Powered by Blog - Widget

Monday, May 26, 2014

Facebook က သင့် အကောင့်ကို Lock ချခြင်း Block ရခြင်း အကြောင်းများကို



Aung Ko Htet (MM IT Knowledge)

ဒီပိုစ့် မှာ အသေခြာ ရှင်းပြထားပါတယ်။
ဒီပိုစ်ကို Facebook သုံးသူတိုင်း ဖတ်သင့်ပါတယ်။ အဓိက ကတော့ အခုလက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေကို ရည်ညွှန်းထားတာပါ။
အကောင့် အဟောင်းတွေကတော့ ဒီအချက်တွေ သိပ်လိုက်နာစရာ မလိုပါဘူး။ Facebook အသစ်ဖွင့်ပြီး ၃ရက် ၄ရက်လောက် နဲ့ လာ့ကျတာတွေ ဖြစ်နေကြလို့ ဒီပိုစ်လေး ကိုဖတ်ပြီး ဆင်ခြင်နိုင်တာ ဆင်ခြင်နိုင်အောင် တားမြစ်ထားတာတွေကို ရှောင်နိုင်အောင် တင်ပေး လိုက်တာပါ။


အခု တင်ထားတဲ့ ပိုစ် ကစာကိုပဲ အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောင်ခမ်း (TSJ team) မှ ရေးထားပေးတဲ့ ပိုစ်လေးပါ။ လိုအပ်တာတွေ ကို ကျနော် ထပ်ဖြည့်ထားပါတယ်။ မူရင်းမှ စာကို နဲနဲ ပြန်လည်ပြုပြင်ထား ပါတယ်။ Facebook သုံးနေသူတိုင်း ဖတ်သင့်တဲ့ ပိုစ်လေးပါ။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........
===========================

- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။
ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
Poke အဓိပ္ပါယ်ရှင်းဖူးပြီးသွားပြီနော်။ မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)

အားလုံးအဆင်ပြေပါစေ.......
နေဇော်လင်း
Admin
Nay Zaw Lin1

Saturday, May 24, 2014

ကိုယ့်ကိုယ်ကို မညာနဲ့ ကိုယ့်ကိုယ်ကို မညှာနဲ့



အောင်ကိုထက် (Myanmar IT Knowledge)

ဒီစကားက ကျွန်တော့်ဦးလေး ကျွန်တော့်ကို အမြဲတမ်းပြောလေ့ရှိတဲ့ စကားတစ်ခွန်းပါ။ ဒီစကားလုံးနှစ်လုံးဟာ အသုံထွက်တူကောင်းတူနိုင်ပေမဲ့ အဓိပ္ပါယ်ကတော့ လုံးဝတခြားစီပါပဲ။

ကျွန်တော်တို့တွေနေ့စဉ်နဲ့အမျှလုပ်ရှားသွားလာနေကြတယ်။ ကိုယ်တစ်နေ့တာ လုပ်ဆောင်ရမဲ့ အလုပ်တွေကို ပြီးပြတ်အောင်လုပ်ပါ။ ဒီနေ့လုပ်ရမဲ့ အလုပ်ကို နောက်တစ်ရက်ကို လုံးဝ ဘယ်တော့မှ မရွှေ့ပါနဲ့။ နောက်ပြီး ကိုယ်ညပိုင်းအလုပ်တွေလုပ်လိုက်ရလို့ နည်းနည်း ညဥ့်နက်ချင်ညဥ့်နက်သွားလိမ့်မယ်။ မနက်ကျရင်လည်း အလုပ်ကလည်း မဖြစ်မနေသွားရတော့မယ်။ အဲ့ဒီအချိန်မှာ မနက်အိပ်ရာကတော့ပုံမှန်တော့ ထပါတယ်။ ဒါပေမဲ့ အိပ်ချင်နေသေးတဲ့အခါကျတော့ ငါညတုန်းက ညဥ့်နက်ထားတာပဲ အခု နည်းနည်း လေး အနောက်ကျခံပြီး အိပ်လိုက်အုံးမယ်။ ဒါကကိုယ့်ကိုယ်ကို ညှာတာပါ။ ဒီလိုတွေ ကိုယ့်ကိုယ်ကို ဆက်တိုက် ညှာနေမယ်ဆိုရင် နောက်တစ်ချိန်မှာ ပျင်းတဲ့ ဘက်ကို ကူးသွားပါလိမ့်မယ်။ ဒါကတော့ ကိုယ့်ကိုယ်ကို ညှာခြင်းရဲ့ နောက်ဖြစ်လာမဲ့ ဆိုးကျိုးတွေပါ။

