Powered by Blog - Widget

Thursday, February 27, 2014

Mozilla ကရည်ရွယ်တဲ့ ၂၅ ဒေါ်လာ တန် စမတ်ဖုန်း





 

Post By Aung Ko Htet (MM IT Knowledge)

Spreadtrum ဆိုတဲ့ တရုတ်မိုဘိုင်း ချိပ်စ်များတွေထုတ်လုပ်လေ့ရှိတဲ့ကုမ္ပဏီတစ်ခုနဲ့အတူ ပူးပေါင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Mozilla ဆိုတာက ယခုလို ဈေးနှုန်းချိုသာတဲ့ ဟန်းဆက်တွေထုတ်လုပ်တဲ့နေရာမှာ သိပ်ပြီးထိတွေ့မူမရှိတာကြောင့် ဖြစ်ပါတယ်။

အဆိုပါ ဒေါ်လာ ၂၅ တန်ဖိုးရှိ Firefox OS စမတ်ဖုန်းကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန်အတွက် ကုမ္ပဏီ နှစ်ခုလုံးက ကြောငြာခဲ့ပြီး ဖြစ်သောကြောင့် အဆိုပါ ဖုန်းရဲ့ ဒီဇိုင်းပူံစံကို မြင်ရတော့မှာ ဖြစ်ပါတယ်။

ထို စမတ်ဖုန်းဟာ WCDMA နဲ့ EDGE နက်ဝပ်တွေကို ပံ့ပိုးပေးမှာ ဖြစ်ပြီး LTE တော့ရရှိမှာ မဟုတ်ပါဘူး။ ကျန်သော ၀ိုင်ဖိုင်၊ ဘလူးတုမ့်၊ ကင်မရာ၊ စသည့်တို့ ပါဝင်ပြီး ၃.၅ လက်မနဲ့ ဖြစ်မှာ ဖြစ်မှာ ဖြစ်ပါတယ်။

Low-end ပဏမခြေလှမ်းတစ်ခု ဖြစ်တဲ့အတွက်အိန္ဒိယတို့လို နေရာတွေမှာ ဈေးကွက်စပြီး ခြေလှမ်းချမယ်လို့ မျှော်လင့်ရပါတယ်။

Aung Heine ( www.smart.com.mm )

41 megapixel ကင်မရာနှင့် ကမ္ဘာ့ပထမဆုံး ဖြစ်ခဲ့တဲ့ Nokia 808 Pure View


 

Post By Aung Ko Htet (MM IT Knowledge)

ကင်မရာ 41 megapixel ပါတယ်ဆိုတော့ ကမ္ဘာ့ပထမဆုံး ဖုန်းပဲ ဖြစ် ပါတယ်။ သာမန် ဒီဂျစ်တယ် ကင်မရာ တစ်လုံးတောင် 20 Megapixel မရှိပါဘူး။ LED Flash လည်း ပါရှိတဲ့ Pure View က ကမ္ဘာ့ အဆင့်မြင့် ကင်မရာ တစ်လုံးလိုပဲ ဖြစ်ပါတယ်။ ယနေ့မှာ Pure View 2 တောင် ထွက်နေပါပြီ။ လောလောဆယ်ကတော့ Pure View 808 ကိုပဲ ဖော်ပြ ပါ့မယ်။

ထွက်တ ကြာပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂၊ ဇွန်လကတည်းက ထွက်ရှိထား တာ ဖြစ် ပါတယ်။ မြန်မာပြည်ကိုလည်း ရောက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ ကာလ မူရင်းရောင်းဈေးက ကန်ဒေါ်လာ ၇၂၄ ဆိုတော့ မြန်မာကျပ် ၇ သိန်းဝန်းကျင်မက ပေါက်ဈေး ရှိနိုင် ပါတယ်။ ၂၀၁၂ ခုနှစ်က Mobile World Congress မှာ တစ်နှစ်တာ အကောင်းဆုံး မော်ဒယ်သစ် ဟန်းဆက် ဆုအပြင် Technical Image Press Association နဲ့ မဂ္ဂဇင်းများ ကပေးတဲ့ အခြားသော ဆုများကိုလည်း ရရှိခဲ့ပါသေးတယ်။ အဓိကကတော့ ကင်မရာ စားတဲ့ ဖုန်းမို့လို့ ဖြစ်ပါတယ်။

