Powered by Blog - Widget

Thursday, February 26, 2015

Unicode မြန်မာစာစနစ်ထောက်ပံ့မှု ပါဝင်လာသည့် Gmail


Unicode မြန်မာစာစနစ်ကို ထောက်ပံ့မှုပေးနေတဲ့ Google ဟာ မကြာသေးမီက Google Translate မှာ Unicode မြန်မာစာစနစ်ကိုထည့်သွင်းပြီး မြန်မာ ဘာသာပြန်နိုင်တဲ့ ၀န်ဆောင်မှုကို ပေးခဲ့ပြီး ယခုအခါလည်း Gmail မှာပါ Unicode မြန်မာစာစနစ်ကို ထည့်သွင်းပေးလိုက်ပြီဖြစ် ပါတယ်။ မြန်မာနိုင်ငံသားများအတွက် Email Service ကို မိမိဘာသာဖြင့် လွယ်ကူစွာ ရယူနိုင်မှာဖြစ်ပြီး မြို့ပြနေ ပြည်သူများသာမက ကျေးလက်နေ ပြည်သူများအတွက်ပါ ပိုမိုအဆင်ပြေစေနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်လိုက်တဲ့ Google ရဲ့ ၀န်ဆောင်မှုဟာ မြန်မာပြည်သူလူထုအတွက် များစွာ အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။







Gmail မှာ မြန်မာစာစနစ်ကို အသုံးပြုနိုင်ဖို့အတွက် မိမိရဲ့ ကွန်ပျူတာမှာ Unicode Font & Keyboard ကိုထည့်သွင်းထားရမှာဖြစ်ပြီး Gmail ရဲ့ Setting >>> General Tab >>>  Language >>> Gmail Display Language တွင် မြန်မာဘာသာ (Myanmar Language (Burmese)) ကိုရွေးချယ်ကာ Page အောက်ဆုံးရှိ Save Button ကို နှိပ်ပြီးပြောင်းလဲ အသုံးပြုရမှာဖြစ်ပါတယ်။

မိမိရဲ့ Gmail ထဲမှာ မြန်မာဘာသာ ကို အပြည့်အ၀ အသုံးပြုရင်း Google ရဲ့ Email Service ကို ရယူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Written By Aung Ko Htet


Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment