Powered by Blog - Widget

Monday, September 8, 2014

Motorola က Specification များပိုမိုကောင်းမွန်သော Moto G အမျိုးအစားအသစ် စမတ်ဖုန်းကို ကြေညာ



Aung Ko Htet (MM IT Knowledge)

Motorola က ယခင်ထုတ်လုပ်ရောင်းချခဲ့သော Moto G စမတ်ဖုန်းကို အဆင့်မြှင့်ပြီး ထုတ်လုပ်ပေးလိုက်သော်လည်း ဒေါ်လာ ၁၇၉.၉၉ ဖြင့်ရောင်းချမည် ဖြစ်သဖြင့် ဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိဟု သိရပါသည်။

Moto G အသစ်တွင် ငါးလက်မ 720p IPS Display တပ်ဆင်ထားပြီး Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ မျက်နှာပြင်တွင် စပီကာနှစ်ခုတပ်ဆင်ထားပြီး ကြည့်ကောင်းသည်ဟု သိရပါသည်။

ပထမမျိုးဆက်ကဲ့သို့ပင် Moto G တွင် 1.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 400 Chipset ပါရှိပါသည်။ Adreno 305 GPU, 1GB RAM ပါရှိပါသည်။ Internal Storage မှာ 8GB သို့မဟုတ် 16GB ရွေးချယ်နိုင်ပြီး MicroSD Card အသုံးပြုနိုင်ပါသည်။
အနောက်ဘက်တွင် 8MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2MP Camera တပ်ဆင်ထားပါသည်။ အသံခလုတ်ကို နှိပ်ပြီး ဓါတ်ပုံရိုက်နိုင်ပါသည်။

Android 4.4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Android L ထွက်ရှိလျှင် အဆင့်မြှင့်ပေးမည်ဟု Motorola က ကတိပေးထားပါသည်။
အရွယ်အစား အပြည့်အစုံမှာ 70.7mm x 141.5mm x 6.0-11.0mm ဖြစ်ပြီး ၁၄၉ ဂရမ် အလေးချိန်ရှိပါသည်။ 2070mAh Battery ကို အသေတပ်ထားပါသည်။

စိတ်ကြိုက်ရွေးချယ်နိုင်သော Cases နှင့် Covers များ ထုတ်လုပ်ပေးထားပါသည်။ External Battery ကို ဒေါ်လာ ၃၉.၉၉ ဖြင့်ရောင်းချပေးမည် ဖြစ်သည်။
အမေရိကန် အပြင် အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ ဘရာဇီး၊ စပိန်နှင့် ဂျာမနီနိုင်ငံများတွင် ရောင်းချပေးမည် ဖြစ်သည်။ ယခုနှစ်မကုန်မီတွင် အခြားနိုင်ငံများတွင် တိုးချဲ့ရောင်းချမည်ဟု သိရပါသည်။


credit MDG

Motorola က ၅.၂ လက်မမျက်နှာပြင် တပ်ဆင်ထားသော အဆင့်မြှင့်ထားသည့် Moto X ကို ကြေညာ



Aung Ko Htet (MM IT Knowledge)


Motorola က Specification များအဆင့်မြှင့်ထားသော Moto X စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။

အလူမီနီယမ်ကိုယ်ထည်နှင့် သားရေ အနောက်ဘက် ကာဗာကြောင့် အရည်အသွေးမြင့် စမတ်ဖုန်း ဒီဇိုင်းဖြစ်ပါသည်။ ယခင်ရောင်းချခဲ့သော သစ်သား အနောက်ဘက် ကာဗာကိုလည်း ရွေးချယ်နိုင်ပါသည်။
ယခင်မျိုးဆက်ကဲ့သို့ပင် Moto X အသစ်ကို Moto Maker Website တွင် Customize ပြုလုပ်နိုင်ပါသည်။

Moto X အသစ်တွင် 2.5GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 801 Chipset တပ်ဆင်ထားပါသည်။ Adreno 330 GPU, 2GB RAM ပါရှိပါသည်။ 16 or 32GB Internal Storage ရွေးချယ်နိုင်သော်လည်း MicroSD Card အသုံးပြု၍မရဟု သိရပါသည်။
၅.၂ လက်မ 1080p Full HD AMOLED Display တပ်ဆင်ထားပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၄၂၃ ဖြစ်ပါသည်။ Corning Gorilla Glass ဖြင့် ကာကွယ်ထားပါသည်။ အနောက်ဘက်တွင် 13MP Camera နှင့် Dual-LED တပ်ဆင်ထားပြီး 4K Video များရိုက်ကူးနိုင်ပါသည်။
အရွယ်အစားအပြည့်အစုံမှာ 72.4mm x 140.8mm x 3.8-9.9mm ဖြစ်ပြီး အလေးချိန်မှာ ၁၄၄ ဂရမ် ဖြစ်ပါသည်။ 2300mAh Battery ကို အသေတပ်ထားပါသည်။