OS

Nokia Belle Feature Pack 1 (Nokia Belle Feature Pack 2 ကို Upgrade လုပ်နိုင်ပါတယ်။ နိုကီယာက သီးသန့်လုပ်တဲ့ Operating System ဖြစ်ပြီး သူ့စမတ်ဖုန်း တော်တော်များများမှာ အသုံးပြုပါတယ်။ တစ်ဖက်မှာ Microsoft ရဲ့  Windows Phone 8 OS ကို သုံးနေပေမယ့် ကိုယ်ပိုင် OS ကိုလည်း အဆင့်မြင့်တင်ဆဲ ဖြစ်ပါတယ်။

CPU & Memory

CPU က 1.3 GHz ARM11 ရှိပြီး Memory ကတော့ 512 MB RAM ပဲ ရှိပါတယ်။ သို့ပေမယ့် Storage ကို အထဲမှာ 16 GB ထည့်သွင်း ပေးထားပါတယ်။ ပြီးတော့ 64 GB အထိလည်း microSD နဲ့ ထပ်တိုး နိုင်ပါတယ်။

ဘက်ထရီ

3.8 V အားရှိတဲ့ Li-Ion BV-4D 1400 mAh ကို အသုံးပြု ပါတယ်။

အရွယ်အစား

အထူ ၀.၅၅ လက်မ၊ အကျယ် ၂.၃၇ လက်မ၊ အရှည် ၄.၈၈ လက်မ ကိုယ်စီ ရှိပါတယ်။

Display

ကင်မရာ အသားပေးဖုန်းဆိုတော့ Display ကလည်း အကောင်းဆုံး လုပ်ထားပါတယ်။ ၄ လက်မ အရွယ် AMOLED 2.5D curved nHD ကို သုံးပါတယ်။ ဖန်သားပြင်ကို သန့်ရှင်းရေးလုပ်လို့ လွယ်ကူအောင် Gorilla glass ဖုံးပေးထားတယ်လို့ ဆိုပါတယ်။

ကင်မရာ

နောက်ကျော ကင်မရာ 41 megapixel ကို ဒီဂျစ်တယ် တစ်လုံးလို အဆင့်မြင့်နိုင်ဖို့ ထောက်ပံ့ပေးထားတဲ့ feature တွေ အများအပြား ပါဝင်ပါတယ်။ ဥပမာ Carl Zeiss Optics, F-number: f/2.4, ND filter, Xenon Flash,LED video light စတာတွေ ပါဝင်ပါတယ်။ ဗီဒီယို ရိုက်ဖို့အတွက်လည်း Auto Focus ပါဝင်ပြီး 1080p 30 fps video တောင် ရပါတယ်။

နောက်ကျော ကင်မရာကတော့ 0.3 megapixel ပဲရှိတဲ့ Video calling ကင်မရာ ဖြစ်ပါတယ်။

Connectivity

Bluetooth 3.0, Wi-Fi ပါရှိ,DLNA, Micro HDMI,Micro USB, USB On-The-Go ,Secure NFC တို့အပြင် TV နဲချိတ်မယ့် ၃.၅ မီလီမီတာ အကျယ် Audio connector, FM ရေဒီယို၊ GPS အစရှိသဖြင့် အားလုံး ပါဝင် ပါတယ်။

ုပြီးခဲ့တဲ့ ဇွန်လကတည်းက ထွက်ရှိထားပေမယ့် Samsung, Apple တို့နဲ့စာရင် လူသိနည်းနေပါတယ်။ အလုံးရေ ထုတ်လုပ်မှုပဲ နည်းတာလားလို့ တောင် မေးခွန်းထုတ်ကြပါတယ်။ လက်ရှိချိန်ထိ ကတော့ ကမ္ဘာ့ ကင်မရာအကောင်းဆုံး ဖုန်း အဖြစ် အသတ်မှတ်ခံထားရ ကြောင်း သိရပါတယ်။
--
Ref: fonearena
အောင်ခမ်း (www.smart.com.mm)

LG G2 Mini နဲ့ အတူတူတွဲ မိတ်ဆက်ခဲ့တဲ့ G Pro 2 Phablet




Post By Aung Ko Htet (MM IT Knowledge )



LG ဟာ သူရဲ့ နောက်ထွက် product သစ်ဖြစ်တဲ့ G Pro 2 နဲ့ G2 mini ကို MWC မှာ မိတ်ဆက်ခဲ့ပါတယ်။

Android 4.4 (Kit Kat) ဖြစ်ပြီး 2.26GHz quad-core Snapdragon 800 processor သုံးကာ စွမ်းအားပြည့်ဝလှတဲ့ 3,200mAh battery ကိုသုံးထားပါတယ်။ ကင်မရာပိုင်းအနေနဲ့ 13MP ကိုပေးထားပြီး 3GB ရှိတဲ့ RAM ကိုရရှိမှာ ဖြစ်ပါတယ်။ 5.9 လက်မရှိ full HD IPS display ကိုသုံးထားပြီး အရောင်အားဖြင့် ငွေရောင်၊ အဖြူရောင်၊ အလူမီနီယံ တို့ကိုရရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ OIS+ (Optical Image Stabilizer Plus) ကို ထပ်မံ ပေါင်းတည့် နည်းပညာမြှင့်ပေးထားတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ ဟန်းဆက်ရဲ့ အသံအရည်အသွေးကို တိုးတက်စေရန်အတွက် 1W စပီကာကိုလည်းပြုလုပ်ပေးခဲ့ပြီး အရင် ဖုန်းတွေထက် အသံအရည်အသွေး
၃၀ ရာခိုင်နှုန်း ပိုမိုသာလွန်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။




နောက်တွဲလျက်မိတ်ဆက်ခဲ့တာကတော့ LG ကုမ္ပဏီရဲ့ ကျစ်လစ်သိပ်သည်းတဲ့ ပထမဦးဆုံးဖုန်းတစ်လုံးဖြစ်တဲ့ G2 Mini ဖြစ်ပါတယ်။ မျက်နှာပြင်အရွှယ်အစား
4.7 လက်မနဲ့ဖြစ်ပြီး 1.7GHz or 1.2GHz quad-core နဲ့လာပြီး ကင်မရာပိုင်းအနေနဲ့ကတော့ 13-megapixel or 8-megapixel နဲ့လာမှာ ဖြစ်ပါတယ်။

4K ဗီဒီယိုတွေနဲ့ 120 frame per second HD video တွေကို မှတ်တမ်းတင်ပေးနိင်မှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ သိပ်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်။
ဒါဟာဆိုရင် G2 MIni အနေနဲ့ စမတ်ဖုန်းတစ်လုံးရဲ့ feature တွေမပျောက်စေဘဲ ပိုပြီး အလွယ်တကူ သယ်ဆောင်ကာ အဆင်ပြေစေမဲ့ ဖုန်းတစ်လုံး အနေနဲ့ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )

ရေစိုခံ၊ 4K ဗီဒိယို တွေရိုက်နိင်ပြီး ဖြစ်တဲ့ Galaxy S5







Post By Aung Ko Htet (MM IT Knowledge)

Samsung ဟာ Galaxy S5 ရဲ့ ရောင်းချမဲ့ နေ့အတိအကျနဲ့ Spec တွေကိုထုတ်ပြန်လိုက်ပါပြီ။

မျက်နှာပြင် အရွှယ်အစား ၅.၁ လက်မ 1080p Super AMOLED display နဲ့ဖြစ်ပါတယ်။ Android 4.4.2 (Kitkat) ဖြစ်ပြီး 2.5 GHz Quad Core CPU, run ပါတယ်။ Super power save မူပါဝင်ပြီး 2800mAh လောက်ကိုတိုးထားပါတယ်။
အရှေ့ကင်မရာ 2.1 MP ဖြစ်ပြီး အနောက်ကင်မရာက 16 MP ဖြစ်ပါတယ်။. အမည်းရောင်၊ အဖြူရောင်၊ အပြာရောင်၊ copper-gold တို့ကို အရောင်အနေနဲ့ ရွေးချယ်နိင်ပါတယ်။








