Powered by Blog - Widget

Friday, November 7, 2014

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ဝက်ဘ်ဆိုက်လွှင့်တင်



Aung Ko Htet (MM IT Knowledge)

(၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးဆိုင်ရာ အချက်အလက်များအား ရယူနိုင်ရန် ဝက်ဘ်ဆိုက်တွင် စတင်လွှင့်တင်ထားကြောင်းသိရသည်။

အဆိုပါ အချက်အလက်များကို www.asean2014.gov.mm နှင့် www.moi.gov.mm ဝက်ဘ်ဆိုက် များတွင် စတင်လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းထိပ်သီးအစည်းအဝေးများသို့ သတင်းဝင်ရောက် ရယူရမည့် ပြည်တွင်းပြည်ပ မီဒီယာများအတွက် အထောက်အကူ ဖြစ်စေရန်အတွက် အစည်းအဝေးဆိုင်ရာ အချက်အလက်များ ပါဝင်သည့် Media Handbook အားအထက်ပါ ဝက်ဘ်ဆိုက်နှစ်ခုတွင် လွှင့်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။ (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၁ တွင် နိုဝင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Credit to Internet Journal

0 comments:

Post a Comment