Powered by Blog - Widget

Friday, November 7, 2014

မြန်မာပြည်မှ သုံးစွဲသူများသာ ပါဝင်ဆင်နွှဲနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို Viber ပြုလုပ်



Aung Ko Htet (MM IT Knowledge)

Rakuten ကုမ္ပဏီအုပ်စု၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Viber သည် ၄င်း၏ အခပေး စတစ်ကာများကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ download ရယူနိုင်မည့် အထူးအစီအစဉ် တစ်ရပ်ကို စတင်လိုက်ကြောင်း၊ အဆိုပါ အစီအစဉ်သည် မြန်မာပြည်မှ Viber သုံးစွဲသူများအတွက်သာ ဖြစ်ကြောင်း သိရသည်။

Viber ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် (CMO)၊ Mark Hardy က "ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Viber ရဲ့ ရေပန်းအစားဆုံး အခပေး စတစ်ကာလေးတွေကို အခမဲ့ Download ရယူနိုင်အောင် စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက်၊ သူငယ်ချင်းတွေ အားလုံးကို Viber ရဲ့ စွဲမက်ဖွယ်ရာ စတစ်ကာတွေပေးပို့ ဆက်သွယ်နိုင်ပါပြီ" ဟု ပြောသည်။

Viber ကို ဖုန်းဖြင့် register ပြုလုပ်ထားသော ပြည်တွင်းမှ Viber သုံးစွဲသူများ အနေဖြင့် Viber ၏ ထိပ်တန်း စတစ်ကာ ၁၀၀ ကျော်ကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အခမဲ့ရယူ နိုင်မည်ဖြစ်သည်။ Viber ၏ အခပေး စတစ်ကာများကို အခမဲ့ရယူနိုင်သည့် အချိန်ကာလအားဖြင့် သုံးပတ်မှ လေးပတ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန် ကာလအတွင်း ကန်ဒေါ်လာ ၁.၉၉ တန်ဖိုးရှိ Viber ၏ ထိပ်တန်း စတစ်ကာများကို အခမဲ့ Download ရယူနိုင်မည် ဖြစ်သည်။

"သတ်မှတ်ထားတဲ့ အချိန် ကာလဆိုတာကတော့ ဒီနေ့ကစပြီး အများဆုံး သုံးပတ်၊ လေးပတ်လောက်ထိ ပေးသွားဖို့ရှိပါတယ်။ Viber ရဲ့ ဒေါ်လာ ၁.၉၉ တန် ထိပ်တန်း စတစ်ကာတွေကို ပြည်တွင်းက Viber သုံးစွဲသူတွေ အခမဲ့ရယူ နိုင်မှာဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ Viber ကို register ပြုလုပ်ထားတဲ့ မြန်မာပြည် အတွင်းက Viber သုံးစွဲသူ ဘယ်သူမဆို Viber ရဲ့ စတစ်ကာစတိုးကိုဝင်ပြီး စတစ်ကာတွေကို အခမဲ့ download ရယူနိုင်ပါတယ်" ဟု Viber Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Viber သည် အခမဲ့ စာတိုပို့ခြင်းနှင့် HD အရည်အသွေးဖုန်း ခေါ်ဆိုခြင်း၊ ဗီဒီယိုခေါ်ဆိုခြင်းများ လုပ်ဆောင်နိုင်သော ထိပ်တန်းမိုဘိုင်း Application တစ်ခုဖြစ်ကာ ပုံမှန်အသုံးပြုသူသန်း ၄၀၀ ကျော်ရှိပြီး  ပြည်တွင်း၌ Viber သုံးစွဲသူ ၅ သန်းကျော်ရှိကြောင်း သိရသည်။

-ရဲထွဋ်ဝင်း

0 comments:

Post a Comment