နောက်တစ်ခုက ကိုယ့်ကိုယ်ကို ညာတာပါ။ ကျွန်တော်တို့ အားလုံးဖြစ်ဖူးကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကပါ။ ငယ်ငယ်က စာကျက်ကြတဲ့အခါ စာတစ်ပုဒ်ကို သေသေချာချာ ကျေကျေညက် ညက် မရကြသေးဘူး။ ရသွားပြီ ဆိုပြီး စောစောအိပ်ရာဝင် သွားကြတာပါ။ နောက်နေ့ ကျောင်းရောက်လို့ ဆရာမကမေးတဲ့အခါကျတော့ "  အိအ " နဲ့ ဖြစ်ကုန်ကြတာပါပဲ။ အဲ့လိုအဖြစ်မျိုးတွေလဲ ကျွန်တော်တို့ အသက်တွေကြီးလို့ လုပ်ငန်းခွင်ထဲ ၀င်ကြတဲ့အခါမှာ ဒီလိုဖြစ်စဉ်မျိုးတွေအများကြီးကြုံ ဖူးကြမှာပါ။ ဒါကတော့ ကိုယ့်ကိုယ်ကို ညာခြင်းရဲ့ အကျိုး ကျေးဇူးတွေပါ။

ဒီနှစ်ခုကိုသာ အောင်မြင်အောင် ထိန်သိမ်းနိုင်မယ်ဆိုရင် သင်ရဲ့ တစ်နေ့တာ လုပ်ငန်းတင်မကပဲ တစ်ဘ၀စာ တာဝန်တွေကိုပါ အောင်အောင်မြင်မြင် တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်မယ်ဆိုတာ မလွဲပါပဲ။

Aung Ko Htet (Myanmar IT Knowledge)

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က ဆုံးမစာ အချက်(၂၀)



Aung Ko Htet (MM IT Knowledge)

(၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
(၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
(၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
(၄) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
(၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
(၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
(၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
(၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
(၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
(၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှအောင်မြင်မှုအရသာကို ခံစားရမှာ။
(၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
(၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
(၁၃)ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
(၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
(၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
(၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
(၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
(၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
(၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
(၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

ref: ဗဟုသုတမှတ်စု

ဆေးစွမ်းတစ်လက်နဲ့ ကမ္ဘာ့ ကယ်တင်ရှင်ဖြစ်ခဲ့ သူ Jonas Salk




Aung Ko Htet (Myanmar IT Knowledge)

၁၉၁၄ခု၊ အောက်တိုဘာ ၂၈ ဖွား Jonas Salk ဟာ အမေရိကန် ကို ရွှေ့ပြောင်း နေထိုင် တဲ့ ဂျူးလူမျိုးစုမှ ကြီးပြီးလာသူ ဖြစ်ပါ တယ်။ နယူးယောက် မြို့မှာ နေထိုင်ပြီး ပညာတွေ သင်ကြားရင်းနဲ့ အရွယ်ရောက်ချိန် မှာတော့ ဆေးပညာ တက္ကသိုလ်ကို တက်ရောက်ခဲ့ ပါတယ်။ သူဟာ ဇီဝဓာတု ဗေဒကို အထူပြုပြီး ကုသမှုပိုင်း အထက် သုတေ သန ကို အလေးပေး လေ့လာခဲ့ ပါတယ်။

