Powered by Blog - Widget

Friday, November 7, 2014

Ubuntu OS ပေါ်တွင် Sound Switcher ကို ထည့်သွင်းခြင်း



Aung Ko Htet (MM IT Knowledge)

Ubuntu OS ပေါ်တွင် Sound Switcher ကိုထည့်သွင်း အသုံးပြုပုံ ဖြစ်ပါတယ်။ Ubuntu OS အသုံးပြု သူများအနေဖြင့် ကိုယ့်ရဲ့ OS ပေါ်မှာ အသံတွေကို Record ပြုလုပ်လိုတဲ့ အခါမှာ အသုံးပြုသင့်တဲ့ ဆော့ဖ် ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ Sound Swticher ကိုထည့်သွင်း ထားခြင်းဖြင့် Internal Audio Device တွေကနေ တစ်ဆင့်အခြားသော Input Device တွေဖြစ်တဲ့ Mic လိုမျိုး Device ကနေ ဖမ်းယူလိုက်တဲ့ အသံတွေကို ဖမ်းယူနိုင်ဖို့အတွက် Switch ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ပေါ်မှာ Sound Switcher ကို ထည့်သွင်းဖို့အတွက် Ubuntu 12.10 ဒါမှမဟုတ် 14.04 ဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Sound Switcher ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေUpgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီ ဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။
  
နောက်တစ်ဆင့်ကတော့ Sound Switcher ကို Install ပြုလုပ်ဖို့အတွက် ဖော်ပြပါ Command တွေ ကိုတစ်ခုချင်း ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့
-sudo apt-add-repository ppa:yktooo/ppa
sudo apt-get update && sudo apt-get install indicator-sound-switcher
စတာတွေပဲဖြစ်ပါတယ်။

အဆိုပါ Command တွေကို အသုံးပြုပြီးပြီ ဆိုရင်တော့ သင့်ရဲ့ Ubuntu OS ထဲမှာ Sound Switcher ကို ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ နည်းလမ်းမှာ Ubuntu OS 12.10 နှင့် 14.04 တွင် Sound Switcher ကိုထည့်သွင်းနည်း ဖြစ်ပါတယ်။

Credit to Internet Journal

0 comments:

Post a Comment