Powered by Blog - Widget

Saturday, April 4, 2015

Google Chrome ဖြင့် ဒိုင်နိုဆော Game ဆော့မယ်


Computer ဖြင့် မြင်တွေ့ရသော ၊ ကစားနိုင်သော ပုံ


Mobile Phone ဖြင့် မြင်တွေ့ရသော Game ကစားနိုင်သောပုံ


ကျွန်တော်တို့ဟာ နေ့တိုင်း Internet ကို အသုံးပြုကြပါတယ်။ PC နဲ့သော်လည်းကောင်း Mobile နဲ့သော်လည်းကောင်း အမျိုးမျိုးပေါ့။ ဒီလိုအင်တာနက်အသုံးပြု ကြရင်း ရံဖန်ရံခါမှာ အင်တာနက် မရတော့တဲ့ ပြဿ နာနဲ့ ကြုံတွေ့ကြရနိုင်ပါတယ်။ ကျွန်တော်တို့တို့လို အင်တာနက်အသုံးပြုကြသူတွေဟာ အင်တာနက် ပြတ်တောက်တဲ့ ပြဿ နာနဲ့ ကြုံရတဲ့အခါမှာတော့ စိတ်ပျက်စွာနဲ့ပဲ အင်တာနက်နဲ့ ပတ်သတ်တဲ့ အလုပ်တွေကို မလုပ်ချင်လောက်အောင်ကို ဖြစ်ကြရပါတယ်။

ဒီအဖြစ်အပျက်တွေကို အဆင်ပြေစေဖို့အတွက် Google က သူ့ရဲ့ Browser မှာ Game တစ်ခုကို ထည့်သွင်းပေးထားပါတယ်။ Game ရဲ့ အမည်ကိုတော့ Google Chrome Dinosaur Game ဆိုပြီး နာမည်ပေးထားပါတယ်။ ဒီ Game ကတော့ မိမိဟာ Google Chrome Browser နဲ့ အင်တာနက် အသုံးပြုနေတဲ့ အချိန်မှာ အင်တာနက် ပြတ်တောက်သွားသည်ကို ကြုံရပါက Unable to connect to the internet ဆိုတဲ့ စာသား Error ကို ဖော်ပြမှာဖြစ်ပြီး ဒီ Error နဲ့အတူ ဒိုင်နိုဆော အရုပ်ကလေး တစ်ရုပ်ပါဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဒီလို Error ကိုတွေ့ရပြီဆိုရင် မိမိရဲ့ Keyboard မှ Space Bar ကို နှိပ်ပြီး Dinosaur Game ကို ကစားနိုင်ပါတယ်။ ကွန်ပျူတာတွင်သာမက ဖုန်းနဲ့ပါကစားနိုင်တဲ့ Game တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် မိမိကွန်ပျူတာမှာ (သို့မဟုတ်) Mobile Phone မှာ အင်တာနက်မရတဲ့အခါ စိတ်မပျက်ပါနဲ့တော့ ။ ဘာ Game မှ ထပ်မံ ထည့်သွင်းစရာမလိုပဲ Browser တစ်ခုနှင့်ပင် Game တစ်မျိုးကို ကစားနိုင်ပါပြီ။ ဒါကြောင့် အင်တာနက်မရတဲ့ မိမိရဲ့ (PC or Mobile Phone) Device တစ်ခုခုမှာ Google Chrome Browser ကို ဖွင့်ပြီး ဒိုင်နိုဆော ဂိမ်းကို ကစားကြည့်လိုက်ကြပါ။ မိတ်ဆွေတို့ရဲ့ အမှတ်တွေ ဘယ်လောက်ရမလဲ ဆိုတာ ကြည့်ကြတာပေါ့။

Ref : Google Chrome

Written By Aung Ko Htet


RedLink Communications

Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment