Powered by Blog - Widget

Thursday, April 2, 2015

April Fools' Day အကြောင်း



အချို့က April Fools' Day ကို April Fool's Day လို့လည်း ခေါ်ကြပါတယ်။ ဒါပေမဲ့ အတူတူပါပဲ။ April Fools' Day ပွဲတော်ကို နှစ်စဉ် နှစ်တိုင်း April လ တစ်ရက်နေ့မှာ ကျင်းပကြပါတယ်။ အဆိုပါ နေ့မှာ လူတွေက တစ်ယောက်နဲ့ တစ်ယောက် အထိတ်တလန့်ဖြစ်စေမဲ့ ၊ပျော်ရွှင်စရာ စနှောက်ကျီစယ်ခြင်းတွေ ပြုလုပ်ကြပါတယ်။ ဒီလို စနောက်ခြင်းတွေကို ပြုလုပ်ခံရတဲ့ လူတွေကို အစွဲပြုပြီး "April Fools" လို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။

April လ တစ်ရက်နေ့မှာ စနှောက်ကျီဆယ်ခြင်းကို နောက်တစ်နေ့ရောက်တော့မှသာ မီဒီယာများ ၊ ပုံနှိပ်ကြော်ငြာများ မှတစ်ဆင့် နောက်ပြောင်ကျီဆယ်ခြင်းပြုလုပ်သည်ကို ပြန်လည် ကြော်ငြာခဲ့ကြပါတယ်။ အဆိုပါနေ့ဟာ နိုင်ငံတိုင်းရဲ့ ရုံးပိတ်ရက် ၊ အလုပ်ပိတ်ရက်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ April Fools' Day ကို India , Canada , Europe , Australia , Brazil နဲ့ The United States တို့မှာ ၁၉ ရာစုကတည်းက လူသိများစွာ ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ယနေ့တိုင် လက်ခံ ကျင်းပနေဆဲလည်း ဖြစ်ပါတယ်။

April Fools' Day ကို သတ်မှတ်ခဲ့တာကတော့ 1392 ခုနှစ် Geoffrey Chaucer's The Canterbury Tales ခေတ်ကတည်းက သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်ပြီး အချို့သော စာရေးဆရာ တို့က April Fools' Day အစိုးရ ရုံးပိတ်ရက်များအဖြစ် အသိမှတ်ပြုရန် အကြံပေးခဲ့ပေမဲ့ အသိမှတ်ပြုမခံခဲ့ရပါဘူး။ ဒီအဖြစ်အပျက်အတိုင်းပဲ ၁၆ ရာစုနှစ်တုန်းကလည်း January 1 ရက်နေ့ New Year's Day ကို အစိုးရုံးပိတ်ရက်အဖြစ် တင်ပြခဲ့ကြပေမဲ့လည်း အရာမရောက်ခဲ့ကြပါဘူး။ သို့ပေမဲ့လည်း လူတိုင်းရဲ့ ရင်ထဲမှာ ထိုနေ့တွေကို ပျော်ရွှင်စရာနေ့အဖြစ် မိမိဘာသာ အသိမှတ်ပြုခဲ့ကြပါတယ်။

Ref: Wiki

Written By Aung Ko Htet

#akh_redlinkcommunications

RedLink Communications



Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment