာနိုင်ငံအတွင်း လွန်ခဲ့ တဲ့ ဇူလိုင်မှာ house.com.mm မှ Android Apps ကို အိမ်ခြံမြေ ရှာသည့် ပထမဦးဆုံး Apps အနေနဲ့ ဈေးကွက် မှာ စတင်အသုံးပြုခဲ့ပါတယ်။ ဤ Apps ဟာအိမ်၊ ကွန်ဒို နှင့် တိုက်ခန်များ ရောင်း၊၀ယ်လိုသူများအတွက် အကောင်းဆုံး ၀န်ဆောင်မှုပေးတဲ့ Apps ဖြစ်ပါတယ်။ လောလောဆယ်မှာတော့် house apps မှ မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေတိုက်ခန်းပေါင်း ၂၀၀၀၀ ကျော်ကို လွယ်ကူစွာ ရှာနိုင်ရန် လုပ်ဆောင်ပေးနေပါတယ်။ စီးပွားရေးလုပ်လိုသူများ၊ အိမ်ခြံမြေခြံအတွင်း ရင်းနှီးမြုနှံလိုသူများ၊ တိုက်ခန်းရှာသည့် သူများ၊ နယ်မှ လာသောမိတ်ဆွေများနှင့် နိုင်ငံခြားသားများအတွက်အကာင်းဆုံး ဆောင်သင့်သည့် Apps ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ အားဖြင့် ကြည့်နိုင်သဖြင့် နိုင်ငံတကာ အသုံးပြုရန် အဆင်ပြေပါတယ်။


Shwebook Dictionary Pro

English စာ ဝေါဟာ ရတစ်ခုခုကို ပြောချင်တိုင်း မထွက်လာ သို့မဟုတ်မေ့သွားတယ်ဆိုရင် Shwebook Dictionary Pro Apps ကအကောင်းဆုံး ရွေးချယ်မှု တစ်ခုအနေနဲ့ပြောလို့ရပါတယ်။ သိလိုသည့် ဝေါဟာရ များကို ထည့်လိုက်သည် နှင့်သက်ဆိုင်ရာအဓိပ္ပာယ်များကို သာမက အခြားသော ဆိုင်ရာဆိုင်ရာအဓိပ္ပာယ်များ ကိုပါထည့်ထားပေးပါတယ်။ အထက်တန်းကျောင်းသားများ အထူးသဖြင့် အင်္ဂလိပ်စာလေ့လာလိုသူများအတွက် အကောင်းဆုံး App ဖြစ်ပါတယ်။

ပြောင်းလည်းမြန်နေတဲ့ မြန်မာပြည်အတွင်း ဒီ Apps 5 ခုရှိရင် တော်တော်လေး အဆင်ပြေနေပါပြီ။ လာမည့် အချိန်အတွင်း နောက်ဆုံးပေါ်အသုံးဝင်လူကြိုက်များသည့် Apps များကိုလည်း ပြန်လည် တင်ပြသွားပါမယ်။

ခင်မင်လေးစားလျှက်
စတီဗင်ဆိုင်း
ဘာလင်

Please Like Our Facebook Here

Thank You !
Aung Ko Htet

Thursday, February 26, 2015

Unicode မြန်မာစာစနစ်ထောက်ပံ့မှု ပါဝင်လာသည့် Gmail


Unicode မြန်မာစာစနစ်ကို ထောက်ပံ့မှုပေးနေတဲ့ Google ဟာ မကြာသေးမီက Google Translate မှာ Unicode မြန်မာစာစနစ်ကိုထည့်သွင်းပြီး မြန်မာ ဘာသာပြန်နိုင်တဲ့ ၀န်ဆောင်မှုကို ပေးခဲ့ပြီး ယခုအခါလည်း Gmail မှာပါ Unicode မြန်မာစာစနစ်ကို ထည့်သွင်းပေးလိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံသားများအတွက် Email Service ကို မိမိဘာသာဖြင့် လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပြီး မြို့ပြနေ ပြည်သူများသာမက ကျေးလက်နေ ပြည်သူများအတွက်ပါ ပိုမိုအဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လိုက်တဲ့ Google ရဲ့ ၀န်ဆောင်မှုဟာ မြန်မာပြည်သူလူထုအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။







Gmail မှာ မြန်မာစာစနစ်ကို အသုံးပြုနိုင်ဖို့အတွက် မိမိရဲ့ ကွန်ပျူတာမှာ Unicode Font & Keyboard ကိုထည့်သွင်းထားရမှာဖြစ်ပြီး Gmail ရဲ့ Setting >>> General Tab >>>  Language >>> Gmail Display Language တွင် မြန်မာဘာသာ (Myanmar Language (Burmese)) ကိုရွေးချယ်ကာ Page အောက်ဆုံးရှိ Save Button ကို နှိပ်ပြီးပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။

မိမိရဲ့ Gmail ထဲမှာ မြန်မာဘာသာ ကို အပြည့်အ၀ အသုံးပြုရင်း Google ရဲ့ Email Service ကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Written By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Wednesday, February 25, 2015

Blogger platform မှ လိင်အသားပေး ဖော်ပြမှုများကို Google တားမြစ်



Google သည် ၎င်း၏ Blogger platform မှ လိင်ဆက်ဆံမှု အသားပေး အကြောင်းအရာများ ဖော်ပြခြင်းကို တားမြစ်မည့် မူဝါဒသစ်တစ်ရပ်အား ကြေညာခဲ့သည်။