အမေရိကန် စစ်ပြီး ကာလ ၁၉၄၅ နောက်ပိုင်းမှာ အမေရိကန် အတွင်း အကြိးမားဆုံး ရောဂါ ဘေးဒုက္ခ အဖြစ် ပိုလီယိုက ဦးဆောင် လာပါတယ်။ လူဦးရေ ၃ထောင်ကျော်ကို သေဆုံး စေပြီး ၂ သောင်းကျော်ကို ဒုက္ခိတ ဘဝသို့ ရောက်ရှိစေခဲ့ ပါတယ်။ သေဆုံးမှု နှုန်းတက်လာတော့ Jonas Salk ဟာ ပိုလီယို ကာကွယ်ဆေး သုတသနေ ပြုလုပ် ရှာဖွေထုတ်ဖော်ရေး အဖွဲ့သို့ ဆက်သွယ် ပါဝင်ခဲ့ပြီး ၁၉၅၅ ခုနှစ်က ဈေးသက်သာပြီး ကောင်းကျိုး သက်ရောက်မှု များတဲ့ ကာကွယ်ဆေး တစ်မျိုးကို ဆေးဖော်ဆပ် အောင်မြင် သွားခဲ့ ပါတယ်။

ဆေးတိုက်ကျွေးမှု အောင်မြင်ပြီး အမေရိကန်မှာ နျုကလိယ ဗုံးပြီးရင် ဒုတိယ ကြောက်စရာ အကောင်းဆုံး ဘေးအန္တရယ် သတ်မှတ်ထားတဲ့ ပိုလီယို ဘေးကနေ လွတ်မြောက်ခဲ့ကြ ပါတယ်။ ပိုလီယို ရောဂါ ကမ္ဘာ အနှံ့ ကူးဆက်ချိန်မှာလည်း သူ့ရဲ့ ဆေးကြောင့်မို့ အသက်များစွာ ကယ်တင် နိုင်ခဲ့ ပါတယ်။ Jonas Salk ကို အမေရိကန် အိမ်ဖြူတော် တင်မက ကမ္ဘာ့ အဖွဲ့အစည်း များစွာက ဂုဏ်ပြု ဆုတံဆိပ် များစွာ ပေးအပ် ခဲ့ပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

ချွေးထွက်နိင်တဲ့ စက်ရုပ်



Aung Ko Htet (MM IT Knowledge)
 
အခြား သိပ္ပံပညာရှင်တော်တော် များများဟာ မျက်နှာအမူအရာနဲ့ လူကဲ့သို့ လှုပ်ရှားပြောဆိုနိင်တဲ့ စက်ရုပ်တွေကို တီထွင်ဖို့ ကြိုးစားနေချိန်မှာ ဂျပန်နိင်ငံ ၊ ကန်စအီ တက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်စုဟာ လူသားတွေနဲ့ပိုဆင်စေတဲ့ အခြားတီထွင်မူတစ်ခုကို ဦးဆောင်လျက်ရှိပါတယ်။

IEEE Spectrum ၀က်ဆိုဒ်ရဲ့ ပြောကြားချက်အရ ဒေါက်တာ တိုမိုကို ယိုနယ်ဇာဝနဲ့ အသင်းတစ်သင်း ဟာ ချွေးထွက်စေနိင်တဲ့ စက်၇ုပ်ကို တီထွင်မူတွေ ၇ှိနေတယ်လို့သိရပါတယ်။ ထိုအပြင် ကြောက်စရာ အကြောင်းတွေပြောသော အခါ အေးစက်နေမည့် စက်ရုပ်၊ စိုးရိမ်ကြောင့်ကြသောအခါ ချွေးထွက်စေတဲ့ စက်ရုပ်နဲ့ စကားပြောလို့ရှိရင် လေထွက်နိင်မည့် စက်ရုပ်တို့ကိုလည်း တီထွင်လျက်ရှိကြောင်း သိရပါတယ်။ အသင်းအနေဖြင့် ဌင်းတို့ကို စက်ရုပ်တစ်ရုပ်ဆိုသော အနေအထားထက် ပိုကာ အော်တိုမက်တစ် လူသားတွေနဲ့ တူညီစွာ လုပ်ဆောင်နိင်လာစေရန် မျှော်လင့်နေကြောင်း သိရပါတယ်။.

ref: Aung Heine ...

