Powered by Blog - Widget

Saturday, February 21, 2015

Window ရဲ့ System ကို ကာကွယ်ပေးမဲ့ Advanced SystemCare Free 8.1.0.651


Advanced System Care Free ဆိုတဲ့ Software ဟာ ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့ သင့်ရဲ့ Window System ကို အကောင်းဆုံးကာကွယ်ပေးမဲ့ Software တစ်မျိုးဖြစ်ပါတယ်။ Window System ကို ကာကွယ်ပေးရုံသာမကပဲ ပြန်လည် ပြင်ဆင်ခြင်းများ၊ သန့်ရှင်းခြင်းများ ၊ စိစစ်ခြင်းများ ၊ နောက်ဆုံး အနေနဲ့ပြောရမယ်ဆိုရင် သင့်ရဲ့ PC ကို မြန်ဆန်အောင် ပြုလုပ်ပေးနိုင်မဲ့  Software တစ်မျိုးဖြစ်ပါတယ်။ ဒီ Software ကို ကမ္ဘာအရပ်ရပ်မှာ Download အရေအတွက်ပေါင်း 150 မီလီယံ ကျော်ရရှိထားတဲ့ Software ဖြစ်ပြီး အံမခမ်းလောက်အောင်စွမ်းဆောင်မှု ပေးစွမ်းနိုင်တဲ့ PC Repair software အဖြစ် ကွန်ပျူတာ အသုံးပြုသူများက မှတ်ချက်ပေးထားတဲ့ Software တစ်မျိုးပါ။


 ဒီ Software ကို အသုံးပြုပြီး သင့်ကွန်ပျူတာကို Optmize ,  Analyze များ ပြုလုပ်ပြီးပါက ကွန်ပျူတာ အသစ်သုံးနေရသလို ခံစားရမှာဖြစ်ပြီး သင့် Window System ကို adware , spyware နှင့် viruses ရန်မှ အကောင်းဆုံးကာကွယ်ပေးနိုင်မယ်လို့ ဒီ Software ကို အသုံးပြုသူများရဲ့ မှတ်ချက်ပေးမှု အရသိရှိရပါတယ်။

Online အသုံးပြုသူများအနေဖြင့်လည်း Web Browsing မှ ပါဝင်လာတတ်တဲ့ Maleware များအားလည်း Broswer ထဲတွင် Plugin တစ်ခုအနေဖြင့် ကာကွယ်ပေးမှာဖြစ်ပြီး Browser ပိတ်လိုက်သည်နဲ့ Browser ၏ Cache အတွင်းရှိ Malicious attack များအားလည်း အလိုအလျောက် သတ်ပေးမှာဖြစ်ပါတယ်။

အခုနောက်ထပ် စွမ်းဆောင်မှု အသစ်နေဖြင့် ဒီ Software ကို အသုံးပြုရခြင်းဟာ ပေါ့ပါးသွက်လက်မှုရှိရမည်ဖြစ်ပြီး၊ သင့်ရဲ့ memory ကိုလည်း ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်အောင် စက္ကန့်ပိုင်းအတွင်းမှာတင် ပြုလုပ်ပေးနိုင်မဲ့ စွမ်းဆောင်ချက်က အသုံးပြုသူတို့အတွက် စိတ်ကျေနပ်မှု ရရှိစေမဲ့ စွမ်းဆောင်မှုပဲဖြစ်ပါတယ်။


ဒါကြောင့် Advanced System Care Software Company မှ အာမခံထားချက်အရ သင့်ရဲ့ Window မှာ ဒီ Software ကို အသုံးပြုနေသမျှကာလပတ်လုံး error ရှင်းလင်းမှုနဲ့ သွက်လက် စွာ အသုံးပြုနိုင်မှုကို ပေးစွမ်းနေမှာပါဖြစ်တယ်လို့ သိရပါတယ်။ ဒီ Software ဟာ Registry အတွင်းမှာ ဖြစ်ပေါ်နေတဲ့ Error များကိုပါ ပြန်လည် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဆောင်ထားသင့်တဲ့ Software တစ်မျိုးလို့လည်း ဖော်ပြထားပါတယ်။

သင့်ကွန်ပျူတာကို ကာကွယ်ပေးမဲ့ Advanced SystemCare Free Features ရဲ့ Feature တွေကတော့

Basic Protection from Security Threats
Basic System Optimization
Maximum Hard Drive Performance
Auto Clean for Privacy Security Whenever You Log on
Block Malicious Attempts to Access Your Personal Data

တို့ပဲဖြစ်ပါတယ်။

အသုံးပြုလိုသူများ အောက်က link မှာ Download လုပ်နိုင်ပါတယ်။

Download Here


Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment