Powered by Blog - Widget

Wednesday, May 28, 2014

ဆယ်ရက်တာအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရရှိမှုတွင် အိုင်စီတီဆိုင်ရာပစ္စည်း အများစုပါဝင်



Aung Ko Htet (MM IT Knowledge)



အကောက်ခွန်ဦးစီးဌာနမှ ဆယ်ရက်တာအတွင်း အကောက်ခွန်မဲ့ ပစ္စည်းများဖမ်းဆီးရရှိမှုတွင် အိုင်စီတီဆိုင်ရာပစ္စည်းအများစု ပါဝင်ကြောင်း သိရသည်။



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မေလ ၁၅ရက်၌ ရန်ကုန်သို့ ဆိုက်ရောက် ခရီးသည်ထံမှ ခန့်မှန်းတန်ဖိုးကျပ် ၂၈ သန်းခန့်တန်ဖိုးရှိ ဟန်းဆက်မျိုးစုံ ၁၄၁ လုံးနှင့် ဆက်စပ်ပစ္စည်း ၁၂ မျိုးတို့အား တွေ့ရှိ၍ တားဆီးခဲ့ကြောင်း၊ မေလ ၁၇ ရက်တွင်လည်း စင်္ကာပူမှ ရန်ကုန်သို့ ဆိုက်ရောက်ခရီးသည်ထံမှ ခန့်မှန်းတန်ဖိုး ကျပ် ၁၅ သန်းခန့် တန်ဖိုးရှိ ကင်မရာ၊ ဟန်းဆက်နှင့် GPS ဆက်စပ်ပစ္စည်း ၁၂ မျိုးအား တွေ့ရှိတားဆီးခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ မေလ ၂၀ ရက်၌ ထီးတန်းဆိပ်ကမ်း၌လည်း Remote Control Aircraft 2 စီး ခန့်မှန်းတန်ဖိုးကျပ် ၄ သိန်းခန့်အား တွေ့ရှိ၍ တားဆီးခဲ့ကြောင်း သိရသည်။



အကောက်ခွန်ဦးစီးဌာနမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမပါရှိဘဲ တင်သွင်းလာသောကုန်ပစ္စည်းများအား စစ်ဆေးတားဆီး ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ မေလ  ၁၁ ရက်မှ ၂၀ ရက်အတွင်း ဖမ်းဆီးမှုများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၉ မှု ခန့်မှန်းတန်ဖိုး ကျပ်သန်း ၅၃.၈၃ သန်းခန့်၊ ရန်ကုန်ဆိပ်ကမ်းများမှ ၁၀ မှုခန့်မှန်းတန်ဖိုးကျပ်သန်း ၇၀.၁ သန်းခန့်ဖြစ်ပြီး အကောက်ခွန်နယ်မြေဒေသများမှ ၄ မှု ခန့်မှန်းတန်ဖိုးကျပ် ၆၁.၈ သန်းခန့်ဖြစ်ပြီး စုစုပေါင်းဖမ်းဆီးမှု ၂၃ မှု စုစုပေါင်း ခန့်မှန်းတန်ဖိုးကျပ် ၁၈၅.၇၅ သန်းခန့်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သည်။



မေလ ၁၇ ရက်တွင် မန္တလေး ကျောက်ချောစစ်ဆေးရေးစခန်း၌ မန္တလေးမှ မူဆယ်သို့သွားမည့်   (အဖြူရောင်) ယာဉ်အမှတ် AA/------ အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်၏နောက်ဖုံးအတွင်း စက္ကူဖာများဖြင့် သိုဝှက်သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုးကျပ် ၅.၇ သန်းခန့်တန်ဘိုးရှိ ကျောက်စိမ်းလက်ကောက်အကြမ်းထည် ၂၈၅ ကီလို ဂရမ်အားတွေ့ရှိ၍ ယာဉ်နှင့်ပစ္စည်းများအား အကောက်ခွန်ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ မေလ ၁၂ ရက်နေ့ ဘားအံမြို့ သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ယာဉ်အမှတ်၊ ၈ည/------ (Nissan) ၁၂ ဘီး ယာဉ်ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ဂေါက်ကွင်းသုံးယာဉ်ငယ် ၃ စီးနှင့် ကားပစ္စည်း ၂၂ မျိုး၊ ခန့်မှန်းတန်ဖိုး စုစုပေါင်း ၂၁.၂ သန်းခန့် တွေ့ရှိ၍ အကောက်ခွန်ဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။



ref: ထွန်းထွန်း

Related Posts:

0 comments:

Post a Comment