Powered by Blog - Widget

Wednesday, April 1, 2015

အံ့သြစရာကောင်းသည့် ဆင်တစ်ကောင်ရဲ့ မှတ်ဥာဏ်



1980 ခုနှစ်တုန်းက Dr. Joyce Poole ဆိုတဲ့ အမျိုးသမီးဟာ Valdimir ဆိုတဲ့ ဆင်လေးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့ပါတယ်။ သူမဟာ ဆင်လေးကို သူမရဲ့ ကားပေါ်ကို တင်ခေါ်သွားပြီး သူမအား ဆင်လေးရဲ့ အဆွယ်နဲ့ နှာမောင်းတို့ကို ကိုင်တွယ်ခွင့်ပြုခဲ့ပါတယ်။


 နောက် ၁၂ နှစ်ကြာတဲ့အခါမှာတော့ Dr. Joyce ဟာ ကားအသစ်တစ်စီးနဲ့ ထိုဆင်လေးဆီကိုပြန်လာခဲ့ပြီး ဆင်လေးရဲ့နာမည်ကို ခေါ်ပြီး လိုက်ရှာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတောင် ဆင်လေးက အကောင် အကြီးဖြစ်နေပြီး သူမရဲ့ကားဘေးမှာ ရပ်ကာ သူမရဲ့ ပွတ်သပ်မှုကို ခံယူရှာပါတယ်။

Dr. Joyce ကလည်း နှာမောင်းတွေ အစွယ်တွေကို ပွတ်သပ်ပြီး သူမရဲ့ မိတ်ဆွေဆင်လေးကို ချစ်ခင် ကြင်နာမှုတွေ ပြသခဲ့ပါတယ်။ ဒီလောက် ဆယ်နှစ်ကျော်ကြာခဲ့တာတောင်မှ ဆင်ဟာ သူ့ရဲ့ မိတ်ဆွေ Dr. Joyce ကို မှတ်မိနေတဲ့အပြင် သူမနဲ့ပတ်သက်သမျှ အားလုံးကို သတိရနေခြင်းဟာ တိရိစ္ဆာန်တွေရဲ့ အမှတ်သဲချေ ကြီးမှုကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်တွေရဲ့ မှတ်ဥာဏ်ဟာ အချိန်တွေ ဘယ်လောက် ကြာရှည်ပါစေ သူတို့ရဲ့ ပတ်သက်သမျှတွေကိုတော့ မှတ်သားထားနိုင်ပါတယ်။

Ref : dyknow

Written By Aung Ko Htet

#akh_mmitknowledge

Knowledge Bank (Y)


Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment