Powered by Blog - Widget

Wednesday, April 2, 2014

ကျောင်းသားတိုင်းသိထားသင့်တဲ့ Google Tips and Tricks



Aung Ko Htet (MM IT Knowledge)

အထက်တန်းကျောင်းသားတွေပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းသားတွေပဲဖြစ်ဖြစ် Google က အဓိကကျတဲ့ သင်ကြားရေး အထောက်အကူတစ်ခု ဖြစ်လာပါပြီ။ ကျောင်းသားတွေအတွက် အသုံးဝင်တဲ့ Google Tips and Tricks များကို မျှဝေလိုက်ပါတယ်။

သင်သိချင်တဲ့ အကြောင်းအရာ အတိအကျကို လျှင်မြန်စွာရှာပါ။

လူတိုင်းက Google Search ကို အသုံးပြုတတ်ပါတယ်။ ဒါပေမယ့် Google Search ကို ထိရောက်စွာ အသုံးပြုတတ်သူရှားပါး ပါတယ်။

၁. တိကျပါ။
ဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးတစ်ခုကိုရှာမယ်ဆိုရင် site: “ website URL” ရှာဖွေသည့်စကားစုကို အသုံးပြုပါ။ စာရေးဆရာနာမည်နဲ့ ရှာနိုင်ဖို့ author: “name” လို့ရိုက်ရှာနိုင်ပါတယ်။ ဆောင်းပါးရဲ့ ခေါင်းစီး ကို ရှာဖွေချင်ရင် intitle: “word” လို့ရှာဖွေပါ။

၂.ဖော်မက်
Filetype: “jpg or other extension” လို့ရိုက်ပြီး ဖိုင်ဖော်မက် အလိုက် ရှာဖွေပါ။

၃.ရှာဖွေမှုကို တိုးချဲ့ပါ။
(*) Asterisk ကို Wildcard Search Operator လိုအသုံးပြုပြီး Google ကို ကွက်လပ်ဖြည့်ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့် Thomas Edison invented * လို့ရိုက်လိုက်ရင် Thomas Edison တီထွင်ခဲ့တာတွေကို Google က ပြသပေးပါလိမ့်မယ်။

Site operator ကို အသုံးပြုတဲ့နေရာမှာ အခြားအသုံးပြုနည်းတွေရှိပါတယ်။ site:edu လို့ရိုက်ရှာရင် ပညာရေးနဲ့ သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကိုပဲပြပေးပါလိမ့်မယ်။ site:edu advanced chemistry exams လို့ရိုက်ရှာခြင်းဖြင့် chemistry စာမေးပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပညာရေး ဝက်ဆိုက်တွေမှာ ရှာဖွေပေးပါလိမ့်မယ်။ Site Operator နဲ့ Filetype Operator တို့ကို ပေါင်းစည်းပြီးတော့ စာမေးပွဲအတွက်လိုအပ်တဲ့ eBook တွေရှာဖွေနိုင်ပါတယ်။ Google Search Operator တွေကို Google Help Page မှာ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် Google က Advanced Operators တွေကို ပြုလုပ်ပေးထား ပါတယ်။ History / Politics ကျောင်းသားတွေက site:gov ကို အသုံးပြုနိုင်ပါတယ်။

Related: operator ကို အသုံးပြုပြီး ဆင်တူတဲ့ ဝက်ဆိုက်တွေကို ရှာနိုင်ပါတယ်။ ဥပမာ အားဖြင့် related:www.thatantoeaung.com လိုရှာရင် သန်းတိုးအောင် ဝက်ဆိုက် နဲ့ ဆင်တူတဲ့ ဝက်ဆိုက်တွေကို ပြပေးပါလိမ့်မယ်။

သင့်ရဲ့ ဆရာ က အချို့သော ဝက်ဆိုက်တွေကို အသုံးပြုခွင့်မပေးဘူးဆိုရင် minus sign ကို အသုံးပြုပြီး အဲဒီဝက်ဆိုက်တွေကို ရှောင်ရှားနိုင်ပါတယ်။ ဥပမာအားဖြင့် encryption – site:Wikipedia.org လို့ရိုက်ရှာရင် encryption နဲ့ ပတ်သက်တဲ့ ဝက်ဆိုက်တွေကို ရှာပေးမှာဖြစ်ပေမယ့် Wikipedia ဝက်ဆိုက်ကိုတော့ ပြသပေးမှာမဟုတ်ပါဘူး။ အဓိပ္ပါယ် နှစ်မျိုးရှိတဲ့ စကားလုံးတစ်ခုကိုရှာဖွေတဲ့အခါမှာ တစ်မျိုးကိုရှောင်ရှားချင်ရင်လည်း အသုံးဝင်ပါတယ်။ ဥပမာ jaguar – car လို့ရှာခြင်းဖြင့် ကားတွေကို ရှာဖွေခြင်းမပြုတော့ဘဲ အခြားအဓိပ္ပါယ် များကိုသာရှာဖွေပေးပါလိမ့်မယ်။

အထက်ပါ Operators တွေကို ပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။

စကားလုံးတစ်ခုရဲ့ Definition ကို သိနိုင်ဖို့ define “word” လို့ ရိုက်ရှာပါ။

Google ကို သင်္ချာတွက်ခိုင်းလို့ရပါသေးတယ်။ Google Search မှာ အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား စတဲ့ Operator တွေကို အသုံးပြုနိုင်ပါတယ်။ 7% of 1543 , 2*3*7 စတာတွေအပြင် Advanced Opetators တွေများစွာရှိပါတယ်။ ဒါ့အပြင် ယူနစ် ပြောင်းလဲမှု တွေကို လည်း ပြုလုပ်နိုင်ပါတယ်။ ဥပမာအားဖြင့် 50 feet လို့ရိုက်လိုက်တာနဲ့ အခြားယူနစ် တွေကို Google က ပြပေးပါလိမ့်မယ်။

Google ကို ကွက်လပ် ဖြည့်ခိုင်းလို့ရပါသေးတယ်။ Martin Luther King Jr. was born on လို့ရိုက်လိုက်ရင် January 15 1929 လို့ ပြပေးပါလိမ့်မယ်။ 

Tuesday, April 1, 2014

အင်တာနက်ဂျာနယ် အတွဲ (၁၅) အမှတ် (၁၄) ကို



Aung Ko Htet (MM IT Knowledge)

အင်တာနက်ဂျာနယ် အတွဲ (၁၅) အမှတ် (၁၄) ကို download ပြုလုပ်နိုင်ပါပြီ။ (33.6MB)
  

ဒီနေရာကို နှိပ်ပြီး Download လုပ်နိုင်ပါတယ် >>>

အားလုံးအဆင်ပြေကြပါစေ...

Ref: Internet Journal

ဂျပန်နိုင်ငံလုပ် BMB စပီကာ Serie များနှင့် Amplifier ကို သင်္ကြန်ကာလ အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမည်



Aung Ko Htet (MM IT Knowledge)


ဂျပန်နိုင်ငံလုပ် BMB Speaker နှင့် Amplifier များကို ၂၀၁၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ထိ သင်္ကြန်အထူးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ BMB Speaker များတွင် CSV series, CSD Series, CSX Series, CSN Series နဲ့ CSJ Series ဆိုပြီး Series 5 မျိုး ထုတ်လုပ်ထားတယ်လို့ သိရ ပါတယ်။ သီချင်းနားထောင်ရန်အတွက် ကောင်းမွန်တယ်လို့ သိရပါတယ်။ ကာရာအိုကေ သီဆိုသူများအတွက် အသံထွက်ကောင်းမွန်စေတဲ့ CSN-455(E) 450 ဝပ် ၁၀ လက်မ စပီကာကို ယခင်ဈေးနှုန်း ၃၄၈,၀၀၀ ကျပ်မှ ယခုအခါ  ၂၇၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကာရာအိုကေ ဝါသနာပါသူများအကြိုက် CSX-550(SE) 400 ဝပ်၊ ၈ လက်မစပီကာကို ယခင်ဈေး ၃၃၅,၀၀၀ ကျပ်မှ ယခုအခါ ၂၆၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အရွယ်အစားသေးငယ်သော်လည်း အသံထွက်ကောင်းမွန်တဲ့ CSJ-210(SE) 200 ဝပ်၊ ၆ လက်မ စပီကာကို ယခင်ဈေး ၃၂၆,၀၀၀ ကျပ်မှ ယခုအခါ ၂၅၀,၀၀၀ ကျပ် ဖြင့်လည်းကောင်း ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ နည်းပညာမြင့်မားပြီး အရွယ်အစားကြီးမားတဲ့ LCD စကရင်ဖော်ပြမှုစနစ်နဲ့ Digital Amplifier DAS-300(SE) 300 ဝပ် × ၂ လိုင်း/ ၁၅၀ ဝပ် × ၄ လိုင်းကို ယခင်ဈေးနှုန်း ၆၃၀,၀၀၀ ကျပ်မှ ယခုအခါ  ၅၈၈,၀၀၀ ကျပ်ဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Original BMB Spare Parts တွေကိုလည်း ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အရောင်းကိုယ်စားလှယ်များနှင့် ဝယ်ယူသုံးစွဲလိုသူများအနေဖြင့် BMB အမှတ်တံဆိပ် ဂျပန်နိုင်ငံထုတ် စပီကာအမျိုးမျိုးကို Tri-treasures International Co.,Ltd MT Electronic (ရန်ကုန် ) ဖုန်း ၀၁-၃၈၁၂၀၂၊ ၀၉၂၀၀၄၄၄၉ နှင့် မျိုးသိန်းအီလက်ထရောနစ် (မန္တလေး) ဖုန်း ၀၂-၃၅၃၃၂၊ ၆၁၆၆၆၊ ၂၂၁၇၇ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။



ref: ကောင်းမြတ်ထွန်း၊ မန္တလေး

 

Digital Camera များကို အထူးလျှော့ဈေးဖြင့် ရောင်းချမည်



Aung Ko Htet (MM IT Knowledge)


သင်္ကြန်ရုံးပိတ်ရက် ရက်ရှည်ကာလအတွင်း မိသားစုများနှင့် ခရီးသွားစဉ် ပျော်ရွှင်စရာပုံရိပ်လေးများကို မှတ်တမ်းတင်နိုင်ရန်အတွက်  Digital Camera နှင့် Video Camera များကို အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ Sony, Samsung, Canon, Nikon, Fuji အစရှိတဲ့ Brand တွေမှ နာမည်ကြီး Model တွေနဲ့ ဈေးသင့်တဲ့ Model တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Professional, Video Camera, Fancy Camera တွေကို အတန်းအစားအလိုက် ဈေးနှုန်းအစုံ ခွဲခြားသတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။ Fancy Camera တွေကို ၅၀,၀၀၀ ကျပ်၊ ၇၀,၀၀၀ ကျပ်နဲ့ ၉၀,၀၀၀ ကျပ်ဆိုပြီး class သုံးမျိုး ခွဲခြားထားပါတယ်။ ဝယ်ယူအသုံးပြုလိုပါက PHYO IT PLAZA (MOBILE, CAMERA, GAME) ဖုန်း ၀၂-၃၃၄၃၁ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



ref: ကိုအောင်

AF နည်းပညာသစ်ပါဝင်သော dSLR ကင်မရာကို Nikon မိတ်ဆက်



Aung Ko Htet (MM IT Knowledge)


AF နည်းပညာသစ်နှင့် တခြား လုပ်ဆောင်ချက် Function သစ် များစွာပါဝင်သော dSLR ကင်မရာ မော်ဒယ်သစ်တစ်မျိုးကို Nikon ၏ မြန်မာပြည်တစ်ဦးတည်း ဖြန့်ချိရေးကိုယ်စားလှယ်ဖြစ်သော Special Style Photo ရ Electro nics မှ မိတ်ဆက်ခဲ့သည်။



“ဒီကင်မရာမှာ ယခင် D4 မှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ မတူတဲ့ နည်းပညာသစ်တွေကို အသုံးပြုထားတာ တွေ့ရပါတယ်။ နောက်ပြီး အရင်ထုတ်ခဲ့တဲ့ ကင်မရာတွေရဲ့ အားနည်းချက် ၄၀ ကျော်ကို ဒီကင်မရာမှာ ပြင်ဆင်ထားတယ်လို့ Nikon က ဆိုထားပါတယ်။ ဒီကင်မရာက dSLR ကင်မရာလို့ ပြောရမှာထက် မာတီမီဒီယာသုံးကင်မရာလို့ ပြောရမှာဖြစ်ပါတယ်” ဟု Nikon D4s ကင်မရာ မိတ်ဆက်ပွဲကို တက်ရောက်လာသူ ဓာတ်ပုံဆရာ တစ်ဦးက ၎င်း၏ အမြင်ကိုပြောသည်။



အဆိုပါကင်မရာတွင် Focus ဖမ်းယူမှုကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်သည့် Group Area AF စနစ်ထောက်ပံ့ပါဝင်ပြီး  ကင်မရာ၏ စွမ်းဆောင်ရည်ကို မြန်ဆန်စေသည့်အပြင် ပုံရိပ်ကြည်လင်ပြတ်သားမှုပိုင်း ထောက်ပံ့ပေးသော Expeed 4 အင်ဂျင်အသစ်ကို အသုံးပြုထားသည်။ AE/AF စနစ်ဖြင့် အဆက်မပြတ်ရိုက်ကူးမှုကို 11fps ဖြင့်ရိုက်ကူးနိုင်မှာဖြစ်ပြီး ISO ကို လေးသိန်းကျော်ထိ မြှင့်တင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။



ထို့ပြင် ပုံရိပ်ဖမ်းယူမှုအတွက်  Small RAW နည်းပညာသစ် ထောက်ပံ့ပါဝင်ပြီး ၎င်းနည်းပညာသည် ပုံမှန် RAW format (16.2 megapixel) ထက် ဖိုင်အရွယ်အစားချုံ့၍ 4 megapixel (2464x 1640) အရည်အသွေး 13MB (12-bit) အရွယ်အစား ပုံရိပ်များထိ ပြောင်းလဲရိုက်ကူးနိုင်မည် ဖြစ်သည်။ ကင်မရာတွင် ပါဝင်သော LCD စကရင်၏ ကာလာကိုလည်း ရိုက်ကူးသည့်နေရာပေါ်မူတည်၍ စိတ်ကြိုက်ချိန်ညှိထားနိုင်မည်ဖြစ်ပြီး Gigabit Ethernet (1000Base-T) နည်းပညာသစ်ကို အသုံးပြုထားသည့်အတွက်  3.5x ထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် အချက်အလက်ဒေတာများကို ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ D4s ကင်မရာတွင် WR-R1/R10 စနစ် ထောက်ပံ့ပါဝင်လာပြီး ကြိုးမဲ့ WT-5 wireless adapter သုံး၍ တခြားကင်မရာများဖြင့် ချိတ်ဆက်ကာ ကင်မရာမှ remote အနေဖြင့် ထိန်းချုပ်ရိုက်မည်ဖြစ်ကြောင်း သိရသည်။



ref: ရဲထွဋ်ဝင်း

မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှု ဘဏ်အများစု ဆောင်ရွက်လျက်ရှိ



Aung Ko Htet (MM IT Knowledge)

မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှု ဘဏ်အများစုက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဘဏ်များ၏ တာဝန်ရှိသူများထံမှ သိရသည်။



“လွန်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ကတည်းက မိုဘိုင်းဘဏ်စနစ်နဲ့ ပတ်သက်လို့ Rules and regulation ထုတ်ထားပြီးပြီ၊ ကျန်တာတွေက အဓိကမဟုတ်တော့ဘူး။ ကျွန်တော်တို့ ဘဏ်ဆိုရင် အချင်းချင်းအပြန်ပြန် အလှန်လှန် သုံးပြီးတဲ့အခါမှ Presentation ပြတယ်။ မိုဘိုင်းဘဏ်စနစ်ကို ဆောင်ရွက်နေတာတော့ ငါးဘဏ်တော့ အနည်းဆုံးရှိလိမ့်မယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။ ဘဏ်များအနေဖြင့် ဝန်ဆောင်မှုသစ်များပေးရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် မတူသော အခက်အခဲချို့ကို ဖြတ်သန်းရကြောင်း ICT 4M Fourm အခမ်းအနား ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးခြင်းမှ သိရသည်။ မိုဘိုင်းဘဏ်စနစ် ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး ကိုယ်စားလှယ်များ ခွင့်ပြုရန်မှာ ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ဦးဦးသိန်းမြင့်က ပြောသည်။



“မိုဘိုင်းဘဏ်စနစ် Application ကို ဒေါင်းလုပ်လုပ်ခွင့် ပေးထားပြီ။ မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုပေးဖို့အသင့်ပါ။ Application ကို အွန်လိုင်းမှာ ဒေါင်းလုပ်လုပ်တာ အခုဆို နှစ်ထောင်ကျော် သုံးထောင်လောက်ဖြစ်သွားပြီ” ဟု အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများပေးရာတွင် အခက်အခဲများ တွေ့ကြုံရကြောင်း ဦးရဲမင်းဦးက ဆိုသည်။ “အခက်အခဲ သုံးခုကြုံပါတယ်။ ပထမတစ်ခုက Regulation အရ Regulator က နားမလည်လို့ဘဲ ဖြစ်ဖြစ်၊ သူရဲ့တခြား ဥပဒေအတားအမြစ်တွေ ရှိလို့ပဲဖြစ်ဖြစ် သူ့ရဲ့ခွင့်မပြုပေးနိုင်တဲ့ အခက်အခဲတွေ ကျွန်တော်တို့ကြုံရပါတယ်။ ဒုတိယအခက်အခဲတစ်ခုက Infrastructure ကြောင့် တချို့ဟာတွေကို ကျွန်တော်တို့ ပြင်ချင်တိုင်း ပြင်လို့မရဘဲနဲ့ ရပ်နေတဲ့ကိစ္စမျိုးကို ကျွန်တော်တို့ကြုံရပါတယ်။ တတိယတစ်ခုက လူတွေနဲ့ ဘဏ်တွေကြားထဲမှာ ယုံကြည်မှုက အခုချိန်ထိ အပြည့်မရသေးဘူး။ အပြည့်မရသေးတဲ့အတွက် ဝန်ဆောင်မှုတစ်ခုပေးတိုင်းမှာ လူတွေက ဒီဝန်ဆောင်မှုကို မျက်စိမှိတ်ယုံသုံးဖို့အတွက် တစ်ခါတလေမှာ ငြင်းဆန်နေကြတယ်” ဟု ICT 4M Forum အခမ်းအနား ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပြောကြားသည်။