သုံးစွဲသူများသည် မတ်လ ၂၃ ရက်မှ စတင်ကာ Blogger ပေါ်တွင် လိင်ဆက်ဆံမှုကို ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသော ဓာတ်ပုံများနှင့် ဗီဒီယိုများ ဝေမျှခြင်းနှင့် အဖော်အချွတ်ပုံများ ပြသခြင်းတို့ကို ပြုလုပ်နိုင်မည် မဟုတ်ကြောင်း Google ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

သို့သော်လည်း အနုပညာဖန်တီးမှုများ၊ ပညာရေးဆိုင်ရာ၊ သတင်းမှတ်တမ်းနှင့် သိပ္ပံဆိုင်ရာ အကြောင်းအရာကဲ့သို့သော အများပြည်သူ အကျိုးရှိစေမည့် content များကို ခွင့်ပြုသွားမည် ဖြစ်ကြောင်း Google မှ ဖော်ပြခဲ့သည်။
လိင်အသားပေး အကြောင်းအရာများကို ဝေမျှသည့် Blogger သုံးစွဲသူများ၏ content များကို Google က ဖျက်ပစ်မည် မဟုတ်သော်လည်း ၎င်းပိုင်ရှင်များကို ပိုင်ရှင်နှင့် admin မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ မြင်တွေ့ရတော့မည် မဟုတ်ပေ။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် မတိုင်မီ blog ကို ဖန်တီးသူများသည် Google ၏ မူဝါဒသစ်အရ ရွေးချယ်မှုအချို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ပထမ ရွေးချယ်မှုမှာ စည်းကမ်းချိုးဖောက်သည့် content များကို ဖယ်ရှားခြင်းဖြစ်သည်။ ထိုသို့ ဖယ်ရှားပါက blog ကို private အဖြစ် သတ်မှတ်မည် မဟုတ်ပေ။ အကယ်၍ လိင်အသားပေး အကြောင်းအရာ သို့မဟုတ် ဂရပ်ဖစ်များကို Blogger တွင် ဆက်လက်တင်မည်ဆိုပါက blog ကို private အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း Google မှ ပြောကြားခဲ့သည်။ တတိယ ရွေးချယ်မှုမှာ Blogger ကို စွန့်ပစ်ပြီး အခြား platform သစ်တစ်ခုကို ရှာဖွေ အသုံးပြုခြင်းဖြစ်သည်။ Blog မှာ content များကို .xml file သို့မဟုတ် Google Takeout ဖြင့် အသုံးပြုကာ export လုပ်နိုင်သည်။

၂၀၁၅ ခုနှစ် မတ်လ ၂၃ ရက် နောက်ပိုင်းတွင် blog ကို ဖန်တီးသူများသည် Google ၏ စည်းကမ်းသစ်များကို ချိုးဖောက်ထားပါက အဆိုပါ blog ကို ဖယ်ရှားသွားမည် ဖြစ်ကြောင်း Google မှ သတိပေးခဲ့သည်။

Ref: PCMag

Credit to Internet Journal
Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, February 13, 2015

ဖေ့စ်ဘွတ် အကောင့် ဆက်ခံသူကို ရွေးနိုင်တော့မယ်



ဖေ့စ်ဘွတ် အသုံးပြုသူ တစ်ဦးဦး သေဆုံးတဲ့အခါ သူ့ရဲ့ အကောင့်ကို ကျန်ရစ်သူ တစ်ဦးဦးက လက်လွှဲ ဆက်ခံနိုင်စေဖို့ ကြိုတင် ရွေးချယ်ထားနိုင်မယ့် နည်းလမ်းကို ဖေ့စ်ဘွတ်က မိတ်ဆက်လိုက်ပါတယ်။

ဒီနည်းလမ်း ပေါ်ထွက်မလာမီ အချိန်အထိ အကောင့်ပိုင်ရှင် တစ်ဦးဦး သေဆုံးလို့ ဖေ့စ်ဘွတ်ကို အကြောင်းကြားခဲ့ရင် အဲဒီ လူရဲ့ ဖေ့စ်ဘွတ် စာမျက်နှာက သူ့ကို အမှတ်ရတဲ့ စာမျက်နှာအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပေမယ့် အဲဒီ စာမျက်နှာမှာ တခြား ဘာမှ ပြုပြင် ပြောင်းလဲလို့ မရပါဘူး။

အခုတော့ Legacy contact လို့ ခေါ်တဲ့ အမွေဆက်ခံသူကို ရွေးချယ်ထားနိုင်မယ့် နည်းလမ်းအရ အကောင့်ပိုင်ရှင် သေဆုံးတဲ့အခါ အဲဒီ ဆက်ခံသူက သေဆုံးသူရဲ့ အမှတ်ရ စာမျက်နှာပေါ်မှာ ပို့စ်တင်တာ၊ Friend အသစ်တွေ လက်ခံတာ၊ Profile ပုံနဲ့ Cover ပုံတွေ ပြောင်းတာ စတာတွေ လုပ်လာနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခု မိတ်ဆက်လိုက်တဲ့ Legacy contact ရွေးချယ်တဲ့ နည်းကို လောလောဆယ်မှာတော့ အမေရိကန်က ဖေ့စ်ဘွတ် အသုံးပြုသူတွေသာ ရရှိဦးမှာ ဖြစ်ပြီး တခြားနိုင်ငံတွေက ဖေ့စ်ဘွတ် သုံးသူတွေအတွက် နောက်မှ ဆက်လက် တိုးချဲ့ပေးသွားမယ်လို့ သိရပါတယ်။

