Powered by Blog - Widget

Friday, November 7, 2014

Wireless Network Watcher



Aung Ko Htet (MM IT Knowledge)

ကိုယ့်ရဲ့ Wireless Network ကို အမြဲတမ်းစောင့်ကြည့်ပေး နိုင်မယ့်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ ကိုယ်အသုံးပြုနေတဲ့ Wireless Network အတွင်းကို အသုံးပြုခွင့် ပေးထားတဲ့သူ မဟုတ်ဘဲ အခြားသူတွေ လာရောက် ချိတ်ဆက်ပြီး အသုံးပြု နေမှုကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ Wireless Network ကို အခြားသော ပြင်ပမှ ၀င်ရောက်ပြီး ကိုယ်မသိရှိအောင် ချိတ်ဆက်ဖို့အတွက် ကြိုးစားနေတဲ့ သူတွေရဲ့ ရန်ကိုလည်း တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

Wireless Network Watcher Software ဟာ Wi-Fi ကို တရားမဝင် ဝင်ရောက် ချိတ်ဆက်မှုတွေ ရှိလာတဲ့ အခါမျိုးမှာ အသံဖြင့် အချက်ပေးမှာ ဖြစ်ပြီး၊ ဝင်ရောက်လာတဲ့ စက်တွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်မှာ လည်း ဖြစ်ပါတယ်။ Device တွေရဲ့ID ကို မှတ်တမ်းတင်ထားပြီး Wireless Network ကြီး တစ်ခုလုံး အလုပ်လုပ်နေတဲ့ အချိန်တွေမှာ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။

အဆိုပါ ဆော့ဖ်ဝဲရဲ့ သွင်ပြင်ကို သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲတတ်စေဖို့အတွက်  စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံကို အသုံးပြုထားပြီး ၊ ပြင်ပမှ ဝင်ရောက် ချိတ်ဆက် လာသော Device တွေကို အလွယ်တကူနဲ့သိရှိစေဖို့အ တွက် ဖော်ပြပေးနေမှာ လည်း ဖြစ်ပါတယ်။ 
  
Wireless Network Watcher ဟာ ပြင်ပမှ ချိတ်ဆက်တဲ့ Device တွေကို ID နဲ့ဖော်ပြပေးမှာ ဖြစ်တဲ့အပြင် IP Address တွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Network Adapter အမျိုးအစား၊ Device Information အစရှိတာတွေကိုလည်း အလွယ်တကူနဲ့ သိရှိနိုင်ဖို့အတွက် ခွဲခြားပြီး ဖော်ပြပေးနိုင်တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲဟာ အချိန်ပြည့် Network ကို Scan ပြုလုပ်ပေး နိုင်မှာဖြစ်ပြီး၊ ဝင်ရောက် ချိတ်ဆက်နေတဲ့ Device တွေရဲ့ Mac Address, IP အစရှိတာတွေကို HTML, XML, CSV ဒါမှမဟုတ် Text File တွေ နဲ့ Report ပြုလုပ်ပေး နိုင်မှာလည်း ဖြစ်ပါတယ်။ အသစ်ထပ်မံပြီး Update ပြုလုပ်ထားတဲ့ Version ဖြစ်တဲ့အ တွက် Mac Address နဲ့ ပတ်သက်တဲ့ Data base လည်းပါဝင်လာတာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို Windows 2000 ကနေစပြီး Windows 8 အထိ သုံးစွဲနိုင်မှာ ဖြစ်သလို၊ Server Version တွေမှာလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Credit to Internet Journal 

0 comments:

Post a Comment