Powered by Blog - Widget

Friday, February 13, 2015

English စာ dictionary အတွက် Oxford Advance Learner's Dictionary APK (Mobile)



အင်္ဂလိပ်စာလေ့လာနေကြတဲ့ မိတ်ဆွေတို့အတွက် Dictionary အမျိုးမျိုးကို အသုံးပြုကြပါတယ်။ Dictionary တွေအမျိုးမျိုးရှိကြတဲ့အထဲကမှ ကျွန်တော်ကတော့ Oxford Advance Learner's Dictionary ကို ဆောင်ထားစေချင်ပါတယ်။ ဒီ Dictionary က အဓိပ္ပါယ်အစုံကို ဖော်ပြပေးထားတဲ့ အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေစေမယ်လို့ထင်ပါတယ်။ အသံထွက်ပါ ပါတဲ့အတွက်ကြောင့် ကိုယ်မသိတဲ့ စကားလုံးတစ်လုံးကို အသံထွက်ပါနားလည်အောင်ဖော်ပြပေးနိုင်တဲ့ Application လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးဆောင်ထားသင့်တဲ့ Dictionary လို့ ပြောနိုင်ပါတယ်။

ဒီ Application ကို APK File ချည်းပဲ သီးသန့် Download လုပ်လို့ အဆင်မပြေပါဘူး။ သူ့မှာ Data File တွေပါပါသေးတယ်။ ဒီ Data File တွေနဲ့ ပေါင်းစပ် အသုံးပြုမှသာလျှင် မိမိရဲ့ ဖုန်းမှာ အကောင်းဆုံးအလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Installation ပုံစံကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Installation ပြုလုပ်ပုံ
----------------------

အောက်မှာပေးထားတဲ့ Download File (rar file) ကို Download လုပ်လိုက်ပါ။

ပြီးရင် Extract ဖြည်ချလိုက်ပါတယ်။ အထဲမှာ APK File နဲ့ Data File နှစ် File ပါဝင်ပါတယ်။

ပထမဦးဆုံး APK File လေးကို ဖုန်းထဲကို အရင် Install လုပ်လိုက်ပါ။

ပြီးတဲ့နောက်မှာတော့ File Manager ထဲကို ၀င်ပြီး Oxford ဆိုတဲ့ Folder လေးကိုရှာလိုက်ပါ။

အဲ့ဒီ Oxford ဆိုတဲ့ Folder ကို တွေ့ပြီဆိုရင်တော့ Rar File မှာ ဖြည်ချတုန်းက တွေ့ရတဲ့ Data File နှစ် File ကို Oxford Folder အောက်ထဲမှာ ကူးထည့်လိုက်ပါ။ (ဒီလိုမှသာ သင့်ရဲ့ Dictionary က ကောင်းမွန်စွာ အလုပ်လုပ်မှာ မို့လို့ပါ။)

ဒီအချက်တွေအတိုင်းပြုလုပ်ပြီးသွားရင်တော့ သင့်ရဲ့ Oxford Learner Dictionary ကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါပြီ။


Rar File ကို အောက်က link ကနေ Download လုပ်နိုင်ပါတယ်။

Download Here 


Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment