Powered by Blog - Widget

Saturday, May 24, 2014

Microsoft က Windows Device များနဲ့ Windows Phone တွင် အသုံးပြုနိုင်မယ့် Universal Apps များကိုဖြန့်ချီ



Aung Ko Htet (MM IT Knowledge)
 

Windows OS မောင်းနှင်လည်ပတ်တဲ့ Phone, Tablet, PC တို့အားလုံးမှာ အသုံးပြုနိုင်မယ့် Universal Apps များကို Microsoft က ဖြန့်ချီပေးလိုက်ပြီဖြစ်ပါတယ်။ ပထမဆုံး Universal Apps နှစ်ခုကို စတင် ဖြန့်ချီပေးလိုက်တာဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ အခပေး App များဖြစ်ပြီး တစ်ခုက Halo:Spartan Assault ဖြစ်ပြီး ၄.၉၉ ဒေါ်လာ ကျသင့်ပါတယ်။ နောက်တစ်ခုက 17 –Bit’s Skulls of Shogun ဖြစ်ပါတယ်။ အဲဒီ App တွေကို Windows Store သို့မဟုတ် Windows Phone Store ကနေ ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပါတယ်။Microsoft က လက်ရှိဖြန့်ချီထားပြီးဖြစ်တဲ့ အခမဲ့ Game တွေကိုလည်း Universal Apps အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပါတယ်။ အဲဒီ ဂိမ်းတွေက Wordament, Hexic, Mahjong, Minesweeper, Solitaire တို့ ဖြစ်ပါတယ်။ Universal App တွရေဲ့အားသာချက် Windows Devices အားလုံးမှာ Game Level တွေကို Sync ပြုလုပ်နိုင်တာဖြစ်ပါတယ်။

Microsoft က Build 2014 Developer Conference မှာ Windows 8.1 Update ကို ကြေညာစဉ်က Universal Apps တွေကို မကြာမီ ဖြန့်ချီမယ်လို့ ပြောပါတယ်။ Universal Apps တွေဟာ Microsoft ရဲ့ Platform အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် Developer များအတွက်လည်း အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ ၀ယ်ယူသူများအနေဖြင့်လည်း တစ်ခါသာ ၀ယ်ယူစရာလိုပြီး Windows Device အားလုံးမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Universal Apps တွေဟာ Microsoft ရဲ့ ဂိမ်းစက်ဖြစ်တဲ့ Xbox One အတွက် အကျုံးမ၀င်ဘူးလို့ သိရပါတယ်။ Xbox One ဂိမ်းတွေကို သီးခြား ၀ယ်ယူအသုံးပြုရမှာ ဖြစ်ပါတယ်။ Universal Apps တွဟော Xbox One အတွက် ဘယ်အချိန်မှာ အကျုံးဝင်လာမလဲဆိုတာ မသိရသေးပါဘူး။

Windows Store မှာ Universal Apps ကဏ္ဍကိုသီးခြား ထည့်သွင်းပေးထားခြင်းမရှိသေးပါဘူး။ Universal Apps တွေကို “Made for Windows Phones and Windows PCs “ လို့ ဖော်ပြထားပါတယ်။

ref: သူရ

0 comments:

Post a Comment