ထူးခြားမူတွေအနေနဲ့ 30fps မှာ UHD video တွေကို ရိုက်ကူးနိင်တဲ့အတွက် 4K ဗီဒီယိုတွေကို ရိုက်ကူးနိင်တယ်လို့ ဆိုရပါမယ်။
သံချေးတက်ခံနိင်၊ ရေစိုခံနိင်ပြီး Sony ရဲ့ Xperia ZR လောက်တော့ ရေအောက်မှာ ရေစိမ်မခံနိင်သေးပါဘူး။

802.11ac and 2×2 MIMO Wi-Fi connectivity တွေကိုထောက်ပံပေးထားပြီး fitness package လို့ခေါ်တဲ့ S Health 3.0 တို့လို အစိတ်အပိုင်း တွေပါဝင်ကာ diet နဲ့ exercise တွေကို လုပ်နိင်မဲ့အပြင် heart rate monitor တွေကိုပါ ထည့်သွင်းထားခဲ့တယ်လို့ သိရပါတယ်။

ဧပရယ် ၁၁ လောက်တွက်မှာ ဖြစ်ပြီး 16GB နဲ့ 32GB versions ကိုရနိင်ပါလိမ့်မယ်။ သို့ပေမဲ့ 64GB model ကိုတော့ ထုတ်ဖို့ အစီအစဉ်မရှိပေမဲ့လို့ Micro SD ကနေပဲ တိုးမြှင့်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )


 

Sony Xperia Z2 ထွက်ပြီ။




Post By Aung Ko Htet (MM IT Knowledge)
 
MWC မှာ ထုတ်ဖော်ခဲ့တဲ့ ဆိုနီရဲ့ flagship စမတ်ဖုန်း Xperia Z2 ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကထုတ်ခဲ့တဲ့ Z Series ထဲမှတော့ သူက 5.2 လက်မနဲ့ ပိုပြီး မျက်နှာပြင် ကျယ်ပါတယ်။
ဆိုနီ ရဲ့ အကြီးဆုံး phablet တစ်လုံးဖြစ်တဲ့ Xperia Z Ultra ရဲ့ နဘေးတွင် အတွင်းက Specs တွေတိုးတက်စွာနဲ့ ဖြစ်ရှိခဲ့တာကတော့ Z2 ပဲဖြစ်ပါတယ်။

အတွင်းအစိတ်အပိုင်းများ

2.3GHz quad-core Qualcomm Snapdragon processor ဖြစ်ပြီး အရင် Z တွေအတိုင်းပဲ 20.7-megapixel ကိုသုံးပါတယ်။
1/2.3-inch image sensor တွေပါဝင်ပြီး 4K videos တွေကို ရိုက်ကူးနိင်ပါတယ်။
3GB RAM ရှိပြီး 3,200 mAh သုံးပါတယ်။

ကင်မရာ

အသစ် အသစ်သော အစိတ်အပိုင်းတွေ အများကြီးပါဝင်နေပါတယ်။ 120 frames per second ဗီဒီယိုတွေကို ရိုက်ကူးနိင်တဲ့ Timeshift video ပါပြီး
slow motion effect တွေရရှိ ရိုက်ကူးနိင်တဲ့ အနှေးအာရုံခံတွေလည်းပါဝင်ပါသေးတယ်။

အသံ

အရင်ထွက်ရှိခဲ့တဲ့ Z1 ရဲ့ အားနည်းချက်ဖြစ်တဲ့ ကို ပြန်လည်း ဖြည့်ဆည်းပေးတဲ့ အနေနဲ့ stereo audio recording တွေပြုလုပ်နိင်တဲ့
STM10 stereo mic ကိုထည့်သွင်းပါဝင်ပေးခဲ့ပါတယ်။ ထို့ စတူရီယို စပီကာဟာ ဆိုရင် ဆူညံမူတွေကို အလို အလျောက်ဖယ်ရှာပေးမဲ့ ဒီဂျစ်တယ်
နည်းပညာ တစ်ခု ဖြစ်ပါတယ်။

ရေစိုခံ၊ သံချေးတက်ခံနိင်ပြီး ဆိုနီရဲ့ အမြင့်စား နည်းပညာ စမတ်ဖုန်း တစ်လုံးပင် ဖြစ်ပါတယ်။

