Powered by Blog - Widget

Monday, February 2, 2015

StarDict Dictionary ကို Ubuntu မှာ Install လုပ်မယ်

 
 
Ubuntu ကို သုံးနေရင်းနဲ့ Education ဖက်ကိုပါ စဉ်းစားမိတယ်။ Internet ပေါ်မှာ စာတွေဖတ်ရင်English လိုဖတ်ရတာများတာကလည်းတစ်ကြောင်းပါတာပေါ့ဗျာ။ ABCD ကိုသိတယ် ဆိုပေမယ့် လည်းကိုယ့်ဘာသာစကား မဟုတ်တော့ အခက်တွေ့တာပဲလေ။ အဲဒီမှာ Dictionary က လိုလာပြီလေ။

Windows မှာတုန်းကတော့ Dictionary တွေကပေါတယ်လေ။ Ubuntu မှာ Dictionary က နဲနဲရှားတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ StarDict တို့ GoldenDict တို့ရှိပါတယ်။ ဘယ်ဟာက ပိုကောင်း တယ် မကောင်းဘူးဆိုတာထက် လက်တွေ့အသုံးဝင်တာပဲလုပ်ကြရအောင်ပါ။
 

ကျနော်ကတော့ StarDict ကိုပဲရွေးလိုက်ပါတယ်။ကဲ ဒါဆို StarDict ကို Install လုပ်လိုက်ကြရ အောင်ဗျာ။Terminal ကနေသွင်းမနေတော့ပါဘူး။ လွယ်လွယ်ကူကူပဲ Software Center ကနေ သွင်းပါမယ်။ SC ကိုဖွင့်ပြီးရင် stardict လို့ရိုက်ထည့်ပြီးရှာလိုက်ရင် အောက်ကလိုတွေ့ရမှာပါ။ 




StarDict ဆိုတာလေးကိုနှိပ်လိုက်ရင် More Info နဲ့ Install ဆိုတဲ့ Button တွေတွေ့ပါလိမ့်မယ်။ကျနော်က StarDict ကို Install လုပ်ပြီးသားဆိုတော့ Remove ဆိုပြီးပေါ်နေတာပါ။ Install လုပ်တော့မှာဆိုရင်တော့ Install ကိုနှိပ်လိုက်ပါ။ ဒါမှမဟုတ် MoreInfo ကိုနှိပ်ပြီးတော့ ရှင်းလင်းချက်အကျဉ်းကို လေ့လာချင်လေ့လာလို့ရပါသေးတယ် Version, Total size စတာတွေ ပေါ့ဗျာ။ Size သိတော့ Download ဘယ်လောက်ကြာကြာလုပ်ရမလဲခန့်မှန်းလို့ ရတာပေါ့ ။ 



 
Installation ပြီးသွားရင်တော့ Installed ဆိုပြီးအောက်ကအတိုင်းပြပါလိမ့်မယ်။



Installationပီးသွားပေမယ့်Dictionary တွေမပါသေးဘူးဗျ။ StarDict ကို ဖွင့်လိုက်ပါ။ အောက်ခြေ ဘယ်ဘက်ဒေါင့်မှာခွေးသွားစိတ်ပုံicon လးကိုနှိပ်လိုက်ပါ Manage Dictionaries ဆိုတဲ့ windows ပွင့်လာပါလိမ့်မယ် Dictionaries တွေ Download လုပ်နိုင်မယ့် link ကိုတွေ့ရမှာပါ


http://stardict.sourceforge.net/ ကနေပြီးတော့Dictionariesတွတော်တော်များများ ကို Download လုပ်နိုင်ပါတယ် tar.bz2 အမျိုးအစားတွေပါ (zip တို့ rar တို့လို file Type ပါပဲ)။ ကျနော် Down ထားတာတောင် English-English တွေတင် Dictionaries (၆၀) လောက် ရှိပါတယ်။
ကဲဗျာ.. ဒေါင်းပြီးသွားပြီပဲထားလိုက်ပါတော့ကိုယ်သုံးချင်တဲ့ ExampleDictionary.tar.bz2 ဖိုင်ကို Extract လုပ်ပြီးဖြည်ထုတ်လိုက်ပါ ExampleDictionary ဆိုပြီး Folder တစ်ခုရလာပါလိမ့်မယ်။

Alt + F2 နှိပ်ပြီး gksu nautilus ဆိုတဲ့ command လေးရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Passwordတောင်းပါလိမ့်မယ်။ထည့်ပေးလိုက်ပါ။အောက်ကလို window တစ်ခုပွင့်လာပါလိမ့်မယ်။
File System => user => share => stardict => dic အထိ အဆင့်ဆင့်ဝင်သွားလိုက်ပါ။ပြီးရင်ခုနက Extract လုပ်ပြီးသား ExampleDictionary ဆိုတဲ့ Folder ကို copy & paste လုပ်လိုက်ပါ။ပြီးရင် window ကိုပိတ်လိုက်ရင်ရပါပြီ ။



 
OK! ခင်ဗျားရဲ့ StarDict ကို Dictionary တွေ စုံစုံလင်လင်နဲ့ စတင်အသုံးပြုလို့ရပါပြီ။

English-Myanmar Dictionary သုံးချင်တယ်ဆိုရင်တော့ ornagai-stardict_1.0.0-1_all.deb ဆိုတဲ့ debian file လေးကို https://www.dropbox.com/s/z1k74cm0in5s2ci/ornagai-stardict_1.0.0-1_all.deb internet ကနေပီး down လိုက်ပါ။ပြီးရင် Double Click နှိပ်ပြီး SC ကနေ Installation လုပ်ချင်လုပ် CLI ကနေပဲ sudo dpkg -i ornagai-stardict_1.0.0-1_all.deb ဆိုပြီး တော့ installation လုပ်လုပ် ခင်ဗျားသဘောပါပဲ။

Internet ကနေပြီး ခင်ဗျားရဲ့ လေ့လာမှုတွေအတွက်ဒါဆိုကောင်းကောင်း အထောက်အပံ့ဖြစ်ပြီ လို့ထင်ပါတယ်။ စကားလုံးတစ်လုံးရဲ့ Definition ကို Dictionariy ပေါင်းစုံကနေ လေ့လာရင်း အောင်မြင်မှုတွေ ရယူနိုင်ကြပါစေဗျာ..........။ 



Credit to X Magic World



Please Like Our Facebook Here
Thank You !
Aung Ko Htet

0 comments:

Post a Comment