Powered by Blog - Widget

Wednesday, April 30, 2014

Device များကို ထိန်းချုပ်ပေးမည့် Nod စမတ်လက်စွပ်



Aung Ko Htet (MM IT Knowledge)

 ချပ်ဝတ်တန်ဆာ ကွန်ပြူတာ အသစ်တစ်ခု ဖြစ်သော် Nod စမတ်လက်စွပ် ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ စမတ်လက်စွပ် သည် Bluetooth ဆက်သွယ်မှုဖြင့် အခြား Device များ ကို ထိန်းချုပ်နိုင်သည့် Controller အဖြစ် အသုံးပြုနိုင်မည် ဖြစ်သည်။

စမတ်လက်စွပ် က Mac, Windows Desktops, iOS, Android Tablets, Phones, Smart TV, Nest Thermostats, Hue Lighting Systems, Google Glass အပါအ၀င် Device များစွာ ကို ထိန်းချုပ်နိုင်ပါသည်။ Bluetooth ဆက်သွယ်မှု ကို အထောက်အပံ့ ပေးခြင်း မရှိသည့် Device များ ကို ထိန်းချုပ်ရန် Nod သည် စမတ်ဖုန်း နှင့် ဦးစွာ ချိတ်ဆက်မည် ဖြစ်ပြီး ထို့နောက်တွင် စမတ်ဖုန်း က Bluetooth ကို အထောက်အပံ့ ပေးခြင်း မရှိသည့် Device နှင့် WiFi မှ တစ်ဆင့် ချိတ်ဆက်မည် ဖြစ်သည်။

Nod ကို ရေ နှင့် ဖုန်မှုန့်ဒဏ် ခံနိုင်သည့် ပလတ်စတစ် ကိုယ်ထည် ဖြင့် ဖုံးအုပ်ထားပါသည်။ တစ်ရက် အသုံးခံသည့် ပြန်လည် အားဖြည့်နိုင်သည့် ဘက်ထရီ ပါရှိပါသည်။ ထိတွေ့မျက်နှာပြင် နှင့် သေးငယ်သော ခလုတ်များ ပါရှိပါသည်။ ခလုတ်များ နှိပ်လျှင် ပြုလုပ်ရမည့် အလုပ်များ ကို သတ်မှတ်နိုင်ပါသည်။ စမတ်လက်စွပ် သည် Third-Party Apps များနှင့် တွဲဖက် အလုပ်လုပ်နိုင်ပါသည်။ လက်စွပ် ကို ၀တ်ဆင်ပြီး Mouse ကဲ့သို့ လှုပ်ရှား ခိုင်းစေရမည် ဖြစ်သည်။ ထို့အပြင် လက်စွပ် မှ ခလုတ် နှင့် ထိတွေ့မျက်နှာပြင် ကို အသုံးပြုပြီး ခိုင်းစေနိုင်ပါသည်။

Nod တွင် Motion Sensors , Proximity Sensors များတပ်ဆင်ထားပါသည်။ Cortex M3 Processor နှစ်လုံး ပါရှိပါသည်။ Nod ကို ၀တ်ဆင်ပြီး ကွန်ပြူတာ တွင် စာစီစာရိုက်လုပ်ခြင်း၊ ပုံဆွဲခြင်း၊ Video Player များကို ထိန်းချုပ်ခြင်း၊ ဂိမ်းကစားခြင်း၊ EBook များဖတ်ခြင်း၊ Presentation များပြသခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

Nod ကို ဒေါ်လာ (၁၄၉) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ Nod ၏ အလုပ်လုပ်ပုံ ကို အောက်က ဗီဒီယို တွင် လေ့လာနိုင်ပါသည်။

https://www.youtube.com/watch?v=dy-Ac9X9oSo

ref: သူရ

0 comments:

Post a Comment