Powered by Blog - Widget

Monday, September 15, 2014

မြန်မာ့ဆက်သွယ်ရေး၏ ဖုန်းခေါ်ဆိုမှုများ ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန် လာသည်ဟုဆို



Aung Ko Htet (MM IT Knowledge)

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဂျပန်နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် KDDI၊ Sumitomo တို့နှင့် ပူးပေါင်းဆောင်ရွက် နိုင်ခဲ့သည့်နောက်ပိုင်း ဖုန်းခေါ်ဆိုမှုများသည် ၂၀ ရာခိုင်နှုန်းခန့် တိုးတက်ကောင်းမွန် လာခဲ့သည်ဟု သိရသည်။

ဖုန်းခေါ်ဆိုမှု အများဆုံးအချိန်ဖြစ်သည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း ယခင်က အသံကြည်လင်မှုနှင့် ဖုန်းလိုင်းကျပ်တည်းမှု များဖြစ်ပွားခဲ့သော်လည်း အဆိုပါ အခက်အခဲများကို ၂၀ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန်သည်။

ထို့အပြင် 3G အင်တာနက်စနစ် မလုံလောက်မှုကိုလည်း ၂၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ထားသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်အရ မိုဘိုင်းဖုန်းလိုင်းများသည် ခေါ်ဆိုနေစဉ်အတွင်း လိုင်းကျသည့် ဖြစ်စဉ်များမှာ ယနေ့အချိန်တွင် ၁ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေးနှင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတို့သည် ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့၌ အော်ပရေတာ လုပ်ငန်းကိုပူးပေါင်း လုပ်ကိုင်ရန် သဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။  သဘောတူညီမှုအရ ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီတို့သည် မြန်မာ့ဆက်သွယ်ရေး ၏ အော်ပရေတာလုပ်ငန်း၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို ရင်း နှီးမြှုပ်နှံခဲ့သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီတို့ ပူးပေါင်းပြီး တစ်လအကျော်တွင် မိုဘိုင်းဖုန်းလိုင်း ၇ သိန်းကို ၈ ရက်အတွင်း ရောင်းချပေးနိုင်ပြီး လာမည့်ဒီဇင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း ၅ သန်းကို ပြည့်မီအောင် ရောင်းချပေးမည် ဟု ၎င်းတို့က ပြောဆိုခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းကို ငွေကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးခဲ့သော် လည်း ဈေးကွက်အတွင်း ငွေ ကျပ် ၁ သောင်းကျော်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

credit to -မြင့်ကျော်လှိုင်

Related Posts:

0 comments:

Post a Comment