Android 4.4.4 KitKat ကို အသုံးပြုထားပြီး Motorola ၏ စွမ်းဆောင်ချက်များ ပါရှိပါသည်။ အသံဖြင့် အမိန့်ပေးစနစ်ကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ထားပြီး စမတ်ဖုန်း အရှေ့တွင် တပ်ဆင်ထားသော IR Sensor ကို ထိန်းချုပ်နိုင်သော Gesture များပါရှိပါသည်။

အမေရိကန်၊ မက္ကဆီကို၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန် အပါအ၀င် အခြားနိုင်ငံများတွင် ယခုလနောက်ပိုင်းတွင် ရောင်းချမည် ဖြစ်သည်။ ၉၉.၉၉ ကျသင့်ပြီး နှစ်နှစ်စာချုပ်ဖြင့် AT&T, Verizon တို့မှ ၀ယ်ယူနိုင်ပါသည်။ အလွတ်ဝယ်ယူလျှင် ၄၉၉.၉၉ ကျသင့်မည် ဖြစ်သည်။

Motorola က Moto Hint ဟု အမည်ရသော Bluetooth Headset ကိုလည်း ကြေညာလိုက်ပါသည်။ Headset မှ တစ်ဆင့် စမတ်ဖုန်းကို အသံဖြင့် ခိုင်းစေနိုင်ပါသည်။ အမေရိကန်တွင် ဒေါ်လာ ၁၄၉.၉၉ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး အခြားနိုင်ငံများတွင် နောက်ပိုင်းတွင် ရောင်းချမည်ဟု သိရပါသည်။


credit to Myanmar Digital Life

Samsung က စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော အကြမ်းခံ Galaxy Tab Active တက်ဘလက်ကို ကြေညာSamsung က စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုရန် ဒီဇိုင်းထုတ်ထားသော အကြမ်းခံ Galaxy Tab Active တက်ဘလက်ကို ကြေညာ



Aung Ko Htet (MM IT Knowledge)

Samsung က Galaxy Tab Active သည် လုံခြုံရေးကို အဓိက အာရုံစိုက်ထားပြီး စီးပွားရေးလုပ်ငန်းများတွင် သုံးရန် ထုတ်လုပ်ပေးထားသည်ဟု ပြောပါသည်။


အကြမ်းခံသည့် ကာဗာကို တပ်ဆင်ထားပြီး အမြင့် ၁.၂ မီတာမှ ပြုတ်ကျသည့် ဒဏ်ကို ခံနိုင်ပါသည်။ ဖုန်များ မ၀င်အောင် ကာကွယ်ပေးနိုင်ပြီး ရေစိုခံနိုင်ပါသည်။ Galaxy Note များ၏ S Pen ကဲ့သို့ C Pen ပါရှိပါသည်။ ကညစ်တံကို အကြမ်းခံ ကာဗာ၏ ထိပ်တွင် တပ်ဆင်ထားပါသည်။

Apps များနှင့် စာရွက်စာတမ်းများကို လုံခြုံစွာ သိမ်းပေးနိုင်သော Knox ၀န်ဆောင်မှုကို ထည့်သွင်းပေးထားပါသည်။

Active တွင် 1.2GHz Quad-Core Processor တပ်ဆင်ထားပါသည်။ ရှစ်လက်မအရွယ် 1280x800 Pixel Resolution Display ပါရှိပါသည်။ Android 4.4 KitKat ကို အသုံးပြုထားပါသည်။ အနောက်ဘက်တွင် 3.1 MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.2 MP Camera တပ်ဆင်ထားပါသည်။ 16GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်

 

Apple iWatch တွင် Third-Party App အထောက်အပံ့ ပါဝင်လာမည်ဟုဆို



Aung Ko Htet (MM IT Knowledge)