Credit : BBC

Post By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

Friday, November 28, 2014

MPT က e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် e-top up ဝန်ဆောင်မှုကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ပြီး MPT ငွေဖြည့်ကတ် ဝယ်ယူရရှိနိုင်သော ဆိုင်အချို့တွင် စတင်စမ်းသပ်လျက်ရှိကြောင်း သိရသည်။
“e-top up ဆိုတာက ပုံမှန်ခဲခြစ်ပြီး ငွေဖြည့်စရာမလိုဘဲ ဆိုင်မှာတစ်ခါတည်း ငွေဖြည့်ပေးတဲ့စနစ်ပါ။ ကိုယ် ဖြည့်ချင်တဲ့ တစ်သောင်းကတ်၊ ငါးထောင်ကတ်ကို ဆိုင်မှာဖြည့်ပေးပါလို့ ပြောလိုက်ရုံပါပဲ” ဟု စတင် ဝန်ဆောင်မှုပေးနေသည့် Elite အရောင်းဆိုင်တစ်ဆိုင်မှ ပြောကြားသည်။
MPT ၏ e-top up ဝန်ဆောင်မှုကို Elite Tech နှင့် Asia Mega Link ဆိုင်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ဆိုင်အချို့၌ စမ်းသပ်ဆောင်ရွက်ပေးလျက် ရှိသော်လည်း မကြာခင်တွင် အရောင်းဆိုင်များ အားလုံးသို့ တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
Credit to Internet Journal 

Tuesday, November 25, 2014

အွန်လိုင်းပေါ်မှတစ်ဆင့် သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် နိုင်ငံတကာသင်ရိုးညွှန်းတမ်း အရေအတွက် ၅၀၀ ကျော်ရှိလာပြီဖြစ်



Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ပညာသင်ကြားရေးစနစ် ကျယ်ပြန့်လာစေရန်အတွက် ခန်းမြန်မာအကယ်ဒမီ (Khan Myanmar Aca-demy) အဖွဲ့အစည်းက အွန်လိုင်းပေါ်တွင် မြန်မာဘာသာဖြင့် သင်ယူနိုင် မည့် နိုင်ငံတကာ ဘာသာရပ်ပေါင်း ၅၀၀ ကျော်ကိုလွှင့်တင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာမှကျောင်းသား များနည်းတူ အွန်လိုင်းပေါ်တွင် သင်ကြားနိုင်မည့်ဘာသာရပ်များမှာ သချာင်္၊ သိပ္ပံ၊ အနုပညာ၊ ဘဏ္ဍာရေးနှင့် စာရင်းကိုင်၊ ကွန်ပျူတာ အစရှိသည့်ဘာသာရပ်များဖြစ်ပြီး ယခုလက်ရှိ အချိန်တွင် မြန်မာဘာသာသို့ပြန်ဆိုထားသည့် သင်ကြားမှုဗွီဒီယိုဖိုင်အရေအတွက်မှာ ခန်းမြန်မာအကယ်ဒမီ၏ ဝက်ဘ်ဆိုက်တွင် ၅၁၉ ခုရှိလာပြီဖြစ်သည်။

ယခုနှစ်သြဂုတ်လအထိ ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက် စာမျက်နှာပေါ်တွင် အခမဲ့သင်ကြားနိုင်မည့် မြန်မာဘာသာပြန်ဆိုထားသည့် ပညာသင်ကြားရေး ဗွီဒီယိုဖိုင်အရေအတွက်သည်  ၃၃၆ ခုအထိရှိပြီး ဖြစ် သည်။

အဆိုပါဘာသာပြန်ပြိုင်ပွဲသည် ခန်းမြန်မာအကယ်ဒမီ၏ အင်တာနက်စာမျက်နှာပေါ်တွင် မြန်မာဘာသာဖြင့်ပညာသင်ကြားလိုသူများအတွက် အခမဲ့ဘာသာပြန်ဆိုပေးနိုင်မည့် စေတနာ့ ဝန်ထမ်းများကို ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်။

ခန်းမြန်မာအကယ်ဒမီအဖွဲ့အစည်း၏ တရားဝင်ဝက်ဘ်ဆိုက် ပေါ်တွင် ယခင်ကမြန်မာဘာသာ ပြန်ဆိုထားသည့် ပညာသင်ကြား ရေးဗွီဒီယိုဖိုင်ပေါင်း ၁၇၉ ခုသာရှိခဲ့ပြီး ပြီးခဲ့သည့်လက Translate A-Thon ဘာသာပြန်ပြိုင်ပွဲတွင်  ပါဝင်ခဲ့သည့် စေတနာ့ဝန်ထမ်း ၁၁၂ ဦး၏ ဘာသာပြန်ဆိုပေးမှုကြောင့် အရေအတွက် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဝန်ဆောင်မှုများကိုသာ သုံးစွဲခဲ့ရသည့်အချိန်ကာလတွင် ယခုကဲ့ သို့အွန်လိုင်းပေါ်မှ ပညာသင်ကြားနိုင်မည့်အခွင့်အရေးများမရှိခဲ့ပဲ နိုင်ငံခြားကုမ္ပဏီများနှင့် MPT တို့ အပြိုင်အဆိုင် ထွက်ပေါ်လာပြီး လအနည်းငယ်အတွင်း၌ ဒစ်ဂျစ်တယ် ပညာရေးစနစ်ကိုပိုမိုအသုံးချလာနိုင်ကြကြောင်း ရန်ကုန်အခြေစိုက် ကျောင်းသားအချို့ကဆိုကြသည်။

Credit to Internet Journal

Friday, November 7, 2014

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ဝက်ဘ်ဆိုက်လွှင့်တင်



Aung Ko Htet (MM IT Knowledge)