လာမဲ့ ၂၀၁၄ခုနှစ် မတ်လမှာ တစ်ကမ္ဘာ့လုံးကို ထွက်ရှိမဲ့အတွက် စောင့်မျှော်ရဖို့ရှိပါတယ်။ ခင်ဗျာ

Credit>>> Aung Heine ( www.smart.com.mm )


Samsung Galaxy S5 preview


 Post By Aung Ko Htet (MM IT Knowledge)

Mobile World Congress မှာ ကိုးရီးယား ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဆမ်ဆောင်းကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်အတွင်းက ပထမဦးဆုံး ဆမ်ဆောင်းဖုန်းတစ်လုံးကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးအစားကတော့ မျက်နှာပြင် ၅.၁ လက်မဖြစ်တာကြောင့် Flagship စမတ်ဖုန်းတစ်လုံးလို ဆိုရမှာ ဖြစ်ပါတယ်။

အတွင်း အစိတ်အပိုင်းများ


quad-core Snapdragon 805 processor ဖြစ်ပြီး မြန်နှုန်း 2.5GHz ရှိပါတယ်။ 2GB RAM ဖြစ်တဲ့အတွက် မြန်ဆန်လှတဲ့ run ကိုရရှိမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ 64-bit တော့မဟုတ်ပါဘူး။ အော်ရီဂျင်နယ် Android 4.4 KitKat နဲ့လာတာဖြစ်ပြီး Samsung’s TouchWiz မျက်နှာပြင် အလွှာ မြင်ကွင်း အသစ်ကိုလည်း ရရှိမှာပါ။ Android Google Play or Nexus edition လာဆိုတာတော့ သိပ်မသဲကွဲသေးပါဘူး။

ဘတ္တရီ နဲ့ မှတ်ဥာဏ်သိုလှောင်မူ

တစ်နေ့လုံး အသုံးပြုနိင်စေဖို့ကို 2800mAh battery ကိုထည့်ပေးထားပြီး စကားပြောချိန် ၂၁နာရီလောက်ကို ရရှိမှာ ဖြစ်ပါတယ်။ အတွင်း မှတ်ဥာဏ် သိုလှောင်မူမှာ 16GB နဲ့ 32GB ဆိုပြီး ဖုန်း အမျိုးအစား နှစ်မျိုးကိုရွေးနိင်မှာ ဖြစ်ပြီး ဒီထက်ပိုလိုချင်ခဲ့ရင်တော့ 64GB ကို Micro SD ကဒ်ကနေ တိုးမြှင့်နိင်ပါတယ်။
4G LTE ဆက်သွယ်မူရရှိပြီး Download Booster လို့ခေါ်တဲ့ fifth generation Wi-Fi 802.11ac and 2X2 MiMo ပါဝင်ကာ ၀ိုင်ဖိုင်ရော 4G ရော နှစ်ခုလုံးကို အသုံးနိင်ခြင်းဖြင့် ပိုမိုလျှင်မြန်စွာ ဖိုင်တွေကို ဒေါင်းလုပ်ခ်ပြုလုပ်နိင်မှာ ဖြစ်ပါတယ်။

ကိုယ်ထည် ဖွဲ့စည်းမူနဲ့ ရေစိုခံမူ

အရင်ကသတင်းတွေက S5 ဟာ သတ္တုကိုယ်ထည်နဲ့လာခဲ့မယ်လို့ဆိုကြခဲ့ပေမဲ့ ယခုထွက်ရှိလာတဲ့အချိန်မှာတော့ ပိုလီကာဗွန်နိတ်ဖြင့် ကိုယ်ထည် နေရာတော် တော်များများကို ဖွဲ့စည်းထားတာကိုတွေ့ရပါတယ်။ အရင်ထွက်ရှိခဲ့သမျှ Galaxy S စီးရီးဖုန်းတွေနဲ့ မတူတဲ့ ပျော့ပြောင်းတဲ့ ဖုန်းရဲ့အနောက်ဖက်အထိအတွေ့
ကို ခံစားရမှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