မြန်မာနိုင်ငံလူဦးရေ၏ ဆယ်ရာခိုင်နှုန်းအောက်သာ ဘဏ်ကို အသုံးချမှုရှိပြီး မိုဘိုင်းဘဏ်စနစ်ကို ဆောင်ရွက်ခွင့် ပြုလိုက်သည်နှင့် မိုဘိုင်းဖုန်းအသုံးပြု၍ရရှိသော နေရာတိုင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ဦးဦးသိန်းမြင့်က ပြောသည်။ “မိုဘိုင်းဘဏ်စနစ် ခွင့်ပြုချက်မရဘူး။ ဘာလို့မရလဲ မေးတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ အီလက်ထရောနစ်ပေါ်ကနေ လုပ်တဲ့ Payment တွေအတွက် Regulation သေချာမရေးရသေးပါဘူး။ Regulation ခိုင်ခိုင်မာမာမရှိတဲ့အတွက် ယခုချိန်မှာ ခွင့်ပြုဖို့ စောနေသေးတယ်။ ဒါမျိုးဖြစ်သွားတယ်။ မိုဘိုင်းဘဏ်စနစ်က အဲဒီမှာရပ်နေတယ်” ဟု ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ICT 4M Forum အခမ်းအနားတွင် ပြောကြားခဲ့ဖူးသည်။



ref: ထွန်းထွန်း

Touch စနစ်သုံးဟန်းဆက်များ ရေဝင်၊ ရေစိုပါက ဘက်ထရီကို ချက်ချင်းဖြုတ်ထားသင့်ပြီး သတိထားပြုပြင်ရန်လို



Aung Ko Htet (MM IT Knowledge)


သင်္ကြန်ကာလအတွင်း ဟန်းဆက်ကိုင်ဆောင် အသုံးပြုသူများအနေဖြင့် ရေဝင်ခြင်း၊ ရေစိုခြင်းများဖြစ်လာ ပါက မည်သည့် Touch စနစ်အမျိုးအစား ဟန်းဆက်မဆို ဘက်ထရီ ချက်ချင်းဖြုတ်ထားသင့်ကြောင်း ဆားဗစ်ပညာရှင်တချို့ မှ အကြံပြုပြောကြားသည်။


“ရေစိုခံ အိတ်သုံးထားရက်နဲ့ ရေဝင်တယ်ဆိုရင် ဟန်းဆက်ကို ဘက်ထရီ ချက်ချင်းဖြုတ်ထားတာ အကောင်းဆုံးကာကွယ်တာပါပဲ။ ဖြုတ်လို့ရတဲ့ SIM ကတ်တို့၊ မက်မိုရီကတ်တို့ကအစ အရင်ဖြုတ်ထားရင် ပိုကောင်းပါတယ်။ တချို့ဘက်ထရီ ဖြုတ်လို့မရတဲ့ ဟန်းဆက်တွေဆိုရင်တော့ စမ်းသပ်မှုအမျိုးမျိုး မလုပ်ဘဲ နီးစပ်ရာဆားဗစ်ဆိုင်ကို အမြန်ပို့တာက ပိုပြီးစိတ်ချနိုင်ပါတယ်။ ဟန်းဆက်ကို ဒီအတိုင်း ပါဝါပိတ်ထား လို့ရှိရင် အလုပ်မလုပ်တော့ဘူးလို့ တချို့က ထင်ကြတယ်။ ဒါပေမဲ့ ဟန်းဆက်ရဲ့ ဆားကစ်ပြားကို တိုင်းကြည့်ရင် Volts တွေ ရှိနေတာတွေ့ရလိမ့်မယ်။ ဒီတော့ ဘက်ထရီဖြုတ်လို့ရ လို့ ဖြုတ်ထားလိုက်ရင် ဆိုင်မှာသွားပြင်တဲ့အခါ ပြန်ကောင်းဖို့ ရာခိုင်နှုန်း တော်တော်များပါမယ်” ဟု Techvilla မှ ဆားဗစ်ပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။