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ရယူနိုင်ရန် ဝက်ဘ်ဆိုက်တွင် စတင်လွှင့်တင်ထားကြောင်းသိရသည်။

အဆိုပါ အချက်အလက်များကို www.asean2014.gov.mm နှင့် www.moi.gov.mm ဝက်ဘ်ဆိုက် များတွင် စတင်လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးများသို့ သတင်းဝင်ရောက် ရယူရမည့် ပြည်တွင်းပြည်ပ မီဒီယာများအတွက် အထောက်အကူ ဖြစ်စေရန်အတွက် အစည်းအဝေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့် Media Handbook အားအထက်ပါ ဝက်ဘ်ဆိုက်နှစ်ခုတွင် လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၁ တွင် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit to Internet Journal

မြန်မာပြည်မှ သုံးစွဲသူများသာ ပါဝင်ဆင်နွှဲနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို Viber ပြုလုပ်



Aung Ko Htet (MM IT Knowledge)

Rakuten ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Viber သည် ၄င်း၏ အခပေး စတစ်ကာများကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ download ရယူနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို စတင်လိုက်ကြောင်း၊ အဆိုပါ အစီအစဉ်သည် မြန်မာပြည်မှ Viber သုံးစွဲသူများအတွက်သာ ဖြစ်ကြောင်း သိရသည်။

Viber ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် (CMO)၊ Mark Hardy က "ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Viber ရဲ့ ရေပန်းအစားဆုံး အခပေး စတစ်ကာလေးတွေကို အခမဲ့ Download ရယူနိုင်အောင် စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်၊ သူငယ်ချင်းတွေ အားလုံးကို Viber ရဲ့ စွဲမက်ဖွယ်ရာ စတစ်ကာတွေပေးပို့ ဆက်သွယ်နိုင်ပါပြီ" ဟု ပြောသည်။

Viber ကို ဖုန်းဖြင့် register ပြုလုပ်ထားသော ပြည်တွင်းမှ Viber သုံးစွဲသူများ အနေဖြင့် Viber ၏ ထိပ်တန်း စတစ်ကာ ၁၀၀ ကျော်ကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အခမဲ့ရယူ နိုင်မည်ဖြစ်သည်။ Viber ၏ အခပေး စတစ်ကာများကို အခမဲ့ရယူနိုင်သည့် အချိန်ကာလအားဖြင့် သုံးပတ်မှ လေးပတ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန် ကာလအတွင်း ကန်ဒေါ်လာ ၁.၉၉ တန်ဖိုးရှိ Viber ၏ ထိပ်တန်း စတစ်ကာများကို အခမဲ့ Download ရယူနိုင်မည် ဖြစ်သည်။

"သတ်မှတ်ထားတဲ့ အချိန် ကာလဆိုတာကတော့ ဒီနေ့ကစပြီး အများဆုံး သုံးပတ်၊ လေးပတ်လောက်ထိ ပေးသွားဖို့ရှိပါတယ်။ Viber ရဲ့ ဒေါ်လာ ၁.၉၉ တန် ထိပ်တန်း စတစ်ကာတွေကို ပြည်တွင်းက Viber သုံးစွဲသူတွေ အခမဲ့ရယူ နိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ Viber ကို register ပြုလုပ်ထားတဲ့ မြန်မာပြည် အတွင်းက Viber သုံးစွဲသူ ဘယ်သူမဆို Viber ရဲ့ စတစ်ကာစတိုးကိုဝင်ပြီး စတစ်ကာတွေကို အခမဲ့ download ရယူနိုင်ပါတယ်" ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Viber သည် အခမဲ့ စာတိုပို့ခြင်းနှင့် HD အရည်အသွေးဖုန်း ခေါ်ဆိုခြင်း၊ ဗီဒီယိုခေါ်ဆိုခြင်းများ လုပ်ဆောင်နိုင်သော ထိပ်တန်းမိုဘိုင်း Application တစ်ခုဖြစ်ကာ ပုံမှန်အသုံးပြုသူသန်း ၄၀၀ ကျော်ရှိပြီး  ပြည်တွင်း၌ Viber သုံးစွဲသူ ၅ သန်းကျော်ရှိကြောင်း သိရသည်။

-ရဲထွဋ်ဝင်း

Wednesday, October 22, 2014

မလေးရှားနိုင်ငံ Kuala Lumpur (KL) တွင် တာဝန်ထမ်းဆောင်ရန် IT Professional (Permanent Position) များ ခေါ်ယူနေပါသည်။


Aung Ko Htet (www.mmitknowledge.com)

စိတ်ပါဝင်စားသူများ October 31, 2014 နောက်ဆုံးထားပြီးလျှောက်ထား နိုင်ပါသည်။မိမိတို့နီးစပ်ရာ သူငယ်ချင်းများ သိရှိလျှောက်ထားနိုင်ရန် ထပ်ဆင့် share ပေးစေလိုပါသည်။
-------------------------------------------------------------------------------------

Kuala Lumpur, Malaysia တွင် အမြဲတမ်းဝန်ထမ်း အဖြစ်ခန့်ထားရန်။
Malaysian-based IT Solution Provider ကုမ္ပဏီမှ Goods & Services Tax (GST) နှင့် self-serve kiosk system projects များအတွက် အောက်ပါ အရည်အချင်းရှိ ၀န်ထမ်းများ ခန့်ထားလိုပါသည်။

1. Project Manager (Required Staff – 7) (RM5,000-RM7,200)
Skillset required - At least 8-12 years of experiences. Minimum 2 years of experience in managing large projects. Either PMP or Prince2 certified - added advantage