စက်တင်ဘာ ၉ ရက်တွင် ကျင်းပမည့် Apple ထုတ်ကုန်သစ် မိတ်ဆက်ပွဲတွင် iPhone 6 နှင့်အတူ iWatch စမတ်နာရီကို မိတ်ဆက်ပေးဖွယ်ရှိပြီး iOS platform အသုံးပြု အဆိုပါ ထုတ်ကုန်တွင် App Store မှ app များအပြင် third-party developer များ ဖန်တီးထားသည့် application များကိုပါ အသုံးပြုနိုင်ဖွယ်ရှိကြောင်း 9to5mac မှ ဖော်ပြခဲ့သည်။

9to5Mac ၏ အဆိုအရ app developer များသည် ဝတ်ဆင်နိုင်သည့် ထုတ်ကုန်များအတွက် Apple ၏ Software Development Kit (SDK) ကို လက်ခံရရှိထားပြီး ဖြစ်ကြောင်းနှင့် iWatch အတွက် ဖန်တီးထားသည့် third-party application များကို Apple က စက်တင်ဘာ ၉ ရက် ပွဲတွင် ပြသဖွယ်ရှိကြောင်း သိရသည်။

ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီသည် iWatch တွင် third-party application များ ထောက်ပံ့ပေးရန် စီစဉ်ထားခြင်းကြောင့် လာမည့်နှစ်မှသာ ရောင်းချဖွယ်ရှိသည်။

အကယ်၍ third-party app အထောက်အပံ့ တရားဝင် ဖြစ်လာခဲ့ပါက iWatch သည် Samsung Gear Live, LG Watch, Moto 360 စမတ်နာရီများကဲ့သို့သော ထုတ်ကုန်များဖြင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

Apple iWatch တွင် Near Field Communication (NFC) နည်းပညာနှင့်အတူ ကြိုးမဲ့စနစ်ဖြင့် အားသွင်းနိုင်မည့် feature ပါဝင်လာဖွယ်ရှိသည့်အပြင် သုံးစွဲသူများ၏ ကျန်းမာရေးကို ခြေရာခံပေးနိုင်မည့် HealthKit package ဖြင့်လည်း အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

Ref: IBTimes

MPT ဆင်းမ်ကတ်များ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ် ဆိုင်များကို အရေးယူမည်



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချရန် ချထားပေးသော်လည်း တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်
အချို့က သတ်မှတ်ဈေးအတိုင်း မရောင်းချမှုများ ရှိသောကြောင့် အဆိုပါ အရောင်းကိုယ်စားလှယ်များကို အရေးယူရန်
စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MPT ၁၅၀၀ ကျပ်တန် ဆင်းမ်းကတ် များကို စတင် ရောင်းချ ပေးလျက် ရှိရာ
အချို့ တရားဝင် အရောင်း ကိုယ်စားလှယ် ဆိုင်များက တယ်လီဖုန်း ဟန်းဆက် ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေး
ခြင်း၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်း ငွေဖြည့်ကတ် တန်ဖိုး အမြောက်အမြားဝယ်ယူမှ ဆင်းမ်ကတ် ရောင်း
ချပေးခြင်းများ ရှိသောကြောင့် ယင်းသို့ အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချထားပေးကတည်းက ၁၅၀၀ နဲ့ပဲ ရောင်းချဖို့ ပြောထားပါတယ်၊ ဆိုင်တွေကို စစ်ဆေးတဲ့အဖွဲနဲ့ လိုက်စစ်သွားမှာပါ၊
စည်းကမ်း ချိုးဖောက်တဲ့ ဆိုင်တွေကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်း က စည်းကမ်း ချိုးဖောက်သည့် ဆိုင်
များ တွေ့ပါက သင့်လျော်သလို အရေးယူသွားမည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို တိတိကျကျ
ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

“MPT ဆင်းမ်ကတ် ချပေးတဲ့ အရေအတွက်နည်းလို့ မှောင်ခိုဈေးကွက် ဖြစ်လာတာပါ။ MPT အနေနဲ့ ဒါကို မဖြစ်ချင်
ဘူးဆို ဆင်းမ်ကတ် အလုံအလောက် ချပေးဖို့ လုပ်သင့်တယ်” ဟု ရန်ကုန်မြို့လယ်ရှိ MPT ဆင်းမ်ကတ်များကို တ
ရားဝင် ရောင်းချခွင့်ရရှိထားသော အရောင်းကိုယ်စားလှယ်ဆိုင်ခွဲတစ်ခုမှ အထွေထွေ မန်နေဂျာတစ်ဦးက ထောက်
ပြ ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ရောင်းချရန် တရားဝင်လုပ်ပိုင်ခွင့် ပေးထားသော ကိုယ်စားလှယ်
ဆိုင်များ စည်းကမ်းချိုးဖောက်မှသာ အရေးယူနိုင်မည် ဖြစ်ပြီး ထိုကိုယ်စားလှယ် များထံမှ တစ်ဆင့်ခံ ဝယ်ယူရောင်း
ချနေသော အခြား တယ်လီဖုန်း ဆင်းမ်ကတ် ဆိုင်များကိုမှု အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း
ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချသော ၁၅၀၀ ကျပ်တန်ဆင်းကတ်များကို ဆိုင်အချို့မှာသာ ၁၅၀၀ ကျပ်ဖြင့် ရောင်း
ချကြပြီး ဆိုင်အများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင်းမ်ကတ်များကို အမြတ်ထုတ် ရောင်းချလျက်ရှိကြောင်း ဖုန်းဈေး
ကွက်မှ စုံစမ်းသိရှိရသည်။

၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လေးလအတွင်း ဆင်းမ်ကတ် အရေအတွက်
၅ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly မှ ကူးယူမျှဝေသည်။

Ooredoo SIM Card



Aung Ko Htet (MM IT Knowledge)

Ooredoo SIM Card
------------------------
Ooredoo SIM Card ကို 1500 ကျပ်ဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ Internet အတွက် အဖိုးအခပေးစရာမလိုအပ်ပါ။ Ooredoo SIM Card အချင်းချင်းခေါ်ဆိုလျှင် တစ်မိနစ် 25 ကျပ်၊ အခြား Operator ကိုခေါ်ဆိုလျှင် တစ်မိနစ် 35 ကျပ် ဖြစ်ပါသည်။ Video Call ခေါ်ဆိုလျှင် တစ်မိနစ်ကို 50 ကျပ် ဖြစ်ပါသည်။ Voice SMS ပို့လျှင် တစ်စောင်ကို 20 ကျပ် ဖြစ်ပါသည်။ Voice SMS ပို့ရန် *0997------- Call ကိုနှိပ်ပြီး အချိန်စက္ကန့် 20 အသံသွင်းပြီး End Call (သို့မဟုတ်) # ကို နှိပ်ရမှာဖြစ်ပါသည်။ Top Me Up (ငွေဖြည့်ရန်တောင်းဆိုခြင်း) ပြုလုပ်ရန် *126* တောင်းခံသောငွေပမာဏ *0997-------# ဖြစ်ပါသည်။ Balance Transfer (ငွေလွှဲပြောင်းပေးခြင်း) ပြုလုပ်ရန် *155* ငွေဖြည့်ပေးမည့်ပမာဏ *0997-------# ဖြစ်ပါသည်။
အခြား Free ရသော ဝန်ဆောင်မှုများ -
------------------------------------------
1. Call Waiting Service (ပထမဖုန်းပြောနေစဉ် ဒုတိယဖုန်းဝင်လာပါက ပထမဖုန်းကိုရပ်ပြီး ဒုတိယဖုန်းပြောလို့ရခြင်း)
2. Miss Call Alert (ဖုန်းမအားသောအခါ၊ ဖုန်းပိတ်ထားသောအခါ၊ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်သာအခါ ဖုန်းလိုင်းမိပါက ခေါ်ထားသောဖုန်းများကို ခေါ်ဆိုထားကြောင်း မိမိဖုန်းကို Message ပို့ပေးခြင်း)
3. Voice Mail (အသံဖိုင်ချန်ထားခဲ့ခြင်း)
4. Call Forwarding (ဖုန်းလွှဲပြောင်းပေးနိုင်ခြင်း)
International Call (နိုင်ငံတကာသို့ ခေါ်ဆိုနိုင်ခြင်း)
--------------------------------------------------------
အိမ်နီးချင်းနိုင်ငံများသို့ ဖုန်းခေါ်ဆိုလျှင် တစ်မိနစ် 750 ကျပ် ဖြစ်ပါသည်။ အခြားနိုင်ငံများသို့ ဖုန်းခေါ်ဆိုလျှင် နိုင်ငံအလိုက် ဈေးနှုန်းပြောင်းလဲသွားမှာ ဖြစ်ပါသည်။
International Message (နိုင်ငံတကာသို့ စာပို့ခြင်း)
---------------------------------------------------------
International Message ပို့ခြင်းသည် ဘယ်နိုင်ငံပို့ပို့ Message တစ်စောင်ကို 125 ကျပ် ကျသင့်မှာ ဖြစ်ပါသည်။
Fun Tone (Caller Ring Back Tone)
-------------------------------------------
Fun Tone လျှောက်ရန် *3333# Call ကိုနှိပ်ပြီး Register ပြုလုပ်နိုင်ပါသည်။ Register ပြုလုပ်ပြီးပါက Update ဖြစ်သော Fun Tone ငါးပုဒ်ကို Free ရရှိမှာဖြစ်ပါသည်။ ဖုန်းဖြင့်သီချင်းဝယ်ယူလိုပါက *3333# Call ကိုနှိပ်ပြီး အကောင်းဆုံးသီချင်း ဆယ်ပုဒ်မှ မိမိကြိုက်နှစ်သက်ရာသီချင်းကို ဝယ်ယူနိုင်မှာဖြစ်ပါသည်။ zone.ooredoo.com.mm မှ FunTone တွင်လည်း မိမိကြိုက်နှစ်သက်ရာ သီချင်းအမျိုးအစားကို ဝယ်ယူနိုင်မှာဖြစ်ပါသည်။ သီချင်းတစ်ပုဒ်အတွက် 750 ကျပ် ကျသင့်မှာဖြစ်ပါသည်။ Fun Tone ဝန်ဆောင်မှုအတွက် လစဉ်ကြေးအနေနဲ့မဟုတ်ဘဲ တစ်ရက်ကို 70 ကျပ်ဖြင့် သုံးစွဲနိုင်မှာဖြစ်ပါသည်။ Fun Tone ဝန်ဆောင်မှုကိုမသုံးစွဲလိုပါက *3333*0# Call ကိုနှိပ်ပြီး ပြန်လည်ပိတ်သိမ်းနိုင်မှာဖြစ်ပါသည်။
Ooredoo SIM Card Menu>>>*133#>>>
-------------------------------------------------
1. Ooredoo အစီအစဉ်များ
2. ဖုန်းငွေလက်ကျန်
3. Fun Tone (Caller Ring Back Tone)
4. Call Me Back (ဖုန်းပြန်ခေါ်ရန် တောင်းဆိုခြင်း)
5. ကိုယ့်နံပါတ်
6. အင်တာနက် Settings
7. Language (English and Myanmar)
ရရှိနိုင်သည့်မြို့နယ်များ
-------------------------
မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပုသိမ်ကြီး၊ စဥ့်ကိုင်၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မြစ်ငယ်၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ သရက်၊ အောင်လံ၊ အုတ်ဖို၊ ရွှေတောင်၊ ပေါင်းတည်၊ ပြည်၊ ရမည်းသင်း၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ စကု၊ မကွေး၊ မင်းဘူး၊ ကျောက်တံတား၊ ဆိပ်ကမ်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ သင်္ကန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ တိုက်ကြီး၊ မှော်ဘီ၊ ထောက်ကြံ့၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံ၊ ဗဟန်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ရွှေပြည်သာ။
နေပြည်တော်မြို့နယ် - ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇမ္ဘူသီရိ၊ နေပြည်တော်(လယ်ဝေး)၊ နေပြည်တော်(ပျဉ်းမနား)၊ နေပြည်တော်(တပ်ကုန်း)

Friday, September 5, 2014

Telenor Sim Card သတင်း အကြမ်းဖျဉ်း



Aung Ko Htet (MM IT Knowledge)

တယ်လီနော် 15/9/2014 မှာ ရောင်းပါမယ် တဲ့။
-တယ်လီနောအချင်းချင်း ခေါ်ဆိုမှု့ ၁၅ကျပ်ပါတဲ့။
-တယ်လီနော နဲ့ mpt/ooredoo ကတော့ ၂၅ ကျပ်ပါတဲ့။
-2G/3G ဖြစ်လို့ နေရာ မရွေး သုံးနိုင်ပြီး မည်သည့်ဟန်းဆက်မဆို
ထည့်သုံးနိုင်ပါတယ်တဲ့။
-ပရိုမိုးရှင်းကာလ အင်တာနက်လိုင်း ၁ လ free ပါတဲ့။
-net လိုင်းကတော့ mpt/ ooredoo ထက်ဈေး နည်းမယ်လို့
ပြောထားပါတယ်။
-လူတစ်ယောက် မှတ်ပုံတင်ပါရင် + 5 ကဒ် ရပါမယ်။
ကဲ... ရဲဘော်ဒို့ တန်းစီလူတိုး လုယက် ဈေးတင်ရန် အသင့်

Credit --> မိုးဆက်ကို