Powered by Blog - Widget

Saturday, May 24, 2014

အာရှမှာစိတ်ဝင်စားနေတဲ့ 'ကားသစ်'မိတ်ဆက် Ford Ecosport ကား



Aung Ko Htet (MM IT Knowledge)


ယခုတစ်ပတ် မိတ်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ ကားကတော့ Ford ကားကုမ္ပဏီက ထုတ်တဲ့ Ford Ecosport ကား အမျိုးအစားပဲဖြစ်ပါတယ်။ ပထမမျိုးဆက်ရဲ့ ဖွဲ့စည်းပုံစံအချို့ပေါ် ပြန်လည်အခြေခံဆန်းသစ်ထားတဲ့ ဒုတိယမျိုးဆက် Ford Ecosport ဟာ အရွယ်အစားသေးငယ်ထားခြင်းက သိသာတဲ့အပြောင်းအလဲ တစ်ခုလို့ ဆိုရမှာပါ။ ဒါပေမဲ့ ကားအတွင်းပိုင်းဖွဲ့စည်းပုံအရ နောက် ခန်းမှာ အရွယ်ရောက်ပြီးသူသုံးဦး လိုက်ပါနိုင် မှာဖြစ်ပါတယ်။ ပစ္စည်း ထားဖို့ နောက်ဖုံးအခန်းရဲ့အပြင်အဆင်ကလည်း သိပ်တော့ မကျဉ်း လောက်ဘူး လို့ မြင်ပါတယ်။ ရှေ့ခန်းအပြင်အဆင်ကတော့ ပထမ မျိုးဆက်နဲ့ ဆင်တူသလောက်ရှိပြီး ယာဉ်မောင်း သူအတွက် အလွယ်တကူ ထိန်းကျောင်းဖို့ စီရင်ပေးထားပါတယ်။

ရှေ့မြင် ကွင်းထိုင်ခုံဖွဲ့စည်းထားပုံနှင့် ခေါင်းခန်း အပြင်အဆင်ကတော့ ကားထဲဝင်လိုက်ရင် ပထမမျိုးဆက် Fiesta ထဲ ရောက်နေသလိုပဲ ခံစားမိမှာပါ။ ပုံမှန်အတိုင်း တံခါးငါးချက် ပါမယ်။

ထူးခြားတာကတော့ နောက်ဖုံးတံခါးကို ဘေးတွဲပုံစံတပ်ဆင် ထားခြင်းဖြစ်ပြီး Fiesta မျိုးဆက် အတိုင်း နောက် ဖုံး စပယ်ယာဘီးပို လည်း ပါဝင်မှာပါ။ အင်ဂျင်အမျိုးအစားကတော့ (1.5 litre) ဓာတ်ဆီ၊ (1.0 litre turbocharged) ဓာတ် ဆီနဲ့ (1.5 litre)ဒီဇယ်အင်ဂျင်ဆိုပြီး သုံးမျိုးထဲက ကြိုက်ရာကို ရွေးချယ်နိုင်မှာပါ။
အင်ဂျင်ပါဝါအနေနဲ့က တော့ (111 bhp), (123 bhp) နဲ့ (90 bhp) အသီးသီးရှိကြပြီး အမြင့် ဆုံးအမြန်နှုန်းကတော့ (107 mph), (112 mph) နဲ့ (99 mph) အသီးသီး ရှိကြပါတယ်။

ပါဝါနဲ့အလျင် ဖော်ပြချက်တွေကို ရှေ့မှာ အင်ဂျင်အမျိုး အစားဖော်ပြထားချက်အတိုင်း အစဉ်လိုက်ဖော်ပြပေးထားတာပါ။ အင်ဂျင်အမျိုးအစားအားလုံးအတွက် မန်နျူရယ်ငါးချက်ထိုးဂီယာစနစ် ကို တပ်ဆင်ပေးထားပြီး (1.5 litre) ဓာတ်ဆီအင်ဂျင်အတွက်တော့ ခြောက်ချက်ထိုး အော်တိုဂီယာစနစ်နဲ့ ရနိုင်ပါတယ်။ အရောင်အတွက် အရောင်ခုနစ်ရောင်ထဲက စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပြီး လေအိတ် ခုနစ်လုံးလည်း တပ်ဆင်ပေးထားပါတယ်။ ကားကြီးကြီးတွေ စီးရတာ သိပ်မကြိုက်သူ များနဲ့ ပေါ့ပေါ့ပါးပါးမောင်းနှင် ခရီးသွားလိုသူများအတွက် Ford Ecosport ရဲ့ဈေးနှုန်းကအင်ဂျင် အမျိုးအစားပေါ်မူတည်ပြီး အတက်အကျ အလျှော့အတင်း ရှိမှာပါ။ မေ့နေတာလေးတစ်ခု ထပ် ပြောပြဖို့ကျန်တာကတော့ Ford Ecosport က ရှေ့ဘီး ယက်စနစ်ကို အသုံးပြုထားပါတယ်။
ထပ်သိချင်တာလေးတွေရှိနေသေးရင်တော့www.carwale.com/ford-cars/ecosport မှာ လေ့လာနိုင်ပါတယ်။

ref: စိုးမိုး (IN'D)



0 comments:

Post a Comment