“တချို့က ဟန်းဆက်ရေဝင်ရင် ဆန်အိုးထဲ ထည့်တာတို့၊ ဆံပင် အခြောက်ခံစက် (Hair Dryer) နဲ့ ဒီအတိုင်းမှုတ်တာတို့ ကိုယ့်ဟာကိုယ် လျှောက်လုပ်ကြတော့ နောက်မှပိုပျက်ပြီး ဆိုင်လာပြင်တာတွေ ပိုတွေ့ရတတ်တယ်။ ဆန်အိုးထဲထည့်လို့ မျက်စိအမြင်မှာ စကရင်မှာ ရေမရှိတော့ပေမဲ့ ဆန်မှာပါဝင်တဲ့ အမှုန့်လေးတွေက ရေနဲ့ရောပြီး ဆားကစ်မှာ ရွံ့ကပ်သလိုမျိုးတွေဖြစ်ပြီး ဟန်းဆက်ဆားကစ် ပျက်စီးတတ်ပါတယ်။ တချို့က ဟန်းဆက်ကို ဒီအတိုင်း ဘက်ထရီလေးဖြုတ်ပြီး Dryer နဲ့ မှုတ်တာမျိုးတွေကြောင့် Touch နဲ့ Display ထိတောင် ပျက်စီးတတ်ပါတယ်” ဟု ဆားဗစ်ဆရာတစ်ဦးဖြစ်သူ ကိုမျိုးကပြောသည်။



“ရာသီဥတုက တော်တော်လေးပူနေတော့ တချို့ဆို ဟန်းဆက်ရေစို/ ရေဝင်လို့ နေပူထုတ်လှမ်းရာကနေ အပူချိန်များပြီး Touch Display တောင် ကြောင်သွားတတ်တာမျိုးလည်း မနှစ်က သင်္ကြန်မှာဖြစ်ကြတာတွေ ရှိတယ်။ အထူးသဖြင့် ရေစိုခံအိတ်ထည့်ထားတယ်ဆိုပြီးတော့ ၁၀၀ ရာခိုင်နှုန်း စိတ်ချလို့ မရဘူး။ ရေစိုခံ အိတ်အပြင်ဘက်မှာ ရေစိုနေပြီးတော့ အပူချိန်အရမ်းများရင် ရေငွေ့ပျံပြီး အိတ်အတွင်းဘက် ကို ရေခိုးရေငွေ့အဖြစ်ပြောင်း ပြီးဝင် သွားတတ်တာကြောင့် ရေစိုခံအိတ်အပြင်ဘက်ကိုလည်း ဂရုစိုက်ပြီး ရေစင်အောင် မကြာခဏ ပြုလုပ်ထားဖို့ လိုအပ်ပါမယ်” ဟု TECHVILLA မှ ဆားဗစ်ပညာရှင်က ထပ်မံအကြံပြု ပြောကြားသည်။



ယခင်နှစ်သင်္ကြန် ကာလပြီးဆုံးသွားတိုင်း ဆားဗစ်ဆိုင်များသို့ ဖုန်းဟန်းဆက်အများ အပြား ရေ ဝင်ခြင်းကြောင့် ရောက် လာ ခဲ့ကြပြီး အချို့မှာမူ ကိုယ်တိုင်နားမလည်ဘဲ စမ်းသပ်ပြုပြင်ခြင်းများကြောင့် လုံးဝပျက်စီးသွားကာ သုံးမရတော့သော အခြေအနေ ရောက်သွားသော ဟန်းဆက်အချို့များပင် ရှိခဲ့ကြောင်း မန်းမိုဘိုင်း ဆားဗစ်သမားထံမှ သိရှိရသည်။ သင်္ကြန်ကာလ ဟန်းဆက်များ ပြင်ပယူဆောင် အသုံးပြုလိုသူများအနေဖြင့် အထူးသတိပြုရန် လိုအပ်ပြီး ရေဝင်လာပါက ကြားဖူးနားဝ လက်တွေ့စမ်း သပ် ပြုပြင်ခြင်း များ ရှောင်ရှား သင့်ပြီး အနည်းဆုံး ဟန်းဆက်ဘက်ထရီ၊ ဆင်းကတ်၊ SD ကတ်များကို အစောတလျင် ဖြုတ်ထားသင့်ကာ နားလည်သူများဖြင့် အမြန်ဆုံးပြုပြင်သင့်ကြောင်း ဆားဗစ်ဆရာတချို့မှ အကြံပြု ပြောကြားခဲ့သည်။



ref: ကောင်းမြတ်ထွန်း