2. Project Director (Required Staff – 2) (RM7,500-RM12,000)
Skillset required - Minimum 15 years of experiences in IT with at least 5 years of experience in managing large/global projects

3. IT Infrastructure Lead (Required Staff – 1) (RM3,200-RM5,000)
Skillset required – Minimum 5-7 years experiences in managing servers, network and datacenter

4. Technical Lead (Required Staff – 1) (RM4,000-RM6,000)
Skillset required - Above 8 years of experiences in working on Infrastructure and application development

5. PHP Developer (Required Staff – 1) (RM4,000-RM5,500)
Skillset required - At least 4-7 years experiences in developing applications using Php

6. Java Programmer (Required Staff – 15) (RM4,000-RM5,500)
Skillset required - At least 3-5 years experiences in Java programming. Experience in working on bank related applications is an added advantage

7. .Net Developer (Required Staff – 10) (RM3,500-RM5,500)
Skillset required - At least 4-7 years experiences in developing applications using (.Net). Prior experience in Kiosk related projects is added advantage

8. Network Engineer (Required Staff – 1) (RM3,500-RM5,000)
Skillset required - Minimum 3-5 years experiences in support network devices. Possessing CCNA certification or related would be added advantage

9. Technical Support Engineer (Required Staff – 2) (RM2,500-RM3,000)
Skillset required - At least 3-5 years experiences in supporting Desktops, PCs, network and servers. Having knowledge on Point of Sales is added advantage. Willing to work on shift basis

10. Informix Engineer (Required Staff – 2) (RM4,000-RM6,000)
Skillset required - Minimum 4-6 years experiences in Informix

- ကုမ္ပဏီမှ အလုပ်ဗီဇာ (Work Pass) ကုန်ကျစရိတ် နှင့် (Yangon-KualaLumpur one way ticket) လေယာဉ်လက်မှတ်ခ များကို တာဝန်ယူ ပေးမည်ဖြစ်သည်။

- မလေးရှားသို့ စရောက်သည့်နေ့မှ (၂ ပတ်) အထိသာ ကုမ္ပဏီမှ နေစရာ စီစဉ်ပေးမည်။

- အလုပ်လုပ်ကိုင်ရမည့် သက်တမ်းသည် ဗီဇာ ခွင့်ပြုချက် ၊ မိမိ၏ ပတ်စ်ပို့ သက်တမ်း နှင့် မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်သည်။

- လစာ၊ အခြားခံစားခွင့် နှင့် အသေးစိတ်အချက်အလက်များကို ကုမ္ပဏီနှင့် Final Interview တွင် တိုက်ရိုက် ဆွေးနွေးညှိုနှိုင်းရမည် ဖြစ်ပါသည်။


ပထမအဆင့် ရွေးချယ်/အင်တာဗျူးခြင်းအဆင့်များ ကို online processing (via Skype, Viber, Gtalk) ဖြင့် ရွေးချယ်မည် ဖြစ်ပြီး၊ ရွေးချယ်ခံရသူများသည် ဒုတိယအဆင့်တွင် Malaysia Employer နှင့် personal interview တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများသည် အောက်ပါ CV form (both PDF and MS Words version) ကို download ယူပြီး လိုအပ်သည်များကို English လိုဖြည့်စွက်၍ မိမိတို့၏ Cover Letter နှင့်အတူ October 30, 2014 နောက်ဆုံးထားပြီး recruit@monservices.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

CV form ဖြည့်ခြင်းအတွက် sample ကိုလည်း Reference အဖြစ် download ယူနိုင်ပါသည်။ ပေးထားသော CV form ကိုဒေါင်းလုပ်ယူပြီးဖြည့်စွက်ခြင်းကိုသာ လက်ခံပါသည်။


To download Blank CV form and Sample CV from.
---------------------------------------------------------------
1. Sample CV download link:
https://www.dropbox.com/s/dluao62t5xg0rjy/SAMPLE%20CV.7z?dl=0

2. CV to be completed download link: https://www.dropbox.com/s/804ts966wk40z91/CV%20to%20be%20completed.7z?dl=0

ဆက်သွယ်ရန်-
Mobile (1) : +65 8328 7040 (Viber/Whatsapp/Line)
Mobile (2) : +65 9180 1418 (Viber/Whatsapp/Line)
Skype ID : mnoservices
Hangouts : mnoservices.sg@gmail.com
Email (1) : recruit@mnoservices.com
Email (2) : general@mnoservices.com

Thursday, October 2, 2014

Samsung Firmware Galaxy S2 GT-I9100G Firmware Update



Aung Ko Htet (MM IT Knowledge)

Samsung Galaxy S2 အတွက် Update Firmware ကိုအလိုရှိတဲ့ သူငယ်ချင်းတွေအားလုံး ကျွန်တော် အခုပေးတဲ့ Website လေးကနေ Download လုပ်လို့ရတယ်နော်။

နောက်ဆုံး Update version ကတော့ 4.1.2 အထိရှိပါတယ်။ နည်း လမ်းတွေ ပါ ရေးပေးထားတော့ စုံပါတယ်။ ကလိချင်တဲ့ လူတွေ အတွက်ကတော့ အဆင်ပြေစေပါလိမ့်မယ်။

Click Here to View

Aung Ko Htet (www.mmitknowledge.com)

Please visit my facebook fan page www.facebook.com/mmitknowledge

Thank You !!!

Thursday, September 18, 2014

Japan Education Fair 2014 ပြုလုပ်မည်



Aung Ko Htet (MM IT Knowledge)

Japan Student Services Organization (JASSO)၊ မြန်မာနိုင်ငံရှိ ဂျပန်သံရုံးနှင့် Myanmar Association of Japan Alumni (MAJA) တို့မှ ကြီးမှူးကျင်းပသော Japan Education Fair 2014 ကို မြန်မာနိုင်ငံ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပွဲတော်အား စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ Sule Shangri-La Hotel  တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေးပွဲတော်ကို မြန်မာနိုင်ငံရှိ Japan International Cooperation Agency (JICA)၊ Myanmar-Japan Center for Human Resources Development (MJC) တို့မှလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ဂျပန်နိုင်ငံသို့ သွားရောက်ပညာသင်ကြားလိုသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ဂျပန်နိုင်ငံ၏ အဆင့်မြင့်ပညာရေးနှင့် ပတ်သက်သော မှန်ကန်သည့်သတင်းအချက်လက်များကို ဝေမျှပေးမည့် အပြင် ကျောင်းရွေးချယ်မှုများ မှန်ကန်စေရန်အတွက် ကူညီမှုများပေးနိုင်စေရန်ရည်ရွယ်၍ ၎င်းပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
ပွဲသို့ ဂျပန်နိုင်ငံတွင်ပညာသင်ကြားလိုသော မြန်မာနိုင်ငံရှိ အထက်တန်းကျောင်းသား၊ ကျောင်း သူများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေး ဝန်ဆောင်မှုလုပ်ငန်း ပြုလုပ်နေသူများ တက်ရောက်နိုင် မည်ဖြစ်သည်။ ပွဲတွင် ဂျပန်နိုင်ငံ၏ပညာရေးစနစ် အကြောင်း၊ တက်ရောက်နိုင်သော ဘာသာရပ်များအကြောင်း၊ ကျောင်းဝင်ခွင့်များအကြောင်း၊ ဂျပန်တက္ကသိုလ်များ၊ ကောလိပ်များနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်ပြီး ဂျပန်တက္ကသိုလ်များနှင့် ထိုင်း တက္ကသိုလ်တို့အကြား မိတ်ဖက်တက္ကသိုလ်များအဖြစ် ပြုလုပ်မည့် အကြောင်းများကိုလည်း ရှင်းလင်းပြောကြားပေး သွားမည်ဖြစ်သည်။

JASSO အဖွဲ့အစည်းမှလည်း ဂျပန်နိုင်ငံတွင် ပညာသင်ကြားခြင်းနှင့်ပတ်သက်သော Video  Presentation ကို ပြသပေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးမှလည်း ဂျပန်အစိုးရပညာသင်ဆုနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပေးသွားမည်ဖြစ်သည်။

ပညာရေးပွဲတော်တွင် ဂျပန်နိုင်ငံရှိ တက္ကသိုလ် ၁၇ ခုပါဝင်ပြသမည်ဖြစ်ပြီး အစိုးရတက္ကသိုလ်များဖြစ်သော Hokkaido University, Kyoto University, Kyushu University, Okayama University, Shinshu University၊ ကိုယ်ပိုင်တက္ကသိုလ်များဖြစ်သော Daito Bunka University, Higashi Nippon International University, Matsumoto Dental University, Ritsumeikan Asia Pacific University, Ritsumeikan University, Takushoku University, Waseda University၊ Japanese Language Institutions များဖြစ်သော Aoyama School of Japanese, I.C.NAGOYA Japanese Language School, Kyoshin Language Academy, Shinjuku Heiwa Japanese Language School တို့အပြင် Metropolitan Tokyo Professional Institution Association တို့မှ ပါဝင်ပြသသွားမည်ဖြစ်သည်။

Internet Journal 

ZTE က ဈေးနှုန်း သက်သာသော အရွယ်ကြီး စမတ်ဖုန်း ZMax ကို ကြေညာ


Aung Ko Htet (MM IT Knowledge)


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ZTE က အမေရိကန်တွင် ZMax ဟု အမည်ပေးထားသော Android Phablet ကို T-Mobile မှ ရောင်းချမည်ဟု ကြေညာလိုက်ပါသည်။ ၅.၇ လက်မအရွယ် ဈေးသက်သာသော စမတ်ဖုန်း ဖြစ်ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။ စာချုပ်အလွတ် ၀ယ်ယူလျှင် ဒေါ်လာ ၂၅၂ ဖြစ်ပါသည်။ စာချုပ်ဖြင့် ၀ယ်ယူလျှင် တစ်လလျှင် ၁၀.၅၀ ဒေါ်လာဖြင့် ၂၄ လပေးသွင်းရမည် ဖြစ်သည်။

ZTE ZMax တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 Chipset ဖြင့် မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 2GB RAM , 16GB Internal Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။

၅.၇ လက်မ LCD တပ်ဆင်ထားပြီး Resolution မှာ 1280x720 ဖြစ်ပါသည်။ အနောက်ဘက်တွင် 1080p Video များကို ရိုက်ကူးပေးနိုင်သော 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.6MP Camera တပ်ဆင်ထားပါသည်။

3400mAh Battery ပါရှိပါသည်။ Android 4.4.2 KitKat ကို အသုံးပြုထားပါသည်။ စွမ်းဆောင်ချက်များ အနေဖြင့် အသံဆူညံမှုကို ဖယ်ရှားပေးနိုင်သော မိုက်ကရိုဖုန်း နှစ်ခု တပ်ဆင်ထားပါသည်။

အဆိုပါ စမတ်ဖုန်းသည် ZTE ၏ အမေရိကန် ဈေးကွက်ကို ထိုးဖောက်နေမှုကို ထပ်မံ ပြုလုပ်လိုက်ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။ Gartner ၏ စစ်တမ်းအရ ZTE သည် ကမ္ဘာ့ ပဉ္စမ အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူဖြစ်ပြီး ဈေးကွက် ဝေစု ၃.၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါသည်။


Myanmar Digital Life Journal

မော်တော်ကား တစ်စီးကို ၄၄ နာရီအတွင်း 3D Printer ဖြင့် ထုတ်လုပ်



Aung Ko Htet (MM IT Knowledge)
 
မဝေးတော့သော အနာဂတ်တွင် ကားအရောင်းဆိုင် သို့သွားပြီး ကားထိုင်ခုံများ အပါအ၀င် နှစ်သက်ရာ ဒီဇိုင်းကို ကွန်ပြူတာမှ ရွေးချယ် ရေးဆွဲနိုင်ပြီး နာရီပိုင်းအတွင်း 3D Printer ဖြင့် တစ်ထိုင်တည်း ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။

Local Motors က Strati ဟု အမည်ပေးထားသော မော်တော်ကားကို ကမ္ဘာ့ပထမဆုံး အနေဖြင့် 3D Printer ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်ယောက်စီး ကားဖြစ်ပြီး International Manufacturing Technology Show (IMTS) တွင် ပြသခဲ့ခြင်း ဖြစ်ပါသည်။

Ford Motors ၏ အဆိုအရ မော်တော်ကား အများစုတွင် အစိတ်အပိုင်း ငါးထောင်မှ ခြောက်ထောင် ပါရှိပါသည်။ Strati တွင် မော်တာ၊ ဘီး၊ ထိုင်ခုံ ၊ လေကာမှန်နှင့် ကိုယ်ထည် အပါအ၀င် အစိတ်အပိုင်း ၄၉ ခုသာ ပါရှိပါသည်။ 3D Printer များဖြင့် ထုတ်လုပ်သော မော်တော်ကားများစွာ ပေါ်ထွက်ဖူးသော်လည်း Strati သည် မောင်းနှင်၍ရသော ပထမဆုံး 3D Printer ဖြင့် ထုတ်လုပ်သော ကားဖြစ်ပါသည်။ Strati ကို ၄၄ နာရီအတွင်း ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ဖြစ်ပြီး တစ်နာရီလျှင် မိုင်လေးဆယ်နှုန်းဖြင့် တစ်ခါအားသွင်းထားလျှင် မိုင် ၁၂၀ မောင်းနှင်နိုင်ပါသည်။ ၂၀၁၆ ခုနှစ်အတွင်း ဒေါ်လာ ၁၈၀၀၀ နှင့် ၃၄၀၀၀ ကြားတွင် ရောင်းချမည် ဖြစ်သည်။

Local Motors ၏ 3D Printing နည်းပညာဖြင့် ထုတ်လုပ်ထားသော Strati ကို အောက်ပါ ဗီဒီိယိုတွင် လေ့လာနိုင်ပါသည်။

http://www.youtube.com/watch?v=daioWlkH7ZI


Myanmar Digital Life Journal

Microsoft က Windows အတွက် Xbox Controller ကို ပြသ



Aung Ko Htet (MM IT Knowledge)

Microsoft က Windows အတွက် Xbox Controller နှင့် iPad အပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးအတွက် Mouse နှင့် Keyboard များကို ပြသလိုက်ပါသည်။

Windows အတွက် Xbox Controller တွင် ကွန်ပြူတာ၊ တက်ဘလက်များနှင့် ချိတ်ဆက်ရန် USB ကြိုးပါရှိပါသည်။ ထို့အပြင် ၀င်းဒိုးအတွက် Xbox Controller သည် Xbox ဂိမ်းစက်နှင့် ကြိုး သို့မဟုတ် ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ ပလက်ဖောင်းနှစ်ခုစလုံးတွင် အသုံးပြုနိုင်သော Controller ဖြစ်ပါသည်။ Windows 7 , Windows 8, Windows 8.1 ကွန်ပြူတာများနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ နိုဝင်ဘာလတွင် ဒေါ်လာ ၅၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Microsoft က Arc Mouse ကို Bluetooth 4.0 သို့မဟုတ် Bluetooth Smart Technology ဖြင့် အဆင့်မြှင့် ထုတ်လုပ်လိုက်ပါသည်။ လက်ပုံသဏ္ဍာန်နှင့် ကိုက်ညီရန် Mouse ကို ကွေးကောက်သည့် ပုံသဏ္ဍာန် ပြုလုပ်ပေးထားပါသည်။ Mouse ကို ပြားချပ်သွားစေရန်လည်း ပြုလုပ်နိုင်ပါသည်။ AAA Battery ကို အသုံးပြုနိုင်ပြီး ကြိုးမဲ့ ဆက်သွယ်နိုင်ပါသည်။ Arc Mouse ကို Windows 8 နှင့် နောက်ပိုင်း ကွန်ပြူတာများနှင့် ချိတ်ဆက်နိုင်ပါသည်။ စက်တင်ဘာလတွင် ဒေါ်လာ ၆၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Android , iOS Device များအပါအ၀င် တက်ဘလက် အမျိုးအစား အားလုံးနှင့် တွဲဖက် အသုံးပြုနိုင်သော Universal Mobile Keyboard ကိုလည်း Microsoft က ရောင်းချပေးမည် ဖြစ်သည်။ Bluetooth ဆက်သွယ်မှုဖြင့် Device သုံးခုကို လျှင်မြန်စွာ ပြောင်းလဲ ချိတ်ဆက်နိုင်ပါသည်။ ကီးဘုတ်တွင် ကာဗာ ပါရှိပြီး တက်ဘလက်အတွက် Stand အဖြစ် အသုံးပြုနိုင်ပါသည်။ OS X/ iOS မှ Command Key , Android မှ Home Button တို့အပါအ၀င် ပလက်ဖောင်း တစ်ခုချင်းစီ၏ မတူညီသော ကီးများကို ကီးဘုတ်တွင် အသုံးပြုနိုင်သည်ဟု Microsoft က ပြောပါသည်။ တစ်ခါအားသွင်းထားလျှင် ခြောက်လ အသုံးပြုနိုင်ပါသည်။ အောက်တိုဘာလတွင် ဒေါ်လာ ၇၉.၉၅ ဖြင့် ရောင်းချမည် ဖြစ်သည်။

Microsoft က Wireless Mobile Mouse 3500 ကိုလည်း ထုတ်လုပ်ပေးလိုက်ပါသည်။ ဒီဇိုင်းသုံးမျိုး ထုတ်လုပ်ပေးထားပြီး စက်တင်ဘာလတွင် ဒေါ်လာ ၂၉.၉၅ ဖြင့် ရောင်းချပေးမည် ဖြစ်သည်။

Myanmar Digital Life Journal
 

မြန်မာနိုင်ငံရှိ Startup တည်ထောင်သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် Startup Bootcamp ကျင်းပပြုလုပ်မည်


Aung Ko Htet (MM IT Knowledge)

မြန်မာနိုင်ငံရှိ Startup တည်ထောင်သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် Lithan University College မှဦးစီးပြီး Startup Bootcamp အမည်ရှိ အစီအစဉ်ကို အောက်တိုဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး လျှောက်လွာများကို စက်တင်ဘာလ ၁၇ ရက်မှစပြီး စက်တင်ဘာလ ၃၀ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လျှောက်ထားလာသောလျှောက်လွှာများကို စိစစ်ရွေးချယ်ပြီးနောက် အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသူများအား အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

Startup Bootcamp ကို နှစ်ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး အစီအစဉ်တွင်ပါဝင်ရန် ရွေးချယ်ခံရသူများအနေဖြင့် Lithan University College ၏ Digital Library ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး (Learn Campus၊Go To market Strategy နှင့် Business Viability) အစရှိသောကမ္ဘာကျော် Startup နည်းစနစ်များအား ဖော်ပြထားသည့် E-book များကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် နှစ်ရက်ဆက်တိုက်ပြုလုပ်မည့် Bootcamp အတွင်းတွင်လည်း Startup Entrepreneur များ သိသင့်သိထိုက်သည့် အသိပညာများနှင့် နည်းဗျူဟာများကို သင်ကြားပေးသွားမည်ဖြစ်သည်။ ကျင်းပသည့်နှစ်ရက်အတွင်း LUC ၏ Digital Library မှမိမိတို့လေ့လာဖတ်ရှုထားသော အကြောင်းအရာများကို ဆွေးနွေးကြရမည်ဖြစ်ပြီး ထိုဆွေးနွေးမှုများကို LUC မှ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းမှအောင်မြင်သော Entrepreneurများမှ ဦးဆောင် ဆွေးနွေး သွားမည်ဖြစ်ကာ အစီအစဉ်အဆုံးတွင် အကဲဖြတ်ဒိုင်များ၏ရှေ့၌ မိမိ၏ Business idea များကို တင်ပြကာ ပြိုင်ပွဲဝင်ရမည် ဖြစ်သည်။

အနိုင်ရရှိသူများအနေဖြင့် မိမိ၏ Business Idea အတွက်အမေရိကန် ဒေါ်လာနှစ်ထောင်ကို ဆုအဖြစ်ရရှိပြီး ကမ္ဘာကျော် Channel News Asia ကပြုလုပ်မည့် Start up Reality Show အစီအစဉ်တွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုပြီး ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။

“အရမ်းကိုအကြံဥာဏ်ကောင်းပြီး စီးပွားရေးအမြင်ရှိတဲ့ လူငယ်တွေ၊ နည်းပညာနဲ့ပတ်သက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကိုထူထောင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။ အဲဒီအထဲမှာ လူတချို့က အဆင်ပြေလို့ ကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ကြိုးစားလုပ်နေကြပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ အဲဒီလို ကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေး အခြေအနေနဲ့ ရင်နှီးမြှုပ်နှံကြတယ်ဆိုတဲ့အခါ အထိုက်အလျောက်ပဲ ထိရောက်မူရှိတာဆိုတော့ ပိုကြီးမာတဲ့အောင်မြင်မူကို ရဖို့ဆိုတာက ဒီလိုကူညီထောက်ပံ့မူတွေ လိုအပ်မယ်လို့ မြင်မိတဲ့အတွက် ယခုလို ကူညီပေးတဲ့အစီအစဉ်တွေပြုလုပ်ရတာပါ" ဟု Lithan University College မှ Country Manager ဒေါ်ပြည့်သီရီသော်က ပြောကြားခဲ့သည်။

Start-up Boot Camp အကြောင်းကို အောက်ပါ Start-up Boot Camp Myanmar ၏ Offical Facebook page ဖြစ်သော www.facebook.com/StartupBootcampMM တွင် လေ့လာနိုင်ပြီး လျှောက် လွှာများကို http://goo.gl/LuZEud မှ Download ပြုလုပ်ကာ Application Form ကို ဖြည့်စွက်ပြီး info@startupbootcampmm.comသို့ ပြန်လည်ပြီး အီးမေးလ်ပေးပို့ရမည်ဖြစ်သည်။

Internet Journal