Powered by Blog - Widget

Tuesday, April 7, 2015

စီးပွား စတင်သူတို့ သိထားသင့်တဲ့ Engery Efficiency

 
 
စီးပွား စတင်သူများမှာ Blind spot များစွာ ရှိပါတယ်။ ယင်းထဲမှာ Energy Efficiency ဟာလည်း ပါဝင်ပါလိမ့်မယ်။ ကားတွေမှာ ဘလိုင်းစပေါ့ ဆိုတာ မြင်ရန်ခက်တဲ့အပိုင်း ဖြစ်ပြီး ကိုယ့်ကို ဒုက္ခ ပေးပါတယ်။ ယခုလည်း အိုင်တီစီပွားစတင်သူတွေ သတိမထားမိတဲ့ စွမ်းအင် သုံးစွဲမှု အကြောင်းလေး ပြောပါရစေ။ 

လိုသလောက်ပဲ ကျယ်ရမယ့် ရုံးခန်း

ပထမဆုံး ပြောရမယ့် အချက်က အိမ်ခန်း ဖြစ်ပါတယ်။ ဥပမာ ဝန်ထမ်း  ဦးလောက်ထဲ ရှိရင် နှစ်ထပ်တိုက် မလိုအပ်တာတော့ သေချာပါတယ်။ အကယ်၍ ကိုယ့်လုပ်ငန်းက Inventry product မရှိဘူး ဆိုရင်ပေါ့။ အခန်း အကျယ်အဝန်းဟာ မိမိရဲ့ ဝန်ထမ်းများနဲ့ လုပ်ကိုင်ဖို့ အတွက် လိုအပ် လုံလောက်တဲ့ အခန်းအကျယ် ရှိရင် လုံလောက်ပါပြီ။ အကြောင်းက အခန်းကြီးက ကျယ်ရင် ဈေးက ကြီးတယ်။ မသုံးဖြစ်တော့ အလဟဿ ဖြစ်ပါလိမ့်မယ်။ အိမ်ခန်းတွေကို ရှာတဲ့အခါ နေရာကလည်း စကားပြောပါလိမ့်မယ်။ အကယ်၍ သွားလာရခက်ရင်လည်း ဝန်ထမ်းတွေအတွက် အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းတစ်ခု စဖို့အတွက် အခန်း တစ်ခု လိုပြီ ဆိုရင် မိမိမှာ ရှိတဲ့ ဝန်ထမ်း ဦးရေ၊ အနာဂတ်မှာ ရှိလာမယ့် ဦးရေ၊ အလုပ်မှာ လိုအပ်တဲ့ ပစ္စည်း ပမာဏ ထားရန် နေရာ၊ သွားလာမှု လွယ်မလွယ် အစရှိသဖြင့်တို့နဲ့ တွက်ချက် ရှာမယ် ဆိုရင် အကောင်းဆုံးပဲ ဖြစ်ပါတယ်။www.imyanmarhouse.com တို့လို ဆိုဒ်တွေမှာ ရှာကြည့်ပါ။ 

မလိုအပ်ရင် ပိတ်ထားရမယ့် လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများ 

အခန်းက သေးပြီးတော့ အဲယားကွန်း ၃ လုံး ထည့်ထားတဲ့ သူငယ်ချင်းရဲ့ ရုံးခန်းတစ်ခုကို ရောက်ဖူးပါတယ်။ ပြီးရင် သူက လစဉ် မီးဖိုး များတာကို ခဏခဏ ပြောပါတယ်။ နောက်ထပ် သူငယ်ချင်းတစ်ယောက်ရဲ့ ရုံးခန်းကျတော့ ပရင်တာတွေ မသုံးပဲ ဖွင့်ထားတယ်။ ရုံးပိတ်သွားလည်း စက်ပစ္စည်းတွေ အဖွင့်လိုက် ထားခဲ့တယ်။ မီးကို မနက်မိုးလင်းကတည်းက ညအထိ ဖွင့်ထားပါတယ်။ သဘာဝ ပတ်ဝန်းကျင် အလင်းလည်း ရှိနေရက်သား လျှပ်စစ် ဓာတ်အား ဖြုန်းတီးခြင်း ပါပဲ။ ဒါတွေကို စီးပွားရေး လုပ်ငန်းမှာ  hidden cost လို့လည်း ဆိုပါ လိမ့်မယ်။ 

မလိုအပ်ရင် မဝယ်သ့င်တဲ့ အပိုပစ္စည်းတွေ

မလိုအပ်ပဲနဲ့ ဝယ်ထားမိတဲ့ ပစ္စည်းတွေဟာလည်း မိမိရဲ့ လုပ်ငန်းအတွက် ကုန်ကျစရိတ် များစေ ပါတယ်။ ဥပမာ ဝန်ထမ်း ၅ ယောက်တည်း ရှိတာကို ကွန်ပြူတာ ၇ လုံးလောက် ဝယ်တာမျိုးတို့။ ကွန်ပြူတာ ဝယ်တော့လည်း အကောင်းစားချည်း ဝယ်တာမျိုးတို့ ဖြစ်ပါတယ်။ သုံးတဲ့သူတွေ လိုအပ်ချက်အပေါ် customise လုပ်တဲ့ ဗားရှင်းမျိုးသာ ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်ခုံမှာလည်း မလိုအပ်ပဲနဲ့ ကုမ္ဗဏီကြီးတွေကလို ဆိုဖာ ခုံ အကောင်းစား ဝယ်တာမျိုးတို့လည်း ပါဝင်ပါလိမ့်မယ်။ employee comfort ဖြစ်ဖို့အတွက် ကောင်းကောင်း သုံးသင့်ပေမယ့် အကောင်းလွန်တာမျိုးတွေ ရှောင်နိုင်ရင် အကုန်ကျ သက်သာ ပါလိမ့်မယ်။ 


အထက်ပါ အချက်အားလုံးဟာ လျှပ်စစ် စွမ်းအင်ကို အသုံးပြုပြီး မိမိရဲ့ စီးပွားရေးကို ထိခိုက်စေမယ့် အကြောင်းများစွာထဲက အချို့ပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ သိချင် လေ့လာချင်ရင် https://e-learning.life-global.org/ မှာ ဝင်လေ့လာနိုင်ပါတယ်။ 

Written By Aung Kham , Aung Kham

#akh_mmitknowledge

Knowledge Bank 



Please Like Our Facebook Here

Thank You !
Aung Ko Htet

0 comments:

Post a Comment