Microsoft က Windows Device များနဲ့ Windows Phone တွင် အသုံးပြုနိုင်မယ့် Universal Apps များကိုဖြန့်ချီ



Aung Ko Htet (MM IT Knowledge)
 

Windows OS မောင်းနှင်လည်ပတ်တဲ့ Phone, Tablet, PC တို့အားလုံးမှာ အသုံးပြုနိုင်မယ့် Universal Apps များကို Microsoft က ဖြန့်ချီပေးလိုက်ပြီဖြစ်ပါတယ်။ ပထမဆုံး Universal Apps နှစ်ခုကို စတင် ဖြန့်ချီပေးလိုက်တာဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ အခပေး App များဖြစ်ပြီး တစ်ခုက Halo:Spartan Assault ဖြစ်ပြီး ၄.၉၉ ဒေါ်လာ ကျသင့်ပါတယ်။ နောက်တစ်ခုက 17 –Bit’s Skulls of Shogun ဖြစ်ပါတယ်။ အဲဒီ App တွေကို Windows Store သို့မဟုတ် Windows Phone Store ကနေ ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပါတယ်။Microsoft က လက်ရှိဖြန့်ချီထားပြီးဖြစ်တဲ့ အခမဲ့ Game တွေကိုလည်း Universal Apps အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အဲဒီ ဂိမ်းတွေက Wordament, Hexic, Mahjong, Minesweeper, Solitaire တို့ ဖြစ်ပါတယ်။ Universal App တွရေဲ့အားသာချက် Windows Devices အားလုံးမှာ Game Level တွေကို Sync ပြုလုပ်နိုင်တာဖြစ်ပါတယ်။

Microsoft က Build 2014 Developer Conference မှာ Windows 8.1 Update ကို ကြေညာစဉ်က Universal Apps တွေကို မကြာမီ ဖြန့်ချီမယ်လို့ ပြောပါတယ်။ Universal Apps တွေဟာ Microsoft ရဲ့ Platform အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Developer များအတွက်လည်း အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ ၀ယ်ယူသူများအနေဖြင့်လည်း တစ်ခါသာ ၀ယ်ယူစရာလိုပြီး Windows Device အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Universal Apps တွေဟာ Microsoft ရဲ့ ဂိမ်းစက်ဖြစ်တဲ့ Xbox One အတွက် အကျုံးမ၀င်ဘူးလို့ သိရပါတယ်။ Xbox One ဂိမ်းတွေကို သီးခြား ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ Universal Apps တွဟော Xbox One အတွက် ဘယ်အချိန်မှာ အကျုံးဝင်လာမလဲဆိုတာ မသိရသေးပါဘူး။

Windows Store မှာ Universal Apps ကဏ္ဍကိုသီးခြား ထည့်သွင်းပေးထားခြင်းမရှိသေးပါဘူး။ Universal Apps တွေကို “Made for Windows Phones and Windows PCs “ လို့ ဖော်ပြထားပါတယ်။

ref: သူရ

အာရှမှာစိတ်ဝင်စားနေတဲ့ 'ကားသစ်'မိတ်ဆက် Ford Ecosport ကား



Aung Ko Htet (MM IT Knowledge)


ယခုတစ်ပတ် မိတ်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ ကားကတော့ Ford ကားကုမ္ပဏီက ထုတ်တဲ့ Ford Ecosport ကား အမျိုးအစားပဲဖြစ်ပါတယ်။ ပထမမျိုးဆက်ရဲ့ ဖွဲ့စည်းပုံစံအချို့ပေါ် ပြန်လည်အခြေခံဆန်းသစ်ထားတဲ့ ဒုတိယမျိုးဆက် Ford Ecosport ဟာ အရွယ်အစားသေးငယ်ထားခြင်းက သိသာတဲ့အပြောင်းအလဲ တစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ ကားအတွင်းပိုင်းဖွဲ့စည်းပုံအရ နောက် ခန်းမှာ အရွယ်ရောက်ပြီးသူသုံးဦး လိုက်ပါနိုင် မှာဖြစ်ပါတယ်။ ပစ္စည်း ထားဖို့ နောက်ဖုံးအခန်းရဲ့အပြင်အဆင်ကလည်း သိပ်တော့ မကျဉ်း လောက်ဘူး လို့ မြင်ပါတယ်။ ရှေ့ခန်းအပြင်အဆင်ကတော့ ပထမ မျိုးဆက်နဲ့ ဆင်တူသလောက်ရှိပြီး ယာဉ်မောင်း သူအတွက် အလွယ်တကူ ထိန်းကျောင်းဖို့ စီရင်ပေးထားပါတယ်။

ရှေ့မြင် ကွင်းထိုင်ခုံဖွဲ့စည်းထားပုံနှင့် ခေါင်းခန်း အပြင်အဆင်ကတော့ ကားထဲဝင်လိုက်ရင် ပထမမျိုးဆက် Fiesta ထဲ ရောက်နေသလိုပဲ ခံစားမိမှာပါ။ ပုံမှန်အတိုင်း တံခါးငါးချက် ပါမယ်။

ထူးခြားတာကတော့ နောက်ဖုံးတံခါးကို ဘေးတွဲပုံစံတပ်ဆင် ထားခြင်းဖြစ်ပြီး Fiesta မျိုးဆက် အတိုင်း နောက် ဖုံး စပယ်ယာဘီးပို လည်း ပါဝင်မှာပါ။ အင်ဂျင်အမျိုးအစားကတော့ (1.5 litre) ဓာတ်ဆီ၊ (1.0 litre turbocharged) ဓာတ် ဆီနဲ့ (1.5 litre)ဒီဇယ်အင်ဂျင်ဆိုပြီး သုံးမျိုးထဲက ကြိုက်ရာကို ရွေးချယ်နိုင်မှာပါ။
အင်ဂျင်ပါဝါအနေနဲ့က တော့ (111 bhp), (123 bhp) နဲ့ (90 bhp) အသီးသီးရှိကြပြီး အမြင့် ဆုံးအမြန်နှုန်းကတော့ (107 mph), (112 mph) နဲ့ (99 mph) အသီးသီး ရှိကြပါတယ်။

ပါဝါနဲ့အလျင် ဖော်ပြချက်တွေကို ရှေ့မှာ အင်ဂျင်အမျိုး အစားဖော်ပြထားချက်အတိုင်း အစဉ်လိုက်ဖော်ပြပေးထားတာပါ။ အင်ဂျင်အမျိုးအစားအားလုံးအတွက် မန်နျူရယ်ငါးချက်ထိုးဂီယာစနစ် ကို တပ်ဆင်ပေးထားပြီး (1.5 litre) ဓာတ်ဆီအင်ဂျင်အတွက်တော့ ခြောက်ချက်ထိုး အော်တိုဂီယာစနစ်နဲ့ ရနိုင်ပါတယ်။ အရောင်အတွက် အရောင်ခုနစ်ရောင်ထဲက စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး လေအိတ် ခုနစ်လုံးလည်း တပ်ဆင်ပေးထားပါတယ်။ ကားကြီးကြီးတွေ စီးရတာ သိပ်မကြိုက်သူ များနဲ့ ပေါ့ပေါ့ပါးပါးမောင်းနှင် ခရီးသွားလိုသူများအတွက် Ford Ecosport ရဲ့ဈေးနှုန်းကအင်ဂျင် အမျိုးအစားပေါ်မူတည်ပြီး အတက်အကျ အလျှော့အတင်း ရှိမှာပါ။ မေ့နေတာလေးတစ်ခု ထပ် ပြောပြဖို့ကျန်တာကတော့ Ford Ecosport က ရှေ့ဘီး ယက်စနစ်ကို အသုံးပြုထားပါတယ်။
ထပ်သိချင်တာလေးတွေရှိနေသေးရင်တော့www.carwale.com/ford-cars/ecosport မှာ လေ့လာနိုင်ပါတယ်။

ref: စိုးမိုး (IN'D)