နောက် တစ်ခုကတော့ ဆမ်ဆောင်းရဲ့ အားလုံးသော Galaxy စီးရီးတွေထက် ထူးခြားတဲ့ ရေစိုခံနိင်တဲ့ IP67 ဖြစ်ပါတယ်။ ရေစိုခံနိင်ရုံတင်မဟုတ်ပါဘူး။ သံချေးတက်ခြင်းတွေကိုပါ အပြည့်အ၀ကာကွယ်ပေးမှာ ပါ။ မိနစ်(၃၀) လောက်ထိကို ကောင်းကောင်းရတယ်လို့ ဆိုထားပါတယ်။

အလေးချိန် ၁၄၅ ဂရမ်ဖြစ်ပါတယ်။ အချိုးအစားကတော့ 142 x 72.5 x 8.1mm ရှိပါတယ်။ အရောင်အနေနဲ့ (၄)မျိုး ရွေးချယ်နိင်မှာ ဖြစ်ပြီး အဲဒါတွေကတော့ အမည်း၊ အဖြူ၊ အပြာ၊ ကော့ပါးရွှေ တို့ပဲ ဖြစ်ပါတယ်။

မျက်နှာပြင်

HD AMOLED 2560 x 1440 မျက်နှာပြင်ဖြစ်ပြီး S4 ထက်ကို ပါးလွှားပြီး ပိုကြီးမားပါတယ်။

လက်ဗွေစနစ်

ဟုတ်ပါတယ်။ i Phone 5S လို လက်ဗွေရာစနစ်ပါဝင်ပြီး အဓိကတပ်ဆင်ရတဲ့ ရည်ရွှယ်ချက်ကတော့ (၃) ခုရှိပါတယ်။

(၁) ဖုန်းကို အဆင်ပြေစွာ အဖွင့်အပိတ်လုပ်နိင်ရန်
( Touch ID sensor လိုဖြစ်ပါတယ်)
(အဆိုပါ အစိတ်အပိုင်းဟာ i Phone 5s လောက်တော့ကောင်းမွန်မူလျော့နည်းပြီး HTC One Max ထက်တော့ မှန်ကန်တိကျမှာ ဖြစ်ပါတယ်။)

(၂) မိုဘိုင်း ပေးချေမူအတွက် ရည်ရွယ်တာပါ။

(၃) ဖုန်းအတွင်းရှိ အရေးကြီး အချက်အလက်တွေကို သင့်ရဲ့ လက်ဗွေရာဖြင့် ကာကွယ်ထားနိင်အောင်လို့

စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

အနောက်ဖက် မှာ heartrate sensor ပါရှိပါတယ်။ဒါကတော့ နောက် Galaxy S5 အတွက် လာမည့် S Health appအတွက် ဖြစ်ပါတယ်။

ကင်မရာ

ဖုန်းအနောက်ပိုင်းရှိ 16 MP ရှိတဲ့ ကင်မရာကိုမှ LED Flash နဲ့လာပြီး HDR Mood တွေပါဝင်ပြီး post-shot focusing တွေပါရှိတဲ့အတွက်
Shutter တစ်ခါနှိပ်တိုင်း ဓာတ်ပုံနှစ်ပုံကို ရိုက်ကူးနိင်သကဲ့ သို့ နောက်ခံနဲ့ အရှေ့က အရာဝတ္တု ပုံရိပ်ကို ကွဲပြားသစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အလွန်လျှင်မြန်ပြီး 0.3 seconds ဖြင့် ရိုက်ကူးနိင်တဲ့ super-fast autofocus ကိုစီစဉ်ပေးထားကြောင်း သိရပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိင်မူ

ဈေးနှုန်းနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ Samsung မှာ ဖွင့်ဟ ခြင်းမရှိသေးပါဘူး။ သို့ပေမဲ့ မကြာတော့တဲ့ ဧပရယ် ၁၁ ရက်မှာ အလုံးစုံကို သိရှိရတော့မှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )

ရေစိမ်ခံ စူပါ ပါးလွှားမူ Sony Xperia Z2 Tablet

Post By Aung Ko Htet (MM IT Knowledge)

Apple iPad Air ဟာ အရမ်းမိုက်ပြီး အရမ်းအထင်ကြီးစရာ ဒီဇိုင်းရှိပါတယ်. ဒါပေမဲ့ အဲဒါကို ရေချိုးခန်းထဲ ခဏလောက်ဝင်သွားတာနဲ့ ချက်ချင်း ဘ၀ ပျက်သွားပါလိမ့်မယ်။ ဒီနေရာမှာ မျက်နှာပြင် 10.1 ရှိပြီး ရေ စိမ်ခံတဲ့ Sony Xperia Z2 tablet ကို ကြည့်ကြည့်ကြရအောင်ပါ။ Z 2 ဟာ Xperia Tablet Z ကိုပြန်လည် အသစ်တွေအသစ်တွေ နဲ့ ပြန်လည် အသက်သွင်းခဲ့တာဖြစ်ပါတယ်။ 2.3GHz ရှိတဲ့ quad-core Snapdragon 801 processor နဲ့ပေါ့။ နောက်ဆုံးပေါ် Android KitKat software ပါ ပေါင်းထည့်ထားပါသေးတယ်။ ပါလွှားတဲ့ ဒီဇိုင်း နဲ့ အထူ 6.4 mm သာရှိတာ ဖြစ်ပါတယ်။ လာမည့်မတ်လအတွင်းမှာ ဥရောပနဲ့ ယူကေ စတဲ့ ကမ္ဘာ့ တစ်လွှားမှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ယူရို (300 ) အထက်မှာ ရှိဖို့တော့ ရှိပါတယ်။

ဒီဇိုင်း
အရင်ကထွက်ရှိခဲ့တဲ့ Xperia Tablet Z ဟာ 6.9 mm ဖြစ်ပြီး ယခု မော်ဒယ်လ်အသစ်ဖြစ်တဲ့ Z2 Tablet မှာတော့ ပိုပြီး ပါးလွှားထားတဲ့ 6.4mm ပဲရှိတာကို တွေ့ရမှာပါ။ အလေးချိန်ကလည်း ပေါ့ပါးတဲ့ 426 g ဖြစ်တဲ့အတွက် သယ်ဆောင်ရလွယ်ကူစေမှာ အမှန်ပါပဲ။ ဒီဇိုင်းပိုင်းကတောပ အရင်ထွက် မော်ဒယ်လ်နဲ့ အရမ်းကြီး မပြောင်းလဲ သွားခဲ့ပါဘူး။ အရှေ့ဖက်မှာတော့ ခလုတ်အဖု လုံးဝမပါဝင်ပဲ ဖန်သားမျက်နှာပြင် တစ်ပြင်လုံးကိုသာတွေ့ရမှာပါ။ အနောက်ဖက်မှာတော့ အမည်းရောင် ပလတ်စတစ် ပြင်ကျယ်နောက်ကျောကိုတွေ့ရမှာ ဖြစ်ပါတယ်။ ရေကတော့ လုံးဝ စိမ်ခံပြီး ရေမ၀င်ဖို့ကို အဓိက( micro SD card slot) ရေ၀င်နိင်တဲ့ နေရာတွေကို ရာဘာ Flap တွေနဲ့ ကာကွယ်ပေးထားပါတယ်။

မျက်နှာပြင်
10.1-inch display ဖြစ်ပြီး Full HD resolutionတွေ ထောက်ပံပေးထားပါတယ်။ သို့ပေမဲ့ i Pad Air ရဲ့ 2048x1536-pixel ကိုတော့ မယှဉ်နိင်ခဲ့ပါဘူး။ TV တွေထုတ်လုပ်တဲ့ လိုင်းပေါ်မှာ ရှိတဲ့ Triluminous' display technology နည်းပညာကိုသုံးထားတယ်လို့ ဆိုနီက ရှင်းပြခဲ့ပါတယ်။

အစိတ်အပိုင်းများ
အထင်ကြီးစရာ 2.3GHz ရှိတဲ့ quad-core Qualcomm Snapdragon 801 processor သုံးပြီး 3GB of RAM ရှိပါတယ်။ Android OS က နောက်ဆုံးထွက်ဖြစ်တဲ့ 4.4.2 KitKat ပါ။ 8-megapixel ရှိတဲ့ ကျောဖက် ကင်မရာပါရှိတယ်လို့ သိရပါတယ်။

Credit>>> Aung Heine ( www.smart.com.mm )